အပိုင်း(၃၇)(END)

Background color
Font
Font size
Line height

"နှင်းမေရယ်အဲ့နှုတ်ထွက်စာကြီးမတင်ခင်ထပ်မစဉ်းစားတော့ဘူးလားဟင် ငါတို့ကိုရက်စက်တော့မှာလား"

"အမရည်မွန်ရယ် မရက်စက်ပါဘူးညီမနေရာ လူစားပြန်ဝင်မှာပဲဟာကို"

"တူမလားဟဲ့...ကိုယ့်ညီမလေး အလုပ်ထွက်တော့မဲ့ဟာကိုငါတို့ကပျော်နေမှာလား"

"အမရယ်ညီမလဲမဖြစ်လို့ပါ"

"မဖြစ်တာမရှိပါဘူးနော် မထွက်ပါနဲ့လားကွယ်တို့တွေလွမ်းနေရမှာ"

"အမရယ်တစ်မြို့ထဲရှိနေအုံးမှာပဲဟာကို ညီမပြောင်းရွေ့သွားတာလဲမဟုတ်ပဲ"

"ကဲဒါဆိုလဲ reasonလေးတော့ပေးလေရှင်တိတိကျကျ"

အမရည်မွန်မေးတဲ့အကြောင်းပြချက်တိတိကျကျဆိုသည့်အရာသည် ထားခဲ့သူ သာဖြစ်ပေမည်။အချစ်ဆိုတဲ့အရာကိုစိတ်ကစားသလိုသာတွေး‌တောနိုင်သည့်အရွယ်ကလေးတစ်ယောက်ကို အရာရာယုံကြည်ကာချစ်ခဲ့မိပြီးထားခဲ့ခြင်းကိုခံလိုက်ရသည်ဟုအမကိုပြောမိလျှင် အမတို့လှောင်ရယ် လေမလား။

ဒါပင်မဲ့လဲထိုအရာသည်တကယ်ဖြစ်ခဲ့လေသည်။သူဟာထိုကလေးအပေါ်ကို အရာရာထက်ပိုပြီးယုံကြည်စွာချစ်ခဲ့မိသည်။ထို့နောက်ထားခဲ့ခံရသည်။ မေးမြန်းနိုင်စွမ်းမရှိခဲ့သလို ပြန်ဖြေကြားမည့်အကြောင်းပြချက်များကိုတောင်သိခွင့်မရှိပဲ ထိုသူကသူအားထားခဲ့သည်မှာ ငါးနှစ်နီးပါးရှိနေလေပြီ။

"အမရည်မွန်ရယ် အမနှင်းမေကိုရစ်မနေပါနဲ့ သူ့မှာလဲအကြောင်းရှိလို့နေမှာပါ ကဲအမ ဆရာမကြီး ရုံးခန်းမှာရှိတုန်းသွားလိုက်နော် ပြီးရင်သူအပြင်သွားမယ်ကြားလို့"

"အေး ထိပ်ထား"

နှင်းမေလဲလက်ထဲမှာစာအိတ်လေးဖြင့်ထည့်ထားသော နှုတ်ထွက်စာအားကိုင်လျက်ရုံးခန်းဆီသာထွက်လာသည်။ယနေ့သည်ဝတ်ဆင်ထားသည့်အဖြူအစိမ်းဝတ်စုံအားစွန့်လွှတ်ရတော့မည်နေ့ပင်ဖြစ်သည်။

အကြိမ်ကြိမ်စဉ်းစားပြီးမှချခဲ့သည့်ဆုံးဖြတ်ချက်ဖြစ်သော်လဲ ဆုံးဖြတ်ချက်များရီဝေနေဆဲ။ထိုအလုပ်သည်သူအရမ်းမြတ်နိုး၍ရွေးချယ်ခဲ့ရသည့်အလုပ်မဟုတ်ပါလား။

