SSFE-T -- 3 (Uni)

Background color
Font
Font size
Line height
မျက်လုံးတွေဟာအရောင်လက်စွာ

"အဲ့တာဆို မွေးနေ့မှာDionကကျွန်တော်နဲ့အတူတူရှိပေးမှာပေါ့နော်"

"ဓီသာဆန္ဒရှိရင် တစ်ဘဝလုံးအတူတူရှိပေးနိုင်ပါတယ်"

ဓီ့ကိုစိုက်ကြည့်နေတဲ့ Dionရဲ့အဝါ‌ရောင်မျက်လုံးတွေကို ရှောင်လွှဲလိုက်ပြီး ပါစတာကိုသာမွှေနေ‌မိတော့သည်။ ခဏကြာတော့ Dionဘက်ကစကားစလာသည်။

"ပါစတာ ဘယ်လိုလဲ ဓီ။ စားကောင်းရဲ့လား"

"အင်း ကောင်းတယ်။ Dionက ဟင်းလဲချက်တာတော်တယ်နော်"

"အင်း ကိုယ်ကဟင်းချက်ရတာဝါသနာပါတယ်လေ။ ပြီးတော့ ငယ်ငယ်ကမေ‌မေဟင်းချက်ရင် ကိုယ်ကလိုက်ကြည့်ပြီးမှတ်နေကျလေ။ ကိုယ့်uniတက်တော့ ကိုယ့်ဘာသာကိုစမ်းလုပ်စားကြည့်ရင်း ချက်တတ်သွားတာ"

"ကျွန်တော်ကတော့ ဟင်းချက်ရတာလဲဝါသနာမပါဘူး။ ချက်လဲမချက်တတ်ဘူး။ Dionဟင်းချက်တတ်တာအပြင် ဘာတွေလုပ်တတ်သေးလဲ"

"ကိုယ်ပန်းချီလည်းဆွဲတတ်တယ်။ ပြီးတော့ ကိုယ်ကငယ်ငယ်ကတည်းက mathematicsမှာအရမ်းတော်တာ။ ကိုယ်မဖြေနိုင်တဲ့မေးခွန်း၊ ကိုယ်မဖြေရှင်းနိုင်တဲ့ပုစ္ဆာဆိုတာမရှိဘူး"

"ပန်းချီကဆွဲဖြစ်လား"

"အင်း ငယ်ငယ်က မေမေနဲ့တူတူဆွဲထားတဲ့ပုံတွေတော့ရှိ‌တယ်။ အခုနောက်ပိုင်းတွေတော့ မအားလို့မဆွဲဖြစ်တော့ဘူး။ ပန်းချီဆွဲတာကလည်းကိုယ်ကပါရမီပါတယ်ဆိုပြီး မေမေကသင်ပေးတာ"

"ကောင်းလိုက်တာ။ ကျွန်တော်လည်းအမေရှိသေးရင် စန္ဒယားတီးတာကိုသေချာပေါက်သင်ရမှာ"

"ဓီ့မေမေက စန္ဒယားတီးတတ်တယ်လား"

"အင်း မေမေက စန္ဒယားပညာရှင်လေ။ မေမေက စန္နယားသင်ပေးတဲ့သင်တန်းဖွင့်ထားတာ။ မေမေစန္ဒယားတီးတဲ့အသံကိုကျွန်တော်မှတ်မိသေးတယ်။ အရမ်းနားထောင်လို့ကောင်းတာ"

ဓီက သူ့အမေအကြောင်းကိုပြောရင်း မျက်လုံးအိမ်မှာ မျက်ရည်တွေဝဲလာသည်ကိုDionမြင်နေရသည်။ Dion ဓီ့ကိုBollywood အကြောင်းပြောပြီးစကားလမ်းကြောင်းလွှဲလိုက်သည်။ အဘယ့်ကြောင့်ဆိုသော် Dion အပိုင်ဖြစ်လာမဲ့အဲ့လူသား၏အနက်ရောင်မျက်ဝန်းတွေထဲကို သူ့ပုံရိပ်ကလွဲပြီး မျက်ရည်တွေ နေရာမယူစေချင်။

