အပိုင်း ၆အဆက်
“ ပိတ်ထားစမ်း”
အဲဒိနေ့က ….
“ ဟုတ်ကဲ့”
“ အာ”
ထိုပွဲကို တက်ခွင့်ရသူတွေမှာ မဟာဟန်၏ အာဏာရှိသူများဖြစ်သည်။ယခု သူတို့တစ်မိသားစုလုံး မတက်ရဟု ဆိုလိုက်ရာ သူတို့ကို ထိုစာရင်းမှ ပယ်ထုတ်လိုက်ပြီဟုပင် ဆိုလိုနေသည်။
ထိုအမိန့်ကို ကြားသည့်အခါ လူတိုင်း၏ အမူအယာများက ပြောင်းလဲသွားသည်။ လီပေါင်၏ လက်က ဆက်တိုက် တုန်ယင်သွားသည်။ သူက မြေပြင်တွင် ဒူးထောက်ကာ ငို၏။
“ အ၇ှင်မင်းကြီးရဲ့ ကြီးမြတ်တဲ့ ကြင်နာမှုကို ကျေးဇူးတင်ပါတယ်”
အင်ပါယာက တကယ့်ကို ဒေါသထွက်နေပြီပဲ
ပထမဆုံးအကြိမ်အဖြစ် လီစံအိမ်ရှိ လူတိုင်းက မြေပြင်တွင်ဒူးထောက်လိုက်မိကြသည်။
သူတို့မှာ အနာဂတ်ရော ရှိသေးရဲ့လား… လီစံအိမ်က အင်ပါယာရဲ့ အမျက်က လွတ်နိုင်ပါဦးမလား
ဘာသာပြန်သူမှာ ပြောစရာ ၇ှိပါတယ်
ဒါကြောင့် ခေါင်းဖြတ်သတ်မှ မဟုတ်ဘူး…. ဘုရင်တွေ ပညာပြချင်ရင် အလွယ်လေးလို့ ပြောကြတာ…
ဒါရဲ့ နာမည်က အလှတရားနဲ့ တိုင်းပြည်ကို တည်ငြိမ်အောင် ထိန်းချုပ်မယ်တဲ့..
ကဲ နာမည်နဲ့ လိုက်တယ် မဟုတ်လား
မနေ့က တင်မလို့ပဲ မီးပျက်သွားတယ်လေ
အခုလည်း ၀တ္ထုဖတ်နေတာ ၃၀၀၀န်းကျင်နားဆိုတော့တ အားကောင်းပေါ့ ဒါမဲ့ မနည်းအားတင်း စိတ်ဖြတ်ပြီး ရေးလိုက်တာ ဟဲဟဲ
အပိုင်း ၆အဆက်
လုပ်ကြံသတ်ဖြတ်သူက စိတ်ဓာတ်ကျစွာ ပြောလာသည်။
“ အရှင်မင်းကြီး ကျွန်တော်မျိုးကို ဒေါသထွက်နေသေးတယ်ဆိုရင် ကျွန်တော်မျိုးကို စံအိမ်ကို အရင်ဆုံးပြန်ခွင့်ပြုပြီး အဖေ့ကို သတင်းပို့ဖို့ ခွင့်ပြုပေးပါ။ ကျွန်တော်မျိုးရဲ့ အဖေက အသက်ခုနှစ်ဆယ်ရှိနေပါပြီ။ သူက ထိတ်လန့်တုန်လှုပ်ဖွယ်သတင်းတွေကို တောင့်မခံနိုင်တော့ပါဘူး။ကျွန်တော် သတင်းပြန်ပို့ပြီးတာနဲ့ အရှင်မင်းကြီးက ကျွန်တော်မျိုးကို ဆန္ဒရှိသလို အပြစ်ပေးနိုင်ပါတယ်”
ထိုအကြောင်းပြချက်ကြောင့် ကုယွမ့်ပိုင်ဟာ လီပေါင်ကိုနန်းတွင်းသို့ ဆင့်မခေါ်ခဲ့ခြင်းဖြစ်သည်။ ဒါက သူ တဖက်သူက သူ့အား အပြစ်မကင်းစိတ်ဖြင့် တောင်းပန်လာခြင်းကိုသာ ဖြစ်စေလိမ့်မည်။တဖက်လူအိုကြီးက ထိုစိတ်ကြောင့် သေသွားနိုင်သေးသည်။ ထိုလူက အလွန်ကျော်ကြားကာ ဂုဏ်သိက္ခာမြင့်မားသဖြင့် တစ်တိုင်းပြည်လုံးတွင် သူ၏ တပည့်များက အနှံ့ရှိနေရာ ဟိုဟိုသည်သည် နေရာတိုင်းတွင် ဆုံနိုင်နေသည်။
ကုယွမ့်ပိုင်သည် အလွန်ဒေါသထွက်ပြီး အော်ရယ်လိုက်သည်။ ဒေါသကို ဖိနှိပ်ထားရသဖြင့် သူ၏ ရင်ဘတ်ကပင ်မို့မောက်လာသည်။ ထျန်းဖူရှန်း အလန့်တကြားဖြစ်သွားပြီး အရှင်ဘုရင်အနားေ ပြးကာ နှစ်သိမ့်ရင်း ထိုင်ရန် လျှောက်ရသည်။