*ဒီအထိတောင်လှမ်းလာခဲ့ပြီးပြီပဲရှေ့ဆက်တိုးရုံကလွဲလို့ငါ့မှာလမ်းလဲရှိမနေပါဘူးလေ*

ရုံးခန်းထဲသို့ဝင်လိုက်ကာဆရာမအလုပ်ကိုစွန့်လွှတ်မည့်လမ်းကိုသာသူရွေးလိုက်ပါသည်။

________________________
ဒေါင်းငယ်~~

ကိုယ်မင်းအနားကထွက်ခဲ့တာ ငါးနှစ်ပြည့်တော့မယ်။

ကိုယ်ဒီ‌နေ့ဖြတ်ခဲ့တဲ့လမ်းဘေး‌ေလးမှာ ပန်းလေးတွေအများကြီးပဲတွေ့ခဲ့တယ်။

တစ်ချိန်ကမင်းပြောရင် စာအုပ်လေးထဲအပြေးမှတ်ခဲ့ရတဲ့ပန်းလေးတွေလဲပါတယ်ပေါ့။

မင်းရဲ့ဆူသံလေးတွေလဲလွမ်းမိသည်။

ဆုတောင်းမှုတွေနောက်မှာဆုတောင်းပြည့်ခြင်းဆိုတာတော့မလာခဲ့ဘူးကွယ်။

နားကြပ်မှာလာနေခဲ့တဲ့သီချင်းကကိုယ်တစ်ချိန်က မင်းရှေ့မှာ မင်းကိုပိုးပန်းကာ အော် ဆိုခဲ့တဲ့သီချင်း။

ကိုယ်‌တို့တွေပြန်တော့ဆုံနိုင်ပါမှာနော်.....စောင့်နေတယ်မလားမေ။

မှန်ပြတင်း‌ပေါက်အတွင်းဘက်မှကြည့်နေမိသောကောင်းကင်ယံထက်မှမိုးစက်များတဖြည်းဖြည်းကျဆင်းလာသည်။လက်ထဲမှာ ကုန်လွန်ခံနီးနေပြီဖြစ်သောဆေးလိပ်ကိုမီးသတ်လိုက်ကာ အလုပ်စားပွဲ၌ပြန်ဝင်ထိုင်လိုက်သည်။အနည်းဆုံးတော့ဒီစာချုပ်စာတန်းတွေကြားစိတ်နှစ်ထားမိလျှင်သူမကိုသတိရစိတ်အတန်ငယ်မျှတော့လျော့နိုင်လောက်သည်။

"ဝင်ခွင့်ပြုပါ sir"

"အင်း"

"ဒီနေ့ mailတွေထဲမှာ weeding invitation တစ်ခုရောက်နေတယ်"

"ဟုတ်လားဘယ်သူပါလိမ့် ငါဝင်ကြည့်လိုက်မယ် ဟိုဘက်ခုံပေါ်က တင်ထားတဲ့ဖိုင်တွေ ယူသွားလို့ရပြီ ငါကြည့်ပြီးပြီ"

"ဟုတ်"

"ဒါနဲ့လက်မှတ်ဖြတ်ပြီးပြီလား"

"ဟုတ်ကဲ့ဖြတ်ပြီးပါပြီ"

"အင်းရပြီသွားတော့"

သူဒီမှာပဲကျောင်းတက်ပြီး businessပိုင်းနဲ့ဘွဲ့ယူကာ ဦီးလေးဖြစ်သူရဲ့companyမှာပဲအလုပ်ဝင်လုပ်ခဲ့သည်။ကြိုးစားမှုကြောင့်ပင်ဖြစ်မည် ယခုcompany ခွဲ သည် သူ့အုပ်ချုပ်မှုပိုင်းဖြစ်လာခဲ့သည်။

ယခုဆိုရင် သူဟာမေ့အားလုံလောက်စွာကာကွယ်နိုင်သည့်အနေအထားလဲဖြစ်လာပြီ မေသာသူ့အားစောင့်နေသေးသည်ရှိသော်မေ့လက်အားမြဲစွာတွဲနိုင်သည့်အချိန်ဖြစ်သည်။

လုပ်လက်စအလုပ်အား လက်စသတ်ကာ mail ထဲဝင်ကြည့်လိုက်သည်။

*WTF....*

နေမျိုးကျက်သရေ ဝတ်ထားသောမျက်မှန်အားချွတ်ကာမျက်လုံးများကိုပွတ်၍တစ်ခါပြန်ကြည့်မိသည်။

