အပိုင်း(၉)

Background color
Font
Font size
Line height

"နေကြီးရေ"

"ဘာလဲဟာ အိပ်နေတာကို"

"ထတော့ မနက်စာသွားစားမယ်လေဗျာ"

"မင်းကလဲငါအိပ်တာတစ်နာရီတောင်မပြည့်သေးဘူး"

"ဟ ညကမအိပ်ပဲဘာလုပ်နေတာတုန်း"

"ဒီနေ့ပိတ်ရက်မလို့ အေးအေးလူလူ အပျိုကြီးကိုကျူးနေခဲ့တာ"

"ဘာဖြစ်ဖြစ်ထဗျာ ကျွန်တော်ဗိုက်ဆာပြီ"

"မင်းကို ငါလာခေါ်လို့ပြောထားလို့လားကွ သူများတကာအိပ်နေတာကိုကွာ"

"ကဲပါဗျာ ရှစ်နာရီလဲထိုးနေပြီ ထလိုက်ပါတော့လို့"

"No"

"ပြီးရောလေ ဒီနားကအိမ်တစ်အိမ်မှာအပျိုကြီးကအခုကျုရှင်‌သင်နေပါတယ်ဆိုရင်ရော"

"ဘာဘာ ဘလို"

အိပ်ယာမှကုန်းရုန်းထခါမေးလာသောနေကြီးကြောင့်

"အိပ်မလို့ဆိုပြန်အိပ်လေ"

"ချစ်သားကြီးကလဲကွာပါပါးကစတာကို"

"ချီးကိုပါပါး ထမှာသာမြန်မြန်ထ"

"အေးအေး"

နေကြီးလဲအိပ်ယာမှအမြန်ထလိုက်ပြီး မျက်နှာသစ်သွားတိုက်လိုက်သည်။

"ရပြီသားကြီး သွားမယ်"

"နေကြီးစာအုပ်တွေ များလိုက်ချည်လား"

ခင်ကြီးမှာ သူ့အိပ်ယာဘေးက စာအုပ်စင်ကိုကြည့်လျက်ဆိုသည်။

"အေးငါကကျောင်းစာကလွဲအကုန်ဖတ်တယ်"

"ဪ သိပ်ကြိုးစားတာပဲနော်"

မျက်နှာကိုမချိပြုံးပြုံးကာပြောလာတဲ့ခင်ကြီး။

"မရွဲ့နဲ့မရွဲ့နဲ့ လာပါကွာ အဲ့စာအုပ်တွေက အရေးမကြီးဘူး တော်ကြာကျူရှင်ပြန်တာမမှီလိုက်ပဲနေမယ်"

"သူပဲခုနကကျမထပဲနဲ့"

အပေါ်ထပ်ကနေ ခုန်ပြန်ကျော်လွှားသူ့ထပ်အရင်ပြေးဆင်းသွားသောနေကြီးကိုကြည့်ပြီး မေခင်မြတ်နိုးတစ်ယောက် တရားပေါက်နေမိသည်။

*ဪ လူတွေများ အနိစ္စ ဒုက္ခ အနတ္တ*

လှေကားမှခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်ဆင်းလာသော ခင်ကြီးအား နေကြီးစိတ်မရှည်တော့ ဘေးမှရေဘူးခွံအားယူလိုက်ကာ

"မြန်မြန်လာဟ သေနာလေးရ"

မည်သို့ပင်တရားရှုမက်နေပါစေ သူ့ကိုပစ်လိုက်သောရေဘူးကိုတော့ ရှောင်ကာ ဒုက္ခမှကင်းဝေးအောင်‌ကြိုးစားလိုက်ရသည်။

"အမေ"

"သမီးတို့ကဒီအချိန်ကြီးဘယ်သွားကြမလို့လဲ"

ပြောလာပုံမှာသူစိမ်းအိမ်ကားထဲက ထွန်းအိန္ဒြာဗိုလ်ပုံစံတိုင်းပင်။

"ဟာ အမေရယ်အဲ့တာကြောင့်မြန်မာကားလျော့ကြည့်လို့ပြောတာ ဘယ်သွားရမှာလဲမနက်စာသွားစားမလို့‌ပေါ့ဗျ"

