ပထမရက်မှစ၍နေကြီးတစ်ယောက်ကြိုးစားဖြေဆိုခဲ့ရာအောင်မည်လို့တော့ထင်မိသည်။ဒီနေ့ Bio နဲ့ လူမှုရေးသိပ္ပံဖြေဆိုရမည့်နေ့ပင်။ ဒါသာဖြေပြီးရင် ပထမပတ်စာမေးပွဲပြီးပြီ။
"နေကြီးမျက်နှာကြီးကပြုံးဖြီးလို့ပါလား"
"ဒီနေ့ပြီးရင် အိမ်မှာရှယ်နားလို့ရပြီလေ "
"နေကြီးရယ်ခုမှပထမပတ်စာမေးပွဲပြီးတာပါလို့ နောက်များကြီးကျန်သေးတာကို အချိန်ကရှိတာမဟုတ်ဘူးစာလုပ်ရအုံးမယ့်ဟာကို"
"နင်တော်လိုက်တော့ hyper သိမ့် ခုမှဖြေပြီးမလို့ကျန်ခါရှိသေး နောက်ကိစ္စနောက်မှပြော"
"ဟုတ်ပါပြီ ခုတော့လိုက်ခဲ့ bio လာနွေး"
"နွေးရအောင်အစထဲကကျက်မှမကျက်ခဲ့တာကို"
"ဟာလုပ်ပြန်ပြီ မရဘူး အဲ့တာဆိုအခုကျက် တစ်ပုဒ်ရလဲတစ်ပုဒ်ပဲ"
Hyperကြီးမှာတစ်ခန်းလုံးကိုလျှောက်သွားပြီး မိုးတိုးမက်တပ်ဖြစ်နေသော နေကြီးကိုလက်မှဆွဲ၍ခေါ်လာကာထိုင်စေ၍စာကျက်စေသည်။
*ငါ့ကိုကယ်တင်မဲ့ နတ်သမီးလေးများမရှိတော့ဘူးလား သူ့လက်ထဲကကယ်တင်ကြပါအုံး*
စာအုပ်ကြီးရှေ့ချကာ ကယ်တင်ရှင်ပေါ်လာရန်သာဆုတောင်းနေမိသည်။
"အားလုံးကိုယ့်နေရာကိုယ်လာပြန်ထိုင်ကြ"
*အောင်မလေးငါ့ရဲ့ကယ်တင်ရှင်အပျိုကြီး*
နေကြီးလဲစပ်ဖြီးဖြီးလုပ်ကာ hyper သိမ့်အား လွတ်လပ်ရေးရသောပုံဖြင့်ထွက်လာပေသည်။
Hyper ကြီးမှာတော့မျက်နှာကြီးဆူပုတ်လျှက်
"ကဲကဲ အားလုံးရဲ့ Attention ကျွန်မခဏလောက်ရနိုင်မလား"
ခုချိန်ထိဆူညံပွက်လောရိုက်နေသောအတန်းအားအပျိုကြီးမှရွဲ့ကာဆိုလေသည်။
တစ်ခန်းလုံးလဲငြိမ်လိုက်ကြသည်။ သူအခုလိုရွဲ့လာပြီဆို အခြေအနေသိပ်မကောင်း။
နေကြီးလဲကိုယ့်နေရာကိုထိုင်နေရာမှနားစွင့်မိသည်။
"ဒီအပတ်စနေပိတ်ရက်ဟာ ဆရာမတို့ရဲ့ ဝါဆိုသင်္ကန်းအပတ် ဖြစ်တယ် ဒါကြောင့်ဘုန်းကြီးတွေကိုကပ်ဖို့တက်နိုင်သလောက်ပါဝင်ပေးပါ သင်္ကန်းတွေကတော့တခြားအခန်းကလှူပြီးပြီ ထပ်လှူချင်လဲမင်းတို့သဘော As you likeပါ တစ်ခုခုလှူချင်တာရှိလာပြောပါ"
အပျိုကြီးလဲနေရာမှာပြန်ထိုင်ပြီးရော အနည်းငယ်ဆူညံစပြန်ပြုကာ သူအဖွဲ့နှင့်သူစကားပြောတဲ့လူကပြောစာကျက်တဲ့လူကကျက်ပင်
သိပ်မကြာဒေါ်ထိပ်ထားဗိုလ်ဝင်သည်။ကလေးတစ်ချိူ့နှင့်အလှူကိစ္စစကားပြောနေပြီး နေကြီးလဲ ဒေါင်းနှင်းမေနားသို့သွားကာ အအေးကတ်လှူမည်ဟုပြောလိုက်သည်။
