Unicode
ဓီရာဒီနေ့တော့ စောစောထရေမိုးချိုးပြီးအသင့်ဖြစ်နေသည်။ အင်္ကျီလဲပြီးတော့ အောက်ထပ်ကိုဆင်းကာ Dionအလာကို စာအုပ်ဖတ်ပြီးထိုင်စောင့်နေသည်။စာအုပ်ဖတ်ပေမဲ့ စာအုပ်ထဲစိတ်မရောက်ဘဲ ဒီနေ့ဘယ်ကိုသွားလည်ရမှာလဲဆိုပြီးသာ ရင်ခုန်နေမိသည်။
"တင်းတောင်!"
ဘဲလ်တီးသံကြားတာနဲ့ ဓီရာထိုင်ရာကထပြီး တံခါးသွားဖွင့်ပေးလိုက်သည်။
"Bonjour"
"Bonjour Dion။ လာ အိမ်ထဲဝင်လေ"
"အင်းအင်း"
အိမ်ထဲရောက်တော့ Dionက ဓီရာ့ကိုခေါင်းအစခြေအဆုံးကြည့်ပြီး
"ဒီနေ့ ဓီ အစောကြီးထပြီးပြင်ဆင်ထားတယ်ထင်တယ်"
"ဟုတ်တယ်။ Dionကိုစောင့်ခိုင်းရမှာအားနာလို့လေ"
"ဟုတ်ပါပြီ။ ဒီနေ့outfit လေးလဲ မိုက်တယ်။ ဓီကအတော်ကိုချောတဲ့လူဘဲ"
ရှပ်အင်္ကျီအနက်ကို ကာကီရောင်ဘောင်းဘီတိုနဲ့တွဲဝတ်ထားတဲ့ ရှေ့ကမြန်မာအမျိုးသားလေးက ကြည့်လို့ကောင်းသည်။ အမာရွတ်မရှိတဲ့ခြေသလုံး၊ ဖြူလွန်းလို့ အကြောစိမ်းတွေပါမြင်နေရတဲ့ခြေဖမိုးတွေက ဒူးထောက်ဦးညွှတ်ချင်စရာ။ Dionရဲ့စိတ်တွေက ဓီ့ကိုမြင်ရင်ကို အစိုးမရတော့ဘဲ ချုပ်ထိန်းရခက်လာသည်။ စတွေ့ကတည်းက ဓီ့အပေါ်မှာသူဘယ်လိုစိတ်မျိုးထားလဲဆိုတာ တန်းရိပ်မိပါတယ်။
နှလုံးသားကိုလွတ်လပ်ခွင့်ပေးထားတဲ့သူပါ။
မြင်မြင်ချင်းအချစ်ကိုယုံစားတဲ့သူပါ။
မိန်းမတွေကိုကျော်လွန်ပြီး
ယောက်ကျားတစ်ယောက်ကိုပိုပြီး
မြတ်နိုးမိတဲ့သူပါ။
အချိန်တိုလေးအတွင်းမှာ ချစ်မိခဲ့တယ်ဆိုပေမဲ့ သူ့အချစ်တွေကတကယ်ဘဲ ဒီလူသားအပေါ်မှာစစ်မှန်ပါတယ်။
"Dionက ကျွန်တော့်ထက်ပိုမိုက်ပါတယ်ဗျာ။ ဒါနဲ့ Dionကို ကျွန်တော်မေးစရာရှိလို့"
"မေးလေ ဓီ။ ဘာမေးမလို့လဲ"
"Dionတို့ ပြင်သစ်သားတွေက အမြဲတမ်းမိမိုက်ပြီးချောနေကြတာလားဟင်"
"ဘာလို့လဲ ဓီရဲ့"
"ဘယ်အချိန်ကြည့်လိုက်ကြည့်လိုက် Dionကအမြဲချောနေလို့လေ"
Dionက နှုတ်ခမ်းစွန်းတွေအပေါ်ကိုကော့တက်သွားသည်အထိပြုံးပြီး ခေါင်းရမ်းကာ
"ဓီက ကိုယ့်ကိုမြှောက်နေတာဘဲ"
"မမြှောက်ပါဘူး တကယ်အတည်ပြောတာ။ Dionအခု ဝတ်ထားတာဆိုအရမ်းမိုက်တယ်"
စစ်စိမ်းရောင် ဂျင်းသားဘောင်းဘီအကျပ်ထဲ အပေါ်ကထောပတ်သီးရောင်ရှပ်အင်္ကျီကိုသွင်းဝတ်ထားသည့် Dion ကဒီနေ့တစ်မျိုးကြည့်ကောင်းနေသည်။
"Dionက စစ်စိမ်းရောင်နဲ့အရမ်းလိုက်တယ်နော်"
"အင်း။ စစ်စိမ်းရောင်ကကိုယ်အကြိုက်ဆုံးအရောင်လေ"
"ဪ အဲ့လိုကိုး"
"ဓီကရော ဘာအရောင်ကြိုက်လဲ"
"ကျွန်တော်ကကျ အရောင်နုနုလေးဆိုအကုန်သဘောကျတယ်။ အကြိုက်ဆုံးဆိုရင်တော့ အစိမ်းနုရောင်။ အဲ့အရောင်လေးကစိတ်ကိုအေးချမ်းစေတယ်"
"အင်း ဓီ့လိုဘဲ"
"ဟင်.."
