Unicode
"ဒါဆို ညီမက BL ကြိုက်တယ်ပေါ့"
ဒိတ်လုပ်သောမိန်းကလေးနှင့် စကားဆက်မိကြရင်း ထိုမိန်းကလေးမှာ Fujoshi,shipperတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။ BL Animeတွေကြည့်သလို BLမဟုတ်သည့် Animeများတွင်လည်း သူသင်္ဘောရွက်လှေလွှင့်ထားသူများမနည်းလှပေ။ ယခု သူ(မ)ပြောချက်အရဆိုလျှင် Haikyuuထဲမှ အသင်းသားတိုင်း သူ မshipသူမရှိသလောက်ပင်။ ထို့အပြင် Bungou Stray Dogs, Boku no Hero Academia, Kuroko no basketball စသဖြင့် စသဖြင့်တို့တွင်လည်း ယောက်ျားလေးကာရိုက်တာတိုင်းကို သူ(မ)shipထားပါသည်။ သူ(မ)သည် Attack on Titanလိုမျိုးကား၌ပင် Erenနှင့် Leviကို အရshipသော ဂြိုလ်သူမလေးပါတကား....။
"ညီမက BLဘာလို့ကြိုက်တာလဲ။"
မင်းခွန်မှိုင်းအမေးကို မိန်းကလေးကသဘောကျသွားပုံရသည်။ မျက်လုံးတစ်ခုလုံးဝင်းလက်သွားပြီး တရစပ်ဖြေပါတော့သည်။
"အချစ်ကအချစ်ပဲလေ အစ်ကိုရယ်။ ယောက်ျားနဲ့မိန်းမဖြစ်ဖြစ်၊ ယောက်ျား ယောက်ျားချင်းဖြစ်ဖြစ်၊ မိန်းမ မိန်းမချင်းဖြစ်ဖြစ် ချစ်တာခြင်းကတူတူပဲ။ လူတွေကပြောကြလိမ့်မယ်။ ဒါဟာ သဘာဝနဲ့ဆန့်ကျင်တယ်လို့...။ အစ်ကိုကြားဖူးမှာပေါ့။"
"အင်း"
မင်းခွန်မှိုင်းခေါင်းညိတ်လိုက်မိသည်။
"အဲ့လိုသဘာဝနဲ့ဆန့်ကျင်တယ်ဆိုရင် အစကတည်းက ယောက်ျားနဲ့မိန်းမပဲ ချစ်နိုင်တဲ့ အချစ်မျိုးကိုပဲ လူတွေအတွက်ဖန်တီးခဲ့သင့်တယ်လေ။ အခုက ကျား၊မ မရွေးချစ်ခွင့်ရှိလို့ပဲ သူတို့ကြားမှာ ချစ်တဲ့စိတ်ဖြစ်ပေါ်လာတာလေ။ ဒါကသဘာဝတရားပဲ။ သဘာဝတရားက ချစ်တဲ့စိတ်ကိုပဲဖန်တီးထားတာ။ ခွဲခြား ခွဲခြားမရှိဘူး။ အဲ့တော့ ဘယ်သူ့ကိုမဆိုချစ်လို့ရတယ်"
မင်းခွန်မှိုင်းသက်ပြင်းလေးချရင်း လိမ္မော်ရည်ကိုသာ ငုံ့သောက်လိုက်မိသည်။ မိမိအား Cosplay ဒိတ်ရန်ခေါ်ပြီး BLအကြောင်းထိုင်ပြောနေသော ထူးထူးဆန်းဆန်း မိန်းကလေးပါလေ။ တခြားဒိတ်သည့်သူများဆိုလျှင် မင်းခွန်မှိုင်းမျက်နှာအား ကြည့်မဝဘဲ တစိမ့်စိမ့်ကြည့်ပြီးပြုံးနေကြသူများပင်ဖြစ်သည်။ သည်BLအကြောင်းကို ဘယ်ကနေ ဘယ်လိုစကားစပ်မိသွားမှန်းပင်မသိတော့ချေ။
သို့ပေမဲ့ မင်းခွန်မှိုင်း စိတ်ဝင်တစားနားထောင်ခဲ့မိသည်ကိုတော့ ညာ၍မရချေ။ စိတ်ထဲ၌ ယောက်ျားနှစ်ယောက်ကြားမှချစ်ခြင်းသည် တကယ်ပဲရှိနေနိုင်သည်လားဟု မေးခွန်းဆက်တိုက်ထုတ်နေခဲ့မိသည်။ ငစိုင်းကိုကြည့်ရုံဖြင့် နားလည်ရအောင်လည်း သူကမြုံစိစိရယ်မို့ စိတ်တိုရသည်။ ထိုမြုံစိစိကပင် ကိုသာ့အပေါ် နက်ရှိုင်းမှုတချို့ကို ခံစားရစေပြန်သည်။ အချစ်ဆိုသော အရာကထူးဆန်းပါပေသည်။
