Unicode
ယနေ့၌ မင်းခွန်မှိုင်းတစ်ယောက် ထူးထူးခြားခြားစောနိုးနေသည်ဖြစ်သောကြောင့် မီးဖိုချောင်ထဲဝင်ပြီး မိခင်ဖြစ်သူအား ကူလုပ်သလိုလိုဖြင့် ဟိုနှိုက်စား၊ သည်နှိုက်မြည်းလုပ်နေလေသည်။
"ဗိုက်ဆာလည်း ကော်ဖီသောက်ရင်း ထိုင်စောင့်သားငယ်ရယ်။ မေမေ့ကိုလာမရှုပ်စမ်းနဲ့။"
"ဟာ မေမေနော်။ ကိုယ့်သားလေးက ကူလုပ်နေတာကို ရှုပ်တယ်လို့ပြောတာနော်။ ရတယ် မလုပ်ပေးတော့ဘူး။"
"မင်းကကူလုပ်တာမှမဟုတ်တာ။ ကူရှုပ်နေတာကို မင်းခွန်မှိုင်းရဲ့။ ငြိမ်ငြိမ်လေးသွားထိုင်နေစမ်း။ ငါမျက်စိတွေနောက်လွန်းလို့ပါ သားငယ်ရယ်"
မိခင်ကဆူတော့ ဆူပွပွဖြင့် မဲ့ရွဲ့ရင်း ခုံ၌ဆောင့်အောင့်ထိုင်လေသည်။ အမှန်တကယ် မင်းခွန်မှိုင်းမီးဖိုချောင်ထဲရောက်နေရခြင်းမှာ Kiteကြောင့်ဖြစ်သည်။ ယမန်နေ့ညက Kiteနှင့်သဘောတူညီချက်ယူခဲ့သော အပေးအယူသည် မိုးလင်းပြီး မျက်စိနှစ်လုံးဖွင့်ကတည်းကစတင်သည်။ Kiteသည် စောစောနိုးနေသည့်မင်းခွန်မှိုင်းအား မိခင်ကိုကူစေရန် မီးဖိုချောင်ထဲစေလွှတ်သည်။ သို့သော် ကူရာမရောက်ရှုပ်ရာသာရောက်လေသည်။
မင်းခွန်မှိုင်းကိုယ်တိုင်က မျက်စိရှုပ်လည်းရှုပ်ချင်စရာပင်။ မအေဖြစ်သူသည် မုန့်များကို ပန်းကန်ထဲတွင်စီစီရီရီထည့်လိုက်၊ မင်းခွန်မှိုင်းကနှိုက်စားလိုက်ဖြင့် ပုံပျက်ကုန်သည်။ အစားအသောက်ဆိုသည်က ပါးစပ်ထဲမရောက်ခင် မျက်စိကအရင်မြင်ရသည်မို့ အမြင်တင့်ရန်လည်းလိုသည်။ စားချင်စဖွယ်ဖြစ်နေရန် လိုကိုလိုအပ်သည်။ ပွစိတက်နေသော စားစရာပန်းကန်တစ်ချပ်သည် မည်မျှပင်အရသာကောင်းသည်ဆိုသော်ငြားလည်း အမြင်အရတော့ နှာခေါင်းရှုံ့မိမည်ချည်းပင်။ ထို့ကြောင့် ဒေါ်မေမီသာ့ခမျာ ပန်းကန်များကို ပြန်ပြန်ပြင်နေရလေ၏။
"မေမေ..."
"ပြော၊ ဘာတုန်း"
မင်းခွန်မှိုင်းအမေပီသစွာ တုံးတိဆန်ဆန်ပြန်ထူးလေသည်။
"သားခေါ်တာကို ကောင်းကောင်းထူးပါ မေမေကလည်း"
"အောင်မယ် မင်းခေါ်တာကို ကောင်းကောင်းထူးရအောင် မင်းကငါ့အဖေလား"
"အဖေတော့ ဘယ်ဟုတ်မလဲဗျ။ ဒါပေမဲ့ မေမေ့ချစ်သားလေးလေ။ သားအငယ်လေ။ အခုမှ ၂၃နှစ်ပဲရှိသေးတဲ့ ကလေးလေ။ ဘာလဲ၊ သားကိုမွေးစားထားတာမလို့ မေမေက အခုလိုဆက်ဆံနေတာလား။ သားက မွေးစားသားလား"
"အေးပါ သားငယ်ရယ်။ မရစ်ပါနဲ့။ ပြော ပြော..သားငယ်ဘာဖြစ်ချင်လို့လဲ"
"ဘာမှတော့မဖြစ်ချင်ပါဘူး။ ဒီတိုင်းထိုင်နေရတာ ပျင်းလို့"
ဘေးနားလာပြီး သက်သက်ရစ်နေသာမင်းခွန်မှိုင်းအား ဒေါ်မေမီသာ နည်းနည်းမှစိတ်ပိုရှည်၍မရတော့ချေ။ ဘေးနားရှိရာနှင့် ကောက်ရိုက်မိတော့မည်စိုးသောကြောင့် ကိုယ့်အခန်းကိုယ်ပြန်ပြီး အဝတ်အစားလဲရန်သာ စေခိုင်းရတော့သည်။ ဤသည်ကိုပင် ကောင်းကောင်းမသွားချင်၊ မိခင်ကို မျက်မှောင်ကြီးကကြုတ်ပြီး စိုက်ကြည့်သွားသေး၏။
"မင်းနဲ့ငါနဲ့ အပေးအယူလုပ်ထားတာ ပျက်ပြီနော်"
Kiteစကားကြောင့် မင်းခွန်မှိုင်းမကျေမနပ်ဖြစ်သွားသည်။ သူခိုင်းသလို မိခင်ကိုသွားကူပေးခဲ့သော်လည်း အပေးအယူပျက်ပြီဟုသူကဆိုလာသည်။
"မင်းခိုင်းတဲ့အတိုင်း ငါသွားလုပ်တယ်လေ။ ဘာကိစ္စပျက်ရမှာလဲ"
ဆူအောင့်အောင့်ဖြင့်ပြန်ပြောတော့ Kiteကသက်ပြင်းအနည်းငယ်ချသည်။
"မင်းကိုငါပြောတယ်လေ။ တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေးနေ၊ စကားကိုယဉ်ယဉ်ကျေးကျေးပြော ကန်လန့်မတိုက်နဲ့လို့။"
"အခုက ငါဘာလုပ်မိလို့လဲ။"
"ဟော..တွေ့လား။ အခုမင်းငါ့ကို ရန်ရှာနေတာပဲ ကြည့်။ မင်းကအကဲဆတ်လွန်းတယ်။ အမြဲတမ်း ကလန်ကဆန်ပဲလုပ်နေတာ။ အဲ့လိုလူမျိုးကို ဘယ်သူကမှမချစ်ဘူးနော်။ ဝိုင်းအမြင်ကပ်ကြမှာ။ ငါ မင်းကိုလူမုန်းမများစေချင်ဘူး"
Kiteစကားကို မင်းခွန်မှိုင်းက မထီမဲ့မြင်စွာဖြင့် မျက်ခုံးတစ်ဖက်ကောက်ပင့်ရင်း အပေါ်နှုတ်ခမ်းတစ်ဖက်ကို ရွဲ့တဲ့တဲ့တွန့်သည်။
"Kite မင်းကလေ.... လူ့ဘဝနေနည်းထိုင်နည်းအဖြာဖြာစာအုပ် ထုတ်သင့်တယ်သိလား။"
"အဲ့လို ကျပ်ကျပ်ကန့်လန့်တိုက်။ မင်းသိချင်တာ ငါလုံးဝပြောမပြဘူး"
Kiteဘက်မှအပြတ်ငြင်းကာမှ မင်းခွန်မှိုင်း ပျာတိပျာတာဖြင့် လျှောချသွားလေသည်။
"မင်းကလည်း။ လူဆိုတာ အမှားမကင်းဘူးလေ။ ငါက ဒီလိုနေသားမကျတော့ တစ်ခါလောက်မှားတာ ခွင့်လွှတ်ပေါ့..နော်...Kite ။ ငါမင်းပြောသလို တစ်နေကုန်ရအောင် နေမယ်။ ဒီတစ်ခါခွင့်လွှတ်ပေး... အိုကေ.."
