အပိုင်း _၇
အရှင်မင်းကြီးရဲ့နဂါးအိပ်ယာကို လူတစ်ယောက်ကအပိုင်သိမ်းယူထားတယ်
မီးပုံပွဲတော်ဟာအလွန်လျှင်မြန်စွာ ကျရောက်လာသည် ။ထိုနေ့တွင်ကောင်းကင်၌တိမ်ကင်းစင်ပြီး
ကုယွမ်ပိုင်က နေ့လည်ခင်းရောက်သည်အထိ တစ်ရေးအိပ်လိုက်သည်။ သူကဆေးကြောသန့်ရှင်းပြီး နေ့လည်စာစားပြီးနောက်
ဝန်ကြီးများအားလုံးဟာအပြင်တွင် စောင့်နေနှင့်ကြပြီးဖြစ် ပြီး တော်ဝင်အိပ်ဆောင်က နွေဦးရာသီအတွက် ဝတ်စုံသစ်များကို ပြင်ဆင်ထားသည်။ ကုယွမ်ပိုင်က ကိန်းကြီးခန်းကြီးနိုင်သော အဖြူရောင်လခြမ်းကွေးများပါသော ဝတ်စုံတွင် ရွှေရောင်နဂါးသင်ကေသများထိုးထားသော ဝတ်စုံကိုသာရွေးဝတ်လိုက်သည်။ သူကအပြင်ဘက်တွင်လည်း အပြာရောင် သိုးမွေးကုတ်ကို ဝတ်ဆင်လိုက်လေသည်။ သူ၏မျက်နှာရှိအပြုံးနှင့်အတူသူဟာတော်ဝင်အိပ်ဆောင်ထဲမှ ထွက်လိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်ခန့်က နွေဦးမိုးရွာပြီးနောက် တော်ဝင်
ဥယျာဉ်ထဲရှိ အံ့ချီးဖွယ်ပန်းများနှင့် ရှားပါးအပင်များဟာ
ပွင့်လာလေပြီ နန်းတော်ရှိအစေခံများက ထိုအပင်များကို အထူးတလှယ်
ဂရုစိုက်ခဲ့ကြပြီး၊ နေ့တိုင်းညတိုင်း စောင့်ကြည့် ကြပ်မတ်ခဲ့ကြသည်။
ဒီရာသီတွင် စိမ်းလန်းမနေသင့်သော အပင်များစွာကပင် အသက်စွမ်းအင်အပြည့်ဖြင့် ထင်ရှားစွာတောက်ပနေသည်။
ဒီနေ့နေသာတောကြောင့် နန်းတော်ရှိအစေခံများက အပင်များကို
ကြိုတင်ကာ ရေလောင်းထားကြသည်။ ထို့ကြောင့် ပွင့်ချက်အရွက်များ
ပေါ်တွင် ရေစက်များတင်နေသော နူးညံ့လှသည့် ပန်းများ၏အလှဆုံး
အချိန်လည်းဖြစ်သည်။
သူ၏မျိုးနွယ်ဝင်များ ၊ဝန်ကြီးများဝိုင်းနေသော ၔကရာဇ်နှင့်အတူ
ထိုဝန်ကြီးများနောက်မှ လိုက်ပါလာသောခလေးများကလည်း နောက်မှ
ကပ်ပါလာနေသေးသည်။ ထို့ကြောင့် နောက်ဘက်မှလူများက ၔကရာဇ်ကို
လှမ်းမမြင်နိုင်ကြသလို ၔကရာဇ်၏ အက်ျီအစွန်းကိုပင် မြင်နိုင်ကြသည်။
ထိုဝန်ကြီးများ၏အနောက်တွင် ရွှယ်ယွမ်ကလိုက်ပါလာသည်။ သူနှင့်
ချန်းယွီရန် နောက်မှဖြေးညင်းစွာပင် အလျင်မလိုဟန်ဖြင့် လျှောက်လာလေသည်။ သူတို့အားလုံးဟာ ပန်းများကိုခစားနေသကဲ့သို့
ထင်ရသည်။
ပတ်ဝန်းကျင်တွင်လူသိပ်မများသော်
ချန်းယွီရန် ကမေးသည်
“မင်းကောက်ရထားတဲ့ လက်ကိုင်ပဝါက ဘယ်နေရာမှာလဲ ”
ရွှယ်ယွမ် ကလက်နောက်ပစ်ထားသည်။ သူက ဖြောင့်မတ်သော ကိုယ်ကို
ထင်ရှားနေစေပြီး ၊မျက်နှာကမူ မော့လျက်ရှိသည်။ ဒီနည်းအားဖြင့် မင်း
