Chapter-2

Background color
Font
Font size
Line height

If I were you
By
Hsaung hayman

ထိုက်သူနှင့်ဘေးမှ အမျိုးသမီးကြီးဟာ လွန်စွာ စိုးရိမ်နေသည်။
အထဲမှရှိနေသည့်သူတွေဟာ ဘယ်လိုဖြစ်နေလဲဟုတွေးနေသည်။

ယာမင်းအဆင်ပြေရဲ့လား အဆင်ပြေပါစေကွာ အေးဆေးစွာနဲ့ကိုယ်နဲ့ သားလေးရှိလာရမည်ဟုထိုက်သူတွေးနေမိသည်။

VIP အခန်းထဲမှာမှု ဒေါက်တာ များအလုပ်ရှုပ်နေခြင်း
ဘေးချင်းကပ်လျက်ထားကာ မီးဖွားမည့် သူနှစ်ယောက်ဟာ နာကျင်စွားအော် ဟစ်နေပြီ သူနာပြုတွေကမှု ဘေးမှ အားပေးသံတွေနှင့်ပင်

ထိုချိန်မှ မာယာဟာ မရတော့သည့် ဟန်မှုယာနှင့်

''ဒေါက်တာ ဟင့် ကျွန်မ ဟင့်မဟင့်ရတော့ဘူး လုပ်ပါတော့''
ဟု နာကျင်စွာပြောလာသောကြောင့် ဒေါက်တာဟာဘေးမှသူနာပြုအား တစ်ချက် ကြည့်ကာ..

''ခွဲစိတ်မှု စတင်မယ် လူနာအားမရှိတော့ဘူး ညစ်ဖို့''

''အာ့ ဒေါက်တာဟင့်ကျွန်မ ကလေးကိုပဲ ကယ်ပေးပါနော်''
ဟုဆိုကာ ဒေါက်တာရဲ့လက်အားဆုတ်ကိုင်ထားတော့ ဒေါက်တာ ဟာလက်ကိုပြန်ကိုင်၍....

''ကျွန်တော် တို့အတက်နိုင်ဆုံး စောင့်ရှောက်သွားမှာမို့ စတင်လို့ရပြီလား''

မာယာ ခေါင်းညိမ့်ပြသည်နှင့် မေ့ဆေးဟာအလိုလို အိပ်ပျော်သွားစေသည်။

တစ်ဖက် ....

''ညစ်ပါအုံးရှင် နည်းနည်းလိုပါသေးတယ် လူနာညစ်နော်''

မြက်သန္ဒာ နားသူနာပြုတွေအုံနေကာ အားပေးကြမ်းကာ ဝိုင်းအားပြုနေသည်။

မြက်သန္ဒာ အားပြုညစ်နေကာ မရတော့သည့်အဆုံး နောက်ဆုံးကျန်သည့်အားဖြင့် ညစ်ထုတ်လိုက်တော့ပေါ်ထွက်လာသည့်အသံ...

''အူဝါးးးအူဝါးး''

''မွေးပြီရှင့် မွေးပြီ အချိန်အားဖြင့် ၁၀နာရီ မှာမွေးသည့် သားဦးလေး ''

မြက်သန္ဒာ မျက်နှာမှာ အပြုံးလေးပွင့်လန်းလာသည် သူလွန်စွာ ပင်ပန်း နေသည်။
သူအသက်ဖြင့် လဲကာမွေးသည့်သူက သားလေးတဲ့လား...

ဒေါက်တာလက်ထဲကနေ သူနာပြုမလေးဟာ ကလေးလွဲယူကာ ကလေးလေးအားကြည့်၍...

''ကလေးလေးကချစ်ဖို့ကောင်းလိုက်တာရှင် စနေသားလေးမို့လားမသိဘူး မွှေတော့မည့်ရုပ်လေးနှင့်''

မြက်သန္ဒာ ကလေးအားလွဲယူ ထိုင်ကာ ချီ၍...