လက်ညှိုးနှင့်လက်မကိုအဝိုင်းပုံစံလေးလုပ်ပြီး သွားလေးစိကာရယ်ပုံက ချစ်စဖွယ်မလို့ Kiteလက်မြှောက်အရှုံးပေးလိုက်မိသည်။ သည်ကောင်လေးနှင့်ပတ်သက်တိုင်း အမြဲကျရှုံးပြီးသားဆိုပေမဲ့ မပေါ်လွင်အောင်နေရသည်။ မဟုတ်လျှင် အနိုင်ကျင့်ပေလိမ့်မည်။
"ကောင်းပြီလေ။ ငါသဘောတူတယ်။ ဒါပေမဲ့ တစ်ချက်မှားလိုက်တာနဲ့ အပေးအယူလုံးဝပျက်ပြီနော်"
"ရက်စ်..ဆာ.."
အလေးပြုသည့်ပုံစံဖြင့် ခပ်တောင့်တောင့်လုပ်ပုံက စမတ်မကျဘဲ ရယ်ချင်စဖွယ်။ တည်တည်ငြိမ်ငြိမ်နေရန်ပြောခဲ့ပေမဲ့ တည်ငြိမ်မည်မဟုတ်ကြောင်းကိုသိသည်မို့ အနည်းငယ်လျှော့ပေါ့ထားပေးလိုက်ရသည်။ အနည်းဆုံးတော့ သူ့မျက်နှာတွင်အပြုံးပန်ဆင်တတ်နေပြီ။
စတူဒီယိုသို့စဝင်လာကတည်းက ပြုံးတုံ့တုံ့ဖြင့်ငြိမ်သက်နေသော မင်းခွန်မှိုင်းအားကြည့်ရင်း ကျော်ကြီးတစ်ယောက် ကျောချမ်းနေမိသည်။ မင်းခွန်မှိုင်းဆိုသည့် ငချွတ်ကလေးသည် အပြုံးအရယ်နည်းသူဖြစ်သည်။ သူပြုံးပြီဆိုလျှင်လည်း မဟုတ်တာတစ်ခုခုဖြစ်တော့မည်က အသေအချာမို့ တံတွေးခပ်တင်းတင်းမျိုချရင်း အရိပ်အခြေကြည့်နေရသည်။
"ငစိုင်း..ဟိုကောင် စိတ်မှန်ရဲ့လား။ အခန်းထောင့်ကိုကြည့်ပြီး ပြုံးပြုံးပြနေတယ်။"
ကျော်ကြီး မနေနိုင်မထိုင်နိုင်ဖြင့် ငစိုင်းအားတွတ်ထိုးသည်ကို မင်းခွန်မှိုင်းနားကပါးပါးရယ်မို့ ကြားလိုက်မိသည်။ မိမိအား စိတ်မှန်ရဲ့လားဟူသောစကားကို မကျေမနပ်ဖြင့်လှည့်ဆဲမည်အပြု အခန်းထောင့်၌ စောင့်ကြည့်နေသောမျက်ဝန်းတစ်စုံကြောင့် သက်ပြင်းကိုခပ်နာနာချရင်း စိတ်လျှော့လိုက်ရသည်။
"ခွန်မှိုင်း...မင်းဒီနေ့ငြိမ်လှချည်လား"
ငစိုင်းသည် ဘေးခုံ၌ဝင်ထိုင်ရင်းမေးသည်။ မင်းခွန်မှိုင်းလည်း ခေါင်းအသာညိတ်ပြီး ခပ်ပြုံးပြုံးဖြင့်ပြန်ဖြေရသည်။
"ဒီလိုပါပဲကွာ။ တစ်ရက်လောက် အေးအေးဆေးဆေးနေကြည့်မလားလို့ပါ။ ပြီးတော့ ငါမင်းတို့ကို ဆဲလည်းမဆဲဘူး ၊ ကန်လည်းမကန်ဘူး။ ဒီနေ့တစ်နေကုန် ငါ ကိုသာ့လိုအေးအေးဆေးဆေးနေပြမယ်။"
မင်းခွန်မှိုင်းမှအဟုတ်ပြောသည်ကို ငစိုင်းနှင့်ကျော်ကြီးတို့က ရယ်လေသည်။ စိတ်ဆိုးချင်သော်လည်း နောက်ရက်မှပေါင်းစိတ်ဆိုးပြီး သင်းတို့ကိုကန်မည်ဟုသာ စိတ်ထဲတေးထားလိုက်သည်။ ငစိုင်းသည် မင်းခွန်မှိုင်းပခုံးအား အသာလာပုတ်သည်။
"မဖြစ်နိုင်တာ ခွန်မှိုင်းရာ။ မင်းက ကိုသာ့လိုမျိုး ဘယ်လိုလုပ်နေနိုင်မှာလဲ။ ဖြစ်နိုင်တာပြော"
"မယုံလည်းနေကွာ။ ငါနေပြမယ်။ အဲ့ကျမှ မင်းတို့တွေ ငါ့ကို 'ခွန်မှိုင်းရယ်...အရင်လိုပြန်နေပါကွာ'ဆိုရင် မင်းခွန်မှိုင်းတို့က ဆောရီးပဲနော်။"
"တကယ်လို့ မင်းပြောသလို မနေနိုင်ဘူးဆိုရင်ရော..."