*ဟ လမင်းချို‌က ပြောထားတဲ့အတိုင်းရှိုင်းထက်ကျော်ကိုရအောင်ယူတာပဲ ငါပြန်မဲ့ရက်နဲ့ဆိုမှီ‌ လောက်ပါတယ်လေ ဒါနဲ့ငါ့ mailအကောင့်ကိုဘယ်လိုရပါလိမ့် အရာရာနဲ့ငါအဆက်အသွယ်ဖြတ်ခဲ့တာကို*

နေမျိုးကျက်သရေလဲဖုန်းအားထုတ်ကာ အမေ့ဆီသို့ဖုန်းခေါ်လိုက်သည်။

"အမေ"

"ဟေ သား ဖုန်းတွေဘာတွေခေါ်လို့ပါလားကွယ်ထူးထူးခြားခြား"

"အမေဆီသားသူငယ်ချင်းတစ်ယောက်‌ယောက်လာသွားသေးလား"

"အေးလာသွားတယ်ကွဲ့ မနေ့ကပဲ သူ့မင်္ဂလာဆောင်ဖိတ်ချင်လို့မင်းကို ဆက်သွယ်လို့ရမဲ့အရာလေးပေးပါဆိုပြီးလာသွားတာ"

"ဪ အင်းပါ"

"ဒါနဲ့သား မင်းပြန်မလာ‌ေတာ့ဘူးလားဟင်"

"ဘာဖြစ်လို့လဲ အမေ"

"သားရယ်မင်းအဖေကိုအမေပြောသင့်သလောက်ပြောပြပြီးပါပြီ သူလဲတဖြည်းဖြည်းလက်ခံလာနိုင်ပါပြီ ပြန်လာပါတော့လားကွယ်"

"အမေကျွန်တော်ပြန်လာမှာပါ ကျွန်တော်ဒီကိုထွက်လာတာ အဖေ့ကိုအရှူံးပေးခဲ့တာမဟုတ်ပဲအနိုင်ယူမလို့ ခြေတစ်လှမ်း‌နောက်ဆုတ်ပေးခဲ့ရုံပဲ ပြီးတော့ကျွန်တော်ထပ်ပြီးအနိုင်ယူရမဲ့လူတွေလဲရှိသေးတယ် ဒါပဲနော်အမေ ကျွန်တော်meetingရှိသေးတယ်"

"အေးပါကွယ်"

သူဒီကိုထွက်လာပြီးနောက် အပေါင်းအသင်းသူငယ်ချင်း၊လူတိုင်းသူ့အိမ်ကိုလာကာသူ့အကြောင်းစုံစမ်းကြသည်။သို့သော် သူမျှော်နေမိသောအမျိုးသမီးဟာဘယ်တော့မှမလာခဲ့‌ပေ။

*မေရယ် ကိုယ့်ကိုမုန်းနေပြီလားဟင်.. အခွင့်အရေးသာရရှိအုံးမယ်ဆိုမေ့ခြေ‌တော်ရင်းမှာ ကို ဦးညွန့်ကာထာဝရအတွက်တောင်းပန်စကားဆိုပါ့မယ်*
.
.
.
.
.

"မမကြီး နင်စိတ်ရောလူရောအကောင်းပါနော်"

"ဘာဖြစ်လို့လဲအငယ်မရယ် ငါ့ဘာသာနေတာကို"

"ဘာဖြစ်ရမှာလဲ ညအိပ်ရာဝင်ခါနီးသွားတိုက်တာ နင်သွားတိုက်တံပေါ်တင်နေတာဘာတွေလဲကြည့်အုံး"

နှင်းမေလဲ ညီမဖြစ်သူဆိုသည့်အတိုင်းသွားတိုက်တံပေါ်ကြည့်မိတော့ သူမ သွားတိုက်ဆေးအစား မျက်နှာသစ်ဆေးတွေတင်ထားမိသည်။

"နင်ဟယ် ဘာတွေဖြစ်နေတာတုန်း စိတ်နဲ့လူနဲ့လဲကပ်ထားစမ်းပါ"

