ဝိုင်နည်းနည်း သောက်ရုံနဲ့မျက်နှာကနီလာတယ် ဒါကယောက်ျားမှ ဟုတ်သေးရဲ့လား
ဧကရာဇ်က ချန်းယွီရန် ကိုတောင်စိတ်ပြောင်းသွားအောင် လုပ်နိုင်တယ်။ သူတို့ တော်ဝင် ဥယျာဉ်ကိုလှည့်ပတ်နေတဲ့အချိန်တုန်းက သူသတိမထားမိဘဲ ဖြစ်သွားတဲ့ကိစ္စများရှိနေလို့လား။
ရွှယ်ယွမ် ၏ ဝိုင်ကိုင်ထားသောလက်က ခွက်ကိုတစ်တောက်တောက်
ခေါက်နေပြီးနောက် စိတ်ထဲတွင်တွေးတောသုံးသပ်နေသည်။
နန်းတော်ပွဲတော်ကမကြာချေ ၊ပွဲပြီးသွားပြီးနောက် ရာသီဥတု ကလည်းစတင်ကာ မည်းမှောင်လာသည်။ ထန်းဖူရှန်းက မိန်းမစိုးများကို ခေါ်ကာ ဝန်ကြီးများကို တစ်ယောက်ချင်းစီ အထူးတလှယ် လိုက်ပါပို့ဆောင်
စေသည် ။မည်သူမျှမကျန်တော့သောအခါမှ သူက တော်ဝင်သက်တော်စောင့် ကျန်းရွှီကို ဘေးသို့ခေါ်ပြီး တစ်စုံတစ်ရာကိုခပ်တိုးတိုးပြောလိုက်သည်။ ရေချိုးသန့်စင်ပြီးနောက် ကုယွမ်ပိုင်က သူ၏စားပွဲပေါ်ရှိ စာလွှာများကို
ဖွင့်ကာကြည့်ရှုနေလိုက်သည်။ မည်သို့ပင်ဆိုစေ သည်အချိန်က အတန်ငယ်စောနေသေးသည်။
ကုယွမ်ပိုင်က ရှေးခေတ်မှ အမျိုးကောင်းသားများနှင့် ယှဉ်သော် ပြစ်ချက်ကြီးတစ်ခုရှိသည်။ သူ၏အကြံအစီစိတ်ကူးများဟာ ခေတ်သစ်မှ
လာခြင်းဖြစ်သည် ၊ထို့ကြောင့် နောက်ပိုင်းမျိုးဆက်များက လက်ရှိ
ပတ်ဝန်းကျင်နှင့် သင့်တင့်လျောက်ပတ်သော အချို့သောကြံအစီများကို ထုတ်ပေးနိုင်စွမ်းမရှိချေ။
သူကတိုင်းပြည်အတွက်ဘယ်လိုအရာက အကျိုးကျေးဇူးရှိနိုင်ကြောင်း ဘယ်လိုအရာက ကပ်ဘေးဖြစ်စေနိုင်ကြောင်း ညွှန်ကြားထောက်ပြခြင်း ဖြစ်သည်။ သို့သော် သူ့အနေနှင့် ယခင်က တစ်ကြိမ်သော်မျှ ရှေးဟောင်း စာအုပ်များကို မဖတ်ခဲ့ဘူးချေ ၊ထို့ကြောင့် ဒီဒုက္ခတွေ ရောက်လာပြီးကတည်းက နေ့တိုင်းညတိုင်း စာအုပ်များကို ဖတ်ရန်လိုအပ်လာသည်။ နောက်ကျသည်အထိနေပြီး အချိန်ယူကာ စာဖတ်နေရသည်။ ဒီခန္ဓာကိုယ်၏မှတ်ဥာဏ်နှင့် နားလည်နိုင်စွမ်းကြောင့် အားလုံးကိုသူက ထိုးဖောက်မြင်နိုင်စွမ်းရှိလာသည်။ မူလဧကရာဇ်က အလုပ်ကောင်းကောင်း မလုပ်ခဲ့ချေ ၊ထို့ကြောင့် သူက စာအုပ်များထံမှ ဘိုးဘေးများ၏ အကြံဥာဏ် တို့ကိုလေ့လာရသည်။
ချင်မင်းဆက် ထံသို့ ဝိညဉ် ကူးပြောင်းသွားပြီးတဲ့ နောက်မှာ မင်းပုန်ကန်မခံရရင် ဖင်ကော့ပြီးကခုန်နေလို့ရပြီ...