"ဘာလဲ။ မင်းကငါနဲ့အလောင်းအစားလုပ်ချင်တာလား။ ရတယ်လေ။ မနက်ဖြန်ညကျရင် ရှုံးတဲ့သူတစ်ဝိုင်းကွာ။ ဟိုကောင် ကျော်ကြီး။ မင်းက ဘယ်ဘက်က နေမှာလဲ"
ကျော်ကြီးက ခပ်ပြုံးပြုံးလုပ်ရင်းပြန်ဖြေသည်။
"သေချာပေါက်ကို မင်းဘက်မှာ......
မနေဘူး"
မင်းဘက်မှာဟုကြားပြီးကာမှ မနေဘူးဟူသော နောက်လိုက်စကားကြောင့် မင်းခွန်မှိုင်းပို၍စိတ်တိုမိသည်။ မိမိကိုနည်းနည်းမှမယုံကြသည့်နှစ်ယောက်ကို မနက်ဖြန်မှ ကောင်းကောင်းနှိပ်စက်ပစ်ဦးမည်။
"ကောင်းပြီ။ မင်းတို့နှစ်ယောက်တစ်ဖက် ၊ ငါကတစ်ဖက်ပေါ့။ အဆင်ပြေပါတယ်။ ငါကအရှုံးမရှိဘူး။ ဒီနေ့တစ်နေ့လုံး ငါပြောသလို ငါနေပြမယ်။ စောင့်ကြည့်နေလိုက်"
လက်ဖျောက်တစ်ချက်တီးပြီးစိန်ခေါ်ပုံက လူမိုက်လိုလိုဘာလိုလိုဆိုပေမဲ့ Kiteခွင့်လွှတ်ပေးထားလိုက်သည်။ အကြောင်းကား မင်းခွန်မှိုင်း၏သမာဓိအား စမ်းသပ်ပေးမည့် ကင်းထောက်နှစ်ဦး ထပ်ရလိုက်ခြင်းကြောင့်ဖြစ်သည်။
မင်းခွန်မှိုင်း ငစိုင်းတို့နှစ်ယောက်နှင့် သဘောတူညီချက် စယူပြီးကတည်းက နှစ်ယောက်သားသည် အတိုင်အပေါက်ညီစွာ မင်းခွန်မှိုင်းကို မထိခလုတ်ထိခလုတ်စကြသည်။ မခံချင်အောင်ပြောလိုက်၊ ရွဲ့စောင်းလိုက်ဖြင့် ပြောနေကြသော်လည်း မင်းခွန်မှိုင်းမကြားချင်ယောင်သာ ဆောင်နေလိုက်သည်။ 'မင်းခွန်မှိုင်းပဲ...ဒီလောက်တော့ အေးဆေး'ဟု တွေးပြီး ကြိတ်ပြုံးကြီးပြုံးပုံကြောင့် Kiteပင်သဘောကျစွာ လိုက်ပြုံးမိသည်။
နေ့လယ်ထမင်းစားချိန်၌လည်း မင်းခွန်မှိုင်းအေးဆေး မစားရရှာပေ။ သူနှိုက်သမျှ ဟင်းခွက်တိုင်းကို အကျင့်ပုတ်နှစ်ကောင်သည် အတင်းလိုက်နှိုက်ပြီး လုစားနေသောကြောင့် စိတ်အချဉ်ပေါက်စပြုလာချေပြီ။ ထမင်းတောင် အေးဆေးစားခွင့်မပြုသည်ကတော့ လွန်လှသည်မဟုတ်လား။ ထို့ကြောင့် ဇွန်းကိုချပြီး ဆရာကြီးစတိုင်လ်လက်ပိုက်လိုက်သောအခါ ငစိုင်းနှင့်ကျော်ကြီးတို့သည် သူ့အားအူလည်လည်ကြည့်လာကြသည်။ ထိုအခါမှ မင်းခွန်မှိုင်းလည်း ဆုံးမသြဝါဒစခြွေလေသည်။
"ဒီမယ် အမောင်တို့"
ထူးဆန်းသောအသုံးအနှုန်းအပြင် အာဏာသံပါသော လေယူလေသိမ်းကြောင့် ငစိုင်းတို့ပို၍ပင်ကြောင်သွားလေသည်။ သူတို့ဖြစ်စေချင်သည်က မင်းခွန်မှိုင်းထ၍ ပေါက်ကွဲမည်ကိုမဟုတ်လား။ မျှော်လင့်ထားသလိုမဖြစ်ဘဲ တော်တော်ကြီးတည်ငြိမ်နိုင်သည့်မင်းခွန်မှိုင်းကို အံ့သြမိသည်ကတော့အမှန်ပင်။ ပုံမှန် မင်းခွန်မှိုင်းသာဆိုလျှင် 'တစ်ဝိုင်းလောက်ကတော့ အသာလေး။ မင်းတို့ကို ငါအခုသတ်ရမှကျေနပ်မယ်'ဟုကြုံးဝါးရင်း လက်ထဲရှိရာဖြင့်လိုက်ထုမည်သာ။ မင်းခွန်မှိုင်း ဆက်မပြောသေးဘဲ နှစ်ယောက်သား၏ မျက်ဝန်းများကိုစူးစိုက်ကြည့်လေသည်။ ပြီးမှ...