သူ့ပေါ်မှာ ဂရုမစိုက်ဟန်ရှိနေလေသည်။ သူက မစိုးရိမ်သော လေသံမျိုးဖြင့်
ပြောသည်။
“မီးရှို့လိုက်ပြီ ”
ချန်းယွီရန် က နားမလည်လို့ပြောလာသည်။
“ငါတော့မင်းကဒီနေ့ကို အခွင့်ကောင်းယူပြီး ပိုင်ရှင်ကို
ပြန်ပေးမယ်ထင်နေတာ ”
ရွှယ်ယွမ် က ဟာသတစ်ခုကိုကြားလိုက်ရသလိုမျိုး ဖြစ်သွားသည်။
“ငါ့လက်ထဲရောက်ပြီးမှတော့ ငါ့အပိုင်ပဲ ဘာလို့ပြန်ပေးရမှာလဲ ”
ချန်းယွီရန် က စကားပြောတော့မည့်အချိန်တွင် သူ၏အရှေ့မှ ဆူညံသံတစ်ချို့ထွက်လာသည်။ ကြည့်ရသည်မှာ သခင်ကြီး တရန် တစ်ယောက်က နွေဦးအပေါ် ရုတ်တရက် ခံစားမိသွားပီး စျာန်ဝင်စားမှု အပြည့်ဖြင့် အရည်အသွေးမြင့် ကဗျာတစ်ပုဒ်ကို သီကုံးနိုင်ခြင်းဖြစ်ကာ၊
လေထုအခြေအနေကို မြင့်တက်သွားစေချင်း ဖြစ်သည်။
တစ်ဖတ်ခြမ်းတွင် နန်းတွင်း အစေခံက အရာအားလုံးကိုချရေးပြီးနောက်
တစ်ဖန်ပြန်ဖတ်ပြသည်။ ထိုအသံကိုကြားသောအခါ ချန်းယွီရန် က
လက်ခုပ်တီးပြီးချီးကျူးလိုက်သည်။
“ကောင်းလိုက်တဲ့ ကဗျာ ”
ရွှယ်ယွမ် က ပြောသည် …
“မင်းရဲ့အဖေက မင်းဒီနေ့လူမြင်အောင် လူလုံးထွက်ပြသင့်တယ်လို့
တွေးနေလောက်တယ် ဒီအခွင့်အရေးကိုယူပြီး မင်းလည်း ကဗျာ
ကောက်မဆက်သင့်ဘူးလား ”
ချန်းယွီရန် ကခေါင်းခါသည်။ ရွှယ်ယွမ် ၏ နှုတ်ခမ်းထောင့်ချိုးများကလည်း ကော့တက်သွားသည်။ သူက တမင်အနောက်ချန်နေရစ်ပြီးနောက်တွင် ခြေထောက်ကိုမြှောက်ကာ ချန်းယွီရန် ကို ကန်ထုတ်လိုက်သည်။ ချန်းယွီရန် က ရှေ့သို့ရောက်သွားပြီးနောက်တွင် တရန် တစ်ချို့ကသူ့ကို သတိထားမိသွားကာ ပြုံးပြီးလမ်းဖယ်ပေးလိုက်ကြသည်။
“ကဗျာ ကြောင်းပြေရမယ်ဆိုရင် ချန်းမိသားစုက ဒီလူငယ်ကိုတော့ ချန်ထားရစ်ခဲ့လို့ မရဘူးပဲ ”
ချန်းယွီရန် က ငြိမ်အောင်မတ်တပ်ရပ်ပြီးချိန်တွင် သူ၏နေရာဟာ ၔကရာဇ်၏ ဘေးတိုက်ရိုက်ရောက်သွားကြောင်း တွေ့လိုက်ရသည် ။သူကအံ့သြသွားပြီး ချက်ချင်းမျက်နှာအမူအရာကို ထိန်းလိုက်သည် ။သူက
အလွန်အမင်းရိုကျိုးစွာဖြင့် ၔကရာဇ်၏ အနားကိုသွားကာ အရိုအသေ
ပေးလိုက်သည်။
“ကျွန်တော်မျိုး ရိုင်းပြမိပါတယ် အရှင်မင်းကြီးကို ဂါရဝပြုပါတယ် ”
ကုယွမ်ပိုင် က လည်း ကျော့ရှင်းကြည့်ကောင်းပြီး သခင်ကြီး တစ်ယောက်၏ လေထုအရှိန်အဝါမျိုးကို မထုတ်လွှတ်ထားသည့် ထိုလူငယ်
ကိုကြည့်လိုက်သည်။
“မင်းက ချန်းယွီရန် လား”
ချန်းယွီရန် က ခေါင်းကိုပိုငုံ့လိုက်သည်။
“ဟုတ်ပါတယ် ”
ဒီချန်းယွီရန်က တကယ်စိတ်ဝင်စားစရာကောင်းပြီး မြို့တော်က ကျော်ကြားပြီး ပါရမီပါတဲ့ ပညာသင်တွေထဲက တစ်ယောက်ပဲ၊
