"အင်းအင်း....ဒီမှာ သော့"
"အဲ့ဆိုကိုယ်သွားပြီနော်"
"ဟို Dion"
တံခါးပေါက်နားရောက်သွားတဲ့ Dionကို လှမ်းခေါ်တော့ Dionကလှည့်ကြည့်သည်။
"ကျွန်တော်ကနေမကောင်းရင် အားငယ်တတ်တယ်။ ကျွန်တော် ဒီမြို့မှာအသိဆိုလို့Dionတစ်ယောက်ဘဲရှိတာ။ အဲ့တာ သေချာပေါက် ပြန်လာပြီး ကျွန်တော့်အနားမှာနေပေးပါ"
"စိတ်ချပါ။ ကိုယ်သေချာပေါက်ပြန်လာမှာပါ။ ဓီ့ကို စိတ်အားအငယ်မခံပါဘူး"
"အင်းပါ"
ခေါင်းငြိမ့်ပြပြီး ထွက်သွားတဲ့ Dionကို သူခင်တွယ်နေမိပြီ။ နွေးထွေးလွန်းတဲ့ အဲ့ဒီ့လူကိုဓီရာ သံယောဇဉ်တွယ်ခဲ့ပြီ။ Dionနဲ့ သူတွေ့တဲ့ 4ရက်အတွင်းမှာ Dionကို လူရင်းတစ်ယောက်လိုယုံကြည်နေမိသည်။ သူ့စိတ်က Dionကို သံသယတစ်စက်မှမဝင်ဘဲ ယုံယုံကြည်ကြည်ဖြစ်နေသည်ကို သူကိုယ်တိုင်လဲအံ့ဩမိသည်။
Dionစိတ်ရင်းကမှန်လို့လား။ ဓီရာကဘဲ ယုံကြည်လွန်းနေတာလား။ တွေးရင်းခေါင်းကိုက်လာတာနဲ့ မျက်လုံးမှိတ်ကာ သက်ပြင်းတိုလေးချလိုက်မိသည်။မကြာမှီပင် ဆေးအရှိန်ကြောင့်အိပ်ပျော်သွား၏။
ဓီရာနိုးလာတော့ Dionကဓီရာ့ကုတင်ပေါ်ခေါင်းမှောက်ကာအိပ်ပျော်နေ၏။ Dionရဲ့အဝါရောင်ဆံပင်တွေကို ဓီရာထိဖို့ ချီတုံချတုံဖြစ်နေတုန်း Dionနိုးလာသည်။
"ဓီရာ နိုးလာပြီလား။ ကိုယ်ပြန်လာတုန်းက ဓီရာအိပ်နေတာ။ ကိုယ်လဲဓီရာ့နားစောင့်ရင်းဘယ်လိုအိပ်ပျော်သွားလဲမသိဘူး"
"Dionကျွန်တော့်ကိုတစ်ညလုံးမအိပ်ဘဲစောင့်ပေးနေတော့ အိပ်ချင်မှာပေါ့။ တစ်ညလုံးလည်းမအိပ်ရသေးဘူးမလား။ အိပ်ပါလား Dion။ အိပ်ရေးမဝရင်နေမကောင်းဖြစ်လိမ့်မယ်"
"ကိုယ်က တစ်ညလောက်မအိပ်ရတာနဲ့နေမကောင်းဖြစ်မဲ့သူမဟုတ်ပါဘူး။ ကိုယ့်အတွက်ပူမနေနဲ့ ဓီ့အတွက်သာ ဓီပူ။ မြန်မြန်နေကောင်းအောင်လုပ်။ လိုက်ပို့စရာတွေအများကြီးရှိသေးတယ်"
"အင်းပါ"
"ဒါနဲ့ ဓီ သီချင်းနားထောင်မလား။ ကိုယ်ဆိုပြမယ်"
"အင်း နားထောင်မယ်"
"ခဏလေး ကိုယ် guitarယူလာတယ်"
"Dionက guiterတီးတတ်တယ်ပေါ့"
" အင်း ကိုယ်uniတက်တုန်းကသူငယ်ချင်းတွေသင်ပေးတာ။ ဒီguitarက ကိုယ်19နှစ်ပြည့်မွေးနေ့မှာ père(အဖေ)ကကိုယ့်ကိုမွေးနေ့လက်ဆောင်အဖြစ်ဝယ်ပေးထားတာလေ"
"ဪ"
"ဓီက သီချင်းအေးအေးလေးကြိုက်တယ်ဆိုလို့ ကိုယ်သဘောကျမိတဲ့ သီချင်းတစ်ပုဒ်ကို ပြင်ဆင်ထားတယ်"
"ဟုတ်လား။ အဲ့ဆိုဆိုပြတော့လေ"
"အင်း"
Guitarကို စတီးလိုက်ပြီး
["Oh, ey
You don't know babe
When you hold me
And kiss me slowly
It's the sweetest thing
And it don't change
If I had it my way
You would know that you are
You're the coffee that I need in the morning
You're my sunshine in the rain when it's pouring
Won't you give yourself to me
Give it all, oh
I just wanna see
I just wanna see how beautiful you are
You know that I see it
It's this sunrise
And those brown eyes, yes
You're the one that I desire
