"အမေရေ အမေ"
"ဘာလဲဟယ် အော်ကြီးဟစ်ကျယ်"
"အမေ့မှာအပြင်ဝတ်စုံမရှိဘူးလား ဟိုဟာလေ
မြန်မာဝတ်စုံ"
"ကြားသားမိုးကြိုးနင်ကဘာလုပ်မလို့တုန်း"
"မနက်ဖြန်ကျောင်းဝါဆိုသင်္ကန်းကိုလေ~~"
"ဝတ်သွားရမယ်ဆိုပါတော့"
"ဟုတ်တယ်ဗျ"
"နေစမ်းပါအုံးနဂိုဆိုနင်ကဘယ်သူခေါ်ခေါ်သီကြားမင်းဆင်းခေါ်တာတောင်မသွားပါဘူး"
"ဟာဗျာ အမေကလဲ အခုကသီကြားမင်းမဟုတ်ပင်မဲ့ ဟိုဟာလေ ထားဗျာ အမေမှာရှိလား"
"ရှိတာတော့ရှိတာပေါ့ဟဲ့"
"အဲ့တာဆိုလဲတစ်ထည်ပေးဗျာ"
နေကြီးလဲအမေ့ဗီရိုကိုအမြန်ဖွင့်လိုက်သည်။
"ဟဲ့ ဟဲ့ နေအုံး အဲ့မှာကအသေးတွေနင်မတော်ဘူးငါရှာပေးပါ့မယ်ဟယ်"
"ပြီးရောဗျာမြန်မြန်လေး"
"ရော့ရော့ ဒါစမ်းဝတ်ကြည့်"
"ဟ ပန်းရောင်ကြီးလားဗျ"
"နင်ဟာလေလျှာကြောကိုရှည်တယ်"
နေကြီးလဲပန်းရောင်ချည်ထမိန်လေးအားဝတ်လိုက်သည်။
"ဟာအမေတိုနေတယ်ဗျ"
"အေးဟုတ်သားနင့်အရပ်ကမထော်မနမ်းကို ရော့ဒါလေးကတော့ရှည်တယ်ဝတ်ကြည့်"
နေကြီးရက်လက်ထဲသို့အမေမှနက်ပြာရောင်ဝမ်းဆက်ချိတ်ထမိန်အားကမ်းပေးလာသည်။
"အင်းအတော်ပဲ"
"အမေအမေ့ဟာကအင်္ကျီမှာဘာလို့ဒီပန်းခက်အပွင့်ကြီးပါနေတာလဲဗျ"
"ဟဲ့ ငါလဲချုပ်တုန်းကတော့ချုပ်လိုက်တာပဲ ဘာကြောင့်လဲမမှတ်မိတော့ဘူး"
"ဟာဗျာ ဒါကြီးကိုဝတ်သွားရမှာလားဗျ First time experience ကမမိုက်လိုက်တာ"
"ကဲဟယ် မကြိုက်လဲမဝတ်နဲ့ မသွားနဲ့ပေါ့"
*အဲ့လိုတော့မဖြစ်ဘူး ငါကျောင်းပိတ်ရက်လေးမှာတောင်သူ့ကိုတွေ့ရတာနည်းလား*
"ကဲဗျာ ဝတ်မယ် ဝတ်မယ်"
နေကြီးလဲအမေရဲ့ နက်ပြာဝမ်းဆက်ကြီးအားယူလာကာ အခန်းထဲမှာရှိတဲ့ချိတ်နဲ့ချိတ်ထားလိုက်သည်။မနက်လဲစောစောသွားရမှာမလို့ ဖုန်း alarm လေးအားမနက် ၅:၃၀နှိုးရန်မှတ်လိုက်သည်။
*ရပြီ ငါအိပ်သင့်ပြီ *
နေကြီးလဲခြံထောင်လေးချက ဘေးဘက်တွေကိုလိုက်ဖိလိုက်သည်။
*ကဲခြင်လေးတွေလဲခြင်ထောင်ထဲသွင်းပြီးပြီဆိုတော့ငါကအပြင်မှာအိပ်လိုက်တော့မယ်နော်*
နေကြီးလဲ အပေါ်ထပ်ကလသာဆောင်ပေါ်သာတက်လာပြီးဖျာလေးခင်းလိုက်သည်။ဒီမှာကညဘက်ဆိုလေလေးများတိုက်ပြီးအေးသည်။
ကောင်းကင်ယံမှာရှိတဲ့ကြယ်လေးများကတောင်သူမရှိရာတစ်ဖက်ကမ်းသို့ဦးတည်နေသလိုပင်။
*အို မေရယ် လွမ်းလိုက်တာ*
ဘေးရှိဖက်ခေါင်းအုံးကိုသာ အပျိုကြီးလို့မှတ်ပြီ ဆောင်ခြုံပေးလိုက်သည်။
*မိုးတော့မရွာလောက်ပါဘူး အေးလာမှာဆိုးလို့ဆောင်လေးခြုံထားနော် ဒေါင်းငယ်လေး*
ကိုယ့်အတွေးနဲ့ကိုကြင်နာမှုပေးပြီးနောက် အိမ်မက်ကမ္ဘာဆီသို့.........