"အအေးပဲလှူမှာလား သူဌေးလေးက"
"အဲ့တာဆိုဘာထပ်လှူရမလဲ"
"ရပါပြီ ထိပ်ထားရေ ဒီကလေးအအေးလှူလိမ့်မယ်နော်"
"ဟုတ်အမ"
နေကြီးလဲကိုယ်နေရာသို့ကိုယ်ပြန်လာလိုက်သည်။
ဒေါ်ထိပ်ထားဗိုလ်လဲစာရင်းတချို့မှတ်ပြီး နားနေခန်းသို့ပြန်သွားသည်။
"လမင်းချို ခဏလာအုံး"
နေရာတွင်ထိုင်လျက် လက်နှိပ်ပုတီးအဝါလေးကိုစိတ်နေသောအပျိုကြီးမှခေါ်သည်။လမင်းချိုလဲဆရာမနားသွားလိုက်သည်။
"လက်ဖက်အကြော်လှူမှာဆို အိမ်ပြောပြီးပြီလား"
"အဲ့တာလေ ဖေဖေတို့မေမေတို့ကိုမပြောရသေးဘူး"
"ရော့ဖုန်းခေါ်လိုက် နင့်မေမေကငါ့ကိုလှူဖို့လိုတာအကုန်ပြောလို့မှာပြီးသား"
"ဟုတ် မေမေကအားပါ့မလား"
"မပြောရဲ့လို့လား"
"မဟုတ်ပါဘူးပြောရဲပါတယ်"
"မေမေတို့ကမလှူဘူးပြောလို့လား"
"မဟုတ်ဘူးလေလှူတယ်"
"အေးလေ အဲ့တာကိုဘာဖြစ်နေတာတုန်း နင်ဘာမဟုတ်တာလုပ်ထားတုန်း"
"မလုပ်ပါဘူး"
"အဲ့တော့လှူတာလားမလှူတာလား"
"လှူတယ်လေ"
"အေးလေ အဲ့တာဘာတွေဖြစ်နေတာတုန်းလို့"
"မဖြစ်ဘူးလေ"
ဆရာမ မပြောနှင့်ထိုင်ကြည့်နေသောနေကြီးပင်စိတ်မရှည်တော့မူးလာလေပြီ။
*လိုရင်းကိုမရောက်တော့ဘူး ဒီလမင်းချိုဘာဖြစ်နေပါလိမ့် အိမ်ကမလှူနိုင်ရအောက်လဲ သစ်စက်ပိုင်ရှင် သူ့အမေကလဲအားလုံးလှူမယ်လိုအပ်တာပြောပါပြောပြီးသားကို ဒင်းနဲ့အပျိုကြီးပတ်ချာလည်နေတာငါပါမူးတယ်*
ဟိုးကတည်းကမင်းရှိတဲ့ဒီရင်ဖက်ဘယ်ဘက်ခြမ်းမှာနေရာယူ~~(pH ringtone)
"ကဲကဲနေရာပြန်တော့ ငါဖုန်းပြောလိုက်အုံးမယ် မူးပါလာပြီနင့်ကြောင့်"
လမင်းချိုဘဲသူ့နေရာသို့သူပြန်သွားလိုက်သည်။
ဒေါ်ဒေါင်းနှင်းမေအပြင်ထွက်၍ဖုန်းပြောနေတုန်းအခန်းမှာဆူညံပွက်လောရိုက်နေေလပြီ။
"နင်တို့တွေဟာလေ ဘယ်လောက်ပြောပြောလူ့စကားနားမလည် အလုပ်ကိစ္စဖုန်းလေးခဏလာတာတောင်လူစကားနားမလည်ကြဘူး"
အပျိုကြီးမှာဖုန်းပြောအပြီးအခန်းအဝမှ အော်၍ပြောလိုက်သည်။ အခန်းဝဖြစ်တာကြောင့်နေကြီးရဲ့ခုံရှေ့မှာပင်။ တစ်ခါမျှသူဒီလောက်မနီးကပ်ဖူးပါ။ အရှေ့တည့်တည့်မှာပင်မတ်တပ်ရပ်ဆူနေသည်ဖြစ်၍မျက်နှာအားမော့မကြည့်ရဲပေ။
ငုံထားကာပင်နားထောင်နေလိုက်နေသည်။
"နင်တို့တွေဟာလေပျက်ဆီးနေကြတာ လူကြီးကိုလူကြီးမှန်းရိုသေရမှန်းမသိ ဪပြီးတော့လမင်းချို နင့်အမေက ဒေါ်ထိပ်ထားဗိုလ်ဆီဖုန်းဆက်တယ်တဲ့ နင်ဘာမှမပြောဘူးဆို"
