အပိုင်း(၆)

Background color
Font
Font size
Line height

နေကြီးတို့ရဲ့ကျောင်းကောင်စီဘောလုံးပြိုင်ပွဲကြီးဟာ final သို့ရောက်လာပြီဖြစ်သည်။

နေကြီးတို့ရဲ့ အနီအသင်းဟာအားကြိုးမာန်တက်ဖြင့်ကန်ကာ နေကြီးတို့ရဲ့ အသံဝင်အောင်အားပေးတဲ့မှုတွေကြောင့် နောက်ဆုံးမှာတော့ finalသို့ မရောက်ပင်မဲ့ တတိယဆုတော့ရခဲ့တယ်ပေါ့လေ။

ဒီနေ့ကတော့အစိမ်းနဲ့အဝါနဲ့ကန်မဲ့ final ပွဲပဲဖြစ်ပါတယ်။အစိမ်းအသင်းကတော့ အနီနဲ့ယှဉ်ပြိုင်ကာ အနိုင်ရရှိတဲ့အသင်းဖြစ်ပြီး အဝါအသင်းကတော့လိ‌မ္မော်နဲ့ယှဉ်ပြိုင်ကာ အနိုင်ရ၍တက်ရောက်လာတဲ့အသင်းဖြစ်သည်။

"ဟျောင့်ငါအဲ့စော်တွေရဲ့ အသံကိုနားမခံနိုင်တော့ဘူး"

အဝါအသင်းတွင်အများဆုံးပါရှိနေသော‌ သူတို့ရဲ့ ရည်းစားတွေ crush တွေကြောင့် လင်တရူးတစ်သိုက်ရဲ့အော်သံများမှ ဆူညံလွန်းလှသည်။

*ဘာကြည့်ပြီးများကြိုက်ကြပါလိမ့်တစ်ကောင်မှလဲပုံမလာပဲ*

"နေကြီးရေ ဟိုဘက်သွားကြမလားတို့"

"အေးသွားကြရအောင် ငါနားကွဲတော့မယ်"

ပုတီးရဲ့ခေါ်ဆောင်မှုနဲ့အတူနေကြီးလဲအပျိုကြီးတို့ရှိရာပွဲစင်ပေါ်သို့ရောက်လာသည်။

အခါအခွင့်သင့်ပြီး ဒေါ်ဒေါင်းနှင်းမေရဲ့အ‌ေနာက်တည့်တည့်၌ရပ်ရသည်။ဒေါင်းဒေါင်းနှင်းမေရဲ့ ဘေးတွင်ထိုင်နေသော ဒေါ်ရည်မွန်ခမှာတော့ သူ့အပြာအသင်းရှုံးပြီးတဲ့နေ့ထဲကအသံပင်မထွက် လက်တန်းကိုမှီလျက် နောက်ဆက်တွဲပွဲတိုင်းကိုတိတ်ဆိတ်စွာသာကြည့်နေသည်။

နေကြီးတစ်‌ယောက်လဲဘောပွဲကိုအာရုံမရောက်ပေမျက်စိရှေ့ကအပျိုကြီးကိုသာကြည့်နေမိသည်။

"ဟဲ့သေးသေးလေး"

"ဟင် ဟမ် နေကြီးဘာပြောလိုက်တာ"

"‌ဪ ကလစ်လေးလေ ပန်းပွင့်ပုံလေးပိစိလေးတွေ"

နေကြီးလဲလက်ဖြင့်ဒေါ်ဒေါင်းနှင်းမေပန်ထားသော ကလစ်လေးအားလက်ဖြင့်ထိုးပြလိုက်သည်။အပျိုကြီးမှာအရှေ့ကခုံလေးမှာကျုံကျုံလေးထိုင်နေသဖြင့်‌နေကြီးအသည်းယားနေခြင်းပေ။

"အောင်မလေး ..... အဝါအဝါအဝါ ဒုန်းဒုန်းဒုန်း"

