Unicode
Dion အလုပ်ရုံရောက်တော့ ဂိုဏ်းသားတွေက Dion ကိုနှုတ်ဆက်ကြသည်။ မနက်ခင်းကတည်းက ဓီ့ကိုနှုတ်ဆက်ပြီး အလုပ်ရုံကိုလာခဲ့ခြင်းဖြစ်သည်။ Dionရောက်တော့ Rinoကလေဆိပ်သွားဖို့ကားပေါ်ရောက်နေပြီဖြစ်သည်။Rinoကိုနှုတ်ဆက်ပြီး Dion ဂိုဏ်းသားအချို့နဲ့သွားမဲ့လမ်းကြောင်းကို အသေအချာပြန်ဆွေးနွေးနေသည်။
(French စကားဖြင့်)
"Rhyne"
အနောက်ဘက်ကခေါ်သံကြားတာနဲ့ Dionလှည့်ကြည့်လိုက်တော့ boss။ bossကိုမြင်တော့ Dionကလွဲပြီး ဂိုဏ်းတစ်ခုလုံး bossကိုဦးညွှတ်ပြီးနှုတ်ဆက်ကြသည်။bossက မော့ခိုင်းမှ ပြန်ပြီးခေါင်းမော့ကြသည်။ ပြီးတော့ Dionရုံးခန်းထဲbossကိုခေါ်သွားပြီး Dion ရုံးခန်းထဲမှာ bossနဲ့ Dionနှစ်ယောက်ထဲသာရှိသည်။
"Boss ပြောတော့နေ့လည်ခင်းမှရောက်မှာဆို ဘယ်လိုဖြစ်တာလဲ"
"စောစောသွားတော့ ပိုကောင်းလို့လေ။ လမ်းကြောလဲရှင်းလို့"
"ဪ"
"မတွေ့ရတာကြာတော့ ပိုပြီးချောလာသလိုဘဲ Rhyne။ ဘယ်လိုလဲ အဆင်ပြေလား"
"အလုပ်တွေကတော့အကုန်အဆင်ပြေပြေနဲ့လည်ပတ်နေတာ bossလဲသိပြီးသားပါ။ အဆင်ပြေလားဆိုတာဘာကိုမေးချင်တာလဲ boss"
"စတွေ့တုန်းက ဂျစ်ကန်ကန် 24နှစ်သားလေးက အခုထိလဲ ဒီအတိုင်းပါဘဲလား။ငါမေးတာ မင်းသိပါတယ် Rhyne။ မြန်မာနိုင်ငံသားနဲ့ အခြေအနေ"
"ပြေပါတယ် ဒီလိုပါဘဲ"
"မင်းပြောင်းလဲသွားတယ် Rhyne။ မင်းရဲ့စိတ်ခံစားချက်တွေ ပျော့ပျောင်းသွားတယ်။ မင်းမျက်ဝန်းတွေက အဓိပ္ပာယ်တွေပြည့်လွန်းနေတယ်"
"ရှင်သန်ဖို့အကြောင်းအရင်းကို ကျွန်တော်ရှာတွေ့ခဲ့ပြီလေ"
"မင်းတစ်ခုတော့မပြောင်းလဲသေးဘူးသိလား Rhyne။ အဲ့တာက ငါ့ကိုအခုထိမင်းမကြောက်တာဘဲ။ မင်းနဲ့ငါစတွေ့တုန်းကအချိန်ကိုအခုထိငါမှတ်မိတယ်။ အကြောက်တရားမရှိတဲ့ ခပ်ဆိုးဆိုးဂျစ်ကန်ကန်ကောင်လေးလေ။ ငါလိုမူးယစ်ရာဇာကိုတောင် ဓားနဲ့ထောက်ရဲပြီး ငါ့လက်အောက်မှာလေ့ကျင့်ထားတာမရှိဘဲနဲ့တောင်
ဂိုဏ်းထဲအရဝင်နိုင်ခဲ့တာ။ ငါအားအကိုးရဆုံးနဲ့အယုံကြည်ရဆုံးဖြစ်အောင်လုပ်နိုင်ခဲ့တဲ့ကောင်လေး"
"ကျွန်တော်ကဝင်ချင်ပါတယ်လို့တောင်းဆိုထားတာမဟုတ်ဘူးနော်။ bossက ဂိုဏ်းထဲကိုဝင်မလားအရင်မေးတာ ဆိုတာလည်းအမြဲအမှတ်ရပေးပါ boss"
"ငါအမြဲအမှတ်ရပါတယ် Rhyne။ မင်းမှတ်မိရမှာကလည်း ငါတို့ရဲ့ဘဝက ချစ်မိလို့မရတဲ့ဘဝတွေနော်။ သေခြင်းနှင့်ရှင်ခြင်းကြားမှာ ပြေးလွှားနေရတဲ့ဘဝတွေ။ ရန်သူတွေဆိုတာလည်းအရမ်းပေါတာနော် Rhyne။ အားနည်းချက်မရှိတဲ့သူက အမြဲအားနည်းချက်မရှိအောင်နေရင်နေ၊ ရှိလာခဲ့ရင်လည်း သိုဝှက်ထားနိုင်မှ ဖြစ်မှာ။"
"ကျွန်တော်သိပြီးသားပါ။ bossမပူပါနဲ့။ ကျွန်တော်ကအလုပ်နဲ့ကိုယ်ရေးကိုယ်တာအမြဲခွဲခြားတတ်တဲ့သူပါ။ ကျွန်တော့်အချစ်က ကျွန်တော့်အလုပ်ကိုလုံးဝထိခိုက်မှာမဟုတ်ဘူး"