"ဓီ indian movieတွေကြည့်လား"

"အင်း ကြည့်တယ်။ indian movieတွေကပညာသားပါတယ်။ ကြည့်ရတာလည်းတစ်ခုနှင့်တစ်ခု ဇာတ်အိမ်ထပ်တယ်လို့မရှိဘူးလေ။ တကယ်ကိုမိုက်တဲ့ဖန်တီးမှုတွေဘဲ"

" ဘယ်ဇာတ်ကားကိုအကြိုက်ဆုံးလဲ"

"ရှာရွတ်ခန်းကားတွေအကုန်နီးပါးသဘောကျတယ်။ ဒါပေမဲ့ romanticကားထဲမှာဆို dilwaleကိုအကြိုက်ဆုံးဘဲ"

"5မိနစ်စာ dateက တကယ်အကောင်းဆုံးအပိုင်းမလား"

"ဒါပေါ့။ ကျွန်တော်အဲ့အပိုင်းကိုအရမ်းသဘောကျတာ။ တကယ်ကို masterpieceဘဲ"

"အင်း"

မျက်လုံးအိမ်ထဲမှာမျက်ရည်တွေမရှိတော့ဘဲ အပြုံးတွေနေရာယူလာသည်ကိုတွေ့ရတော့မှ
Dionပြုံးနိုင်တော့သည်။

အပြုံးအရယ်လေးပါဘဲ ဒါပေမဲ့ ကိုယ့်ရင်ခုန်နှုန်းကိုလှုပ်ခတ်သွားစေနိုင်တယ်။

"ဓီ ဓီ့ရဲ့နာမည်ကိုဘယ်သူပေးတာလဲဟင်"

"ကျွန်တော့်နာမည်ကို မေမေကိုယ်တိုင်ပေးခဲ့တာ။ဖိုးဖိုးကပြောတယ် ကျွန်တော့်နာမည်ကအဓိပ္ပာယ်အရမ်းပြည့်စုံတဲ့နာမည်တဲ့။ ဓီရာဆိုတဲ့နာမည်က ပညာရှိလို့အဓိပ္ပာယ်ရတဲ့ပါဠိစကားလုံး "ဓီရ"ကို ရေးချ ပေါင်းထားတာလေ။ ဓီရာလင်းဆိုတဲ့နာမည်တစ်ခုလုံးရဲ့အဓိပ္ပာယ်ကတော့ လူအများကို အလင်းရောင်‌ပေးနိုင်တဲ့ပညာရှိတဲ့။ နည်းနည်းတော့ ထူးဆန်းတယ်နော် ဟုတ်တယ်မလား"

"အင်း ဒါပေမဲ့ နာမည်ကလှပါတယ်"

"အင်း ကျွန်တော်ကတော့လှတယ်မထင်ပါဘူး"

"တကယ်ပြောတာ နာမည်ကလှတယ်"

"အင်းပါ အင်းပါ။ Dion ပြောလို့လက်ခံလိုက်ပါမယ်"

"ကိုယ်လဲဓီရာ့လို မြန်မာနာမည်လှလှလေးလိုချင်လိုက်တာ"

"Dionမေမေက မြန်မာနာမည် မပေးခဲ့ဘူးလား"

"အင်း မပေးခဲ့ဘူး။ ဒါပေမဲ့ မေမေတစ်ခါပြောဖူးတယ်။ ကိုယ်တို့မောင်နှမနှစ်ယောက်ကိုနာမည်ပေးမယ်ဆို "လွမ်" ဆိုတဲ့စာလုံးကိုပါအောင်ပေးမယ်ဆိုပြီး"

ပြင်သစ်‌သား၏ 'လွင်' အသံထွက်မှာ မပီသောကြောင့် လွမ် ဖြစ်နေလေသည်။

"လွမ် အဲ့တာဘာကြီးလဲ။ မကြားဖူးပါဘူး အဲ့ဟာပါတဲ့နာမည်"