"အချိန်စေ့ပြီဆိုတော့ ပြန်တော့မယ်နော် ညီမ။ ဒိတ်ပေးတာ ကျေးဇူးပါ"
"ဟုတ် အစ်ကို။ ညီမကို လက်ခံတွေ့ပေးတာလည်း ကျေးဇူးပါ။ ညီမက အစ်ကို့ရဲ့ဖန်စစ်စစ်ပါ။ ဟိုတလောက Jabami Yumeko cosplayထားတာလေး ကြည့်ပြီး သဘောကျလွန်းလို့ ထတောင်အော်မိတယ်။ အစ်ကိုက အဲ့လိုဝတ်ရင် တကယ်မိန်းမနဲ့တူကိုတူတာ..အဲ့..မှားလို့...Yumekoနဲ့တူတယ်လို့ပြောတာ"
မိမိအား မိန်းမဇာတ်သွင်းချင်နေသော မိန်းကလေးကြောင့် မျက်ခုံးတစ်ဖက်ပင် ခပ်လှုပ်လှုပ်ဖြစ်သွားမိသည်။ ထို့နောက် အပြန်အလှန်နှုတ်ဆက်ရင်း ကိုယ်စီပြန်ရမည့်လမ်းသို့ ထွက်ခွာလာခဲ့သည်။
Kiteတစ်ယောက်လည်း ယခုချိန်မှပြန်ပေါ်လာလေသည်။ မင်းခွန်မှိုင်းသတိထားမိသလောက် Kiteသညာ မင်းခွန်မှိုင်းဒိတ်လုပ်တိုင်း ဘေး၌ရှိနေလေ့မရှိ။ အမြဲပျောက်နေတတ်သည်။
"Kite"
ခေါ်လိုက်သည်နှင့် လက်ကလေးနောက်ပစ်လမ်းလျှောက်နေရင်းမှ မျက်ဝန်းနီများဖြင့် စိုက်ကြည့်လာတတ်သည်။ ယခင်ကတော့ မည်သို့မျှမနေခဲ့ပေမဲ့ ယခုတော့ ရင်တွင်းဗုံးကြဲသလို 'ဒိန်း'ခနဲခံစားလိုက်ရသောကြောင့် ပြောမည့်စကားပင်မေ့သွားမိသည်။ အတန်ငယ် စဉ်းစားလိုက်ကာမှ ခေါင်းထဲပြန်ပေါ်လာသည်။
"မနက်ဖြန်ကျရင် အပေးအယူထပ်လုပ်လို့ရလား။ ဒီနေ့ကပျက်သွားတယ်ဆိုတော့...."
"မရဘူး"
မင်းခွန်မှိုင်းစကားမဆုံးခင်မှာပင် Kiteသည် ပြတ်သားစွာဖြေလာသည်။ မင်းခွန်မှိုင်းလည်း မကျေမနပ် နှာခေါင်းတစ်ချက်ရှုံ့လိုက်မိသည်။
"မင်းက ကပ်စေးနည်းလိုက်တာ"
မင်းခွန်မှိုင်းအပြောကို Kiteကဂရုမစိုက်စွာ မျက်ခုံးလေးတစ်ဖက်ပင့်ပြီး နှုတ်ခမ်းတစ်ဖက်မဲ့သည်။ မိမိမှာ တစ်မနက်လုံး မည်မျှပင်သည်းခံခဲ့ရသည်လဲဆိုသည်ကို သူသိသင့်ပါသည်။ ထို့အတွက် တစ်ခုခုတော့ပြန်လုပ်ပေးသင့်သည်။
"ငါနေ့လယ်အထိ နေနိုင်ခဲ့တယ်လေ Kiteရာ။ အဲ့တော့ မင်းငါသိချင်တာ တစ်ဝက်ပြောပြ"
Kiteသည် မျက်မှောင်အနည်းငယ်ကြုတ်ပြီး မင်းခွန်မှိုင်းအားစိုက်ကြည့်သောအခါ၌ မသိမသာ ခြေတစ်လှမ်းနောက်ဆုတ်မိသည်။
"မရဘူး။"
Kiteကခပ်ပြတ်ပြတ်ဖြေပြန်သည်။ မင်းခွန်မှိုင်းကလည်း တစ်ခုခုတော့ပြန်ရရန် စိတ်ထဲဆုံးဖြတ်ပြီးပြီဖြစ်သည်။
"ဒါဆို တစ်ခုခုတော့ လုပ်ပေးကွာ။ ငါမနက်ခင်းတစ်ပိုင်းလုံး ဟိုကောင်တွေပြောသမျှ ခံထားရတာ။"
အရစ်တက်လွန်းသောမင်းခွန်မှိုင်းကြောင့် Kiteသက်ပြင်းရှည်ကြီးကို လေးမှိုင်စွာချလိုက်မိသည်။
"မရစ်နဲ့ မင်းခွန်မှိုင်းရယ်။ ဘာဖြစ်ချင်တာလဲ ပြော။ လုပ်ပေးနိုင်ရင် လုပ်ပေးမယ်"
သည်တော့မှ မင်းခွန်မှိုင်းသည် ကျေကျေနပ်နပ်ကြီး ပြုံးတော့သည်။
"ငါ့ကို နတ်ဆိုးတိုင်းပြည်ကို ထပ်ခေါ်သွားပေး"
