အပိုင်း(၈)
အရှင်မင်းကြီးက စကားလုံးတွေနဲ့ သိမ်းသွင်းနေပြီ
ချူဝေ့က သူ၏ဖီးနစ်မျက်ဝန်းထဲတွင် ဒေါသအကြည့်များနှင့် စိတ်မသက်မသာဖြစ်မှုများက ထင်ရှားစွာပေါ်လွင်နေသည်။သို့ရာတွင်အိပ်ယာလိုက်ကာစကိုဖွင့်ခဲ့သော ဟူယွမ့်ပိုင်ကိုယ်တိုင်ကလဲ အမူအရာက မသက်မသာဖြစ်နေလေသည်။သူက ချူဝေ့ကို တစ်ချက်သာ ကြည့်ပြီးသည်နှင့် အင်္ကျီလက်ကိုခါရမ်းကာ အဝေးသို့လျှောက်ထွက်သွားသည်။
ပထမဦးဆုံးအကြိမ် ချူဝေ့အတွက် အခြားသူများက ကျေနပ်သလိုလုပ်နိုင်ရန် ကြိုးချည်ပြီး အိပ်ရာပေါ် အတင်ခံရခြင်းဖြစ်သည်။သူ့အနေဖြင့် ပထမဦးဆုံးအကြိမ် တစ်ဖက်သူ၏ မျက်ဝန်းထဲမှ ရွံရှာမှာကို မြင်ရခြင်း လဲဖြစ်သည်။သူက ရှင်းလင်းစွာမြင်လိုက်သည်။ထိုဝေဝေဝါးဝါးဖြစ်နေသောအကြည့်က တဖြည်းဖြည်းသူ့ကို ကြည့်လိုက်ချိန်တွင် ရှင်းပြလို့မရသော အာဏာရှင်ဆန်မှုနှင့် ခက်ထန်မှုကိုပို၍သိသာ ထင်ရှားလာစေပြီး တဖြည်းဖြည်းချင်း အံ့အားသင့်မှုမှတစ်ဆင့် ရွံရှာမှုအဖြစ်ပြောင်းလဲသွားခြင်းဖြစ်သည်။
ချူဝေ့ကိုယ်တိုင်က မသန့်ရှင်းသောအရာဖြင့် ကြည့်လိုက်ရသည့်အတွက် မျက်ဝန်းကပင် ညစ်ထေးသွားသလိုမျိုး ကြည့်လာခဲ့ခြင်းဖြစ်သည်။
ဧကရာဇ်က သူ့ကိုတစ်စုံတစ်ရာလုပ်ရန် ဆန္ဒရှိမနေခဲ့ချေ။သို့တိုင်အောင် ချူဝေ့၏ရင်ထဲရှိဒေါသ မပျောက်ကွယ်သွားသေးချေ။ထို့ကြောင့် ပိုလို့ပင် အကောင်အထည် ဖြစ်တည်လာသည်။သူက ပိတ်ထားသော လိုက်ကာကိုသာ စူးရဲစွာကြည့်လာသည်။ထိုလိုက်ကာက အပြင်ဘက်သို့ ထင်ထင်ရှားရှား မြင်ရနေသေးသည်။အပြင်ဘက်ရှိ တောက်ပသော အဝါရောင်ပုံရိပ်ကို ဝေဝေဝါးဝါးမြင်နိုင်လေသည်။
ကုယွမ့်ပိုင်က အပြင်ဘက်ရှိ နူးညံ့သောထိုင်ဖုံတွင် တည်ငြိမ်စွာဝင်ထိုင်လိုက်င်္ပြး ထရန်းဖူရှန်း ကရှင်းပြလာမည့်အရေးကိုစောင့်နေလိုက်သည်။
အိပ်ယာထဲတွင် ရှိသော သူက ချူဝေ့ဖြစ်ပြီး ဝတ္ထုထဲတွင်ပါဝင်သော ရှို အဓိက အမျိုးသာဇာတ်လိုက်ဖြစ်ကြောင်း သိလိုက်ရသောအခါ ဟူယွမ့်ပိုင်က သူထိုင်ထားသော ထိုင်ဖုံ၏လက်တင်ကို ဖြန်းခနဲချလိုက်မိသည်။ထွက်လာသော ခပ်အုပ်အုပ်အသံက လူအများ၏ နှလုံးသားကို တုန်ယင်သွားစေသည်။ဟူယွမ်ပိုင်က ထိုလက်တင်နေရာကို ခပ်တင်းတင်းဆုပ်ကိုင်လိုက်င်္ပြး ဖိညစ်လိုက်လေရာ သူ၏ လက်ချောင်းထိပ်များကပင် ဖြူဖွေးသွားသည်။
ထရန်ဖူရှန်းအနေနှင့် ဧကရာဇ်၏ ထိုမျှဒေါသထွက်သော မျက်နှာကို တစ်ကြိမ်မျှမြင်ဖူးခြင်းမရှိချေ။သူ၏ နှလုံးသားက တုန်ယင်သွားပြီး သူကတော့ဖြင့်ဒုက္ခရောက်ပြီဖြစ်ကြောင်းသိလိုက်သည်။
"ထရန်း ဖူရှန်း"
ဧကရာဇ်၏အသံက အတွင်းနန်းဆောင် ခန်းမအထိရောက်လောက်အောင်မြင့်ပြီးမသာမယာဖြစ်နေသည်။
"မင်းရဲ့ နှလုံးသားထဲမှာ ကျန်းရဲ့ပုံရိပ်က ဘယ်လောက်တောင်နိမ့်ကျနေတာလဲ အဟွတ်..."