"အယ် မဟုတ်ပါဘူး ဆရာမကလဲ သူတို့မအားကြမှာဆိုးလို့"
"တော်ပြီထားလိုက် ပြီးတော့ တခြားပစ္စည်းတွေလှူချင်သူတွေရှိရင်စာရင်းလာပေးပါတဲ့ ထိပ်ထားက ပြီးတော့လက်ဖက်အသားလှူချင်တဲ့သူကော"
"ဪပြီးတော့အခုမှပထမဝက်စာမေးပွဲပြီးမို့ရှိသေးတယ်နော် နင်တို့တွေလက်တောက်လောက်နဲ့ရည်းစားကိစ္စတွေဘာညာမကြားချင်ဘူး ငါ့အခန်းကအသံထွက်တယ်ဆိုရင်တော့မလွယ်ဘူးမှတ်"
ထိုအချိန်နေကြီးနောက်မှာ ကောင်းသစ်စံမှဆရာမကိုနေကြီးအားလက်ညိုးခိုးထိုးပြလေသည်။ အရှေ့မှာတည့်တည့်မှာအပျိုကြီးရှိ၍ရှယ်ငုံထားသောနေကြီးကဘာမှမသိ။
"ငါ့သမီးလေးမပါဘူးငါ့သမီးလေးကအလိမ္မာဆုံးချစ်ဖို့အကောင်းဆုံး"
*တောက်...ငါ့အပျိုကြီးကဘယ်ကလေးကိုမြောက်ပြောနေလဲမသိဘူး "
သူ့ပြောမှန်းမသိပဲတခြားပြောတယ်ထင်နေသောနေကြီးမှာသဝန်တိုကာဒေါသထွက်နေလေသည်။
အပျိုကြီးကတော့သူ့စကားလဲအဆုံးနေကြီးရဲ့ခေါင်းလေးကိုလက်လေးဖြင့်ဖွကာ နေကြီးဘေးသို့ရပ်၍ နေကြီးရဲ့ပုခုံးပေါ်လက်တစ်ဖက်တင်ထားကာ မတ်တပ်ရပ်လျက်အနောက်ကကောင်တွေစကားပြောတာကိုနားထောင်နေသည်။
နေကြီးမှာတော့သူ့ခေါင်းကိုလာထိမှသူ့ပြောမှန်းသိပြီးပျော်နေပေသည်။မိမိမှာအရှေ့သို့လှည့်နေရပြီးမိမိဘေးတွင်လာရပ်ကာ လက်တစ်ဖက်ကိုပင်ကို့ပေါ်တင်ထားသောအပျိုကြီးကြောင့် ရင်ခုန်နေရပေသည်။ သူမကလက်တစ်ဖက်ဖြင့်တင်ထားသောကြောင့်လှည့်ကြည့်လို့တော့မရပင်။
မခံနိုင်တော့တဲ့အဆုံးဘေးကိုမော့ကြည့်မိတော့အပျိုကြီးမှ ယောင်္ကျားလေးတွေစကားပြောနေတာကိုကြည့်နေရာမှသူ့ကိုပြန်ကြည့်လာသည်။
"လက်ဖက်အသားလှူရမလားဟင်"
နေကြီးမှထိုသို့မေးတော့ ဒေါင်းနှင်းမေမှမျက်စိလေးများမှိတ်ပြီးခေါင်းလေးခါပြသည်။ထိုပုံလေးမှာနေကြီးအားပိုက်ဆံကုန်မယ်ဆိုသောအမူအရာမျိူးပင်။
*သူပဲမျိုးမျိုးခုနကကျတော့သူဌေးလေးလှူတာဒါပဲလားဆိုပြီး ခုလှူမယ်လဲဆိုရော မလှူစေချင်ပြန်ဘူးဘာလေးမှန်းမသိချစ်တော့ချစ်စရာ*
ဒီလိုနဲ့ပဲနေကြီးတို့လဲစာဖြေချိန်နီးပြီဖြစ်၍အပျိုကြီးလဲပြန်ထွက်သွားပြီး ထိုနေ့ကနှစ်ဘာသာကို ဦးနှောက်စွမ်းသလောက်ကြိုးစားဖြေဆိုလိုက်သည်။
______________________________________
နေကြီးတစ်ယောက်ဖုန်းလေးဖွင့်ခါပန်ကာလေးအားဖွင့်လိုက်သည်။
ဖလပ်!!