Kite ခေတ္တမျှငြိမ်သက်သွားသည်။ ပြီးမှ မင်းခွန်မှိုင်းအား စိုက်ကြည့်လာပြီးဖြေလေသည်။
"မ ရ ဘူး"
မင်းခွန်မှိုင်းမျက်နှာ အတော်ပင်မဲ့သွားလေသည်။ ဤအစုတ်အပြတ်နတ်ဆိုးသည် ပြောသမျှကို 'မရဘူး'တစ်မျိုးတည်းဖြင့် ငြင်းပစ်နေသည်။
"အဲ့ဒါဆိုရင် ဒီတစ်ခုတော့ လုပ်ပေးကွာ"
"ဘာလုပ်ပေးရမှာလဲကွာ"
မင်းခွန်မှိုင်းလေကိုလိုက်ပြီး 'ကွာ'ဟုသုံးလိုက်သော Kiteပုံစံက ချစ်စရာကောင်းသလိုလိုပင်။ ကိုယ့်အတွေးကိုပြန်သတိထားရင်း အသိစိတ်ပြန်ကပ်လိုက်သည်။ ထို့နောက် Kiteနှင့်စာရင်းဆက်ရှင်းသည်။
"မနက်ဖြန်ကျရင် မင်းကို လူတိုင်းမြင်အောင် လုပ်ပေး"
Kiteမျက်မှောင်ကြုတ်သွားပြန်သည်။ မင်းခွန်မှိုင်းကတော့ ဆက်ပြောသည်။
"ငါနဲ့မင်းစကားပြောတိုင်း မင်းကိုလူတွေက မမြင်ရတော့ ငါ့ကိုအရူးထင်နေကြပြီ။ မနက်ဖြန်တစ်ရက်တော့ ငါအရူးမဖြစ်ချင်ဘူး။ နောက်ပြီး မင်းကို အိမ်နဲ့ရော သူငယ်ချင်းတွေနဲ့ရော မိတ်ဆက်ပေးချင်တယ်"
"အဲ့တာ ငါ့အတွက်အားနည်းစေတယ်လေ မင်းခွန်မှိုင်းရယ်။ ပြီးတော့ တစ်နေကုန်လုံး လူတွေမြင်အောင်နေလိုက်ရင် ငါမတ်တပ်တောင်ရပ်နိုင်မှာ မဟုတ်တော့ဘူး။ တခြားဟာ ပြောင်းပြောပါလား"
"အာ...ဟုတ်သားပဲ"
မင်းခွန်မှိုင်း ခပ်တွေတွေဖြစ်သွားလေသည်။ လူတွေမြင်အောင်လုပ်ရခြင်းက သူ့အတွက်အားနည်းစေသည်ကို မင်းခွန်မှိုင်းမေ့သွားခဲ့သည်။ Kiteကိုဒုက္ခရောက်စေတာမျိုး မင်းခွန်မှိုင်းမလုပ်ချင်။ မိမိကြောင့် Kiteမှာ အမြဲကြားဝင်ဖြေရှင်းပေးခဲ့ရသည်များက ခပ်များများရယ်မဟုတ်လား။ ဒုက္ခထပ်ပေးရန် မသင့်တော့ပါလေ။
"ထားလိုက်ပါတော့ကွာ"
မင်းခွန်မှိုင်း သက်ပြင်းလေးချလိုက်ပြီး အားအင်လျော့နည်းစွာ ဆိုလိုက်မိသည်။ မျက်နှာညှိုးကျသွားသော မင်းခွန်မှိုင်းကြောင့် Kiteစိတ်မကောင်းဖြစ်ရသည်။ အိမ်ပြန်လမ်းဟာ တိတ်ဆိတ်နေခဲ့သည်။ မင်းခွန်မှိုင်းကိုကြည့်ရသည်မှာ တစ်ခုခုကိုတွေးနေသလိုမျိုးမို့ Kiteလည်း အသာငြိမ်ပြီးသာ ကြည့်နေမိခဲ့သည်။
အလိုမကျဖြစ်နေသော လူသားငယ်အတွက် ဘာများလုပ်ပေးနိုင်မည်လဲဟု Kiteကိုယ်တိုင်လည်း တွေးမိနေသည်မှာအမှန်....။
"ညီမှိုင်း...ကိုသာ့ဆီ ခဏလာဦး"
အခန်းထဲသို့ဝင်မည်ပြုစဉ် ကိုသာက သူ့အခန်းဝကနေ ခပ်တိုးတိုးလှမ်းခေါ်သဖြင့် မင်းခွန်မှိုင်း ကိုသာ့ဆီရောက်သွားမိသည်။
"ကိုသာ ဘာပြောမို့တုန်း"
မဲ့တဲ့တဲ့မေးပုံသည် စိတ်အလိုမကျလာသည့် မျက်နှာထားမှန်း ကိုသာသိလိုက်သည်။ သို့သော် ထိုမျက်နှာသည် နေ့စဉ်မြင်နေကျမို့ အထူးအဆန်းတော့မဟုတ်တော့ပါလေ။ မျက်မှောင်ကြီးကြုတ်ပြီး မထီမဲ့မြင်ကြည့်ပုံသည် တစ်လောကလုံးကို သူတင်ကျွေးထားရသည့်မျက်နှာကြော။ ထိုသို့မှမဟုတ်လျှင်လည်း မှိုင်တိုင်တိုင်ဖြင့် ဆူပုတ်နေသည့်မျက်နှာထားမျိုးကတော့ မင်းခွန်မှိုင်းဆိုသောသူနှင့်အမြဲတွဲလျက်ပင်သာ။
