ကျောင်းကပြန်ရောက်တာနဲ့လွယ်အိတ်ကိုလွှတ်ပစ်လိုက်သည်။
"အခုမှပဲပုခုံးလေးပေါ့သွားတော့တယ်"
"ဟဲ့အကောင်ပြန်ကောက်လိုက်စမ်း"
နောက်ကနေယောင်းမကြီးကိုင်လျက်ထွက်လာသောအမေမှဆိုသည်။
"ဟာဗျာ အမေကလဲ သားပုခုံးတွေနာနေပြီဗျ "
"နင့်ကိုပုခုံးပေါ်တင်ခိုင်းတာမဟုတ်ဘူး သွား စာရေးစာပွဲပေါ်သေချာတင် ပြီးရင်ရေမိုးချိုး"
"ဟုတ်"
နေကြီးလဲသူ့အခန်းရှိရာအပေါ်ထပ်သို့တက်လာသည်။အခန်းထဲသို့ဝင်ဝင်ချင်း မြင်လိုက်ရသည့်မြင်ကွင်းကသွေးတက်ဖွယ် ပင် သူအမြတ်နိုးဆုံးရေမွှေးပုလင်းက အကွဲကွဲနှင့်ဘေးမှာ ကြောင်မလေး ကီမီ
"အောင်မလေး ငါ့အသဲလေးတော့ကွဲပါပြီ ကြောင်မသမီး နင်လာခဲ့"
ဟုတ်ပါသည်။နေကြီးဘဝမှာအမြတ်နိုးဆုံးဆိုလို့အခုချိန်ထိရေမွှေးပုလင်းသာရှိသည်။
နေကြီးလဲ ကြောင်နဲ့စိန်ပြေးတိုင်းကစားပြီးချွေးသီးသီးကျပြီးအမောဖောက်နေစဉ် မြည်လာသောဖုန်းသံကြောင့် လက်ထဲရှိ မျက်နှာသစ်ဘူးကိုဘေးချကာကိုင်လိုက်သည်။ကြည့်လိုက်တော့ခေါ်သူမှာ မေခင်မြတ်နိုး။
"ဘာလဲကွာ လူတွေကအားယားနေတာမဟုတ်ဘူး"
"စောက်ကြီးစောက်ကျယ်တွေပြောပြန်ပြီနေကြီးတို့ကတော့"
"တကယ်ပြောနေတာ ငါ ဟို ကြောင်မသမီးကို ဆုံးမနေတာ"
"ဘာဖြစ်လို့တုန်းဗျ"
"ဘာဖြစ်ရမှာလဲ ငါ့ CK ရေမွှေးဘူးလေ သူ့ကြောင့်ကွဲသွားပြီ"
"နေကြီးရယ် စိတ်ထိန်းပါ သတ္တဝါတစ်ခု ပစ္စည်းတစ်ခုပဲလေ"
"မင်းမေကြီးတော်ကြီးကို တစ်ခု ပြော ဘာပြောမလို့လဲ"
"ဪ သူပဲကျောင်းဆင်းရင်ဖုန်းဆက်ဆိုပြီး"
"အေးဟုတ်သား သားကြီးငါတို့ လကုန်ပြီးရင် စာမေးပွဲရှိတယ်မလား"
"အင်းလေ ဘာဖြစ်လဲ"
"ဟာ ဘာဖြစ်ရမှာတုန်းဟ မင်းကအခုဘယ်မှာကျူရှင်တက်တာတုန်း"
"ပုတီးတို့အမေအိမ်လေ အဲ့မှာ ဝိုင်း တက်တာ"
"အေးလေ Engလေးကဘယ်သူသင်တာလဲ"
"ဟိုအပျိုကြီးလေ"
"Ok အဲ့တာပြောချင်တာလေ ငါလာတက်မလားလို့ ဒါပင်မဲ့ မင်းသိတဲ့အတိုင်းငါ့အမေက ကတ်စီးနည်းလေ အဲ့တော့ ဒီတိုင်းပြောရမှာမဟုတ်လောက်ဘူး ဆိုတော့ ဒီတစ်ပတ်စာမေးပွဲငါ eng အမှတ်နည်းမှကိုရမှာ ဒါငါ့ရည်မှန်းချက်"
"စောက်ကျိုးနဲ တိုးတက်မဲ့ရည်မှန်းချက်ပဲ"
"လျှာမရှည်နဲ့ ဒါနဲ့ အဲ့အပျိုကြီး ကလိုင်းသုံးတယ်မလား"
