ဘာလိုလိုနဲ့ကျွန်တော်တို့ ကျောင်းကောင်စီအသင်းတွေဘောလုံးပြိုင်ကန်ကြမဲ့ အချိန်သို့ရောက်လာပြီဖြစ်သည်။
ဒီရက်ပိုင်းတွင်းမှာထူးခြားသည်ဆိုလို့ Facebook တွင် ဒေါ်ထိပ်ထားဗိုလ်နှင့် Fri ဖြစ်သွားသည်သာရှိသည်။ ဟိုအပျိုကြီးဆူပုတ်မှာတော့ ခုချိန်ထိလက်မခံသေးပေ။ ချေလဲေချနိုင်တဲ့အပျိုကြီး။
ဒေါ်ရည်မွန်ခမှာတော့ acc ပါရှာလို့မတွေ့ချေ။
ဒါပင်မဲ့လဲလွန်ခဲ့တဲ့ရက်ပိုင်းက ဒေါ်ရည်မွန်ခနှင့်အနည်းငယ်ရင်းနှီးလာခဲ့သည်။ ကျွန်တော်စုံစမ်းရသလောက် ကျွန်တော်အိမ်နှင့်တစ်လမ်းကျော်တွင်နေထိုင်သည် မိဘများတော့မရှိတော့ပေ။
"ဟာနေကြီး ဟိုတစ်ပတ်သောကြာနေ့ကဘာလို့လာမတက်တာလဲ နေမကောင်းလို့လား"
နေ့လည်ထမင်းစားချိန်တွင်မေးလာသောခင်ကြီးကြောင့်စားလက်စ ထမင်းကို ခဏရပ်လိုက်သည်။
"အဲ့နေ့က ငါတို့အတန်းပိုင်မလာဘူးမလား အဲ့တော့ အတန်းကိုဒေါ်ရည်မွန်ခ ခဏတာဝန်ယူရတယ်မလား"
"အင်းလေ"
"ငါသူငယ်ချင်းတစ်ယောက်ကိုစုံစမ်းခိုင်းတော့ ဒေါ်ရည်မွန်ခက ငါတို့တစ်လမ်းကျော်မှာနေတာလေ အဲ့တာနဲ့ငါလည်းသူ့အိမ်ရောက်ချင်တာနဲ့ သူ့ဆီကိုသွားပြီးခွင့်သွားတိုင်လိုက်တာ ခရီးခဏသွားစရာရှိလို့ဆိုပြီး"
"အကြံနဲ့ပဲဘဲကြီးက"
"နှင်းဆီတစ်ပွင့်တောင်ပါအောင်ယူသွားသေးတယ်ငါက အဖြူရောင်လေးလေ ဟဲဟဲ"
" အဲ့တာကြောင့်ဖြစ်မယ်အဲ့နေ့ကနှင်းဆီအဖြူပန်လာတာတွေ့လိုက်တယ်"
"အဲ့တာငါပါ ဟီး"
"နေစမ်းပါအုံးနေကြီးက ကျောင်းပျက်လို့ခွင့်သွားတိုင်တာလား ဆရာမကိုချစ်ခွင့်သွားပန်တာလား"
တစ်ချိန်လုံးခင်ကြီးနဲ့ပြောနေသမျှကိုငြိမ်ပြီးနားထောင်ကာထမင်းစားနေသော သိမ့်တုန်မှမေးလာသည်။
"ဪ ခွင့်တိုင်ရင်း ဟိုကသူ့ချစ်ခွင့်ပန်တယ် ထင်ပြီး အဖြေပေးလည်းအမြတ်ဆိုပြီးပေးတာဖြစ်မှာပေါ့"
နေကြီးမဖြေခင်ပုတီးမှအရင်ဝင်ဖြေလိုက်သည်။
"တော်ပါတော့ဟ အဲ့နေ့က အကြောင်းကို ငါမျက်နှာပူလို့"
"ဘာဖြစ်လို့လဲနေကြီးရ"
