SSFE-T -- 1 (U & Z)

Background color
Font
Font size
Line height

Unicode

"ဟော ဒဲလ် လာပြီလား။ ဒီမှာ ဒဲလ်ကိုမျှော်နေကြတာ"

"ဟုတ် မသော်။ ဒဲလ် စာမူလာအပ်တာ"

"အဲ့စာမူကိုဘဲမျှော်နေတာပါရှင်။ ကဲပေးပါဦး တို့ပင်တိုင်စာရေးဆရာမလေးရဲ့ ဇာတ်လမ်းလေးကိုဖတ်ကြည့်ရအောင်။ ဒီတစ်ခါ‌ဇာတ်လမ်းလေးကဘယ်လိုလေးလဲ"

"ဒီတစ်ခေါက်ကတော့ ‌ကောင်လေးနှစ်ယောက်ကြားကချစ်ခြင်းမေတ္တာကို ရေးထားတာမသော်"

"ဪဟုတ်ပြီဟုတ်ပြီ။ ဒီတစ်ခါတော့တမူထူးခြားတာဘဲ။‌ ကောင်းပါတယ်မတူတဲ့ဟာလေးဖတ်ရမှာဆိုတော့။ ကဲကဲ ဒီမှာဖတ်ချင်နေပြီ စာမူပေးတော့"

"ဒီမှာ စာမူပါ"

ဒဲလ် စာမူကိုမသော်ဆီကမ်းပေးလိုက်သည်။ မသော်က ဒဲလ်ရဲ့အယ်ဒီတာပင်ဖြစ်သည်။ ဒဲလ်ရေးသမျှဝတ္ထုတိုင်းကို မသော်နဲ့ဘဲထုတ်ဖြစ်တာများသည်။ ဒါကြောင့် အခုဒီတစ်ခေါက်စာမူကိုလဲမသော်ဆီကိုလာပေးရခြင်းဖြစ်သည်။

မ‌သော် စိတ်ဝင်တစားနဲ့ပင်
ဒဲလ်ကမ်းပေးတဲ့စာမူကို လှမ်းယူလိုက်သည်။ စာမူအပ်ပြီး ဒဲလ်ကတော့ပြန်လာခဲ့လိုက်သည်။ ရှမ်းပြည်နယ်ဘက်ထိပြန်ရမှာဆိုတော့ ရထားမှီဖို့လိုသေးတယ်လေ။

ဒဲလ် ပြန်သွားပြီးနောက် ဒဲလ်ပေးခဲ့တဲ့စာမူကို မသော်စဖတ်ကြည့်လိုက်သည်။

______________________&___________________

Back to 2019........,

ပြင်သစ်နိုင်ငံ၏မြောက်ဘက် အလယ်ပိုင်းမှာတည်ရှိတဲ့ပြင်သစ်နိုင်ငံ၏ မြို့တော် တဖြစ်လည်း အချစ်မြို့တော်ဖြစ်တဲ့ Parisမြို့၏နွေဦးမှာ သာယာလှသည်။ ချမ်းအေးသောဆောင်းရာသီပြီးတဲ့နောက် ပါရီမြို့၏နွေဦးရာသီမှာ မြို့တော်ကတဖြည်းဖြည်း ပြန်လည်အသက်ဝင်လာသည်။ရွက်ဟောင်းကြွေနေတဲ့ လူသွားလမ်းပ‌လက်ဖောင်းကို လူတစ်ချို့မှရှင်းလင်းနေကြ၏။ ရွက်ဟောင်းတွေကြွေကျနေတဲ့လမ်းရယ်၊ရွက်သစ်ဝေစပြုနေတဲ့သစ်ပင်တွေရယ်၊မှိုင်းတာလဲမဟုတ် အရမ်းကြည်လင်တာလဲမဟုတ်တဲ့ကောင်းကင်ကြီးရယ်၊မပူမ‌အေးတဲ့ခပ်နွေးနွေးရာသီဥတုရယ်က နွေဦးသို့ရောက်ရှိကြောင်းကိုပြသနေကြသည်။ ဓီရာ ရွက်ဟောင်းတွေကြွေနေတဲ့ အဝါခြောက်ရောင်ပ‌လက်ဖောင်းမှာ လမ်းလျှောက်ရင်း နွေဦး၏အလှတရားကိုတဝကြီးခံစားလိုက်သည်။Parisရဲ့‌နွေဦးဟာလှပသလို မြန်မာနိုင်ငံရဲ့နွေဦးဟာလဲလှပနေမှာအသေအချာပင်။ ဒီအချိန်ဆိုစက္ကူပန်းတွေလဲလှလှပပပွင့်ကြလို့ ရွက်ဝါလဲကြွေ၊ရွက်စိမ်း‌ဝေလောက်ရောပေါ့...။

Parisရဲ့နွေဦးရာသီကမြန်မာပြည်နွေရာသီနှင့်ညီသည်။ မြန်မာနိုင်ငံ၏နွေရာသီသည် March ကနေ Mayအထိဖြစ်သလို Paris၏နွေဦးဟာလည်းMarch ကနေ Mayပင်ဖြစ်သည်။ပြီးတော့ မြန်မာနိုင်ငံမှာ နွေ၊မိုး၊‌ဆောင်း သုံးရာသီဖြစ်သော်လည်း Paris၌ နွေဦး၊နွေ၊‌ဆောင်းဦး၊ဆောင်း ဟုသာရှိကာမိုးရာသီမရှိပေ။