ဧကရာဇ်ကဒေါသထွက်နေသည်။တောဝင်အိပ်ဆောင်တော် အတွင်းရှိ လူတိုင်းက ချက်ချင်းဆိုသလို တစ်ပြိုင်တည်း ဒူးထောက်လိုက်ကြသည်။
အိပ်ရာပေါ်တွင် ကြိုးချည်ထားခြင်းခံရသေးသော ချူဝေ့က ထိုစကားလုံးများကိုကြားပြီး လူအများက ဒူးထောက်လိုက်ကြောင်း မြင်လိုက်ရသည်။သူ၏ မျက်လုံးက အေးစက်သွားပြီး အထင်သေးမှုများ ဖုံးလျွမ်းသွားသည်။ထိုအခိုက် နန်းဆောင်တွင်ခစားသောအစေခံတစ်ယောက်က ဒူးထောက်လျက်သား ရှေ့သို့တိုးလာခဲ့ပြီး မီးအိမ်ကို ထွန်းညှိလိုက်သည်။တော်ဝင်အိပ်ဆောင်အတွင်းရှိ မှေးမှိန်မှုက ချင်လျင်းဆိုသလို နေ့အလားတောက်ပသွားစေတော့သည်။
ချူဝေ့က အကြိမ်အနည်းငယ်ခန့် မျက်တောင်ခတ်ပြီး ကျင့်သားရအောင်လုပ်လိုက်ရသည်။အိပ်ယာလိုက်ကာအပြင်ဘက်တွင် တောက်ပသော အဝါရောင်ပုံရိပ်က နူးညံ့သောထိုင်ဖုံတွင် ကိုယ့်ကို မနည်းထိန်းထားလျက် ဆက်တိုက်ချောင်းဆိုးနေသည်။အသံက ခပ်ထိုင်းထိုင်းဖြစ်နေသော်လဲ အလျင်လိုပြီး ဖိနှိပ်လိုဟန်လဲရနေသေးသည်။
ဧကရာဇ်က အတွင်းဝတ်စုံတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားသည့်အတွက် သူ၏ပုံရိပ်က သေးသွယ်ကာ ပိန်ပါးလွန်းကြောင့် စိသာနေစေသည်။ချူဝေ့၏ နှလုံးသားထဲရှိဒေါသက မသိလိုက်မသိဘာသာလျော့ကျသွားပြီး အဆုံးအစမဲ့သော ရေခဲကန်တစ်ခုအဖြစ်ပြောင်းလဲသွားသည်။
ဆက်တိုက်ချောင်းဆိုးနေမှုကို ခက်ခက်ခဲခဲရပ်သွားပေယအာင် ထိန်းသိမ်းလိုက်ပြီးနောက် ဟူယွမ့်ပိုင်က ကျောကိုမတ်လိုက်ကာဖြေးညှင်းစွာထရပ်လာပြီး အိပ်ယာဘေးသို့ပြန်လျှောက်လာသည်။
ချူဝေ့က အိပ်ရာလိုက်ကာကို ကျော်ဖြတ်လျက် သူ့ကိုတိုက်ရိုက်စိုက်ကြည့်သည်။ဧကရာဇ်က သူ့ကိုယခုကဲ့သို့ ပြန်ပေးစွဲ ဖမိးခေါ်လာကြောင်း မသိထားလျှင် ဧကရာဇ်၏ အတွင်းဆောင်အပေါ် ထိန်းချုပ်နိုင်စွမ်းက အားနည်းလွန်းကြောင်း သေချာသွားစေသည်။ထိုကဲ့သို့ အားနည်းလွန်းသော ဧကရာဇ်က အင်အားကြီးသောအမတ် လုဖုန်းကို မည်သို့ကိုင်တွယ်လိုက်ကြောင်း သူကိုယ်တိုင်ကပင် နားမလည်တော့ချေ။
ချူဝေ့ကိုယ်တိုင်က လွန်ခဲ့သော ခုနှစ်နှစ်လုံးလုံး တိုင်းတစ်ပါးတွင် ပညာသင်ကြားနေခဲ့သည်။သူဟာ တော်ဝင်ခုံရုံးနှင့် အလွန်ဝေးကွာသောတစ်နေရာတွင်ရှိနေခဲ့သော်လည်း သူ၏ဖခင်ထံမှတစ်ဆင့် သတင်းစကားအနည်းငယ်တော့ ကြားသိထားသည်။သို့ရာတွင် သူ၏ ဖခင်၏ ရာထူးက အလွန်နိမ့်ပြီးရသူ၏ဖခင် ကိုယ်တိုင်ကလဲ ရည်မှန်းချက်မကြီးမားသောကြောင့် အရေးကြီးသော အချက်အလက်များကို သိကျွမ်းနားလည်ထားခြင်းမရှိချေ။ထို့ကြောင့် ချူဝေ့ကိုယ်တိုင်ကလဲ တော်ဝင်ဧကရာဇ်၏ အုပ်ချုပ်မှု နည်းနာနိဿယများကို မသိနိုင်ပြန်ချေ။
