Unicode
ရက်အနည်းငယ်ကြာသော်..
ဓီရာ နေပြန်ကောင်းတာနဲ့ Dionကို Paris က နာမည်ကြီးနေရာတွေကိုထပ်လိုက်ပို့ဖို့ ပြောတော့Dionက နေရာတစ်ခုကိုခေါ်သွားသည်။ မနက်စာအနေနဲ့ Dionကိုယ်တိုင်လုပ်ထားတဲ့ကြိတ်ခေါက်ဆွဲအရည်နှင့်ဝက်ပေါင်ခြောက်sandwichစားသည်။ ဒီနေ့ရာသီဥတုကခပ်အေးအေးလေးဖြစ်နေတော့
နေပြန်ကောင်းခါစမလို့ဆိုပြီး Sweatshirtအဖြူနဲ့ နက်ပြာ စပ်ကြားကိုအောက်ကခံပြီး အပေါ်ကhoodieအဖြူကို Dionကဝတ်ခိုင်းလို့ဝတ်ရသည်။အောက်ပိုင်းကတော့ Alt pant နက်ပြာကိုဝတ်ထားသည်။ Dion ကတော့ coffeeရောင် sweater နဲ့ cadmium ရောင်Chino pantsကိုဝတ်ပြီး အပေါ်က နက်ပြာရောင် long coat ကိုထပ်ဝတ်ထားသည်။
"ကိုယ်တို့ အခုပါရီမှာရှိတဲ့ အလှပဆုံး ရပ်ကွက်တွေထဲကတစ်ခုဖြစ်တဲ့ St Germain-des-Prés ကိုရောက်နေတာလေ။ ဒီရပ်ကွက်က ပြင်သစ်စာပေဒဏ္ဍာရီတွေ ၊ကော်ဖီဆိုင်တွေ၊ အမိုက်စားဆိုင်တွေနဲ့ လှပတဲ့အမွေအနှစ်တွေရှိတဲ့ နေရာတစ်ခု ဓီရဲ့။ကိုယ်တို့တွေ အစာလဲကြေအောင်လမ်းလျှောက်ကြရင်း ဒီရပ်ကွက်ရဲ့အလှတရားတွေကိုခံစားကြည့်ကြရအောင်"
"ဟုတ်ကဲ့ Dion"
ပြင်သစ်သားရဲ့စကားသံဝဲဝဲလေးအဆုံးမှာ ဓီရာနွေဦးရဲ့အလှတရားကို ခံစားကြည့်သည်။
"ကိုယ်တို့ အခုဘယ်သွားနေလဲဆိုတာ ဓီရာသိလား"
"ဟင့်အင်း။ မသိဘူး Dion"
"ကိုယ်တို့အခု Saint-Germain-des-Prés ဘုရားကျောင်းကိုသွားနေတာ။ အဲ့ဘုရားကျောင်းကိုအလယ်ခေတ်ကာလမှာMerovingian ဘုရင် တစ်ပါးက 6 ရာစုမှာတည်ထောင်ခဲ့တာ။ ဘုရားကျောင်းရဲ့အတွင်းပိုင်းလက်ရာတွေက ထူးခြားတယ်။ ပြီးတော့ ဂန္တဝင်လဲဆန်တယ်။ အရောင်သုံးပုံကအစ"
ဘုရားကျောင်းရဲ့အပြင်ပိုင်းပုံစံက သာမန်ကာလျှံကာပေမဲ့လဲ အတွင်းထဲဝင်ကြည့်တော့မှ ခမ်းနားတဲ့အတွင်းပိုင်းတည်ဆောက်ပုံကိုတွေ့ရသည်။ဘုရားကျောင်းကို သေချာလှည့်ပတ်ကြည့်ပြီး ဆုတောင်းခဲ့ကြကာ ပြန်ထွက်လာခဲ့ကြသည်။
"Dionက နေ့တိုင်းchurchကိုသွားနေကျလား"
"မသွားပါဘူး။ ကိုယ်က ဘာသာမဲ့လေ။ ဘယ်ဘုရားကိုမှ ကိုးကွယ်ဆည်းကပ်သူမဟုတ်ဘူး။ ကိုယ်က ဘာသာရေးနဲ့ဆိုင်တဲ့အယူအဆတွေလည်းသိပ်မယုံကြည်ဘူး"
"Dionက တကယ်ကြီးဘာသာမဲ့လား"
"ဟုတ်တယ်။ ဓီကမယုံဘူးလား ကိုယ့်identify cardကိုကြည့်မလား"
"မကြည့်တော့ပါဘူး ယုံပါတယ်"
"တကယ်တမ်းကျ မေမေကဗုဒ္ဓဘာသာဝင်။ဘာသာရေးအရမ်းကိုင်းရှိုင်းတာ။ ကိုယ်ကpèreနဲ့တူတယ်ပြောရမှာဘဲ pèreကလည်းဘာသာမဲ့ဘဲလေ။ pèreအမြဲပြောတာတစ်ခုက ယုံကြည်ကိုးကွယ်မှုက တွဲလာတာတဲ့ ယုံကြည်မှုမှမရှိရင် ကိုးကွယ်နေလဲဘာထူးမလဲဆိုပြီး"
"တကယ်လို့ Dionအိမ်ထောင်ပြုတဲ့အခါ Dionအိမ်ထောင်ဖက်ကိုးကွယ်တဲ့ဘာသာကို ကိုးကွယ်မှာလား"
"No ။ သူ့ရဲ့အချစ်ရယ်၊ သူ့ကိုရယ်ဘဲကိုးကွယ်မယ်"
"Dionနဲ့ရတဲ့သူက သိပ်ကံကောင်းမှာဘဲအဲ့တာဆို"
ဓီရာ ခပ်သော့သော့လေးရယ်ရင်း ပြောတော့
"ဒါပေါ့ အရမ်းကိုကံကောင်းမှာ။ ကိုယ်ကအဖက်ဖက်ကပြည့်စုံနေတာဘဲလေ။ ရုပ်လည်းချောတယ်။ ဟင်းလဲချက်တတ်တယ်။ guitarလည်းတီးတတ်တယ်။ ပြီးတော့ အရမ်းလည်းချစ်ပေးတတ်သေးတာ။ အဲ့တော့ကိုယ့်ကိုရတဲ့သူကကံကောင်းတာပေါ့။ မဟုတ်ဘူးလား"
"ဟားဟားး။ ဟုတ်ပါတယ် ကံကောင်းပါတယ်"