"အေးပါဟယ်နင်ကလည်း ငါဇာတ်ကားကြည့်တာပဲအပြစ်ပြောနေ mood လေးနည်းနည်းဝင်သွားလို့ကို သွားသွား မြန်မြန်ပြန်လာပြီး အအေးကတ်တွေသွားဝယ်ပေးအုံး"

"ဟုတ်ကဲ့ပါဗျာ"

ဒီ feeling ကို နေကြီးရောခင်ကြီးရော အိမ်မှာကုန်စုံဆိုင်ဖွင့်ထားတဲ့အတွက်သိပါသည်။

"အန်တီ ချော ဒါဆိုခွင့်ပြုပါအုံးဗျ"

"အေးအေးသမီး"

နေကြီးလဲဒီတစ်ခါတော့သူ့ဆိုင်ကယ်မထုတ်နေတော့ပဲ ခင်ကြီးဆိုင်ကယ်နောက်မှသာလိုက်လာသည်။ထိုမှသာငမ်းလို့ကောင်းမည် ဟိုကမောင်းသူကနောက်ကငမ်းမည်။

"ဟျောင့် မင်းဟာကဘယ်နားမှာလဲဟ"

"ဟိုဟာလေ ဒီတစ်လမ်းကျော်တင်"

"ဪအေးအေး"

နေကြီးလဲခင်ကြီးနောက်မှလိုက်လာရာမှ

"ဟိုအိမ်ဟိုအိမ် အရှေ့ကသစ်သားအိမ်နှစ်ထပ်အိမ် သူကအဲ့ဒီအိမ်အပေါ်ထပ်မှာသင်တာတဲ့"

နေကြီးသေချာကြည့်လိုက်မိတော့

"ခွေးသားလေး မင်းပြောတဲ့အိမ်ဘေးကဒေါ်ရည်မွန်ခအိမ်ဟ"

"ဟ ဆရာမကအဲ့မှာနေတာလား"

"အေးသူတစ်ယောက်ထဲ သူကမိဘတွေမရှိတော့ဘူး ‌ညဘက်ကျရင်တော့တူမလေးတစ်ယောက်အဖော်လာလာအိပ်ပေးတယ်တဲ့"

"အဲ့တော့လဲဘာဖြစ်လဲနေကြီးရယ် နှစ်ယောက်လုံးငမ်းလို့ရတာပေါ့"

"အေးဟ ဒါပင်မဲ့ အရမ်းကပ်လွန်းတယ် သိပ်ငမ်းဖို့အချိန်မရဘူး မင်းအရှိန်လျော့မောင်း ငါစမ်းငမ်းကြည့်မယ်"

နေကြီးလဲ ဆိုက်ကယ်အနောက်မှ သစ်သားနှစ်ထပ်အိမ်အပေါ်လေးကိုကြည့်လိုက်သည်။ တစ်နေရာအရောက်ခင်ကြီးမှဆိုင်ကယ်ရပ်လိုက်သည်။

"ဟျောင့် ပြတင်းပေါက်တံခါးပိတ်ထားတော့ဘာမှမမြင်ရဘူးဟ"

"ဟုတ်လား"

"အေး"

"ဒေါ်ရည်မွန်ခရော သူ့လဲမတွေ့ဘူးသူ့စက်ဘီးရောပဲ"

"ဆရာမဒေါင်းနှင်းမေ ကပြန်သွားတာလား"

"မဖြစ်နိုင်ဘူး ငါ သူ့ဆိုင်ကယ် ၂၀၁၃၁ ကြီးတွေ့တယ်ဟ"

"ဟူးခက်တာပဲ ဒါဆိုလဲအပြန်မှပြန်ငမ်းဗျာ ခုတော့ထမင်းကြော်သွားစားရအောင်"

"အေး မင်းဝယ်ကျွေးမယ်မလား"

"ဟ ပိုက်ဆံမပါဘူးလားဗျ"

"ဘယ်ပါမလဲဟ ငမ်းချင်ဇောနဲ့လိုက်လာတာကို"