"ငါပန်းသွားပေးတုန်းက သောကြာနေ့ဆိုတော့ အပြာအသင်းဂျူတီလေ အဲ့တော့သူကအစောကြီးကျောင်းသွားရမှာမလား"
"အဲ့တော့"
"ငါသွားတဲ့အချိန် အဲ့အပျိုကြီးကရေချိုးပြီးလို့ရင်လျားကြီးနဲ့"
"ဟာဗျာ မိုက်ပြီ"ခင်ကြီးမှအားရဝမ်းသာဆိုလာသည်။
"မင်းမေကြီးတော်ကြီးကို မိုက် ငါမှာတော့ဘာဖြစ်မှန်းမသိ ဒူးပါတုန်တယ် သူ့ကိုတောင်သေချာမကြည့်ရဲဘူး"
"နေကြီးကလဲ အဲ့လိုအချိန်ကတန်ဖိုးအရမ်းရှိတာကို အသုံးမကျဘူး"လမင်းဂျိုမှလဲ နေကြီးအားအသုံးမကျသောအကြည့်ဖြင့်ကြည့်လာသည်။
"အောင်မယ် ငါ့ကိုလေကြီးမိုးကြီးလာမပြောနဲ့နင်ကျတော့ တစ်ချိန်လုံးရှနေပြီး"
"အဲ့တာကလဲသူတို့ကလိုက်ဖက်လို့ ကိုယ်ကမြားနတ်မောင်အဖြစ်ဆောင်ရွက်ပေးလိုက်တာကို"
"ကဲတော်ကြတော့ ညနေကျရင် ဘောပွဲသွားကြည့်ရမှာနော်နေကြီး"
ရန်ပွဲကိုဆက်လက်မကြည့်နိုင်သော ခင်ကြီးမှဝင်ပြောသည်။
"အေး မင်းပြောမှပဲသတိရ ငါမေ့တေ့တေ့ဖြစ်နေတာ "
"ကြည့်ရတာဘောကွင်းကိုလမ်းလျောက်ရမယ်နဲ့တူတယ် ခြေထောက်တော့ညောင်းပြီ"
ပြောလဲပြောအောက်ကခြေထောက်ကိုကြည့်မိသည်။
"ဟာသေရော ဟျောင့်ရေ ငါဖိနပ်မှားစီးလာပြီ မိုးရွာရင်တော့သေပါပြီကွာ"
ဖိနပ်မှာရိုးရိုး မိန်းမစီးကွင်းထိုးဖိနပ်ဖြစ်သည်။မိုးစိုရင်တော့သေချာပေါက်ချောထွက်ပြီးပျက်မိပုံပင်။
"နေကြီး ကိုယ်စီးလာတာဘာဖိနပ်လဲတောင်မသိရလောက်တဲ့ထိဘာတွေလေလွင့်နေလို့တုန်း"
"အေးပါခင်ကြီးရ ငါလဲမနက်ကလောလောနဲ့ဆိုတော့မကြည့်မိလို့ပါ"
နေကြီးတို့စကားပြောနေကြစဉ် ဒေါ်ထိပ်ထားဗိုလ်ရောက်လာသည်။
"ကဲအားလုံး ထမင်းစားချိန်ပြီးရင်ဘောလုံးပွဲသွားကြည့်မှာဖြစ်လို့ဘောလုံးကွင်းသွားရမယ် အားလုံးအဆင်သင့်ဖြစ်အောင်သိမ်းဆည်းထား ထမင်းချိုင့်တွေလဲယူခဲ့ ပွဲပြီးရင်ပြန်လွှတ်မယ် လမ်းတစ်ဝက်မှာ ခိုးပြီးအိမ်ပြန်မယ်လဲမကြံနဲ့ ငါလူလိုက်စစ်မှာနော် ပြီးေတာ့ကိုယ့်အသင်းသားတွေနဲ့ကိုယ်ထိုင်သူများအသင်းဆီရောက်မနေနဲ့ကြားလား နှစ်ယောက်တစ်တွဲဆီထွက်ကြ"