လမ်းတစ်လမ်းလုံး ရယ်သံတွေနဲ့ပြည့်နှက်နေ၏။
Dionက မနက်စာစားဖို့ဆိုပြီး coffeeဆိုင်တစ်ခုကိုခေါ်သွားသည်။ သွားတဲ့လမ်းတစ်လျှောက်မှာ Dionက ခုနကဘုရားကျောင်းနဲ့ပတ်သတ်တဲ့အကြောင်းတွေကိုပြောပြ၏။ Le Procopeဆိုတဲ့ ကော်ဖီဆိုင်ရောက်တော့ waiterကို bookingလုပ်ထားပြီးကြောင်းပြောပြီး စားပွဲထိုးလိုက်ပြတဲ့စားပွဲမှာနေရာယူလိုက်ကြသည်။ပြီးတော့ menu bookကိုကြည့်ပြီး Dionကသေချာရွေးချယ်ကာမှာပေးသည်။
"ဒီကော်ဖီဆိုင်ကမိုက်တယ်နော် ပြတိုက်ထဲရောက်သလိုခံစားရတယ်"
"အင်း ဟုတ်တယ်။ အခင်းအကျင်း၊အပြင်အဆင်တွေကအစ ဂန္တဝင်ဆန်တယ်။ ဒီကော်ဖီဆိုင် Parisမှာရှေးအကျဆုံးကော်ဖီဆိုင်လေ။ 1686 ခုနှစ်မှာ Sicilian စားဖိုမှူး Francesco Procopio dei Coltelli က တည်ထောင်ခဲ့ပြီးတော့ စဖွင့်ချိန်ကတည်းက ပါရီမြို့မှာရှိတဲ့ ကော်ဖီကို အရှေ့အလယ်ပိုင်းက ထူးခြားဆန်းပြားတဲ့ အဖျော်ယမကာအဖြစ် သတ်မှတ်ခဲ့ကြတယ်။ နောက်ပိုင်းမှာ Parisian ကော်ဖီဆိုင်တွေလိုမျိုးဒီ Le Procope က ပြင်သစ်ခေါင်းဆောင် နပိုလီယံလို သမိုင်းမှာအကျော်ကြားဆုံးပုဂ္ဂိုလ်တွေအတွက် အကြိုက်တွေ့စရာနေရာတစ်ခု ဖြစ်လာခဲ့တယ်။ ပြီးတော့ နပိုလီယံကဘေရှင်းဖို့မေ့ပြီး ဦးထုပ်ကိုလဲမေ့ခဲ့တယ်တဲ့လေ"
"သမိုင်းကလဲ စိတ်ဝင်စားစရာကောင်းတယ်နော်"
"အင်း။ ပြီးတော့ ဒီကော်ဖီဆိုင်က သမိုင်းဝင် ပါရီ ကော်ဖီဆိုင်တစ်ခုအဖြစ်နဲ့ ဘင်ဂျမင်ဖရန်ကလင်ကလဲ ဒီမှာအရေးကြီးတဲ့ စာချုပ်တစ်ခုကို ရေးသားခဲ့ပြီး တော့ သောမတ်ဂျက်ဖာဆန်နှင့် တော်လှန်ရေးအတွေးအခေါ်တွေကိုလဲ ဖလှယ်ခဲ့ကြတယ်လို့ပြောကြတယ်။ ဒီဆိုင်က Parisကိုရောက်ရင်လာကိုလာသင့်တဲ့ဆိုင်ထဲမှာပါတယ်"
"အင်း။ ဒါနဲ့ မေးစရာလေးရှိလို့။ Dionက မြန်မာသွေးရောတယ်ဆိုတာ Dionအဖေက မြန်မာလားဟင်"
"မဟုတ်ဘူး père(အဖေ)ကပြင်သစ်သား။ မေမေက မြန်မာ။မေမေကမြန်မာနဲ့ရှမ်းကပြားလေ။pèreကကျ ပြင်သစ်နဲ့ဗြိတိန်သွေးရော။ pèreရဲ့အဖေ ကိုယ့်အဖိုးက ပြင်သစ်သားလေ Oxford universityသွားတက်ရင်း ဗြိတိန်သူ ကိုယ့်အဖွားနဲ့တွေ့ပြီး ပြင်သစ်မှာဘဲအခြေချခဲ့ကြတာ။"
"ဪ..။ Dionအဖေနဲ့အမေနဲ့ကရော ဒီပြင်သစ်မှာဘဲတွေ့ကြတာလား"
"မဟုတ်ဘူး။ père(အဖေ)ရဲ့ညီတစ်ဝမ်းကွဲ uncle Andrewကိုသွားတွေ့ရင်း Yale universityမှာတွေ့ကြတာ။ University love storyလေးတွေပေါ့"
"ဪ...။Dionအမေက Yale universityက ကျောင်းသူပေါ့"
"အင်းဟုတ်တယ်။ အဲ့တုန်းက မေမေက ဦးလေးAndrewရည်းစားရဲ့ အခင်ဆုံးသူငယ်ချင်းလေ"
မှာထားတာတဲ့ mocha expresesso နှစ်ခွက်၊ Magret de canard du Sud-Ouest, Tête de veau en cocotte,beef cheek၊ နှင့် risottoကို စားပွဲထိုးလာချပေးရင်းစားပွဲထိုးက"enjoy your food"လို့ပြောတော့ Dionကစားပွဲထိုးကိုပြုံးကာခေါင်းငြိမ့်ပြသည်။ စားပွဲထိုးထွက်သွားတော့
"ဓီ စားဦး။ စားရင်းနားထောင်"
"အင်းအင်း"