''ဒီနေ့ Julyလ 9ရက်နေ့ အချိန်၁၀နာရီမှာမွေးသည့် ကျွန်မ ရဲ့သားဦးလေးရဲ့ နာမည်ကို စိုင်းထက်သီဟလူလို့ပေးမယ်''

ဘေးနားမှ သူနာပြုတွေဟာ..

''ကောင်းလိုက်တဲ့နာမည်လေးရှင် မိုက်တယ် မမ''

''အူဝါးးးအူဝါးး''

ထိုအခိုက် ဘေးမှ ပေါ်ထွက်လာသည့် အသံစူးစူး..

''ထွက်လာပြီ ထွက်လာပြီ ယောကျ်ားလေးပဲ ဒီဘက်လဲ''
ဟု သူနာပြုမလေးဟာ အော်ပြောလာသည်မို့ မြက်သန္ဒာ နှင့်အခြားသူများဟာ ပြုံးမိသည်...

''ဟုတ်လား ကျွန်မ လဲသားဦးလေးပဲ''

''သားဦးစနေမီးလိုမွှေဆိုသလို ဒီသားလေးနာမည်လဲသိချင်မိပြီရှင်''

''အချိန်၁၀နာရီ မှာမွေးသည့်သားယောင်္ကျားလေးလို့အပြင်မှာသွားပြောပေးပါအုံး''

ထိုဒေါက်တာပြောသည့်နှင် ဘေးနားမှ သူနာပြုမလေးဟာ ဘေးနားကပ်ကာ..

''ဒါဆိုမမသားနဲ့က ၅မိနစ်ပဲ ခြားတာပေါ့ ဟုတ်လား မမ''

''မင်းပြောမှ တို့လဲစဥ်းစားမိပါ့ အဲ့ကလေးနဲ့တို့သားနဲ့က အချိန်၅မိနစ်ခြားတဲ့ ကလေးပဲ''

မြက်သန္ဒာ ဘေးနာကို ပြောကာကြည့်လိုက်တော့ မပြုံးနိုင်ကြသည့် ဒေါက်တာတွေနှင့် သူနာပြုကြောင့် မြက်သန္ဒာ မေးလိုက်သည်။

''အဲ့ဘက်က ဘာဖြစ်လို့လဲ အဆင်မပြေတာရှိလို့လား''

ဒေါတာဟာ ထိုအမျိုးသမီအားကြည့်၍ မပြုံးနိုင်ကာ..
''ကလေးရဲ့အမေ ဆုံးပြီ ''

မြက်သန္ဒာ လန့်သွာကာ အသားများတုန်ရင်လာ၍

''ဟုတ်ရဲ့လား ပြန်စစ်ကြည့်ပါအုံး''

''လူနာအသက်မပါတော့ဘူး အဲ့ဒါ....''

''မမလေး အပြင်ခန်းရွှေ့ကြရအောင် ''

တွန်းလဲအားတွန်းကာ အပြင်ကိုထွက်လိုက်ကာ မြက်သန္ဒာ လှည်းပေါ်မှာသာ အသာလှဲနေလိုက်သည့်အခိုက်...

''ယာယာ မင်းအဆင်ပြေရဲ့... ''

အနားရောက်လာသည့် လူကာမှု တစ်ခြားတစ်ဦးနှင့်မှားသည့်ပုံပင် တွန်းလှဲအားကိုင်ကာ မေးလာသည့်သူအားသေချာကြည့်မှဖြင့် သူဖြစ်နေလေသည်။
ထိုလူမှ သူထင်သည့်လူမဟုတ်မှ...

''လူမှားသွားလို့ တောင်းပန်ပါတယ် ''

ထိုလူကာ နောက်ဆုတ်ကာ ထွတ်သွားမည့်အလုပ် မြက်သန္ဒာ လက်အား လှမ်းဆွဲကာ အနားကိုအနည်းငယ်ဆွဲခေါ်လိုက်တော့ အသာတကြည်ပါလာသည့်သူ...

''ကိုထိုက်သူ အဆင်ပြေနေရဲ့လားရှင်ရယ်''

ထိုက်သူ လက်အားဆွဲကိုင်ကာ စိက်ပူပန်ပုံဖြင့်မေးလာသည့်သူမကြောင့် ပြန်ပြုံးပြကာ...