မြို့ရဲ့ဘောလုံးကွင်းမှာအနောက်ပိုင်းတွင်ရှိပြီးမိမိတို့ကျောင်းမှာ အလယ်ပိုင်းတွင်ရှိသည်။ ထို့ကြောင့် ဘောလုံးကွင်းသို့လမ်းလျှောက်သွားတဲ့အခါလမ်းတစ်ဝက်၌ခိုးပြန်ကြသူများရှိ၍မှာနေခြင်းပေ။
"ဟုတ်ကဲ့"(အားလုံး)
အားလုံးရဲ့ဖြေသံအပြီး အခန်းထဲမှ လူများလဲကိုယ့်ပစ္စည်းကိုသိမ်းနေကြသည်။နေကြီးပျော်နေပါသည် ဘောပွဲကြည့်ရမည်ထက်နောက်တစ်ချိန်ဝင်မည့် chemistry ဆရာမ ဒေါ်ဆွေဇင်စိမ်း အချိန်ကိုလွတ်ရမည်ကြောင့်ဖြစ်သည်။
"ချစ်သားကြီးတူတူသွားရအောင်ကွာ"
"သေလိုက်လေ"
"ကျွန်တော့်အသဲလေးနဲ့သွားမှာ ကိုယ့်ဘာသာကိုယ်လူရှာလိုက်"
"မင်းကလဲ စောက်ရေးမပါတာ မတွဲလဲနေကွာ"
ဖွန်စိတ်မွန်နေသောခင်ကြီးအားပြောမရတဲ့အဆုံး
ချစ်သူငယ်ချင်းဟောင်းလေး ဆွေဆွေလွင် ထံသို့လျောက်လာလိုက်သည်။
"ဆွေဆွေ"
"ဘာလဲပြောကြည့်လိုက်"
"တူတူသွားရအောင်ချစ်လေး"
"စဉ်းစားကြည့်ပေးမယ်"
"လုပ်ပါဟာနင်ကလဲ ငါအဖော်မရှိလို့ "
"ကဲပြီးရောမြန်မြန်သိမ်းပစ္စည်းတွေကို "
"ဟဲဟဲ ငါ့သဲလေးချစ်ဖို့အကောင်းဆုံးပဲ"
နေကြီးလဲနှစ်ေယာက်တစ်တွဲမလို့ဆွေဆွေနဲ့တွဲကာထွက်လာလိုက်သည်။တစ်ချိန်လုံးအုံမှိုင်းနေသောမိုးက ကံအလွန်ကောင်းသောနေကြီးအခန်းကထွက်သည်နှင့်စရွာလေသည်။
"ဟဲ့ရူးနေလို့လားနင့်ခြေထောက်ကဖိနပ်ကဘာဖြစ်"
"အေးဟာငါမနက်ကလောလောနဲ့လာလိုက်တာမှားစီးမိသွားလို့"
"ဒီကမ္ဘာမှာလေ နင့်လောက်စောက်ပြဿနာပေါတဲ့လူရှိမယ်လို့ငါမထင်ဘူး သိလား"
"နင်ကလဲဟာဖဲ့ပြီ"
"ဖဲ့တယ်လုပ်မနေနဲ့အခုတော့ချောထွက်နေပြီမလားချွတ်ပြီးသာလျောက်လိုက်ပါတော့ဟာ"
"အေးဟာ မချွတ်လို့လဲမရတော့"
"ထီးလဲ မယူလာ ငါတော့နင့်ကြောင့်အသက်တိုမယ်"
ဟုတ်ပါသည်မနက်က အမေမှ ထီးပေးလိုက်သော်လဲ မိုးမရွာလောက်ဘူး ဆိုပြီးမယူမိခဲ့။ဘောပွဲရှိလို့အိမ်ပြန်နောက်ကျမယ်ဆိုတာတောင်ကြိုမပြောခဲ့မိဘူး အမေ့ကို။