ဓီရာParisမြို့ကိုရောက်တာဒီနေ့နဲ့ဆိုတစ်ပါတ်ပြည့်ပြီဖြစ်သည်။ သို့သော်ဘယ်နေရာကိုမှ မရောက်သေးပေ။ တိုက်ခန်းနဲ့ဒီနားက cafe shopနဲ့ဘဲ အခါခါရောက်ဖြစ်နေသည်။ကျန်းမာရေးမကောင်းလို့အပန်းပြေအောင်Parisကိုလာခဲ့ပေမဲ့ ကျန်းမာရေးကမကောင်းတော့အိမ်တွင်းဘဲပုန်းရတဲ့အဖြစ်။ ဓီရာကိုယ့်အဖြစ်ကိုပြန်တွေးတိုင်း ဝမ်းမနည်းဘဲရယ်ချင်လာပြန်၏။ ကောင်းကင်ကိုမော့ကြည့်ကာပြုံးတော့ နေနတ်မင်းက‌နွေးထွေးတဲ့နေရောင်ခြည်များဖြင့် ဖြူဖပ်ဖြူရော်မျက်နှာအား လွှမ်းခြုံပေးသည်။‌မျက်နှာပေါ်နေရောင်ခြည်ကျရောက်တာဟာ ရင်ထဲမှာနွေးထွေးမှုကိုခံစားရစေသည်။ ဓီရာ ရွက်ကြွေလမ်းကိုဆက်လျှောက်သွားပြီး busကားမှတ်တိုင်နားရောက်တော့ လမ်းဖြတ်ကူးကာသောက်နေကျcoffeeဆိုင်ထဲဝင်သွားလိုက်၏။ ကော်ဖီဆိုင်က သိပ်မတန်းစီရတော့ ဓီရာ့အလှည့်မြန်မြန်ရောက်သည်။ latte mediumတစ်ခွက်မှာပြီးတော့ ပိုက်ဆံရှင်းပြီးcoffeeဆိုင်က အထွက်မှာ ဓီရာလူတစ်ယောက်ကိုဝင်တိုက်မိသွားသည်။ ကော်ဖီခွက်လဲမှောက်ကျသွားပြီး အဲ့လူရဲ့အင်္ကျီဖြူကိုကော်ဖီတွေစွန်းသွား၏။

"Ahh!...holy shit!!"

"Oh my god! I'm sorry... sorry..are you okay ....I am very sorry...is my bad...sorry"

ဓီရာ အဲ့လူပေါ်ကိုမှောက်ကျသွားတဲ့ကော်ဖီတွေကို ဘောင်းဘီအိတ်ကပ်ထဲကလက်ကိုင်ပဝါထုတ်ပြီးပျာပျာသလဲသုတ်ပေးနေမိသည်။ ပါးစပ်ကလဲ I'm sorryဘဲပြောနေမိ၏။ ဓီရာကိုကနမော်နမဲ့နိုင်တာပါ လမ်းလျှောက်ရင်းပြန်အမ်းတဲ့ပိုက်ဆံကိုဘောင်းဘီအိတ်ကပ်ထဲငုံ့ပြီးထိုးထည့်နေတာနဲ့ အရှေ့ကလူကိုမမြင်ဘဲတိုက်သွားတာ။ အခုကော်ဖီတွေလဲမှောက်ကုန်ပြီး အဲ့လူရဲ့ရှပ်အင်္ကျီဖြူလဲ ကော်ဖီတွေစွန်းသွားပြီ...။ ဘယ်လိုတောင်လုပ်ရပါ့မလဲ။ဖြစ်ရတယ် ဓီရာလင်းရယ်။ ဓီရာကိုယ့်နဖူးကိုယ်သာ ရိုက်လိုက်ချင်တော့သည်။

"Hey hey... It's ok"

"Humm.. I'm so sorry.."

"No no...you don't need to apologize. I'm ok.So.. don't worry about this.Ok?"

သူ့ကြောင့်coffeeစွန်းသွားတဲ့ကိုယ့်ရဲ့အင်္ကျီကို အတင်းသုတ်ပေးနေပြီး I'm sorryလို့ထပ်တလဲလဲပြောကာအတင်းတောင်းပန်နေတဲ့ ရှေ့ကလူကို Dionကိုယ်ဘာမှမဖြစ်ကြောင်းပြန်ပြောလိုက်သည်။ သူကအရမ်းကို စိတ်မကောင်းဖြစ်နေပုံရသည်။ Dionကတောင်းပန်ဖို့မလိုကြောင်းပြောတာတောင် သူကမျက်နှာငယ်လေးနဲ့ပင် Dionရှေ့မှာရပ်နေ၏။ Dionရဲ့အင်္ကျီကိုသုတ်ထားတဲ့လက်ကိုင်ပုဝါလေးကိုတင်းတင်းဆုပ်ထားပြီး ကိုယ့်ကိုတစ်ခုခုပြောချင်နေပုံရသည်။ သူ့ကိုကြည့်ရတာ ဒီကလူမဟုတ်တာတော့သေချာသည်။ အသားကဖြူပြီး ရုပ်ကasiaသားတွေနဲ့သွားဆင်သည်။ တရုတ်လူမျိုးမဟုတ်ရင် Myanmarလူမျိုးဘဲဖြစ်ရမည်။ ကိုယ်ကစပြီး ထောင့်နားကခုံမှာထိုင်ပြီးစကားပြောဖို့ပြောတော့သူကခေါင်းငြိမ့်ပြီး ငြိမ်ငြိမ်လေးလိုက်လာ၏။‌ Dionကတရုတ်လိုသူ့နာမည်ကိုမေးတော့ သူကနားမလည်သလိုကြောင်ကြည့်၏။ အဲ့လိုဆို‌တော့သူကတရုတ်မဟုတ်ဘဲ မြန်မာလူမျိုးဖြစ်ဖို့များသည်။

"နာမည် မေးတာပါ"

"ဟမ် မြန်မာစကားပြောတတ်တယ်လား"

ဓီရာ အံ့ဩသွားသည်။ ပြင်သစ်သားက မြန်မာစကားကိုအခက်အခဲမရှိ ရှောရှောရှူရှုပြောတတ်နေ၏။

"ပြောတတ်တယ်ဗျ။ဒါနဲ့ မင်းရဲ့နာမည်လေးတစ်ချက်လောက်"

"ဪ ကျွန်တော့်နာမည်က ဓီရာလင်းပါ"

"Dirar Linn"

"မဟုတ်ဘူး ဓီယာလင်းပါ။not rar, it's yar"

"အော့ ဓီယာ, right"

"Yes"

"နာမည်ကနည်းနည်းတော့ ခေါ်ရခက်တယ်နော်"

"ဟင်...ခေါ်ရခက်လို့လား"

"အင်း နည်းနည်းပေါ့။ ဒါနဲ့ကျွန်တော့်နာမည်က Dion(ဒီယွန်)ပါ"

နာမည်မိတ်ဆက်ပြီး လက်ဆွဲနှုတ်ဆက်ဖို့လက်ကမ်းလာတဲ့လူရဲ့လက်ကို ဆွဲကာချိုသာစွာပြုံးပြလိုက်တော့ သူကပြန်ပြုံးပြသည်။

"ခုနကကိစ္စကိုတောင်းပန်ပါတယ်။ ကျွန်တော်နမော်နမဲ့နိုင်လို့ Dionရဲ့အင်္ကျီပျက်စီးသွားပြီ"