"ဟေ့ကောင် နေမျိုးကျက်သရေ"
"ဘယ်သူလဲကွာအိပ်နေတာကို"
"မင်းအမေလင်ကြီး"
"ဟာ အဲ့တာဆို အမေက သူ့အခန်းမှာ ဒီမှာမရှိဘူး ဟိုကိုသွား"
"ဟာ ကွာ ဒီကောင်နဲ့တော့ ထဟ မင်း alarm ကမင်းသာမနိုးတာတစ်အိမ်လုံးနိုးနေပြီ"
"ဪ ပိတ်လိုက်လေဗျာ"
"အော် အေးအေး Alarm မပိတ်ပဲ မင်းလာနိုးတဲ့ငါကပဲအပြစ်ပါ"
*နေစမ်းပါအုံး ငါဘာလို့ alarm ပေးခဲ့တာပါလိမ့်
ဟာ ဝါဆို ဝါဆိုသင်္ကန်း *
"အေး ခုမှကုန်းထ"
"ဟာဗျာ အဖေရ ခဏလေးနေပါအုံး နောက်ကျတော့မှာပဲ"
နေကြီးလဲ အမြန်ကုန်းရုန်းထကာ အိမ်အောက်ထပ်ပြန်ဆင်းပြီး သွားရန်အမြန်ပြင်ဆင်ရတော့သည်။
____________________________
"အင်း ဘာ ဝတ်ရပါ့မလဲ"
*ဒီလိမ္မော်ရောင်ချည်ဝမ်းဆက်လေးပဲဝတ်သွားတော့မယ်*
ဒေါင်းနှင်းမေလည်းလိမ္မော်ရောင်ချည်ပိတ်သားထက်မှာ လည်ပင်းအောက်၌အပေါ်က အဖြူရောင်ပိတ်သားလေးဖြင့်အနားကွတ်ထားတဲ့ ဝမ်းဆက်လေးကိုဝတ်လိုက်သည်။
ထို့နောက်ဆံပင်တို့အားပန်းရောင်ခေါင်းစီးကြိုးလေးဖြင့်စည်းကာ ပန်းပွင့်ပုံလေးပါသောပန်းေရာင်ကလစ်သေးသေးလေးအားတပ်လိုက်သည်။
*ဪ မေ့တော့မလို့*
မှန်ရှေ့မှာရပ်နေရာမှဘေးရှိ ဗီဒိုလေးအားဖွင့်လိုက်သည်။ ထို့နောက် အဖြူရောင်ပေါ်မှာ လိပ်ပြာလေးတွေပါသော ပုဝါလေးကိုထုတ်လိုက်ကာအိတ်လေးထဲထည့်ပြီးကျောင်းသို့သွားရန်ထွက်လာလိုက်သည်။
ကျောင်းသားကျောင်းသူများအား မနက်၆:၃၀ခေါ်ထားတာဖြစ်သော်လည်းသူတို့ဆရာမတွေမှာတော့ ၆:၀၀ အရောက်ဖြစ်သည်။
G-10 မှာသင်ကြားသောဆရာမရှိပေ။အားလုံးဟာ အပျိုကြီးတွေဖြစ်ပြီး အိမ်ထောင်ရှိသောသူမှာနှစ်ဦးသာရှိသည်။ထို့ကြောင့်လဲကျောင်းရဲ့ activity တိုင်းမှာ G-10 တန်းစုမှအပျိုကြီးတိုင်းဟာ ထိပ်ဆုံးမှပါဝင်ရပေသည်။
ခုလဲဒေါင်းနှင်းမေမှာ ဘာမှတောင်သိပ်မပြင်ဆင်ပဲ ရိုးရိုးလေးထွက်လာပုံမှာပင် မြို့ထဲသို့အဝင် ယောင်္ကျားတိုင်းရဲ့မျက်စိအားဖမ်းစားနိုင်လေပေသည်။ ကျောင်းဟာမြို့ရဲ့ အချက်အခြာ အလယ်ပိုင်းတွင်ရှိသည်။ ဆိုင်ကယ်လေးအား ဆရာများရပ်ရန်ထားသည့်ဝန်းလေးထဲသို့ရပ်ပြီး အိတ်လေးအားကိုင်ကာ ဝါဆိုသင်္ကန်းကပ်မည့် နှင်းဆီမြိုင်ခန်းမထဲသို့ဝင်လာလိုက်သည်။ ထိုခန်းမထဲမှာပင် တန်းစုလိုက်တစ်ပတ်ဆီအတန်းအကြီးဆုံးမှစ၍ကပ်ကြရတာဖြစ်သည်။