"မေမေကpèreနဲ့တွေ့တုန်းက ပန်းချီmajorကကျောင်းသူလေ။ pèreကတော့ရေတပ်ကဗိုလ်အသေးစားလေး။ မေမေနဲ့pèreနဲ့ကအသက်9နှစ်လောက်ကွာတယ်။စတွေ့တုန်းက မေမေ့အသက်က22နှစ်။pèreအသက်က31နှစ်။လက်ထပ်ကြတော့ မေမေ့အသက်က26 pèreအသက်က35။မေမေ့အသက်23နှစ်ပြည့်မွေးနေ့မှာမှာ pèreကချစ်ရေးဆိုပြီး 25နှစ်ပြည့်မွေးနေ့မှာproposeလုပ်ခဲ့တာတဲ့။မေမေကျောင်းပြီးတော့ ဘွဲ့ယူတဲ့နှစ်မှာဘဲ မင်္ဂလာဆောင်ခဲ့ကြတာ"
"Dionအမေဘက်က အဖွားတွေကသဘောတူတယ်လား"
"အဖွားတို့ကရှမ်းစော်ဘွားမျိုးရိုးတွေဆိုတော့ သဘောမတူကြဘူး။ ပြီးတော့မေမေကအဘွားတို့ရဲ့ တစ်ဦးတည်းသောသမီးလေ။ père နဲ့လက်ထပ်လို့ဆိုပြီး မေမေ့ကိုအမွေပြတ်စွန့်လွှတ်ခဲ့ကြတယ်။ မေမေကလည်းအမွေမမက်ဘူးဆိုပြီး pèreနဲ့လက်ထပ်ပြီး ဒီမြို့မှာဘဲအခြေခဲ့ချတယ်။pèreက ရေတပ်မှာတာဝန်ထမ်းဆောင်ရတဲ့အတွက်မေမေနဲ့နေရတဲ့အချိန်နည်းတယ်။ ပိတ်ရက်တွေရောက်မှပြန်လာတယ်လေ။ Uncle Andrewတို့ကလည်း pèreတာဝန်ထမ်းဆောင်ချိန်တွေဆိုအမေတစ်ယောက်ထဲမလို့ဆိုပြီး Parisကိုပြောင်းလာခဲ့ကြပြီး မေမေတို့နဲ့အတူတူလာနေတယ်။ကိုယ့်ရဲ့ကိုယ်ဝန်ရတဲ့အချိန်မှာ pèreကကြယ်သုံးပွင့်နဲ့ရေတပ်ဗိုလ်ကြီးဖြစ်သွားလို့ ကိုယ်ကကံကောင်းစေတဲ့ဘုရားသခင်ရဲ့ကောင်းချီးလေးဆိုပြီးအမေကအမြဲပြောတယ်။pèreကလဲ သူ့ရဲ့သားဦးလေးဖြစ်တဲ့ကိုယ့်ကိုသိပ်ချစ်တာ ကိုယ့်အလိုဆန္ဒကိုအမြဲဖြည့်ပေးတယ်။ ကိုယ်ငါးနှစ်သားမှာ မေမေကကိုယ့်ညီမလေးရဲ့ကိုယ်ဝန်ကိုရခဲ့တယ်။ ညီမလေးမွေးတော့ မေမေကသိပ်ပျော်ခဲ့တာ သူနဲ့တူတဲ့သမီးလေးရပြီ ဆိုပြီး။ အဲ့နေ့ကအမေ့ရဲ့အပြုံးကို ကိုယ်အခုထိမေ့မရဘူး။"
"အဲ့ဆို Dionမှာညီမလေးရှိတာပေါ့"
"အင်း ရှိတယ်။ နာမည်က Delicia(ဒယ်လီရှာ)တဲ့။ ကိုယ် ကိုယ်တိုင်ပေးထားတဲ့နာမည်။ အဓိပ္ပာယ်ကတော့pleasureတဲ့"
"နာမည်လေးကလှတယ်နော်။ လူလေးလဲလှမှာသေချာတယ်"
"အင်း လှတာပေါ့။ ကိုယ့်ကိုအဝါရောင်မဟုတ်ဘဲ ညီမလေးက မေမေ့လိုအညိုရောင်မျက်လုံးလေးပိုင်ထားတာလေ။ ပြီးတော့ မေမေ့လိုမဲနက်နေတဲ့ဆံပင်ရှည်ကြီးလဲရှိပြီး ဘယ်ဘက်ပါးမှာပါးချိုင့်လေးနဲ့ သိပ်ချစ်ဖို့ကောင်းတာ"
Dionက သူ့ညီမလေးကိုသိပ်ချစ်တယ်ထင်တယ်။ သူ့ညီမအကြောင်းကိုပြောနေတာ မျက်လုံးတွေမှာပါပြုံးရိပ်သန်းနေသည်။ဘေးနားကဖြတ်သွားတဲ့ waiterတစ်ယောက်ကိုလှမ်းခေါ်လိုက်ပြီး
"Combien coûte le paiement ?
Waiterက ကျသင့်ငွေပြောတော့ Dionက သူ့ပိုက်ဆံအိတ်ကိုထုတ်ပြီး ရှင်းဖို့လုပ်တော့ ဓီရာကလက်ခါပြကာ
"Dionမရှင်းပါနဲ့။ ကျွန်တော် ရှင်းပါ့မယ်။ Dionမရှင်းနဲ့ ရတယ်"
"ကိုယ်ဘဲရှင်းလိုက်ပါ့မယ်"
"မဟုတ်တာ။ ကျွန်တော်ရှင်းပါ့မယ်"
ဓီရာကပိုက်ဆံရှင်းဖို့ပိုက်ဆံအိတ်ထုတ်တုန်း Dionက ရှင်းပြီး waiterကိုပြန်လွှတ်လိုက်သည်။
"Dionကလဲ ကျွန်တော်ရှင်းပါ့မယ်ဆို"
"နောက်တစ်ခေါက်ကျမှ ဓီရှင်းတော့"
"နောက်တစ်ခေါက်ကျ သေချာပေါက်ကျွန်တော်ရှင်းမှာနော်"
"ဟုတ်ပါပြီ"
Cafe Le Procopeကနေထွက်လာပြီး Dionကအနုပညာကျောင်းဆီခေါ်သွားသည်။
"ဒီ École des Beaux-Arts ကျောင်းက ပါရီမြို့မှာရှိတဲ့ အနုသုခုမကျောင်းဖြစ်ပြီးတော့ နာမည်ကြီးအဖွဲ့အစည်းတစ်ခုဖြစ်တယ်။ အနုပညာရှင်အများကြီးကဒီကျောင်းကို တက်ရောက်ခဲ့ကြတယ်လေ Eugène Delacroix ကလဲဒီကျောင်း၏ နာမည်ကြီး ကျောင်းသားဟောင်းတစ်ဦးဘဲလေ"
"ဪ...."