"ငါလဲကပ်ထားနေပါတယ်"

သွားတိုက်တံကိုဆေးလိုက်ပြီး အခန်းထဲကိုသာပြန်ဝင်လာမိသည်။ မဟုတ်လျှင်ယနေ့ဖြစ်နေသမျှအလွဲလွဲအချော်ချော်တွေအကုန်လုံးကြောင့် အိမ်နှင့်ပြဿနာတက်ရတော့မည်ဖြစ်သည်။

အိပ်ရာမှတစ်ဆင့် ပြတင်းပေါက်မှသာနေသောလမင်းကိုငေးကြည့်လိုက်သည်။

*မင်းကတော့အမြင့်ကိုပြန်သန်းသွားတာပဲ တို့ကတော့ပျက်ကျကျန်ခဲ့ရတယ်*

အိပ်ရာပေါ်ကဆင်းလိုက်ပြီး စာရေးစာပွဲရှိ locker ထဲမှDiary စာအုပ်လေးအားထုတ်လိုက်သည်။

ပထမဆုံးချရေးမိတဲ့စာသားက သူမခေါ်နေကျနာမ်စားတစ်ခုသာ။

*ကို... ဒီနေ့ဒို့အလုပ်ထွက်ခဲ့တယ် မင်းမရှိပဲ မင်းနဲ့အတူဆုံ‌ခဲ့တဲ့နေရာမှာ ဒို့တစ်‌ယောက်ထဲငါးနှစ်တာတောင့်ခံနေရတာ ပင်ပန်းလှလို့လေ စာသင်ရင်အမြဲတမ်းဒို့ကိုပဲငေးကြည့်နေတဲ့မင်းကို အ စောကြီးထဲကသတိမထားမိခဲ့ဖူးဆို ဒို့လိမ်ရာကျမယ် မင်းဒို့ကိုပထမဆုံးခေါ်ခဲ့တယ့်နာမ်စားလေးကဒေါင်းငယ်တဲ့အဲ့နေ့ကမင်းကိုဒို့ပထမဆုံးရင်ခုန်ခဲ့တဲ့နေ့ပဲဖြစ်လိမ့်မယ် မင်းပထမဆုံးပေးခဲ့တဲ့လက်ဆောင်စာအုပ်လေးတွေကို ဒို့မှာနောက်တစ်ခါဖတ်ဖို့အင်အားရှိမနေဘူး မင်းနိုင်ငံခြားထွက်သွားတယ်ဆိုတဲ့အရာတစ်ခုကလွဲ ဒို့ဘာမှမသိရဘူး မသိရတဲ့အရာတွေထဲမှာဒို့အသိချင်ဆူံးတစ်ခုတော့ရှိတယ် မင်းဒို့ကိုအမှန်တကယ်ချစ်ခဲ့ရဲ့လားလို့လေ"

ဒီညဟာလဲ ပုံမှန်လိုအိပ်မရတဲ့ညတစ်ညပင်ဖြစ်ပေလိမ့်မယ်။

________________________
"နေကြီး"

"ဟာခင်ကြီး မင်းတကယ်လာကြိုတာပါလား"

"လာရမှာပေါ့ နဂိုထဲကလဲကျွန်တော်ကခင်ဗျားရဲ့အကြိုတော်ပဲမလား"

နေမျိုးကျက်သရေလဲ luggage ကိုကားပေါ်တင်လိုက်ပြီး ခင်ကြီးနဲ့အတူတူကားပေါ်ကိုတက်လာခဲ့သည်။

"ငါကမင်းကိုမနက်ဖြန်မင်္ဂလာဆောင်ဆို‌‌တော့ဝိုင်းကူနေရတာနဲ့မအားလောက်ဖူးထင်တာ'

"ဘယ်အားမှာလဲနေကြီးရယ် အဲ့သတို့သမီးကလင်ယူဖို့ပဲသိတာ မင်္ဂလာဆောင်ဖို့ကိစ္စတွေအားလုံးကျသူ့သူငယ်ချင်းတွေကြီးပဲလုပ်ခိုင်းတယ်"