နန်းတော်၏ ခန်းမထဲ ဝရုန်းသုန်းကားဖြစ်နေသေးသည်။ လုပ်ကြံသတ်ဖြတ်သူလည်း ထိုသို့ဖြစ်လာရန် မမျှော်လင့်ထားမိပေ။သူ မျက်လုံးအပြူးသားဖြင့် အင်ပါယာအား ဝိုင်းနေသော လူတစ်အုပ်ကို ကြည့်လိုက်သည်။
“ ကျန်း လီထောင်ကို ဘာမှပြောမှာ မဟုတ်မှန်း သူ သိနေတယ်”
ကုယွမ့်ပိုင်သည် လက်သီးကို တင်းတင်းဆုပ်ထားသည်မှာ ဖြူစုတ်လာသည်အထိ ဖြစ်သည်။
“ သူ့အဖေကြောင့် ကျန်း သူ့အသက်ကို လွှတ်ပေးရမယ်မှန်း သူ သိနေတယ်”
ထျန်းဖူရှန်းက အလောတကြီး လျှောက်တင်သည်။
“ သူက အရှင်မင်းကြီးကို လုပ်ကြံဖို့တောင် ကြိုးစားခဲ့တာပါ။ ဒါက ဆွေစဉ်မျိုးဆက်တောင ်သတ်ဖြတ်သင့်တဲ့ အမှုပါ”
“ ဒါက ကျန်းရဲ့ တော်ဝင်ဆရာလေ”
ကုယွမ့်ပိုင်က အံကို ကြိတ်ထားသည်။ လီထောင်က ငယ်ရွယ်သော အင်ပါယာ နန်းတက်ရာတွင် ကူညီခဲ့သည့်အပြင် သူနှင့်လည်း အလွန်ရင်းနှီးသည်။ထို့အပြင် ထိုကောင်လေးက အလွန် ဉာဏ်ကောင်းပြီး သတ္တိရှိသည်။အစမှအဆုံးအထိ သူက ပန်းသူခိုးဟုသာ ဆိုခဲ့ကာ လုပ်ကြံသတ်ဖြတ်သူနှင့်န ီးစပ်ခြင်းမ ရှိပေ။
တစ်နာရီ၏ လေးပုံတစ်ပုံခန့် ကုန်လွန်ပြီးနောက် တော်ဝင်သမားတော်က အင်ပါယာကို သွေးကြောစမ်းရန် အပြေးရောက်လာသည်။ လုပ်ကြံသတ်ဖြတ်သူက လူနာတင်အထမ်းစဉ်ပေါ် ထိုင်လျက် လူအုပ်ကို စိုးရိမ်တကြီးကြည့်နေသည်။ သူ မလှုပ်နိုင်ပေ။ သူ၏ တစ်ကိုယ်လုံးက နာကျင်ကိုက်ခဲနေ၏။ ထိုအခိုက် သည်မြင်ကွင်းကို မြင်ရသည့်အခါ သူ၏ နှလုံးသားက တင်းကျပ်လာသည်။ သူ အလွန် နောင်တရနေလေပြီ။
လုပ်ကြံသတ်ဖြတ်သူကအင်အားကို စ ုစည်းကာ အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။
“ အ၇ှင်မင်းကြီး ဒေါသထွက်နေသေးရင် ကျွန်တော်မျိုးကို ဆက်ပြီး အပြစ်ပေးလို့ရပါတယ်။ ကျွန်တော် လီဟွမ်ရဲ့ အသက်က အဖိုးမတန်ပါဘူး။ ဘယ်လောက် အပြစ်ပေးပေး ကျွန်တော်မျိုး တောင့်ခံနိုင်ပါတယ်”
တစ်စုံတစ်ယောက်က သူ့ကို ခပ်ကြမ်းကြမ်း ကန်လိုက်ကာ ဒေါသတကြီး အော်၏။
“ ပိတ်ထားစမ်း”
အမွှေးနံ့သာတိုင် တစ်တိုင်ကို ထွန်းညှိပြီးနောက် ဖြူဖျော့နေသော ကုယွမ့်ပိုင်၏ မျက်နှာက အနည်းငယ် သက်သာသယောင်ဖြစ်လာသည်။ သူ ခေါင်းကြည်သွားပြီး လူအုပ်ကို လက်ကာပြသည်။
လီဟွမ်က ထိုမြင်ကွင်းကို ကြည့်ပြီး လည်ချောင်းသို့ ဆန်တက်နေသော သွေးများကို ပြန်မြိုချသည်။
အဲဒိနေ့က ….