"ကိုယ့်အသံထွက်မပီတာနေမှာ။ စာလုံးပေါင်းက  L W I N တဲ့"

စာလုံးပေါင်းပြလိုက်မှသဘောပေါက်သွားဟန်နဲ့ ဓီကထရယ်သည်။

"လွင် ပါ Dion ရဲ့"

"ဟုတ်တယ် ဟုတ်တယ် အဲ့တာ။ မေမေပြောတာအဲ့တာ။ အဲ့ဟာထည့်ပေးမှာတဲ့"

"အဲ့တာ လှတယ်လေ အဲ့ 'လွင်'ဆိုတဲ့စာလုံးက"

"အဲ့ဆို အဲ့တာပါအောင် ကိုယ့်ကိုဓီကဘဲ နာမည်ပေးပေးပါလား"

"ဟင်...။ ကျွန်တော်ကအဲ့နေရာမှာမကျွမ်းဘူး။ ကျွန်တော်ပေးရင်မလှတဲ့နာမည်ဘဲရလာလိမ့်မယ်"

"ရတယ်။ မလှလဲဘာမှမဖြစ်ဘူး။ အဓိကက ကိုယ်လိုချင်တဲ့ဓီ ပေးတဲ့မြန်မာနာမည်ဖြစ်ဖို့ဘဲ"

Dion ရဲ့စကားမှာကြောင်သွားမိသည်။

**အဖြတ်အတောက်မမှန်တာ တော်တော်ဆိုးတာဘဲ။ငယ်ငယ်ကကြားဖူးတဲ့ ဗိုလ်ချုပ်က တော်လှန်ပြီဆိုတဲ့ဟာကို အဖြတ်မှားရေးမိတော့ ဗိုလ်ချုပ်ကတော် လှန်ပြီဆိုတာမျိုး။ဟူး...

"နော် ဓီ။ ပေးမှာမလား"

"အင်းအင်း။ ကျွန်တော်စဉ်းစားပေးပါ့မယ်"

ဓီရာကိုယ်ပြောတာကို ပြန်စဉ်းစားရင်းအခုမှရူးချင်လာတော့သည်။ မသိရင် အဖြေတောင်းလို့ စဉ်းစားပေးမယ်ပြောသလိုဖြစ်နေပြီ။ တကယ်ပါဘဲ
နာမည်စဉ်းစားပေးမယ်လို့ပြောလိုက်သင့်တာကို။

"ဟုတ်ပြီကွ ရက်စ်စ်စ်"

နားထင်ကိုလက်ညှိုးလေးထောက်ပြီး စဉ်းစားနေပုံဟာ တကယ်ကိုကလေးငယ်လေးတစ်ယောက်လို ချစ်စဖွယ်ပင်။ မကြာခင်ဘဲ ဓီကလက်ဖျောက်တစ်ချက်တီးပြီး

"ကျွန်တော်စဉ်းစားလို့ရပြီ။ Dionကပြင်သစ်ရာသီနဲ့တွက်ရင်နွေဦးမွေးတာ၊ ပြီးတော့ လွင်လဲပါချင်တာဆိုတော့ "

"အင်း"

"‌နွေဦးနေလွင်"

"နွေဦးနေလွင်..."

ဓီပေးတဲ့နာမည်ကိုဖွဖွလေးရွတ်ကြည့်ပြီး တစ်ခါမှမပြုံးဖူးတဲ့ နှစ်လိုအားရပြုံးတဲ့အပြုံးမျိုးပြုံးလိုက်မိသည်။
ဓီ ပေးတဲ့ဒီနာမည်ကိုသူသိပ်ကိုသဘောကျသည်။

"‌ကိုယ် အရမ်းသဘောကျတယ် ဓီ။ နာမည်ကအရမ်းလှတာဘဲ"

"Dion သဘောကျရင်ပြီးတာပါဘဲ"