အင်္ကျီကကော်ဖီတွေစွန်းတာဆိုတော့ လျှော်ရင်ပြောင်လောက်မှာမဟုတ်လောက်တော့တဲ့အတွက် ဝတ်မရတော့ဘဲလွှင့်ပစ်ရမဲ့အခြေအနေကိုရောက်သွားသည်။

"ရပါတယ် ဘာမှမဖြစ်ပါဘူး။ ဓီရာ့ရဲ့အပြစ်ဘဲမဟုတ်ပါဘူး ကျွန်တော်လည်းကျွန်တော့်ဇောနဲ့ကျွန်တော်မလို့သတိမထားမိဘဲ ဓီရာ့ကိုဝင်တိုက်မိသွားတာဘဲဟာ။ ကျွန်တော့်အပြစ်လည်းပါပါတယ်။ဓီရာ့ကို ကျွန်တော်ကော်ဖီအစားပြန်ဝယ်တိုက်မယ်လေ။ ကျွန်တော့်ကြောင့် ဓီရာ့ကော်ဖီခွက်မှောက်သွားတယ်မလား။ကျွန်တော်အစားပြန်ဝယ်တိုက်ပါရစေ"

"ပြန်မဝယ်တိုက်ပါနဲ့ ရတယ်။ကျွန်တော့်ကြောင့်လဲ Dionအင်္ကျီပျက်စီးသွားတာဘဲဟာ"

"အလျော်သဘောအနေနဲ့မဟုတ်ဘဲ မိတ်ဖြစ်ဆွေဖြစ်ဝယ်တိုက်မယ်ဆိုရင်ရော"

"အဲ့လိုဆိုရင်တော့...."

"အဲ့ဆိုကျွန်တော်ဝယ်တိုက်ပါရစေ"

"ဒီမှာထိုင်သောက်မလို့လားဟင်"

"ဘာဖြစ်လို့လဲ ဓီရာအဆင်မပြေလို့လား"

"မဟုတ်ပါဘူး Dionရဲ့အင်္ကျီကကော်ဖီတွေစွန်းနေတော့လေ ပြီးတော့ကော်ဖီတွေကအပူတွေဆိုတော့ Dionအဆင်မပြေမှာစိုးလို့ပါ"

"အဲ့ဆို ဘယ်လိုလုပ်ကြမလဲ"

"ဒီလိုလုပ်ပါလား ကျွန်တော့်တိုက်ခန်းကဒီနားလေးတင်လေ။အရင်ဆုံး ကျွန်တော့်တိုက်ခန်းမှာအင်္ကျီလဲလိုက်ပါလား။ပြီးမှ ဒီကိုတစ်ခေါက်ပြန်လာကြတာပေါ့"

"အင်း။အဲ့တာဆိုလဲအဲ့လိုလုပ်ကြတာပေါ့"

"အင်း"

ဓီရာတို့coffeeဆိုင်ကနေထွက်လာခဲ့ကြပြီး တိုက်ခန်းကိုသွားကြသည်။ တိုက်ခန်းကိုသွားတဲ့လမ်းတစ်လျှောက်လုံးမှာလဲ Dionနဲ့စကားစမြည်ပြောဖြစ်ကြ၏။ တစ်ယောက်အကြောင်းတစ်ယောက်မေးကြရင်း သူပြောပြသလောက်ဆိုရင် သူကပြင်သစ်သွေးနဲ့မြန်မာသွေးရောတဲ့ ကပြားတစ်ယောက်ဖြစ်သည်။ ပြီးတော့Britishသွေးလဲနည်းနည်းပါ၏။ငယ်ငယ်ကတည်းကပြင်သစ်မှာဘဲကြီးပြင်းခဲ့ပြီး မြန်မာနိုင်ငံကိုတစ်ခေါက်နှစ်ခေါက်လောက်ဘဲရောက်ဖူးတယ်ဆိုဘဲ။ စကားပြောရင်းလမ်းလျှောက်လာလိုက်တာ သိပ်မကြာခင်မှာဘဲတိုက်ခန်းဆီရောက်၏။Dionကိုဧည့်ခန်းမှာခဏထိုင်ခိုင်းကာ အပေါ်ထပ်ကို အင်္ကျီသွားယူလိုက်သည်။ အင်္ကျီသွားယူပြီး ပြန်ဆင်းလာတော့ Dionက စာအုပ်စင်ပေါ်ကဓာတ်ပုံတွေကိုကြည့်နေ၏။

"အဲ့တာ ကျွန်တော်1နှစ်သား လမ်းစလျှောက်တတ်တုန်းကအဖေနဲ့မေမေကထိန်းပေးထားတဲ့ပုံလေးလေ"

"‌ဪ ဓီရာ..."

ဓီရာ့ကိုမြင်တော့ Dion က လက်ထဲကဓာတ်ပုံကိုပြန်ချပြီး အနားရောက်ကြောင်းအသိအမှတ်ပြုလာသည်။ ဓီရာ ပြုံးပြလိုက်ပြီး Dionနားသွားကာ

"အဲ့တုန်းကအချိန်တွေကသိပ်ပျော်ဖို့ကောင်းခဲ့တာ။အဖေရောမေမေရော မိသားစုစုံစုံလင်လင်နဲ့။အဲ့အချိန်တွေကို ပြန်လိုချင်သေးတယ်"

ဓာတ်ပုံကိုဓီရာပြန်ယူပြီး ခပ်ဖွဖွပွတ်ကာ စာအုပ်စင်ပေါ်ပြန်ထားလိုက်သည်။

"ဒီမှာ Dionအတွက် ကျွန်တော်အင်္ကျီယူလာတယ်။တော်ပါ့မလားမသိပေမဲ့ ဒါကျွန်တော့်အင်္ကျီsizeထဲမှာအကြီးဆုံးဘဲ"