ဆိုသည့်စကားကိုပင် သတိရသွားသည် ၊ချင်မင်းဆက် သည် သူ၏ မှတ်ဥာဏ်ထဲတွင် တစ်ကြိမ်သော်မျှ မရှိခဲ့ဘူးသော ခေတ်တစ်ခုဖြစ်နေပြီး ၊ဒီလောကကို ကိုယ်တိုင်က ဝတ္ထု ထဲတွင်တည်ရှိနေသည့်အပြင် စာအုပ်များနှင့် ရှေးဟောင်းသဲလွန်စများ အားလုံးဟာ သူ၏ မှတ်ဥာဏ်နှင့် လည်း နီးကပ်စွာဆက်သွယ်နေသေးလေသည်။ ထို့ကြောင့် ကုယွမ်ပိုင်က ဒီတိုင်းပြည်ကို ဆော့ကစားနေသလိုမျိုး မဆက်ဆံချေ။
ဒီလောက်မှာ အဓိကဇာက်လိုက်များဖြစ်သော ချူဝေ့နှင့် ရွှယ်ယွမ် တို့ကမူ ပြင်းထန်သောအုပ်ချုပ်နိုင်စွမ်းရည်ကို ပိုင်ဆိာင်ထားကြသည်။ အမှန်တိုင်းဆိုရသော် ကုယွမ်ပိုင်က သူတို့၏ စွမ်းရည်အတွက် ပို၍ပင် လမ်းကြောင်းဖောက်ပေးလိုသေးသည်။
ကုယွမ်ပိုင် အနေနှင့် သူတို့မည်သို့ကြိုက်သွားကြောင်း မသိသော်လည်း သူတို့ကိုလေးစားသည်။ သူသာအသက်ရှင်မည်ဆိုလျှင် သူတို့အတွက် လက်ထပ်ပွဲ ကျင်းပပေးလိုက်ချင်သေးသည်။
ကံဆိုးစွာဖြင့် ဘုရင်ရန်က အသက်မရှည်ချေ၊ကုယွမ်ပိုင် အနေဖြင့် သူ၏ သည်ဘဝသက်တမ်းက အဆုံးသတ်သွားမည့်အချိန်ကိုသာ စောင့်နေနိုင်သည်။ အချိန်တစ်ခုကြာပြီးနောက်တွင် သူဟာအိပ်ယာထဲတွင်သာလှဲနေပြီး မလှုပ်နိုင်သော ဒီအနေအထားနှင့် ကုယွမ်ပိုင်က လေးနက်စွာ သက်ပြင်း
ချသည်။
ထန်းဖူရှန်း ကခေါင်းကိုမော့ပြီးနောက်မေးလာသည်။
အရှင်မင်းကြီးအိပ်ဆောင်ဝင်တော့မှာပါလား
ကုယွမ်ပိုင်က ခေါင်းခါကာပြောသည်
ကျန်းကတွေးနေတာ လူသားတွေကသေဖို့ဖြစ်တည်လာတာပဲ ကျန်းကဘယ်လောက်ပဲ ပြင်ဆင်ထားပြင်ဆင်ထား ကျန်းတောင်မှ သေခြင်းတရားနဲ့ ရင်ဆိုင်ရရင် ဆိုးရိမ်ပူပန်ရသေးတယ်
ထန်းဖူရှန်းဟာ အလွန်ထိတ်လန့်သွားပြီး ဒူးခေါင်းများပင် ပျော့ခွေသွားကာ ချက်ချင်းဒူးထောက်ကျသွားသည်။ ကုယွမ်ပိုင်က ရယ်ပြီး
ဘာကိုကြောက်တာလဲ ကျန်းက ဒီအတိုငျးပွောတာပါ
အံ့အားတကြီးဖြစ်နေလေသော ထန်းဖူရှန်းက ပြောလာသည်င
ဒီအစေခံကိုထိတ်လန့်စေတဲ့အရာမျိုးတွေ မပြောပါနဲ့အရှင် ဒီအစေခံ ရဲ့နှလုံးသားက လည်ချောင်းထဲက ခုန်ထွက်ရပါတော့မယ်
ကုယွမ်ပိုင်က ခေါင်းကိုကူကယ်ရာမဲ့စွာ ခါလိုက်သည်။ သူစာဆက်ဖတ်ချင်စိတ် မရှိတော့တဲ့အတွက် စာလွှာကိုပြန်ချလိုက်သည်။ တော်ဝင် အိပ်ဆောင်မှ အစေခံများ အားလုံးကလည်း ပင်ပန်းနေလောက်
လေပြီ၊ ကုယွမ်ပိုင်က အိပ်ဆောင်ခန်းသို့ ဝင်ပြီး လိုက်ကာကို မတင် လိုက်သည့်အချိန်တွင် မျက်လုံးပြူးသွားရသည် ။
သူ၏ နဂါးအိပ်ယာပေါ်တွင် ကျောချကာလှဲနေပြီး လက်ကိုလည်း အချည်ခံထားရသည့် အလှလေးရှိနေသည်။ သူမ၏ ဖီးနစ်ရောင် မျက်ဝန်း များဟာ သတ်ဖြတ်လိုစိတ်ကို ဖုံးကွယ်လျက် ရက်စက်စွာဖြင့် စူးရှတောက်ပနေသည်။
ကုယွမ်ပိုင်ဟာ သတိလက်လွတ် ဖြင့် ထိုအလှလေး၏ ရင်ဘက်နေရာကို ကြည့်မိသွားပြီး မျက်နှာဟာ အစိမ်းရောင် သမ်းသွားသည်။
သောက်ကျိုးနည်း ဒါကအမျိုးသားပဲ
စာရေးသူကပြောစရာရှိပါတယ်
ကုယွမ်ပိုင် : တကယ်ကိုပဲ ငါ့ရဲ့အမွေးကမစုံသေးပါဘူး ဒါပေမဲ့ မင်းလည်းမစုံသေးဘူးလေ
jisweetlove က ကူညီပြီးရေးပေးထားပါတယ်
ညီမလေးရေ ကျေးဇူးပါနော်
You are reading the story above: TeenFic.Net