"သုံးမှာပေါ့ နေကြီးက social ခေတ်ပဲဟာ"
"ဒါဆိုလှုပ်ရှားဖို့ကြိုးစားလိုက်အုံးမယ်"
"ဪနေကြီး စာမေးပွဲမရောက်ခင်ကြားရက်မှာ ဘောပွဲရှိတယ်နော်နေကြီးမသိသေးဘူးမလား"
"အေး ဘယ်တော့''
"နောက်အပတ်ပဲ ကျောင်းကောင်စီအသင်းတွေပြိုင်ပွဲ"
"မိုက်တာပေါ့ ငါကဘယ်အသင်းအား ပေးရမှာလဲလဲဟ"
"မသိဘူးလေ ဆရာမပြောမှသိရမှာပေါ့"
"Okok"
"အဲ့တာဆိုဒါပဲနေကြီး"
"အေး"
ခင်ကြီးနဲ့ ဖုန်းပြောအပြီး ရေချိုးကာအောက်ထပ်သို့ဆင်းလာသည်။
"အမေ ဘာချက်လဲ"
"ကြက်သားအချိုချက်"
"ဟာ အမေကလဲ အမြဲအချိုချက်နေတာပဲ အစပ်စားချင်တာကို"
"စားချင်ကိုယ့်ဘာသာချက်စား ငါ့သားက အစပ်မစားဘူး"
"တချိန်လုံးသူ့သားပဲ ဒီကသူ့သမီးမဟုတ်တာကျနေတာပဲ"
သားချစ်အမေကြီးအားဆက်ပြောမနေတော့ပဲရှိတာနဲ့သာစားလိုက်သည်မဟုတ်လျှင်ထမင်းငတ်ကိန်းရှိသည်။
~~~~~~~~~~~~~~~~~~~~
"အို... မိုးဖွားလေးတွေကျနေပါလား"
လက်မှာပတ်ထားသောနာရီအဟောင်းလေးအားကြည့်မိတော့အချိန်မှာမနက်ငါးနာရီပင်ရှိပြီ နှင်းမေတစ်ယောက်အိပ်ယာလေးသိမ်းကာ မျက်နှာသစ်ဖို့အိမ်အပြင် ရေကန်အုတ်ခုံလေးနားသွားလိုက်သည်။
"ချမ်းလိုက်တာ"
လူကောင်သေးသေးလေးဖြင့် ကျုံကျုံလေးထိုင်တာ ပြောနေပုံပင်။
"ဒီထက်သာပိုသည်းလာမဲ့မိုးပုံစံနဲ့ကျောင်းသွားရရင်တော့ဒုက္ခရောက်တော့မှာပဲ"
တဖြည်းဖြည်းဆူလာသောနှုတ်ခမ်းတစ်စုံ
"သမီးကြီးရေ"
"ရှင် အမေ"
"နေ့လည် အားရင်သမီးအဘကိုခဏသွားကြည့်လိုက်အုံးနော် အမေတို့ကတော့ညနေသွားမယ်ကိုယ်လက်လဲအမြန်သန့်စင် ရာသီဥတုကအေးရအေးနဲ့ ဖျားမယ်"
"ဟုတ်ကဲ့အမေ"
နှင်းမေရဲ့အဘိုးမှာ အသက်အရွယ်ရလာသည်နှင့်အမျှကျန်းမာရေးဆိုးရွားဖောက်ပြားလာသောကြောင့်ဆေးရုံတင်ထားရသည်။
ဒေါင်းနှင်းမေ လဲ ကိုယ်လက်အမြန်သန့်စင်ကာ ဘုရားဝတ်ပြုပြီး အဖေနဲ့အမေကိုကန်တော့သည်။အချိန်အားဖြင့်ကြည့်တော့၆:၃၀ပြီ။ ထို့နောက် အဖြူရောင်ခါးတိုလေးနဲ့ အောက်ကေဒါင်းစိမ်းရောင်ထမိန်လေးဝတ်ကာ ပုခုံးအောက်ေလာက်ရှိသည့် ဆံနွယ်တို့အားသေသပ်စွာထုံးလိုက်သည်။သူမရဲ့စာအုပ်တွေထည့်ထားသည့် အိတ်နဲ့လက်ကိုင်အိတ်အား ဆိုင်ကယ်ခြင်းထဲသို့ထည့်လိုက်သည်။