"အစိမ်းနုရောင်က ဓီ့လိုဘဲစိတ်ကိုအေးချမ်းစေတယ်လို့"
ဓီရာ ပြောစရာစကားတွေပျောက်ဆုံးသွားသည်။ Dionကတော့ ဓီရာခုနကဖတ်ပြီးချထားတဲ့စာအုပ်ကို ကောက်ကိုင်ကာ ဖတ်နေ၏။
"ကိုယ်တို့သွားကြတော့မလား"
"အင်း။ သွားကြမယ်"
ဒီနေ့တော့ မနက်စာအတွက် Les Deux Magotsဆိုင်မှာဝင်စားပြီး ဧရာမ Arc de Triomphe ကိုသွားကြသည်။
"ဒီနေ့က sundayဆိုတော့ Arc de Triompheကသွားရတာအဆင်ပြေတယ်လေ။ ဒီနေရာကို ဥရောပတစ်လွှားမှာရှိတဲ့ စစ်တပ်၏အောင်ပွဲတွေကို ဂုဏ်ပြုဖို့အတွက် ၁၈၀၆ ခုနှစ်မှာ နပိုလီယံကနေ တာဝန်ပေးအပ်ခဲ့တာလေ။ Arc de Triomphe ကပါရီမြို့၏ အကျော်ကြားဆုံး အထိမ်းအမှတ် အဆောက်အအုံတွေထဲက
တစ်ခုဖြစ်ပြီး Champs-Elysées ၏ အနောက်ဘက်စွန်းမှာရှိတယ်။ ဒါပြီးရင် Champs-Elyséesကိုလိုက်ပြမယ်"
"အင်းအင်း"
"ဒီArc de Triomphe ကပြင်သစ်တော်လှန်ရေးနှင့် နပိုလီယံစစ်ပွဲတွေမှာ ပြင်သစ်နိုင်ငံအတွက် တိုက်ပွဲဝင်ပြီး ကျဆုံးသွားခဲ့တဲ့သူတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြုလုပ်ထားတာ။ ပြင်သစ်အောင်ပွဲတွေ နှင့် စစ်ဗိုလ်ချုပ်တွေ အားလုံးရဲ့ အမည်တွေကို
Dion ပြောပြတာတွေနားထောင်ပြီး Arc de Triomphe ကိုလည်ပတ်ခဲ့သည်။
"ဒီနေ့တော့ ကိုယ်တို့တွေ ရပ်ကွက်ထဲတင်လည်တာမျိုးမဟုတ်ဘဲ ဟိုသွားဒီသွားလျှောက်သွားကြမယ်။ တစ်နေရာထဲဆို လမ်းလျှောက်ရတာများတော့ ဓီပင်ပန်းပြီးထပ်နေမကောင်းဖြစ်မှာစိုးလို့"
"အင်းပါ။ အခုလိုကျွန်တော့်အတွက်စဉ်းစားပေးတဲ့အတွက်လဲ Dionကိုကျေးဇူးတင်ပါတယ်"
"ရပါတယ် ။ မလိုအပ်တာတွေဘဲ ဓီ"
Arc de Triomphe ကိုသေချာလှည့်ပတ်ကြည့်ပြီးတော့ Musée du Louvreကိုသွားကြသည်။
"ကိုယ်တို့အခု Mona Lisaပန်းချီကားရှိတဲ့ Louvre ပြတိုက်ကိုသွားနေတာ။ အစက
Champs-Elyséesကိုလိုက်ပြမလို့လုပ်ပေမဲ့ ညပိုင်းလောက်မှသွားရင် ညရှုခင်းကိုပါခံစားလို့ရအောင်လို့ အခုမသွားတော့တာ"
"အင်းပါအင်းပါ။ Dion အဆင်ပြေသလိုသာစီစဉ်။ ကျွန်တော်ကရတယ်"
"ကိုယ့်သဘောမှန်သမျှကို လိုက်လျောမယ်ဆိုတဲ့သဘောလား ဓီ"
"Dionက ကျွန်တော့်အတွက်စဉ်းစားပေးပြီး ပြောတာဘဲဟာ။ လိုက်လျောရမှာပေါ့"
ပြောချင်တဲ့ စကားရဲ့အဓိပ္ပာယ်ကိုမသိတဲ့ ဓီက ရှေ့နေတစ်ယောက်တဲ့လား။ အပြစ်ကင်းတဲ့ပုံစံလေးနဲ့ဘဲ ဓီကလိုက်ပါတယ်။ ဓီသာအရာအားလုံးကိုရိပ်မိနေရင် Dion ဓီ့အနားမှာရှိခွင့်ရမှာမှမဟုတ်ဘဲ။
Louvreကိုရောက်တော့ လျှောက်ပတ်ကြည့်ကြရင်း ဓီနဲ့စကားပြောဖြစ်ကြတော့ ဓီ့အကြောင်းကိုတဖြည်းဖြည်းပိုသိလာသည်။
"ဒီပြတိုက်က BC 4,000 ကနေ အေဒီ 4 ရာစုအထိနိုင်းမြစ်ယဉ်ကျေးမှုက ရှေးဟောင်းပစ္စည်းတွေ ကို ပြသထားတာလေ။ကမ္ဘာ့အကြီးဆုံး စုစည်းမှုမှာ ရှေးအီဂျစ်၊ အီဂျစ်၊ အလယ်အလတ်နိုင်ငံ၊ နိုင်ငံသစ်၊ ကော့ပတစ်အနုပညာနှင့် ရောမ၊ Ptolemaic နှင့် Byzantine ခေတ်ကာလများကို ခြုံငုံဖော်ပြထားတာ"
"အဲ့တာကြောင့် အီဂျစ်ကပစ္စည်းတွေကိုအများဆုံးတွေ့ရတာကိုး"
"အင်းဟုတ်တယ်"
ဆက်ပြီးလျှောက်ပတ်ကြည့်ကြရင်း..
"ဓီက အဖိုးအဖွားတွေနဲ့နေတာလား"
"အင်း ဆိုပါတော့"
"ဘာလို့မိဘတွေနဲ့မနေတာလဲ"
Dionမေးလိုက်တဲ့မေးခွန်းကြောင့် ပြုံးနေရာကနေ မျက်နှာညှိုးသွားသည်။
"ကျွန်တော် 7နှစ်သားမှာ မေမေက car accidentဖြစ်ပြီး ဆုံးသွားတာလေ"
"ဆုံးသွားတယ်ဆိုတာ.."