"တော်လောက်မှာပါ ကျွန်တော်ဝတ်ကြည့်လိုက်မယ်"ဆိုပြီး ချက်ချင်းအင်္ကျီချွတ်ကာ ဓီရာပေးတဲ့စပို့ရှပ်အင်္ကျီအနက်ကို ဝတ်လိုက်၏။ အင်္ကျီချွတ်တဲ့အချိန်မှာ သူ့ရဲ့တောင့်တင်းတဲ့လက်မောင်းကြွက်သားတွေနဲ့ six packကိုအမှတ်တမဲ့မြင်လိုက်ရသည်။အင်္ကျီဝတ်ထားတုန်းက ဒီလိုရှိမှန်းမသိသာပေမဲ့ အင်္ကျီချွတ်လိုက်တဲ့အချိန်မှာ တွေ့လိုက်ရတဲ့ကြွက်သားတွေနဲ့သူရဲ့ခန္ဓာကိုယ်အချိုးအစားက မိုက်လွန်းလှသည်။ သေချာပေါက် Dionကသာမန်လူမဟုတ်လောက်ပေ။ ဒီလိုခန္ဓာကိုယ်အချိုးအစားမျိုးက သေချာကိုလေ့ကျင့်ခန်းတွေလုပ်ပြီး‌လုပ်ယူရသည့်ခန္ဓာကိုယ်မျိုးဖြစ်သည်။ ပုံမှန်Gymဆော့တဲ့သူတစ်ယောက်တောင်ဒီလိုခန္ဓာကိုယ်မျိူးမရနိုင်ချေ။

"တော်တယ် ဓီရာကွက်တိဘဲ"

"အင်းဟုတ်သားဘဲ။ ကျွန်တော်နဲ့ကျအရမ်းပွလွန်းတဲ့အင်္ကျီက Dionနဲ့ကျကွက်တိနော်။ ကိုယ်ကျပ်အင်္ကျီဝတ်ထားသလိုမျိုးဘဲ"

"ဓီရာ့ခန္ဓာကိုယ်က သေးသေးလေးကိုဓီရာရဲ့။ အဲ့တာကြောင့်မလို့ပါ"

"Dionက သာမန်လူတော့မဟုတ်လောက်ဘူးနော်။Dionခန္ဓာကိုယ်အချိုးအစားက ပုံမှန်gymဆော့တဲ့သူတွေတောင်မရနိုင်တဲ့ ခန္ဓာကိုယ်မျိုး"

"ဓီရာထင်လို့ပါ။ကျွန်တော်က Foreignerတစ်ယောက်လေ။ဓီရာတို့မြန်မာနိုင်ငံကလူတွေထက် Foreignerတွေကအရပ်လဲပိုရှည်ကြတယ်မလား။ကျွန်တော်က ပြင်သစ်သွေးနဲ့British သွေးစပ်လို့ ဓီရာတို့ထက် ဒီလိုမျိူးခန္ဓာကိုယ်ကဖွံ့ဖြိုးလွန်းနေတာ"

Dionပြောတော့လဲဟုတ်သလိုလို။သူကforeignerဆိုတော့ ဓီရာတို့ထက်အရပ်ရှည်ပြီး ခန္ဓာကိုယ်ထွားတာနေမှာပါလေ။ ဓီရာ့ရှေ့မှာရပ်နေတဲ့ လူကိုခေါင်းအစခြေအဆုံးကြည့်လိုက်တော့ ကိုယ်ကျပ်အင်္ကျီလိုဖြစ်နေတဲ့အနက်ရောင်အင်္ကျီရယ်အောက်က အနက်ရောင်Style pant တည့်ပွရယ်နဲ့တကယ်ကိုမိုက်သည့်လူပင်။ ဓီရာလည်းသူ့လိုခန္ဓာကိုယ်အချိုးအစားမျိုးရှိချင်လိုက်တာ။ ဓီရာကသူပြောသလို တကယ်ခန္ဓာကိုယ်ကသေးသေးလေးပင်။ ကျန်းမာရေးကြောင့်လဲပါမှာပေါ့ အမြဲနေမကောင်းဖြစ်နေတော့ ခန္ဓာကိုယ်ကဖွံ့ဖြိုးမှုနည်းသည်။

"အင်း ဟုတ်မှာပါလေ။ဒါနဲ့မနက်ဖြန်ကျ ကျွန်တော် အင်္ကျီအသစ်တစ်ထည်ပြန်ဝယ်ပေးမယ်"

"မဝယ်ပေးပါနဲ့ ရပါတယ်ဓီရာရယ်"

"မဟုတ်တာ ပြန်ပေးရမှာပေါ့။ကျွန်တော့်ကြောင့်အင်္ကျီတစ်ထည်အလကားလွှင့်ပစ်ရတော့မဲ့ဟာ"

"ဒါပေမဲ့လဲ ပြန်ဝယ်မပေးပါနဲ့တော့။ကျွန်တော်လဲမလိုချင်ပါဘူး"

"ပြန်ဝယ်ပေးပါရစေ။ကျွန်တော်စိတ်မကောင်းလို့ပါ။အလျော်ပေးတယ်ဆိုတာထက် သူငယ်ချင်းကိုလက်ဆောင်ပေးတာမျိုးပါ။လက်ခံပါနော်"

"သူငယ်ချင်းလိုသဘောထားတာမျိုးဆိုရင်တော့ ကျွန်တော်လက်ခံလိုက်ပါမယ်။ဒါနဲ့‌လေ အဲ့လိုဆို ကျွန်တော်တို့အခုသူငယ်ချင်းတွေဖြစ်သွားကြပြီပေါ့"

"ဟမ်....ဪ အင်းအင်း။ဟုတ်တာပေါ့"

"အဲ့ဆို သူငယ်ချင်းဖြစ်သွားပြီဆိုတော့ သူငယ်ချင်းဖြစ်တဲ့အထိမ်းအမှတ်အနေနဲ့ ကျွန်တော်ကcoffeeဝယ်တိုက်ပါရစေ"

"အဲ့လိုဆိုတော့လဲ လိုက်တိုက်ပါပေါ့"

နှစ်ယောက်လုံး တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာရယ်ကြ၏။ ပြီးတော့ Dionကခုနကcoffeeဆိုင်ကိုဘဲ ပြန်သွားကြမယ်ဆိုပြီးပြောတော့ ဓီရာလဲခေါင်းငြိမ့်လိုက်သည်။ ခုနကcoffeeဆိုင်ရောက်တော့ ထောင့်ဆုံးခုံကိုနေရာယူပြီး ဓီရာ့ကိုထိုင်ခိုင်းကာ Dionကcofee သွားမှာသည်။

"ဓီရာ ဘာသောက်မလဲ"

"Latte"

"ဪဟုတ်ပြီ ဘာစားဦးမလဲ"

"တော်ပြီ ဘာမှမစားတော့ဘူး။ coffeeဘဲသောက်တော့မယ်"