သူ၏စိတ်အတွင်း အတွေးထောင်ပေါင်းများစွာ ဖြတ်ကျော်သွား သည့်အချိန်တွင်ပင် အိပ်ရာလိုက်ကာစသို့ လှမ်းလာသော လက်တစ်ဖက်ကြောင့် အတွေးစများက တိတိပပပြတ်တောက်သွားသည်။ထိုလက်ကအတော်လှသည်။သေးသွယ်လွန်းနေပြီး ဖြူဖွေးလွန်းနေသည်။သူကထိုသို့ ခပ်မြန်မြန်သာတစ်ချက်ကြည့်လိုက်ရပြီးသည်နှင့် ဧကရာဇ်ကိုယ်တိုင်က အိပ်ရာလိုက်ကာစကို ဆွစ်ခနဲမြည်သံနှင့်အတူ မတင်လာသည်။
ဟူယွမ့်ပိုင်က အတတကြီးသော လူတစ်ယောက်မဟုတ်ချေ။သူဟာ ဧကရာဇ်အာဏာကိုပိုင်ဆိုင်ထားပြီး ထိုနေရာတွင် ခိုင်မြဲစွာရပ်တည်နေနိုင် သော်လည်းအာဏာကြောက့်မျက်ကန်းဖြစ်သွားသည့်လူမျိုးမဟုတ်ချေ။သူကိုယ်တိုင်က အခြားသူ၏နေရာတွင်ဝင်ရပ်ပြီး အခြားသူကိုယ်စားတွေးပေးမိသွားသည်။သူကိုယိတိုင်ကသာ ထိုသို့ကြိုးချည်ခံရင်္ပြး အခြားသော အမျိုးသားတစ်ယောက်၏အိပ်ယာပေါ်တင်ပေးခံရမည်ဆိုလျှင် ထိုလူကို ချက်ချင်းသတ်ပစ်ချင်မိလောက်သည်။နည်းလမ်းကမည်သို့ပင်ကွာခြားနေစေကာမူ ပြိုင်ဘက်ကမည်သူပင်ဖြစ်နေစေကာမူရသူသေချာပေါက် သတ်ပစ်လောက်သည်။
ထို့ကြောင့် သူက ချူဝေ့က သူ့အပေါ် ရက်စက်ကြမ်းတမ်းပြီး သတ်ဖြတ်လိုစိတ်ကို ဖော်ထုတ်ပြသနေသော်လဲ ခပ်မြန်မြန်ပင်
ကြိုးကိုဖြည်ပေးလိုက်သည်။သူက အသံကိုပင်ပို၍ညင်သာအောင်ကြိုးစားပြီး အဓိက အမျိုးသားဇာတ်လိုက်ကို ကျေနပ်အောင်နှစ်သိမ့်သည်။
"ဒီအကြောင်း ဘယ်သူမှမသိစေရဘူး"
စကားတစ်ဝက်တွင် သူ၏လည်ချောင်းတွင်ယားယံမှုကတိုးတက်လာသည်။ဟူယွမ့်ပိုင်ကသူ၏နှုတ်ခမ်းကို လက်သီးဖြင့်ကပ်လျက် ခေါင်းဘေးစောင်းင်္ပြးချောင်းဆိုးလိုက်သည်။
အနည်းငယ် တုန်ယင်သွားသည့်လှုပ်ရှားမှုနှင့်အတူ ခေါင်းပေါ်တွင်ရှိသော ဆံပင်များအားလုံးက ရှုပ်ပွသွားသည်။အပြင်ဘက်ကြမ်းပြင်တွက် ဒူးထောက်နေကြသော အစေခံတိုင်း၏ကိုယ်များကလဲ တုန်ယင်သွားကြသည်။သို့သော် မည်သူကမှရှေ့တက်ပြီး မကူညီရဲကြချေ။
ချောင်းဆိုးသံကမသက်မသာဖြစ်စေလွန်းသည်။အထူးသဖြင့် ချောင်းဆိုးနေရသူအတွက် နှလုံးကွဲသလို နာကျင်ရသကဲ့သို့ စူးအောင့်လာသောနာကျင်သည့်ခံစားချက်မျိုးကိုရနေသည်။ဟူယွမ့်ပိုင်၏လက်ကပင် တစ်စက်စက်တုန်ယင်နေပြီး နဂါးအိပ်ယာဘေးတစ်ဖက်သို့သာ ဖိလျက် ကိုယ်ကို ငုံ့ကိုင်းပြီး ဖျစ်ညစ်ထားရသည် ။
နောက်ထပ် ဖြူဖျော့နေသောလက်ဖြင့်ဖိချလိုက်သောအခါ နဂါးသင်္ကေတများ ထင်ရှားတောက်ပစွာ ရှိနေသည့် တောက်ပသော အဝါရောင်ပိုးသားဖျင်ထည်က ရှုံ့တွသွားသည်။ထို့အပြင် ထိုပုံရိပ်မှတစ်ဆင့် ဂရုဏာသက်ဖွယ်ကောင်းသော ခံစားချက်မျိုးကို ဝေဝေဝါးဝါးရလာလေသည်။
ချူဝေ့က ဖြည်းညှင်းစွာ မျက်မှောင်ကျုံ့လိုက်သည်။ထိုအခါမှသာ ဧကရာဇ်က မနှစ်ကမှအသက်နှစ်ဆယ်ပြည့်ပြီးကာစ ကျန်းမာရေးမကောင်းသော သူတစ်ယောက်ဖြစ်ကြောင်းသတိရလိုက်သည်။
...