"ပြီးရော Next Time your turn နော်"

"Okok"

‌နေကြီးတို့စားနေကြထမင်းကြော်ဆိုင်လေးကိုသာလာကြသည်။ထိုဆိုင်က budget သိပ်မထိခိုက်
ထမင်းကြော်တစ်ပွဲ တစ်ထောင် မှာ ထင်ထားတာထက်တန်ပေသည်။ထို့ကြောင့်ခဏခဏလာစားဖြစ်သည်။ဆိုင်နာမည်မှာ without you တဲ့။

"ဦးလေးရေ ထုံးစံအတိုင်း ထမော်ကျင်းနှစ်ပွဲ"

"Ok ငါ့ညီတို့"

ထို့အချိန်ဆိုင်ထဲဝင်လာသူတွေမှာ YTK နဲ့ကျော်ကြီး

"ဟာသားကြီး‌တို့"

"ဟ နေကြီး ခင်ကြီးရောပါလားဟ"

"အေးကွာ လာဒီဘက်ဝိုင်းကို"

YTKနဲ့ကျော်ကြီးတို့လဲဝင်ထိုင်လိုက်သည်။

YTKမှာ Tom ဆိုသော်လဲအကောင်သေးသေး ပင် ခင်ကြီးနဲ့တူပင်သည် ။နေကြီးရဲ့တစ်ဝက်လောက်သာရှိကြသည်။ အခုထိုင်နေသည့်ဝိုင်းမှာယောင်္ကျားလေးဆို‌လို့ကျော်ကြီးတစ်ယောက်သာရှိပြီးနေကြီးထက်အကောင်အနည်းငယ်ထွားကာအရပ်ရှည်သည်။

"မင်းတို့ကျူရှင်းဆင်းလာတာလား"

"အေးဟ"

"မင်းတို့မှာပါလား"

"ဘာလဲဟ"

"Vape"

"အေးကျော်ကြီးဆီမှာတော့ပါတယ် သောက်မလို့လား"

"အေး one sip"

"Okok"

ပေးလာတော့နေကြီးတစ်ယောက်တစ်စုပ်စုပ်လိုက်သည်။

"ဟူး လွမ်းနေခဲ့တာ"

"ဝယ်‌ဆိုတော့မဝယ်စောက်ကပ်စီး"

"မင်းကလဲကွာငါကအဲ့လောက်သောက်တဲ့လူမှမဟုတ်ပဲ တစ်ခါတစ်လေမှအငွေ့လေးတွေနဲ့ကစားတဲ့လူကို"

"ဟုတ်ပါပြီ ဒါနဲ့ ငါတို့ဒီအပတ်ဝိုင်းရှိတယ် မင်းလာjoin မလား"

"အင်းး စဉ်းစားအုံးမယ်"

"လုပ်ပြီ မင်းကလဲ"

"ငါမအားလို့ကွ"

"မင်းမလာတာနှစ်ဝိုင်းရှိပြီနော်"

"သုံးဝိုင်းမှမ‌ပြည့်သေးတာကိုကွာအေးဆေးပေါ့"

"အေးလေ ပြည့်သွားရင်လဲမသောက်ရတာကြာပြီဖြစ်တဲ့ပုလင်းလေးတွေသောက်ရတာပေါ့"

နေကြီးတို့အဖွဲ့ရဲ့ rules တွေများစွာထဲက တစ်ခုဖြစ်တဲ့ ဘယ်သူကစစ ဝိုင်းတစ်ခုပေါ်လာလို့မသွားပဲငြင်းတာသုံးခါပြည့်ရင်ပြည့်တဲ့လူကကျန်လူများကို နောက်တစ်ခါလူစုချိန် သူတို့သောက်ချင်သမျှစားချင်သမျှရှင်းရတော့သည်။ဝိုင်းမှာလဲတစ်ခြားမဟုတ်အရက်ဝိုင်းပင်။

"နေပါအုံးမင်းတို့ကဘာသောက်မှာမလို့"

"ဒီတစ်ခါတော့ jagermeister တစ်ပုလင်းရထားတယ် ဟိုရောဒီရောပေါ့ကွာ"