"ဟုတ်ပြီ"

ခဏကြာတော့ coffee နှစ်ခွက်ကိုကိုင်ပြီး စားပွဲကိုပြန်လာသည်။

"ရော့ ဒီမှာ ဓီရာ့အတွက်latte"

"ဟုတ်"

"ဒါနဲ့ ဓီရာကအသက်ဘယ်လောက်လဲ။ကျွန်တော့်ထက်တော့ငယ်မယ်ထင်တယ်"

"Dionကဘယ်လောက်မလို့လဲ"

"ကျွန်တော်က 29ကို 5လပိုင်းကျမှပြည့်မှာ"

"အဲ့ဆို Dionကကျွန်တော့်ထက် သုံးနှစ်ကြီးတာပေါ့။ ကျွန်တော်က 26မပြည့်သေးဘူး"

"အဲ့လိုဆို ဓီရာကိုယ့်ထက်ငယ်တာ‌ဘဲ။ ကိုယ်လို့သုံးလိုက်မယ်နော်အဆင်ပြေလား"

"ပြေတာပေါ့။ Dionကကျွန်တော်ကျွန်တော််ဆိုပြီးပြောနေရင် ကျွန်တော်ကအားနာနေရဦးမှာ။ Dionကိုတော့ Dion လို့ဘဲခေါ်ရမလား။ဒါမှမဟုတ် အကိုထည့်ခေါ်ရမလား"

"Dionလို့ဘဲ ခေါ်ပါ။ အကိုထည့်ခေါ်မနေပါနဲ့ ရတယ်။ ဟို ကိုယ်တစ်ခုပြောချင်လို့"

"ဟုတ် ပြောလေ Dion"

"ကိုယ်လေ ဓီရာ့ကို ဓီလို့တစ်လုံးခေါ်လို့ရမလား။ ဓီရာလို့ခေါ်ရတာကလေ ကျွန်တော်ကမြန်မာစကားကိုပြောလေ့ပြောထမရှိတော့ အဲ့'ရာ'ဆိုတာကြီးကကျွန်တော့်အတွက်ထောက်နေလို့ပါ။ ဓီရာ့ကိုခေါ်ချင်ရင်တောင် ဓီကိုအရင်ပြောပြီးရာကိုအသံထွက်မှန်အောင်စဉ်းစားပြီးပြောရတော့ ခေါ်လိုက်ရင်တစ်လုံးစီဖြစ်နေလို့"

Dion ပြောတော့မှ သတိထားမိသည်။ Dion ဓီရာ့ကိုခေါ်တိုင်း ဓီနဲ့ ရာ နဲ့က တွဲမနေဘဲ စကားပြောသင်ခါစကလေးလေးလို တစ်လုံးစီခွဲခေါ်နေသလိုဖြစ်နေသည်။

"ဪ ရတယ်ရတယ်။Dion အဆင်ပြေသလိုသာခေါ်ပါ"

"အင်းအင်း။ ဓီက ဒီကိုအလည်လာတာလား"

"ဟုတ်တယ်။ကျန်းမာရေးသိပ်မကောင်းလို့ စိတ်အပန်းဖြေရအောင်လို့ဆိုပြီး ဖိုးဖိုးနဲ့ဖွားကစီစဉ်ပေးလိုက်တာ"

Dionက"ဪ....."ဟုပြောပြီး ခေါင်းငြိမ့်ကာကော်ဖီကိုတစ်ငုံသောက်၏။

"Dionက ဒီကလူဆိုတော့ဒီမှာဘယ်နေရာတွေနာမည်ကြီးလဲ ဘယ်နေရာတွေသွားလည်သင့်သလဲသိမှာပေါ့နော်"

"သိတာပေါ့ ဒီမြေမှာဘဲကြီးလာတဲ့ဟာ။ ဓီဘယ်သွားချင်လဲပြော ကိုယ်လိုက်ပို့မယ်။ guideမငှားရသေးဘူးမလား"

"မငှားရသေးဘူး။ ဒီရောက်မှဖိုးဖိုးတို့ကငှား‌မယ်ပြောပေမဲ့ နေမကောင်းတော့ဘယ်မှမသွားဖြစ်တာနဲ့မငှားရသေးဘူး"

"အဲ့ဆို ကိုယ်guideလုပ်ပေးမယ်လေ။ free guideပေါ့"

"Dionအဆင်ပြေပါ့မလား။ အလုပ်ကိစ္စတွေနဲ့ အလုပ်ရှုပ်နေပါ့မယ်"

"အဆင်ပြေပါတယ်။ ကိုယ်လဲအလုပ်ကိစ္စတွေရှုပ်နေတာနဲ့ဘယ်မှသိပ်မလည်ဖြစ်တော့ အခုအခွင့်ရတုန်းအပန်းဖြေရတာပေါ့"

"အင်းပါ။ဒါနဲ့ Dionကဘာအလုပ်လုပ်တာလဲ"

အလုပ်အကြောင်းကိုမေးလိုက်တော့ ကော်ဖီသောက်ရာကနေမျက်နှာနည်းနည်းပျက်သွား၏။

"အလုပ်ကတော့ အမျိုးမျိုးပါဘဲ။ တစ်ခါတစ်လေ ကုန်သွယ်ရေး။ တစ်ခါတစ်လေ ကူးသန်းရောင်းဝယ်ရေး။ တစ်ခါတစ်လေ ရှင်းလင်းရေး။ အလုပ်ကတော့အများကြီးလုပ်တယ်"

"ဪ...အင်းအင်း"

"ဓီကရော ဘာအလုပ်လုပ်လဲ"

"ကျွန်တော်က ရှေ့နေလေ။ရှေ့နေဆိုတာထက် ရှေ့နေဘွဲ့ရထားတဲ့သူလို့ပြောရင်ပိုမှန်မယ်။‌လွန်ခဲ့တဲ့နှစ်နှစ်လောက်မှ masterပြီးတာ။ ဒီကြားထဲထပ်လေ့လာစရာရှိတာလေ့လာပြီး ဖိုးဖိုးဆီကနေသင်ယူနေတာ။ဖိုးဖိုးက တရားသူကြီးလေ"

"ဪ ကောင်းပါတယ်"

"အခုတော့ လေ့တောင်မလေ့လာနိုင်ဘူး။ကျန်းမာရေးကမကောင်းတော့"