"အငယ်လေးရေ ကျောင်းသွားမယ်မြန်မြန်လာ မမကြီးရဲ့ ထမင်းခြင်းလေးပါယူခဲ့"
"ဟုတ်မမကြီး"
ဖြူသန့်ရှင်းက အိမ်ရဲ့အငယ်ဆုံးလေးဆည်းလဲလေးဖြစ်ပြီးလေးတန်းတက်နေသူပင် ဒေါင်းနှင်းမေမှာအကြီးဆုံးဖြစ်ပြီး သူ၏အောက်တွင် အေးသံသာ ဆိုတဲ့ ညီမနဲ့ ကျော်ဝန ဆိုတဲ့မောင်လေးလဲရှိသည် အကုန်လုံးကအရွယ်ရောက်ပြီးဖြစ်ပြီးအလုပ်ကိုယ်စီနှင့်ပေ။ဖြူသန့်ရှင်း မှာငယ်စဉ်ထဲက ဒေါင်းနှင်းမေ ရဲ့မေမေတို့မွေးစားထားသော သမီးလေးဖြစ်သည်။ နှင်းမေဟာထိုကလေးအပေါ်အရမ်းလဲသံယောဇဉ်ရှိသလို သူ့ညီမလေးအားလဲ စည်းကမ်းတကျနေစေသူဖြစ်သည်။ချော့တစ်ခါခြောက်တစ်လှည့်ဖြင့် ဆုံးမလေ့ရှိသော နှင်းမေနှင့်ဖြူသန့်မှာ အမူအယာ အကျင့်များ များစွာတူနေသည်။
"တော်သေးတာပေါ့ မိုးမသည်းတော့လို့"
ညီအမနှစ်ယောက်ဆိုင်ကယ်လေးပေါ်တက်ပြီး ဆိုင်ကယ်ဦးထုတ်ကိုယ်စီဆောင်းလိုက်သည်။နှင်းမေမှာ ဖြူသန့်လေးအားမနက်ပိုင်းကျူရှင်ဝင်ပို့ပြီး ကျောင်းသို့ဆက်မောင်းလာသည်။နဂိုလိုဆိုကျုရှင်သင်စရာရှိပင်မဲ့ ထိုနေ့ကတော့ကလေးများခွင့်တောင်းထားသောကြောင့်တစ်ရက်ပိတ်ပေးထားခြင်းဖြစ်သည်။
........................................
"ဟာအမေကလဲ ကျောင်းကိုဝီရိယရှိရှိစောစောသွားရမှာပေါ့ဗျ"
အရင်ကဆို ကျောင်း၉နာရီခေါ်ခါနီးရင်ခေါ်တော့မှ သွားတက်သောနေကြီးမှာ မနက်၇နာရီထိုးထဲကဖင်တကြွကြွဖြစ်နေလေပြီ။
"ကြားသားမိုးကြိုးဟယ် နင့်လိုလူက ဝီရိယဆိုတဲ့စကားထွက်လို့ "
"ကဲပါအမေရယ် မိုးကြိုးသံကြားလဲကြားတယ်သာမှတ်လိုက်တော့ သားသွားတော့မယ် မုန့်ဖိုးယူသွားတယ်နော်"
"ဪ...ဟဲ့ဘယ်လောက်ယူသွားလဲပြောအုံးလေ"
အမေစကားကိုပြန်မဖြေအားပဲ လွယ်အိတ်ကိုလွယ်ထမင်းခြင်းဆွဲကာထွက်လာသည်။နေကြီးတို့အိမ်မှာကျောင်းနှင့်နီးသလိုဈေးနှင့်လဲနီးသည်။
"ဟ ဟိုမှာနှင်းဆီပန်းတွေပါလား"
*အင်းး ဘာအရောင်ဝယ်ကောင်းမလဲ*
"အန်တီရေအဲ့အနီ နှစ်ပွင့်ပေးပါ"
အလွန်လှသောနှင်းဆီအနီနှစ်ပွင့်အားထမင်းခြင်းထဲထည့်ပြီးကျောင်းသို့ဦးတည်လာသည်။
"ဟူး ငါ အရမ်းကြီးတော့စောမနေဘူးတော်သေးတာပေါ့"
အခန်းတံခါးမှာဖွင့်ထားပြီးဖြစ်သောကြောင့် အထဲသို့ဝင်၍လွယ်အိတ်ကိုချလိုက်သည်။ထမင်းခြင်းအား စင်ပေါ်တင်ပြီး အခန်းပြင်ဝရံတာသို့ထွက်လိုက်သည်။ခြင်းထဲမှထုတ်လာသောပန်းနှစ်ပွင့်ကို အနွေးထည်အတွင်းဖက်သို့ထည့်ထားသည်။