"အမောင်တို့သိထားရမှာကလေ.. နိုင်ငံကြီးသားပီသတဲ့သူဆိုတာက သူများစားနေသောက်နေချိန်မှာ အနှောက်အယှက်မပေးရဘူး။ အမောင်တို့က တိုင်းပြည်ရဲ့သားကောင်းရတနာတွေ။ ဒီတော့ ငါကိုယ်တော်အစာစားနေတာကိုတော့ အနှောက်အယှက်ပေးတော်မမူနဲ့။ အိနြေ္ဒသိက္ခာစောင့်ထိန်းကြ"
ပြောပြီးသည်နှင့် ထမင်းအေးဆေးဆက်စားနေသည့် မင်းခွန်မှိုင်းအား ငစိုင်းနှင့်ကျော်ကြီး သည်အတိုင်းစိုက်ကြည့်နေမိတော့သည်။ ပြန်ပြောစရာစကားလည်း ရှာမတွေ့နိုင်တော့ချေ။ Kiteကိုယ်တိုင်ပင် လည်လွန်းသည့်မင်းခွန်မှိုင်းအားကြည့်ရင်း ဆက်တိုက်ကိုသဘောတကျပြုံးနေမိသည်။ သူပြန်ပြောစကားများသည် ရန်တွေ့သည်လည်းမဟုတ်သောကြောင့် အပြစ်လည်းယူ၍မရချေ။ ချိုချိုသာသာဘက်မရောက်ပေမဲ့ နန်းတွင်းအသုံးအနှုန်းဆန်ဆန်ဖြင့် အနိုင်ပိုင်းပုံက မင်းခွန်မှိုင်းမည်မျှ ကလိမ်ကျကြောင်းကိုတော့ အထင်းသားမြင်စေရသည်။ ထိုမှလည်း မင်းခွန်မှိုင်းပီသမည်မဟုတ်လား။
"ဪ...ငစိုင်း။ ဒီမနက် မင်းနဲ့ကိုသာ ရှမ်းခေါက်ဆွဲတူတူစားခဲ့တယ်မဟုတ်လား"
မင်းခွန်မှိုင်းအားတုတ်ဖြင့်ထိုးနိုင်သည့် နောက်ထပ်စနက်တံတစ်ခုကို ကျော်ကြီးမီးရှို့ရန်ကြိုးစားချေပြီ။ မင်းခွန်မှိုင်းလည်း အနည်းငယ်လှုပ်လှုပ်ရွရွဖြစ်ပြီး နားစွင့်မိလေသည်။ ငစိုင်းကမူ ကျော်ကြီးပါးစပ်အား ကပျာကယာဖြင့် လှမ်းပိတ်ကာခပ်တိုးတိုးဆိုသည်။
"ငါ့ကိုဆွဲမထည့်နဲ့လေ ကျော်ကြီး။ ဟိုကောင် ငမှိုင်းသတ်ရင်သေမှာ မင်းမဟုတ်ဘူး ၊ ငါ"
မနက်က ကိုသာနှင့်တွေ့ခဲ့သည်ကိစ္စအား အပျော်လွန်ပြီး ကျော်ကြီးထံဖောက်သည်ချမိသည်မှာ အမှားကြီးမှားလေခြင်းဟု နောင်တရချင်လာသည်။ ဘာမှမပြောသေးသော်လည်း ခပ်စောင်းစောင်းကြည့်လာသော မင်းခွန်မှိုင်း၏မျက်လုံးများသည် ရာဇသံပေးနေသလိုလိုပင်။ ကျော်ကြီးသည် ငစိုင်းအားမျက်လုံးတစ်ဖက် မသိမသာမှိတ်ပြလေပြီး ဆက်ပြောသည်။
"ကိုသာက မင်းကိုအဝေးကြီးက မြင်တာတောင်မှတ်မိတယ်ဆိုတော့ ဖူးစာများလား။"
သူတို့ထံဖျတ်ခနဲရောက်လာသော အကြည့်တစ်ချက်သည် မီးမြားတစ်စင်းပစ်ခွင်းလိုက်သဖွယ်...။ ကျော်ကြီးကတော့ ဆက်ပြောနေပေမဲ့ ငစိုင်းခမျာ ထိတ်ထိတ်ပျပျာဖြစ်လာချေသည်။ အစ်ကိုအား အင်မတန်အူတိုတတ်သော မင်းခွန်မှိုင်းကိုမှ သွားဆွမိလေခြင်း...။
"မဆိုင်တာပဲ ကျော်ကြီးရာ။ မင်းကလည်း.. တော်ပါတော့။ အလုပ်သွားလုပ်တော့ သွား"
ငစိုင်း ကြားထဲကနေတားဖို့ကြိုးစားနေပေမဲ့ ကျော်ကြီးသည် ပြောလေဆိုးလေပင်။
"အေးလေ။ မင်းကအခုငါ့ကိုနှင်ပြီပေါ့။ နောက် ကိုသာနဲ့ချစ်သူဖြစ်သွားရင် သူ့ညီကိုပါ မင်းနှင်ချင်နှင်လို့ရတော့မှာဆိုတော့လေ။"
"ကျော်ကြီး..."
ကျော်ကြီးဗိုက်အား လက်သီးဖြင့်ခပ်သာသာထိုး၍ ပြောနေစဉ်မှာပင် သူတို့အနားကို အရှိန်ဖြင့်ပြေးလာသောမင်းခွန်မှိုင်းကြောင့် ခြေဦးတည့်ရာပတ်ပြေးရတော့သည်။
"ကိုသာ့ရည်းစားဖြစ်တာနဲ့ ငါ့ကိုနှင်ထုတ်လို့ရမလား။ ငါကမင်းတို့ကို ဒီလိုတောင်ကန်ချဦးမှာ"
ပြောပြောဆိုဆိုဖြင့် နှစ်ယောက်စလုံးကို အားရသည်အထိလိုက်ကန်သည်။ ကန်လို့ဝကာမှ ကြမ်းပြင်တွင် ငုတ်တုတ်ထိုင်ချလိုက်လေသည်။ အကန်ခံ၊ အနင်းခံရပြီး နာနေသောပေါင်များခြေထောက်များကို နှိပ်ရင်းကျွတ်စုပ်သပ်နေသော ငစိုင်းတို့အား မကြည်ကြည့်ဖြင့်စူးစူးရဲရဲကြည့်လျက် ဖိနပ်ဖြင့်ကောက်ပေါက်ပြန်သည်။ အရှောင်သာမမြန်လျှင် နှစ်ယောက်သားမျက်နှာကို ဖိနပ်တစ်ဖက်ဆီက ကွက်တိလာမိတ်ဆက်မည်ပေသာ။
"မင်းတို့နော်။ ငါ့အစ်ကိုကိုမထိနဲ့။ ငါကလူသတ်မှာ"
လက်ညှိုးတထိုးထိုးဖြင့် ရာဇသံပေးနေသော မင်းခွန်မှိုင်းအနားသို့ ငစိုင်းသွားထိုင်လိုက်သည်။
"ငါတို့ကစတာပါကွာ။ မထိပါဘူး။ ကိုသာ့ကို ငါ့ကြောင့်မညစ်နွမ်းစေချင်ပါဘူး။ နောက်ပြီး ကိုသာမုန်းသွားမှာလည်း ငါမခံနိုင်ဘူး။"
"ငစိုင်း.."