သူက တစ်ကယ်ကို အသုံးမကျတာပဲ။
"အရှင်မင်းကြီး"
ရေကန်ထဲသို့ ရေခဲတုံးများကျလာသကဲ့သို့ အသံက လှိုင်ထွက်လာသည်။
"အဆင်ပြေပါရဲ့လား"
ကုယွမ့်ပိုင်က သူ၏လက်ဖြင့် အိပ်ယာခင်းကို ဖျစ်ညှစ်လိုက်သည်။သူ၏ ဖြူဖျော့သော လက်ပေါ်မှ အပြာရောက်သွေးကြောများက ထောင်တက်လာသည်မှာ ကျောက်စိမ်းတုံးပေါ်တွင် ဂရုတစိုက်ထွင်းထုထားသော သွေးကြောများအလားထင်ရသည်။သူက ကုတင်ဘေးကို မှီလိုက်ပြီးနောက်တွင် သူ၏ချောင်းဆိုးသံက တစ်ဖြေးဖြေးချင်း ဖျော့လာတော့သည်။
ချောင်းဆိုးသံက ပျောက်ကွယ်သွားသောအခါ လေးလံသော အသက်ရှုသံကသာ ကျန်ရစ်သည်။ဟူရန်ပိုင်က မျက်လုံးကိုမှတ်ထားပြီး ပါးစပ်အပြည့်လေကိုရှူရှိုက်လိုက်သည်။တစ်ခဏခန့်ကြာပြီးမှသာ သူက တုန်ယင်စွာပင် အိပ်ယာဘေးနား မတ်တပ်ပြန်ရပ်သည်။ဟူယွမ့်ပိုင်က ဒီခန္ဓာကိုယ်နှင့် ကျင့်သားရနေလေပြီ။
သူကမတ်တပ်ရပ်လိုက်သည့်တိုင် ရှင်းလင်းစွာဖြင့်ပင် သနားစဖွယ် ခန္ဓာကိုယ်ဖြစ်နေသော်လဲ တည်ငြိမ်စွာဖြင့် သူကပြောနေသောစကားကို ချူဝေ့ကိုဆက်ပြောသည်။
"အခြားသူတွေက သိသွားမှာကို မင်းမစိုးရိမ်ပါနဲ့။ကျန်းက မင်းရဲ့အိမ်တော်ကို လူလွှတ်ပြီး ပြန်ပို့ခိုင်းပေးမယ်။နောက်ပြီး အခွင့်မရှိဘဲ မင်းကိုဖမ်းဆီးခဲ့တဲ့ အစေခံတွေ အားလုံးကိုလဲ အပြစ်ပေးမယ်"
ချူဝေ့ကာသူ့ကို တည်ငြိမ်စွာသာကြည့်သည်။
ငယ်ရွယ်သော ဧကရာဇ်၏ခန္ဓာက သူကထင်ထားသည်ထက်ပင် ပို၍ဆိုးရွားလွန်းနေသေးသည်။သူက ချောင်းဆိုးပြီးနောက် သူ၏မျက်ဝန်းထောင့်များက နီရဲနေပြီး နှုတ်ခမ်းများကမူ အော်ဟစ်ငိုယိုထားသလို သနားစဖွယ်ဖြစ်နေပြန်သည်။ထို့အပြင် ပုံပန်းသွင်ပြင်ကလဲ သူမျှော်လင့်ထားဖူးသည်ထက် များစွာ ကောင်းမွန်းလွန်းနေသည်။
ချူဝေ့က မြို့တော်တွင် နံပါတ်အလှပဆုံးသော အမျိုးသားဟူ၍လူသိများသည်။ယနေ့ခေတ်တွင် အမျိုးသားချင်းချစ်ကြိုက်ခြင်းများက ဉာဏ်ပညာကြီးမြတ်သူများ၏ သဘောကျစရာ လှုပ်ရှားတက်ကြွမှုတစ်ခုဖြစ်တည်လာသည်။သို့ရာတွင် လူကြီးမျယးထံမှတစ်ဆင့် လူငယ်များသို့တိုင် အထိ အကြံပေးချက်အများအပြားကို တွေ့ကြုံရရှိပြီးနောက်တွင် ချူဝေ့က သူ့ကိုထိုသို့မသင့်လျော်သော အတွေးများတွေးသောလူများကိုအလွန်မုန်းတီးသည်။
သူက ယခုကဲ့သို့ အချည်ခံထားရသောအခါ သူ၏နှလုံးသားထဲတွင် သတ်ဖြတ်လိုစိတ်က ပြင်းထန်စွာ ဖြစ်ပေါ်နေပြီးဖြစ်သည်။သူ့ကိုနဂါးအိပ်ယာပေါ်သို့ ပိုခံရကြောင်းသိရှိပြီးနောက်တွင် သူ၏သတ်ဖြတ်လိုစိတ်က ပို၍ပင်ပြင်းထန်လာသည်။သူ၏ မျိုးရိုးစဉ်ဆက် အသတ်ဖြတ်ခံရမည်တိုလျှင်ပင် သူက ထို ညံ့ဖျင်းသော အုပ်ချုပ်သူကို တန်ကြေးပေးဆပ်ရအောင်လုပ်မည်ဟု တွေးတောထားသည်။