တစ်ဖက်စင် မှလိပ်ခေါင်းထွက်မတက် ထွက်ပေါ်နေသောအသံတွေ။သိပ်မကြာအစိမ်းမှတစ်ဂိုးသွင်းလိုက်သည်။ အရှေ့မှအပျိုကြီးမှ ထိုင်ခုံမှထကာ လက်ခုပ်လေးတီးလေသည်။

*အောင်မလေးချစ်စရာလေး*

"နေကြီးရေဆရာမကချစ်စရာလေး"

"အေးကွာ"

ပုတီးမှတိုးတိုးလေးဆိုသောအဆိုကိုနေကြီးထောက်ခံလိုက်သည်။ အမှန်ပင်တကယ်ပင်ချစ်စရာကောင်းနေသည်ပင်။ဘေးမှ ဒေါ်ရည်မွန်ခမှာတော့မှီလျက်ပင်လက်ခုပ်လေးတီးနေပေသည်။ထိုအချိန်ပင်စင်အောက်မှသုတနိုင်တို့အဖွဲ့ကဖြတ်လေသည်။သုတတို့မှ

"ဆရာမ ရည်မွန် ဟိုလေ ဘောပွဲတွေစပြိုင်တုန်းက မနှစ်ကလိုပဲ ဒီနှစ်လဲအပြာပဲဗိုလ်ဆွဲမယ်‌လို့ပြောခဲ့တာဘယ်သူလဲမသိပါဘူးဆရာမရယ် အခန်းထဲမှာလဲ ကြွားသွားသေးတာ အဲ့လူကိုဆရာမများသိလားလို့"

"ခွေးကောင်လေးတွေ"

ဒေါ်ရည်မွန်ခလဲ‌ခြင်းထဲမှရေဘူးအခွံယူကာအပေါ်မှပစ်ပေါက်လေတော့

"သားကြီးတို့‌ေရရှုံးမဲ မဲနေပြီဟ"ဟုဆိုကာအကုန်လုံးလဲ ရယ်ကာပြေးကြလေသည်။

ဘေးမှအပျိုကြီးမှလဲအားရပါးရရယ်ရင်းမှ

"ကဲပါအမရယ်ထားလိုက်ပါ"

ဒေါ်ရည်မွန်ခလဲဒေါသလျော့ကာ လက်ရန်းလေးကိုပြန်မှီ၍ပွဲပြန်ကြည့်နေလိုက်သည်။

"ဟဲ့ပုတီး ဒေါ်ရည်မွန်ခကိုအမတဲ့"

"ဟုတ်တယ်လေ ဆရာမရည်မွန်ကအကြီးပဲဟာ"

"ဒါဆိုအပျိူကြီးက"

" သူကအလတ်ဒေါ်ထိပ်ထားကအငယ်ဆုံး"

"ဪ"

နေကြီးစိတ်ထဲတွင်ဒေါ်ရည်မွန်ခကိုအငယ်လို့ထင်ပြီး အပျိုကြီးကိုအကြီးလို့ထင်ခဲ့တာ။

"ဒါနဲ့အသက်ဘယ်လောက်လဲ ၃၉"

"ဟဲ့သောက်ခွေးဖြစ်နိုင်လို့လား"

"အင်း"

"နုချက် အပျိုကြီးကရော"

"၃၅ လို့တော့ထင်တာပဲ"

"သူလဲနုတာပဲ"

"ဒါနဲ့"

"ဟာနေကြီးရေနောက်မှပြော ဟိုမှာသွင်းတော့မယ်"