"École des Beaux-Arts က 1648 ခုနှစ်မှ စတင်ခဲ့ပြီးတော့ကမ္ဘာ့ရှေးအကျဆုံး အနုသုခုမကျောင်းလို့လူသိများကြတယ်။ ဒီအဆောက်အအုံက ဆွဲဆောင်မှုရှိတယ်မလား"
"အင်းရှိတယ်။ ဒီကျောင်းကိုသုတ်ထားတဲ့ဆေးရောင်ကိုကျွန်တော် အရမ်းသဘောကျတာ။ရုပ်ထုတွေကလဲ မိုက်တယ်။ တည်ဆောက်ပုံကလဲ ရိုးရိုးရှင်းရှင်းလေးဘဲ"
"ဟုတ်တယ်။ လာဟိုဘက်နားသွားကြည့်ရအောင်"
ဓီရာ့လက်ကိုဆွဲပြီး ဟိုဘက်ကိုခေါ်သွားတဲ့ Dion။
"Dionက မြန်မာစကားကိုတော်တော်ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တယ်နော်"
"မေမေက ကိုယ်ငယ်ငယ်ကတည်းကသင်ပေးထားတာလေ။ pèreကကျ ပြင်သစ်လိုသင်ပေးတာ။ မေမေနဲ့စကားပြောရင် အမြဲတမ်းမြန်မာလိုဘဲပြောရတယ် ကိုယ့်ကိုအကျင့်ဖြစ်အောင်လို့ဆိုပြီး။ မြန်မာစကားကိုပြောတတ်ပေမဲ့ မပြောဖြစ်တာကြာပါပြီ မေမေနဲ့လည်းသိပ်မပြောဖြစ်တော့"
"ဘာလို့ စကားမပြောဖြစ်ကြတာလဲ"
"မေမေက ဒီပြင်သစ်မှာမရှိတော့ဘူးလေ ဓီရဲ့။ ကိုယ့်အသက်16နှစ်မှာ မေမေ့ရဲ့အမေက အပြင်းအထန်နေမကောင်းဖြစ်နေလို့ဆိုပြီး မေမေ့ကိုပြန်ခေါ်တယ်။ သွေးကရေထက်ပျစ်တယ်လေ မေမေကလည်း သူ့အမေအဲ့ဒီ့လိုနေမကောင်းဘူးဆိုတော့ သူ့အမေဆီပြန်ချင်ခဲ့တာပေါ့။
pèreကိုပြောတော့ pèreကလက်မခံဘူး။ အမွေပြတ်စွန့်လွှတ်တယ်ဆိုပြီး လုပ်ပြီးကာမှ အခုဘာလို့ပြန်ခေါ်ရတာလဲ ဘာညာနဲ့ မသွားရဘူးလို့ပြောတော့ မေမေနဲ့pèreနဲ့စကားများခဲ့ကြတယ်။ အဲ့လိုစကားများပြီးတော့ မေမေက သူ့အမေဆီကိုပြန်မယ်ဆိုပြီး ညီမလေးကိုခေါ်ပြီးထွက်သွားခဲ့တယ်။ ကိုယ့်ကိုခေါ်ခဲ့ပေမဲ့ pèreကလိုက်သွားခွင့်မပြုခဲ့ဘူး။ père ကကိုယ့်ကိုခေါ်ထားခဲ့တယ်။ အဲ့လိုနဲ့ဘဲ မေမေမြန်မာနိုင်ငံပြန်ရောက်သွားတော့ pèreနဲ့မေမေနဲ့က စကားမပြောဖြစ်ကြတော့ဘူး။ pèreကလည်းအခုထိမေမေ့ကိုခွင့်မလွှတ်နိုင်သေးသလို မေမေကလည်းpèreကိုအခုထိပြန်မခေါ်ဘူး။ ကိုယ်နဲ့မေမေကတော့ အဆက်အသွယ်မပြတ်ခဲ့ကြဘူး။ ညီမလေးနဲ့ရောပေါ့။ ဒါပေမဲ့ ကိုယ်အလုပ်ရပြီးနောက်ပိုင်း အရင်တုန်းကလိုသိပ်မဆက်သွယ်ဖြစ်ကြတော့ဘူး။ ဖေဖေကလည်းအခု ရေတပ်ဗိုလ်ချုပ်ကြီးအဖြစ်နဲ့ အနားယူလိုက်ပြီလေ"
"အဲ့ဆို အခု Dionက Dionအဖေနဲ့အတူတူနေတာပေါ့"
"အင်း ဆိုပါတော့။ ဒါပေမဲ့ကိုယ်ကအိမ်မှာသိပ်မနေဖြစ်ပါဘူး။ အချိန်ပြည့်အလုပ်မှာဘဲနေဖြစ်တာများတယ်"
"ဒါနဲ့လေ ကျွန်တော်သိချင်တာတစ်ခုက Dionအဖေက ရေတပ်ဗိုလ်ချုပ်ဖြစ်ပါလျှက်နဲ့ Dionကကျ ဘာလို့ကုန်ရောင်းကုန်ဝယ်လုပ်နေတာလဲ။ ပြီးတော့ Dionရထားတဲ့ Cyber securityဘွဲ့နဲ့ဆို IT companyတစ်ခုခုမှာဝင်လုပ်ရင်လစာအများကြီးရနိုင်တဲ့ဟာ"
ဓီရာနေမကောင်းတဲ့နေ့တွေတုန်းက Dionနဲ့စကားပြောဖြစ်ကြရင်း သူရထားတဲ့ဘွဲ့ကိုသိခဲ့ရသည်။
"အဲ့အကြောင်းအရင်းကို ဓီအချိန်တန်ရင်သိရမှာပါ"
"တကယ်လို့ အချိန်မတန်ခဲ့ဘူးဆိုရင်ရော"
"ကိုယ်က အချိန်တန်ရင်လို့ပြောရင် သေချာပေါက်အချိန်တန်မှာပါ။ မသေချာမရေရာတာတွေကိုကိုယ်ဘယ်တော့မှမပြောဘူး ဓီ။ မတည်နိုင်တဲ့ကတိကိုလည်းမပေးသလို ပေးတဲ့ကတိကိုလည်းတည်တယ်"
"အဲ့ဆို ကျွန်တော့်ကိုကတိပေးမလား။ ကျွန်တော်တို့တစ်သက်လုံးသူငယ်ချင်းလုပ်ကြရအောင်"