ရယ်တယ်ဆိုရုံလေးပြုံးရယ်ကာပြောတော့ Dionကပြုံးကာ ကျန်းမာရေးဂရုစိုက်ဖို့ပြော၏။နှစ်ယောက်လုံး coffeeသောက်ပြီးတော့ Dionက ဓီရာ့ကိုအိမ်ပြန်လိုက်ပို့ပေးပြီး ပြန်သွားသည်။

_____________________________________

"မနက်အစောကြီး ဘယ်သူလာပါလိမ့်"

မနက်8နာရီခွဲမှာဘဲလ်တီးသံကြားလို့ ဓီရာအိပ်ယာကနေထပြီးအောက်ထပ်ကိုဆင်းကာတံခါးသွားဖွင့်လိုက်တော့ အိမ်ရှေ့မှာရပ်နေတဲ့ Dion...။

"Dion..။လာ ဝင်ခဲ့လေ"

ဧည့်ခန်းရောက်တော့ Dionကသူ့လက်ထဲကအဝတ်အိတ်အား ဓီရာ့ကိုကမ်းပေး၏။

"ဒီမှာ မနေ့ကဓီပေးလိုက်တဲ့အင်္ကျီ"

"ဪဟုတ်ကဲ့။ ခဏထိုင်ပါဦး။ ကျွန်တော်သောက်စရာတစ်ခုခုသွားလုပ်လိုက်ဦးမယ်"

"ရတယ် မလုပ်နဲ့တော့။ ကိုယ်တို့ဒီနေ့ Parisရဲ့ နာမည်ကြီးနေရာတချို့တွေကိုလျှောက်လည်ကြမယ်။‌ အဲ့တာအခုဓီ့ကိုလာခေါ်တာ"

"ကျွန်တော်ဘာမှမပြင်ဆင်ရသေးဘူး Dion။ ခုနလေးကမှ နိုးတာ။ဒါတောင် Dionလာလို့"

"‌အိပ်နေတာကို ကိုယ်နှောင့်ယှက်မိသွားသလား"

"မဟုတ်ပါဘူး။ မနှောင့်ယှက်မိပါဘူး"

"အဲ့ဆို ဓီအခုသွားပြီးပြင်လိုက်ပါလား။ ကိုယ်ဒီမှာစောင့်နေမယ်လေ"

"ဪ ဟုတ်ပြီဟုတ်ပြီ။ ကျွန်တော်အဲ့ဆိုသွားပြင်ဆင်လိုက်ဦးမယ်နော်။ ခဏလေးပါဘဲ"

"အင်းပါ ရတယ်။သွား"

ဓီရာ မြန်မြန်ရေချိုးလိုက်ပြီးတော့ အဖြူရောင်စပို့ရှပ်နဲ့tailored trousersအညိုဖျော့ရောင်ကိုဝတ်ကာခါးပတ် ပတ်လိုက်ပြီး အပေါ်ကရှပ်အင်္ကျီအဝါခြောက်ရောင်ကိုထပ်ဝတ်လိုက်သည်။ ပြီးတော့လိမ်းစရာရှိတာနည်းနည်းလိမ်းပြီး ရေမွှေးဆွတ်ကာအောက်ကို ဆင်းသွားလိုက်သည်။ အောက်ထပ်ရောက်တော့ ဓီရာ"အကြာကြီးစောင့်လိုက်ရလားလို့"မေးတာကို Dionကထိုင်နေရာကထကာ ပြုံးပြီး

"vous êtes beau(ချောတယ်)"

"ဟင်"

"ချောတယ် လို့ပြောတာ။မြန်မာစကားမှာ ယောက်ကျားလေးလှတယ်ပြောချင်ရင် ချောတယ်လို့သုံးရတာမလား"

"ဟုတ်တယ်လေ"

"အဲ့တာကြောင့် ချောတယ်လို့။ ဓီ ချောတယ်"

လက်မထောင်ပြီး ချောတယ်လို့ပြောနေတဲ့ မြန်မာသွေးရောတဲ့ပြင်သစ်သားကိုကြည့်ပြီး ဓီရာအသံထွက်ကာရယ်လိုက်မိသည်။ ဓီရာ့ထက်သုံးနှစ်ကြီးတဲ့Dionက လက်မလေးထောင်ကာကလေးတစ်ယောက်လိုပြုံးပြီး ချစ်စရာလေးပင်။မျက်လုံးကအဝါရောင်ပေမဲ့ မြန်မာသွေးရောလို့လားမသိ တစ်ချက်တစ်ချက်ကြည့်ရင်light brownဘက်သွားသည်။

"သွားကြ‌တော့မလား ဓီ"

"အင်း သွားကြရအောင်"

တိုက်ခန်းကိုသေချာသော့ခတ်ပြီး သော့ကိုဘောင်းဘီအိတ်ကပ်ထဲထည့်မလို့လုပ်တော့ Dionက"ပြုတ်ကျလိမ့်မယ် ကိုယ့်ကိုပေးထား"ဆိုပြီးပြောလို့ သူ့ကိုပေးလိုက်တော့ သူကသူ့ရဲ့ဇစ်နဲ့ဂျက်ကတ်အိတ်ကပ်ထဲထည့်ပြီး သိမ်းပေးသည်။ပြီးတော့ ဘတ်စ်ကားမှတ်တိုင်နားထိလမ်းလျှောက်ကြပြီး taxiငှားစီးကြသည်။

Taxi သမားကိုပြင်သစ်စကားဖြင့်နေရာတစ်နေရာသွားဖို့ Dionကပြောလိုက်သည်။ အမည်မသိနေရာကိုသွားတဲ့လမ်းတစ်လျှောက်လုံး Parisမြို့ကြီးရဲ့နွေဦးအလှကို ဓီရာငေးကြည့်နေခဲ့သည်။ လှသည်။

ကားမှန်တွေချထားတော့ နွေဦးလေပြေများက နဖူးပေါ်ကဆံပင်စကိုကလူကျီစယ်ကာတိုက်ခတ်သွား၏။ ဓီရာချောင်းတစ်ချက်ဆိုးတော့ Dionက အဆင်ပြေရဲ့လားမေးပြီး "နေမကောင်း‌သေးရင် လေတိုက်မခံနဲ့ ဓီရဲ့"ဆိုပြီး ဓီရာ့ဘက်ကကားမှန် အပြင်သူ့ဘက်ကကားမှန်ကိုပါတင်ပေးသည်။ Dionရဲ့အဲ့လိုပြုမူပုံက ဓီရာ့ရင်ထဲနွေးထွေးစေတာတော့အမှန်။ မနေ့ကမှတွေ့တဲ့သူစိမ်းတစ်ယောက် ပြီးတော့ နိုင်ငံခြားသားတစ်ယောက်က ဓီရာ့ကိုခင်ခင်မင်မင်နဲ့ဂရုစိုက်ပေးတာက ဓီရာ့အတွက်တော့ ပျော်ရွှင်စရာပင်ဖြစ်သည်။