မင်းခွန်မှိုင်း ကရုဏာသက်စွာရေရွတ်လိုက်မိသည်။ ကိုသာနှင့်ပတ်သက်တိုင်း ညှိုးငယ်အားလျော့တတ်သည့် ငစိုင်းအခြေအနေသည် တစ်နေ့ထက်တစ်နေ့ပိုဆိုးလာသည်။ ယခင်ကမှ မင်းခွန်မှိုင်းကို စရင်းနောက်ရင်းပြောတတ်သေးသည်။ နောက်ပိုင်းတော့ ငစိုင်းကအစအနောက်အဖြစ်ပင် သိပ်မပြောတော့ချေ။ ကြည့်ရသည်မှာ ကိုသာနှင့်ပတ်သက်ပြီး သူနက်နက်ရှိုင်းရှိုင်းဖြစ်လာသောကြောင့်ဖြစ်မည်။ ကျော်ကြီးတစ်ယောက်လည်း စကားဝိုင်းထဲသို့ရောက်လာလေသည်။
"မင်း ကိုသာ့ကိုတစ်သက်လုံး ဒီတိုင်းကြည့်နေတော့မှာလား ငစိုင်း"
ငစိုင်းပခုံးကို ကျော်ကြီးကဆုပ်ကိုင်ရင်းမေးတော့ ငစိုင်းကအားအင်ချိနဲ့စွာပြုံးသည်။ ထို့နောက် မတ်တပ်ထရပ်ပြီး ထိုအပြုံးကိုဆက်လက်ပြုံးရင်းဖြေသည်။
"မကြည့်လို့ငါကဘာလုပ်ရမှာလဲ။"
ပြောပြီးနောက် ငစိုင်းသည်ခပ်ဟဟရယ်လေသည်။ ရင်တွင်းမှနာကျင်မှုကို လှောင်ရယ်သံဖြင့်ဖုံးအုပ်ချင်သည်ထင်ပါရဲ့။
"ဘာပဲဖြစ်ဖြစ် ခွန်မှိုင်း...။ မင်းရှုံးပြီနော်။ မနက်ဖြန် တစ်ဝိုင်းပဲ"
ဟန်ဆောင်ပြုံးဖြင့်ဆိုရင်း ထသွားသောငစိုင်းအား မင်းခွန်မှိုင်းလှမ်းခေါ်လိုက်တော့ ငစိုင်းကလှည့်ကြည့်သည်။ ထင်မှတ်မထားဘဲ ငစိုင်းမျက်ဝန်းတွင် မှိုင်းညှို့သောအကြည့်တချို့ကို မြင်လိုက်ရသည်။ ငစိုင်းသည် ကိုသာနှင့်ပတ်သက်လျှင် ထိုမျှလောက်ပင် ခံစားလွယ်ပါသည်တကား...။ မင်းခွန်မှိုင်း စိတ်ကိုအသာထပ်လျှော့ရင်း ငစိုင်းအားပြောလိုက်သည်။
"မင်းကိုသာ့ကိုချစ်ရင် ကြိုးစားလေကွာ။ ငါ့ကြောင့် ရပ်တန့်နေတာမျိုးဆိုရင်တော့ ငါလက်မခံဘူး။"
ငစိုင်းကဟက်ခနဲရယ်တော့ မင်းခွန်မှိုင်းနားမလည်နိုင်ဖြစ်ရသည်။ ပြီးမှ ငစိုင်းကခေါင်းမော့လာပြီး...
"မင်းကြောင့်မဟုတ်ပါဘူးကွာ။ မင်းဆီက ဒီလိုကြားရတာ ဝမ်းသာပေမဲ့ ကိုသာနဲ့ငါက မတန်ဘူးကွ။ အထူးသဖြင့် ငါကယောက်ျားတစ်ယောက်လေ။ ကိုသာနဲ့ပိုပြီးမဖြစ်နိုင်တော့ဘူးပေါ့။ ငါက ဂေးဖြစ်နေတာနဲ့တင် လုံလောက်နေပါပြီ။ ပတ်ဝန်းကျင်မှာ ပုန်းလျှိုးကွယ်လျှိုးနဲ့ စိတ်မလုံဘဲနေရတဲ့ခံစားချက်ကို ကိုသာ့ကိုမခံစားစေချင်ဘူး။ နောက်ပြီး ငါချစ်နေတာကိုသာ ကိုသာသိသွားရင်..။ ကိုသာ သဘောထားမသေးမှန်း ငါသိတယ်။ ဒါပေမဲ့ ငါ့စိတ်ငါမလုံဘဲ ရှောင်နေမိတော့မှာ။"
အရာအားလုံးကို အဆိုးဘက်ကတွေးနေသောငစိုင်းအား မင်းခွန်မှိုင်းအားပေးဖို့ စကားပျောက်ရှနေခဲ့သည်။ ငစိုင်းကတော့ အပြုံးမပျက်ထပ်ဆိုသည်။
"ငါ့အတွက် စိတ်မကောင်းမဖြစ်ပါနဲ့ ခွန်မှိုင်းရာ။ ငါအဆင်ပြေတယ်။ နေ့လယ်သုံးနာရီ ဒိတ်ရှိတယ်နော်။ ပြင်ဆင်တော့။ မင်းပျက်ထားတာတွေ အစားဝင်ရမှာ"
ဤသို့နှင့် စကားစပြတ်သွားပြီး ကိုယ့်အလုပ်ကိုယ်ပြန်လုပ်ကြလေသည်။ မင်းခွန်မှိုင်းစိတ်ထဲတွင်လည်း ကျိတ်မနိုင်ခဲမရဖြစ်နေမိသည်။ ငစိုင်းကို အားမရသည့်စိတ်ကြောင့် ကိုင်ပေါက်ပစ်လိုက်ချင်တော့သည်။ ထို့အပြင် သူရှုံးသွားသည်ကို မျက်ခုံးကြီးပင့်ပင့်ပြရင်း ပြုံးစိစိလုပ်ကာလှောင်နေသောKiteကြောင့် ပိုဒေါသဖြစ်ရသည်။