''ကိုယ်အဆင်ပြေနေပါတယ် မင်းရောပြေရဲ့လား''

ပြန်မေးလိုက်သည့်အမေးကြောင့် မြက်သန္ဒာ ကာ ဘေးမှ လည်းခြင်းလေးထဲက ကလေးလေးအားလှမ်းပြကာ...

''အဆင်ပြေပါတယ် သားလေးမွေးတယ် ''

''ဂုဏ်ယူပါတယ်ကွာ ကိုယ့် ဇနီးလည်းအထဲမှာဆိုတော့ မြက်နဲ့မှားသွားတယ်ကွာ''

ခေါင်းကုတ်ကာပြော၍ ရှက်နေသောသူကြောင့် မြက်သန္ဒာ ပြုံးမိသည်။
မြက်သန္ဒာ တွေးမိလေသည်။
သူတို့တာ နှစ်ဦးသဘောတူ လမ်းမခွဲခဲ့ရင် ဒီကလေးအဖေနေရာမှာ သေချာပေါက် ဒီနားကလူဖြစ်နေပြီလို့ဟုတွေးနေပြီ.. အခုတော့အတွေးတွေနှင့်ထပ်တူမကျခဲ့ကြသော သူတို့နှစ်ယောက်ရဲ့ အချစ်ရေးဟာ ခဏတာနှင့်ပြီးဆုံးသွားကာ ယခုလည်းတွေ့မယ့်တွေ့တော့လည်း နှစ်ယောက်လုံးကာ မခေါ်နိုင်မပြောနိုင်ခြင်းပင်....

''ဒါဆိုရင်လည်း လူနာကို အခန်းပြောင်းပေးချင်လို့ သွားခွင့်ပြုပါအုံး ''

ဘေးမှ သူနာပြုက ပြောတော့မှ နှစ်ယောက်သားအကြည့်ချင်းခွာကာ ထိုက်သူနောက်ဆုတ်လိုက်သည်နှင့် သူနာပြုမလေးဟာ အနားမှ တွန်းလှဲကိုတွန်းကာ ထွတ်သွားလေသည်။

''မင်းတောင်မင်းဘဝနဲ့ဖြစ်နေပြီပဲမြက်''

ထိုက်သူ မယအဲ့ကိုပင်အကြည့်ရောက်နေတုံး Vipခန်းမှ မျက်နှာမကောင်းစွာနဲ့ထွတ်လာသည့်ဒေါက်တာနှင့် nuseတွေရှိိသွားလိုက်ကာ...

''ကျွန်တော် ဇနီး ရဲ့အခြေနေလေး''

စိုးရိမ်တစ်ကြီး မေးနေပေမဲ့ ဒေါက်တာဟာ မဖြေသေးပဲ ထိုက်သူအား တစ်ချက်ကြည့်ကာ ဘေးက nuseအားခေါင်းညိတ်ပြလိုက်သည်။

''သားလေးမွေးပါတယ် စိက်မကောင်းစရာက မိခင်က အသက်မရှိတော့ဘူး''

ထိုက်သူ နေရာမှာတင် အရုပ်ကြိုးပျက်ထိုင်ချကာ ငူငိုင်ငိုင်ဖြစ်သွားသည်။
သူမဖြစ်ဘူးဆိုသည့်အရာကြီးဟာ အခုဖြစ်သွားလေသည်။
စိက်ထဲတွင်လည်း ဗလာကျင်းသွားကာ နားထဲတွင် ''မိခင် အသက်မရှိတော့ပါဘူး''ဆိုသည့်စကားအား အထပ်ထပ်ပင် ကြားယောင်နေလေသည်။
သားလေးနဲ့အတူနေချင်သည် သူမ
သားလေးကိုတွေ့ချင်ပြီဟာ ခဏခဏပြောသည့်သူမ
ကလေးမမွေးနိုင်မှာကြောက်သည်ဟု ပြောသည်သူမ

အခုသူဘဝထဲက တစ်ကာ်ကြီးကိုထွက်သွားသည့်သူမ...