*ဖေလိုးမမီး*
ကြည်လင်နေသောစိတ်အား EPC ကဝင်ရောက်နှောက်ယှက်လိုက်ပြန်သည်။ မေတ္တာသုတ်အား
သုံးခါလောက်ရွတ်၍စိတ်တည်ငြိမ်အောင်လုပ်လိုက်ရသည်။
*ကဲကဲ အလုပ်ပဲဆက်လုပ်ကြတာပေါ့*
ဖုန်းလေးအားပြန်ကိုင်ကာ Fb သို့ဝင်လျက် Daung Hnin Mayဆိုသောအကောင့်လေးအားဝင်ကြည့်လိုက်သည်။
ထို့နောက် အပျိုကြီးရဲ့ပုံများအားစတင်၍ save တော့သည်။
*အောင်မလေး ချောလိုက်တဲ့သောကြာသမီးလေး*
ပန်းရောင်ပေါ်မှာ ပန်းပွင့်လေးတွေပါသော ဝမ်းဆက်လေးဝတ်ကာ နှင်းဆီပန်းရောင်လေးအားကိုင်နေသောပုံကိုတွေ့လိုက်သည်။
*ရပြီ ဒီလောက်ဆိုရပြီငါ့ရဲ့အိမ်သူသက်ထားဇနီးမယားဖြစ်ဖို့ လုံလောက်ပြီ*
*ဒါလေးလဲ ချစ်စရာလေး*
*ဟ ဒီပုံမှာငါ့အပျိုကြီးနားကပ်နေတာဘယ်သူလဲဟ*
*အောင်မလေး ဒေါင်းရေ*
*သူကစာအုပ်တွေဖတ်ရတာကြိုက်တာပဲ ကျေးကို fan ပါလားဟ"
*ဟ အပျိုကြီးက feel တာကလဲငါ့ထက်လွန်ရော*
တစ်ယောက်ထဲအတွေးများစွာဖြင့်အပျိုကြီးအကောင့်အားဝင်မွှေနေမိသည်။ အစအဆုံးကြည့်ပြီးတော့ ဟိုကောင်တွေများလိုင်းတက်မလားလို့ messenger ထဲဝင်မိသည်။တစ်ကောင်မှမတွေ့။
*ဟ သောက်ခွေး*
*ညပဲ ၁၂ကျော်ပြီသူမအိပ်သေးဘူးလားဟ*
နေကြီးလဲ messengerထဲအဝင်အပျိုကြီးအကောင့်မှာမီးစိမ်းလာလေသည်။
"ဟိတ်ကလေးမ မအိပ်သေးဘူးလား ဒီအချိန်ထိဘာလုပ်နေတာလဲ"
*ဟိုက်စာအရင်လာပို့တယ်ငါဘာလုပ်ရမလဲ*
"ဟုတ်ကဲ့ဇာတ်ကားကြည့်နေလို့"
*အမှန်အတိုင်းတကယ်လုပ်နေတာကိုပြောလိုက်ရင်မင်းပါးချမိမလားပဲအပျိုကြီးရေ*
"အေးပါ ညနက်ထိမနေနဲ့နောက်ရက်တွေကျ"
"ဟုတ်ကဲ့"
"အအေးတွေကပို့လိုက်ပြီဆို"
"ဟုတ်တယ်ဆရာမ ညနေကသွားပို့လိုက်တယ် ကျောင်းကို"
"အေး နက်ဖြန်လာမှာလား"
"လာရမှာလားဟင်"
"အေးလေ ကိုယ်လှူထားတာတွေရှိတာရေစက်လာချရမှာပေါ့ ကြက်သားပလာတာကျွေးမယ်"
"ဟုတ်ကဲ့"
"ဪ ဒါနဲ့ မြန်မာဝတ်စုံ ဝတ်ခဲ့ရမှာနော်"
"ရှင်"
"ဒီတစ်ခါတော့မင်းလေးမဗျာတော့ဘူးပဲ"
"ဝတ်စရာမရှိဘူး တီချယ် ကျွန်တော့်မှာကျောင်းဝတ်စုံကလွဲမရှိဘူး ထမိန်နဲ့အင်္ကျီက"