ကုယွမ်ပိုင်က သူ့ကို မှတ်မိစေရန် အထူးအကြာင်းအရာ နှစ်ချက်ရှိသည်။ တစ်ချက်ကမူ သူ၏ ရွေးချယ်ခံ အခမ်းအနားပွဲနေ့တွင် သူ၏တော်ဝင် ပရိတ်သတ်များက ချန်းစံအိမ်တော်၏ နံရံကိုပင် ကျော်ဖတ်တက်လာကြ သဖြင့် ပြည်တွင်း အစိုးရကို ပင် မထိန်းသိမ်းနိုင် ဖြစ်ပွားစေကာ တပ်ဖွဲ့များ
စေလွှတ်ပြီး အားလုံးကိုဖမ်းဆီးခဲ့ရသည်။ အခြား ကိစွ တစ်ခုကမူ ကုယွမ်ပိုင် နှင့်ပတ်သက်သည်။ ချန်းယွီရန် က တစ်ချိန်က တဆက်တည်း ကဗျာ ဆယ့်သုံးပုဒ်ကို ရေးခဲ့ပြီး လူအများမတရားခံရချင်းကို လျစ်လျှူရှုထားသော အာဏာကြီးသော အရာရှိများ အကြောင်းကို ထည့်တွင်း သုံးသပ်ပြခဲ့သည်။ သူကအင်အားကြီးသော ဝန်ကြီး လုဖုန်းကို တရားဝင်ရှုံ့ချထားသည့်အပြင် ဧကရာဇ် ကိုပင်လုပ်နိုင်စွမ်းအား မဲ့သည်ဆိုပြီး မသိမသာ ပြောထားလေသည်။
ကဗျာ ကို ဘာသာပြန်ရသော် ထိုအတိုင်းဖြစ်သည်။
“အမြင့်ဆုံးအာဏာရထားတဲ့ မင်းတို့တွေက မင်းတို့ရဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အကျိုးရရှိမှုတွေကိုပဲ စိုးရိမ်ပူပန်ကြတယ် ဒါပေမဲ့ သာမန်လူတွေအတွက်ကတော့ ဘာများထူးခြားသွားနေလို့လည်း တိုင်းပြည်ကဆင်းရဲတဲ့ လူတွေအားလုံးက မင်းကိုထောက်ပံ့ပေးအောင် လုပ်ထားပြီး အင်အားကြီးမားတဲ့အချိန်တွေကရော ဘယ်လိုကောင်းကောင်း စားပြီး လှပတဲ့ဝတ်စုံတွေ ဘယ်လိုဝတ်ရမလဲဆိုတာ ကိုပဲသိနေကြတယ် ငါ့ရဲ့အမြင် မှာတော့ အားလုံးကအစပ်နဲ့ရောကြော်ထားတဲ့ ကြက်သားတွေ လိုပဲ ”
သူ့ကဗျာ ဆယ့်သုံးပုဒ်က မြို့တော်ကြီးမှ လူအများအပြားကို တစ်ချိန်တည်းရန်စမိသလို ဖြစ်သွားပြီး သူ၏ဖခင်ကပင် ရထူးအချခံခဲ့ရသည်။ ထိုရေးထားတာက ငြိမ်သွားချိန်တွင် နောက်ကဗျာ ထပ်စပ်ခဲ့ပြန်သည်။ ထိုသို့အခြေအနေများ ပြီးဆုံးသွားခဲ့ချိန်တွင် ချန်းယွီရန် ၏ကျော်ကြားမှုဟာ ကျယ်ပြန့်သွားပါသည်။
ထိုအတွေးကြောင့်ကုယွမ်ပိုင်၏ အပြုံးဟာ နက်ရှိုင်းသွားသည်၊
“မင်းအခု ကဗျာ များမစပ်ချင်ဘူးလား ”
ချန်းယွီရန် ရေးသားခဲ့သော ကဗျာ များပင်ဖြစ်စေ ၊စာတိုများပင်ဖြစ်စေ အားလို့ဟာ ကျော်ကြားခမ်းနားသည့် အနုပညာလက်ရာများစွာမက စာကောင်းပေကောင်းများ ဖြစ်နေပေသည်။ ထို့အပြင်ဖတ်သူဟာ ကျော်ကြားပြီး လူသိများသည့် အပြင် လူထုအမြင်ပေါ်ပြောင်းလဲပေးနိုင်စွမ်းရှိသော ပိုင်မကြီးသူတစ်ယောက် ဖြစ်လေသည်။ ကုယွမ်ပိုင် ကိုယ်တိုင်ကလည်းသူ၏ ဂုဏ်သရေကို ချီးကျူးပေးနိုင်ပြီး သူ့ကို အမြင့်ဆုံးတစ်နေရာတွင်ထားပေးနိုင်သည့်အပြင် လူထု၏ထင်မြင်ချက်ကိုပင် ပြောင်းလဲအောင်လုပ်ပေးနိုင်စွမ်း ရှိသည့် ပါရမီရှင် တစ်ယောက်ကိုလိုအပ်နေခြင်း ဖြစ်သည်။
