ယနေ့ကြာသပတေးနေ့အသင်းနေ့ဖြစ်တာကြောင့်နေကြီးကျောင်းသို့စောရောက်နေသည်။
"ဟူး တစ်ခန်းလုံးလဲရှုပ်ပွနေတာပဲ စိတ်ညစ်ပါတယ်ဟို အသင်းခေါင်းဆောင်ပုတီးဆိုတာလဲဘယ်ဘုံကမ္ဘာရောက်နေပါလိမ့်"
နေကြီးတို့အသင်းတွင်ခင်ကြီးနဲ့ပုတီးတို့ပါပြီး ပုတီးမှာအသင်းခေါင်းဆောင်ဖြစ်သည်။သိမ့်တုန်ကတော့အပြာအသင်းကဖြစ်ပြီး ရှိုင်းလမင်းချိုကတော့လိမ္မော်အသင်းဖြစ်သည်။
နေကြီးလဲတစ်ခန်းလုံးကထိုင်ခုံတွေကို တံမြတ်စည်းလှဲရန် စာရေးစာပွဲပေါ်လိုက်ထပ်လိုက်သည်
"ဟ နေကြီးစောလိုက်ချီလား"
လွယ်အိတ်ကိုတစ်စောင်းလွယ်ပြီး ထမင်းချိုင့်ဆွဲကာအခန်းထဲဝင်လာသော ခင်ကြီးမှဆိုသည်။
"အေးကွာအိမ်မှာနေလဲအမေဆဲနေမဲ့တူတူကျောင်းကိုလာလိုက်တာ"
"မျက်နှာလဲမကောင်းပါလားဗျာ"
"အေးကွာငါ့ကိုငါလဲမသိတော့ပါဘူး"
"ဒါနဲ့အပျိုကြီးဒီနေ့ကျောင်းလာမှာလား"
ဟိုနေ့ကသူပန်းပေးပြီးကျောင်းကိုနေ့တစ်ဝက်နဲ့ပြန်ပြီးထဲက မတွေ့ရတာဒီနေ့ထိပင်။မနေ့ကလဲကျောင်းမလာပေ။
"မသိဘူးလေ နေကြီးရဲ့မနေ့က ဒီနေ့ညနေကျူရှင်ပိတ်တယ် လို့တော့ ပုတီးအမေကိုဖုန်းဆက်တာပဲ"
"ကျူရှင်ကဘာဖြစ်လို့ပိတ်တာလဲ"
"မသိဘူးလေ ဪ ဟိုမှာပုတီးလာပြီသူ့မေးကြည့် သူကတော့သိလောက်တယ်"
"ပုတီး နောက်ဆုံးတော့ရောက်လာပြီပေါ့"
"နေကြီးရယ်အိပ်ချင်လိုက်တာ ဆိုတာ "
"နင်အခုပဲထလာတာလေဟယ်"
"နေကြီး အသင်းနေ့မို့လို့သာလာရတာစိတ်က အိပ်ယာထဲမှာ"
"ကဲထားပါ မေးစရာရှိလို့"
"မေးလေ"
ပုတီးမှာနေကြီးလှဲပြီးသွားသောနေရာရှိခုံများကိုပြန်ချရင်းဆိုသည်။
"ငါတို့အတန်းပိုင်နေမကောင်းလို့လားဟင် ကျောင်းမလာလို့ ပြီးတော့ခင်ကြီးပြောတာကျူရှင်လဲပိတ်တယ်ဆို"
"နေကြီးရယ် အဲ့အကြောင်းဆိုမမေးစမ်းပါနဲ့"
"ဘာဖြစ်လို့လဲဟ "
"ဟူးး ဆရာမရဲ့ အဘိုးဆုံးသွားလို့"
"ဘယ်လို~"
"ဟုတ်တယ်နေကြီးရဲ့ အင်္ဂါနေ့ညနေကဆရာမပြန်သွားတာအဲ့တာကြောင့်"
"ဒါနဲ့မနေ့က ဒေါ်ထိပ်ထားဗိုလ်လဲမလာဘူး"
"မနေ့က ဒေါ်ထိပ်ထားဗိုလ်က သူ့ အဖေ အသုဘချတာလေ"
"ဟဲ့ဘယ်လိုဖြစ်တာတုန်းဟ သတင်းတွေကလဲ"
"ဟုတ်တယ်မကြီးရဲ့ ဆရာမ ထိပ်ထားဗိုလ်အဖေကနဂိုထဲကကျန်းမာရေးမကောင်းတာ"
"ဒီအပတ်ကတော့ ဆရာမတွေ စိတ်ညစ်နေကျမဲ့အပတ်ပါလား"
နေကြီးလဲအပျိုကြီးနှစ်ယောက်အတွက်စိတ်မကောင်းပေ။
"နေကြီးရေ "