"သေသွားတာ"
"ဪ ကိုယ်စိတ်မကောင်းပါဘူး"
"ရပါတယ် Dionလဲသိသိရက်နဲ့မေးတာမှမဟုတ်ဘဲ"
"ဓီ့ အဖေကရောဟင်"
"အဖေက car accidentက ဒဏ်ရာကြောင့် 5နှစ်လောက် ကိုမာဝင်ခဲ့တယ်။ ပြန်ကောင်းလာတော့ မှတ်ဉာဏ်တွေထဲတချို့တဝက်ကပျောက်ဆုံးသွားတယ်လေ။ သူမှတ်မိချင်တဲ့အပိုင်းအခြားတစ်ခုထိဘဲ မှတ်မိတယ်။ အဲ့အပိုင်းအခြားက Dionဟိုတစ်နေ့တုန်းကကြည့်တဲ့ ကျွန်တော်တစ်နှစ်သားတုန်းကမိသားစုဓာတ်ပုံထဲ အချိန်ဘဲ။
အဲ့အချိန်အထိဘဲမှတ်မိပြီး 12နှစ်သားကျွန်တော့်ကိုတော့ သူ့သားလို့မသိတော့ဘူးလေ။ အမြဲတမ်းအမေ့ကိုရှာတယ်။ 1နှစ်သားကျွန်တော့်ကိုရှာတယ်။ အဖေ့ကိုဖိုးဖိုးတို့က အပန်းဖြေစံအိမ်တစ်ခုမှာ nurseတွေdoctorတွေနဲ့အပြည့်အစုံထားထားတယ်။ စိတ်ကျန်းမာရေးဆေးရုံနဲ့ဘာမှတော့သိပ်မကွာပါဘူး။
လွန်ခဲ့တဲ့နှစ်နှစ်က အဖေ့မှတ်ဉာဏ်တွေပြန်ရတယ်။ ဒါပေမဲ့ အမေသေသွားတဲ့အတွက် အဖေကစိတ်ထိခိုက်နေတယ်။ ကျွန်တော်တို့ကို စကားသိပ်မပြောဘဲ အချိန်ပြည့် အဖေနဲ့အမေရဲ့အိပ်ခန်းထဲမှာ အချိန်ကုန်လေ့ရှိတယ်။"
ဓီ ပြောပြတဲ့အကြောင်းတွေက Dionစိတ်ထဲ ဝမ်းနည်းစေသည်။ Dionရဲ့ရင်ထဲမှာ ဝမ်းနည်းမှုကိုမခံစားရသည်မှာ နှစ်ပေါင်းများစွာကြာရှိနေပြီ။ Dionရဲ့အလုပ်က ပျော့ညံ့စေတဲ့စိတ်ခံစားချက်အချို့ကို ဖျောက်ဖျက်ပစ်ရတယ်လေ။ ပျော့ညံ့လို့မရဘဲ စိတ်ဓာတ်ပြင်းထန်နေရမယ်။ စိတ်ခံစားချက်ပြတ်သားရမယ်။ ဒါDionအမြဲတမ်း သင်ယူခဲ့တဲ့အရာ။
"ဓီ့အဖေအတွက် အချိန်တစ်ခုလိုနေလို့ပါ။ အဲ့အချိန်ပြီးသွားရင် ဓီ့ကိုအရင်လိုစကားတွေပြန်ပြောပါလိမ့်မယ်"
"အင်းပါ။ Dionပြောတဲ့အတိုင်းဖြစ်ပါစေလို့ဘဲ ဆုတောင်းပါတယ်"
Mona lisaပန်းချီကားရှေ့ရောက်တော့ ခဏရပ်ကြည့်ပြီး
"ကမ္ဘာကျော် Mona Lisaပန်းချီကားဘဲ"
"အင်း။ ကိုယ်တော့လှတယ်မထင်ဘူး"
"ဘာလို့လဲ Dion"
"မသိဘူး။ ကိုယ်ကဘဲအလှအပမခံစားတတ်တာလားမသိပေမဲ့ Mona Lisaပန်းချီကားကိုလှတယ်လို့မထင်တာတော့အမှန်ဘဲ။ ဒါပေမဲ့လက်ရာတော့ပြောင်မြောက်ပါတယ်"
"အင်း ကျွန်တော်ကတော့ ပန်းချီနဲ့ပတ်သတ်ပြီးအမြင်မရှိပါဘူး။ ဒီတိုင်းကြည့်လို့လှတယ်ထင်တယ် ကြိုက်လိုက်တာဘဲ။ စံချိန်စံညွှန်းတွေလဲကျွန်တော်မသိတော့လေ"
"အင်း အမြင်မရှိလဲကိစ္စမရှိပါဘူး။ လူတိုင်းကအမြင်ရှိနေဖို့မှမလိုဘဲ ဟုတ်တယ်မလား"
"ဒါပေါ့ဒါပေါ့။ လူတွေဆိုတာ တစ်ယောက်နှင့်တစ်ယောက်တူမနေလို့ ဒီကမ္ဘာမှာကိုယ့်ဖြစ်တည်မှုတွေနဲ့ ကိုယ့်အကျင့်တွေနဲ့ ကိုယ့်ဘဝတွေနဲ့ကိုယ် ဖြစ်တည်နေကြတာမလား။ လူတစ်ဦးရဲ့အတွေးအခေါ်တွေက တခြားသူတွေနဲ့မတူဘဲကွဲပြားနေတယ်ဆိုရင်တောင် အဲ့လူဂုဏ်ယူရဦးမှာ။ တူညီတဲ့အတွေးအခေါ်တွေကြားမှာ သူကဘဲကွဲပြားအောင်တွေးခေါ်နိုင်လို့လေ"
"အင်း။ သူ့အမြင်ကိုယ့်အမြင်ဆိုတာရှိမှ တိုးတက်ရမဲ့အရာတွေတိုးတက်မှာပေါ့။ ဟုတ်တယ်မလား"
"ဒါပေါ့"
"ဓီက ကိုယ်နဲ့ခံယူချက်တွေတူသားဘဲ"
"ဟုတ်တယ်နော်။ ကျွန်တော်နဲ့အတွေးတူတဲ့သူနဲ့ဒီတစ်သက်တွေ့ပါ့မလားလို့စဉ်းစားနေတာ။ အခုတော့တွေ့ရပြီ"
"ကိုယ်လဲ ဓီနဲ့တွေ့ရတာအရမ်းဝမ်းသာတယ်"
"အင်း ကျွန်တော်ရော"
Louvreပြတိုက်မှာလျှောက်လည်ပြီးပြန်ထွက်လာတော့ နေ့လည် 1နာရီကျော်လောက်ရှိပြီဖြစ်သည်။Louvre မှ Place St. Michel သို့ လမ်းလျှောက်ရင်း Seine တစ်လျှောက်၌ နွေလများတွင် ဆွဲဆောင်မှုရှိသော နက်မှောင်၍ စိမ်းစိုသော အရွက်များနှင့် Lindenသစ်ပင်များကိုတွေ့ရသည်။