"မပေးဘူး ဓီ"
"ဘာလို့လဲ"
"ကိုယ်မှ တစ်သက်လုံးဓီနဲ့သူငယ်ချင်းမလုပ်နိုင်ဘဲနဲ့။ တစ်သက်လုံးဆိုတဲ့စကားကလဲ မသေချာမရေရာတဲ့စကားဘဲဓီ။ သူငယ်ချင်းဆိုတဲ့နှောင်ကြိုးမျိုးနဲ့ မသေချာတဲ့ကာလတစ်ခုကိုမချည်နှောင်ချင်ဘူး"
"ကျွန်တော့်အတွက်တော့ တစ်သက်လုံးဆိုတာ အသက်ရှင်နေသရွေ့မလို့ ရေရာတဲ့အချိန်ကာလတစ်ခုဘဲ။ သူငယ်ချင်းဆိုတာ အခိုင်မာဆုံးသံယောဇဉ်ဘဲလေ Dion။ ကျွန်တော်ကတော့ချည်ချင်တယ်။
Dion ယုံလားတော့မသိပေမဲ့ ဒီတလောအတွင်းမှာ ကျွန်တော်Dionကိုတော်တော်သံယောဇဉ်တွယ်နေမိပြီ"
"ကိုယ်ရောပါဘဲ"
ကျောင်းကိုလည်ပတ်ကြပြီးတော့ Dionကနောက်တစ်နေရာကိုခေါ်သွားသည်။ တစ်နေရာနဲ့တစ်နေရာကိုသွားတဲ့လမ်းမှာလဲ ပါရီမြို့ရဲ့အကြောင်းကိုစိတ်ဝင်စားဖို့ကောင်းအောင် ပြောပြလေ၏။
"ကိုယ်တို့ဂန္တဝင်ပြင်သစ်ပန်းချီဆရာတစ်ယောက်ရဲ့ဘဝနှင့်အလုပ်အကြောင်းကိုသွားလေ့လာကြရအောင်"
"အင်း။ သွားလေ့လာကြမယ်"
အဖြူရောင် အဆောက်အအုံတစ်ခုကိုရောက်တော့ အထဲကိုဝင်သွားပြီး Dionက ရှင်းပြပြန်သည်။
"ဒီMusée Delacroix က ပန်းချီဆရာDelacroix ရဲ့နောက်ဆုံးအိမ်အလုပ်ရုံလေ။ သူ့ရဲ့အစောပိုင်းလက်ရာအများစုက ဆီဆေးပန်းချီ၊ pastelနှင့် ပုံကြမ်းတွေကို ဒီမှာပြထားတယ်"
"Eugène Delacroix (1798 - 1863) ကို အနုပညာမှာ ပြင်သစ်romantic လှုပ်ရှားမှု အကြီးအကဲအဖြစ် အသိအမှတ်ပြုထားတယ်လေ။သူ့ကိုRubens နှင့် Venetian Renaissance အနုပညာရှင်တွေရဲ့ လွှမ်းမိုးမှုခံရပြီး ကွက်ကွက်ကွင်းကွင်း အရောင်တွေ၊ကာမဂုဏ်နှင့် သူတို့၏ ပန်းချီကားတွေမှာလှုပ်ရှားမှုခံစားမှုကို အလေးထားတယ်"
လျှောက်ပတ်ကြည့်ရင်း Dionက သေချာကိုရှင်းပြနေသည်။ အဲ့နေရာကနေ ပြန်ထွက်လာတော့ နေ့လည်1နာရီခွဲနေပြီဖြစ်သည်။
"ဓီ"
"ဗျာ"
"ပင်ပန်းနေပြီလား"
"မပင်ပန်းပါဘူး ရတယ်။ ဒီနေရာကတကယ်ကိုလှပပြီးစူးစမ်းစရာတွေအပြည့်ဘဲနော်"
"အင်းဟုတ်တယ်"
St Germain-des-Prés ရပ်ကွက်ကနေ The Musée d'Orsay Museumကိုသွားကြသည်။ Museum ရောက်တော့ Dionက Guideတစ်ယောက်လိုမျိုး သေချာစေ့စေ့စပ်စပ်ကိုရှင်းပြသည်။ အသံမချိုဘဲ ဆွဲဆောင်မှုရှိတဲ့စကားသံဝဲဝဲလေးက ဓီ့ကိုပြုံးစေနိုင်တယ်ဆိုတာ ပြင်သစ်သားကိုပြောပြချင်သေးသည်။
"ဒီပြတိုက်က ပန်းချီ၊ပန်းပု၊ ပရိဘောဂတွေ
နှင့် ဓာတ်ပုံတွေအပါအဝင် 1848 မှ 1914 ခုနှစ်အတွင်း ပြင်သစ်အနုပညာလက်ရာများကို အဓိကထားကိုင်ဆောင်ထားတာ။ Berthe Morisot၊ Claude Monet၊ Édouard Manet၊ Degas၊ Renoir၊ Cézanne၊ Seurat၊ Sisley၊ Gauguin နှင့် van Gogh တို့အပါအဝင် ပန်းချီဆရာတွေကကမ္ဘာပေါ်ရှိ Impressionist နှင့် Post-Impressionist တို့၏ အကြီးမားဆုံးသော လက်ရာတွေ စုစည်းထားတယ်။အဲ့ဒီ့လက်ရာတွေကို Galerie nationale du Jeu de Paume ပြတိုက်မဖွင့်လှစ်ခင် 1986 ခုနှစ်တွင် ကျင်းပခဲ့ပြီး အဲ့တာက ဥရောပရှိ အကြီးဆုံး အနုပညာပြတိုက်တွေထဲကတစ်ခုလေ"
"ဪ...။ဒီပြတိုက်ကtourist Attractionတွေထဲကတစ်ခုဘဲနော်။ အဆောက်အအုံပုံစံနှင့်ဖွဲ့စည်းပုံက တကယ်လက်ဖျားခါလောက်တယ်"