"ဝိုး... ဟိုမှာဒေါ်ထိပ်ထားဗိုလ်ပါလား"
အပေါ်မှဆွယ်တာအနီလေးအားဝတ်ခါ လက်ကိုင်အိတ်အဝါအားဘယ်လက်မှချိတ်လို့ စာရင်းစာအုပ်များကိုင်ကာ ဆရာမကြီးရုံးခန်းသို့သွားနေသည်။
*ဟွန့်သူလဲချောတာပဲကို ငါရင်လဲမခုန်ပါလား ဒါပင်မဲ့ မနက်စောစောမြင်လိုက်ရတဲ့နတ်သမီးတစ်ပါးပါပဲ ချောတာ*
နေကြီးလဲ အနွေးထည်ထဲကပိုက်ဆံကိုထုတ်၍မုန့်ဝယ်ရန်ထွက်လာသည်။အင်းကြင်းဆောင်နှင့် မုန့်ဈေးတန်းမှကပ်လျက်ပင်။
"အန်တီကော်ဖီ တစ်ဘူး"
လက်ထဲမှပိုက်ဆံတစ်ထောင်ထုတ်ပေးလိုက်သော်လဲပြန်အမ်းလာခြင်းမရှိတော့။
"သောက်ခွေး ငါတို့ကျောင်းကမုန့်ေရာင်းတဲ့လူတွေလဲ အရင်းရှင်စနစ်မှာ အာဏာရှင်ဖြစ်နေတာပဲ ကြီးလိုက်တဲ့ဈေး နောက်အိမ်ကပဲခိုးလာတော့မယ် ..တောက်"
မကျေနပ်ချက်များကိုရင်မှာပိုက်၍ အခန်းရှေ့ဝရံတာ မှာပြန်ရပ်နေလိုက်သည်။
လက်ထဲကကော်ဖီဘူးကို ဖွင့်ပြီးသောက်ကာ အနည်းငယ် ညို့မှိုင်းနေသောတိမ်တွေကိုကြည့်ပြီးဆွေးတုန်း
ဖူးးးးးးး
သောက်နေသောကော်ဖီတို့ရေပန်းသဖွယ်လွင့်စင်သွားရသည်။ကျောင်းဂိတ်ဝမှဆိုင်ကယ်ကိုpro ဆန်ဆန်မောင်းဝင်လာကာ မိုးရွာ၍ချောနေသဖွယ်ရှိသော လမ်းအား ခြေထောက်ထတစ်ဖက်ဖြင့်ထိန်းထိန်းပြီးမောင်းလာသော အပျိုကြီးဆူပုတ်။
*ငါ့ထက်တောင်မောင်းတာကျွမ်းနေပါလားဟ*
နေကြီးတို့အခန်းရှေ့ကနေဖြတ်ပြီးဆရာမတွေနားနေခန်းဖက်သို့မောင်းသွားသည်။အခန်းရှေ့ကသာဖြတ်သွားတယ် အခန်းဖက်တစ်ချက်တောင်လှည့်မကြည့်
"ဟွန့် ချေမိုးလိုက်တာ လူလေးကဖြင့်သေသေးလေးနဲ့အသည်းယားစရာကို ချစ်ဖို့ကောင်းအောင်မနေဘူး"
မျက်စိတစ်ဆုံးသူမကိုလိုက်ကြည့်ပြီး အခန်းထဲသို့ပြန်ဝင်လာခဲ့သည်။ မကြာတစ်ခြားသူတွေလဲရောက်လာပြီ ပုတီးကလွဲလို့ပေါ့။
"နေကြီးရေ ဆရာမခေါ်နေတယ် နားနေခန်းလာအုံးတဲ့"
"ဘာလုပ်ဖို့လဲ "
"ဘယ်သိမလဲ"
*ထရမှာပျင်းပါတယ်ဆိုမှ*
ဆရာမခေါ်ကြောင်းလာပြောသော သိမ့်တုန်အားထားခဲ့ပြီးနားနေခန်းဘက်ရောက်လာသည်။
အခန်းထဲချောင်းကြည့်တော့ ဟိုအပျိုကြီးဆူပုတ်သာတွေ့သည်။ဒေါ်ထိပ်ထားဗိုလ် ရုံးခန်းကပြန်မဆင်းလာသေးသည့်ပုံပင်။ နေကြီးလဲအခန်းရှေ့ရပ်၍