အဲ့သည်အူတိုတတ်သည့်အကျင့်သည် မွေးကတည်းက ပါလာတော့လည်းမဖျောက်နိုင်ချေ။ မိမိချစ်ရသူများသည် မိမိကိုသာပြန်ပြီးဂရုစိုက်စေချင်သည်။ တခြားသူကိုဂရုစိုက်လျှင် အူတိုပြီးရန်ရှာမိတော့သည်ပင်။ ဤထဲတွင် Kiteကတော့အကောင်းဆုံးဖြစ်သည်။ မင်းခွန်မှိုင်းမှအပ တခြားသူအား မျက်စိနှင့်ပင်မကြည့်ပေ။
အသိစိတ်တစ်ချက်ဝင်လာပြီး သူ့ကိုယ်သူဘာတွေးလိုက်ကြောင်း ပြန်မေးလိုက်မိသည်။ မိမိချစ်သည့်သူများက မိမိကိုပဲဂရုစိုက်စေချင်သည်ဟုတွေးပြီး ထိုစာရင်းထဲ Kiteကိုပါ ထည့်တွေးမိလိုက်သည်...။
"အား....မချစ်ဘူး။ မချစ်ဘူး။ ငါက အထီးချင်းမကြိုက်ဘူး။ အထီးချင်း လုံးဝ လုံးဝမကြိုက်ဘူး"
ကြမ်းပြင်ပေါ်တွင်ဒူးထောက်ချပြီး ကိုယ့်နားကိုယ်ပိတ်ကာ အသားကုန်ကုန်အော်နေသောမင်းခွန်မှိုင်းကြောင့် ငစိုင်းတို့ပါလန့်ကုန်ကြသည်။ သို့သော် အားလုံးက ကိုယ့်အာရုံနှင့်ကိုယ်မို့ မင်းခွန်မှိုင်းစကားကို သဲသဲကွဲကွဲကြားလိုက်မည်မထင်။
မင်းခွန်မှိုင်းချက်ချင်းဆိုသလို မတ်တပ်ကောက်ရပ်ပြန်ပြီး အခန်းထောင့်မှKiteကို ဆွဲခေါ်ကာ Toiletထဲဝင်လိုက်သည်။ ထို့နောက် သက်ပြင်းအရှည်ကြီးအားဆွဲချကာ စိုက်ကြည့်ပုံသည်နတ်ဆိုးဖြစ်သော Kiteအတွက်ပင် ကျောချမ်းချင်စရာကောင်းသည်။
"မင်းက အထီးဆိုတာ သေချာလား"
ကြောင်တောင်တောင်နိုင်လှသော အမေးစကားကို Kiteချက်ချင်း ပြန်မဖြေနိုင်ဘဲ မျက်ခုံးနှစ်ဖက်ကိုသာ စုကုပ်လိုက်မိသည်။ မင်းခွန်မှိုင်းက ထပ်မေးပြန်သည်။
"မင်းက တကယ်အထီးကြီးလားလို့.."
ဤတစ်ကြိမ်တော့ Kiteပြန်ဖြေလေသည်။
"ငါသက်သေပြရဦးမလား"
ရွဲ့တဲ့တဲ့ပြန်ဖြေသောKiteအား မင်းခွန်မှိုင်းရန်ပြန်မတွေ့နိုင်ချေ။ ငိုမဲ့မဲ့ဖြင့် အိမ်သာထဲမှပြေးထွက်ကာ မျက်ရည်မထွက်ဘဲအော်ငိုမိတော့သည်။ ထို့အပြင် ယူကြုံးမရစွာ ကြမ်းပြင်ကို လက်သီးဖြင့်ထုရိုက်သေးသည်။
"အားဟား....အမေရေ...။ အမေ့သားလေး တစ်သက်မှာ ဘယ်မိန်းမနဲ့မှမထိတွေ့ဖူးတော့ အခုဘဝပျက်ပြီ။ မိန်းမတောင်မယူရသေးဘဲ ကွေးရတော့မှာလား။ ငါ့waifuလေးတွေ...ငါ့waifuလေးတွေ..."
ကယောင်ကတမ်းပြောရင်းဖြင့် နံရံ၌ကပ်ထားသော ဘစ်ရှာမွန်ပုံထံပြေးကပ်ပြီး ငိုကြွေးမိသည်။
"ဘစ်ရှာလေး...ကိုယ့်ဘစ်ရှာလေး..."
ဘစ်ရှာ့အားတွေ့သည်ကိုပင် မလှုပ်ရှားတော့သည့်ရင်တစ်ခွင်ကို ဓားနှင့်သာထိုးလိုက်ချင်ပါတော့သည်...။
"မင်းခွန်မှိုင်းရေ...အဝတ်အစားလဲတော့ဟ။ ဘစ်ရှာ့ကိုငမ်းချင် အိမ်ရောက်မှငမ်း။ ပေါတောတောတွေလုပ်မနေနဲ့"
အတွင်းဘက်မှလှမ်းဆူသောငစိုင်းကြောင့် မင်းခွန်မှိုင်းနံရံကိုမှီရင်း ခွေခနဲထိုင်ချလိုက်ပြန်သည်။ ထို့နောက် ဘစ်ရှာ့ပုံလေးအား ပြန်မော့ကြည့်လိုက်သည်။ ခရမ်းရောင်မျက်ဝန်းဝိုင်းဝိုင်း၊ နီမြန်းသောနှုတ်ခမ်းပါးလေးနှင့် ဆံနွယ်ရွှေဝါရောင်တို့အပြင် ခပ်မာမာစကားပြောပုံလေးတို့ကြောင့် အကြိမ်ကြိမ်လှုပ်ရှားခဲ့ဖူးသော မင်းခွန်မှိုင်စ၏ရင်တစ်ခွင်ဟာ ယခု၌ငြိမ်သက်လွန်းလှသည်။
ထိုငြိမ်သက်လှသော ရင်တစ်ခွင်သည် အခန်းထောင့်တွင် သူ့အားမေးထောက်လျက် စိုက်ကြည့်နေသောမျက်ဝန်းနီတစ်စုံကြောင့် လှုပ်ရှားလာသောအခါဝယ်....။