"ငါမင်းကိုယုံပါတယ် Rhyne။ ဒါပေမဲ့ မင်းအားနည်းချက်ကမင်းကိုထိခိုက်စေတော့မယ်ဆို ငါရှင်းပစ်ရလိမ့်မယ်။ ငါက ငါ့ရဲ့ တောင်ပံတစ်ဖက်ကိုဘယ်တော့မှအပြုတ်ခံမှာမဟုတ်ဘူး"
"သူ့ကိုမထိပါနဲ့ boss။ သူ့ကိုထိခိုက်အောင်လုပ်မယ်ဆို bossရဲ့တောင်ပံတစ်ဖက်ကအလိုလိုနေရင်းပြုတ်သွားလိမ့်မယ်နော်။ ပြီးတော့ သူက ကျွန်တော့်ရဲ့အားသာချက်ပါ အားနည်းချက်မဟုတ်ဘူး"
"အဲ့လိုဖြစ်ဖို့ဘဲ မျှော်လင့်ပါတယ်"
Bossက အတန်ကြာDionကိုမဲ့ပြုံးဖြင့် စိုက် ကြည့်နေပြီး Bossရဲ့ကိုယ်ရံတော်တစ်ယောက်အခန်းထဲဝင်လာတော့မှ အကြည့်တွေကိုလွှဲတော့သည်။ ကိုယ်ရံတော်က bossကို သွားဖို့အဆင်သင့်ဖြစ်ကြောင်းပြောတော့ bossကလိုက်သွားသည်။ Dionက ဂိုဒေါင်ထဲက 2018 Suzuki GSX-S1000z urban sports motorcycleကိုထုတ်ပြီး bossရဲ့နောက်ကနေခရီးတစ်လျှောက်လုံး လိုက်သွားသည်။ကုန်းလမ်းကနေသွားတာကြောင့် နောက်နေ့မနက် 10နာရီမှဟိုဘက်ကိုရောက်သည်။ ဟိုဘက်အဖွဲ့ကနေပစ္စည်းယူပြီးတော့ Russiaဘက်ကိုflight နဲ့ကူးသည်။
ဒုတိယမြောက်နေ့
Russiaကိုရောက်တော့ Dionတို့ကအဲ့ကအလုပ်ရုံမှာ ပစ္စည်းတွေကိုသေချာပြန်စစ်ပြီး အကောင်းစားတွေကိုချည်း ပြန်ရွေးထုတ်ကာနောက်နေ့အလဲအလှယ်သွားလုပ်မဲ့အရာအတွက်ပြင်ဆင်ထားကြရ၏။ ည11နာရီလောက်ကျ Bossက အလုပ်ရုံကိုဝင်ပြီး ပစ္စည်းတွေကိုစစ်သည်။ ပြီးတော့ Dionနဲ့Rinoတို့ကို မနက်ဖြန်သွားပြီးပစ္စည်းနဲ့ငွေလဲလှယ်မည့် အစီအစဉ်ကိုအသေးစိတ်ဆွေးနွေးသည်။ Boss ကအချိန်းအချက်လုပ်ရမည့်နေရာကို တစ်ချက်စစ်ဆေးပြီး ပြင်ဆင်စရာရှိတာပြင်ဆင်ခိုင်းသဖြင့် Dionရယ်Rinoရယ်နှစ်ယောက် အဲ့နေရာကို သွားစစ်ဆေးကြသည်။
(ပြင်သစ်ဘာသာစကားဖြင့်)
"Rhyne"
"အင်း ပြောလေ"
"မင်းက Bossပြောသလိုတကယ်ပြောင်းလဲသွားတယ်သိလား"
"ငါ့ကိုယ်ငါတော့ ဓီ့ချစ်မိသွားတဲ့နှလုံးသားကလွဲရင်ဘာမှပြောင်းလဲသွားတယ်မထင်ပါဘူး"
"မင်းကအရင်ကအရမ်းအေးတိအေးစက်နေတဲ့ကောင်လေ။ အခုကျ အဲ့လိုမဟုတ်တော့သလိုဘဲ"
"မင်းထင်လို့ပါ Rinoရာ"
"တကယ်ပြောတာ။ မင်းနဲ့ပထမဆုံးစတွေ့တဲ့နေ့တုန်းကငါမမှတ်မိသေးတယ်။ ငါတို့အားလုံးဦးညွှတ်ရတဲ့bossကို မင်းက ဓားနဲ့ထောက်ပြီးလုတဲ့အချိန်လေ။ မင်းမှာကြောက်ရွံ့ခြင်းဆိုတာတကယ်မရှိဘူး။ မင်းကိုငါတို့ဖမ်းလို့ငါတို့လက်ထဲရောက်တဲ့အချိန်မင်းကိုဒူးထောက်ခိုင်းပြီး
Bossကိုဦးညွတ်ခိုင်းတာတောင် မင်းဦးမညွတ်ဘူးလေ။ အဲ့လိုဦးမညွတ်လို့ မင်းနားထင်ကိုသေနတ်နဲ့ထောက်ပြီး ခြိမ်းခြောက်တာတောင် မင်းကကြောက်လန့်တာတစ်စက်မရှိဘဲ ခေါင်းမော့ပြီး Bossကိုတောင်ဆဲလိုက်သေးတယ်။ အဲ့တုန်းကတကယ်ငါမင်းကိုသေပြီလို့ကိုထင်လိုက်တာ။ မင်းကကံကောင်းချင်တော့ Bossက မင်းရဲ့သတ္တိကို သဘောကျပြီး မင်းကိုငါတို့ဂိုဏ်းမှာ ဂိုဏ်းသားအဖြစ်ထည့်ခဲ့တာလေ"
"ငါကဝင်ချင်တာမဟုတ်ဘူးနော်။ Bossကသူ့ဘာသာသူထည့်တာ"