"ငါကsoju နဲ့ wineပဲသောက်တာကို "

"သိပါတယ်ကွာမင်းလာရင်တော့ငါစီစဉ်ပေးမှာပေါ့"

"Ok ငါလာဖြစ်စာပို့လိုက်မယ် ခင်ကြီးမင်းရောသူတို့နဲ့သွား join ချင်လား"

"တော်ပါပြီဗျာ weekend မလားကျွန်တော်သွားစရာရှိလို့"

"အေး အဲ့တာဆိုမင်းတို့လဲစားအုံး ငါတို့အပြင်ခဏ သွားအုံးမယ်"

"အေးအေး"

နေကြီးတို့လဲမနက်စာစားပြီးတော့

"ကဲသားကြီးငါ့ကိုပြန်ပို့ပေး ဈေးမဝယ်ပေးရင် အမေကငါ့ဆဲလိမ့်မယ်"

"ဟုတ်ပါပြီ‌ဗျာ"

"ဒါနဲ့ဒီညနေကျူရှင်ရှိလား eng "

"ဟုတ်ရှိတယ်"

"ငါညနေလာတက်မယ်"

"Ok ပါကျွန်တော်အဖော်ရတာပေါ့"

"ဒါနဲ့ကျုရှင်ကဘယ်ရက်တွေလဲ"

" ပုံမှန်ဆို ကြာသပတေး၊သောကြာ၊စနေ၊တနင်္ဂနွေ ဒါပင်မဲ့ဟိုရက်တွေကပျက်ထားတာတွေရှိလို့ သူဒီအပတ် တစ်ပတ်လုံးဝင်မယ်တဲ့‌ဗျာ"

"မိုက်တာပေါ့ဟ"

"ဘာမိုက်တာလဲဗျာ ငမ်းဖို့ပဲတွေးမနေနဲ့ဟိုက ဆရာမဆိုတာမမေ့နဲ့အုံး"

"ဘာဖြစ်လဲကွ ဆရာမဆိုတော့"

"ဟိုကစာမေးမှာပေါ့ဗျ"

"မင်းကလဲကွာ ဆရာမတစ်ယောက်လုံးကိုတောင်ကြိုက်ပြီးနေပြီ သူမေးလဲငါ့ကိုချစ်ကြောင်းတွေပဲမေးအောင်လုပ်မှာပေါ့ဟ"

"အဲ့တာဆို ဒေါ်ရည်မွန်ခဆီမသွားဘူးလား သူဆီမှာကျသွားမတက်"

"မသိဘူးကွ သူကသဘောကောင်းလွန်းတယ် ငါကအဲ့လိုစွာတေးလန်အပျိုကြီးကိုမှကြိုက်ချင်တာ ငါ့ရဲ့အချေမင်းသမီးလေးကို"

"ကဲပါပြောမရလဲနေ ဟိုကသူ့ဒီလောက်ချေတာကို"

"ကဲပါကွာ ညနေဘယ်အချိန်လဲ"

"လေးနာရီ ဒါပင်မဲ့လေးခွဲလောက်မှရောက်မှာ"

"ဘာဖြစ်လို့"

"နေကြီးရဲ့အပျိုကြီးရဲ့ နာရီက အမြဲနာရီဝက်နောက်ကျအလုပ်လုပ်လို့ဖြစ်မှာပေါ့"

"မင်းကလဲပေါက်ကရကပြောပြီ ထားပါ မြန်မြန်ပြန်ရအောင် အပျိုကြီးတို့အရှေ့ကဖြတ်မောင်းနော်"

"သိပါတယ်ဗျာ နေကြီးလဲကျွန်တော့်အလှည့်ကျပြန်လုပ်ပေးရမှာနော်"

"အေးပါငါမမေ့ပါဘူး မင်းရဲ့ကျေးဇူးတွေကို ဟဲဟဲ"

နေကြီးတို့အပြန်အပျိုကြီးကျူရှင်အားချောင်းသော်လဲ သူမဆိုင်ကယ်လေးပါမတွေ့၍ပြန်သွားပြီထင်သည်။