"အမ ရောက်နေတာကြာပြီလား"
"မကြာသေးပါဘူးနှင်းမေရယ်အမလဲခုမှ"
"ဘာကူပေးရအုံးမလဲအမ"
"ရပါတယ်ညီမလေးရဲ့ ထိပ်ထားကိုမေးကြည့်လိုက် ကလေးတွေလဲသိပ်မကြာခင်လာတော့မှာ"
"ဟုတ်ကဲ့အမ"
ဒေါင်းနှင်းမေလဲ သူ့အိတ်လေးကိုဘေးကခုံလေးမှာတင်ပြီး ထိပ်ထားနှင့်အတူ ဘုရားပန်းကပ်ရန်သွားလိုက်သည်။
"ထိပ်ထား ပန်းလေးတွေကသပ္ပါယ်လိုက်တာ ဘယ်သူလှူတာတုန်း"
"အမ ကလေး"
"ဟင်"
"မဟုတ်ပါဘူး အမအတန်းထဲက ဟို နေမျိုးဘာဆိုလား"
"နေမျိုးကျက်သရေ နေလိမ့်မယ်"
"ဟုတ်တယ် သူ မနေ့က အအေးကပ်တွေ ပို့ရင်းယူလာပေးတာ"
"ဪ"
"သူ့ကိုတောင်မနေ့က လာပါလားလို့ပြောလိုက်သေးတယ်ဒီမနက်ကို မလာဘူးတဲ့လေ"
"လာပါလိမ့်မယ်ထိပ်ထားရယ် စိတ်ချ"
ဒေါင်းနှင်းမေမှ confidence ရှိစွာဆိုလေသည်။
"အောင်မယ်သေချာလှချည်လား အမရဲ့"
"တို့ခေါ်ရင် သူမငြင်းနိုင်ပါဘူး"
"ဟယ်ဘယ်လို"
"တို့ဆရာလုပ်လာတာ အတိုင်းအတာတစ်ခုတော့ရှိပါပြီ ဒီကလေးကဒို့နိုင်လူလေ"
"နိုင်လူ"
"အင်း~~ဒို့နိုင်တဲ့လူ"
_____________________
"တောက်"
*အပျိုကြီးတွေဝတ်ရင်သာကြည့်လို့လှခဲ့တာ ဒီလောက်ထိ ပူအိုက်လိမ့်မယ်လို့မထင်ခဲ့ပါဘူးကွာ*
"ဟဲ့ ထမိန်ကြီးကိုအဲ့လိုမ မထားနဲ့လေဟဲ့"
ထမိန်ကိုလက်တစ်ဖက်ကမထားကာ ကွတကွတဖြစ်နေသောနေမျိုးကျက်သရေအားအမေမှလှမ်းအော်သည်။
"လာလာ မိတ်ကပ်လူးပေးမယ်"
"ဗျာ"
"မဗျာနဲ့မျက်နှာပြောင်နဲ့သွားမလို့လားအရှက်ရအောင် လာအခန်းထဲ"
*အင်း ငါမလူးသွားရင်လဲငါ့အပျိုကြီးကဆူမှာ*
နေကြီးလဲအမေ့အခန်းထဲလိုက်လာလိုက်သည်။
"အရမ်းမများနဲ့နော် အမေ"
"အေးပါ နင့်အမေကို believe လိုက်"
*အဲ့တာဆိုရင်တော့သွားပြီ*
"ကဲကဲ ရပြီ သွားတော့ နင့်အဖေ လိုက်ပို့လိမ့်မယ်"
"Ok"
"ဒီ make upနဲ့ tissue ယူသွား ဟိုရောက်လို့ပျက်ရင်ပါးပါးလေးပြန်လူးလိုက်"