"အေးပါကွာ သိပါတယ်မင်းကလဲ။ လွန်ခဲ့6နှစ်ကလဲမနေ့တနေ့ကလိုဘဲ မင်းရောက်လာတာလဲမနေ့တနေ့ကလိုဘဲ။ ဘာလိုလိုနဲ့ငါတို့တွေအတူတူအလုပ်လုပ်ခဲ့ကြတာတောင် 6နှစ်ရှိပြီနော်"
"အင်း ဟုတ်တယ်"
"အစပိုင်းမင်းဝင်လာပြီး ဘာမှသိပ်မကြာလိုက်ဘဲ ဂိုဏ်းရဲ့ဒုခေါင်းဆောင်ဖြစ်သွားတုန်းကဆို ငါမင်းကိုမနာလိုဖြစ်ခဲ့သေးတယ်။ ငါ15နှစ်သားအရွယ်ကတည်းကBossနားမှာနေခဲ့တာတောင် ဒီဂိုဏ်းရဲ့ခေါင်းဆောင်အဖြစ်ရဖို့ Bossခိုင်းတဲ့အရာတွေမှန်သမျှBossယုံကြည်မှုရအောင် ပင်ပင်ပန်းပန်းနဲ့လုပ်ခဲ့ရတာကို မင်းကဘာမှလုပ်စရာမလိုဘဲ 2နှစ်လောက်နဲ့ဒုခေါင်းဆောင်ဖြစ်လာတာကို ငါတကယ်မကျေနပ်ခဲ့ဘူး"
"မင်းမကျေနပ်ဘူးဆိုလဲ ဒါဖြစ်သင့်ပါတယ်။ မင်းဘက်ကကြည့်ရင်မင်းမှန်တယ်လေ"
"ဒါပေမဲ့ Rhyneမင်းသိလား။ မင်းကတကယ်ကိုတော်တဲ့ကောင်ကွ။ အရင်ကငါမနာလိုခဲ့သလောက် အခုကျမင်းငါ့ဘေးနားမှာရှိနေတာကို ငါဝမ်းသာနေတာ။ မင်းက Bossရဲ့တောင်ပံတစ်ဖက်ဆို ငါ့ရဲ့လက်နှစ်ဖက်စလုံးဘဲ"
"ငါကအဲ့လောက်အားကိုးရတယ်ပေါ့"
"အားကိုးရရုံတင်မကဘူး မင်းကငါ့အတွက်ညီအစ်ကိုတစ်ယောက်လိုဘဲ။ ငါရင်ဖွင့်သမျှလဲမင်းဘဲနားထောင်ပေးခဲ့တာ။ ငါဆုံးဖြတ်ချက်အမှားတစ်ခုခုချမိတော့မယ်ဆိုလဲ မင်းဘဲ ငါ့ကိုသတိပေးတာ။ တစ်ခုခုဆိုငါ့နားမှာမင်းဘဲရှိတယ်။ တကယ်ပြောတာRhyne ငါ့အတွက်တော့မင်းကငါ့ညီငယ်လေးဘဲ"
"ငါ့အတွက်လဲ မင်းကအစ်ကိုကြီးတစ်ယောက်ပါဘဲ"
"အေး အဲ့လိုမှမသတ်မှတ်ရင်လည်း မင်းကိုငါပညာပေးမှရတော့မယ်"
Rinoကထိုးတော့မလို ဟန်ပြတဲ့အတွက်ကြောင့် Dionမှာရယ်ရသေးသည်။
"မင်း မြန်မာနိုင်ငံသားကိုတကယ်ချစ်တာလား Rhyne "
"တွေဝေခြင်းမရှိတဲ့ငါ့ဘဝမှာ တွေဝေမိလာတဲ့အထိဘဲ"
"မင်းအကြောင်းတွေသူသိပြီးပြီလား"
"သိသင့်သလောက်တော့ သိပြီးပါပြီ။ ဒါပေမဲ့ ငါဒီအလုပ်လုပ်နေတယ်ဆိုတာတော့သူမသိဘူး။ ငါသူ့ကိုမပြောပြထားဘူး။ သူကမူးယစ်ဆေးဝါးရောင်းတဲ့သူတွေကိုမုန်းတယ်တဲ့လေ။ သူ့သူငယ်ချင်းကမူးယစ်ဆေးဝါးကြောင့်သေခဲ့ရလို့ဆိုပြီး။ ငါသာအမှန်အတိုင်းပြောပြလိုက်ရင် သူ့နားမှာရှိခွင့်ဘယ်ရတော့မလဲ"
"မင်းကျမှ ဖြစ်ရတယ်ကွာ။ အေးပါ သူမသိတာလဲကောင်းပါတယ် ။ အေး ငါတို့ရန်သူတွေသူ့ကိုမသိဖို့လဲလိုတယ်နော်။ အခုဆို မင်းကချစ်ရမဲ့သူရှိလာတော့ ငါတို့ရန်သူတွေသာဒီအကြောင်းကိုသိသွားရင် သူအန္တရာယ်ရှိလောက်တယ်"
"ဟုတ်တယ်။ ငါသူ့အပေါ်ကိုဘာအန္တရာယ်မှမကျရောက်စေချင်ဘူး။ အထူးသဖြင့်ငါ့ကြောင့်နဲ့သူ့ကိုဒုက္ခမဖြစ်စေချင်ဘူး"
"အကြောက်အရွံ့မရှိတဲ့ကောင်က အခုကျမြန်မာနိုင်ငံသားဒုက္ခရောက်မှာကိုကြောက်နေပါ့လား"
"ချစ်မိသွားတာကိုးကွ။ ချစ်မိသွားတော့ သူခြေဖျားလက်ဖျားအေးတာလေးကအစ ငါ့မှာပူပန်နေရတာ"
"ဟုတ်ပါပြီကွာ။ ဟုတ်ပါပြီ"
"Rino မင်းရော ချစ်ဖူးလား"
Dionအမေးမှာ Rinoပြုံးနေရာက ငိုင်ကျသွားပြီး
"အင်း ချစ်ဖူးတယ်"