Thanks For Reading
Note
ကိုင်း ကိုင်း...သူများတွေ ရင်ခုန်နေပြီနော်...။ ဆက်အားပေးကြပါဦးရှင်။ ကျေးဇူးပါ။ ဆာဒါးငှဲ😘
Zawgyi
ယေန႔၌ မင္းခြန္မႈိင္းတစ္ေယာက္ ထူးထူးျခားျခားေစာႏုိးေနသည္ျဖစ္ေသာေၾကာင့္ မီးဖုိေခ်ာင္ထဲဝင္ၿပီး မိခင္ျဖစ္သူအား ကူလုပ္သလိုလိုျဖင့္ ဟုိႏႈိက္စား၊ သည္ႏႈိက္ျမည္းလုပ္ေနေလသည္။
"ဗုိက္ဆာလည္း ေကာ္ဖီေသာက္ရင္း ထုိင္ေစာင့္သားငယ္ရယ္။ ေမေမ့ကုိလာမ႐ႈပ္စမ္းနဲ႔။"
"ဟာ ေမေမေနာ္။ ကုိယ့္သားေလးက ကူလုပ္ေနတာကုိ ႐ႈပ္တယ္လို႔ေျပာတာေနာ္။ ရတယ္ မလုပ္ေပးေတာ့ဘူး။"
"မင္းကကူလုပ္တာမွမဟုတ္တာ။ ကူ႐ႈပ္ေနတာကို မင္းခြန္မႈိင္းရဲ႕။ ၿငိမ္ၿငိမ္ေလးသြားထုိင္ေနစမ္း။ ငါမ်က္စိေတြေနာက္လြန္းလို႔ပါ သားငယ္ရယ္"
မိခင္ကဆူေတာ့ ဆူပြပြျဖင့္ မဲ့ရြဲ႔ရင္း ခံု၌ေဆာင့္ေအာင့္ထုိင္ေလသည္။ အမွန္တကယ္ မင္းခြန္မႈိင္းမီးဖုိေခ်ာင္ထဲေရာက္ေနရျခင္းမွာ Kiteေၾကာင့္ျဖစ္သည္။ ယမန္ေန႔ညက Kiteႏွင့္သေဘာတူညီခ်က္ယူခဲ့ေသာ အေပးအယူသည္ မုိးလင္းၿပီး မ်က္စိႏွစ္လံုးဖြင့္ကတည္းကစတင္သည္။ Kiteသည္ ေစာေစာႏုိးေနသည့္မင္းခြန္မႈိင္းအား မိခင္ကုိကူေစရန္ မီးဖုိေခ်ာင္ထဲေစလႊတ္သည္။ သုိ႔ေသာ္ ကူရာမေရာက္႐ႈပ္ရာသာေရာက္ေလသည္။
မင္းခြန္မႈိင္းကုိယ္တုိင္က မ်က္စိ႐ႈပ္လည္း႐ႈပ္ခ်င္စရာပင္။ မေအျဖစ္သူသည္ မုန္႔မ်ားကုိ ပန္းကန္ထဲတြင္စီစီရီရီထည့္လိုက္၊ မင္းခြန္မႈိင္းကႏႈိက္စားလိုက္ျဖင့္ ပံုပ်က္ကုန္သည္။ အစားအေသာက္ဆုိသည္က ပါးစပ္ထဲမေရာက္ခင္ မ်က္စိကအရင္ျမင္ရသည္မို႔ အျမင္တင့္ရန္လည္းလိုသည္။ စားခ်င္စဖြယ္ျဖစ္ေနရန္ လိုကိုလိုအပ္သည္။ ပြစိတက္ေနေသာ စားစရာပန္းကန္တစ္ခ်ပ္သည္ မည္မ်ွပင္အရသာေကာင္းသည္ဆုိေသာ္ျငားလည္း အျမင္အရေတာ့ ႏွာေခါင္း႐ႈံ႕မိမည္ခ်ည္းပင္။ ထုိ႔ေၾကာင့္ ေဒၚေမမီသာ့ခမ်ာ ပန္းကန္မ်ားကုိ ျပန္ျပန္ျပင္ေနရေလ၏။
"ေမေမ..."
"ေျပာ၊ ဘာတုန္း"
မင္းခြန္မႈိင္းအေမပီသစြာ တံုးတိဆန္ဆန္ျပန္ထူးေလသည္။
"သားေခၚတာကို ေကာင္းေကာင္းထူးပါ ေမေမကလည္း"
"ေအာင္မယ္ မင္းေခၚတာကုိ ေကာင္းေကာင္းထူးရေအာင္ မင္းကငါ့အေဖလား"
"အေဖေတာ့ ဘယ္ဟုတ္မလဲဗ်။ ဒါေပမဲ့ ေမေမ့ခ်စ္သားေလးေလ။ သားအငယ္ေလ။ အခုမွ ၂၃ႏွစ္ပဲ႐ွိေသးတဲ့ ကေလးေလ။ ဘာလဲ၊ သားကုိေမြးစားထားတာမလို႔ ေမေမက အခုလိုဆက္ဆံေနတာလား။ သားက ေမြးစားသားလား"
"ေအးပါ သားငယ္ရယ္။ မရစ္ပါနဲ႔။ ေျပာ ေျပာ..သားငယ္ဘာျဖစ္ခ်င္လို႔လဲ"
"ဘာမွေတာ့မျဖစ္ခ်င္ပါဘူး။ ဒီတုိင္းထုိင္ေနရတာ ပ်င္းလို႔"
ေဘးနားလာၿပီး သက္သက္ရစ္ေနသာမင္းခြန္မႈိင္းအား ေဒၚေမမီသာ နည္းနည္းမွစိတ္ပုိ႐ွည္၍မရေတာ့ေခ်။ ေဘးနား႐ွိရာႏွင့္ ေကာက္႐ုိက္မိေတာ့မည္စုိးေသာေၾကာင့္ ကုိယ့္အခန္းကုိယ္ျပန္ၿပီး အဝတ္အစားလဲရန္သာ ေစခိုင္းရေတာ့သည္။ ဤသည္ကိုပင္ ေကာင္းေကာင္းမသြားခ်င္၊ မိခင္ကို မ်က္ေမွာင္ႀကီးကၾကဳတ္ၿပီး စုိက္ၾကည့္သြားေသး၏။
"မင္းနဲ႔ငါနဲ႔ အေပးအယူလုပ္ထားတာ ပ်က္ၿပီေနာ္"