သူမအရမ်းတော်ပါပေသည်။

''အားးးမဟုတ်ဘူး မစပါနဲ့တော့ကွာ''

''အူးဝါး''

ထိုက်သူကျယ်လောင်စွာ အော်လိုက်သည်နှင့် တစ်ပြိုက်တည်းထွက်လာသည့်ကလေးငိုသံ...
ထိုက်သူ မျက်ရည်များအား မထိန်းနိုင်တော့ပေ ကြမ်းပြင်ပေါအားသဲထန်စွာကြနေသည့်မျက်ရည်များအား အကြမ်းပတမ်း ပွတ်ဆွဲကာ niseချီထားရာ နေရာသို့ ယိုင်တိုင်တိုင်ဖြင့် ပြေးသွားကာ ကလေးအားချီဖိုလုပ်သည်။

''သားသား ဖေဖေ ရှီကိုလာ''

ကလေးအား ကိုယ်ပေါက်ရောက်သည်နှင့် ကလေးအားဖက်ကာ...

''ဖေဖေတို့မှာ လူတစ်ယောက်လျော့သွားပြီကွ''

''သားမှာ မေမေ မရှိတော့တစ်လို ဖေဖေမှာလည်း ဖေဖေအရမ်းမြက်နိုးရတဲ့ သူလေးဆုံးရှုံးသွားခဲ့ပြီသား''

ကလေးအား ချီထားကာ ပြောနေသည်မှာဘေးမှဒေါက်တာတွေလည်းဝမ်းနည်ယုံပင် မတက်နိုင်ပေ..

''ဖေဖေတောင်းပန်ပါတယ်ကွာ မင်းရဲ့မေမေကို ကြာကြာမဆွဲထားနိုင်လို့ ဖေဖေအပြစ်ပါကွာ အမြဲသူကို စိတ်ဓာတ်ကျအောင် လုပ်နေပေးမိလို့ ဖေဖေသူကို ချစ်တယ် လို့တောင်မပြောလိုက်ရဘူးကွာ...''

တိုးညင်းစွားပြောနေသည်မဟုတ်သော်ငြားလည်း မကျယ်ပေ...နို့စာလို့ ကလေးလေးအားပိုက်ကာ ချွေးသံတရဲရဲနှင့် ငိုကျွေးနေသည့် သူကား ရည်မှန်းချက်တွေ ပျောက်ဆုံးနေသည့်သူလိုပင်...

''မင်းကို လူလောကမှာ တွေ့ချင်နေသည့်သူကို ဖေဖေ ပေးမတွေ့လိုက်ရဘူးသားရယ် အရာအားလုံးကို ဖေဖေကပဲ တောင်းပန်ပါတယ် ဖေဖေက သားလေးကို အမေတစ်ယောက်လိုကော အဖေတစ်ယောက်လိုကောပြုစုပေးမှာမို့ သားကကြီးပြင်းလာပေးရမယ်နော်''

အနားအားသူနာပြုမလေးဟာ ကလေးအာ ယူကာ မီးကင်ခန်းထဲထားဖို့ ခေါ်သွားလေတော့ ထိုက်သူ ပြောနေနှင့်လေသည်။

ထိုချိန်ဟာ ထိုက်သူတွက်တော့ အဆိုးရွားဆုံး အခြေအနေဆို ပိုမှန်လိမ့်မည်....

..................။

ရက်သတ္တပတ်ကြာ....

''အို...အို...''

''အူးဝါး..အူဝါးး''

သူနာပြုမလေးဟာ ဟိုလျောက်ဒီလျောက်ဖြင့် ကလေးအားချော့မြူနေပင်မဲ့ ကလေးဟာအငိုမတိတ်ပေ...
အခန်းထဲတွင် သူနာပြုနှစ်ယောက်လုံးပတ်လိုက်နေသည်။

အခန်းထဲသို့ အလောတစ်ကြီး ထိုက်သူ ဝင်လာကာ ကလေးအနားသို့ပြေးလာ၍

''ဘာဖြစ်တာလဲ ကလေးက ဒီလောက်ငိုနေတာ''

''နို့ဆာလို့ထင်တယ် ''

ကလေးအားလက်လွဲ ပြောင်းယူကာ ပုခုံးပေါ် မောက်ကာ ချော့ကာ သူနာပြုဘက်အားလှည့်ကာ...