"ပြတိုက်အတွင်း 1:100 စကေးပုံစံကParis Operaရဲ့ လေထုမြင်ကွင်းနှင့် ပတ်ဝန်းကျင်မြင်ကွင်းကို Richard Peduzzi ကဖန်တီးထားပြီးတော့ ပြတိုက်အတွင်းကြည့်ရှုသူတွေ လမ်းလျှောက်သွားတဲ့ ဒီမှန်ကြမ်းပြင်အောက်မှာ ကာရံထားတာ။အဲ့ဒီ့တပ်ဆင်မှုက ပြတိုက်အတွင်းတွင် ရေပန်းအစားဆုံးဖြစ်ခဲ့တာလေ"
ပြတိုက်ကို လည်တဲ့တစ်ချိန်လုံး Dionက ဇာတ်ကြောင်းတွေနဲ့ ပန်းချီကားတွေကိုရှင်းပြပေးသည်။ပြခန်းတစ်ခုကို ရောက်တဲ့အခါမှာ
"ဒါက "A Passion for France: The Marlene and Spencer Hays Collection" ပြခန်းလေ။ ဒီcollection ကို 1970အစောပိုင်းက တက္ကဆက်မှာနေတဲ့ အနုပညာစုဆောင်းသူ Marlene နှင့် Spencer Hays တို့မှ လှူဒါန်းခဲ့တာလေ။
"ဪ ပန်းချီကားတွေကတကယ်မိုက်တယ်နော်။ အသက်လည်းဝင်တယ်"
"Vincent Van Gogh: Starry Night Over The Rhône,1888" ဆိုတဲ့ပန်းချီကားရှေ့ရောက်တော့ရပ်ပြီး
"ဒီပန်းချီကားကကိုယ်အကြိုက်ဆုံး ပန်းချီကားလေ။ Vincent Van Gogh ရဲ့ Starry Night Over The Rhône ပန်းချီကား"
"အင်း။ လှတယ်နော်"
"လှတာထက် ဆွဲဆောင်မှုအားကောင်းတာ။ ကိုယ် ဒီပန်းချီကားကိုကြည့်တိုင်း ကိုယ့်ကိုတစ်ခုခုကအကြည့်မလွှဲအောင်ဆွဲဆောင်ထားသလိုမျိုးဘဲ။ တစ်စုံတစ်ယောက်ရဲ့မျက်ဝန်းတွေလိုပေါ့...."
ဓီ့ကိုစောင်းငဲ့ကြည့်ရင်းပြောလိုက်ပေမဲ့ ပန်းချီကားကိုအာရုံစိုက်နေတဲ့ဓီကတော့ မသိလိုက်ပါချေ။
"လာ ဆက်ကြည့်ကြရအောင်"
"ဟုတ်"
ဆက်လျှောက်သွားကာ တွေ့သမျှပန်းချီကားတွေအကြောင်းဆွေးနွေးကြပြီး Albert Lebourg, Paris, l'écluse de la Monnaie. Soleil d'hiver ဆိုတဲ့ပန်းချီကားရှေ့ရောက်တော့ ဓီရာခဏရပ်လိုက်သည်။
"ဘာလို့လဲ ဓီရာ"
"ဒီ ပန်းချီကားကိုကျွန်တော် တခြားဟာတွေထက်ပိုသဘောကျတယ်။ တကယ်ကိုလက်ရာမြောက်တဲ့ပန်းချီကားတစ်ချပ်ဘဲ"
"အင်း ဒါကကိုယ့်ရဲ့ဒုတိယမြောက်အကြိုက်ဆုံးပန်းချီကားလေ။ Albert Charles Lebourg က French Impressionist နဲ့ Post-Impressionist ပန်းချီဆရာလေ။leo bourgရဲ့လက်ရာတွေက သူ့ခေတ်တစ်ခုလုံးမှာအရမ်းရေပန်းစားခဲ့တာ။ သူက မြစ်ဘေးတို့လိုနေရာမျိုးတွေကို ပန်းချီဆွဲတာများတယ်"
"ဪ သူကတကယ်တော်တယ်နော်။ သူ့ရဲ့ဒီပန်းချီကားက တကယ်ကျွန်တော့်ကိုဖမ်းစားလွန်းတယ်"
"ဟုတ်တယ် အရမ်းကိုဆွဲဆောင်လွန်းတဲ့ ပန်းချီကားတစ်ချပ်"
"အင်း Dionလိုဘဲ။ ဆွဲဆောင်မှုရှိတယ်"
"ဓီ့မျက်လုံးတွေလောက် ကိုယ်ကဆွဲဆောင်မှုမရှိပါဘူး။ အနက်ရောင်မျက်လုံးတွေကို ကိုယ်ကြိုက်တယ် ကိုယ့်အပိုင်ဖြစ်ရင်ကောင်းမှာဘဲ။ ကိုယ်သိပ်မက်မောတာ"
"Dionဘဝမှာ အပိုင်လိုချင်ခဲ့တဲ့အရာတွေဘယ်နှခုများရှိသလဲဟင်"
"ကိုယ်ကဘယ်အရာကိုမှ မျှော်လင့်ရတာတွေမကြိုက်တဲ့အတွက် အပိုင်လိုချင်တဲ့အရာဆိုတာသိပ်ကိုနည်းလွန်းတယ်။ ယုံပါ ကိုယ်အပိုင်လိုချင်မိတာ အနက်ရောင်မျက်လုံးတွေပါဘဲ"
ဓီရာတို့ အတော်ကြာအဲ့ပန်းချီကားကိုရပ်ကြည့်နေကြပြီးတော့ ဆက်ပြီးလျှောက်ကြည့်ကာပြတိုက်ကနေထွက်လာခဲ့လိုက်သည်။ ဓီရာတို့ပြတိုက်ကထွက်လာတော့ ညနေ5နာရီခွဲဖို့8မိနစ်ဘဲလိုတော့သည်။ ဓီရာတို့ပြတိုက်ထဲ၃နာရီလောက်လည်ဖြစ်ကြတာဘဲ...။
"ကိုယ်တို့ တိုက်ခန်းဘဲပြန်ကြရအောင်"