လီဟွမ်က ပုံမှန်အတိုင်း မြစ်ကမ်းနားရှိ အပျော်ဂေဟာသို့ သွားခဲ့သည်။ ကောင်မလေးနှင့် ကလူရင်း သူတို့နှစ်ဦးလုံး ရေထဲ ကျသွားခဲ့၏။ရေထဲတွင် အချိန်အတန်ကြာအသက်ရှူနိုင်ရန် ကျူပင်များရှိနေသည်။ ရေအောက်ထဲတွင် ကလူရသည်က ပိုပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသည်။ ထို့ကြောင့် လီဟွမ်က ကောင်မလေးကို ကမ်းစပ်သို့ ခေါ်မသွားခဲ့ပေ။ သူက ရေပေါ် ခေါင်းထုတ်ကာ အသက်ပြင်းပြင်းရှူလိုက်ချိန်တွင် မြစ်နား ကပ်လာသည့် အင်ပါယာကို မြင်လိုက်ရခြင်းဖြစ်သည်။
လီဟွမ်လည်း ထိတ်လန့်ပြီး ရေအောက်သို့ ချက်ချင်း ငုပ်လိုက်မိသည်။ မြစ်အောက်ပိုင်းတွင် ရွံ့များရှိသည်။ သူက အပျော်ဂေဟာမှ ကေင်မလေးကို ကျူပင်တောထဲ ထိုးထည့်ထားလိုက်သည်။ သိပ်သည်းသော ကျူပင်များကလည်း သူတို့ကို ဖုံးပေးထားနိုင်သည်။ အနားရှိအမျိုးသမီး အသံထွက်မည်ကိုပင် စိုးရိမ်ပြီး သူ၏ ပါးစပ်ကို သူ အုပ်ပြီး အကြောပိတ်ထားခဲ့သေး၏။ ထို့နောက် မြစ်ကမ်းစပ်မှ လူများကို ကျူပင်များ၏ အဟကြားမှ သူ ချောင်းကြည့်နေလိုက်သည်။
မြစ်ကမ်းစပ်မှ လူသည် ရေအောက်သို့ငုံ့ကြည့်လာသည်။ ကျူပင်များထဲမှ လူများ သူ့အား ကြည့်နေကြောင်းကို သိဟန်မရပေ။ သံသယဝင်ရန်မလိုလောက်အောင် လီဟွမ်က ရေအောက်ခြေတွင် မဟုတ်သော်လည်း အသက်ရှူခြင်းကို ထိန်းချုပ်ထားလိုက်သည်။ အင်ပါယာ ထွက်သွားမှသာ ကောင်မလေးကို ကမ်းစပ်သို့ ခေါ်သွားလိုက်၏။ လေးလံပြီး တင်းကြပ်သော သ ူ၏ လက်ကြောင့် လူတစ်ယောက ်သတ်မိမတတ်ပင်ဖြစ်ခဲ့သည်။
ဒါပေမဲ့ အဲဒိတစ်ယောက်က အင်ပါယာလို့ သူ ဘယ်လိုများ သိခဲ့မှာတဲ့လဲ…. သူဒီအတိုင်း မြင့်မြတ်တဲ့ မျက်နှာကို မြင်တွေ့ချင်ရုံပါပဲ
ကုယွမ့်ပိုင်လည်း တခဏအကြာတွင် စိတ်ငြိမ်သွားသည်။ သူက နက်ရှိုင်းစွာကြည့်လျက် အေးစက်စွမေးသည်။
“ မင်းကို နန်းတော်ထဲ ဘယ်သူက ဝင်ခွင့်ပြုခဲ့တာလဲ”
လီဟွမ်က ပါးစပ်ဖွင့်လိုက်သော်လည်းအသံက ရှောရှောရှူရှူ ထွက်မလာပေ။
( အာ စကားလုံးပေါင်းတာက မှားသလိုလို….)