Kiteစကားေၾကာင့္ မင္းခြန္မႈိင္းမေက်မနပ္ျဖစ္သြားသည္။ သူခိုင္းသလို မိခင္ကုိသြားကူေပးခဲ့ေသာ္လည္း အေပးအယူပ်က္ၿပီဟုသူကဆုိလာသည္။
"မင္းခုိင္းတဲ့အတုိင္း ငါသြားလုပ္တယ္ေလ။ ဘာကိစၥပ်က္ရမွာလဲ"
ဆူေအာင့္ေအာင့္ျဖင့္ျပန္ေျပာေတာ့ Kiteကသက္ျပင္းအနည္းငယ္ခ်သည္။
"မင္းကုိငါေျပာတယ္ေလ။ တည္တည္ၿငိမ္ၿငိမ္ ေအးေအးေဆးေဆးေန၊ စကားကုိယဥ္ယဥ္ေက်းေက်းေျပာ ကန္လန္႔မတုိက္နဲ႔လို႔။"
"အခုက ငါဘာလုပ္မိလို႔လဲ။"
"ေဟာ..ေတြ႔လား။ အခုမင္းငါ့ကုိ ရန္႐ွာေနတာပဲ ၾကည့္။ မင္းကအကဲဆတ္လြန္းတယ္။ အျမဲတမ္း ကလန္ကဆန္ပဲလုပ္ေနတာ။ အဲ့လိုလူမ်ဳိးကို ဘယ္သူကမွမခ်စ္ဘူးေနာ္။ ဝုိင္းအျမင္ကပ္ၾကမွာ။ ငါ မင္းကုိလူမုန္းမမ်ားေစခ်င္ဘူး"
Kiteစကားကို မင္းခြန္မႈိင္းက မထီမဲ့ျမင္စြာျဖင့္ မ်က္ခံုးတစ္ဖက္ေကာက္ပင့္ရင္း အေပၚႏႈတ္ခမ္းတစ္ဖက္ကုိ ရြဲ႔တဲ့တဲ့တြန္႔သည္။
"Kite မင္းကေလ.... လူ႔ဘဝေနနည္းထုိင္နည္းအျဖာျဖာစာအုပ္ ထုတ္သင့္တယ္သိလား။"
"အဲ့လို က်ပ္က်ပ္ကန္႔လန္႔တုိက္။ မင္းသိခ်င္တာ ငါလံုးဝေျပာမျပဘူး"
Kiteဘက္မွအျပတ္ျငင္းကာမွ မင္းခြန္မႈိင္း ပ်ာတိပ်ာတာျဖင့္ ေလ်ွာခ်သြားေလသည္။
"မင္းကလည္း။ လူဆိုတာ အမွားမကင္းဘူးေလ။ ငါက ဒီလိုေနသားမက်ေတာ့ တစ္ခါေလာက္မွားတာ ခြင့္လႊတ္ေပါ့..ေနာ္...Kite ။ ငါမင္းေျပာသလို တစ္ေနကုန္ရေအာင္ ေနမယ္။ ဒီတစ္ခါခြင့္လႊတ္ေပး... အုိေက.."
လက္ညႇဳိးႏွင့္လက္မကုိအဝုိင္းပံုစံေလးလုပ္ၿပီး သြားေလးစိကာရယ္ပံုက ခ်စ္စဖြယ္မလို႔ Kiteလက္ေျမႇာက္အ႐ႈံးေပးလိုက္မိသည္။ သည္ေကာင္ေလးႏွင့္ပတ္သက္တုိင္း အျမဲက်႐ႈံးၿပီးသားဆုိေပမဲ့ မေပၚလြင္ေအာင္ေနရသည္။ မဟုတ္လ်ွင္ အႏုိင္က်င့္ေပလိမ့္မည္။
"ေကာင္းၿပီေလ။ ငါသေဘာတူတယ္။ ဒါေပမဲ့ တစ္ခ်က္မွားလိုက္တာနဲ႔ အေပးအယူလံုးဝပ်က္ၿပီေနာ္"
"ရက္စ္..ဆာ.."
အေလးျပဳသည့္ပံုစံျဖင့္ ခပ္ေတာင့္ေတာင့္လုပ္ပံုက စမတ္မက်ဘဲ ရယ္ခ်င္စဖြယ္။ တည္တည္ၿငိမ္ၿငိမ္ေနရန္ေျပာခဲ့ေပမဲ့ တည္ၿငိမ္မည္မဟုတ္ေၾကာင္းကိုသိသည္မုိ႔ အနည္းငယ္ေလ်ွာ့ေပါ့ထားေပးလိုက္ရသည္။ အနည္းဆံုးေတာ့ သူ႔မ်က္ႏွာတြင္အျပံဳးပန္ဆင္တတ္ေနၿပီ။
စတူဒီယိုသုိ႔စဝင္လာကတည္းက ျပံဳးတံု႔တံု႔ျဖင့္ၿငိမ္သက္ေနေသာ မင္းခြန္မႈိင္းအားၾကည့္ရင္း ေက်ာ္ႀကီးတစ္ေယာက္ ေက်ာခ်မ္းေနမိသည္။ မင္းခြန္မႈိင္းဆုိသည့္ ငခြၽတ္ကေလးသည္ အျပံဳးအရယ္နည္းသူျဖစ္သည္။ သူျပံဳးၿပီဆုိလ်ွင္လည္း မဟုတ္တာတစ္ခုခုျဖစ္ေတာ့မည္က အေသအခ်ာမုိ႔ တံေတြးခပ္တင္းတင္းမ်ဳိခ်ရင္း အရိပ္အေျခၾကည့္ေနရသည္။
"ငစုိင္း..ဟုိေကာင္ စိတ္မွန္ရဲ႕လား။ အခန္းေထာင့္ကိုၾကည့္ၿပီး ျပံဳးျပံဳးျပေနတယ္။"
ေက်ာ္ႀကီး မေနႏုိင္မထုိင္ႏုိင္ျဖင့္ ငစိုင္းအားတြတ္ထိုးသည္ကို မင္းခြန္မႈိင္းနားကပါးပါးရယ္မုိ႔ ၾကားလိုက္မိသည္။ မိမိအား စိတ္မွန္ရဲ႕လားဟူေသာစကားကုိ မေက်မနပ္ျဖင့္လွည့္ဆဲမည္အျပဳ အခန္းေထာင့္၌ ေစာင့္ၾကည့္ေနေသာမ်က္ဝန္းတစ္စံုေၾကာင့္ သက္ျပင္းကုိခပ္နာနာခ်ရင္း စိတ္ေလ်ွာ့လိုက္ရသည္။
"ခြန္မႈိင္း...မင္းဒီေန႔ၿငိမ္လွခ်ည္လား"
ငစုိင္းသည္
You are reading the story above: TeenFic.Net