"ဘယ်သူ့ကိုလဲ"
"ရိုးရှင်းလွန်းတဲ့ ကောင်မလေးတစ်ယောက်ကို"
"မင်းတို့အချစ်ဇာတ်လမ်းဘယ်လိုဖြစ်သွားလဲ"
"မင်းတို့လို့သုံးတာထက် မင်းအချစ်ဇာတ်လမ်းဘယ်လိုဖြစ်သွားလဲလို့မေးတာ ပိုမှန်မယ်။ ဘာလို့လဲဆိုတော့ ငါ့ဇာတ်လမ်းကမစရသေးခင်ကတည်းကပြီးဆုံးသွားခဲ့လို့လေ"
"ဘယ်လို"
"ငါအဲ့ကောင်မလေးကို အရမ်းချစ်တာ။ ငါတို့နှစ်ယောက်ဆက်ဆံရေးကလဲ အဆင်ပြေခဲ့တယ်။ ဒါပေမဲ့ နောက်ဆုံးကျသူကတစ်ခြားတစ်ယောက်နဲ့လက်ထပ်သွားခဲ့တယ်လေ။ အဲ့တာကလဲငါ့အမှားပါ။ ငါက ချစ်ကြောင်းကိုဖွင့်ဟပြောဖို့တောင်သတ္တိမရှိခဲ့လို့လေ။ သူတစ်ခြားတစ်ယောက်ကို ရွေးသွားတာ။ အဲ့တာကြောင့် မင်းလဲချစ်ရင် ချစ်ကြောင်းကိုဖွင့်ဟဝန်ခံ။ ငါ့လိုပြီးမှနောင်တမရစေနဲ့"
"အင်းပါ..."
**ကိုယ်သတ္တိရှိဖို့လိုနေပြီထင်တယ် ဓီ။
"ဘယ်သူ့မှထပ်မချစ်တော့ဘူးလား Rino"
"အင်း ထပ်ချစ်ဖြစ်မယ်မထင်ပါဘူး။ ရင်ထဲမှာသူရှိနေသရွေ့တခြားတစ်ယောက်ဆိုတာရှိမလာနိုင်ဘူး။ သူ့ကိုလဲရင်ထဲကမထုတ်နိုင်ပြန်ဘူး။ တခြားသူနဲ့သက်ဆိုင်နေတဲ့သူ့ကို ငါကငေးနေရလဲ ပျော်နေတာမလို့။"
"မင်းကငါ့ထက်ပိုပြီးချစ်တတ်ပါတယ် Rino"
ပြုံးရုံသာပြုံးတဲ့ Rino အပြုံးမှာ အသက်မပါလှ။
အရုဏ်တက်ခါနီးမလို့ နှစ်ယောက်သမားနေရာကိုသေချာလှည့်ပတ်ကြည့် စစ်ဆေးစရာရှိတာစစ်ပြီး အလုပ်ရုံကိုပြန်လာခဲ့လိုက်သည်။
Rino ပြောတဲ့စကားဟာ နားထဲပဲ့တင်သံဟိန်းထွက်နေလေရဲ့။
"မင်းလဲချစ်ရင် ချစ်ကြောင်းကိုဖွင့်ဟဝန်ခံ။ ငါ့လိုပြီးမှနောင်တမရစေနဲ့"
*အင်း ဖွင့်ဟသင့်ပါပြီ။
__________________________________________
တတိယမြောက်နေ့ ....
ပစ္စည်းနဲ့ငွေအလဲအလှယ်လုပ်တဲ့နေရာကို bossက Rinoနဲ့Dionကိုဘဲခေါ်သွားသည်။ ဟိုဘက်ကလဲ သူ့လူနှစ်ယောက်ကိုသာခေါ်လာသည်။ ဝယ်လက်က ရုရှားလွှတ်တော်ထဲကအကြီးပိုင်းကလူထင်သည် ။ နိုင်ငံရေးသမားတွေဆိုတော့ ဒီအလုပ်ကိုပိပိရိရိနဲ့အစိုးရဝင်စွက်ဖက်လို့မရအောင်လုပ်လို့ရနေတာပေါ့။ အဲ့လူနဲ့Bossနဲ့စကားနည်းနည်းပါးပါးပြောပြီး ပစ္စည်းနဲ့ငွေ
အလဲအလှယ်ကအဆင်ပြေပြေပြီးသွားခဲ့၏။ အလဲအလှယ်ပြီးသွားတော့ BossကRussiaကနေ Netherlands ဘက်ကိုပြန်သွားသည်။ Rinoနဲ့ Dionက Russiaမှာရှိတဲ့Bossလက်အောက်က Dionတို့လိုမူးယစ်ဂိုဏ်းတစ်ခုကိုဝင်ပြီး bossခိုင်းတာလုပ်ပြီးမှပြန်လာခဲ့သည်။ အဲ့ဂိုဏ်းက မူးယစ်ဆေးတစ်ခုတင်မဟုတ်ဘဲ လူကုန်ကူးမှုလဲလုပ်သည့် ဂိုဏ်းတစ်ခုပင်ဖြစ်သည်။ Dionတို့အလုပ်ပြီးတော့ ညနေခင်းflightနဲ့ Parisကိုပြန်လာခဲ့သည်။
လေယာဉ်ပေါ်မှာ ဓီ့အကြောင်းကိုဘဲတွေးနေမိသည်။
အချစ်ဆိုတာ ဒီလိုမျိုးဘဲလား။
အချိန်ပြည့်သူ့အကြောင်းဘဲတွေးနေမိတာမျိုး။
မျက်လုံးမှိတ်လိုက်တိုင်း သူ့ကိုဘဲမြင်နေမိတာမျိုး။ အတွေးတွေထဲကိုလူတစ်ယောက်စိုးမိုးလိုက်တာနဲ့ အစိုးမိုးခံရတဲ့လူကဒုက္ခရောက်တော့တာဘဲ။ အမြဲတမ်းသူ့အကြောင်းဘဲသိချင်နေတာမျိုး။ ဘာလုပ်လုပ်သူ့ကိုဘဲသတိရနေတာမျိုး။