"ဟားဟား မင်းအလှည့်ကျသူ့ပြန်လုပ်ခိုင်းပေါ့ကွ"

"တော်ပါဗျာ ရင့်ကျက်လာပြီးနောက်ပိုင်း မယားရေးထက် ပိုက်ဆံရေးကိုပဲပိုဦးစားဖြစ်နေပြီ"

"မင်းတောင်အသိတရားရလာပြီပဲကွ"

"ဒါနဲ့နေကြီးကိုတွေ့တာနဲ့ ရိုက်သတ်မဲ့သတို့သမီးတို့အဖွဲ့ကဟိုမှာစောင့်နေတယ်နော် မပြောမဆိုနဲ့ထွက်သွားလို့လေ"

"ဟုတ်လား တောင်းပန်ပါတယ်ကွာမင်းတို့ကိုလဲ"

"ကျွန်တော်ကဘာမှမဖြစ်ပါဘူးဗျာ နေကြီးလဲအကြောင်းရှိလို့ဖြစ်မှာပေါ့ ဟိုဟာလေး‌တွေကိုသာတွေ့ရင်ချော့"

"အေးပါငါချော့ပါမယ်"

"ဒါနဲ့အခုအိမ်ကိုမောင်းရမှာလား"

"မဟုတ်ဘူးငါအသစ်ဝယ်ထားတဲ့တိုက်ခန်းကိုမောင်း အမေတို့ဆီကညနေမှငါ့ဘာသာသွားလိုက်မယ်"

"ကျွန်တော်တို့နေကြီးကတကယ့်ကိုဘောစိဖြစ်နေပြီပဲဗျ ဒီအတိုင်းဆိုကြိုက်တဲ့စော်လေးရွေးယူလို့ရပြီ"

"မဟုတ်တာကွာ ဘယ်စော်ကိုငါကယူရမှာလဲပေါက်ပေါက်ရှာရှာ"

"ကဲပါဗျာဒီညdinnerလာမယ်မလား"

"ဟင်ဒီညdinnerရှိတာလား"

"အင်းလေ နေကြီးပြန်ရောက်တဲ့အနေနဲ့ကျွန်တော်တို့‌စီစဉ်ထားတာ အလုပ်မအားတဲ့ပုတီးတို့hyperသိမ့်တုန့်တောင်မရမကလူစုထားတာနော်"

"ခင်ကြီး ငါညကျသွားစရာရှိတယ် မနက်ဖြန်မင်္ဂလာဆောင်ကျမှတွေ့ပြီး မနက်ဖြန်ညမှdinnerကောင်းကောင်းစားကျမယ်နော် ငါအရေးကြီးသွားစရာရှိလို့ပါ မင်သူတို့ကိုချော့ပြောပေးပါကွာ "

"လုပ်ပြီဗျာနေကြီးကတော့ အင်းလေအရေးကြီးတယ်ဆိုတော့လဲဘယ်တတ်နိုင်မှာလဲ"

"အေးပါကွာကျေးဇူးပဲ"

နေမျိုးကျက်သရေလဲမိမိဝယ်ထားသောတိုက်ခန်းကိုရောက်တော့ပစ္စည်းများနေရာချပြီး
မွေ့ယာပေါ်တွင်ခဏလှဲ၍အနားယူလိုက်သည်။ပြီးမှသာရေချိုးအဝတ်အစားလဲပြီးကားသော့ကိုယူကာအပြင်သွားရန်ပြန်ထွက်လာသည်။

ကား‌သည် Mercedes Benz black colorဖြစ်ပြီး အဖေ့တပည့်တစ်ယောက်အားသူဝယ်ခိုင်းထားခြင်းဖြစ်သည်။ယခုသူဟာ အဖေ့ထပ်ပင်ပိုင်ဆိုင်မှုပိုများတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်နေပြီး သူ့ဘဝမှာသူထက်ကြိုးစားရမည့်အရာဆိုလို့ မေမမုန်းစေရေးသာရှိသည်။