Place St. Michelပြီးတော့နေ့လည်စာအတွက် Rue Rivoli ရှိ Angelina မှာသွားစားကြသည်။ Danielက Hot Chocolateနဲ့ စားကောင်းတဲ့ပေါင်မုန့်အချို့ကို မှာပေးသည်။ စားပြီးတော့ Tuileries ဥယျာဉ်ရယ်Saint Honore နှင့်Place Vendome တို့ကိုခဏလောက်လျှောက်လည်ပြီး ညနေ6နာရီထိုးသွားတော့ Dionက Champs-Elysées ကိုသွားမယ်လို့ပြော၏။
"Champs-Elysées မသွားခင် ကိုယ်တို့တစ်နေရာကိုအရင်သွားရအောင်"
"ဘယ်သွားမလို့လဲဟင်"
" ဓီ မြေအောက်ရထားစီးဖူးလား"
"ဟင့်အင်း တစ်ခါမှမစီးဖူးဘူး"
"အဲ့ဆိုအခု သွားစီးရအောင်"
"မြေအောက်ရထားလား"
"အင်းလေ။ လာ သွားကြမယ်"
Dionက ဓီရာ့လက်ကိုဆွဲပြီးခေါ်သွားလေ၏။ ပြီးတော့ ပြောသေးတယ် ဓီ့ရဲ့လက်တွေကအေးနေပြန်ပြီနော်တဲ့။ ဓီရာ့လက်တွေကအေးသလောက် လက်ကိုဆုပ်ကိုင်ထားတဲ့Dion လက်တွေကတော့ နွေး၏။ ဓီရာ့ကိုဆက်ဆံတဲ့ပုံစံတွေရော၊ အပြုံးတွေရောက နွေးထွေးသည်။ Dionမှာ နွေးထွေးတဲ့နှလုံးသားတစ်စုံလဲရှိပေသည်။
မြေအောက်ရထားစီကို မှတ်တိုင်အရပ်နဲ့ ဓီရာတို့အရောက်နဲ့ကွက်တိပင်။ နှစ်ယောက်လုံး ရထားပေါ်တက်ပြီး ခုံပေါ်မှာထိုင်လိုက်ကြသည်။ လူရှင်းတော့ ထိုင်စရာထိုင်ခုံတွေပေါသည်။
"ဘယ်လိုလဲ မြေအောက်ရထားစီးရတာ"
"မိုက်တယ်။ ကျွန်တော်တို့မြန်မာနိုင်ငံက surface trainတွေနဲ့တော့မတူဘူး။ ဒါကလဲတစ်မျိုးတော့စီးလို့ကောင်းပါတယ်"
"ဓီက ရထားစီးရတာကြိုက်လား"
"အင်းကြိုက်တယ်။ ကချင်ပြည်နယ်ဘက်ဘဲဖြစ်ဖြစ် ရှမ်းပြည်နယ်ဘက်ဘဲဖြစ်ဖြစ်သွားရင် အမြဲရထားစီးသွားတာလေ။ ရထားစီးရတဲ့feelingကိုသဘောကျတယ်။ သဘာဝရှုခင်းတွေဖြစ်တဲ့ တောင်တန်းတွေ၊ နေဝင်ချိန်၊နေထွက်ချိန်တွေ နဲ့ တိုက်ခတ်တဲ့လေကအစ သဘောကျတယ်။ ရထားစီးရင်း စာအုပ်ဖတ်ရတာလဲကြိုက်တယ်၊သီချင်းနားထောင်ရတာလဲကြိုက်တယ်"
"အင်း ကိုယ်လဲရထားပေါ်မှာစာအုပ်ဖတ်ရင်းသီချင်းနားထောင်ရတာကိုကြိုက်တယ်။ အဲ့feelingက ဘာနဲ့မှမတူဘူး။ လေတဖြူးဖြူးနဲ့ စာအုပ်ဖတ်ရင်း နားကြပ်လေးတပ်ပြီးသီချင်းနားထောင်ရတာ စိတ်ကိုအေးချမ်းစေတယ်"
"ဟုတ်တယ်"
"ဓီက သီချင်းဆိုဘယ်လိုအမျိုးအစားမျိုးနားထောင်လဲ"
"Pop ကိုဘဲနားထောင်ဖြစ်တာများပါတယ်။ သီချင်းအေးအေးလေးတွေဆိုပိုသဘောကျသလိုဘဲ။ အေးအေးလေးနဲ့သံစဉ်ကလဲစီးမျောလို့ကောင်းတာမျိုးလေးလေ။ Dionကရော"
"ကိုယ်ကတော့ သီချင်းဆိုမကြိုက်တာမရှိပါဘူး။ အကုန်နားထောင်ဖြစ်တယ်"
"ကျွန်တော်လဲ နားထောင်တာတော့ စုံနေတာဘဲ။ တရုတ်တွေရော၊ ထိုင်းတွေရော၊ Englishတွေရောဘဲ။ နားသာမလည်တာ တစ်ခါတစ်လေspainishတို့ Portugueseတို့ တောင်ပါသေးတယ်"
"English songတွေမှာဆို ဘယ်သီချင်းတွေနားထောင်ဖြစ်လဲ"
"One directionရဲ့သီချင်းတော်တော်များများနားထောင်ဖြစ်တယ်။ Ed Sheeranရဲ့ perfectလို အေးတာသဘောကျပေမဲ့ shape of youကိုလဲကြိုက်တယ်"
" ဓီက ကိုယ်နဲ့တော်တော်များများတူတာဘဲ။ ကိုယ်ကShawn Mendesသီချင်းတွေလည်း နားထောင်ဖြစ်တယ်။ ပြီးတော့ Taylor Swiftရဲ့သီချင်းတွေလည်းနားထောင်ဖြစ်တယ်"
"ကျွန်တော်ရောဘဲ။ Shawn Mendesထဲမှာဆို falling all in youကိုသဘောအကျဆုံးဘဲ သူကအေးတဲ့ဘက်သွားတယ်လေ"
"ကိုယ်က မြူးတာပိုသဘောကျတဲ့သူဆိုတော့ Shawn Mendesမှာအကြိုက်ဆုံးက There's nothing holding me backနဲ့ treat you better။ taylorရဲ့သီချင်းတွေကတော့အားလုံးနီးပါးသဘောကျပါတယ်"
"ကျွန်တော်တို့နှစ်ယောက်က သီချင်းတွေအကြောင်းလဲဆွေးနွေးလို့ရသားဘဲ"
"ဟုတ်တယ် ဓီသိလား။ ကိုယ်ကလေ မြန်မာဝတ္ထုတွေလည်းဖတ်တယ်။ ဓီဆွေးနွေးချင်ရင် အဲ့အကြောင်းလဲဆွေးနွေးလို့ရတယ်"
"Dionနဲ့တွေ့ရတာ ကျွန်တော့်ရဲ့နွေဦးကံကောင်းခြင်းတွေထဲကတစ်ခုဘဲ"
"ကိုယ့်အတွက်တော့ ဓီကိုယ်တိုင်က ကံကောင်းခြင်းဘဲ"
"ဟင်.."