နေရာတစ်ခုကို ရောက်တော့ Dionက taxiကရှင်းပြီး ဓီရာ့လက်ကိုဆွဲပြီး အဲ့ဒီ‌နေရာကိုခေါ်
သွားသည်။

"လက်က အေးနေတယ်နော်။ ဓီ"

"ဟုတ်တယ်။ ဘာလို့လဲမသိပါဘူး။ လက်ကအမြဲအေးနေတော့တာဘဲ"

"လက်အေးခြေအေးကမကောင်းဘူး ဓီရဲ့။ ဒီလိုရာသီမှာတောင် လက်ကအေးနေတာဆိုတော့ ကျန်းမာရေးပိုဆိုးလိမ့်မယ်။ လာ နွေးသွားအောင်
ကိုယ့်အိတ်ကပ်ထဲလက်ထည့်ထား"

ဆိုပြီး လက်ကိုဆွဲပြီး သူ့အိတ်ကပ်ထဲထည့်ထားတဲ့ Dion။

"အခုကိုယ်တို့ဘယ်သွားနေတာလဲ ဓီ သိလား"

"မသိဘူး Dion။ အခုဘယ်သွားနေတာလဲဟင်"

"အခုကိုယ်တို့ Latin Quarterရောက်နေတာလေ။ ဒီနေရာကခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာတစ်နေရာ ဓီရဲ့။ ကိုယ်တို့အခုသွားနေတာက la Closerie Des Lilas ဆိုတဲ့coffeeဆိုင်ကိုသွားနေတာ။ ဒီနေ့တစ်နေ့လည်လုံး ဒီLatin Quarterမှာဘဲ လျှောက်လည်ကြတာပေါ့။ အဲ့တာမှ နှံ့မှာလေ"

"ဟုတ်"

ကော်ဖီဆိုင်ကိုရောက်တော့ Dionကဘဲ ကောင်းမယ်ထင်တာတွေ မှာပေးပြီး ခဏဆိုကာ အပြင်ထွက်သွား၏။ ပြန်လာတော့ လက်ထဲမှာအိတ်လေးတစ်အိတ်ပါလာသည်။

"ဓီ ကိုယ့်ကိုလက်ပေး"

"ဘာလို့လဲဟင်"

"ပေးပါ"

ဓီရာ လက်ပေးလိုက်တော့ Dionက အိတ်ထဲကလက်အိတ်ထုတ်ပြီးတော့ ဝတ်ပေးသည်။

"ရပြီ။ အခုလိုဆိုဓီ့လက်တွေမအေးတော့ဘူး"

"Dionခုနက ထွက်သွားတာ လက်အိတ်သွားဝယ်တာပေါ့"

"အင်း ဟုတ်တယ်။ ဓီ့လက်တွေအေးနေလို့လေ။ နေမကောင်းတော့ လက်တွေလဲအအေးမခံနဲ့။ လေလဲအတိုက်မခံနဲ့။ လူရောအေးနေသေးလား"

"မအေးပါဘူး။ ကျွန်တော်အဆင်ပြေပါတယ်"

ဓီရာက ပြုံးပြုံးလေး ပြန်ပြောတော့ Dionကပြုံးပြီး ပြင်သစ်စကားလုံးတစ်ခုကိုရေရွတ်လိုက်၏။ ဓီရာ‌ဘာပြောလိုက်တာလဲဆိုတာမေးမလို့လုပ်တုန်း waiterက မှာထားတာလာချတာနဲ့ မေ့သွား၏။

"မနက်စာစားပြီးရင် ကိုယ်တို့တွေအရင်ဆုံး ဘယ်သွားကြမလဲ။ ဓီ ဘယ်သွားချင်လဲ"

"ကျွန်တော် Dionကို အင်္ကျီပြန်ဝယ်ပေးမယ်‌လေ။ ဒီနားမှာ ကုန်တိုက်ရှိလား"

"အင်္ကျီ ပြန်မဝယ်ပေးပါနဲ့တော့။ အင်္ကျီဝယ်‌ပေးမဲ့အစား တခြားပစ္စည်းတစ်ခုခုဝယ်ပေးလေ"

"ဘာပစ္စည်းလဲဟင်"

"ဒီနားမှာ ရှေးဟောင်းပစ္စည်းဆိုင်တွေရှိတယ်။ စာအုပ်အဟောင်းဆိုင်တွေလဲ ရှိတယ်။ အဲ့ဆိုင်တွေလျှောက်ကြည့်ရင်း ကိုယ်ကြိုက်တဲ့ဟာတွေ့ရင်ဝယ်ပေးပေါ့"

"အင်းအင်း။ ဟုတ်ပြီ"

"စားဦး"

"အင်း။ Dion ရောဘဲ"

ဓီရာတို့နှစ်ယောက် မနက်စာစားပြီးတော့ စာအုပ်ဆိုင်တွေနဲ့ ပစ္စည်းအဟောင်းဆိုင်တွေရှိတဲ့နေရာကို လမ်းဆက်လျှောက်သွားကြသည်။ ဒီ Latinရပ်ကွက်က စိတ်ဝင်စားဖို့ကောင်းသည်။ Dionပြောတာကတော့ ဒီနေရာကသမိုင်းကြောင်းတွေနဲ့ဆက်စပ်တာ အများဆုံးရှိတဲ့နေရာတဲ့။ ပြီးတော့ စာအုပ်ဆိုင်တွေအပေါဆုံးဘဲတဲ့။ လမ်းလျှောက်တဲ့တစ်လမ်းလုံးမှာလဲ စာအုပ်အဟောင်းဆိုင်တော်တော်များများကိုတွေ့ရသည်။ အဲ့စာအုပ်ဆိုင်တွေထဲက Dionကတစ်ဆိုင်ကို ခေါ်သွားပြီး ဆိုင်ထဲရောက်တော့ဆိုင်ရှင်က Dionနဲ့ အရင်ကတည်းကသိကြတယ်ထင်ပါတယ် ခင်ခင်မင်မင်ပင်စကားစပြော၏။ Dionက ပြင်သစ်လိုတစ်ခုခုလဲပြောလိုက်ရော အဲ့ဆိုင်ရှင်ဦးလေးကြီးက သူ့ကောင်တာကစာအုပ်တစ်အုပ်ကိုပေး၏။ Dionကနောက်ထပ်ထပ်ပြောတော့ Dionကိုတစ်နေရာကိုခေါ်သွားပြီး စာအုပ်တစ်အုပ်ကိုပြသည်။