ဆွေဆွေမှထီးမိုးပေးသော်လည်း နှစ်ယောက်တစ်ချောင်းဖြစ်သည့်အပြင် ခန္ဓာကိုယ်ကြီးသောနေကြီးမှာအရပ်လဲရှည်သည့်အတွက် ခေါင်းနှင့်ကိုယ်တစ်ခြမ်းစိုကုန်သည်။
စိုနေသောဆံပင်များအားလက်နဲ့ခါထုတ်ပြီး ခေါင်းပြန်အမော့ အရှေ့ကကွေ့ရမဲ့လမ်းကွေ့လေးတစ်ခုမှာ မိုးကာအင်္ကျီစိမ်းပြာလေး ဝတ်ကာဆိုက်ကယ်ပေါ်ထိုင်လျက် ကျောင်းသားများအားစောင့်ကြည့်ပေးနေသော အပျိုကြီးဆူပုတ်အားတွေ့လိုက်သည်။တကယ်ပါပဲငါတို့ကျလမ်းလျောက်ရတယ်သူ့ကျ ဆိုင်ကယ်ပေါ်မှာ။ မတွေ့ရတာကြာသော ထိုမျက်နှာလေးအားတွေ့လိုက်ရ၍အနည်းငယ်တော့ ပျော်မိသည်။ ပျော်မိသည်နှင့်ထွက်ပေါ်လာသော အပြုံးသည်မျက်နှာမှာအလိုလိုချိတ်ဆွဲမိနေသည်။
"ဟဲ့နင်တကယ်ပဲရူးနေပြီလားဟ လူကမိုးစိုပြီးကြွက်စုတ်ဖြစ်နေတာတောင် အဲ့ပါးချိုင့်ကြီးတွေပေါ်နေအောင်ပြုံးနေတုန်းလားဟဲ့"ဟုဆိုကာ ကျောပြင်ကို ဗြောတင်လိုက်သောဆွေကြောင့်အပျော်တွေပျောက်ကာငိုမဲ့မဲ့ဖြစ်မိသည်။
ပုတီးတို့ခင်ကြီးတို့လမင်းချိုတို့ကိုအကြီးမို့အနိုင်ကျင့်ပင်မဲ့ ဆွေမှာတော့မိမိအသက်ထက်ကြီးသည့်အတွက် ပြန်မပြောရဲပေ စွာတေးလန်ဆွေဆွေအားသူကြောက်ရပါသည်။
တဖြည်းဖြည်းနဲ့လျောက်လာလိုက်တာနောက်ဆုံးတော့ ဘောလုံးကွင်းသို့ရောက်ရှိခဲ့သည်။ ပွဲကြည့်စင်ရဲ့ ဘယ်ဘက်အစွန်မှာ ထိုင်လိုက်ပြီးသိပ်မကြ ဘော်ဒါဟောင်းကြီးတွေနဲ့ပြန်တွေ့ရသည်။
"ဟာ သားကြီး မြတ်နိုးဦး"
"လီးကိုမြတ်နိုးဦး YTKလို့ခေါ်ဟ"
မြတ်နိုးဦးမှာ မိန်းမဆန်သောနာမည်ဖြစ်တာကြောင့် ရဲသွေးခန့်မှာသူ့ကိုသူပေးထားသောအမည်ပင်။အတိုကောက်အဖြစ် YTK လို့ပဲခေါ်ကြသည်။ YTK မှာကျောင်းရဲ့Tom များထဲက တစ်ယောက်ဖြစ်သည်။ Tomဖြစ်သူများအနက်သူကရှေးအကျဆုံးပင်။သူတို့ကတော့ G-11 B ခန်းကဖြစ်သည်။နေကြီးတို့ကကိုးတန်းဟုဆိုသော်လည်း G-10 ပင်။ တစ်ကျောင်းလုံးလဲသူနဲ့မလွတ်ပေ လွတ်သည်ဆိုလို့ ကျောင်းကဆရာမများနှင့်ငယ်ပေါင်းကျွန်တော်တို့သာရှိသည်။