Parisကိုရောက်တော့ ည10နာရီခွဲနေပြီဖြစ်သည်။ လေယာဉ်ကဆင်းတာနဲ့ Dionဓီ့ဆီကိုမသွားတော့ဘဲအလုပ်ရုံကိုဘဲ Rinoနဲ့အတူလိုက်သွားလိုက်သည်။ ဓီ့ဆီကိုလွန်ခဲ့တဲ့သုံးရက်လုံးလုံး အဆက်အသွယ်မလုပ်ခဲ့ချေ။ ဒါပေမဲ့ ဓီ့ကိုသူလွမ်းပါသည်။ အလုပ်လုပ်တဲ့အချိန်မလို့ ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ပတ်သတ်တဲ့ဘယ်အရာကိုမှ မလုပ်ဘဲနေခြင်းပင်ဖြစ်သည်။ မနက်ဖြန်မနက်စောစောမှဘဲ ဓီရာ့ကိုသွားတွေ့မည်။ ဒီညတော့ အလုပ်ရုံမှာဘဲနေမယ်လို့ဆုံးဖြတ်လိုက်သည်။
မနက်ခင်းရောက်တော့ ဓီ့ဆီကိုထွက်ခဲ့လိုက်သည်။ ဓီ့ဆီရောက်တော့ မနက်9နာရီခွဲနေပြီဖြစ်သည်။ လူခေါ်ဘဲလ်တီးလိုက်တော့ ဓီကတံခါးလာဖွင့်သည်။ပြီးတော့ အံ့ဩပြီး ပျော်ရွှင်တဲ့အမူအရာဖြင့် Dionအားဖက်လာသည်။
"Dion!"
Dionပြုံးပြပြီးတော့ ဓီရာ့ကိုပြန်ဖက်လိုက်ကာ
"ကိုယ် ဓီ့ကိုလွမ်းနေခဲ့တာ"
"အင်း ကျွန်တော်ရော"
" ဓီအဆင်ပြေတယ်မလား ကိုယ်မရှိတဲ့အတောအတွင်းမှာ။ နေမကောင်းရောဖြစ်သေးလား။ ကိုယ်အရမ်းစိတ်ပူနေခဲ့တာ"
"ကျွန်တော်အဆင်ပြေပါတယ်။ လာအိမ်ထဲဝင်ရအောင်"
"အင်း"
အိမ်ထဲရောက်တော့ ဓီရာက Dion ကိုcoffeeသောက်မလားမေးပြီး coffeeတစ်ခွက်လာချပေးသည်။
"အလုပ်အဆင်ပြေခဲ့လား Dion"
"အင်း အားလုံးချောချောမွေ့မွေ့နဲ့ဘဲ အဆင်ပြေပြေလုပ်နိုင်ခဲ့တယ်"
"အင်းပါ။ ကျွန်တော့်မွေးနေ့မတိုင်ခင်တော့ Dion ပြန်လာခဲ့သားဘဲ"
"ကိုယ်ကပြောထားပြီးရင် တည်အောင်လုပ်တတ်တဲ့သူမျိုးပါ"
"ကျွန်တော်သိပါတယ်။ Dionဘယ်အချိန်ကဘယ်ပြန်ရောက်တာလဲ ဒီမနက်ကလား"
"မဟုတ်ဘူး ဓီ။ မနေ့ည10နာရီခွဲလောက်ပြန်ရောက်တာ။ ဓီအိပ်နေလောက်ပြီထင်လို့ ကိုယ်ဓီ့ဆီမလာလိုက်တာ"
"ဪ အင်းအင်း"
"ကိုယ်မရှိတဲ့ရက်အတွင်း ဓီဘာတွေလုပ်ဖြစ်လဲ"
"ကုလားကားတွေထိုင်ကြည့်ဖြစ်တယ်။ ညနေခင်းတိုင်းဒီနားတစ်ဝိုက်လမ်းလျှောက်ဖြစ်တယ်။ ဒါပါဘဲ ဘာမှထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး"
"ကိုယ်ရောက်ပြီဆိုတော့ ဓီဘာလုပ်ချင်လဲ။ ကိုယ်တို့ဒီနေ့လျှောက်လည်ကြမလား"
"ဒီနေ့တော့မလည်ချင်ဘူး Dion။ ကျွန်တော် Dionနဲ့အတူ အိမ်မှာဘဲအချိန်ကုန်ဆုံးချင်တယ်။ မနက်ဖြန်ကျွန်တော့်မွေးနေ့ဆိုတော့ မနက်ဖြန်မှ သွားလည်ကြမယ်လေ"
"အင်းရတယ်။ ဓီအဆင်ပြေသလိုလုပ်။ ဒါနဲ့ ဓီမနက်စာစားပြီးပြီလား"
"အင်း ပြီးပြီ Dion။ Dion ရော"
"ကိုယ်ကမပြီးသေးဘူး။ ဒါပေမဲ့ မဆာပါဘူး။ ပြီးမှနေ့လည်စာနဲ့ပေါင်းစားတော့မယ်"
"အင်းအင်း"
"အင်း"
ခဏအတွင်းတိတ်ဆိတ်သွားကြပြီး Dionကcoffeeသောက်ရင်း စားပွဲပေါ်ကဝတ္ထုစာအုပ်ကိုဖတ်နေသည်။ ဓီရာကတော့ Dionကိုသာငေးကြည့်နေမိသည်။
"Dion"
"အင်း ပြောလေ ဓီ။ ဘာပြောချင်လို့လဲ"