ချန်းယွီရန် ၏ နှုတ်ခမ်း ကမူခြောက်ကပ်လာသည်။ သူယခင်က ဒီဥယျာဉ်တစ်ပတ်လျှောက်သွားချိန်တွင် ရွတ်ဆိုခဲ့ရန်အတွက် ကဗျာ တစ်ပုဒ် ပြင်ဆင်ထားခဲ့သည်။ သို့သော် သူပြင်ဆင်ထားခဲ့သော ကဗျာက ရည်ရွယ်ချက် တစ်ချို့ ပါသည်။ သူယခင်က ပြင်ဆင်ခဲ့ပြီးသော_
“လူချမ်းသာတို့၏ ဝင်ပေါက်မှာ အသားနှင့်ဝိုင်တို့ ပြည့်နေပြီး လမ်းဘေးမှာတော့ အေးခဲနေတဲ့ အလောင်းတွေပုံလဲကျနေတယ် ” ဆိုသည့်ပုံစံ ပြင်ဆင်ခဲ့သည်။ အစပိုင်းတွင် သူ၏ဖခင်က သူ့ကို ဧကရာဇ် ရှေ့သို့ ထွက်လာပြီး ကဗျာ တစ်ပုဒ် သီကုံးခိုင်းလောက်သည်ဟု တွေးခဲ့မိသည်။ ထိုသို့သာပြောလာပြီဆိုရင် သူကဒီကဗျာကို ရွတ်ရဲသည်။
ကုယွမ်ပိုင် က သူကမည်သည့် စကားမှပြောမလာကြပဲ နောက်ကရယ်တော့_
“မတ်မတ်ရပ်ပြီးခေါင်းကိုမော့ပါ ”
ချန်းယွီရန် က သတိလက်လွတ်ပြောနေကြောင်းကြမည်သည်။ သူကမျက်လုံးကို ဝင့်လိုက်ပြီး သူ့ကိုအပြုံးနှင့်ကြည့်နေသော ဧကရာဇ် ကိုမ
မြင်လိုက်ရသည်။
ဧကရာဇ် ကသူ့ကို လေးစားမှုနှင့်ကြည့်လားပြီးနောက် ဘေးဘက်ရှိ ဝန်ကြီး များကိုပြောလိုက်သည်။
“ကျန်းရဲ့မဟာဟန်လှ လူငယ်ပါရမီရှင် တစ်ယောက်ချင်းစီတိုင်းက အရမ်းအရှိန်အဝါပြည့်စုံကြပြီး ရုပ်ရည်ကြည့်ကောင်း ချောမော လွန်း
လှသည်”
ချက်ချင်းဆိုသလို ချန်းယွီရန် ၏ နားများကနီရဲလာသည်။ သူ၏ နှလုံးသား ထဲတွင်မူ ရှက်ရွံ့မှု ကို ခံစားနေရလေသည်။
ဝန်ကြီးများက ရယ်ပြီး ပြောကြသည် _
“ချန်းမိသားစု ရဲ့ ဒီလူငယ်မျိုးဆက်က နံပါတ် တစ် ပညာသင်သား ပါရမီရှင်ပါ ”
ချန်းယွီရန် ၏ ဖခင် တလီခူ လက်ထောက်ခေါင်းဆောင်ကမူ မားမတ်စွာ
ရပ်နေသည်။
ဝန်ကြီးများက သူ၏ သားဖြစ်သူအကြောင်း ချီးကျူးသံ ကြားသောအခါ သူ၏ လေးနက်ကာတည်ကြည်သော မျက်နှာ တွင် ရှားပါးသော အပြုံးကပေါ်လာသည်။
ဧကရာဇ် က မည်သို့ပြောနေစေကာမူ ဝန်ကြီးများက လိုက်ပါ ချီးကျူးမည် ဖြစ်သည်။ ကုယွမ်ပိုင်က ဝန်ကြီးများ၏ စကားကို နားထောင်နေရင်း ပြုံးထားသည်။ သူ၏ မေးစေ့က ခေါင်းမော့ထားသည့် တိုင်အောင် သူ၏ ဝတ်ရုံ၏ အမွေးများကြား မြှုပ်တော့မယောင် ဖြစ်နေသေးသည်။
ချန်းယွီရန် က အချို့ မြင့်မြတ်တဲ့ မျက်နှာကြီး မျက်နှာတို့ကို တိုက်ရိုက်မကြည့်ရဲခြင်း ၊သူ၏ ခေါင်းကို အနည်းငယ် ငုံ့လိုက်သည့် အခါ သူ၏ မျက်လုံးနှင့် တစ်တန်းတည်းက ဧကရာဇ် ၏ မေးစေ့ဖြစ်သွားသည်။