"မနက်ဖြန်ကျရင် ဖေကြီးနဲ့မေမေတို့ရဲ့ ၂၇နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်ရှိတယ်။ အဲ့တာ ညပိုင်း မိသားစုတွေတူတူ ဟောပေါ့နဲ့အကင်လုပ်စားကြမလားလို့လေ။"
"ဟုတ်လား ကိုသာ။ ကောင်းတာပေါ့"
အစားအသောက်အကြောင်းကြားသည်နှင့် မျက်နှာလေးဝင်းလက်သွားသော ညီဖြစ်သူကို ကိုသာက ခေါင်းလေးခပ်ဖွဖွပုတ်ပေးရင်း ဆက်ပြောသည်။
"အဲ့တာ ဖေကြီးက ညီမှိုင်းသူငယ်ချင်းတွေလည်း ဖိတ်ချင်ဖိတ်တဲ့။ မိသားစုသီးသန့်ဆိုပေမဲ့ ညီမှိုင်းပျင်းနေမှာစိုးလို့တဲ့"
"ဒင်းတို့ကို ဘာမှမသဒ္ဓါလို့ မဖိတ်တော့ဘူး"
"ညီမှိုင်းကလည်း...ညီမှိုင်းသူငယ်ချင်းတွေပါတော့ ပိုတောင်ပျော်ဖို့ကောင်းသေး ၊ မဟုတ်ဘူးလား။ ကိုသာဆို လုပ်ဖော်ကိုင်ဖက်လောက်ပဲရှိတာ။ ညီမှိုင်းလို သူငယ်ချင်းတွေဘာတွေမရှိဘူး။ ဒါပေမဲ့ ညီမှိုင်းသဘောပါ"
"အဲ့တာဆို ကိုသာ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကိုပဲ ဖိတ်လိုက်ပေါ့"
ကိုသာက ခေါင်းလေးတညိတ်ညိတ်ဖြင့် ပြန်ဖြေသည်။
"ကိုသာ ရွက်ဝါကိုဖိတ်ထားတယ်။ ဖေကြီးတို့က ကိုသာ့အသိရှိရင် ဖိတ်လို့ပြောလို့လေ။ ကိုသာနဲ့ရင်းရင်းနှီးနှီးရှိတာဆိုလို့ ရွက်ဝါပဲရှိတာကိုး"
မေရွက်ဝါဆိုသော မိန်းမနာမည်ကြားသည်နှင့် မင်းခွန်မှိုင်းနှာခေါင်းရှုံ့လိုက်မိသည်။ မိန်းမလှလေးဆိုပေမဲ့ ဟန်ဆောင်မူပိုလွန်းသည်ဟု မြင်မိသောကြောင့် ကြည့်မရချေ။ မင်းခွန်မှိုင်းက စကားကို ဘွင်းဘွင်းရှင်းရှင်းပြောပြီး ပဲမများဘဲလွတ်လွတ်လပ်လပ်နေသည့် ပုံစံလေးကိုမှ သဘောကျတတ်သူမဟုတ်လား။
"အဲ့မိန်းမကြီးကို ကျွန်တော်ကြည့်မရပါဘူးဆို ကိုသာကလည်း.. ဘာလို့ဖိတ်တာလဲ"
"ဟောဗျာ..ရွက်ဝါကို ဘာလို့အလကားမုန်းနေတာလဲ ညီမှိုင်းရယ်။ ကိုသာလည်း ဒီတိုင်းဖေကြီးတို့က ဖိတ်ခိုင်းလို့ ဖိတ်လိုက်တာပါ"
"အဲ့တာဆိုလည်း တခြားသူပါဖိတ်လေ။ ဘာလို့ သူတစ်ယောက်တည်းလဲ။ ကိုသာ အဲ့မိန်းမကို ကြိုက်နေပြီလား"
"မဟုတ်တာ ညီမှိုင်းရယ်။ ကိုသာ သူ့ကိုစိတ်မဝင်စားပါဘူးဆိုကွာ။"
မေရွက်ဝါအကြောင်းပြောရင်းမှ မင်းခွန်မှိုင်း ငစိုင်းတို့အားဖိတ်သင့်ကြောင်း တွေးလိုက်မိသည်။ ဟိုတလောက ဝေလငါးကြောင့်ငစိုင်းသဝန်တိုပြီး ခြေလှမ်းတွေသွက်ခဲ့သလို မနက်ဖြန်၌လည်း မေရွက်ဝါဆိုသောမိန်းမကြောင့် ခြေလှမ်းသွက်လာနိုင်သည်။ တစ်ယောက်တည်းချစ် ၊ တစ်ယောက်တည်း ကျိတ်ခံစားနေသော သင်းကိုမကြည့်ရက်တော့သောကြောင့် မိမိ၏အဖိုးတန်အစ်ကိုကို သင်းနှင့်လှော်ပေးရပါတော့မည်။