"ဟို...ချစ်မိသွားတဲ့အချိန် ဘယ်လိုဖြစ်တတ်လဲဟင်"
"ကိုယ့်အတွက်တော့ ချစ်မိသွားတဲ့အချိန် ကိုယ်သေရမှာကိုကြောက်ရွံ့လာတယ်။ အဲ့လူအနားမှာအမြဲရှိချင်တယ်။ အဲ့လူရဲ့မျက်ဝန်းတွေကိုထပ်ခါထပ်ခါငေးကြည့်ချင်တယ်။ မျက်ဝန်းတွေကိုငေးရင်း အသက်ရှင်ဖို့အကြောင်းအရင်းကိုရှာတွေ့တဲ့အချိန် အဲ့လူရဲ့ရင်ခုန်သံကအစအမြတ်တနိုးတန်ဖိုးထားမိသွားတာမျိုး။"
"Dion ဘယ်နှကြိမ်ချစ်ဖူးလဲ"
"ကိုယ့်ဘဝမှာ 528နဲ့ဆိုအကြိမ်ကြိမ်ချစ်ခဲ့ဖူးပြီး 1500နဲ့ဆို တစ်ကြိမ်ဘဲချစ်ဖူးသေးတယ်။ ကိုယ်ရှင်သန်ရမဲ့ဘဝတစ်လျှောက်လုံးမှာ တစ်ခါဘဲချစ်ချင်တယ်"
"ဘာလို့တစ်ခါထဲလည်း Dion ။ Dionချစ်တဲ့အဲ့လူကိုမပိုင်ခဲ့ရရင် Dionနောက်တစ်ယောက်ကိုထပ်မချစ်တော့ဘူးလား"
"ကိုယ့်နှလုံးသားက မချစ်ဖြစ်လောက်တော့ဘူး"
Daniel လေသံကမာကြောပြီးပြတ်သားလွန်းသည်။
"မပိုင်ရလည်း အဲ့လူကိုဘဲကိုယ်ဆက်ချစ်မယ်။ ကိုယ့်ဘက်ချစ်နေရရင်ကို ကိုယ်ကျေနပ်တယ်။ သူ့ကိုချစ်နေပါတယ်ဆိုတဲ့ခံစားချက်လေး ကိုယ့်မှာရှိနေတာကိုက ကိုယ့်ကမ္ဘာကိုပြည့်စုံစေတယ်"
"လက်ခုပ်ဆိုတာ အမြဲတမ်းနှစ်ဖက်တီးမှမြည်တာနော် Daniel"
"ကိုယ်ကချစ်မှာလေ။ လက်ခုပ်တီးမှာမှမဟုတ်ဘဲ။ လက်ခုပ်နှစ်ဖက်တီးမှမြည်တိုင်း လူနှစ်ယောက်လုံးချစ်မှအချစ်ဆို one side loveဆိုတာဘယ်ရှိလာပါ့မလဲ"
"အင်း...."
"ဘာလို့အဲ့မေးခွန်းကိုမေးတာလဲ ဓီ။ ချစ်မိသွားလို့လား"
"အင်း ချစ်မိသွားပြီထင်တယ်"
"ဘယ်နှကြိမ်ချစ်ဖူးလဲ"
"အခုမှ တစ်ကြိမ်"
"ကိုယ်နဲ့အတူတူဘဲပေါ့"
ဓီရာ ပြုံးပြီး ခေါင်းငြိမ့်ပြတော့ Dionက
"တူညီမှုတွေအများကြီးဘဲနော် ဓီနဲ့ကိုယ့်ကြားမှာ"
"အင်း ဟုတ်တယ်နော်"
အဓိပ္ပာယ်ပြည့်ဝလွန်းနေတဲ့မျက်ဝန်းတွေဟာ
ဒီနေ့မှ အရောင်တောက်ပနေသလို....
"ဪဒါနဲ့ ကိုယ်တို့ နေ့လည်စာအတွက် ဈေးသွားဝယ်ရအောင်။ ဒီနေ့ကိုယ်တို့နှစ်ယောက် အတူတူဟင်းချက်ကြမယ်လေ မကောင်းဘူးလား"
"ကောင်းတာပေါ့"
" လာ ထ။ သွားကြရအောင်"
"အွန်း"
ထုံးစံအတိုင်း taxiငှားပြီး လမ်းလျှောက်ဈေးတစ်ခုကိုသွားကြသည်။ ဈေးကသန့်ပြန့်ပြီး ဈေးသည်တွေကလည်း သဘောကောင်းကြသည်။ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ပြီး ဈေးထဲမှာရောင်းတဲ့ မုန့်တွေကိုလည်းပတ်စားခဲ့ကြသေးသည်။ Dionနဲ့အတူရှိနေတဲ့အချိန်တိုင်းမှာ ဓီရာအမြဲပျော်ရွှင်ရသည်။ မျက်နှာမှာလဲအပြုံးဟာဘယ်တော့မှမပျက်။
ဈေးဝယ်ပြီးသွားတော့ တိုက်ခန်းကိုပြန်လာကြပြီး ဝယ်လာတဲ့အသားတွေနှပ်ထားကြသည်။ အသားတွေနှပ်ထားတုန်း ကျန်တဲ့အရာတွေပြင်ဆင်ထားသည်။ ဒီနေ့ ကြက်သားကိုအကြော်မှုန့်နဲ့ကပ်ပြီး ကြက်သားကြော်မယ်။ hotpot လုပ်စားကြမယ်။ ပြီးရင် အချိုပွဲအတွက် ပူတင်းလုပ်စားကြမယ်။ ပူတင်းက Dionကသူလုပ်တတ်တယ် လုပ်ကျွေးမယ်ဆိုပြီး ပြောလို့ လုပ်ဖို့လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကိုအသင့်ပြင်ပေးထားလိုက်သည်။ ပထမဆုံး Dion ကအသားနှပ်နေတုန်း ဓီရာက hotpotအတွက်လိုအပ်တာတွေပြင်ဆင်ပေးထားသည်။ ပြီးတော့ နှပ်ထားတဲ့ အသားတွေကို Dionနဲ့အတူတူ အကြော်မှုန့်ကပ်ပြီး ကြော်သည်။ Hotpotကိုတော့ ဓီရာလည်းမချက်တတ်တော့ Dionချက်တာထိုင်ကြည့်ပြီး ဘေးကနေမပျင်းအောင်စကားပြောပေးဖြစ်သည်။