ဧကရာဇ် က ခန္ဓာကိုယ် ပိန်ပါးတော်လည်း အလွန်ပိန်လွန်းနေ၍ သူ၏ မေးစေ့တွင် အသားများများစားစား မရှိချေ။ သို့သော် ပုံသဏာၠဍန် မျက်နှာ ထားကမူ ကြည့်ကောင်းလွန်းသည်။ ချန်းယွီရန် က မြို့တော်၏ ထိုပိုးသား ဝတ်ရုံလူကိုပင် သတိရလိုက်သည်။ ထိုလူများက မိန်းမကောင်းများကို အနိုင်ကျင့် အရှက်ခွဲရချင်းကို သဘောကျလေ့ရှိသည်။ သူတို့ကဒီလိုသေးသွယ်သော မေးစေ့များကိုပင့်မကြည့်ခိုင်း ရခြင်းကိုလည်း သဘောကျလေသည်။
ကံကောင်းစွာနှင့် ဧကရာဇ် က အမျိုးသားပါ။
ချန်းယွီရန် ဒီလိုအခြေအနေမျိုး မှာ ဒီလိုပေါက်ကရစိတ်ကူး အကြောင်းအရာ တွေ လိုက်တွေးနေရတာလဲ ၊
ထိုပိုးသားဝတ်ရုံဝတ်၍ လူအများကသာ ဧကရာဇ် ၏ မေးစေ့ကို
မော့ကာ လက်ဖြင့်ထိရဲမည်ဆိုလျှင် ၊နောက်တစ်ရက် သူတိုု့သာလျှင် မကပါပဲ တစ်မိသားစုလုံး ခေါင်းပြတ်သွားနိုင်လေသည်။
ချန်းယွီရန် က တစ်ကိုယ်လုံးအေးစိမ့်ကာ တုန်ယင်သွားသည်။ စိတ်ထဲတွင်မူ ခါးသီးစွာအော်ငိုပြီး သူ့ကို ဆောင့်တွန်းလိုက်သော ရွှယ်ယွမ် ကိုကျိန်ဆဲနေလေပြီ။
သူ့ကိုဘာလို့ကန်လိုက်တာလဲ...
“ရွှီယွမ်”
ဧကရာဇ် ကခေါ်သည်_
“မောင်မင်းက ဘာကဗျာများ ဖွင့်ဆိုချင်လည်း ”
ချန်းယွီရန် ၏ နှလုံးသားက လည်ချောင်းကပင် ထွက်မတက်ဖြစ်လာသည်။ သူက ဘေးဘက်သို့ခေါင်းလှည့်လိုက်ချိန်တွင် မြင်လိုက်ရသည်မှာ အထပ်ထပ် အလွှာလိုက်ရှိနေသော မက်မွန်ပွင့်များ ဖြစ်သည်။ သူ၏ စိတ်ထဲတွင် ထူးခြားသော အာရုံဝင်စားသည့် အလင်းများက လင်းလတ်လာပြီး နောက်တွင်ပြော လာသည် _
“ကျွန်တော်မျိုးရဲ့ ကဗျာက မက်မွန်ပွင့်တွေနဲ့ ပတ်သက်ပါတယ် ”
ချန်းယွီရန် က သူ၏ နှလုံးသားထဲမှ ကြိုတင်ပြီး ပြင်ဆင်ထားသော ယခင်ကဗျာကို မီးရှို့ကာ စတေးလိုက်ပြီဖြစ်သည်။ ထိုအစား သူက နောက်ထပ် ကဗျာ တစ်ခုကို ဖွဲ့ဆိုလိုက်သည်။ နောက်ဆုံးနှစ်ကြောင်းကမူ သာယာသောနွေဦးနေမင်းနှင့် လက်ရှိမင်းဆက်ကို ချီးကျူး ထားခြင်း ဖြစ်သည်။
ကုယွမ်ပိုင်က ခေါင်းကို တဆက်ဆက်ငြမ့်ပြီး ပြောသည်။
“တကယ်ကို ပါရမီရှင်ပီသလွန်းပါတယ် ”
ယခင်က ချန်းယွီရန် ၏ မျက်လုံးဟာ ဧကရာဇ် ၏ မေးစေ့ကို သာကြည့် ရဲခဲ့သည်။ ဒီအချိန်တွင်မူ သူက အတန်ငယ်စိုးရိမ်နေခဲ့ပြီး ၊ထို့ကြောင့် သူဟာ သတိလက်လွတ် မျက်လုံးကိုဝင့်လိုက်ချိန်တွင် ဧကရာဇ် ၏ ဖြူဖျော့သော နှုတ်ခမ်း က မျက်ဝန်း ထဲရောက်လာသည်။