"ဟုတ်ပါပြီအမေရာ သွားတော့မယ် ခြောက်နာရီလဲခွဲတော့မယ်"
"အေးအေး"
နေကြီးလဲအခန်းထဲမှအထွက်
"ဟားဟား ဟဟ ဟား"
"ဟျောင့်ဘာရယ်တာလဲကွ"
"အူအူ အူတက် ဒါကနေမျိုးကျက်သရေ "
လက်ညိုးတစ်ထိုးထိုးနဲ့အူတက်အောင်ရယ်နေသောနေကြီးရဲ့ဝမ်းကွဲအကို ဇင်မင်းထက်။
*သူနိုးမှာစိုးလို့ကို ဒီကောင်ကဘယ်လိုနိုးဖြစ်အောင်နိုးလာလဲမသိဘူး ငါတော့သွားပြီ*
"မမလေးနေမျိုးရေ ပုံလေးတစ်ပုံလောက်ရိုက်မယ်နော်"ဟုဆိုကာ လက်ထဲကဖုန်းဖြင့် snap များစတင်ရိုက်တော့သည်။
*အား ခြောက်နာရီကလဲခွဲတော့မယ်*
"မင်းနဲ့ငါပြန်လာမှတွေ့မယ် စောင့်နေ"
"ဟားဟား ဒီမနက်တော့ထရကျိုးနပ်သွားပြီ"
နေကြီးလဲ ဟိုကောင့်ကိုကျုံးဝါးကာအဖေ့ဆိုင်ကယ်အားခွထိုင်မယ်လုပ်တော့
"ဟ ထမိန်ကြီးနဲ့လေ နင်ဘယ်လိုတွေတက်နေတာတုန်း"
"မေ့သွားလို့ပါအဖေရာ"
နေကြီးလဲဘေးတစ်စောင်းလေးပြန်တင်ကာကျောင်းသို့လာလိုက်သည်။
"ဟာ ပုတီးတို့လဲမတွေ့ပါလားဟ"
*ငါဘယ်လိုလုပ်ရမလဲ*
နေကြီးလဲကျောင်းရောက်ရော ပုတီးတို့အားမတွေ့မိသဖြင့် ခန်းမထဲသို့ဝင်ကြည့်ရန်သာ ဝင်လာခဲ့သည်။
*ဟာဟိုမှာကယ်တင်ရှင်သိမ့်တုန်လေး*
နေကြီးလဲသိမ့်တုန်နားအပြေးသွားကာ
"ချစ်လေးလာတယ်နော် မလာလောက်ဘူးထင်တာ"
"တော်စမ်းပါနေကြီးရာ အိပ်ချင်နေတာ ဟယ်ဟယ်"
မျက်လုံးများကိုပွတ်သက်ကာကြည့်နေရာမှသူ့မြင်တော့တစ်ဟယ်ဟယ်နှင့်ဖြစ်လာလေသည်။
"ဟဲ့ဘာဖြစ်တာတုန်း"
"ဟားဟားနေကြီး မိန်းမလိုဝတ်လာတယ်ဟားဟား"
*အပျိုကြီးရေခင်ဗျားလေးလုပ်တာကျုပ်တော့လူညွန့်တုန်းပြီး*
"တော်ရုံရယ်ပါဟ အူတက်နေမယ် ဒါနဲ့ပုတီးရော"
"သူ့ခိုင်းလို့အပြင်ခဏသွားတယ်"
နေကြီးအခုရောက်နေတဲ့နေရာမှာ စားပွဲခုံပေါ်တွင် အချိုပွဲဗန်းများကိုတင်ထားပြီး ရွှေကြည်တို့ကျောက်ကျောတို့လှီးနေသောနေရာဖြစ်သည်။ထိုစားပွဲဝိုင်းမှာနေကြီးအပါအဝင်သုံးယောက်ရပ်နေကြသည်။နေကြီးနဲ့သိမ့်တုန်စကားပြောနေသလောက်ဘေးကတစ်ယောက်မှာ နားထောင်ရုံသာထောင်ပြီးအလုပ်လုပ်နေသည်။ ဒေါ်ဒေါင်းနှင်းမေကိုတော့မတွေ့ရပင်။