သို့သော် သူကမမျှော်လင့်ထားသည်မှာ ဒါက ဧကရာဇ်၏အကြံလဲမဟုတ်သလို ဧကရာဇ်ကလဲထိုမျှအထိ မမျှော်လင့်ထားလောက်အောင် လှပနေသေးသည်။
ချူဝေ့က သူ၏ရင်ထဲမှ လှပသည်ဆိုသော စကားလုံးကိုသုံးပြီးရဧကရာဇ်ကို ဖော်ညွှန်လိုက်နိုင်သည့်အင်္တက် သူ၏ နှလုံးသားထဲမှ ဒေါသများအားလုံးက ချက်ချင်းဆိုသလို ပြေပျောက်သွားတော့သည်။ထိုလှပလွန်းသော လူငယ်ဧကရာဇ်က သူ့ကိုမြင်မြင်ချင်းရွံရှာမုန်းတီးခဲ့ခြင်းဆိုလျှင် သူကအခြားသောသူများနှင့်မတူညီလောက်ချေ။
ကုယွမ့်ပိုင်ကသာသူရဲ့ အတွေးများကိုသိလျှင် စွံ့အသွားလောက်သည်။ချူဝေ့က လိင်တူချစ်ကြိုက်ချင်းကို မုန်းတီးနေဟန်ရသည်။
စာအုပ်ထဲကလူတွေက တစ်ယောက်က အဖြောင့် တစ်ယောက်က လိင်တူချစ်ကြိုက်တာကို မုန်းတီးတာဖြစ် သူတို့ဘယ်လိုများ အဆုံးသတ်မှာ အဆင်ပြေသွားမှာလဲ။
လှပသော ချူဝေ့က အမျိုးသမီးတစ်ယောက်လို လှပသောအမျိုးသားအဖြစ်မွေးဖွားလာသူဖြစ်သည်။ထိုအလှက ခန့်ညားချောမောမှု၏အကန့်အသတ်တို့ကိုပင် ကျော်လွန်လေပြီး တောက်ပလွန်းသောလမင်းနှင့် တိမ်စင်ကင်းမဲ့သော ကောင်းကင်မှ သန်မာသည့်လေပြင်းသနှယ်ပေါင်းစပ်ထား သလိုဖြစ်နေသည်။သူ၏ ရုပ်သွင်က အလွန်သူရဲကောင်းဆန်ပြီး သူ၏ပုံရိပ်ကလဲ ပိန်ပါးကာခန့်ညားသည်။အာဏာကို လက်ဆုပ်ခက်ကိုင်ယူထားနိုင်သော အမျိုးကောင်းသား ပုံပန်းသဏ္ဌာန်အပြည့်ဖြစ်သည်။
ကုယွမ့်ပိုင်ကသာ ရွေးချယ်ခွင့်ရမည်ဆိုလျှင်ထိုကဲ့သို့သော ခန္ဓာကိုယ်မျိုးကို ပို၍သဘောကျသည်။ဒါက ကျန်းမာရေးကောင်းပြီး ခန့်ညားချောမောလွန်းသောာသူအဖြစ်သိသာနေစေလေသည်။ချူဝေ့နှင့်နှိုင်းယှဉ်ကာ သူ၏ ခန္ဓာကိုယ်ကမူ ထိုသို့သော ကျန်းမာရေးကောင်းသည့် အချက်များ ပျောက်ရှနေသည်။
ချူဝေ့က တိတ်ဆိတ်နေသည်။ဟူယွမ့်ပိုင်ကလဲ သူက အတွေးများနေကြောင်းသိလိုက်သည်။သူကသက်ပြင်းချလိုက်လေပြီး သာမန်ဟန်ဖြင့် အိပ်ယာဘေးတွင် ဝင်ထိုင်လိုက်သည်။
"ကျန်းက မှတ်မိတာသာမှန်မယ်ဆိုရက် မင်းရဲ့ဖခင်က ဘာသာရေးဝန်ကြီးဌာနရဲ့ လက်ထောက်မဟုတ်လား"
ဧကရာဇ်ကစတင်၍ကြုံကြိုက်ပြီး စကားပြောဆိုလာသောအပြုအမူက တစ်ဖက်လူကိုအမှနနတကယ် ဖားယားလိုဟန်ဖြစ်နေသည်။
ချူဝေ့က လွတ်မြောက်သွားပြီးသောအခါ ရိုသေစွာဖြင့် အိပ်ယာပေါ်မှဆင်းသက်ကြီးနောက် ဧကရာဇ်ကိုအရိုအသေပေးသည်။
"အရှင်မင်းကြီး မှတ်မိတာက မှန်ကန်ပါတယ်"
ကုယွမ့်ပိုင်ကသူ့ကိုသေချာကြည့်သည်။အင်္ကျီလက်ကိုခါရမ်းပြီးနောက် လူတစ်ယောက်ကို ကုလားထိုင်ယူဆောင်လာစေသည်။ထို့နောက်သူက အပြင်ဘက်ဝတ်ရုံကိုဝတ်လိုက်ပြီးနောက် သူတရားရေးရာ ကိစ္စများကို ကိုင်တွယ်လေ့ရှိသော စားပွဲတွင်ဝင်ထိုင်လိုက်သည်။