"ဆင်းရမဲ့နေရာရောက်ပြီ လာ"
"ဪ အင်းအင်း"
ရထားပေါ်ကဆင်းပြီး လှေကားထစ်တွေကနေတဆင့်အပေါ်ပြန်တက်ပြီး Champs-Elyséesကိုသွားကြသည်။ တကယ်တော့ Champs-Elyséesကသိပ်ကိုလှပသည့် လမ်းတစ်ခုပင်။ ညပိုင်းမှာဆိုတော့ လမ်းမီးရောင်တွေနှင့် ချစ်စရာစတိုးဆိုင်တွေကဖွင့်ထားတဲ့မီးရောင်တွေက Champs-Elyséesရဲ့အလှကိုပံ့ပိုးနေသယောင်ယောင်။
"ကျွန်တော် ဒီလမ်းမှာအခုလိုလမ်းလျှောက်ရတော့ မန္တလေးသွားတုန်းက ကျုံးဘေးမှာလမ်းလျှောက်ခဲ့တဲ့အချိန်ကိုပြန်သတိရသွားတယ်။ အခုလိုညပိုင်းမှာဘဲ လမ်းလျှောက်တာလေ ဆိုင်ကယ်တွေရော ကားတွေရောနဲ့လမ်းကစည်နေတာဘဲ။ကျုံးကြီးနဲ့နန်းတော်ကြီးကလဲလှမှလှ။အော်ဒါနဲ့ Dion ကျွန်တော့်ကိုရထားပေါ်မှာပြောတယ်နော် Dionမြန်မာဝတ္ထုတွေဖတ်တယ်လို့"
"အင်း ဟုတ်တယ်လေ။ ကိုယ်ပြောတယ်"
"ဘယ်သူ့ဝတ္ထုတွေဖတ်ဖြစ်လဲ"
"ဆရာမနုနုရည်အင်းဝစာအုပ်တွေတော့အများဆုံးဖတ်ဖြစ်တယ်"
ဆရာမနုနုရည်(ယီ)အင်းဝနာမည်က Dionပြောလိုက်မှကို လျှာလိပ်သံနဲ့(ri-ရီ)သံထွက်တော့သည်။ ပြင်သစ်သားက ယ သံမထွက်တတ်ဘူးဘဲ။
"အင်း ဆရာမနုနုရည်အင်းဝစာအုပ်တွေကကောင်းတယ်နော်"
"ဟုတ်တယ်။ ဒါနဲ့ ဓီ ဗိုက်ဆာလား။ ခဏလေးနေဦး ကိုယ် ဟိုဆိုင်ကနေ မုန့်တစ်ချို့သွားဝယ်ပြီးပြန်လာခဲ့မယ်။ ဒီမှာဘဲစောင့်နေနော်"
"အင်းအင်း"
မုန့်ဆိုင်ကိုထွက်သွားပြီး မကြာခင်မှာဘဲ လက်ထဲမှာ sandwichနှစ်ခုနှင့် သောက်စရာအချိုရည်နှစ်ခုနဲ့ ပြန်ရောက်လာသည်။
"ရော့ ဒါဓီ့အတွက်"ဆိုပြီး sandwichတစ်ခုကိုကမ်းပေးပြီး အချိုရည်ဘူးကိုအဖုံးဖွင့်ပေးကာ ဓီ့ကိုပေး၏။
မုန့်စားရင်းလမ်းဆက်လျှောက်သွားကြပြီး Dionဘက်ကနေ စကားစကိုပြန်ဆက်သည်။
"ဓီက ရှေ့နေအလုပ်ကိုဘာလို့ရွေးတာလဲဟင်"
"ကျွန်တော် အားနည်းပြီးအမှန်တရားကိုမရရှိတဲ့သူတွေအတွက် ရပ်တည်ပေးချင်လို့။ ရှေ့နေအလုပ်က သူများမျက်ရည်ကျမှစားရတဲ့အလုပ်လို့ပြောကြပေမဲ့ ကျွန်တော်ကတော့ ပြစ်ဒဏ်အပေးခံသင့်တဲ့လူတွေရဲ့မျက်ရည်ကျလို့ ကျွန်တော်ငရဲကျရမယ်ဆိုလဲ အကျခံဖို့အသင့်ဘဲ။ မတရားမှုကိုတော်လှန်ချင်ရုံပါ။
ကျွန်တော် အမှုကိုင်ရတဲ့တရားဝင်ရှေ့နေဖြစ်လာခဲ့ရင် အခကြေးငွေကိုပဓာနမထားဘဲ အမှန်တရားဘက်ကရပ်တည်မယ်။ ဆင်းရဲသားမှားရင် ဆင်းရဲသားကိုအပြစ်ပေးမှာဖြစ်သလို ချမ်းသာတဲ့သူမှားရင်လဲ ချမ်းသာတဲ့သူကိုအပြစ်ပေးမယ်"
"ဘယ်အကြောင်းအရင်းကများ ဓီ့ကိုဒီလိုစိတ်ဓာတ်မျိုးဖြစ်လာအောင် လုပ်လိုက်သလဲ ဓီ။ ကိုယ်အရမ်းသိချင်တာဘဲ"