သိမ့်တုန်မှ အတန်းထဲသို့ဝင်လာရင်းခေါ်ခြင်းပင်။
"ဟေ"
"ဘောလုံးပွဲ ကိုလေ နောက်ကိုတစ်ပတ် ထပ်ရွေ့လိုက်တယ်တဲ့ နဂိုအတိုင်းဆိုကျင်းပမဲ့နေ့တွေကမုန်းတိုင်း ဒဏ်ေကြာင့်မိုးသည်းမှာမလို့ ကလေးတွေစာမေးပွဲမဖြေခင်ဖျားမှာဆိုးလို့တဲ့"
"ဟာ အဲ့တာဆို ဘောပွဲလဲပြီးစာမေးပွဲလဲဖြေပေါ့"
"ဟုတ်တယ် နေကြီးရဲ့ အဲ့လိုဖြစ်သွားတယ်"
"နင့်ကိုဘယ်သူကပြောလိုက်တာတုန်း"
ဘောဖျက်နေသောခင်ကြီးမှသိမ့်တုန်အားလှမ်းမေးလိုက်သည်။
"အတန်းခေါင်းဆောင်လေ သူအစည်းအဝေးကပြန်လာရင်း ငါကျောင်းလာတာတွေ့လို့ပြောလိုက်တာ သူကတော့ အခုဖွန်သွားကြောင်လေရဲ့"
"အင်းလေ ရာသီဥတုကြောင့်ပဲ ဘယ်တတ်နိုင်ပါ့မလဲ အဲ့လိုမှမလုပ်ရင်လဲဖျားကုန်ကျမှာပေါ့"
"နေကြီးရေ နားနေခန်းထဲအချိန်ပိုင်းသွားယူရအောင်"
"အေး ပုတီးလာပြီ ခင်ကြီးရေ အနောက်တန်းကခုံတွေပြီးရင်ပြန်ချလိုက်ပါ ငါလှဲပြီးသွားပြီ"
"Ok နေကြီး"
နေကြီးလဲပုတီးနှင့်အတူ နားနေခန်းသို့ထွက်လာလိုက်သည်။
"နေကြီးရယ်ဒီနေ့တော့ ဆရာမတွေအင်အားနည်းတော့ အချိန်တွေလွတ်နေတော့မယ်"
"သူ့တို့ပါ့သူတို့တော့အစားထိုးကြည့်ဝင်မှာပေါ့ဟ"
တဖြည်းဖြည်းနဲ့နားနေခန်းနဲ့နီးကပ်လာပြီဖြစ်သည်။
"ဆရာမ ဝင်ခွင့်ပြုပါ"
ပုတီးရဲ့အသံကြားတော့ဒေါ်ရည်မွန်ခ မှ သူမ၏ ဆံထုံး ထုံး ထားတဲ့ဆံပင်ကိုပြင်နေရင်းမှလှည့်ကြည့်သည်။
"အေး သမီးဝင်ခဲ့"
"ဟုတ်ဆရာမ အချိန်ပိုင်းစာအုပ်နဲ့ကျောင်းခေါ်ချိန် စာအုပ်လာယူတာ"
"အေး ဒီနေ့ သမီးတို့ဆရာမလာမှာ မဟုတ်ဘူး ထိပ်ထား ကလဲ ဒီနေ့တော့လာဖြစ်မှာမဟုတ်ေသးဘူး ဆရာမနှစ်ယောက်အချိန်ကို ပထမချိန်က ဆရာမ နာမည်ထည့်လိုက်နော် ဒုတိယအချိန်တော့ အမစောယုဝါဝင်မယ်နဲ့တူတယ် သူနာမည်ထည့်လိုက် ပထမအချိန်က ဆရာမက Cခန်းအတန်းပိုင်ဆိုတော့ နှစ်ဖက်ခွဝင်လိုက်မယ်သမီးတို့ကိုရေးရမဲ့စာလာပြောမယ်ဟုတ်ပြီလား"
"ဟုတ်ကဲ့ဆရာမ အဲ့တာဆိုခွင့်ပြုပါအုံး"
"အေးအေး"
နေကြီးတို့လဲ အတန်းကိုပြန်လာပြီးကျန်တဲ့အသင်းအလုပ်များလုပ်နေလိုက်သည်။ထိုနေ့က
နေမျိုးကျက်သရေ စိတ်မကြည်ခဲ့ပါ အမည်မသိေသာစိုးရိမ်မှု ကကြီးစိုးနေခဲ့သည်။
*ဟူး ငါဘာကိုစိတ်ပူနေပါလိမ့် ကိုယ်နဲ့လဲမဆိုင်ပဲ ပြီးတော့ သူမ မလာရင် တခြားကလေးတွေပြောသလိုအဆူမခံရလို့နားအေးပြီးသူတို့လိုပျော်နေရမှာမဟုတ်လား*