"Dion"

သူ့ရဲ့အင်္ကျီစကိုဆွဲပြီး ခေါ်တော့ ဓီရာ့ဘက်လှည့်လာ၍

"ပြောလေ ဓီ"

"အဲ့စာအုပ်နှစ်အုပ် Dionယူမလို့လားဟင်"

"အင်း ဟုတ်တယ်"

"ကျွန်တော်ဝယ်ပေးမယ်လေ"

"အင်းအင်း"

"ဘယ်လောက်လဲ"

"15ယူရို"

"အင်းအင်း။ ဒီမှာ Dion"

ဘောင်းဘီအိတ်ကပ်ထဲက ပိုက်ဆံအိတ်ကနေ 15ယူရိုထုတ်ပြီး Dionကိုပေးလိုက်သည်။Dionက ဓီရာ့ဆီကယူပြီး ဦးလေးကြီးကိုပေးလိုက်၏။ ဓီရာလိုချင်တဲ့စာအုပ်တစ်အုပ်နှစ်အုပ်လောက်ပါထပ်ဝယ်ပြီးတော့ အဲ့နားက ရှေးဟောင်းဆိုင်တွေကိုဝင်ကြည့်ပြီး ဓာတ်ပုံတစ်ချို့ရိုက်ခဲ့သည်။ ပြီးတော့ ခေတ်သစ်ရူပဗေဒ၏မိခင် Marie Curieနှင့် သူမ၏မိသားစုအတွက် ရည်စူးထားတဲ့ ကြီးကျယ်ခမ်းနားသော သိပ္ပံပညာအောင်မြင်မှု၏နေရာကို အမှတ်အသားပြုသည့် အခမဲ့ပြတိုက်Musée Curie ကိုသွားလည်ဖြစ်သည်။

ဈေးလမ်းဖြစ်တဲ့ Rue Mouffetard နှင့် ဂန္တဝင်ရင်ပြင်ဟောင်း‌တွေ၊ လှပတဲ့လမ်း‌တွေဖြစ်တဲ့Place de la Contrescarpe နှင့် Rue Monge ကိုလျှောက်ရင်း ပါရီနွေဦး၏အလှတရားများကိုထိတွေ့ရသည်မှာ အလွန်နှစ်သက်စရာကောင်းလှသည်။ ၁၇ ရာစုတွင် Louis XIII ဘုရင်၏ အုပ်ချုပ်မှုအောက်၌ ဆေးဖက်ဝင်အပင်များ စိုက်ပျိုးရန်အတွက် မူလက ပါရီ၏တော်ဝင်ရုက္ခဗေဒဥယျာဉ်ဖြစ်သည့် ကြီးကျယ်ခမ်းနားသော Jardin des Plantes ကိုလဲ ဝင်ကြည့်ဖြစ်သည်။

ဈေးလမ်းတစ်လျှောက်မှာ မတူညီတဲ့ဆိုင်တွေကနေပြင်သစ်ပေါင်မုန့်နှင့် croissantတွေကို ဝယ်လာခဲ့ပြီး ‌လမ်းလျှောက်သွားရင်း နှစ်ယောက်သားအတူစားကြသည်။

နောက်တစ်နေရာအနေနဲ့ အဖြူရောင်အမိုးခုံးနှင့်ထူးခြားတဲ့ neoclassical ဂူဗိမာန်ကိုသွားလည်ကြသည်။ Dionရှင်းပြတဲ့သမိုင်းကြောင်းကိုနားထောင်ရင်း လျှောက်ပတ်ကြည့်နေတုန်း အဲ့ဗိမာန်ထဲမှာ လက်တွဲပြီးသွား‌နေတဲ့‌ကောင်လေးနှစ်ယောက်ကို ဓီရာအမှတ်မထင်တွေ့တော့ ငေးကြည့်နေမိသည်။

"ဓီ"

"ဗျာ..ဗျာ"

"ဟိုကောင်လေးနှစ်ယောက်ကို ဘယ်လိုမြင်လဲ"

"သူငယ်ချင်းတွေမဟုတ်တာတော့အမှန်ဘဲ"

"သူတို့က လိင်တူချစ်သူတွေလေ"

"အင်း"

ဟိုကောင်လေးနှစ်ယောက်ကိုကြည့်ရင်း ကိုယ်ပြောတဲ့စကားတွေပြန်ဖြေနေတဲ့ ဓီ့ကိုကြည့်ပြီး ဓီဘာဆက်ပြောမလဲဆိုတာကိုစောင့်ဆိုင်းနေလိုက်သည်။

"ချစ်စရာလေးတွေနော်။ တစ်ယောက်လက်ကိုတစ်ယောက်တွဲထားကြပြီး ‌ရယ်နေကြတာလေးတွေက"

"အင်း ဟုတ်တယ်နော်။ ပါရီမြို့က LGBTQကိုလက်ခံတဲ့ မြို့တစ်မြို့ဘဲလေ။ လိင်တူချစ်သူတွေ public areaမှာ ‌လွတ်လွတ်လပ်လပ် နေလို့၊သွားလို့ရတယ်။ လူနှစ်‌ယောက်ရဲ့ချစ်ခြင်းကို ဝေဖန်ကြတဲ့လူတွေလဲမရှိဘူး"

"အင်း...သူတို့တွေအတွက် ကျွန်တော်ဝမ်းသာပါတယ်"

ဟိုကောင်လေးနှစ်ယောက်ကိုအကြည့်မပျက်ဘဲ
ပြုံးပြီး ပြောနေတဲ့ဓီ့ကို ကြည့်ပြီး Dionရင်ထဲမှာ ကြည်နူးမှုလှိုင်းတစ်ခဏထသွားသည်။ သူ့ခံစားချက်တွေကို သူသိပါတယ်။ သူကိုယ်တိုင်ကလဲ

You are reading the story above: TeenFic.Net