"မူးယစ်ဆေးဝါးရောင်းတဲ့သူတွေနဲ့ မူးယစ်ဆေးကြောင့်ဘဝပျက်ခဲ့ရတဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကြောင့်ပေါ့။ ဘယ်ချိန်ကတည်းကသုံးနေတာလည်းမသိပေမဲ့ ကျွန်တော်တို့10တန်းစာမေးပွဲဖြေခါနီးမှာ မူးယစ်ဆေးဝါးကြောင့်သူဆုံးပါးသွားခဲ့တယ်။ သူသေသွားတဲ့အကြောင်းအရင်းဖြစ်တဲ့မူးယစ်ဆေးဝါးကို ကျွန်တော်မုန်းတီးလာခဲ့တာ10တန်းကတည်းကအခုထိဘဲ။ မူးယစ်ဆေးရောင်းတဲ့သူတွေကိုလည်း ကျွန်တော်မုန်းတယ်။ ထုတ်တဲ့သူတွေကိုလဲကျွန်တော်မုန်းတယ်။ ကျွန်တော်သူတို့ကိုအပြစ်ပေးချင်တယ်။"
Dion မျက်နှာပျက်သွားမိသည်။ အကယ်၍များ Dion ဘာအလုပ်လုပ်မှန်း ဓီသိသွားခဲ့ရင် သူDionကိုလဲအမုန်းကြီးမုန်းတော့မှာ။
တစ်ချို့သောအရာတွေက
လျှို့ဝှက်ထားတာအကောင်းဆုံးပါဘဲ
ထုတ်ဖော်လိုက်ရင် နီးစပ်ခွင့်တောင်
မရှိနိုင်တဲ့အတွက်လေ....။
"မူးယစ်ဆေးဝါးကိုအဲ့လောက်တောင်နာကျည်းနေသလား ဓီ"
"အဲ့ထက်တောင် နာကျည်းတာ။ မူးယစ်ဆေးဝါးရောင်းတဲ့သူတွေကဖမ်းမိလည်းသူတို့အတွက်ဘာမှဖြစ်သွားကြတာမဟုတ်ဘူး။ ရဲတွေကလည်းမူးယစ်ဆေးလေးနည်းနည်းလောက်ဖမ်းမိတာနဲ့ ရာထူးတွေတက်။ ဖမ်းမိလို့ထောင်ကျလည်း ထောင်ထဲမှာတောင်သူတို့ကမိတ်ဆွေတွေရှာခဲ့ကြပြီး အပြင်ပြန်ထွက်လာတဲ့အခါကျ သူတို့လုပ်ငန်းကိုနဂိုကထက်ကျယ်ပြန့်အောင်ချဲ့နေကြတာဘဲလေ။ ဘယ်မှာလဲ သူတို့အတွက်ထိရောက်တဲ့အပြစ်ဒဏ်။ အဟက်! သုံးတဲ့သူတွေကျ အလွယ်တကူထောင်တွေချနေကြပြီး ရောင်းတဲ့သူကိုကျဖမ်းမိဖို့ခက်နေတာ ဘာလို့လဲ။
ခိုင်မာတဲ့ခံယူချက်နဲ့ကြုံခဲ့ရတဲ့အတွေ့အကြုံကြောင့်သာ ကျွန်တော်ရှေ့နေဖြစ်အောင်ကြိုးစားနိုင်ခဲ့တာ။ အရှုပ်အထွေးတွေကိုမကြိုက်တဲ့ကျွန်တော်က ကင်းအောင်နေချင်ခဲ့ပေမဲ့ ရှင်းရမဲ့အကြောင်းကံပါလာတော့ ထိပ်တိုက်တွေ့ရတဲ့အခြေအနေမျိူးပါဘဲ"
"တကယ်လို့ ဓီ့အသိထဲကတစ်ယောက်ကအဲ့အလုပ်ကိုလုပ်နေမယ်ဆိုရင်ရော"
"ကျွန်တော် မညှာဘူး။ ကျွန်တော့်အသိမဟုတ်လို့ သွေးသားရင်းကလုပ်တယ်ဆိုရင်တောင် ကျွန်တော် သူ့ကိုအပြစ်ပေးမှာ။ သူနဲ့ထိုက်တဲ့အပြစ်ဒဏ် ခံရအောင်ကိုကျွန်တော်လုပ်မှာ"
ဓီ့ရဲ့ စကားသံရော ဆုံးဖြတ်ချက်ရောက သိပ်ကိုပြတ်သားလွန်းလှသည်။
"အင်းပါ။ ဓီ ဖြစ်ချင်တဲ့အတိုင်း မူးယစ်ဆေးဝါးရောင်းတဲ့သူတွေ သူတို့နဲ့ထိုက်တဲ့ပြစ်ဒဏ်ခံရပါစေလို့ကိုယ်ဆုတောင်းပေးပါတယ်"
"ကျေးဇူးပါ Dion။ ဒါနဲ့ Dionက အလုပ်အမျိုးမျိုးလုပ်တယ်ဆိုတော့ ဘယ်အလုပ်ကိုအများဆုံးလုပ်ဖြစ်တာလဲဟင်"
"ကိုယ်ကတော့ ကြုံတဲ့အလုပ်ကြုံသလိုဝင်လုပ်လိုက်တာဘဲ။ အများဆုံးကတော့ ကူးသန်းရောင်းဝယ်ရေးလုပ်ဖြစ်တယ်။ အဲ့တာကိုမှမလုံလောက်ရင် ရှင်းလင်းရေးပေါ့"
"ကူးသန်းရောင်းဝယ်တယ်ဆိုတော့ ဘာတွေရောင်းတာလဲဟင်"
"ဒီလိုပါဘဲ ရှိတဲ့ကုန်ပစ္စည်းလေးတွေပေါ့"
"ဪ..."