ပြောလို့ပင််မဆုံးလိုက်အဝါအသင်းမှ တစ်ဂိုးသွင်းလိုက်လေသည်။

သွားပါပြီ နားစည်တွေကွဲပြီ။

မိန်းမလေးများရဲ့အော်သံတွေထွက်ပေါ်လာသည်။ အမှန်တော့ နေကြီးရဲ့သူငယ်ချင်း ဆွေဆွေတို့ဟာလဲထိုအဖွဲ့ထဲတွင်ပါသည်။ သူတို့နှင့်တူ အဝါအသင်းအားအားမပေးပဲထွက်လာသဖြင့်မကျေနပ်ကြ။ သို့သော်လဲထင်ချင်သလိုထင်အားမပေးချင်ပါ နေကြီးရဲ့အပျိုကြီးအသင်းကိုညစ်ပြီးနိုင်သွားသောကြောင့်ဖြစ်သည်။ အချိန်ပြည့်ကြွက်တက်ခြင်းနှင့်သာ ညစ်သွားသောကြောင့်ပေ။ ခုတော့ နေကြီးတို့အနီအသင်းကိုနိုင်သွားသော အစိမ်းအသင်းအားအပျိုကြီးနှင့် join ကာပေးနေရသည်။ဘာပဲဖြစ်ဖြစ်ကျေနပ်ပါသည်။

အခုတော့ အစိမ်းနဲ့အဝါ အားပေးမှုဟာတစ်ဖြည်း
ဖြည်းတစ်စင်စီဖြစ်လာသည်။ ဘယ်ဘက်ကအဝါ ညာဘက်မှာအစိမ်းဖြစ်သည်။

နေကြီး ဘောပွဲကြည့်ရာမှ အပျိုကြီးတို့ကိုပြန်ကြည့်တော့ ရေဆာနေကြသည်ထင်သည်။ နေကြီးလဲ ပုတီးအားနေရာကြည့်ခိုင်းထားပြီးရေတစ်ဘူးပြေးဝယ်လိုက်သည်။

"ဆရာမတို့ရေ"

"အေးသမီးကျေးဇူးနော်"

ဒေါ်ရည်မွန်ခကရေဘူးအားယူ၍ဆိုသည်။ထိုအချိန် ဒေါ်ဒေါင်းနှင်းမေ မှာ နေကြီးအားစိုက်ကြည့်နေသည်။

*ဘာလို့လဲဟ သူ့အရင်မပေးလို့လား*

"နှင်းမေညီမလဲသောက်အုံးလေ"

"ဟုတ်အမ"

အပျိုကြီးလဲရေတစ်ငုံမော့လိုက်သည် သူလဲအားပေးရလို့မောနေသည်ထင်သည်။ ထိုအချိန်‌ နေကြီးဘေးမှရပ်နေသောကောင်းသစ်စံမှ

"ဆရာမ ရေနည်းနည်းတိုက်ဗျာ သားတို့ရေဆာလို့"

"နင်တို့ပိုက်ဆံနဲ့ဝယ်သောက်လေ"

ဒေါ်ဒေါင်းနှင်းမေမှ ဆိုသောအခါ

"ဆရာမကလဲ နေခင်းကျောင်းဆင်းထဲကကုန်ပြီပေါ့လို့ပိုက်ဆံက လုပ်ပါဗျာ"

နောက်ဆုံးဒေါ်ရည်မွန်ခမှတိုက်လိုက်သည်။

"ရော့ရော့သောက်"

နေကြီးလဲဘေးမှ‌သေအောင်သောက်နေသာ ကောင်းစံသစ်အားကြည့်နေသည်။

"ဟျောင့်တော့်တော့‌ မင်းနည်းနည်းများသွားပြီ"

ဆက်သောက်ရင်ကုန်တော့မှာမို့ အမြန်လုလိုက်ရသည်။ ဟိုကရေထပ်ဆာရင်ဝယ်တိုက်စရာပိုက်ဆံနေကြီးမှာမရှိတော့ပါ။ ပြီးတော့နေကြီးလဲ ရေဝယ်‌ရင်းဆိုင်က ငှားလာသော အခုချိန်မှာ လူတိုင်း‌လိုချင်နေကြသော ယပ်တောင်ကိုထုတ်လိုက်သည်။ပြီးနောက်အရှေ့မှအပျိုကြီးတို့အားခပ်ပေးနေလိုက်သည်။