"ရှိတော့ရှိမှာပါ လာခဲ့ရမယ် မိတ်ကပ်လူးခဲ့"
"ဗျာ"
"မဗျာနဲ့ တို့ပြောတဲ့အတိုင်းလာနော်"
"ဟုတ်ကဲ့ ဘာမှာအုံးမလဲရှင့်"
"မမှာတော့ပါဘူးရှင့်ကျေးဇူးပါ"
*ကျေးဇူးပါဆိုပဲ ငါကရွဲ့ပြီးရှင့်လို့ပြောတာသူကပြန်ရွဲ့သွားတယ်*
"ဪ ကျွန်တော်ကျူရှင်တက်မလို့ဆရာမဆီ"
"တက်လေ👍"
*အေးဟေ့လုပ်နေလိုက်အပျိုကြီးရှင်းရော လက်မကပါသေး*
"Section လား ဘယ်လိုတက်ချင်တာလဲ"
"ပုတီးတို့နဲ့"
"ဪ သူတို့ကသီးသန့်ဝိုင်းတာလေ မိန်းကလေးတွေကြီး မင်းလေးကဘယ်လိုတက်ချင်တာလဲ eng ပဲလားတခြားဘာသာတွေရောလားသူတို့နဲ့"
"ဟုတ်တခြားဟာတွေပါ"
"မင်းလေးမေမေနဲ့သွားလိုက်လေ မင်းမေမေနဲ့ခင်ကြတာပဲ ပုတီးတို့အမေနဲ့"
"ဟုတ်"
"ဒို့လဲပြောလိုက်မယ် သမီးကအေးလို့ပြောပေးတာ"
*အဲ့မှာစလွဲပြီ ကျွန်တော်မအေးတာခင်ဗျားသိစေရမယ် လူကိုများမင်းလေးမင်းလေးနဲ့*
"ဟုတ်ကဲ့ကျေးဇူးပါ"
"Good Night"
"Good night"
*အောင်မလေး ချစ်ဖို့တော့ကောင်းသား ဟိုက် သေရော ငါမနက်ဘယ်လိုသွားရပါ့မလဲ ဝတ်စရာမရှိ အိမ်ကအမေဟာငှားဝတ်ရတော့မှာပဲ ငါ့တော့မနက်ဖြန် အိမ်ကလူတွေစတာခံရတော့မယ် အပျိုကြီး အပျိုကြီး ခင်ဗျားလေးဟာလေ ကျွန်တော့်ကိုတော်တော်ဒုက္ခပေး အေးပေါ့ဗျာ ကျုပ်အလှည့်ရောက်မှ*
နေကြီးလဲအပျိူကြီးရဲ့ပုံလေးကိုကြည့်ကာလူရုပ်မာအပြုံးနဲ့ကြုံးဝါးနေတော့သည်။
_________________________________
#2102words
#26.4.2023
ဟိုနေ့က တင်ပေးမလိုပါ မီးကမလာဖုန်းအားကမရှိနဲ့တင်ပေးလို့မရလို့ အခုမှ တင်ပေးလိုက်ရပါတယ်။ အခုလမင်းတို့ကိုupdate ပေးရမှာမလို့ ATFYW ကိုခဏလေးပြန်စောင့်ပေးနော်ပြန်လာခဲ့ပါမယ်။ နောက်အပိုင်းနေကြီးရဲ့ထမိန်ဂယက်နဲ့ပြန်တွေ့ကြတာပေါ့😁။
အဲ့ထဲကနေမျိုးကျက်သရေတွေ့ခဲ့တဲ့ အပျိုကြီးရဲ့ပုံလေးကို ကြည့်ချင်ရင် caro telegram မှာeditလေးတင်ပေးထားပါတယ်နော်။ link လာတောင်းကြပါ အဲ့ gp လေးမှာjoin ချင်ရင်။
You are reading the story above: TeenFic.Net