"ကိုယ်တို့ပြန်ကြတော့မလား။ ဒီည မိုးရွာမယ်ထင်တယ် လေထဲမှာမိုးနံ့လေးရနေတယ်"
"အင်း အဲ့တာဆို ပြန်ကြတာပေါ့"
" Taxiနဲ့ဘဲပြန်ကြမယ်နော်"
"အင်းအင်း"
Taxiငှားပြီးတော့ တိုက်ခန်းကိုပြန်လာကြသည်။ပြန်လာတဲ့လမ်းမှာတင် Dion မှန်းထားသလို မိုးကရွာချသည်။taxiပေါ်
ကဆင်းပြီးတိုက်ခန်းကိုအသွား မိုးနည်းနည်းစိုသွားသည်။ တိုက်ခန်းတံခါးဖွင့်တော့လွယ်လွယ်နဲ့ဖွင့်မရပေ။
"မိုးမိကုန်တော့မှာဘဲ တံခါးကလည်း ဒီနေ့မှဖွင့်ရခက်နေတယ်"
"ဓီ စိတ်မလောနဲ့ ဖြည်းဖြည်းချင်းလုပ်"
စိတ်အေးအေးထားပြီး သေချာလုပ်လိုက်တော့မှ သော့ကပွင့်သွားသည်။ မိုးကအင်္ကျီနောက်ကျောဘက်နဲ့ ပုခုံးဘက်မှာ တော်တော်စိုနေ၏။ Dionက ဓီရာ့ကိုကာထားပေးလို့ Dionကတော့ ရွဲရွှဲစိုနေသည်။
"Dion မိုးရေစိုနေတာကြီးနဲ့ပြန်လို့အဆင်ပြေပါ့မလား အအေးပတ်ဦးမယ်"
"ကိုယ်က အဆင်ပြေပါတယ်။ ကိုယ်ပြန်တော့မယ်နော် ဟိုမှာtaxiကစောင့်နေပြီ"
"အင်းအင်း ဂရုစိုက်ပြန်နော်"
"အင်း"
ဓီရာ အိမ်တံခါးသော့ခတ်ပြီးအိပ်ခန်းရှိရာ အပေါ်ထပ်ကိုတက်သွားလိုက်သည်။ မိုးစိုနေတဲ့အဝတ်ကိုလဲပြီး ညအိပ်ဝတ်စုံလဲကာ လမ်းလျှောက်ရတာညောင်းနေသည်မို့ ကုတင်ပေါ်လှဲချလိုက်သည်။ ဒီညလည်းဘာမှမလုပ်နိုင်တော့ဘဲ ခြေကုန်လက်ပန်းကျကာ အိပ်ပျော်သွားတော့သည်။
___________________________________________
မနက်နိုးလာတော့ လူတစ်ယောက်ပြတင်းပေါက်နားမှာ ကျောပေးရပ်နေသည်ကိုတွေ့လိုက်ရသည်။ခေါင်း
တွေတအားကိုက်နေသည်မို့ နောက်ကျောကိုသာဝိုးတိုးဝါးတားမြင်နေရသည်။ လူကလည်းအင်အားမရှိသလိုဖြစ်ပြီးနုံးနေသည်။ နည်းနည်းလောက်အားစိုက်ကြည့်လိုက်မှ ဘယ်သူလဲသိတော့သည်။
"Dion"
"ဓီ နိုးပြီလား။ နေနေ ကိုယ်လာထူပေးမယ်"
Dionက ဓီရာ့ကိုထူပေးပြီး ခေါင်းအုံးကိုကုတင်ခေါင်းရင်းကပ်ကာ မှီခိုင်းသည်။
"ကျွန်တော် ခေါင်းမူးတယ် Dion"
"ပြန်လှဲမလား ဓီ"
"ရတယ် ဒီအတိုင်းလေးကပိုအဆင်ပြေပါတယ်။ Dionကဘယ်လိုလို့ ဒီကိုရောက်နေတာလဲ"
"ဓီ မမှတ်မိဘူးဘဲ။ မနေ့ညက ဓီအပြင်းဖျားလို့ကိုယ့်ကိုဖုန်းလှမ်းဆက်တယ်လေ။ အဲ့တာဓီဖုန်းဆက်ပြီးပြီးချင်း ကိုယ်ချက်ချင်းလာခဲ့တာ။ တံခါးကပိတ်ထားတာဆိုတော့ ကိုယ့်မှာလည်းသော့မရှိတာနဲ့ တံခါးကိုဖျက်လိုက်တာ တံခါးတော့ပျက်စီးသွားတယ်။ စိတ်မပူပါနဲ့ ကိုယ်ပြန်ပြင်ပေးပါ့မယ်"
"ကျွန်တော် မနေ့ညကအရမ်းကိုယ်တွေပူနေတာအထိဘဲမှတ်မိတယ်။ ကျန်တာတွေမမှတ်မိတော့ဘူး။ ဖြစ်နေကျပါဘဲ အမြဲအပြင်းဖျားတိုင်း ဖျားတဲ့အချိန်တင်မှတ်မိပြီး နောက်ပိုင်းတွေမမှတ်မိတော့တာ"
"ကိုယ်ရောက်လာတော့ ဓီကအရမ်းကိုယ်တွေပူပြီး ပါးစပ်ကလည်း ဓီ့အမေကိုခေါ်ပြီးယောင်နေတာ။ကိုယ်တစ်ညလုံး ဓီ့ဘေးမှာစောင့်နေပြီး ရေပတ်တိုက်ပေးတော့ အဖျားကနည်းနည်းသက်သာသွားပေမဲ့ အရမ်းကြီးတော့မဟုတ်ဘူး။ ယောင်တော့မယောင်တော့ဘူးပေါ့။ "
အိပ်ယာဘေးက မီးအိမ်ထားတဲ့စားပွဲခုံပေါ်မှာ ရေဇလုံနဲ့ ပုဝါတစ်ထည်ကိုတွေ့ရသည်။
"ဓီ့ အတွက် ကိုယ်soupလုပ်ပေးထားတယ်။ ခဏစောင့်နော် ကိုယ်နွှေးပြီးယူလာခဲ့မယ်။ ဒီနေရာကနေမထနဲ့နော်"
"ဟုတ်"