"မင်းရဲ့ဖခင်က ကျန်းကို မြစ်ဝါရေလွှမ်းတဲ့ ကိစ္စကိုကိုင်တွယ်ဖို့ စာလွှာတစ်စောင်ပို့ပေးခဲ့ဖူးတယ်"
ဧကရာဇ်ကအပြုံးဖြင့်ပြောသည်။
"ကျန်းကလဲ စာလွှာမပါတဲ့အကြောင်းအရာအားလူံးကို ရှင်းရှင်းလင်းလင်းမှတ်မိနေသေးတယ်။အချို့ကိစ္စတွေက ရေတိုပဲဖြေရှင်းလိုက်နိုင်တာဖြစ်ပေမယ့် ဒါကအကြံအစည်ကောင်းပါပဲ။ဒါပေမာ့်အဲ့ဒီ့အချိန်က ကျန်းရဲ့အာဏာက အခြားသောလူရဲ့လက်ထဲကို ရောက်နေခဲ့တယ် ဒီလိုကြောင့် ကျန်းအနေနဲ့ ချက်ချင်း အကောင်အထည်မဖော်နိုင်ခဲ့ဘူး"
ချူဝေ့က လေးလေးနက်နက်မျက်မှောင်ကျုံ့လိုက်သည်။
သူ၏ဖခင်က ရေလွှမ်းသည့်ကိစ္စကို ကိုင်တွယ်သည့်အပေါ် နားလည်မှုနက်ရှိုင်းသည်။သူက ထိုစာလွှာကိုဖတ်ခဲ့ဖူးသည့်င်္အတွက်သူ၏ဖခင်က ဒီလောကတွင် ဒီရေလွှမ်းသည့်ကိစ္စကိုကိုင်တွယ်ရန် သက်ရောက်မှု အရှိဆုံးသောနည်းလမ်းများကို ရေးသားနိုင်သူဟု အရှက်မရှိဝင့်ကြွား နိုင်လေသည်။
သို့တိုင်အောင် ဧကရာဇ်က ထိုနည်းလမ်းက ရေတိုသာဖြေရှင်းနိုင်သည်ဟုဆိုလာသည်။
အနာဂတ်၏ လုပ်ဆောင်နိုင်စွမ်းရှိဆုံးသောအမတ်က ခေါင်းကိုငုံ့လိုက်ပြီးနောက် လေးနက်သော အသံဖြင့်အကြံဉာဏ်ကိုတောင်းခံလာသည်။
"အရှင်မင်းကြီး ကျေးဇူးပြုင်္ပြးဉာဏ်အလင်းဖွင့်ပေးတော်မူပါ။"
ကုယွမ့်ပိုင်က သူ့ကိုမငြင်းဆန်နိုင်ချေ။သူက အနည်းငယ်တွေးတောပြီးနောက်တွင် စာလွှာအပုံလိုက်၏ အလယ်မှ ချူဝေ့၏ဖခင် တင်ပို့ခဲ့သော စာလွှာကိုထုတ်လာသည်။ချူဝေ့က မြင်သောအခါ သူ၏မျက်နှာက အနည်းငယ်ပြေလျော့သွားမသည်။အနည်းဆူံး ဧကရာဇ်ကအမှန်တကယ်ဂရုစိုက်သည်။
"မြစ်ဝါရေလွှမ်းတဲ့ကိစ္စက ရှေးခေတ်တည်းက အရင်မင်းဆက် အဆက်ဆက်ရဲ့ခေါင်းကိုက်စရာကိစ္စပဲ။ချူချင်းက အချက်သုံးချက် ထုတ်ပြခဲ့တယ်။ပထမတစ်ချက်က ရေမကြီးလာခင်ကြိုတင်ကာကွယ်ဖို့ပဲ။ဒုတိယအချက်က ရေကြီးနေစဉ်အတောအတွင်းမှာကယ်ဆယ်ရေးလုပ်ဖို့၊ တတိယတစ်ချက်က ရေကြီးပြီးသွားတဲ့နောက်မှာ ကဒ်ဘေးကို ကိုင်တွယ်ရှင်းလင်းရေလုပ်ဖို့ပဲ"
ကုယွမ့်ပိုင်က လက်ချောင်းကို အထဲတွင်ပါဝင်သော စာလွှာများတစ်လျှောက် တောက်လျှောက်ထိုးပြလိုက်သည်။ချူဝေ့က သတိလက်လွတ် လက်ထိပ်သွားရာကို လိုက်ကြည့်မိသွားသည်။
"ထန်းထိုက်ကျုံးက ငတ်မွတ်ခေါင်းပါးမယ့်နှစ်အတွက် အများပြည်သူအတွကိ ကျီတစ်ခုဆောက်ခဲ့သလို ပုံမှန်ကျီကိုလဲ ပြင်ဆင်ခဲ့တယ်။သူက အစကောင်းခဲ့တယ်။ထန်မင်းဆက်က နောက်ပိုင်းမှာတိုးတက်မှူမြင့်မားလားတယ်။အနောက်ပိုင်းရဟန်မင်းဆက်က ကျားရန်ရဲ့ ဗျူစာသုံးခုလဲရှိတယ်။မင်းရဲ့ဖခင်က ထောက််ပြတာနဲ့တူညီနေတယ်။ပထမဦးဆုံးဗျူဟာဆစ်ချက်က ရေအရင်းအမြစ်ကို လမ်းလွှဲဖို့ပဲ။ဒုတိယတစ်ချက်ကတော့ ရေပမာဏများလာတဲ့အခြေအနေကို ကိုင်တွယ်ဖို့ ဥမင်လှိုဏ်ခေါင်းဆောက်ဖို့ပဲ၊ တတိယတစ်ချက်ကတော့ မူလကရှိပြီးသာ ရေကာတာကို အမြင့်မြှင့်ဖိုနဲ့ ပိုပြီး အကျယ်အဝန်းရှိလာအောင် ချဲ့ထွင်တည်ဆောက်ဖို့ပဲ"