“ မင်း ဘာပြောပြော ကျန်း ဂရုမစိုက်ဘူး”
ကုယွမ့်ပိုင်က ပြောသည်။
“ မင်း ပြောတာ အမှန် ဟုတ်မဟုတ် ဘယ်သူက သိမတဲ့လဲ။ ကျန်းကိုယ်တိုင်ကိုယ်ကျ စစ်ဆေးမယ်။ အရင်းအမြစ်ကို သေချာ စစ်ဆေးပြီးရင် ကျန်းက အငယ်ဆုံးသခင်လေးကို နန်းတော်ထဲ ဖိတ်ပြီး လူမှန်မမှန် စစ်ဆေးခိုင်းမယ်”
အင်ပါယာက စကားလုံးတိုင်းကို ဖျော့တော့စွာ ပြောသည်။ ဘာဖိအားမှ မပါပေ။ သို့သော် လီဟွမ်ကမူ ကျောထဲစိမ့်သွားလေသည်။
ကုယွမ့်ပိုင်က အပြုံးဖြင့် ပြော၏။
“ လာကြစမ်း သခင်လေးကို တော်ဝင်ဆရာရဲ့ စံအိမ်ကို သေချာ ပို့ပေးလိုက်ကြ။ အကောင်ဆုံးဆေးတွေ ယူသွားပြီး နန်းတွင်း အစေခံ တစ်ရာကိုလည်း လိုက်သွားစေလိုက်။ သူ့ကို ကောင်းကောင်းမွန်မွန်ပြင်ဆင်ထားတဲ့ အခမ်းအနားနဲ့ စိတ်အားတက်ကြွစွာ လီစံအိမ်ကို လိုက်ပို့ပေးလိုက်ကြ”
နန်းတွင်း ကိုယ်ရံတော် အစောင့်ခေါင်းဆောင်၏ အမူအယာက အလွန်တည်တင်းနေသည်။ သူက ခေါင်းငုံ့ကာ ပြော၏။
“ အ၇ှင့်ရဲ့ အစေခံက အမိန့်ကို လိုက်နာပါတယ်”
“ တော်ဝင်ဆရာက မေးခဲ့ရင်…”
ကုယွမ့်ပိုင်က စကားကို ရပ်ပြီးမှ ဆက်ပြောသည်။
“ အမှန်အတိုင်း ပြောလိုက်… တော်ဝင်ဆရာက နန်းတွင်းကို ဝင်ပြီး အပြစ်တင်စိတ်နဲ့ တောင်းပန်ချင်တယ်ဆိုရင် သူ့သား အရင် ပြန်ကောင်းတဲ့အထိ စောင့်ဖို့ ပြောလိုက်ပါ”
“ ဟုတ်ကဲ့”
လီဟွမ်ကို အစေခံများက ခေါ်ထုတ်သွားချိန်တွင် သူ၏ မျက်နှာတွင် ခြောက်ကပ်နေသည့် အပြုံးက ရှိနေခဲ့သည်။ အင်ပါယာက သူ့ကို နန်းတွင်းမှ သည်အတိုင်းနှင်ထုတ်လိုက်သည်ထက်ပင် ယခုအခြေအနေက ပိုဆိုးနေသည်။
အင်ပါယာက နှစ်ရက်နဲ့ သူ့ကို အြ ပစ်ပေးရတာ မလုံလောက်လို့ အခုလို ဆက်ဆံလိုက်တာ ထင်ပါတယ်…. သူ တွေးခဲ့တာက အဖေ့ရဲ့ ကျန်းမာရေးကြောင့် ဒီကိစ္စကို မပြောလောက်ဘူးလို့လေ….