Hotpotကျက်တော့ စားပွဲပေါ်ကိုချပြီး ဓီရာချက်ထားတဲ့ထမင်းကို ခူးကာ အကုန်ပြင်ဆင်ထားလိုက်သည်။ ကြက်ကြော်ပန်းကန်ကိုလဲချပြီး အချဉ်ကိုDionလုပ်ပေးသည်။ ဒီနေ့နေ့လည်စာက တကယ်ကိုပြီးပြည့်စုံတဲ့နေ့လည်စာပင်ဖြစ်သည်။ စားလို့လည်းကောင်းပြီး ထမင်းဝိုင်းကလည်းရယ်သံများနှင့်ပြည့်နှက်နေ၏။ နေ့လည်စာစားပြီးတော့ အချိုပွဲအနေနဲ့ ရေခဲသေတ္တာထဲထည့်ထားတဲ့ ပူတင်းကိုထုတ်လိုက်ပြီး ပန်းကန်ထဲလှလှပပလေးထည့်ကာ အပေါ်ကနေ ပျားရည်လေးနည်းနည်းဆမ်းလိုက်သည်။ Dionလုပ်ထားတဲ့ပူတင်းက အမြင်လဲလှသလို အရသာလဲရှိသည်။ Dionကတကယ်ကိုတော်တဲ့ အမျိုးသားဘဲ။
နေ့လည်စာစားပြီးတော့ indian movieထိုင်ကြည့်ကြသည်။ ကြည့်နေရင်း ဓီရာ ငိုက်လာတာတဲ့ အိပ်ပျော်သွားတော့သည်။
ဇာတ်ကားကြည့်နေရင်း ကိုယ့်ပုခုံးပေါ်မှီပြီး အိပ်ပျော်သွားတဲ့ ဓီ့ကို ကြည့်ပြီး Danielပြုံးမိသည်။ ဒီအနေအထားလေးအတိုင်းဘဲ အိတ်ကပ်ထဲကဖုန်းကိုထုတ်ကာ စားပွဲပေါ်ကပန်းအိုးမှာထောင်ပြီး ဓာတ်ပုံရိုက်လိုက်သည်။ ပြီးတော့ ဇာတ်ကားကိုပိတ်ကာ ဓီ့ကိုချီပြီး အခန်းထဲပို့ဖို့ထလိုက်သည်။ Dionသတိထားမိတဲ့ ဓီ့ရဲ့အကျင့်တစ်ခုက ဓီကတစ်ခုခုစားပြီးအိပ်ပြီဆို အိပ်ရေးမဆတ်တတ်သူပင်ဖြစ်သည်။ ခုလဲ သူ့ကိုချီထားတာတောင် မနိုးပေ။ အခန်းထဲရောက်တော့ ဓီ့ကိုအိပ်ယာပေါ်ချလိုက်ပြီး နဖူးပြေပြေလေးထက်ကို ခပ်ဖွဖွလေးနမ်းလိုက်သည်။ Dionကတော့ ဒိုင်ယာရီစာအုပ်ထုတ်ကာ ဒီနေ့နေ့စွဲတပ်ပြီး စရေးတော့သည်။
Dionရဲ့ ဒိုင်ယာရီစာအုပ်က ဓီနဲ့စတွေ့တဲ့နေ့ကမှရေးဖြစ်တဲ့ပထမဆုံးသောစာအုပ်ပင်ဖြစ်သည်။ စာမျက်နှာတစ်ရွက်ချင်းစီမှာ ဓီ့အကြောင်းတွေသာနေရာယူနေသည်။ ပေးသိလို့မဖြစ်ပေမဲ့ ဓီ့ကိုသိစေချင်တဲ့အကြောင်းအရာတွေလဲပါနေသည်။ Dionက ဘယ်သူဖြစ်ပြီး တကယ့်အစစ်အမှန်ကဘာလဲဆိုတာကိုရေးထားသည်။ လှပတဲ့ရေစက်လေးဖြစ်ခဲ့ပေမဲ့ လှပတဲ့အဆုံးသတ်လေးမဟုတ်ခဲ့ရင်တောင် ဓီ့ကိုအစစ်အမှန်ဆိုတဲ့အရာတွေနဲ့သာ ထိတွေ့စေချင်သည်။ တစ်ချိန်ချိန်...တစ်ချိန်ချိန်မှာ ဓီဟာဒီဒိုင်ယာရီစာအုပ်လေးရဲ့ပိုင်ရှင်ဖြစ်မှာပင်။
ဒိုင်ယာရီစာအုပ်လေးရဲ့ ယနေ့စာမျက်နှာမှာတော့
ဘာကိုမှမကြောက်တတ်တဲ့ကိုယ်က
ဓီ့ကိုဆုံးရှုံးရမှာကို ကြောက်တတ်နေပြီ
မနူးညံ့တတ်တဲ့ ဒီလူက
ဓီ့ကိုဆို ကြမ်းတမ်းခြင်းတွေ
မထိတွေ့စေခဲ့ဘူး