"ကိုယ်သိချင်တာတစ်ခုရှိတယ်။ နွေဦးနှင့်လွမ်နဲ့ကတော့ ဘာလို့ပေးလဲသိပြီ။ ဒါပေမဲ့ နေ ကကျတော့ရောဘာလို့ပေးတာလဲ"

"တကယ်တမ်းကျ နွေဦးနေလို့ပေါင်းပြီးအဓိပ္ပာယ်ယူထားတာ။ အဓိပ္ပာယ်က နွေဦးရာသီမှာထွက်ပေါ်တဲ့နေမင်းကြီးလို အပူဒဏ်မပါတဲ့အနွေးဓာတ်နွေးနွေးလေးနဲ့ အလင်းပေးနိုင်လို့"

ဒီတစ်ခါ နှစ်လိုအားရပြုံးတာ Dionမဟုတ်ဘဲ ဓီဖြစ်နေခဲ့သည်။ ဓီက သူပေးတဲ့နာမည်ကို သူအရမ်းသဘောကျနေသည်။

**အဲ့အပြုံးလေးကို ကိုယ်တစ်သက်လုံးအိတ်ကပ်ထဲသိမ်းဆည်းထားချင်တာ

"ဓီကအရမ်းတော်တာဘဲ"

"ချီးကျူးလွန်းနေပါပြီ"

"တကယ်ပြောတာပါဗျာ"

ခဏတဖြုတ်အတွင်းမှာဘဲ ထမင်းစားခန်းဟာ ရယ်သံတွေနဲ့ ပြည့်နှက်သွားပြန်သည်။

**တကယ်ပြောတာ Dionက ကျွန်တော့်ရဲ့ smile makerလေး

**အမြဲတမ်းရယ်ပြုံးနေစေချင်တာ ဓီ့ကိုလေ

Dionနဲ့ဓီရာတို့ အချိန်တော်တော်ကြာစကားပြောခဲ့ပြီး ညစာစားပြီးတော့ Dionကပန်းကန်တွေသူဆေးမယ်ဆိုပြီးယူသွားလို့ ဓီရာနဲ့အချိန်အတော်ကြာ သူဆေးမယ်ကိုယ်ဆေးမယ်နဲ့ ငြင်းခုံနေခဲ့ကြသည်။ Dionက အတူတူဆေးမယ်ဆိုပြီး ပြောမှ ပန်းကန်အတူတူဆေးခဲ့ကြပြီး အပေါ်ထပ်ကိုတက်ခဲ့ကြတော့သည်။

Dionဟိုတစ်နေ့က Latin Quarterမှာဝယ်ခဲ့တဲ့စာအုပ်ထဲကတစ်အုပ်ကိုဖတ်နေချိန်မှာ ဓီကအိပ်ပျော်နေပြီဖြစ်သည်။ အိပ်ပျော်နေတဲ့ဓီ့ကို စောင်ခြုံပေးလိုက်ပြီး Dionဒိုင်ယာရီစာအုပ်နှင့်တစ်ညလုံးအချိန်ကုန်ခဲ့သည်။

ကံကြမ္မာဇာတ်ဆရာက ဓီနဲ့ကိုယ့်ကို
ဘယ်လိုအဆုံးသတ်မျိုးနဲ့
ဇာတ်သိမ်းပေးမလဲဆိုတာ
ကိုယ်သိပ်သိချင်တာဘဲ။

ဒီဇာတ်လမ်းက ဇာတ်သိမ်းလှပါ့မလားဓီ...။

အပြစ်ကင်းစွာ‌အိပ်နေတဲ့ဓီ့ကိုကြည့်ရင်းသက် ပြင်းဖွဖွချမိတော့သည်။
___________________________________________
22/7/2024(Monday)
_elf_
Sorry for late pr
Classတွေများနေလို့ နောက်ကျသွားတာ ဟီးဟီး
ဆောရီးပါနော် ဒါဒါ
ဒီအော်သာ့ကိုခွင့်လွှတ်(ဆုပန်ထွာသံစဉ်ဖြင့်)


You are reading the story above: TeenFic.Net