''နို့ဖျော်လေ ကလေးဆာနေတာကို''

သူနာပြုမလေးဟာ ပြောရခက်နေသည် ကလေးကနုသေးတယ်လေ ဘယ်လိုလုပ် နို့မှုန်ကြမ်းသောက်မှာတဲ့လဲ အာဟာရဖြစ်တဲ့ မိခင်နို့ပဲသောက်ရမှာလေ..

''ပြောလေ ဘာလုပ်နေလဲ ''
မေးသည်ကိုမဖြေပဲ နေနေသူကြောင့်အော်လိုက်တော့ တွန့်ဆုတ်တွန်ဆုတ်နှင့်...

''ကလေးက မိခင်နို့မဟုတ်လို့ နို့မှုန့်ကြမ်းကို မသောက်နိုင်တာပါ ''

''အဲ့တော့ ပြောချင်တာက''

သူနာပြုမလေဟာဆက်ပြောလာသည်။

''ဟုတ်ပါတယ် ကလေးက အာဟာရချို့တဲ့နေတာပါ မိခင်နို့မဟုတ်ရင် ကလေး အန္တရယ် ဖြစ်နိုင်ပါတယ် ''

''အခုချက်ချင်း ဆေးရုံသွားမယ်''

ကလေးအား ချီကာ အိမ်ပြင်ဘက်အားပြေးထွက်သွား သည်။

...............

''သမီရေ..မြက်သန္ဒာရေ''

''ရှင်မေမေ လာပြီ''

မြက်အိမ် ပေါ်ထပ်ကနေ ဆင်းလာကာ အမေနားဝင်ထိုင်၍ ကလေးအား လက်လွဲယူလိုက်သည်။
ထိုနောက် အပေါ်အင်္ကျီမကာ ကလေးအားနို့တိုက်တော့ အငမ်းမရ စို့လာသည်။

မြက်ကလေးအား အကြည့်လွဲကာ အမေအားကြည့်လိုက်တော့...
sofaပေါ်မှ အမေက...

''မြေးလေးက ဒီနေ့ ကာကွယ်ဆေး သွားထိုးရမည့်နေနော် သမီး''

''ဟုတ်ကဲ့ပါ သမီးပြင်ဆင်ပြီးပါပြီ''

မြက်သစ္စာ ခေါင်းငြိမ့်ပြကာ အပြင်ဘက်အားထွက်သွားတော့သည်။
မြက်သန္ဒာ ကတော့ကလေးအား နို့တိုက်ကာ ယောကျာ်း ဖြစ်သူရဲ့အဖြစ်ဆိုးအားတွေးနေမိလေရာ မပြုံးနိုင်ပေ။

................

ဆေးရုံ ဝန်းကျယ်ထဲတွင်အလောတကြီး ပြေးဝင်လာသူက ထိုက်သူပင်။
ဆေးရုံထဲရောက်သည်နှင့် ကောင်တာဘက်အား ကလေးကိုချီကာအလောတကြီးသွားလိုက်သည်။

''ကလေးကို တစ်ချက် လောက်ကြည့်ပေးပါအုံး နို့မသောက်တာလဲ ရက်သတ္တပတ်ကြာနေပြီ ခုထိ''

သူနာပြုမလေးဟာ ကလေးအားလွဲယူ ချီကာ တစ်ခြားသူနာပြုရှိလွဲပေးလိုက်သည်။

''ဘာမှမစိုးရိမ်ပါနဲ့ ကျွန်မ တို့အခြေနေတွေကြည့်ပေးပါ့မယ်''

''ဟုတ်ပါပြီ''

ထိုက်သူ အပြင်ကသာစောင့်ရင်း ဟိုဘက်လျောက်ဒီဘက်လျောက်ရင်း...