"ကျွန်တော် ငစိုင်းတို့ကိုဖိတ်ထားလိုက်မယ်"
"ဟုတ်ပါပြီ။ ညီမှိုင်းသဘောပါ"
ကိုသာမျက်နှာတွင် အပြုံးရိပ်များသန်းသွားသလို ခံစားလိုက်ရသည်။ ပြီးမှ ပြန်တွေးမိသည်က ကိုသာသည်အမြဲပြုံးနေသူ ဖြစ်သည်သာ။
ကိုသာနှင့်စကားပြောပြီးနောက် ကိုယ့်အခန်းကိုယ်ပြန်ကာ ရေချိုးအဝတ်အစားလဲပြီး Animeစကြည့်ရန် ပြင်ဆင်တော့သည်။ စမကြည့်ခင် အိပ်ရာပေါ်ခေါက်စားပွဲတစ်လုံးတင်ပြီး ဝယ်ထားသမျှ မုန့်အစုံနှင့်သောက်စရာများကို နေရာချထားရသည်။ ပြီးမှ စပြီးကြည့်ရသည်။
Kiteသည်လည်း အာလူးကြော်ဘူးလေးကောက်ကိုင်ရင်း မင်းခွန်မှိုင်းမျက်နှာအား ငေးစိုက်ကြည့်မိသည်။ ဤကောင်လေးသည် Animeကြည့်နေချိန်ဆိုလျှင်တော့ အရာအားလုံးကိုမေ့ပြီး စီးမြောတတ်သည့်သူပါလေ။ သို့သော်မျက်နှာတော့ သိပ်မကြည်လင်လှသေးပေ။ Kiteလည်းမကြည့်ရက်ဖြစ်လာ၍...
"ညပိုင်းလောက်ပဲဆိုရင်တော့ အဆင်ပြေပါတယ်"
"ဟင်.."
Kiteပြောလိုက်သောစကားကို မင်းခွန်မှိုင်းသေချာမကြားလိုက်သဖြင့် ပြန်မေးတော့ Kiteကပြန်ပြောသည်။
"မနက်ဖြန်ကျရင် ညပိုင်း ငါ့ကိုလူတွေမြင်ရအောင် လုပ်ပေးမယ်။ အားလုံးလည်းရှိနေမှာမလား။ တစ်ခါတည်း မိတ်ဆက်ပေးပေါ့။ ညပိုင်းလောက်က ငါ့ကိုသိပ်ပြီး မထိခိုက်စေပါဘူး"
"Kite...မင်းတကယ်ပြောတာနော်"
ခပ်မြောက်မြောက်လေးလုပ်ရင်းပြောပုံသည် သူပျော်သွားကြောင်း ဖော်ပြနေသည်။ မျက်နှာကလည်း အတော်ဝင်းပလာပြီမို့ Kiteလည်း ကျေကျေနပ်နပ်ပင် ခေါင်းညိတ်လိုက်မိတော့သည်။
"ရော့..စား...စား...မင်းကြိုက်သလောက်စား"
မင်းခွန်မှိုင်းတို့က လိုချင်တာရသွားသောအခါ သဘောတွေစွတ်ကောင်းပြီး ရှိသမျှမုန့်တွေ Kiteအား ထိုးကျွေးလေသည်။ လူကိုကလေးများ မှတ်နေမလားမသိ။ တွေးကြည့်တော့လည်း မိမိကလူမှမဟုတ်ပေပဲ။ မုန့်ကျွေးတော့လည်း စားရုံပေါ့။
************************************
ကိုသာကိုယ်တိုင်ပြင်ဆင်ထားသော နှစ်ပတ်လည်ပွဲလေးသည် ခြံထဲတွင်ချစ်စဖွယ်ကောင်းနေလေ၏။ ရောင်စုံမီးလုံးလေးများဖြင့် နေရာအနှံ့ချယ်လှယ်စေပြီး မီးပုံပွဲလုပ်ရန် ထင်းချောင်းများစုထားသောပတ်ပတ်လည်၌ ခုံလေးများဝိုင်းရံထားသည်။ ထိုဘေး၌ အကင်ကင်ရန်သံပြားမီးဖိုတစ်ခုနှင့် အစားအသောက်များတင်ရန် စားပွဲခုံရှည်တစ်လုံးထားရှိသည်။ ထို့အပြင် လူသုံးယောက်ရပ်စာခန့်လောက်ရှိသော စင်အပုလေးတစ်လုံး၏နောက်ခံ၌ ဖေကြီးနှင့်မေမေတို့၏ဓာတ်ပုံများအား ပရော့ဂျက်တာဖြင့်ထိုးပြထားသည်က ရင်ခုန်ချင်စဖွယ်ဖြစ်သည်။