ထိုနှုတ်ခမ်းက မပါးသလို ထူလည်းမထူချေ။ သို့သော် အတန်ငယ်ကော့လိုက် ရုံဖြင့် သဘာဝအလျောက် အပြုံးကပေါ်လာသည်။
ကုယွမ်ပိုင်က ဒီလူငယ်က မဆိုးဟုထင်သည်။ ယခင်က ကုယွမ်ပိုင်အနေနှင့် တစ်ဖက်သူက စပ်ထားသော ကဗျာ တစ်ဆယ့်သုံးပုဒ် ကိုမြင်ခဲ့သောအခါ လူငယ်၏ ရူးသွပ်မှုကို ခံစားမိလိုက်သည်။ သို့သော် တစ်ခြားကျွမ်းကျင်မှု တစ်မျိုးကို မြင်ရမည်ဟုမျှော်လင့်ထားခဲ့ ပေသည်။
သူက ကုယွမ်ပိုင်ကို အနားတွင်ခေါ်ထားလိုက်ပြီး အဖော်ပြုစေသည်။ သူတို့က ဥယျာဉ်ထဲတွင် လျှောက်သွားနေပြီးမှ တစ်ခါတစ်ရံတွင် ရပ်တန့်ကာ စကားပြောကြသည်။ ဧကရာဇ် အနားရှိ ဝန်ကြီး များကလည်း ချန်းယွီရန် ကိုကြည့်သော အကြည့်ကပင် ပြောင်းလဲလာသည်။ မည်သို့ပင်ဆိုစေ ဤလူငယ်က ဧကရာဇ် ၏ အာရုံစိုက်မှုကို ရသွားပြီ
ဖြစ်သည်။
အနောက်ဆုံးမှတစ်ဖြည်းဖြည်းချင်း လိုက်နေသော ရွှယ်ယွမ် က တိတ်ဆိတ်စွာဖြင့် ဧကရာဇ် ဒေါသထွက်မည့် အချိန်ကို စောင့်ဆိုင်းနေသည်။
သူက ချန်းယွီရန် ကိုကောင်းကောင်းသိသည်။ ချန်းယွီရန် က သူ၏ ဖခင်ကို စိတ်ရှုပ်ထွေးအောင်လုပ်ရနခကြိုးစားသည့်တိုင်အောင် အမြဲတစေပြဿနာ အကြီးအကျယ် ရှာလေ့ရှိသည်။ သို့သော်အချိန်က ကုန်သထက်သာကုန်လာသည် အရှေ့ရှိသူများက ပုံမှန်အတိုင်း ရှိနေသေးပြီး ချန်းယွီရန် ကလည်းပြန်မလာသေး။
ရွှယ်ယွမ် ၏မျက်မှောင်က ကျုံ့သွားသည်။
ဒီချန်းယွီရန်က မလှုပ်ရှားဘူးလား …
သ၈
သူက ဒီငယ်ရွယ်သော ဧကရာဇ် က လူအများရှေ့တွင် ကိုယ့်ကိုကိုယ် အရူးလုပ်ပြီး ဒေါသထွက်လာမည့် အချိန်ကို စောင့်နေခဲ့ခြင်း ဖြစ်သည်။ သူက နန်းတော်၏ အပြင်ဘက် တွင်ဘဲ ချန်းယွီရန် ၏ ကျော်ကြားလှသော နန်းတော်အတွင်းရှိ လက်ရာများသို့ ကဗျာအကြောင်း ဖျက်ရန် လူကြိုစောင့်ခိုင်းထားပြီ ဖြစ်သည်။
ရွှယ်ယွမ် က စတ်ပျက်စွာ သက်ပျင်းချလျက် ရှေ့တန်းတက်ရန် ခပ်မြန်မြန် လှမ်းသည်။ တိုက်ဆိုင်စွာဖြင့်ပင် ဧကရာဇ် နှင့်အဖွဲ့က ထောင့်တစ်နေရာ သို့ချိုးကွေ့သွားသည်နှင့် ဆုံ၏။ တစ်ချက်ကြည့်ရုံမျှဖြင့် ရွှယ်ယွမ် က မျက်နှာအရေးအကြောင်းများကိုပင် မြင်ရလောက်အောင် ပြုံးရယ်နေသော အဖေနှင့် ပါးစပ်ပိတ်လိုက် ဖွင့်လိုက် ဖြစ်နေသော အနေအထားမျိုးကို မြင်လိုက်ရသည်။
ရွှယ်ယွမ် က တိတ်ဆိတ်စွာဖြင့် အရှေ့ကိုလျှောက်လှမ်းသွားပြီး နောက်တွင် ဗိုလ်ချုပ်ရွှယ် ၏အနောက်တွင် အရိပ်တစ်ခုလို ရပ်နေလိုက်ုသည်။ တိုက်ဆိုင်စွာဖြင့် သူက ထိုသို့ရပ်ပီ့းသည်နှင့် အရှေ့ဘက်ရှိ ဧကရာဇ် ကလည်း ရုတ်တရတ် ရပ်သွားကြောင်းကို မြင်လိုက်ရသည်။