ခြံဝန်းကျယ်ကျယ်အတွင်းရှိနှင်းဆီပန်းများမှာရေမလောင်းတာကြာ၍ထင်သည် ညိုးနွမ်းကာမကြာမီ သေဆုံးတော့မည့်ဟန်ရှိသည်။သူအိမ်ရှေ့မှာကားရပ်တော့ အိမ်ထဲမှအမျိုးသမီးတစ်ယောက်ကပြေးထွက်လာသည်။

"ဘယ်သူလဲမသိဘူးရှင့် ဘာကိစ္စရှိလို့လဲဟင်'

"မဒီရှိလား သူနဲ့တွေ့ချင်လို့ပါ"

"ဪ မမလေးဧည့်သည်လား ဝယ်ခဲ့ပါနော်"

ထိုမိန်းကလေးမှသူ့အားဝင်ရန်ဆိုကာ ဧည့်ခန်းသို့ညွှန်ပြသည်။

နေမျိုးကျက်သရေအိမ်ထဲသို့ဝင်လိုက်ကာဧည့်ခန်းတွင်းကဆိုဖာ၌ထိုင်လျက် မဒီအာူစောင့်နေမိသည်။

"ကျွန်မကိုတွေ့ချင်တယ်ဆိုလို့ဘယ်သူလဲမသိ"

သူ့အားကျောပေးကာထိုင်နေတဲ့ လူအားမဒီအခန်းဝမှလှမ်းမေးလိုက်သည်။

သူအားပြန်လှည့်ကာကြည့်လာသည့်သူမှာ သူမထင်ထားမိသောသူပင်။

"နေမျိုးကျက်သရေ"

"မှတ်မိနေတာပဲ တော်သေးတာပေါ့"

နေမျိုးကျက်သရေမှာထိုင်နေရာမှထကာမဒီ့အနားသို့လျောက်လာသည်။

"နင်ဘယ်တုန်းကပြန်ရောက်တာလဲ ဟိုကိုအပြီးထွက်သွားတာမဟုတ်ဘူးလား"

"အချိန်တိုင်းကစကားပြောပါတယ် နင်က ငါအပြီးထွက်သွားမယ်ထင်နေတာလား"

"နင့်ကိုနင့်အဖေကပြန်မလာခိုင်းဘူးမလား"

"အခုအချိန်မှာအဖေ့စကားကငါ့ကိုတားနိုင်လောက်တဲ့အထိအင်အားရှိမနေဘူး ပြီးတော့မဒီဆိုတဲ့နင်ရောပဲ နင့်အဖေဆုံးသွားပြီနော် နင်ရဲ့ကျောထောက်နောက်ခံကြီးမရှိတော့တာနင့်အတွက်ဝမ်းနည်းစရာပဲ ပြီးတော့ companyလဲ အကြွေးပင်လယ်ဝေစွာဒေဝါလီခံရတော့မယ်ကြားတယ်"

"အဲ့တော့ဘာဖြစ်လဲ စီးပွားရေးကအရှုံးအမြတ်ရှိစမြဲပဲလေ ငွေကြေးပဲပြန်ရှာလို့ရပါတယ်"

"ခုချိန်ထိစကားကြီးတွေပြောနိုင်သေးတာပဲ နင်ရဲ့ဇွဲမလေျာ့တဲ့စိတ်ဓာတ်‌လေးကကောင်းပါတယ်  ဒါပင်မဲ့ အဲ့စိတ်ဓာတ်တွေနဲ့ပြန်နလန်ထူရမဲ့နင်က အချိန်တွေကို  jailထဲမှာကုန်ဆုံးရမှာစိတ်မကောင်းစရာပဲ"

"နင်ဘာတွေပြောနေတာလဲ"

"နင်ကတစ်ပါးသူတွေကိုဓာတ်ပုံရိုက်ပြီးချိန်းခြောက်ရတာကြိုက်တာမလား ငါလဲနင့်နည်းစည်အတိုင်းပါပဲ ရော့"

နေမျိုးကျက်သရေမှာသူ့အင်္ကျီအပေါ်ကုတ်အတွင်းမှအိတ်လေးအားမဒီကိုပေးလိုက်သည်။

အိတ်အတွင်းရှိပုံများမှာမဒီအဖို့ သွေးပျက်ခြောက်ခြားစရာကောင်းလှသည်။

"နင် နင်ဒါဘာလုပ်တာလဲ"