ဖေကြီးနှင့်မေမေတို့အတွက် ကိုသာဆောက်ပေးထားသောစင်လေးတွင် မင်းခွန်မှိုင်းကိုယ်တိုင် အမှတ်တရဓာတ်ပုံရိုက်ပေးနေစဉ် ကိုသာကတော့ အသားကင်ရန်တာဝန်ကျနေသည်။ ဆိုင်မှမှာလျှင်ဖြစ်သော်ငြားလည်း ကိုသာ့လက်ရာမှ စားချင်ပါသည်ဆိုသောမင်းခွန်မှိုင်းကြောင့် ကိုသာအလုပ်ရှုပ်နေလေသည်။ တစ်အိမ်သားလုံး ပြင်ဆင်လှပနေချိန်မှာပင် ကိုသာကတော့ မီးခိုးနံ့အစွဲခံပြီး အကင်ကင်နေရဆဲဖြစ်သည်။
ခြံရှေ့သို့ထိုးရပ်လာသော ကားကိုမြင်သည်နှင့် မင်းခွန်မှိုင်းချက်ချင်းပြေးထွက်ကြိုလိုက်သည်။ ငစိုင်းနှင့်ကျော်ကြီးဆိုသော အငတ်နှစ်ကောင်တော့ရောက်လာကြပေပြီ။ နှစ်ယောက်စလုံးသည် ပေါ့ပေါ့ပါးပါးပုံစံလေးပဲဝတ်ထားကြပြီး လက်ထဲ၌ လက်ဆောင်ထုပ်တစ်ခုကိုင်ကာ ကားထဲမှထွက်လာကြသည်။
"မင်းတို့တွေ ငတ်ချက်ကတော့ လာတာစောလိုက်တာ"
မင်းခွန်မှိုင်းစကားကြောင့် ငစိုင်းတို့ခမျာချက်ချင်းပင် လှည့်ပြန်ပြီးခဏနေမှပြန်လာရမည့်ပုံစံပင်။
"စောလာတာ ကူစရာရှိရင် ကူလို့ရအောင်လို့။ လူတိုင်းကို မင်းလိုအငတ်မထင်နဲ့ ငမှိုင်းရဲ့"
ငစိုင်းစကားအား မင်းခွန်မှိုင်း မထီမဲ့မြင်ပြုလိုက်သည်။ အစားအသောက်သည် လူနှင့်တည့်သည်ဆိုသည်ကို သူမသိရှာလေသလော။
"မင်းငါတို့ကို မနေ့ကရှုံးလို့ တစ်ဝိုင်းကသပ်သပ်နော်။ ဒါနဲ့တော့ ရောမချလိုက်နဲ့"
ကျော်ကြီးသည် ထိုသို့ပြောတော့ မင်းခွန်မှိုင်းရှေ့ကလျှောက်နေရင်းမှ ဆတ်ခနဲလှည့်ကြည့်လာသည်။
"အဲ့တာဆို ဒီနေ့ပြန်တော့။ မနက်ဖြန် ငါကျွေးမှစားကြ။"
မင်းခွန်မှိုင်းဆိုသည်မှာ ထိုသို့သောသတ္တဝါပါလေ။ ကျော်ကြီးရော ငစိုင်းပါစိတ်လျှော့ပြီး ပြန်ချော့ရပါတော့သည်။ မဟုတ်လျှင် မနက်ဖြန်၌ ပေါက်ပေါက်ဖောက်ခံရမည်မှာ သေချာနေသည်မဟုတ်လား။
"စတာပါ သူငယ်ချင်းကလည်း"
"အလကား။ သူငယ်ချင်း၊ သူငယ်ချင်းနဲ့ ညာစားနေတဲ့ဟာတွေ။ သွား..ခြံထဲမှာ တွေ့တဲ့နေရာဝင်ထိုင်။ ငါအခန်းထဲခဏသွားလိုက်ဦးမယ်"
မင်းခွန်မှိုင်းအိမ်ထဲပြေးဝင်သွားပြီး Kiteအား တခြားသူများနှင့်မိတ်ဆက်ပေးရန် အစီအစဉ်ချနေရသည်။ Kiteကပြောသမျှခေါင်းလေးညိတ်ပြီး အေးဆေးနားထောင်သည်။
"ဒါဆို နောက်နာရီဝက်နေတာနဲ့ ခြံထဲဝင်ခဲ့လိုက်တော့။ ပီပြင်ပါစေနော် ကြားလား။ ခြံဝကဝင်နော်။ အိမ်ထဲထွက်မလာနဲ့"
"အင်းပါ"
"နေဦး..မင်းမျက်လုံးကြီးကရဲနေတာ ဘယ်လိုလုပ်ရမလဲ။ တခြားအရောင်ပြောင်းလို့မရဘူးလား"
"မရဘူး"
"ထားတော့ကွာ အဲ့တာဆိုလည်း"