----------------------------------
"ထိပ်ထားရေ"
"ဟုတ်အမပြော"
"ညီမမနက်ဖြန် အဘ အသုဘချရင် အမA ခန်းကကလေးတွေခေါ်ချင်လို့"
"ဟုတ်အမခေါ်လေ"
"အေးကွယ် အမကားစီစဉ်ထားပါတယ် သူတို့ကိုနေ့ခင်းလောက်လာခေါ်လိုက်မယ်။ညီမမနက်ဖြန်ကျောင်းတက်မလို့ဆို"
"ဟုတ်တယ်အမ ကျောင်းမှာလူမရှိဘူးလေ မရည်မွန်လဲ မနိုင်တော့ဘူး"
"အေးကွယ် အန်တီရော နေကောင်းလား"
"ကောင်းပါတယ်အမရယ် အခုတော့အိပ်သွားရှာပြီ"
"အေးပါကွယ် ဒါဆိုအမဖုန်းချပြီနော်"
__________________
ဒီနေ့တော့ အိပ်ယာထနောက်ကျလို့ နေကြီး ကျောင်းကိုနောက်ကျမှ ရောက်ဖြစ်သည်။အရှေ့မှ ဆိုင်ကယ်ဖြင့်ဖြတ်သွားဒေါ်ထိပ်ထားဗိုလ်ကိုမြင်တော့ အပျိုကြီးအားကျောင်းလာမလားမျှော်မိသည်။ အကြောင်းမဲ့ ဒေါ်ဒေါင်းနှင်းမေအား အပျိုကြီးလို့ခေါ်ရခြင်းကိုသဘောကျမိသည်။
*ဒေါ်ထိပ်ထားဗိုလ်တော့လာတယ် အပျိုကြီးလာမလားမသိဘူး ဆိုင်ကယ်တွေရပ်တဲ့ဆီသွားကြည့်မှ*
နေကြီးလဲ အခန်းပြင်ထွက်ပြီး corridor အဆုံးကိုငေးကြည့်မိသည်။ မရှိပါ သူမရဲ့ဆိုင်ကယ်ရှိမနေ။
အခန်းထဲပြန်ဝင်ပြီး သိပ်မကြာကျောင်းခေါ်သည်။ ဒေါ်ထိပ်ထားဗိုလ်မှသူတို့အခန်းဘက်သို့လျောက်လာသည်။ယနေ့ ပထမချိန်သူဝင်မည့်ပုံပင် အားလုံး နိုင်ငံတော်သီချင်းဆိုပြီး အခန်းထဲပြန်ဝင်လာကာ ဘုရားရှိခိုးကြသည်။
"ကဲ သားတို့သမီးတို့ဘုရားရှိခိုးပြီးရင် ဆရာမပြောစရာရှိတယ်"
အတန်းထဲမှကျောင်းသားကျောင်းသူများလဲ ဆရာမအားကြည့်လိုက်ကြသည်။
"ဒီရက်ပိုင်းအတက်နိုင်ဆုံးပြဿနာမရှာကြဖို့ဆရာမကတောင်းဆိုပါတယ် မင်းတို့သိတဲ့အတိုင်းဆရာမတို့လဲမဖြစ်မနေမို့လို့ကျောင်းလာရတယ် ဒီနေ့ဆိုလဲမင်းတို့အတန်းပိုင်ကမလာနိုင်ဘူး ဆရာမလဲ အိမ်ကိုပြန်ပြန်ကြည့်ရတယ် ကျေးဇူးပြုပြီးလိမ္မာပေးကြပါ ပြီးတော့ ဒီနေ့နေ့လည် မင်းတို့ အတန်းပိုင်ကသူ့အဘိုးကို အသုဘ ချဖို့သားတို့ကိုလာခေါ်လိမ့်မယ် မင်းတို့ရဲ့အတန်းပိုင်ရဲ့ အဘိုးဖြစ်တာကြောင့်လိုက်ပို့ပေးကြရမယ်။ လာခေါ်ရင်ကားပေါ်ညီညာစွာတက်ကြပါ။လိမ်လိမ်မာမာနဲ့စည်းကမ်းတကျသွားကျဟုတ်ပြီလား"
"ဟုတ်ကဲ့"
_____________________
"နေကြီးရေ သွားရတော့မယ် ကားရောက်ပြီတဲ့"
"အော် အေးအေး"