ဧကရာဇ် က သူ၏ အကျႅီလက်အထပ်ထပ်ထဲမှ ဖောက်ထွင်းရမတတ်
ကြည်လင်ကာ ဖြူဖွေးနေသောလက်ကို ဆန့်ထုတ်လိုက်ပြီး အစိမ်းရောင်
ချုံပုတ်ကြားမှ ပွင့်လန်းနေသော ပန်းတစ်ပွင့်ကို ကောက်ကိုင်လိုက်ခြင်းအား
မြင်လိုက်ရသည်။
“ပန်းတွေကကောင်းကောင်းပွင့်နေတာပဲ ”
သူက ပန်းကိုယူပြီး တစ်ချက်နှာခေါင်းရှုံ့ကာ အနံ့ခံကြည့်သည်။ သူ၏
နှလုံးသား ထဲတွင် မွှေးပျံ့သောရနံ့ကလွှမ်းခြုံလာပြီး ရုတ်တရတ် တောက်ပစွာ ပြုံးလိုက်သည်။
ဧကရာဇ် က ပိန်ပါးကာအားနည်းသည်။ သူ၏ ဖျားနာမှုဟာလည်း ပြင်းထန်သည် ၊ သို့တိုင်အောင် ပန်းပေါင်းတစ်ရာ တစ်ပြိုင်တည်း ပွင့်သွားသလိုမျိုး သူက ပြုံးလာသည့်အခါ အလွန်အသက်ဝင်လာပြီး ကျန်းမာလန်းဆန်းဟန်ထင်ရသည်။ အရိပ်ထဲတွင်ရှိနေသော ရွှယ်ယွမ် က မော့ကြည့်လိုက်ချိန်တွင် ဧကရာဇ် ၏ နှုတ်ခမ်းထောင့်စွန်းမှ အပြုံးကို မြင်လိုက်ရချိန်နှင့် ကြုံသွားသည်။ ထိုအချိန်မှာ သည်ဖျားနာပြီး အားနည်းသော ဧကရာဇ် သည် ဆောင်းတွင်းလမင်းကပင် မယှဉ်နိုင်လောက်အောင် ကြည့်ကောင်းလွန်းသောကြောင့် သတိထား
မိလိုက်သည် တစ်ခဏကြာသည်အထိ ရွှယ်ယွမ် ကသူ့ကို စောင့်ကြည့်နေမိသည်။ ထို့ကြောင့် သတိလက်လွတ် ဖြစ်ပြီးမျက်မှောင်
ကြုတ်လိုက်သည် ။
အရာရှိတွေ ရှေ့မှာသူ့ကို ပြင်းပြင်းထန်ထန်ဆူပူခဲ့တဲ့ ဧကရာဇ် က အမွေးအတောင်စုံအောင်မပေါက်သေးဘူးလား …
ညနေခင်းတွင် ဝါးတူရိယာများဖြင့် တေးသံစဉ်များက စတင်ထွက်ပေါ်လာသောအခါ နန်းတွင်းမှပွဲတော်ကတရားဝင်စတင်နေသည်။
အနောက်တွင် ထိုင်နေသည့် ချန်းယွီရန် က စားပွဲရှည်ကြီးပေါ်တွင်ရှိသော ဟင်းလျာများကိုသာ ကြည့်နေသည်။
ဘေးဘက်ရှိ ရွှယ်ယွမ် က လှပစွာပြင်ဆင်ထားသော တော်ဝန်ဟင်းပွဲ တစ်ခုကို ကောက်ယူပြီးနောင်စားသောက်ကာပြောသည်။
“ဒီနေ့ကဗျာက တအားကောင်းတယ် ”
“မင်းသိလား ”
ချန်းယွီရန် က မျက်ခုံးကိုတစ်ချက်ပွတ်လိုက်သည်။
“ငါလည်းအရှင်မင်းကြီးနဲ့ မျက်နှာချင်းဆိုင်ရမယ်လို့ လုံးဝမမျှော်လင့်
ထားဘူး ငါတကယ်ကိုအခွင့်ရေးကောင်းရခဲ့သင့်သာ ”
ရွှယ်ယွမ် က ခန်းညားစွာပြုံးလိုက်သောလည်း ကောက်ကျစ်စွာ ပြောသည်။
“အရှင်မင်းကြီးက လှည့်ကွက်ကောင်းတွေပိုင်ထားတယ် ”
ချန်းယွီရန် က မျက်မှောင်ကြုတ်ပြီး
“မင်းဘယ်လိုများ အရှင်မင်းကြီးအကြောင်း ဒီလိုပြောရက်သာလည်း ”