"ဟဲ့အောင်မလေး ငါ့လဲထိတော့မယ်"

နေကြီးနားမှာ ရှိနေသောဆရာမတစ်ယောက်မှပြောခြင်းပင်။ဘောပွဲကိုယပ်‌‌တောင်ခပ်ရင်းငမ်းလိုက်တာ သူ့သွားထိမိတော့မလို့ပင်။

ထိုအသံကိုကြားလိုက်သောဒေါ်ဒေါင်းနှင်းမေမှာထိုင်နေရာမှ လက်နောက်ပြန်ဖြင့်သူ့နားကိုတိုးစေသည်။ နေကြီးလဲအော်သောဆရာမကိုတောင်‌ေကျးဇူးတင်မိသည်။ ထိုဆရာမမှာ အရမ်းစိတ်ဆက်သောဆရာမဖြစ်သည်။ အနားမှဆရာမများကလဲနင်တော့ပြဿနာမီးထွန်းရှာမိတော့မလို့ လို့ပြောကြရှာသည်။

အခါအခွင့်သင့်သည်နှင့်နေကြီးတို့လဲ အစိမ်းအသင်းဘက်မှ အပျိုကြီးနှင့်ပေါင်းကာ ဖင်ကုန်းအော်၍ အဝါအသင်းအားပြန်လည်ချေပကြသည်။ နောက်ဆုံးမှာတော့ သုံးဂိုးနှစ်ဂိုးဖြင့်အစိမ်းမှနိုင်သွားလေတော့သည်။ အမှန်တော့အဝါအသင်းကိုအားပေးနေသောမိန်းကလေးများအားအမြင်ကပ်သောကြောင့် အပျိုကြီးနှင့်အတူ အစိမ်းကိုသက်သက်အားပေးကြခြင်းဖြစ်သည်။

"အောင်မလေး အဟွတ် ဟွတ် အသံပါနာတယ်"

" ဟိတ်ကလေး ဆေးသောက်အုံး"

"ဟုတ်ကဲ့"

ပွဲပြီးတော့အားလုံးပြန်ကြချိန်နေကြီးချောင်းဆိုးသံကိုကြား၍ ဒေါ်ဒေါင်းနှင်းမေ မှ အရှေ့မှ‌ေလျှာက်‌ေနရာမှလှည့်၍ မှာသွားခြင်းဖြစ်သည်။
________________________________________
ဒေါင်းနှင်းမေတစ်ယောက် အိပ်ယာထက်၌ လှဲရင်းပေအတွေးများနေသည်။

*ဒီညနေ ဟိုကလေး မရည်မွန်ကိုရေအရင်တိုက်တုန်းကငါဘာဖြစ်ပါလိမ့် ငါ့ကိုအရင်မပေးလို့စိတ်တိုခဲ့တာလား အဲ့ကလေးဟာလေ တကဲ့တလွဲ ယပ်တောင်ခပ်ပေးတာ တစ်ကျောင်းလုံးရဲ့ စပ်စပ်ထိမခံတဲ့ သူကိုမှ ထိမလိုဖြစ်အောင်ခပ်တယ် ငါသာမဆွဲလိုက်ရင်မလွယ် ပြဿနာတက်အုံးပေမည်*

ထိုကလေးအကြောင်းကိုတွေးရင်းသူပင်မသိလိုက်ပဲပြုံးနေမိသည်။

*ဪ မဖြစ်သေးပါဘူးငါဒီညစာတစ်ချို့ရှာစရာရှိသေးတယ်*

ဒေါင်းနှင်းမေလဲ အတွေး‌တွေကိုပျောက်စေရန်အလို့ငှာ ဖုန်းယူလိုက်သည်။

Fb တွင်Fri request တွေ ကြည့်မိလိုက်‌တော့

Nay Myo Kyetthayay

*ဒီကလေးငါ့လာအပ်ထားတာပဲ*

သူမကလေးတွေရဲ့လာမဲ့အပတ်အတွက်မေးခွန်းတွေထုတ်နေရတဲ့အတွက် လိုင်းမသုံးဖြစ်သည်မှာကြာပြီဖြစ်သည်။ ထို့ကြောင့်လဲ သူလာအပ်ထားသည်ကိုမသိပေ။