"ဝင်ခွင့်ပြုပါဆရာမ"
"အင်း"
အထဲမှာထိုင်၍ပေါင်မုန့်စားနေရင်းမှဖြေသည်။
*ပေါင်မုန့်စားနေတာများပါးကိုဖောင်းနေတာပဲ"
"ဘာခိုင်းစရာရှိလို့လဲဟင်"
နေကြီးလဲဆရာမနားသွား၍မေးလိုက်သည်။ဒေါ်ဒေါင်းနှင်းမေ၏နေရာမှာ ဆရာမငါးယောက်ထိုင်သော စားပွဲဝိုင်း၏ထိပ်ဆုံးဘက်ဖြစ်သည်။
"မရှိပါဘူး သမီးရဲ့အသင်းက အနီအသင်းလို့အဲ့တာပြောမလို့ ဪဒါနဲ့ လာလက်စနဲ့ ဒီကျောင်းခေါ်ချိန် စာအုပ်နဲ့ အချိန်ပိုင်းလေးယူသွားပေးနိုင်မလား"
သူမရဲ့နေရာရဲ့အစွန်းလေးရှိ စာအုပ်အားမျက်စောင်းလေးထိုးပြသည်။
*ခိုင်းချင်ရင်ခိုင်းချင်တယ်မပြောဘူး အပျိုကြီး*
"ဟုတ်ကဲ့ ရပါတယ်"
*အား..ဟုတ်ပြီ*
အနွေးထည်အိတ်ထဲမှအနီရောင်နှင်းဆီ တစ်ပွင့်အားထုတ်လိုက်သည်။
"ဆရာမ အတွက်ပါ "
"Thank"
မုန့်စားနေရာမှသူကမ်းပေးသောပန်းလေးအားလက်လေးနှစ်ချောင်းဖြင့်ညှပ်ယူရင်းဆိုလာလေသည်။
နေကြီးလဲစာအုပ်တွေ ယူရင်းအခန်းဆီပြန်အလာ
စက်ဘီးလေးတွန်းလျက်ဝင်လာသော ဒေါ်ရည်မွန်ခအားတွေ့လိုက်သည်။နေကြီးလဲစာအုပ်တွေလက်တစ်ဖက်နဲ့ပြောင်းသယ်၍ နှင်းဆီကျန်တစ်ပွင့်ကိုထုတ်လိုက်သည်။
"ဆရာမ ပန်ဖို့"
"ဪ ကျေးဇူးပါသမီးလေး"
အပြုံးချိုချိုလေးပြုံးကာပြောလာသည့်အတွက် နေကြီးတစ်ယောက် falling in loveပြီး အခန်းဆီပြန်လာတော့သည်။
"နေကြီးဖြီးလို့ပါလား"
အခန်းထဲဝင်ဝင်ချင်း ခင်ကြီးမှ ပြောသည်။
"ရှင်းအောင်ပြော"
"သွား ပြောပါတယ် ဘာတွေများသဘောကျလာ"
"ဘာမှမဟုတ်ပါဘူး ဒီလိုပါပဲဟဲဟဲ"
ထိုနေ့က ဒေါ်ရည်မွန်ခမှာတော့ ပန်းအနီလေးအားသူမခေါင်းထပ်တွင်ပန်ဆင်ပင်မဲ့ ဒေါ်ဒေါင်းနှင်းမေမှာတော့သူမရဲ့ပိုက်ဆံအိတ်ေလးထဲထိုးထားသဖြင့် ပန်းလေးမှာထိုးထွက်နေသည်။ ညနေကျောင်းဆင်းချိန် ဒေါ်ရည်မွန်ခ ကိုတွေ့လိုက်ပင်မဲ့ ဒေါ်ဒေါင်းနှင်းမေမှာတော့ နေ့တစ်ဝက်နှင့်ပြန်သွားလေသည်။
#2011words
#6.3.2023
လမင်းတို့လဲနောက်ရက်တွေတင်ပေးနိုင်အောင်ကြိုးစားနေပါတယ် အခုဒီ ATFYW ကိုမှ မတင်ရင် အသက်ခံရမဲ့ကိန်းကို စိုးရိမ်နေရတာမို့ တင်လိုက်ပါတယ်🥲
You are reading the story above: TeenFic.Net