''အ့''

ထိုက်သူ တိုက်မိသည့်သူလက်ထဲက ကျသွားသည့်ပစ္စည်းလေးတွေအားကောက်ပေးကာ မော့ကြည့်သည့်အခိုက်...

''မြက်''

''ဟင် အစ်ကို''

ထိုက်သူလက်ထဲမှ အိပ်ကို လှမ်းပေးလိုက်ကာ...

''ဘာလာလုပ်တာလဲ ဒီကိုမြက်''

''သားလေးကို ကာကွယ်ဆေးလာထိုးပေးတာ''

ကလေးအားကြည့်ကာ ပြုံးရွှင်စွားပြောလာသည့် အမျိုးသမီးကို ထိုက်သူ ငေးကြည့်နေမိသည်။
ပြီမှ....

''မြက်ရဲ့ အမျိုးသားရော မပါဘူးလား''

မေးလိုက်ပါမှ မျက်နှာအား ချက်ချင်ပျက်သွားသူကြောင့် ထိုက်သူ အခက်တွေ့သွားသည်။
မမေးမိလိုက်ရင်ကောင်းသာပေါ့...

''မြက်အမျိုးသားက မြက် မီးဖွားတဲ့နေ့မှာတင် ဆုံးသွားပြီ အစ်ကို ''

''ဘယ်လို ''

ထိုက်သူ အံသြ သွားကာ ပြောစရာစကားပင်ရှာမတွေ့ ဘယ်ကဘယ်လိုပဲပြောရမလိုပင်။

''စိတ်မကောင်းပါဘူး မြက်''

''ရပါတယ် မြက်လဲ ဝမ်းနည်းရပါတယ် အစ်ကိုရဲ့ ဇနီးကို''

''ဖြစ်ပြီးသာတွေက ပြီးသွားပြီပဲ ဘာမှ နောက်ဆုတ်လို့မတော့တာ မြက်ရယ်''

''ဟုတ်တယ် ကိုလူသာ ဒီလိုကြိုဖြစ်မယ်တာ သိခဲ့ရင် တားခဲ့မိမှာ''

ထိုက်သူ ခေါင်းငြိမ့်ပြကာ ကလေးအားကြည့်မိတော့ အသားလေးတွေဖြူကာ စုပ်တံလေးအားစုပ်ကာ ကားယားလေးပင်။
ထိုက်သူပြုံးကာ အနားသွားလိုက်ကာ ကလေးအားခဏချီလိုက်ပြီး..

''ကိုယ့်သားလေးလည်း ဒီလိုလေးဖြစ်ရင်ကောင်းမယ်''

''အစ်ကို သားကဘာဖြစ်လို့လဲ''

''မိခင်နို့မရှိတော့ နှို့မှုန်တွေမသောက်ဘူးရယ် ဒီနေ့လည်းနေမကောင်းဖြစ်လို့ လာပြတာ''

''မြက်ပြောမယ်နော် တစ်မျိုးမထင်နဲ့နော် ''

ထိုက်သူ အပြောကြောင့် မြက်ခဏစဥ်းစားနေကာ ပြီမှ ထိုက်သူ ခေါင်းငြိမ့်ပြကာ မှဆက်ပြောလာသည်။

''ကလေးကို မြက်နို့တိုက်ပေးမယ်လေ ဒီအတောတွင်း''

ထိုက်သူ စဥ်းစားနေကာပြီမှ...

''မင်းအဆင်ပြေပါ့မလား ''

မြက်ခေါင်းငြိမ့်ပြလိုက်မှာပါပဲ...

''ဟုတ်ပြီလေ အဲ့လိုလုပ်ကြည့်ကြတာပေါ့''

.................။

ဒီလိုနဲ့ပဲ မြက်သန္ဒာ ထိုက်သူရဲ့ကလေးကို နို့တိုက်ခဲ့သည်မှာ ရက်သတ္တပတ်ကြာသွားခဲ့သည်။

''ဒါဆိုအစ်ကိုတို့က သွားတော့မှာပေါ့ ''

''အင်းကိုယ်ဆုံးဖြက်ပြီးသွားပြီ''