မင်းခွန်မှိုင်းခြံထဲပြန်ဆင်းလာချိန်တွင် ကိုသာ့အနားတွင် ငစိုင်းတို့ရောက်နေချေပြီ။ ကျော်ကြီးကတော့ မေမေတို့အား သွားနှုတ်ဆက်နေသည်မို့ မင်းခွန်မှိုင်းလည်း မေမေတို့ထံသာ ခြေဦးတည့်လိုက်သည်။ ငစိုင်းနှင့်ကိုသာ့အား နှောက်ယှက်ချင်စိတ်များ မရှိတော့သည်က အံ့သြစရာကောင်းသည်။ ထို့ကြောင့် အဝေးကနေသာ အရိပ်အခြေကြည့်ဖြစ်တော့သည်။
"ကိုသာတစ်ယောက်တည်း ကင်နေရတာလား။ ကျွန်တော်ကူမယ်လေ"
မီးခိုးနံ့များကို နှာခေါင်းလေးတရှုံ့ရှုံ့လုပ်ကာရှောင်ရှားရင်း အကင်ကင်နေသည့်ကိုသာ့အား ငစိုင်းကူညီချင်မိသည်။ ကိုသာသည် ငစိုင်းအား မျက်လုံးလေးတစ်ချက်စောင်းကြည့်ပြီး အကင်ဆက်ကင်လျက်ပြန်ဖြေသည်။
"စိုင်းလေး အဝတ်အစားတွေ ညှော်နံ့စွဲကုန်မှာပေါ့။ ကိုသာက ဒါပြီးမှ ရေချိုးအဝတ်အစားလဲမှာ။ သိပ်လည်းမကျန်တော့ပါဘူး။ ကိုသာပဲအပြီးလုပ်လိုက်မယ်"
ကိုသာကခပ်ပြုံးပြုံးလေးဆိုပေမဲ့ ငစိုင်းစိတ်ထဲ မကျေမနပ်ဖြစ်မိသည်။ မင်းခွန်မှိုင်းတို့က အစ်ကိုကိုကူညီမည်မရှိ၊ သူတစ်ယောက်တည်းပဲများရှိုးထုတ်ပြီး လမ်းသလားနေလေသည်။ ကိုသာ့မှာတော့ တစ်ယောက်တည်း မီးအပူခံပြီး အကင်ကင်နေရသည်မှာ ပင်ပန်းနေပုံရသည်။အောက်ကမီးအပူကြောင့် မျက်နှာလေးရဲစပ်နေသော်လည်း အပြုံးလေးကတော့တစ်ချက်မှမပျက်ချေ။
"တစ်ဝက်လောက်တောင်ကျန်သေးတာပဲ ကိုသာရယ်။ ကျွန်တော်ကူလုပ်ပါ့မယ်။ အင်္ကျီမီးခိုးနံ့စွဲလည်း ကိစ္စမရှိပါဘူး။ ကိုသာတို့နဲ့ပဲရှိမှာလေ ၊ အပြင်လူနဲ့မှမဟုတ်တာ။"
နောက်ဆုံးတော့ စိတ်အားထက်သန်နေသောငစိုင်းအား ကိုသာကူညီခွင့်ပြုလိုက်သည်။ ကိုသာက အကင်တွေကို ဆီသုတ်သည်။ ငစိုင်းက အကင်ကျက်မကျက် စစ်သည်၊ တစ်ဖက်သို့လှန်သည်။ နှစ်ယောက်တက်ညီလက်ညီလုပ်လိုက်တော့ အကင်ကင်ခြင်းကိစ္စက ခဏအတွင်းပြီးဆုံးသွားသည်။ ငစိုင်းတစ်ယောက်ကတော့ ကိုသာ့ကိုကြည့်ရင်း အလုပ်လုပ်သည်မို့ ဘယ်အချိန်ပြီးသွားမှန်းမသိလိုက်။ အကင်တွေမတူးတာပင် ကျေးဇူးတင်ရမည်။
ကိုသာလည်း အကင်ကင်ပြီးမှ အသက်ဝဝရှူရဟန်ဖြင့် သက်ပြင်းလေးချရင်း လက်ဖဝါးနှစ်ဖက်ကို အချင်းချင်းပြန်ပွတ်ကာ ပြာများကို ခါထုတ်သည်။ ကိုသာ့အားကူညီလိုက်ရသောကြောင့် ငစိုင်းဝမ်းသာမိသည်။ ကူညီလိုက်ရသည်ဆိုသည်ထက် ကိုသာ့ဘေး၌ရှိလိုက်ရခြင်းကို ပိုဝမ်းသာမိသည်။ ပိုပျော်မိသည်။
"ကိုသာ..ကျွန်တော် မီးသတ်လိုက်တော့မယ်နော်"
သုံးချောင်းထောက် သံပြားဝိုင်းထဲ၌ ရဲရဲတောက်နေသောမီးသွေးများကို မငြှိမ်းသတ်ခင် အပေါ်၌ အသားတင်ကင်သည့်ဆန်ကာပုံစံသံပြားကို ဖယ်မည်အပြု ငစိုင်းလက်အားလှမ်းဆွဲလိုက်သော ကိုသာ့ကြောင့် ငစိုင်းမျက်လုံးများပြူး၍ဝိုင်းစက်သွားသည်။ နှလုံးသွေးစီးဆင်းမှုကလည်း ပြောင်းပြန်တွေစီးကုန်သလို ခံစားလာရသည်။ ကိုသာသည် ငစိုင်းအား အထိတ်အလန့်ဖြင့်ကြည့်လေပြီး...