*တောက် လွတ်သွားပြန်ပြီကွာ*
_______________________________

နှင်းမေတစ်ယောက် မနက်ပိုင်းကျူရှင်အပြီးအပြန် ဆိုင်ကယ်ပေါ်က‌ေနဟိုကလေးအားတွေ့လိုက်ရသည်။သူမနှင့်အတူ ထိုင်နေ‌သောသူများမှာသူမကြည့်မရသောကျောင်းရှိကလေးဆိုးတစ်သိုက်ထဲကသူတွေ။

ဘာကြောင့်တူတူထိုင်နေရပါသနည်း။အလိုလိုထွက်လာသောဒေါသနှင့်အလိုမကျမှုများကြောင့် စာအုပ်တွေထည့်ထားသော ဖိုင်အိတ်လေးအား အရှေ့ကစားပွဲပေါ်ပစ်တင်လိုက်ပြီး သူမကတော့ထိုင်ခုံပေါ်ခြေချိတ်ထိုင်လိုက်သည်။

ခြေချိတ်ထိုင်လိုက်သောကြောင့် ဝတ်ထားသောနို့စိမ်းရောင်ဝမ်းဆက်အောက်မှခြေသလုံးဖွေးဖွေးမှာပေါ်ထွက်လာသည်။

ပြေပြစ်ပြီးအချိုးအစားလှပလွန်းလှတဲ့ခန္ဓာကိုယ်နှင့်နီရိပ်သန်းနေသော ဒေါသထွက်နေသည့်မျက်နှာငယ်မှာ တစ်မျိုးတစ်ဖုံဆွဲဆောင်မှုရှိလှသည်။

"ဟယ် သမီးပြန်လာပြီလား ဘာဖြစ်လာတာတုန်း"

"ဘာမှမဖြစ်ပါဘူးအမေ နည်းနည်းစိတ်အလိုမကျလို့"

"အေးပါကွယ် စိတ်လျော့ထမင်းစားတော့မလား"

"မစားသေးဘူးအမေသမီးမဆာဘူး"

"အေးကွယ်ဆာရင်စားလိုက်နော် သမီးကြိုက်တဲ့ ချိုချဉ်ကြော်လေးအမေကြော်ထားတယ်"

"ဟုတ်အမေ"

ဒေါင်းနှင်းမေမှာ အသားငါးထက်အသီးအရွက်တော်တော်များများသာစားသူဖြစ်သည်။ဝက်သားလဲမစား ကြက်သားနှင့်ပင်လယ်စာတစ်ချို့လောက်သာစားသည်။အသီးအရွက်စားသူပီပီဒေါင်းနှင်းမေမှာအင်မတန်မှအသားအရေလှသူဖြစ်သည်။

ဒေါင်းနှင်းမေလဲ ဘာကြောင့်ပင်အလိုမကျဖြစ်နေသလဲသူကိုယ်တိုင်ပင်မသိ။ထိုကလေးအနီးနားတွေထိုင်နေသောမေခင်မြတ်နိုးကိုတောင်စိတ်ထဲထိုမျှလောက်မရောက်ပင်။ထိုလူမိုက်အဖွဲ့ထဲက နှစ်ယောက်နှင့်စကားပြောနေသော နေမျိုးကျက်သရေကိုသာမျက်လုံးထဲကမထွက်။

*ငါဘာလို့အဲ့လောက်တောင်ဒေါသထွက်နေပါလိမ့် သူ့ဘာသာ စကားပြောတာပြောနေပေါ့ သူ့အပေါင်းသင်းနဲ့သူကို ငါနှယ့် အားအားယားယားဒီလောက်လုပ်စရာအလုပ်တွေအများကြီးရှိတာ သူ့‌အကြောင်းကိုများတွေးပေးနေသေး တော်ပြီစိတ်အေးပြီးလန်းဆန်းသွားအောင်ရေချိုးလိုက်တာပဲအေးမယ်*

တစ်ယောက်ထဲအတွေးများစွာနှင့်အလိုလိုဆူလာသောနှုတ်ခမ်း‌ဖူးဖူးတို့မှမသိသူများဆိုလျှင် ရည်းစားနှင့်စိတ်ကောက်ထားသည့်နှယ်။