ဧကရာဇ်ကမမြန်လဲမမြန်သလို မနှေးလဲ မနှေးလွန်းသော အရှိန်ဖြင့် သူ၏ အတွေးများကို တစ်ဖြေးဖြေးချင်း ပြောကြားလာသည်။သူက စိတ်ဝင်စားလာသောအခါ စုတ်တံတစ်ချောင်းကိုပင် ကောက်ကိုင်လိူက်ပြီး မြစ်ဝါ၏ အကွေ့အကောက် တောင်ချိုးများကိုပင် စတင်ရေးဆွဲ နေသည်။မြစ်ကပြင်းထန်ကြမ်းတမ်းစွာ အနှောက်ယှက်ခံနေရသလိုမျိုး ကွေ့ကောက်နေသည့်တိုင်အောင် သူ၏စုတ်တံ၏ရေးဆွဲချက်သည် တဖြေးဖြေးချင်း ငြိမ်သက်ကာ ယဉ်ပါးခံရသလိုမျိုးဖြစ်လာသည်။
သူကလဲ အပြုံးမျက်နှာထားနှင့် စိတ်အေးအောင် ဖြေးေြးဖချင်းပြောပြနေခြင်းဖြစ်သည်။
ချူဝေ့က အံ့ဩသွားရသည်။ဧကရာဇ်ကထိုစို့ ထူးခြားသောဘက်တစ်ခြမ်းရှိနေမည်ဟုထင်မထားမိချေ။သူ၏ဉာဏ်ရည်မြင့်သော ဦးနှောက်က ဧကရာဇ်၏အဓိပ္ပာယ်ကိုလျင်မြန်စွာ နားလာ်လွယ်စေသည်။ထိုသို့နားလည်လာသဖြင့်လဲ မင်သက်သွားရခြင်းဖြစ်သည်။
သူက စကားပြောလို့ပြီးသွားသောအခါ ဧကရာဇ်၏ လက်နှင့်ခြေများဟာ ရေခဲတစ်မျှအေးစက်သွားသည်။သူ၏နှာခေါင်းကလဲ သနားစဖွယ်နီရဲနေသည်။လူများကသူုအတွက် လက်ကိုင်မီးဖိုငယ်လေးများကို ယူလာပေးမှသာ သူက စိတ်အေးသွာ သက်ပြင်းချလိုက်သည်။
ထို့နောက် အတွေးနက်နေသော ချူဖေးကို ကြည့်လာပြီး နှုတ်ခမ်းထောင့်စွန်းများက လျို့ဝှက်ဆန်းကြယ်သလို ကော့တက်သွားသည်။သူကဖြေးညှင်းစွာဖြင့် ငြိမ်သက်နေုပီးနောက်မှသာ ရုဆ်တရင်ထပြောလိုက်သည်။
"ချူဝေ့ ကျန်းက လိုချင်တဲ့မဟာဟန်ကဘယ်လိုမျိုးလဲဆိုတာကို မောင်မင်းသိလား"
ကျန်းက ပါရမီရှိသည့် သူတွေကိုဖြားယောင်းသွေးဆောင်ပြီး စတင်ချင်လာသည်။
ချူဝေ့က ထိုညတွင်ပင်အိမ်ပြန်သွားသည်။သူက လေအေးကြားတွင်ပျံသွားခဲ့ခြင်းဖြစ်သည်။မိသားစုဝင်အဖွဲ့ဝင်အားလူံးက သူ့ကိုစိုးရိမ်တကြီးမေးမြန်းမှုကို သူကတိတ်ဆိတ်စွာဖြင့် ပယ်ချကြီးနောက် စာဖတ်ခန်းထဲတွင်သာတစ်ညခုံးပိတ်နေလိုက်သည်။
သူကစာကြည့်ခန်းထဲတွင် တစ်ညလုံးနေခဲ့ပြီး ငှက်များ၏တေးဆိုသံများက တစ်ဖန်ပြန်လည်ဝင်ရောက်လာကြောင်းကြားလိုက်ျွျသာ မိုးသောက်ယံဖြစ်ကြောင်းသိလိုက်ရသည်။
ချူဝေ့က မတ်တပ် ရပ်ပြီးနောက်တွင် စာဖတ်ခန်း၏တံခါးကိုတွန်းဖွင့်လိုက်သည်။မနက်ခင်းလေပြေက အေးစက်ကာ လန်းဆန်းလွန်းလေသည်။သူ၏မဲမှောင်နေသောစိတ်က ချက်ချင်းဆိုသလို ငြိမ်းအေးသွားတော့သည်။ဧကရာဇ်၏ နှလူံးသားထဲတွင် လျှို့ဝှက်ဆန်းကြယ်သည်။