"အင်းအင်း"
တိုက်ခန်းပြန်ဖို့ taxiစီးတဲ့လမ်းမှာ Dionဆီဖုန်းဝင်လာ၏။ ဖုန်းကိုကြည့်လိုက်တော့ RINO(ရီနို) ဆီကဖုန်းပင်ဖြစ်သည်။ Rinoက Dionနဲ့အတူတူအလုပ်လုပ်နေတဲ့ မူးယစ်ဆေးဂိုဏ်းရဲ့ခေါင်းဆောင်ဖြစ်ပြီး သူကိုယ်တိုင်ဖုန်းဆက်လျှင် အရေးကြီးတဲ့ကိစ္စပြောဖို့မှန်း Dionအတပ်သိသည်။ ဒီတစ်ပါတ်ထဲမှာ ဒီကိုပစ္စည်းရောက်ရင်ဒီကတစ်ဆင့် Dionတို့ မူးယစ်ဆေးတွေကို Russia ဘက်သွားမဲ့အဖွဲ့ကိုကိုသွားပို့ပေးရမယ်လို့ ဂိုဏ်းပေါင်းချုပ်ရဲ့အကြီးအကဲက Dionတို့ကိုတာဝန်ပေးထားသည်။ သို့သော်လည်း ဘေးနားမှာဓီရှိတဲ့အတွက် Dionဖုန်းမကိုင်ဘဲ ဒီတိုင်းပြန်ချထားသည်။ ဓီက Dionကိုဖုန်းကိုင်ဖို့ ပြောတော့သိပ်အရေးမကြီးတဲ့ဖုန်းလို့လိမ်ပြောလိုက်သည်။ တိုက်ခန်းရောက်တော့ ဓီကခြေလက်သန့်စင်ပြီးရေချိုးမလို့ဆိုပြီးအပေါ်တက်သွားတော့ အောက်ထပ်မှာDionတစ်ယောက်တည်းကျန်နေခဲ့၏။Rinoဆီဖုန်းပြန်ဆက်တော့ Rinoကတန်းကိုင်သည်။
(French စကားဖြင့်)
"ဟယ်လို"
"ဟယ်လို Rhyne (ရွိုင်း)။ ငါမင်းကိုခုနကဖုန်းဆက်တာ မင်းဘာလို့မကိုင်တာလဲ"
ဂိုဏ်းတစ်ခုလုံးက သူ့ကိုRhyneလို့ဘဲသိထားကြပြီး နာမည်အရင်းကိုဘယ်သူမှမသိပေ။
"Sorry ငါခုနက အသံပိတ်ပြီး ဖုန်းကိုအိပ်ကပ်ထဲထည့်ထားမိလိုက်လို့ မသိလိုက်မိဘူး"
"ဘယ်လိုလဲ မင်းနဲ့မြန်မာနိုင်ငံသားလေးအခြေအနေက။ တော်တော်အဆင်ပြေနေလား"
"မင်းဘယ်လိုသိတာလဲ Rino"
"အမြဲအလုပ်ရုံမှာဘဲ အချိန်ကုန်တတ်တဲ့သူက အလုပ်တွေကိုပစ်ထားပြီး ဘယ်သွားနေလဲဆိုတာသိချင်လို့ စုံစမ်းလိုက်တာ။ မင်းခံစားချက်တွေကိုထိန်း Rhyne ခင်မင်တဲ့အဆင့်ကနေအဆင့်မကျော်စေနဲ့ ။ Bossကမင်းဘာလုပ်နေတာလဲဆိုတာ အကုန်သိတယ်နော် Rhyne"
"ငါသိပြီးသားပါ။ ဒီကိစ္စကိုမင်းဝင်စွက်ဖက်စရာမလိုပါဘူး။ ခုနကဖုန်းဆက်တဲ့လိုရင်းကိုဘဲပြော"
"ပစ္စည်းတွေရောက်ပြီ။ ငါတို့မနက်ဖြန်ကျရင် သွားပို့ရမယ်။ ဒီတစ်ခါကျ ငါတို့ကုန်းကြောင်းနဲ့မသွားဘူး။ ပြီးတော့ပစ္စည်းတွေကဟိုအဖွဲ့ကိုဆီရောက်နေပြီ အဲ့ဒီ့ကိုငါတို့သွားပြီး ငါတို့ကိုယ်တိုင်russiaကိုသွားပို့ရမယ်လို့bossကပြောတယ်"
"အဲ့တော့ ငါတို့က ဟိုအဖွဲ့ဆီကိုအရင်သွားရမှာပေါ့"
"အင်း ပြီးတော့သွားတဲ့အခါမှာမင်းနဲ့ငါနဲ့နှစ်ယောက်အတူမသွားရဘူး။ ငါက ငါ့လူတွေကိုခေါ်ပြီးflightနဲ့ မနက်ဖြန်မနက်အစောကို ကြိုသွားနှင့်မှာ"
"ဘာလို့လဲ"
"မနက်ဖြန်ငါတို့ပို့ရမဲ့ပစ္စည်းက အရမ်းအရေးကြီးတယ်။ ပစ္စည်းတန်ဖိုးက မင်းရောငါရောမထင်မှတ်ထားလောက်တဲ့အထိကိုကြီးတာ။ ပြီးတော့ ဝယ်တဲ့သူကလည်းအရမ်းအရေးကြီးတဲ့သူ။ bossကိုယ်တိုင်လိုက်လာပြီး ပစ္စည်းနဲ့ငွေအလဲအလှယ်လုပ်မဲ့သူဆိုတော့ အဲ့လူကဘယ်လောက်ပါဝါကြီးလည်းဆိုတာမင်းရိပ်မိလောက်မှာပါ"
"အဲ့တာဆို မနက်ဖြန်bossကဒီကိုလာမှာလား"
"အင်းလာမှာ။ bossဒီကိုနေ့လည်လောက်ရောက်လိမ့်မယ်။ ညကျ မင်းbossနဲ့အတူတူလိုက်လာရမှာ။ boss က မင်းကိုသူနဲ့အတူလိုက်ရမယ်လို့ပြောထားတယ် Rhyne"
"Bossကပြောတော့လဲ လိုက်ရမှာပေါ့"
"အင်း။ ဂရုစိုက်ဦး Rhyne။ ဟိုတစ်ခါတုန်းကလိုထပ်ဖြစ်ရင် ဒီတစ်ခါဆုံးရှုံးမှုကအရမ်းထိခိုက်မှာနော်"