ဆူပုတ်ပုတ်နှင့်ထိုင်နေရာမှထကာ ရေချိုးဖို့ရန်ပြင်ဆင်မိသည်။

_________________
"မင်းမှမင်းပဲ"

"မင်းတစ်ယောက်ထဲမင်းပဲ....အဟွတ်အဟွတ်"

"တော်ပါတော့ဟဲ့ ကျူရှင်သွားရင်လဲသွားလိုက်ပါတော့ ငါ့နားတွေကိုဒုက္ခထပ်မပေးပါနဲ့ ကိုယ်တော်ဘုရားရယ်"

"ဟုတ်ပါပြီနှမတော်ရယ် မောင်တော်ဘုရားကျူရှင်သွားတော့မှာမလို့ အိမ်မှာအေးချမ်းကြည်သာစွာနေရစ်ခဲ့ပါ"

"ကြွကြွ ငါစိတ်တွေလဲညစ်ပါတယ်ဘယ်လိုဟာကိုမွေးထားမိမှန်းမသိဘူး"

ညနေသုံးနာရီထဲကမှန်တကြည့်ကြည့်ဖြင့်သီချင်းတွေအော်ဆိုကာပျော်မြူးနေသောနေမျိုးကျက်သရေအား တစ်အိမ်လုံးမျောက်ပွဲကြည့်သကဲ့သို့ထိုင်ကြည့်နေကြသည်။နဂိုဆိုကျူရှင်စတက်ရပြီဆိုတာနဲ့ ချီးမှန်ထားသောရုပ်မှာ ဒီနှစ်မှအင်မတန်ထူးဆန်းနေပေသည်။

ရှစ်တန်းနှစ်မှာ အဒေါ်တွေဘော်ဒါမှာသွားနေပြီး ယခုနှစ်ကျမှမိသားစုအားလွမ်းလွန်းလှပါသည်။အကြောင်းပြချက် ၊လျှောက်လွဲချက်မျိုးစုံပြကာအိမ်ပြန်ရောက်လာသည်။သူ့အားအလွန်ချစ်သောအဖွားကိုပူဆာကာ အိမ်သို့ပြန်ရောက်လာခဲ့ခြင်းပင်။နဂိုကလောက်တော့အခုချိန်ထိဘာရန်ပွဲမှမဖန်တီးသေးပင်။ဤသို့ငြိမ်နေသည်ကိုကထူးဆန်းလှပေသည်။

အခုလဲGap brand အပြာရောင်အင်္ကျီအသစ်နဲ့‌ Levi'sဂျင်းဘောင်းဘီအနက် အားထုတ်ကာ ဝတ်၍မှန်တကြည့်ကြည့်နှင့်ပြင်ဆင်နေသည်မှာအတော်ပင်ကြာနေပေသည်။

*ဒီဆံပင်ကို ဒီဘက်ချရင်ကောင်းမလား ဒီဘက်ချရင်ကောင်းမလား*

ဆံပင်လေးလက်တစ်ထွာလောက်ကိုသနေသည်မှာမပြီးတော့ ရေမွှေးနံမှာလဲတစ်အိမ်လုံးကိုမူးဝေစေနေပြီဖြစ်သည်။

*ရလောက်ပါပြီ ဒီလောက်ဆို*

"နေ... လာပြီ ဒေါင်းငယ်ရေ"

အနားရှိလွယ်အိတ်လေးအားဘေးတစောင်းလွယ်ကာကျူရှင်သို့သွားရန် ဆိုင်ကယ်ပေါ်တက်လာလိုက်သည်။ထို့နောက် အနက်ရောက်ဆိုင်ကယ်ဦးထုတ်အားစောင်းပြီး အမြန်ဆုံးအိမ်မှထွက်လာလိုက်တော့သည်။

"ခုမှပဲအသက်ရှူချောင်တော့တယ်အောင်မလေး"
(နေမျိုးကျက်သရေ အိမ်သားများ)

#2325words
#7.5.2023


You are reading the story above: TeenFic.Net