တစ်အောင့်လောက်ကြာတော့ Dionကစွပ်ပြုတ်ပန်းကန်နဲ့ပြန်ရောက်လာပြီး စွပ်ပြုတ်ပန်းကန်ကိုဘေးခဏချကာ ဓီရာ့ကိုပုဝါနဲ့အရင်မျက်နှာသုတ်ပေးပြီး စွပ်ပြုတ်ကိုမှုတ်တိုက်သည်။ 3ဇွန်းလောက်ဝင်ပြီးတော့ ဓီဆက်မသောက်နိုင်တော့လို့ Dionကိုလက်ခါပြလိုက်သည်။
"ထပ်သောက်ပါဦးလား ဆေးသောက်ရဦးမှာဆိုတော့ အစာဝင်မှဖြစ်မှာ"
"ကျွန်တော်မသောက်နိုင်တော့ဘူး Dion"
"အဲ့ဆိုဖြည်းဖြည်းချင်းသောက်။ အခုခဏနားလိုက်ဦး ပြီးမှဆက်တိုက်မယ်"
"အင်း"
"ဓီက ဘာလို့တစ်ယောက်တည်းနေတာလဲ။ အဖော်တွေဘာတွေဘာလို့မခေါ်ထားတာလဲ"
"ဖိုးဖိုးတို့ကထည့်ပေးပါတယ်။ ကျွန်တော်ကစိတ်ကျဉ်းကြပ်လို့ခေါ်မလာတာ"
"အမှန်တကယ်ဆို ခေါ်လာခဲ့သင့်တာ။ အခုလိုမျိုးဖြစ်တဲ့အခါ ကိုယ့်ကိုဖုန်းခေါ်မရရင်ဘယ်လိုလုပ်မလဲ။ တော်သေးတာပေါ့ နေ့လည်က Tuileries ဥယျာဉ်မှာ ဖုန်းနံပါတ်ပေးလိုက်မိလို့။"
"Dionက အခုကျွန်တော့်ကိုငေါက်နေတာလား"
ဓီက ဖျော့ဖျော့လေးပြုံးကာပြောတော့
"စိုးရိမ်စိတ်နဲ့ လေသံမာမိတာပါ"
ဆိုပြီး စွပ်ပြုတ်တစ်ဇွန်းတိုက်သည်။
"ကျွန်တော့်ကိုစိုးရိမ်ပေးတဲ့သူနောက်တစ်ယောက်ရှိလာပြီပေါ့"
"ကိုယ် စိုးရိမ်ရတာတွေမကြိုက်ဘူး"
"ဟမ်..."
စွပ်ပြုတ်နောက်တစ်ဇွန်းတိုက်ကာ
"ကိုယ် စိုးရိမ်ရတာကိုမကြိုက်ဘူး။ အထူးသဖြင့် ဓီ့အပေါ်ကိုမစိုးရိမ်ချင်ဘူး။ နေကောင်းပါနေပါ ဓီရယ်။ ကိုယ်မစိုးရိမ်ပါရစေနဲ့"
"ကျွန်တော်ကငယ်ငယ်ကတည်းက ကျန်းမာရေးချို့တဲ့တယ် Dionရဲ့။ မိုးနည်းနည်းလေးမိတာနဲ့တန်းပြီးအပြင်းဖျားတော့တာ။ ကျွန်တော်ကမိုးရေစက်တွေနဲ့ကို ထိလို့မရဘူး။ မိုးရေထိလိုက်တာနဲ့တန်းပြီးနေမကောင်းဖြစ်တော့တာဘဲ။ မနေ့ကလည်း ကျွန်တော်ခေါင်းမှာရေတွေစိုနေတာ မသုတ်ဘဲ ဒီတိုင်းအိပ်လိုက်မိတယ်။ တကယ်နမော်နမဲ့နိုင်လိုက်တာ"
ဓီက ခပ်ဖွဖွလေးရယ်ကာပြောသည်။ သို့ပေမဲ့ ကျွန်တော်မရယ်နိုင်ပါ။ ကျွန်တော်ချစ်ရတဲ့ဒီလူသားကို မကောင်းတဲ့အရာတွေနဲ့ မကြုံစေချင်။
"နောက်တစ်ခါကျ အဲ့လိုမဖြစ်စေနဲ့နော်"
"ခုနကလိုဘာလို့ လေသံမမာတော့တာလဲ Dion။ မစိုးရိမ်တော့လို့လား"
"ကိုယ်လေသံမာတာ ဓီမကြိုက်ဖူးထင်လို့ပါ။ ဓီမကြိုက်တာကို ကိုယ်မလုပ်ချင်ဘူး"
"Dionက ကျွန်တော့်ကိုအလိုလိုက်နေတာဘဲ"
"ဓီ့သဘောဆန္ဒကို လိုက်လျောပေးတာပါ"
"ဘာလို့လဲ"
"ကိုယ့်မှာအကြောင်းအရင်းမရှိဘူး ဓီ"
"ကျွန်တော် soupဆက်မသောက်နိုင်တော့ဘူး Dion။ ဆေးဘဲတိုက်ပါတော့"
"အင်းအင်း"
Dionတိုက်တဲ့ဆေးသောက်ပြီးတော့ ပြန်လှဲနေလိုက်သည်။ Dionက အိမ်အောက်မှာလုပ်စရာရှိတာလေးတွေလုပ်လိုက်ဦးမယ်ဆိုပြီး အောက်ဆင်းသွားသည်။
**အကြောင်းအရင်းမရှိဘူးဆိုတာ ဘာလို့လဲဆိုတဲ့မေးခွန်းအတွက်အဖြေပါ ဓီ။ ကိုယ်ဂရုစိုက်ပေးနေတာတွေက ဓီ့အပေါ်ထားတဲ့ချစ်ခြင်းမေတ္တာကြောင့်ပါ
Dion အိမ်အောက်ထပ်ကိုဆင်းလာပြီး စွပ်ပြုတ်ပန်းကန်ဆေးကာ မနေ့ညကဖျက်လိုက်တဲ့တံခါးကို ပြန်ပြင်ဖို့လုပ်လိုက်သည်။ ဘေးတိုက်ခန်းက ဦးလေးကြီးဆီက ကိရိယာတစ်ချို့ငှားပြီး တံခါးကို ပြန်ပြင်လိုက်သည်။ တံခါးပြင်ပြီးတော့ ငှားထားတဲ့ပစ္စည်းတွေသွားပြန်ပေးပြီးအပေါ်ထပ်ကိုပြန်တက်လာခဲ့လိုက်သည်။
"ဓီ"
"ဗျာ"
"ကိုယ် အိမ်ခဏပြန်လိုက်ဦးမယ်။ ရေချိုးအဝတ်အစားလဲပြီး ပြန်လာခဲ့မယ်။ သော့ပေးလိုက်ဦး
You are reading the story above: TeenFic.Net