မြက်သန္ဒာ မျက်နာညိုးသွားရသည်..
မြက်သန္ဒာ ရဲ့ အိမ်ဧည့်ခန်းထဲတွင် ထိုက်သူနှင့် ကလေးနှစ်ယောက်အားနို့တိုက်နေသည့်သူမ..
အကြောင်းမှာ ထိုက်သူတို့ တစ်ပတ်ဖြန်ခါမှာ ယူမေးနီယားအား အပြီးပြောင်းနေတော့မည့်ကြောင်းနှင့် နောက်ဆုံးအနေနှင့် လာတွေ့ခြင်းဖြစ်သည်။

''သေချာလေး ပြန်ပြီး''

မြက်သန္ဒာ ပြောမည့်အလုပ် ကြားဖြက်ကာပြောလာသည်သူ...

''ကိုယ်လေယာဥ်လက်မှတ်တောင် စီစဥ်ပြီးပြီး''

မြက်ဘာမှမပြောနိုင်တော့ဘူး သူတေညင်သွားဖို့ ဆန္ဒ တွေစောနေပြီလေ မြက် ကလေးနှစ်ယောက်ကို ကြည့်ကာရင်ထဲမှ ''မင်းတို့ တစ်နေ့ပြန် ဆုံစေရမယ်'' ဟု ကြုံးဝါးနေလေသည်။

ထိုအခိုက် ထိုင်ရာမှ ထလာကာ အနားရောက်တော့ ကလေးအားချီကာ ထွက်သွားတော့မည့် လူလက်အား မြက်သန္ဒာ ဆွဲမိလေရာ...

''ပြန်လာဖို့''

''မသေချာလောက်ပဲ မြက် ခွင့်ပြုပါအုံး နောက်ကျနေပြီ''

လက်အား ခါချသွားသူရဲ့ ကျောပြင်ကို ကြည့်ကာ ပြုံးမိလေသည်။

သူတို့တွဲတုန်းကလိုပဲ အမြဲ တစ်စွတ်ထိုးလုပ်နေတုန်း ကလေးအဖေလို့ကိုမပြောရလောက်အောင် စိတ်ဆက်နေသောသူကို မြက်ပြောစရာပင် မရှိတော့ပေ...
မြက်လဲနေရာမှာသာ ပြန်ထိုင်၍ ကလေးကိုသာနို့ဆက်တိုက်နေလိုက်သည်။
အကြည့်တွေကတော့ အပေါက်ဝမှာသာ.....

(လိုအပ်ချက်တွေ ပြောခဲ့ကြပါအုံး>•<)

...............................။

Chapter 2(zawgyi)

If I were you
By
Hsaung hayman










တစ်ဖက် ....




''အူဝါးးးအူဝါးး''









''အူဝါးးးအူဝါးး''


''ထွက်လာပြီ ထွက်လာပြီ ယောက်ျားလေးပဲ ဒီဘက်လဲ''










''ကလေးရဲ့အမေ ဆုံးပြီ ''






''ယာယာ မင်းအဆင်ပြေရဲ့... ''














ထိုက်သူ မယအဲ့ကိုပင်အကြည့်ရောက်နေတုံး Vipခန်းမှ မျက်နှာမကောင်းစွာနဲ့ထွတ်လာသည့်ဒေါက်တာနှင့် nuseတွေရှိသွားလိုက်ကာ...




အခုသူဘဝထဲက တစ်က်ာကြီးကိုထွက်သွားသည့်သူမ...

သူမအရမ်းတော်ပါပေသည်။


''အူးဝါး''


''သားသား ဖေဖေ ရှီကိုလာ''










..................။

ရက်သတ္တပတ်ကြာ....

''အို...အို...''

''အူးဝါး..အူဝါးး''




''နို့ဆာလို့ထင်တယ် ''




''ပြောလေ ဘာလုပ်နေလဲ ''


''အဲ့တော့ ပြောချင်တာက''





...............

''သမီရေ..မြက်သန္ဒာရေ''

''ရှင်မေမေ လာပြီ''


sofaပေါ်မှ အမေက...




................



You are reading the story above: TeenFic.Net

#bl