*လက်ခံလိုက်ရမလား အင်းလေ လက်ခံလိုက်ပါမယ်*

အတွေးတွေကနောက်မှလက်ကအရင်ရောက်သွားလေပြီ။

Confirm

_________________________________

နေကြီးတို့တနင်္လာနေ့ရောက်ရင်ပဲစာမေးပွဲဖြေရတော့မည်။ခုထိဘာစာမှမရ ဒီစနေတနင်္ဂနွေ မှဖင်ကုန်းကျက်တောင်မှီပါ့မလား။

တောင်~~~~

စာမရပါဘူးဆို Noti ကဝင်ပြန်ပြီ။

"Daung Hnin May accepted your friend request"

"ဟ လက်ခံလိုက်ပြီကွ နောက်ဆုံးတော့"

"သိမ့်တုန်ရဲ့ပြောကြားချက်ကတကယ်အကျိုးရှိတာပဲ"

*သူမသိတဲ့လူတွေ မရင်းနှီးတဲ့လူတွဆို လက်မခံတတ်ဘူးတဲ့ ခုတော့ငါ့ရဲ့အင်္ဂလိပ်နာမည်အတု‌ကိုဖျောက်ပြီး နာမည်ရင်းနဲ့အပ်တာလပ်ခံသွားပြီ*

"Hyper လေးဒီနေရာကျအားကိုးရတယ် မုန့်ဝယ်ကျွေးလိုက်အုံးမှ"

နေကြီးတစ်ယောက်အပျိုကြီးအကောင့်အား စပ်စုလိုက်တာအရှိန်လွန်သွားသည်။

"ဟိုက် ညတစ်ချက်တောင်ထိုးပြီဟ"

နောက်ကျနေလို့မိုးလင်းထိစာလုပ်မည်မထင်ပါနဲ့။ အိပ်သွားလေပြီ ။

________________
"ဝါးးးးးး"

"သမ်းလိုက်ချည်လားနေကြီးရယ်"

" အေးဟာညတုန်းကအိပ်ရေးပျက်လို့"

"ဟာနေကြီးည‌ကတော်တော်စာတွေကြည့်လိုက်တယ်ပေါ့ "

"မဟုတ်ပါဘူး စာသင်တဲ့အပျိုကြီးကိုကြည့်လိုက်တာ"

"ဘယ်လို"

"မနေ့ကလက်ခံလိုက်ပြီ ငါ့အကောင့်ကိုအဲ့တာနဲ့ငါလဲဝင်စပ်စုရင်းစပ်စုရင်းနဲ့ ညနက်သွားတယ် ပြီးတော့အိပ်ချင်တာနဲ့အိပ်လိုက်ရော"

"ဪ လေးစားလိုက်တာ စာကျမကြည့်ဘူး"

"အချိန်တန်အောင်မှာပေါ့ဟာ ငါ့ရဲ့အချစ်တွေအတွက်ပဲငါ့ရဲ့အချိန်ကိုပေးနိုင်တယ်"

"အော် ဟုတ်ကဲ့ပါရှင့် ကျွန်မတို့ပဲမှားပါတယ်"

"ဟဲ့ပုတီးငါ့မရွဲ့နဲ့ ဒါနဲ့ငါ့ခုံနံပါတ်လေး"

"ဪ‌ နေကြီးရယ်အခုပဲဖြေတော့မဲ့ဟာ ကိုယ့်ခုံနံပါတ်တောင်ကို မသိဘူးလား ငါရှင်ချင်တယ် ၄၄"

"ဟငါတို့အခန်းနံပါတ်နဲ့တူတူပဲဟ အောင်ပြီ"