သူကတစ်ညလုံးထိုင်လိုက်ပြီးနောက်တွင် အနှစ်ချုပ်နိုင်လိုက်သည်။
ဧကရာဇ်က သူကဖင်ထားသလိုညအားန်းပျော့ညံ့ကာ အသုံးမဝင်သောသူမဟုတ်ချေ။
မဟုတ်သေးဘူး ဧကရာဇ်က အားနည်းကောင်း အားနည်းနိုင်တယ်။ဒါပေမယ့် စစ်တပ်အာဏာကိုအပြည့်အဝ မထိန်းချုပ်နိုင်တာလဲ ဖြစ်ကောင်းဖြစ်နိုင်ပြီး အတွင်းခုံရုံးကိုကောင်းကောင်းမထိန်းချုပ်န်ုင်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လအဲ့ဒီ့အားနည်းပြီးဖျော့တော့တဲ့ ခန္ဓာကိုယ်ထဲမှာ ဖုံးကွယ်ထားတဲ့ ကြီးမားတဲ့ရည်မှန်းချက်တွေနဲ့ ပြည့်ဝတဲ့နှလုံးသားရှိနေတယ်။
ဧကရာဇ်က ကွေးကာချောင်းတစ်ဟွတ်ဟွတ်ဆိုးနေသော မနေ့ညကမြင်ကွင်းက သူ၏စိတ်ထဲတွင်ထင်ရှားစွာ ထွက်ပေါ်လာသည်။
ပိန်ပါးသော အဖြူရောင်လက်ချောင်းများက အိပ်ရာခင်းကိုဖိဆုပ်ထားပြီး ဆက်တိုက်ချောင်းဆိုးနေသောကြောင့် မျက်ဝန်းတွင် မျက်ရည်များပင်စီးကျလာသည်။မျက်လုံးထောင့်များကလဲ နီရဲနေပြီး သူကခေါင်းမာစွာဖြင့် နှုတ်ခမ်းကိုတင်းတင်းဖိကိုက်ထားကာ နီရဲလာတော့သည်။ဖြေးညှင်းစွာဖြင့် ချူဝေ့က တစ်ဖက်သို့လှည့်လိုက်သည်။သူ၏ခြေလှမ်းများက မြန်ဆန်ပြီးခိုင်မာလွန်းနေသည်။သူက တစ်လှမ်းချင်းစီ စာအုပ်စင်ထံသို့လျှောက်သွားသည်။
ချူတရန်စာကြည့်ခန်းထဲသို့ရောက်လာသောအခါ သူ၏သားဖြစ်သူက စာအုပ်ကို ကိုင်ကာလေ့လာနေကြောင်းမြင်လိုက်ရသည်။
အသံကိုကြားသောအခါ သားဖြစ်သူက စာအုပ်ကိုချလိုက်ပြီး သူ့ကိုမော့ကြည့်လာသညိ။
"ကျွန်တော် တတိယ လူနာလမှာကျင်းပမယ့် တေရ်ဝင်စာအေးကွဲကိုဝင်ဖြေချင်တယ်"
လွန်ခဲ့သော ခူနှစ်နှစ်အစောပိုင်းက ချူဝေ့က စာမေးပွဲတွင် ဝင်ဖြေခဲ့ပြီး ကျူရန်ဖြစ်ခဲ့သည်။သူကထိုကဏ္ဍက ကျဲရွမ်လဲဖြစ်ခဲ့သည်။သူက ထိုအချိန်က ဆယ့်ခုနှစ်နှစ်သာရှိခဲ့သေးပြီး အလွန်အာရုံစိုက်ခံရသောသူလဲဖြစ်ခဲ့သည်။
သို့ရာတွင် ချူဝေ့က အရာရှိဖြစ်ရန် ဆန္ဒမရှိသည့်အတွက် မည် သည့်တော်ဝင်စာမေးပွဲတွင်မှ ဝင်မဖြေခဲ့ချေ။လက်ရှိအချိန်တွင် ချူတရန်က သူတစ်ညလုံးစဉ်းစားနေသည့်အကြောင်းကိုမသိချေ။သို့သော်တော်ဝင်စာမေးပွဲကိုဝင်ဖြေခြင်းက ကောင်းသည့်ကိစ္စဖြစ်သည်။
"ကောင်းတယ် ကောင်းတယ်"
ချူတရန်၏ မျက်လုံးက မျက်ရည်ဝဲလာသည်။
"သိပ်ကောင်းတယ်"
ချူဝေ့က ချူတရန်ကို ခေါင်းငြိမ့်ပြလောက်ပြီးနောက်တွင် လက်ထဲမှ စာအုပ်ကိုသာဆက်ဖတ်သည်။သူက စာမေးပွဲတွင် ဝင်ဖြေစဉ်ကတည်းက နံပါတ်တစ် စာသင်သားဖြစ်အောင် ကြိုးစားရမည်ဖြစ်သည်။
xiao_caro_wang_zora
အပိုင်း(၈)
"ထရန်း ဖူရှန်း"
You are reading the story above: TeenFic.Net