နေကြီးလဲ အင်္ကျီမိုးပြာရောင်နဲ့ အောက်ကကချင်ထမိန်လေးဝတ်ထားသောအသံတိတ်နေသောသူအားကြည့်မိသည်။
*ဟာ အပျိုကြီး*
ဒီအပျိုကြီးကတော့ဟိုအပျိုကြီးမဟုတ် ဒေါ်ရည်မွန်ခပင်။ သူဝင်လာတုန်းကသိမ့်တုန်ကိုသာအာရုံရောက်နေသဖြင့် ဘယ်သူမှန်းမသိလိုက်။ကျောင်းသူတစ်ဦးဦးအလုပ်ဝိုင်းလုပ်နေသည်သာထင်ခဲ့တာ။
"ဟာ ဆရာမ မင်္ဂလာပါ"
"အေးသမီး
နေကြီးနှုတ်ဆက်တော့သိမ့်တုန်မှ ဘေးနားလေးကပ်ကာတိုးတိုးဖြင့်
"အခုမှမြင်တာလား"
"အေးငါကျောင်းသူတစ်ဦးဦးထင်နေတာ"
"ဖြစ်ရမယ်နေကြီးတို့ကတော့"
"နင်ကလဲဟာ ငါမှမမြင်တာ"
နေကြီးတို့စကားပြောနေချိန် လမင်းချိုမှနောက်ကနေကြီးအားရိုက်လိုက်ပြီး
"ဟာနေကြီးတယ်လှနေပါလား ဪဆရာမမင်္ဂလာပါ"
"အေးသမီး"
"နင်ငါ့ကိုနောက်တစ်ခါနောက်ကလာရိုက် တွေ့မယ်ငါနဲ့"
"ဟဲဟဲ စတာကိုနေကြီးကလဲ နေအုံးပုတီးကိုပစ္စည်းတွေသွားသယ်ပေးလိုက်အုံးမယ်"
"အေးအေး"
နေကြီးလဲ သိမ့်တုန်နဲ့အတူအချိုပွဲအတွက်ဝိုင်းအပြင်ပေးနေလိုက်သည်။
သိပ်မကြာပင် နေကြီးရဲ့ပုခုံးပေါ်လက်တင်လာသည်။
*ဒီလမင်းချိုကတော့*
နေကြီးလဲရိုက်မလို့ကြည့်လိုက်တော့
အချိုပွဲဗန်းတွေအားသူ့ပုခုံးပေါ်လက်တင်ကာကြည့်နေသောအပျိုကြီးဒေါင်းနှင်းမေ နေကြီးနဲ့ဆိုရင်ခွင်မှီအရပ်မလို့လက်လေးကိုမမှီတမှီသူ့ပုခုံးပေါ်တင်ကာနေကြီးကိုမှီလျက် ဒေါ်ရည်မွန်ခနဲ့စကားပြောနေသည်။
"အမဘုန်းကြီးကြွလာတော့မယ်တဲ့ အချိုပွဲတွေကောအဆင်သင့်ဖြစ်ပြီလားဟင်"
"အေးအေးညီမလေး အမတို့အခုပဲအချိုပွဲတွေယူလာခဲ့မယ်"
ပြောပြီးနောက်နေကြီးအားပြုံးပြကာထွက်သွားသည်။
"နေကြီးဘာတွေပြုံး"
"ဒီလိုပါပဲ လာသယ်သယ်နင်တို့ဝိုင်းပြီး ဘုန်းကြီးပွဲအတွက်"
အခုမှရောက်လာသောပုတီးနဲ့လမင်းချိုအားနေကြီးမှခိုင်းလေသည်။
နေကြီးတို့လဲပြင်ဆင်ပြီး ဘုန်းကြီးလဲကြွလာကာ တရားနာ ရေစက်ချပြီး ဘုန်းဘုန်းအားဆရာမများကအာရုံဆွမ်းကပ်သည်။
ဘုန်းဘုန်းပြန်ကြွသွားဝောာ့ကျောင်းသူကျောင်းသားများအား ကြက်သားပလာတာ ကျွေးသည်။
သူများတွေစားနေသော်လည်းနေကြီးတို့အဖွဲ့မှာ ဆရာမများအတွက်အချိုပွဲများထည့်နေရင်းပင်ခိုးစားသောကြောင့် ဗိုက်ပြည့်နေလေပြီ။