"အရင်တစ်ခါက မင်းတို့ယုံကြည်တဲ့ ရဲဌာနကလူရဲ့သစ္စာဖောက်မှု ကြောင့်မထင်မှတ်ထားတဲ့အရာကဖြစ်လာခဲ့တာပါ။ ဒီတစ်ခေါက်ကငါကိုယ်တိုင်အစအဆုံးစီစဉ်ထားတဲ့အရာဘဲဟာ။ ငါပို့မဲ့လမ်းကြောင်းလည်းအကုန်ရှင်းထားပြီးပြီမလို့စိတ်မပူနဲ့Rino"
"အင်းပါ။ ငါတို့ဒီတစ်ခါပို့ဆောင်မှုက 3ရက်လောက်ကြာမှာနော် Rhyne"
"အင်း ငါခန့်မှန်းပြီးသားပါ။ ဒါပြောမလို့ဘဲမလား ငါဖုန်းချလိုက်တော့မယ်"
"အင်း"
Dionဖုန်းချလိုက်ပြီးတော့ အောက်ထပ်ရှိရေချိုးခန်းထဲဝင်ကာ ခြေလက်သန့်စင်လိုက်သည်။ ခြေလက်သန့်စင်ပြီးတော့ မီးဖိုချောင်ထဲဝင်ပြီး ပါစတာနဲ့ beef steakလုပ်ဖို့ပြင်ဆင်လိုက်သည်။ ဟင်းချက်နေတုန်းမှာ Dionရဲ့ခေါင်းထဲမှာ အတွေးတွေရှုပ်ရှက်ခတ်နေသည်။
Dionရဲ့အလုပ်က သိပ်ကိုအန္တရာယ်များတဲ့အလုပ်။ ရန်သူတွေဆိုတာလည်း အရမ်းများတယ်။ တိုက်ခိုက်မှုတွေနဲ့လည်ပတ်နေရတဲ့ယန္တရားစနစ်ထဲမှာ စီးပွားရေးလုပ်နေရတာမျိုး။
သေဖို့အတွက်လည်းအသင့်ပြင်ထားရပြီး ကိုယ်ရှင်သန်ဖို့အတွက်လည်း အခြားသူအသက်ကိုတိုက်ခိုက်ရတယ်။ ဒီအလုပ်ကိုလုပ်လာတဲ့တစ်လျှောက်မှာ သေဖို့အတွက်လည်းမပူခဲ့သလို တွေဝေတာတွေလည်းမရှိခဲ့ဘူး။ ဒါပေမဲ့ထူးထူးဆန်းဆန်းဒီနေ့မှ ဘာလို့မှန်းမသိ Dion သေဖို့ကိုအနည်းငယ်စိုးရွံ့မိနေသည်။ အားလုံးရဲ့အကြောင်းအရင်းက ဓီများဖြစ်နေမလား။ သူဓီနဲ့တွေ့ပြီးကတည်းက လူတစ်ယောက်ကိုသတ်ပစ်ဖို့တောင် မတွေဝေတတ်တဲ့သူက တွေဝေတတ်လာတယ်။ သတ္တိအမြဲကောင်းခဲ့တဲ့သူက ချစ်ကြောင်းကိုဖွင့်ဟဝန်ခံဖို့ သတ္တိမဲ့နေခဲ့တယ်။ ရှင်သန်ဖို့အကြောင်းအရင်းကိုရှာတွေ့ခဲ့တယ်ထင်ပါတယ်။ သေဖို့ကိုစိုးရွံ့နေမိတယ်။
"Dion"
"ဪ ဓီ။ ရေချိုးပြီးပြီလား။ လာ ထိုင်တော့။ ကိုယ်ညစာ ပြင်ပြီးပြီ"
"ကျွန်တော်ကူချပေးမယ်လေ"
"ရပါတယ် ဒီမှာလာထိုင်"
စားပွဲပေါ်ကို ပါစတာနှစ်ပန်းကန်နဲ့ beef steakနှစ်ပန်းကန်တင်ပြီးတော့ orange juiceကိုခွက်ထဲထည့်ကာ ဓီ့ကိုတစ်ခွက်ကမ်းပေးလိုက်သည်။
"ကိုယ်အလုပ်ကိစ္စရှိလို့ သုံးရက်လောက်ခရီးသွားရမယ် ဓီ"
"သုံးရက်တင်မလား အဲ့ထက်မကျော်ဘူးမလားဟင်"
"သုံးရက်တင်ပါ ဘာလို့လဲဓီ"
"20ရက်ကျ ကျွန်တော့်မွေးနေ့လေ။ အဲ့တာ ကျွန်တော့်မွေးနေ့မှာ Dion ကိုအနားမှာရှိစေချင်လို့"
"ဘာလို့ရှိစေချင်တာလဲဆိုတာ ကိုယ်သိလို့ရမလား"
"ဒီမှာ ကျွန်တော်သိတာဆိုလို့Dionဘဲရှိတာလေ အဲ့တာကြောင့်ပါ။ ပြီးတော့ခုနကဖိုးဖိုးတို့ကဖုန်းဆက်တယ် မွေးနေ့ကိုဒီမှာဘဲလုပ်မယ်ဆို သူတို့ပိုက်ဆံပို့ပေးလိုက်မယ်တဲ့ အရမ်းအရေးကြီးတဲ့ကိစ္စရှိလို့ လူကတော့မလာနိုင်ဘူးတဲ့။ Dionလည်းမရှိဘူးဆို ဒီနှစ်ကျွန်တော့်မွေးနေ့ကိုကျွန်တော်တစ်ယောက်တည်း ဖြတ်သန်းရတော့မှာ"
"အဲ့ရက်ပိုင်းနားက ကိုယ်အရမ်းအလုပ်ရှုပ်မှာ ဓီ"
"အာ...Dionမအားလည်းရပါတယ်။ ဘာမှမဖြစ်ပါဘူး။ အလုပ်သာအဆင်ပြေအောင်လုပ်"
"စကားကိုဆုံးအောင်နားထောင်ပါဦး။ ကိုယ်အလုပ်ရှုပ်မယ်လို့ပြောတာ ဓီ့မွေးနေ့ပွဲအတွက်ပြင်စရာရှိတာတွေ စီစဉ်စရာရှိတာတွေစီစဉ်မလို့လေ။ ကိုယ်ကဘယ်အလုပ်ကိုအဆင်ပြေအောင်လုပ်ရမှာလဲ"
မြူးကြွလာတဲ့အသံနဲ့အတူ
You are reading the story above: TeenFic.Net