သို့သော် သူ မသိသည်မှာ အင်ပါယာက ထိုမျှအထိ သူ၏ ဖခင်အပေါ် စိတ်ပိုင်းဖြတ်လိုက်သည်။ သူ၏ ဖခင်က ဒေါသထွက်ပြီး သေသွားလျှင်ပင် အင်ပါယာ၏ အေးစက်သော စိတ်သဘောထားကို ပြောင်းနိုင်မည်မထင်ပေ။
တကယ်လို့ သူ့အဖေက ဒေါသထွက်ပြီး သေသွားရင်တောင်မှ တိုင်းပြည်က လူတွေက သူ သေတာက အသုံးမကျတဲ့… ကျေးဇူးမသိတတ်တဲ့ သားကြောင့်လို့ပဲ ပြောဆိုကြမှာပဲ။ သူတို့က ဒီလိုအခြေအနေဖြစ်တာတောင် သဘောကောင်းပေးတဲ့ အင်ပါယာကို ကျေးဇူးတင်ကြလိမ့်မယ်။
ယခုအချိန်မှစကာ သူ၏ ဖခင်တွင် အင်ပါယာနှင့် ခင်မင်ရင်းနှီးစွာ ပြောဆိုခွင့်မရှိတော့ပေ။
“ အာ”
လီဟွမ် သက်ပြင်းချကာ အနားရှိ လူနှင့် စကားပြောလိုက်သည်။
“ ကိုယ်ရံတော် အစ်ကိုကြီး…. တကယ်လို့ ကျွန်တော့် အဖေက မမေးရင် ဘာမှ မပြောပါနဲ့လား”
တော်ဝင်ကိုယ်ရံတော်၏ မျက်နှာက မျက်နှာသေနှင့်ဖြစ်သည်။ သို့သော် ထိုသူ ဒေါသထွက်နေကြောင်းလည်း ခန့်မှန်းနိုင်၏။
လီဟွမ် ရုတ်တရက် တိတ်ဆိတ်သွားသည်။ သူက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်၏။ သူ၏ လက်ထဲတွင် အစိမ်းရောင ်ပိုးထည်ရှိသည်။ ထိုပိုးထည်ကို အကျႌအတွင်းထဲ ခက်ခက်ခဲခဲ ထည့်လိုက်ကာ သူ၏ စိတ်က မိန်းမောသွားသည်။
ထိုသူက အင်ပါယာဖြစ်ပြီး မြင့်မြတ်သော နတ်ဘုရားသဖွယ် သွင်ပြင်ကို ပိုင်ဆိုင်ထားသည်။ အဆင့်အတန်း၊ အာဏာနှင့် တိုင်းပြည်က ထိုသူ၏ လက်ထဲတွင်ရှိ၏။အင်ပါယာက သူ၏ လက်ဖြင့် မဟာဟန်ကို တိုးတက်အောင် ကြိုးစားခဲ့သည်။
သူ နောက်တစ်ကြိမ် အင်ပါယာကို မြင်တွေ့ချင်ရင်တောင်မှ သူ့တစ်ကိုယ်လုံး သက်သာသွားတဲအချိန်အထိတောင် စောင့်ရဦးတော့မှာပေါ့….
လီဟွမ်ကို ပို့စေပြီးနောက် တော်ဝင်ဆရာ လီထောင်က နန်းတွင်းသို့ တောင်းပန်ရန် ချက်ချင်းလိုလို အခစားဝင်လာသည်။ သို့ရာတွ် ကုယွမ့်ပိုင်က သူ့ကို မတွေ့ချင်သဖြင့် အခြားသူများကိုသာ စံအိမ်သို့ ပြန်ပို့စေသည်။သုံးရက်တိုင်တိုင် ထိုုသို့ အခစားဝင်လိုက် ပြန်ပို့စေလိုက်ဖြစ်နေခဲ့သည်။ လီထောင်လည်း စိတ်ဆင်းရဲနေလေပြီ။ သူ အသက်ခုနှစ်ဆယ်နားနီးနေပြီဖြစ်ကာ အလွန်အိုနေလေပြီ။
လူတိုင်းလိုလိုက လီထောင်က သုံးရက်တိုင်တိုင် တွေ့ခွင့်တောင်းသည့်တိုင် တံခါးဝကသာြ ပန်ပို့ခံရသည့်အဖြစ်ကို သိနေကြလေပြီ။ အလွန်ကျော်ကြားသော သူများမှလွဲပြီး အခြားသူများကမူ နေ့ချင်းညချင်း အင်ပါယာထံမှ မျက်နှာသာ မပေးခံရတော့သည့် တော်ဝင်ဆရာအကြောင်းကို န ားမလည်ကြပေ။