"အေးပါကွာငါမေ့သွားလို့ပါ ကျော်ကြီးရော"
"ပါတယ်လာလိမ့်မယ်"
"သားကြီးမင်းဘာအသင်းတုန်း"
"အနီပဲလေကွ အဲ့တာကြောင့်မင်းဘေးရောက်လာတာပေ့ါ ပြီးတော့ဒီဘက်ကစော်လေးတွေချောတယ်ကြားလို့"
"ငါတော့မတွေ့မိပါဘူး မင်းကြိုက်မဲ့ကြိုက်ဆွေဆွေကိုကြိုက်လိုက်လေ ငါ့တို့သူငယ်ချင်း လဲချောတာပဲ"
"လဲသေလိုက်လေ ငယ်ငယ်ထဲတူတူပေါင်းလာတာကို အဲ့ play girl ကိုငါကတွဲစရာလား"
"သေနာ နင့်လဲငါကမတွဲပါဘူး"
နေကြီးလဲရန်တိုက်ပေးအပြီး သူငယ်ချင်းမြတ်ကျော်ခေါ် ကျော်ကြီးရောက်လာသည်။
"ဟျောင့်မင်းကလဲဘယ်သွား"
"ဘယ်မှမသွားပါဘူးကွာ နည်းနည်းလေးသွားသောက်နေလို့ တစ်လိပ်ထဲပါကွ"
"အေးကြည့်ကျက်လုပ်မိနေမယ်"
"အေးဆေးပါ"
"အေးပါ ဒါနဲ့ဒီနေ့ဘယ်အသင်းတွေကန်မှာ လဲ"
"လိမ္မော်နဲ့ အပြာလေ"
"ဟ သေရော"
"ဘာဖြစ်လို့တုန်းဟ"
"ဟေ ဘာမှမဟုတ်ဘူးနေတော့"
နေကြီးသူတို့နဲ့စကားပြောအပြီး ဘောကွင်းကိုကြည့်မိသည်။ ထို့နောက် နေကြီးတို့ရဲ့ ညာဘက် စင်ပေါ်တွင် အပျိုကြီးနှစ်ယောက်အားတွေ့လိုက်သည်။ သူတို့ရဲ့မျက်နှာကိုတော့သေချာစွာမမြင်ရသို့သော်သူမှတ်မိနေပါသည်။ အဲ့တာမှန်းသိရင်အဲ့စင်နားသွားထိုင်ပါသည်။ဒီနေ့ အဲ့နှစ်ယောက်ဘယ်သူ့ငါအားပေးရမလဲ။ သူတို့နှစ်ယောက်မှာ ယခုပြိုင်မဲ့ အသင်းနှစ်သင်းရဲ့ တာဝန်ကျဆရာမများတွင်ပါသည်။ ဒေါ်ဒေါင်းနှင်းမေက လိမ္မော် ။ဒေါ်ရည်မွန်ခ က အပြာ။
*ဟူး ငါတော့အကျက်တွေ့ပြီ*
"ဟျောင့်လောင်းရအောင်"
အနောက်ကစော်လေးတွေအား ဖွန်ကြောင်ပြီးလှည့်လာသော YTK မှစကားစလာသည်။
"မင်းကဘယ်အသင်းလဲ"
"အပြာလေ"
"အေးရွေးတက်တယ်နော်မနှစ်ကချန်ပီယံကို"
"ဟဲဟဲ နိုင်ရင် Bubble tea တစ်ခွက်"
"ကောင်းပြီ အဲ့တာဆို ငါလိမ္မော်"
"Ok"