"ဟဲ့ငါ့ကို ဟိုရွှေကြည်ကျွေးအုံး"
နေကြီးလဲအကုန်လုံးမှရွှေကြည်မြည်းပြီးသော်လည်းသူမမြည်းရသေးသောကြောင့်တောင်းလိုက်သည်။
အရှေ့ရောက်လာသည့်ရွှေကြည်လေးအားစားမည်အပြင်
"ဟိတ်"
*ဟာသွားပြီ ဒေါ်ဒေါင်းနှင်းမေ ငါခိုးစားနေတာမိပြီ*
"တို့လဲတစ်လုပ်လောက်"
*ဟာ ဟုတ်သားသူလဲမစားရသေးဘူးကို အသက်ပိုကြီးတဲ့ဆရာမတွေအတွက်အရင်လိုက်လုပ်ပေးနေတာ ငါတို့ကခိုးစားတာဆူမလားလို့ သူပါလာခိုးစားနေတယ်*
*အေးလေ အသွင်တူတော့လဲအိမ်သူဖြစ်တာပေါ့*
"ကျွေးအုန်းလို့"
"ဟုတ်"
ပါးစပ်လေးအားဟပေးတော့နေကြီးလဲရွှေကြည်တစ်လုပ်ခွန့်လိုက်သည်။
*အောင်မလေး မင်္ဂလာဆောင်မှာကိတ်မုန့်ခွန့်ကျွေးရတဲ့ feelingမျိုး*
"မနှင်းမေရေ"
"အင်းလာပြီထိပ်ထား ရော့ ဒီမှာပန်းကန် အချိုပွဲထည့်ဖို့ ပြီးရင်မင်းလေးတို့လဲ ကြက်သားပလာတာသွားစား ကုန်တော့မှမစားလိုက်ရပဲနေမယ်"
ဟုပြောကာဒေါ်ထိပ်ထားဗိုလ်ဆီထွက်သွားလေသည်။
"ဟဲ့ဟဲ့ လူနာတင်ယာဉ်ခေါ်ပေးလိုက်အုံး သိမ့်တုန်"
"ဘာဖြစ်လို့လဲပုတီးရ"
"ဟိုမှာ heart attack နဲ့မူးမေ့လဲတော့မယ် တော်ကြာအသက်ပါထွက်သွားမှာစိုးလို့ကြိုခေါ်ထား"
"နင်တို့ကလဲငါအဲ့လောက်မဖြစ်ပါဘူးဟ "
"ပြီးရောအဲ့တာဆိုလဲ ကိုင်ထားတဲ့ဇွန်းကြီးချတော့ ဟိုကထွက်သွားတာကြာလှပြီ"
"အေးပါဟ မြန်မြန်လုပ်ငါတို့စားရအုံးမယ်"
"ခိုင်းခိုင်း အကြီးဆိုတိုင်း လေးစားစရာတစ်ကွက်မှမရှိ"
"တိတ်စမ်း မြန်မြန်လုပ်ပြီးလိုက်ခဲ့"
"တွေ့လားသူပဲ ခိုင်းပြီးထွက်သွားပြန်ပြီ"
နေကြီးတို့လဲမုန့်စားပြီး ပန်းကန်ဆေးသူတွေကသက်သက်တစ်ဖွဲ့မလို့ကျောင်းထဲပတ်နေလိုက်သည်။
"နေကြီးဘာနဲ့ပြန်မှာလဲ"
"လမ်းလျှောက်ပဲပြန်ဖြစ်မယ်နဲ့တူတယ် ဘာဖြစ်လို့လဲသိမ့်တုန်"
"ပြန်ရင်ပြော တူတူသွားရအောင် "
"Ok "
_________________________
"အမ တကယ်လာတာပဲ"
"တို့ပြောသားပဲတို့နိုင်လူပါဆို"