When we wake up
And then we make love
It makes me feel so nice
You're my water when I'm stuck in the desert
You're the Tylenol I take when my head hurts
I just wanna see how beautiful you are
You know that I see it
I know you're a star
Where you go I'll follow
No matter how far
If life is a movie
Then you're the best part, oh
You're the best part, oh
Best part
If you love me won't you say something
If you love me won't you
Won't you
If you love me won't you say something
If you love me won't you
သီချင်းပြီးသွားတဲ့အခါမှာ ဓီ့ကို စိုက်ကြည့်ပြီး "You're the best part" ဆိုပြီး တိတ်တိတ်လေး ရွတ်ကာ guitarကိုဘေးချလိုက်သည်။
"Woww Dionကတော်လိုက်တာ။ ဆိုသွားတာ တကယ်နားထောင်လို့ကောင်းတယ်။ Dionကသီချင်းဆိုရင် အသံကပြောင်းသွားတယ်နော်။ deep voiceနဲ့ဆိုတော့ တကယ်မိုက်တယ်"
"ဓီ သဘောကျရင် ကိုယ်ကျေနပ်ပါတယ်"
"သီချင်းလေးကလည်း တကယ်ကောင်းတယ်"
"အင်း ဟုတ်တယ်။ ဓီသိလား père ကကိုယ့်ကိုပြောဖူးတယ် လူတွေက သူတို့ရဲ့ခံစားချက်တွေကိုဖော်ပြတဲ့အခါ သီချင်းတွေ ပန်းချီတွေကိုသုံးပြီးဖော်ပြကြတယ်တဲ့"
"အင်း"
"အထူးသဖြင့် သူတို့ရဲ့ချစ်ခြင်းကိုဖွင့်ဟကြတဲ့အခါတွေမှာ ပိုသုံးကြတယ်တဲ့။ အဲ့လိုနည်းမျိုးနဲ့ဖွင့်ဟခံရတဲ့သူတွေကတော့ တော်တော်ကံကောင်းတယ်နော် ဓီ ဟုတ်တယ်မလား"
"ဟင်..အင်း ဟုတ်တာပေါ့။ ဒါနဲ့အဲ့သီချင်း နာမည်ကဘာလဲဟင်"
"Best part။ Daniel Caesar နဲ့ H.E.R ဆိုထားတာ"
"ဪ။ Dion ကံကိုယုံလား"
"100 percent မှာ0.1 percentလောက်ဘဲ ကံကိုယုံတယ် ကျန်တဲ့99.9က ကိုယ့်ကိုကိုယ်ယုံတယ်"
"ကံကိုတကယ်မယုံတာပေါ့"
"ကိုယ် ဘယ်လောက်ထိယုံကြည်မှုနည်းလည်းဆို ထီတောင်မထိုးဘူး ကံနဲ့ဆိုင်ပြီးလုပ်ရတဲ့အရာမလို့"
"ကံတရားသာမဖန်တီးပေးခဲ့ရင် ကျွန်တော်နဲ့Dion ဆုံဖြစ်ခဲ့ကြပါ့မလား"
"ဒါကတော့ ကံကြမ္မာဇာတ်ဆရာရေးဆွဲထားတဲ့ဇာတ်ညွှန်းဘဲ။ ဖြစ်တာမဖြစ်တာကသူ့အပိုင်းလေ။ ယုံတာမယုံတာကတော့ကိုယ့်အပိုင်း။ ပြီးတော့ ကိုယ့်မှာအဲ့လိုအယူအဆတွေလည်းမရှိဘူး"
"ကျွန်တော်ကတော့ ကံကိုလည်းယုံတယ်။ ဆုတောင်းတွေကိုလည်းယုံတယ်"
"ကိုယ့်ကိုရော"
"အင်း...ယုံတယ်"
တစ်ယောက်နဲ့တစ်ယောက်အကြာကြီး မျက်လုံးချင်းဆုံနေခဲ့ပြီး စကားသံတွေတိတ်ဆိတ်လို့ နှစ်ယောက်ကြားမှာ လေထုကကြားခံထားသည်။
အဲ့နေ့တစ်နေ့လုံး Dionက ဓီရာ့နားမှာရှိပေးပြီး နေကောင်းသွားတဲ့အထိ Dionက အိမ်မှာဘဲနေပေးသည်။
___________________________________________
15/7/2024(Monday)
_elf_
ဒီနေ့ စောစောလေးupdate ပေးတယ်နော်။ ဒီအော်သာတော်တယ်မလား😶
ဒါ Daniel ကဓီ့ကို ဆိုပြတဲ့သီချင်းလေးပါ
အေးအေးငြိမ့်ငြိမ့်လေးမလို့ နားထောင်ဖိူ့ recommendပေးပါတယ်ရှင့်။
You are reading the story above: TeenFic.Net