နေကြီးလဲပွဲစခရာမှုတ်၍ ဘောကွင်းကိုတစ်ချက်ကြည့်လိုက်သည်။ တစ်ချက်ပါပဲကျန်ချိန်များမှာအပျိုကြီးတို့အားငေးနေခြင်းပင်။ ဘယ်ဘက်အစွန်မှာထိုင်သော အပျိုကြီးဆူပုတ်မှာ နေကြီး အတွက်ကြည့်လို့မြင်ရသလောက် သူ့ဘေးမှာထိုင်သော ဒေါ်ရည်မွန်ခ ကိုကြည့်ဖို့ကျတော့ အဝေးမှုန်ဖြစ်တဲ့ကိုယ့်အတွက် ဒီဂရီကအစွမ်းပြနေသည်။မြင်တစ်ချက်မမြင်တစ်ချက်သာ။ဒေါ်ထိပ်ထားဗိုလ်ကတော့ကျောင်းမှာမေးခွန်းထုတ်၍နေခဲ့သည်ထင်သည်။
*သောက် ရှစ်တန်းကစောက်ကလေးတွေ ငါ့အပျိုကြီးတွေကိုကွယ်လိုက်တယ် ငါ့အမြင်ရတော့ဘူး fuck"
ထိုအချိန်ပင်အပြာမှတစ်ဂိုးသွင်းလိုက်သည်။
"သားကြီးရေ 1:0 နော်"
" အေးပါ စောလို့အကျောပေးထားတာ"
သိပ်မကြာလိုက်လိမ္မော်အသင်းမှတစ်ဂိုးသွင်းလိုက်သည်။
"အား~~~ မြင်လိုက်လား မြင်လိုက်လား"
နေကြီးလဲဘေးမှ YTK အားဆွဲလှုပ်ကာပြောသည်။
"အေးပါမြင်ပါတယ်ဖြေးဖြေးပေါ့"
နေကြီးလဲဒေါ်ဒေါင်းနှင်းမေကိုကြည့်တော့ ပြုံးနေသည်။ဘေးမှ ဒေါ်ရည်မွန်ခအားလဲသူမပြန်ကြွားနေပြန်သည်။
တဖြည်းဖြည်းနဲ့မိုးကလဲသည်းလာလေပြီ။
ပထမပွဲချိန်လဲပြီး၍ ကျောင်းဆင်းချိန်ရောက်ပြီဖြစ်သောကြောင့်ပြန်သောသူအချို့ပြန်ကြသည်။နေကြီးတို့ကတော့ပွဲချိန်ပြီးသည် အထိနေမည်ဖြစ်သည်။
ဒုတိယပွဲချိန်ပြန်စတော့ YTK ၌ ထမိန်မရှိတော့
"ဟဟျောင့်ပြန်ဝတ်ထားဟ အုပ်ကြီးပတ်လျှောက်လို့တွေ့စောက်ပြဿနာတက်မယ်"
"ပူတယ်ဟ "
ပြောမရတဲ့အဆုံးလွှတ်ထားလိုက်သည်။အောက်၌ ဘောင်းဘီတိုတစ်ထည်ပါ၍သာ ထိုကောင်တော်သေးသည်။
ထိုနေ့ပွဲမှာ 1:2 နှင့် လိမ္မော်မှအနိုင်ရသွားသည်။
အကုန်လုံးပြန်ကြချိန် နေကြီး လဲ အပျိုကြီးတို့ပွဲကြည့်စင်အောက်မှ ဖြတ်လာသည်။ ခေါင်းကိုအောက်သို့စိုက်ထားမိ၍ အပေါ်မှ ဒေါင်းနှင်းမေကသူ့အားကြည့်နေသည်ကိုတော့သူမသိလိုက်ပါ။
#2161words
#9.4.2023
သင်္ကြန်ကြရင် updateနောက်ကျလို့ပြန်ချော့တဲ့အနေနဲ့ one shot လေးတစ်ပုဒ်လက်ဆောင်ပေးပါမယ်ဗျ😁✨
You are reading the story above: TeenFic.Net