နှစ်ရက်ကြာပြီးနောက် တော်ဝင်ကိုယ်ရံတော်အချို့က နန်းတွင်းတွင်ပင် ကွပ်မြတ်ခံလိုက်ရသည်။ အလောင်းမှ သွေးများက လီစံအိမ်သို့ ပို့ဆောင်ခြင်းခံရသည်။ လီထောင်မှာ ထိတ်လန့်လွန်းက မေ့မြောသွားခဲ့၏။
သတိပြန်ရလာချိန်တွင် လီထောင်က ခန်းမထဲတွင် ထိုင်နေလိုက်သည်။ နေဝင်သွားသည့်အခါ သူ စာလုံးရေ တစ်ထောင်ပါသော တောင်းပန်စာရှည်ကြီး ရေးကာ အင်ပါယာထံ ပို့သည်။
စာကိုပ ို့ပြီးနောက် လီထောင် စိုးရိမ်စိတ်အပြည့်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။ သူ၏ အကြီးဆုံးသားသည် တော်ဝင်အမှုရေးရာ ကိုင်တွယ်သော ဌာနတစ်ခုမှ အရာရှိတစ်ယောက်ဖြစ်သည်။ သို့သော် သူ၏ လုပ်နိုင်စွမ်းကား သာမန်သာဖြစ်သည်။ လက်ရှိအချိန်ထိ သာမန်အောက်ခြေအဆင့်သာဖြစ်နေသေးသည့်တိုင် ရှေ့တော် တက်ကာ လျှောက်တင်ရန် အခွင့်ရနိုင်သေးသည်။သို့ရာတွင် သူတို့၏ အကြီးအကဲများမှအစ ကလေးများအဆုံးက အလိုလိုက်ခံရခြင်းတွင် ကျင့်သားရနေကြသည်။
အကြီးဆုံးသား၏ မျက်နှာက တင်းနေရာ လူတိုင်းကို မျက်နှာ ပျက်စေသည်။
လီဟွမ်က ကုသဆောင်ထဲတွင်ဖြစ်သည်။ မိသားစုက သည်ကာလတွင် သူ့ကို လွှတ်ပေးထားသည်။ သို့သော် သူတို့အားလုံး စိတ်ပျက်နေကြ၏။
မင်း ဘာလို့ နန်းတော်ထဲ ဖောက်ဝင်ခဲ့ရတာလဲ
ဒါက အင်ပါယာနန်းတော်ကွ… တားမြစ်နယ်မြေ… နောက်ပိုင်း အဲဒိဘက်က အင်ပါယာနေတဲ့ သီးသန့်အဆောင်တော်တွေလေ…..
လီဟွမ်က ဘယ်လိုတောင် လုပ်ရဲတာလဲ..
လီပေါင်လည်း အလွန် အိုစာသွားသည်။ သူ သည်လိုမျိုး တစ်ဘဝလုံးတွင် တစ်ခါမှ မကြုံဖူးပေ။ လက်ရှိ အင်ပါယာက အမတ်များ၊ ဝန်ကြီးများအားလုံးကို တရင်းတနှီးသာ ဆက်ဆံသည်။ သို့သော် လက်ရှိတွင်မူ သူက အင်ပါယာထံ အခစားဝင်ချင်သည့်တိုင် နန်းတွင်းဂိတ်ကိုပင် ဖြတ်မရချေ။
အချိန်ကာလ အတန်ကြာ ကုန်ဆုံးပြီးနောက် နန်းတွင်းမှ လူလွှတ်လာသည်။
သတင်းပို့သူက မပြောင်းလဲသော ရိုသေမှုများနှင့် ယဉ်ကျေးစွာ ပြောသည်။
“ အရှင်မင်းကြီးက တော်ဝင်သမားတော်ရဲ့ ကျန်းမာရေးကို စိုးရိမ်နေပါတယ်။ အငယ်ဆုံးသခင်လေးက ဒဏ်ရာ ပြင်းပြင်းထန်ထန် ရနေတယ်။ လီတစ်မိသားစုလုံးက အငယ်ဆုံးသခင်လေးကိုပဲ ဂရုစိုက်ချင်နေကြမှာကို သလို့ နန်းတွင်း မီးအိမ်ပွဲတော်ကို လာရောက် ဆင်နွှဲဖို့ မလိုပါဘူးလို့ အမိန့်ထုတ်ပေးလိုက်ပါတယ်”
ထိုပွဲကို
You are reading the story above: TeenFic.Net