"နေကြီးတို့အဖွဲ့လဲ ကားပေါ်တက်လိုက်တယ်"
ကားသုံးစီးမှာနေကြီးတို့စီးသည့်ကားက Light track ဖြစ်သည်။အကုန်လုံးလူစုံသည်နှင့်ကားမှာစတင်ထွက်သည်။မြို့ထဲသို့ရောက်တော့ ကားအားခဏရပ်လိုက်သည်။
သူတွေ့ပါပြီ နာရေးအိမ်အရှေ့မှာ ဘာမှမပြင်ဆင်ပဲ ရိုးရိုးသာမာန် မြန်မာဝမ်းဆက်လေးသာဝတ်ထား၍သူတို့ဘက်ကိုေကျာေပးထားသည်။ ဆံနွယ် တို့အားနဂိုမြင်နေကြအတိုင်းမထုံးဖွဲ့ထားပဲ ဆံနွယ်တို့အားစည်းကာချထားသည်။ သူမဆံပင်မှာ ကျောလယ်လောက်ရှိသည်။ အလုပ်တွေရှုပ်ပြီး သူမပုံမှာ ကပိုကယိုနိုင်လှသည်။သူမလှည့်လာပါပြီ။
တဖြည်းဖြည်း မိုးစက်လေးများကျလာပြီ။
သူမ၏ မျက်နှာမှာလဲမျက်ရည်စက်တစ်ချို့ စီးခိုလို့ပင်။ ငိုထား၍ထင်သည်မျက်နှာလေးမှာပြည့်နေသည်။ ဧည်သည်များအား ဟန်ဆောင်ပြုံးနှင့်သာ ကြိုနေပြီးသူတို့ဘက်သို့လျောက်လာသည်။
အနားကအမတစ်ယောက်လာပေးသော ယပ်တောင် နှင့် အအေးဘူး ဘုရားစာအုပ် ခေါင်းလျှော်ရည်တို့ပါသောအထုတ်အားယူလိုက်သည် ။
သူမမှာတဖြည်းဖြည်းနီးလာပြီး ကားထဲကသူ့မ တပည့်တွေအားကြည့်ကာ ကားဆရာဆီသွား၍ လိုအပ်သည်များကိုပြောနေသည်။
သူမသည်ဟန်ဆောင်နေခဲ့သည်။အဘယ်ကြောင့် ဝမ်းနည်းမှုများအားတင်းခံနေသနည်း။ သူမကျွန်တော်တို့ဘက်ပြန်လျောက်လာတော့တခြားကလေးများက ဆရာမအားစကားပြောကြသည်။ သူတို့လိုကျွန်တော်မပြောနိုင်ပါ သူမကိုသာ ကြည့်နေခဲ့သည်။
*အသက်မပါတဲ့အပြုံးတွေ ထိုအပြုံးတွေကရင်ကိုပူလောင်စေသည်*
တဖြည်းဖြည်းနှင့် ကားများလဲစီတန်းထွက်လာပြီး မြို့အစွန်သို့ထွက်လာကြသည်။ အကုန်ပြီးစီးပြီးနောက်မိန်းကလေးတွေအရင်ပြန်လာရသည်။
ကျွန်တော်ရှာပင်မဲ့များလှတဲ့လူအကြားသူမကိုမတွေ့နိုင်။
အိမ်ကိုပြန်ရောက်သည်အထိကိုငိုင်နေမိသည်။
ထို့နောက် လွယ်အိတ်ထဲ က ကမ်းလိုက်သော ပစ္စည်းထုတ်အားအဝတ် ဗီရို အသေးလေးထဲထည့်ထားလိုက်သည် ။
ထိုညက ကျွန်တော်အိပ်မပျော်ပါ။ သူမရော အိပ်ပျော်နိုင်မည်လား။
#1646words
တိုသွားရင်တောင်းပန်ပါတယ် ပြီးတော့ caroပြောချင်တာလေးက ဒီထဲကအဖြစ်အပျက်အချို့ဟာအပြင်မှာတကယ်ရှိပါတယ် အရာရာတိုင်းတော့မဟုတ်ပါတချို့က caro စိတ်ကူးပါပဲ။
ဘာပဲဖြစ်ဖြစ်စိတ်ရှည်စွာစောင့်ပေးကြလို့ကျေးဇူးပါ။💐💗💞
You are reading the story above: TeenFic.Net