ဓီရာနိုးလာတော့ အိပ်ယာပေါ်ရောက်နေပြီဖြစ်သည်။ နာရီကိုကြည့်တော့ ည11ခွဲနာရီရှိနေပြီ။ ဘေးကိုကြည့်လိုက်တော့ Dionက ကုတင်ပေါ်မှောက်ပြီး အိပ်ပျော်နေပြန်သည်။ ဒီတစ်ခါမှာတော့ ဓီရာ Dionရဲ့အဝါရောင်ဆံပင်တွေကိုကိုင်ကြည့်လိုက်သည်။ ဓီရာ့ဘေးမှာအိပ်ပျော်နေတဲ့ထိုအမျိုးသားဟာ အေးချမ်းလွန်းလှသည်။ ပျော်ရွှင်မှုကိုဘဲဖြစ်ပေါ်တည်ရှိစေသူဖြစ်သည်။
"Dion...။ Dion"
"အင်း။ ဘာလို့လဲ ဓီ။ ဘာလိုချင်လို့လဲ"
"ဘာမှမလိုချင်ပါဘူး။ Dion အခုလိုအိပ်နေတာ ကြာရင် ဇက်တွေနာပြီးကျီးပေါင်းဖြစ်မှာစိုးလို့။ အဲ့တာ အောက်ထပ်မှာရှင်းပြီးသားအခန်းတစ်ခန်းရှိတယ် အဲ့အခန်းသွားအိပ်ပါလား"
"မအိပ်ချင်ဘူး။ ဝေးတယ်"
"ဟင် ဘာကိုဝေးတာလဲ"
"ဓီနဲ့ ဝေးတယ်လေ။ တော်ကြာတစ်ယောက်ယောက်ဝင်လာပြီး ဒုက္ခပေးရင် ကိုယ်အနားမှာရှိမနေတော့ ဒုက္ခရောက်ကုန်မှာပေါ့။ မဖြစ်ဘူး ကိုယ်ဓီ့အနားမှာနေမှဖြစ်မှာပါ"
"ဒါပေမဲ့ ဒီလိုကြီးအိပ်နေလို့မဖြစ်ဘူးလေ"
"အဲ့ဆို ဓီ့ဘေးမှာလာအိပ်မယ်လေ။ ကုတင်ကလည်းနှစ်ယောက်အိပ်ကုတင်ဆိုတော့ ဆံ့မှာပါ"
"ဟင်..."
"မအိပ်ရဘူးလား"
"မဟုတ်.."
"အဲ့ဆို ဟိုဘက်ဘေးနည်းနည်းတိုး"
Dionကုတင်ပေါ်တက်လာတော့ ဓီဘေးကိုတိုးပေးလိုက်ရသည်။ ပြီးတော့ Dionကို ခေါင်းအုံးတစ်လုံးပေးပြီး စောင်ကတော့ Dionကမခြုံဘူးဆိုလို့ ဓီရာဘဲခြုံထားသည်။ Dionနဲ့ ဓီရာ လှည့်တာချင်းတူသွားတော့ မျက်နှာချင်းဆိုင်မိသွားသည်။
Dionနဲ့ မျက်လုံးချင်းဆုံမိတဲ့ အချိန်မှာ
ရင်ထဲမှာ ဘာမှန်းမသိတဲ့ခံစားချက်တစ်ချို့ဖြစ်ပေါ်လာသည်။ အဲ့အရာက ကြည်နူးမှုလား။ အဲ့အချိန်မှာ နာရီတွေရပ်တန့်သွားပြီး လေညှင်းကသာတိုက်ခတ်နေသည်လို့သာထင်ရသည်။
"Happy birthday ဓီ။ အခု ည12နာရီထိုးသွားပြီ ဓီ့မွေးနေ့ကိုရောက်သွားပြီ။ ကံကောင်းခြင်းတွေနဲ့ပျော်ရွှင်ခြင်းတွေသာ ဓီ့ဘဝမှာကြုံတွေ့ရပါစေ"
Dionရဲ့ စကားအဆုံး ဓီရာ မျက်လုံးများမှိတ်သည်ထိပြုံးလိုက်ရင်း
"ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ ကျွန်တော့်ဘဝမှာ ဒီလိုအချိန် Happy birthdayလို့အပြောခံရတာ ဒါပထမဆုံးဘဲ။ ကျေးဇူးပါ Dion"
"မလိုဘူးလေ ဓီရယ်။ အိပ်တော့နော် မနက်ဖြန်မွေးနေ့ကိုဖြတ်သန်းဖို့ အိပ်ရေးဝပြီး စိတ်ကြည်လင်နေဖို့လိုတယ်။ ဟုတ်ပြီလား အိပ်တော့"
"အွန်းအွန်း"
Dionကသူ့မျက်လုံးတွေမှိတ်လိုက်တဲ့အခါ ဓီရာလည်းမျက်လုံးတွေမှိတ်ကာ အိပ်ပျော်ဖို့ကြိုးစားမိသည်။ မျက်လုံးထဲပုံရိပ်တစ်ခုကစွဲထင်နေပြီး အဲ့ပုံရိပ်မြင်လွှာကိုလာဟပ်တဲ့အခါ ဓီရာရဲ့နှုတ်ခမ်းတွေကမသိမသာကော့တက်သွားပါတော့သည်။ ဒီညကို parisမှာဖြတ်သန်းခဲ့ရတဲ့ညတွေထဲကအလှဆုံးညလို့သတ်မှတ်လိုက်ပြီး အိမ်မက်ကမ္ဘာဆီသို့ဦးတည်လိုက်တော့သည်။
___________________________________________
29/7/2024(Monday)
_elf_
You are reading the story above: TeenFic.Net