"သံပြားကအပူကြီးရှိသေးတာကို လက်နဲ့သွားမကိုင်နဲ့လေ စိုင်းလေးရဲ့။ လက်သုတ်ဝတ်ဖြစ်ဖြစ် ၊ အဝတ်စုတ်ဖြစ်ဖြစ် တစ်ခုခုနဲ့ ခုပြီးမှကိုင်ရတယ်။ ဒီအတိုင်းကိုင်ရင် လက်အပူလောင်ကုန်မှာပေါ့။ တော်ပါသေးရဲ့။ ကိုသာမြင်မိလို့...ဖယ်..ဖယ်..ဘာမှ မလုပ်နဲ့တော့။ သူငယ်ချင်းတွေဆီ သွားနေလိုက်တော့။ ကိုသာပဲဆက်ရှင်းလိုက်မယ်"
ကိုသာ့အပြောက ဆူငေါက်သောလေသံပါသလို ကရုဏာသံလည်းပါသည်။ ကရုဏာသံပါသော ဆူငေါက်ခြင်းကို ဆူငေါက်ခြင်းဟုမမြင်နိုင် ၊ စိတ်မခုနိုင်ပါလေ။ ကိုသာက မိမိကိုဂရုစိုက်သည်ကိုပင် အရူးအမူးပျော်နေမိသူဖြစ်သည်။ ဆူပွက်နေသော နှလုံးသွေးတွေကြောင့် တဒုတ်ဒုတ်ခုန်နေသော ရင်ဘတ်ကအသံကို ငစိုင်းနားကပင်ပြန်ကြားနေရချေပြီ။
ဘာမှပြန်မပြောဘဲပြူးကြောင်ကြောင် ကြည့်နေသောငစိုင်းအား ကိုသာအနည်းငယ်စူးစိုက်ကြည့်လိုက်သည်။ သည်တော့မှ ငစိုင်းလည်းအကြည့်လွှဲရကောင်းမှန်း သဘောပေါက်မိသည်။ ကိုသာဆွဲထားသောလက်ကို ငစိုင်းအသာအယာရုန်းပြီး ကိုယ့်ကုပ်ပိုးကိုယ်ပြန်ပွတ်ကာ ရှက်ရယ်ရယ်မိတော့ ကိုသာက မျက်လုံးလေးတစ်ဖက်အား မှေးတေးတေးလုပ်ရင်းကြည့်ပြန်သည်။
ပြောစကားနားမထောင်သော ကလေးတစ်ယောက်အား အစ်ကိုဖြစ်သူက မကျေမနပ်ကြည့်သည့်အကြည့်မျိုးဖြစ်ပါလိမ့်မည်။ သို့သော် ထိုအကြည့်ကိုပင် ရင်ခုန်မိတာကတော့ အမှန်...။
"ဒါ..ဒါဆို ကျွန်တော် ခွန်မှိုင်းဆီသွားလိုက်ဦးမယ်နော် ကိုသာ"
ကိုသာက စကားဖြင့်ပြန်မဖြေ၊ ခေါင်းသာညိတ်ပြသည်။ ငစိုင်းလည်း ကိုသာ့ကိုကျောခိုင်းခိုင်းချင်း ကိုသာဆုပ်ကိုင်ခဲ့သော မိမိ၏ညာဘက်လက်ကောက်ဝတ်လေးအား ဘယ်လက်ဖြင့် ပြန်လည်ဆုပ်ကိုင်ရင်း ရင်အုံဘက်သို့ထိကပ်လိုက်မိသည်။ ဤခြံထဲတွင် အခြားလူများသာမရှိဘူးဆိုပါက ကိုယ့်လက်ကောက်ဝတ်ကိုယ် အကြိမ်ကြိမ်နမ်းမိမည်မှာသေချာပါသည်။
ပတ်ဝန်းကျင်ကအရာအားလုံးသည် အရင်ထက်ပိုလှပလာသည်။ အရောင်စုံလာသည်။ သို့သော် ဝေဝါးလှသည်။ ထိုရောင်စုံကာလာများကို နောက်ခံထားပြီး ရှေ့၌ပိုမိုလှပနေသော ပုံရိပ်ရှိသည်။ ထိုပုံရိပ်သည် စိုးရိမ်မှုတွေဖြတ်သန်းသွားသော ကိုသာ့မျက်နှာလေးဖြစ်သည်။ ငစိုင်းအတွက်တော့ ကိုသာနှင့်ယှဉ်လျှင် အလှပဆုံးပါဆိုသည့်အရာတိုင်းက မှေးမှိန်ပျောက်ကွယ်စမြဲ....။
Thanks For Reading
Note
တအားရှည်သွားတော့ နှစ်ပိုင်းခွဲတင်မှရတော့မယ်။ အရှည်ကြီးရေးရင်း တစ်သောင်းကျော်သွားလို့ တစ်ဝက်ကနေ ဖြတ်ချထားလိုက်ရပါတယ်။ နောက်တစ်ပိုင်းကို မနက်ဖြန် တင်ပါ့မယ်နော်။ စောင့်မျှော်ပေးကြပါဦးရှင်။
Zawgyi
"အင်း"
"Kite"
"မရဘူး"
"မရဘူး။"
You are reading the story above: TeenFic.Net