ဒေါင်းနှင်းမေနဲ့ထိပ်ထားတို့ ကလေးတွေကိုဂိတ်မှာပြန်တာစောင့်ကြည့်ရင်းပြောနေကြခြင်းဖြစ်သည်။မရည်မွန်ကတော့ ခန်းမထဲမှာသူ့အသိတွေနဲ့စကားပြောနေလေသည်
"ဟုတ်ပါပြီ အမနိုင်ပါတယ်"
"သေချာတာပေါ့"
"ကြည့်ပါအုံးအမရယ်သူ့မှာလေတော်တော်နေရခက်နေပုံပဲ"
"အင်္ကျီဝတ်စရာမရှိဘူးပြောတာဘယ်ကရှာလာလဲမသိဘူး"
ဒေါင်းနှင်းမေလဲ ပုတီးတို့အားဓာတ်ပုံရိုက်ပေးနေသော နေကြီးအားဂိတ်ကခုံလေးမှာထိုင်နေရင်းကြည့်နေရာမှဆိုသည်။
"အမဟာလေ တကယ်ကိုပဲသိပ်အနိုင်ယူတာပဲကလေးကို"
"မသိဘူး တို့လဲသူ့ကိုတွေ့ရင်သိပ်ကိုအနိုင်ယူချင်တာ"
"လာပြီလာပြီ ဟိုမှာသူတို့"
ဂိတ်ဝသို့လာနေသာနေကြီးတို့အဖွဲ့အားဒေါ်ထိပ်ထားကြည့်ရင်းဆိုသည်။
"ဆရာမသမီးတို့ပြန်တော့မယ်"
"အေးပုတီး ဆိုင်ကယ်နဲ့ပြန်မှာမလား ဆရာမနီကိုနောက်မှလာခဲ့မယ်လို့"
"ဟုတ်ဆရာမ ထိပ်ထား"
နေကြီးလဲ ပြန်ရန်အလုပ်
"ဟိုကလေး ဘာနဲ့ပြန်မှာလဲ"
"လမ်းလျောက်"
နှုတ်ခမ်းကြီးဆူပုတ်ကာသူ့အားပြန်ဖြေသည်။
"လာအုံး"
နေကြီးလဲဒေါင်းနှင်းမေနားသွားလိုက်သည်။
"ဝတ်စရာမရှိဘူးဆို ဘယ်ကရှာလာသလဲမင်းလေး"
"အမေ့ဟာ"
"ဖြစ်ရမယ် မင်းဟာလေ ကဲကဲ ကောင်းကောင်းသွား ပြီးတော့"
သူမကထိုင်ခုံမှာထိုင်နေရာမှနေမျိုးကျက်သရေအား မေ့ကြည့်ကာပြောရင်းမှ နေကြီးအားခေါင်းလေးငုံစေကာ နေကြီးရဲ့နားနားလေးကပ်၍ ဆွဲဆောင်မှုရှိလှတဲ့အသံဖြင့်
"မိန်းကလေးဆိုတာ လမ်းလျောက်ရင် လူသားတစ်ယောက် သမင်လည်ပြန်ငေးရလောက်တဲ့အထိစွဲဆောင်မှုရှိရတယ်ကွ မင်းကိုရူးသွပ်စွာစွဲလန်းစေတဲ့အထိပေါ့ ဘာပဲဖြစ်ဖြစ်ပြောစကားနားထောင်သားပဲတော်တယ်"
"ဗျာ "
"ကဲဗျာမနေနဲ့ သွားအိမ်ကိုတန်းတန်းမတ်မတ်ပြန်"
"ဟုတ်ကဲ့"
"တာ့တာ"
ဟုဆိုကာ နေကြီးအားလက်လေးပြကာနှုတ်ဆက်သဖြင့်နေကြီးလဲပြန်နှုတ်ဆက်ကာပြန်လာလိုက်သည်။
#2846 words
#3.5.2023
ရှည်ရှည်လေးရေးပေးလိုက်ပါတယ် လမင်းတို့ကိုupdate ပေးမလို့လုပ်ခဲ့ပင်မဲ့caro heart broken နေလို့ပါ🥲 စာလုံးပေါင်းမှားသွားတဲ့နေရာလေးတွေရှိရင်လာပြောပါနော် caroအိပ်ငိုက်နေလို့😁
You are reading the story above: TeenFic.Net