ရွှယ်ယွမ်က မျက်ခုံးပင့်လိုက်ပြီးနောက် သူ၏ သူငယ်ချင်းကောင်းကို တစ်ချက်လည့်ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးကိုမှေးကျဉ်းကာ အဝေးရှိ ဧကရာဇ် ကိုကြည့်လိုက်သည်။
မြင့်မားသောထိပ်ဆုံး ပုလ္လင်တွင် ထိုင်နေသည့် ကုယွမ်ပိုင်က ထင်ရှားစွာဖြင့်
မြင်နိုင်သည်။ ဒီနေ့သူကဝိုင်အနည်းငယ် သောက်ထားသည်။ ရှေးဟောင်းတော်ဝင်အရက်ထဲတွင်ပါဝင်သော အရက်ပမာဏက မမြင့်မားသော်လည်း၊ သူကဒီလောကသို့ရောက်လာပြီးနောက် ထူးထူးခြားခြား သောက်ဖြစ်ခြင်းမျိုးမရှိသေးချေ။ ထို့ကြောင့် ခွက်အနည်းထဲနှင့်ပင် သူဟာ ဝိုင်အိုးထဲသို့ရေဖြည့်ရန် လူများကိုအမိန့်ပေးလိုက်ရသည်။
အစာအိမ်မှတစ်ဆင့် ခြေလက်လေးဘက်လုံးထံသို့ ပူနွေးသော အနွေးဓာတ်က ဖြတ်သန်းစီးဆင်းသွားသည်။ ကုယွမ်ပိုင်က သက်ပြင်းချလိုက်ပြီးနောက် မျက်နှာကလည်း ပူတက်လာသလိုခံစားလိုက်ရသည်။
သူကဆက်၍ မသောက်နိုင်တော့ချေ ၊ကုယွမ်ပိုင်ကိုယ်တိုင်ကပင် ဒီလက်ရှိခန္ဓာကိုယ်က မည်မျှအားနည်းပြီးဖျော့တော့ကြောင်း နားလည်နေသည်။ ထို့ကြောင့် သောက်နေခြင်းကို ရပ်တန့်လိုက်ပြီး အမူးပြေလက်ဖက်ရည်ကိုသာ သောက်နေလိုက်ရသည်။
အောက်ဘက်ရှိလူတိုင်းကလည်း ဧကရာဇ် ၏ လှုပ်ရှားမှုတိုင်းကို စောင့်ကြည့်နေကြခြင်းဖြစ်သည်။ ဧကရာဇ် က ဝန်ကြီးများကိုကောင်းမွန်စွာ
ဆက်ဆံကြောင်းကိုလည်း မကြာခဏမြင်ခဲ့ဖူးကြလေသည်။ ထို့ကြောင့် ယခုမှဖခင်များနှင့်အတူ လိုက်လာကြသော ၊ဧကရာဇ် ကိုပထမဦးဆုံးအကြိမ်
မြင်ဖူးကြသည့် လူငယ်များမှလည်း အချိန်တိုင်းအလိုလိုချောင်းကြည့်
နေကြသည်။
ထိုထဲမှ အဆိုးဆုံးတစ်ယောက်ကမူ ရွှယ်ယွမ် ဖြစ်သည်။
ဝိုင်နည်းနည်း သောက်ရုံနဲ့မျက်နှာကနီလာတယ် ဒါကယောက်ျားမှ ဟုတ်သေးရဲ့လား …
ဧကရာဇ်က ချန်းယွီရန် ကိုတောင်စိတ်ပြောင်းသွားအောင် လုပ်နိုင်တယ်။ သူတို့ တော်ဝင် ဥယျာဉ်ကိုလှည့်ပတ်နေတဲ့အချိန်တုန်းက သူသတိမထားမိဘဲ ဖြစ်သွားတဲ့ကိစ္စများရှိနေလို့လား။
ရွှယ်ယွမ် ၏ ဝိုင်ကိုင်ထားသောလက်က ခွက်ကိုတစ်တောက်တောက်
ခေါက်နေပြီးနောက် စိတ်ထဲတွင်တွေးတောသုံးသပ်နေသည်။
နန်းတော်ပွဲတော်ကမကြာချေ ၊ပွဲပြီးသွားပြီးနောက် ရာသီဥတု ကလည်းစတင်ကာ မည်းမှောင်လာသည်။ ထန်းဖူရှန်းက မိန်းမစိုးများကို ခေါ်ကာ ဝန်ကြီးများကို တစ်ယောက်ချင်းစီ အထူးတလှယ် လိုက်ပါပို့ဆောင်
စေသည် ။မည်သူမျှမကျန်တော့သောအခါမှ သူက တော်ဝင်သက်တော်စောင့် ကျန်းရွှီကို
You are reading the story above: TeenFic.Net