"ဘာဆိုင်လို့တုန်း "

"မသိဘူးမဆိုင်လဲအောင်လိုက်"

နေကြီးလဲအခန်းတံခါးဖွင့်လို့ဝင်လာလိုက်သည်။
စာမေးပွဲဖြေရမည်မှာ ဒုတိယအချိန်နှင့်ခြောက်အချိန်ဖြစ်သည်။နိုင်ငံ‌တော်သီချင်းမှာလဲစာမေးပွဲရက်မို့မဖွင့်ပေ ထို့ကြောင့်အခန်း‌ရှေ့ထွက်မဆိုရ။
သိပ်မကြာလိုက်ပါ ဆရာမမှာ နဂိုကိုင်နေကြသူ့ဖိုင်တွဲလေးကိုင်လျက် လျှောက်လာသည်။

*လှတယ်ဟေ့*

ကံအင်မတန်ကောင်းသောနေကြီးမှာ တစ်ခန်းလုံးခုံလိုက်ရှာသော်လဲမတွေ့ နောက်မှသေချာကြည့်တော့ တံခါးဝမိမိဝင်လာသည့်နေရာတွင်ဖြစ်သည်။ ဆရာမတွေစောင့်‌သော ခုံဘေးတွင်မကျပင်မဲ့ အဲ့ခုံရဲ့အနောက်ဆိုတော့ မိမိ မျက်စိ‌ ထောင့်အရှေ့သို့မော့ကြည့်သည်နှင့် ဆရာမတွေနှင့်မျက်လုံးစုံနိုင်သောအင်မတန် ပါရမီထူးသောနေရာကိုရထားလေသည်။ဘေးမှာလဲအားကိုးစရာလူမရှိ နံရံလေးသာရှိသည်။

အပျိုကြီးလဲအခန်းထဲဝင်လာပြီး အခန်းစောင့်ဆရာမတွေထိုင်သောနေရာ၌ထိုင်လိုက်သည်။ထို့နောက် ကျောင်းသားစာရင်းကိုဖြည့်နေသည်။

*ငါ့ကိုတစ်ယောက်ယောက်စိုက်ကြည့်နေသလိုပဲ*

မလုံမလဲသောစိတ်ကြောင့်စာရင်းတွေဖြည့်နေရာမှ ခေါင်းမော့ကြည့်လိုက်သည်။

*ဟင်ဟိုကလေး*

*အောင်မလေးသေပါပြီ နေကြီးရယ် အကြည့်ချင်းဆုံသွားပြီ*

နှစ်ယောက်သားကိုယ်စီအတွေးများနှင့်အတူအကြည့်ချင်းဆုံသည်နှင့်အမြန်ခေါင်းကိုငုံကာ စာအားမျက်လုံးထဲဝင်မတက်ကြည့်နေလိုက်သည်။

*ဘာပဲဖြစ်ဖြစ်ကံကောင်းတယ် ဘေးချင်းကပ်နေရင်မျက်နှာလေးမြင်ရမှာမဟုတ် ခုတော့စာဖြေပြီးအေးဆေးထိုင်ငမ်းရုံပဲမျက်စိရှေ့တင် *

ခိုးကြည့်ခြင်းမိသွားသောနေကြီးမှာ အပျိုကြီးအားရရင်ရသလိုထပ်ခိုးကြည့်နေမိပြန်သည်။

ဒီလိုနဲ့ပဲ ပထမအချိန်မြန်မာစာကိုအပျိုကြီးက အခန်းစောင့်သည်။ ညနေengကျတော့ G-11 ကဆရာမလာစောင့်ပေသည်။

__________________________________
ဒီအပိုင်းလေးကိုဒီမှာပဲဖျက်ရမှာမလို့ဖျက်လိုက်ပါတယ်နော် မင်မင်ဖုန်းအားမရှိတော့‌လို့ပါ။

#2136 words
24.4.2023


You are reading the story above: TeenFic.Net