"မူးယစ်ဆေးဝါးသုံးစွဲမှု နဲ့မှောင်ခိုကူးသန်းရောင်းဝယ်မှု မဆိုးပါဘူး နင်ဆေးရှုနေတဲ့ပုံကကြည့်ကောင်းသားပဲ ငါလဲphotographerကောင်းကောင်းငှားခဲ့မိတယ်နဲ့တူတယ်"

"နင်ဘာလိုချင်တာလဲ ဘာဖြစ်လို့ဒါတွေကိုလုပ်တာလဲ"

"ပျော်လို့လေ နင်လဲသိမှာပါအဲ့ခံစားချက် နင့်တုန်းကလဲပျော်ရွှင်ခဲ့တယ်မလား ဒါပင်မဲ့ငါကတော့ပိုပျော်ရွှင်ရတာကိုကြိုက်တဲ့လူမို့ နင့်လိုမျိုးတော့အချိန်အများကြီးမစောင့်နေနိုင်ဘူး တစ်..နှစ်..သုံး...ဟော ဧည့်သည်တွေထပ်ရောက်လာပြီနဲ့တူတယ်မဒီ အချက်ပေးကားသံတွေကြားတယ်"

" နင်~နင် နင်ဘာလို့ဒီလိုတွေလုပ်ရတာလဲ ဘာလို့လဲ~~"

"ဟောခုပဲပြောပြီးပြီလေ ပျော်လို့လို့ ငါစကားကိုနှစ်ခါပြောရအရမ်းမုန်းတာ ဪ ပြောရအုံးမယ် နင်အဖော်ရမှာပါ  နင်နဲ့ပူးပေါင်းဖူးတဲ့ ပြည့်သက်ဝိုင်းဇော်ဆိုတဲ့ မိန်းကလေးကလဲjail ထားမှာလေ ငွေအလွဲသုံးစားလုပ်မှုနဲ့ပေါ့ ပြီးတော့ နင်အကြွေးတွေကြောင့်ပေါင်နှံထားတဲ့ ဒီအိမ်နဲ့ခြံ ရဲ့စာချုပ်တွေအားလုံးကလဲငါ့ဆီမှာပဲ အိမ်မရှိလို့လမ်းဘေးမှာအိပ်တာထက်စာရင် jailအောင်းတာကပိုအဆင်ပြေလောက်မယ်ထင်လို့ငါကစီစဉ်ပေးလိုက်တာပါ"

"နင်မိုက်ရိုင်းလှချည်လားနင့်မှာလူစိတ်မရှိဘူးလား"

"လူတိုင်းကသူတို့ပြန်ခံရတဲ့အလှည့်ဆိုအဲ့လိုပြောတတ်ပါတယ် အဲ့တွက်တော့ No feeling No thinking I don't fucking care"

မဒီမှာသူ့ရှေ့တွင်ရပ်နေသောနေမျိုးကျက်သရေအားကြည့်ကာ သတ်ပစ်ချင်စိတ်တဖွားဖွားပင်။သို့သော်လဲသူမရဲ့လက်များလှုပ်ရှားမရ ချုပ်ထိန်းခံလိုက်ရပေပြီ။

"ဒေါ်မဒီခင်ဗျားကို မူးယစ်ဆေးသုံးစွဲမှုနဲ့ မှောင်ခိုမူးယစ်ဆေးကူးသန်းရောင်းဝယ်မှုနဲ့ဖမ်းဆီးလိုက်ပါတယ် ရဲမေတို့ခေါ်ဆောင်သွားပါ"

မဒီမှာတတ်နိုင်သမျှ ရုန်းကန်ရင်းပင် သူ့အားဒေါသကြီးစွာဆိုလာပေသည်။

"နင့်ကိုငါသတ်မှာ နင်ရောသူ့ကိုရောအရှင်မထားဘူး ငါပြန်လာတာနဲ့သတ်ပစ်မယ် နင်‌ကြည့်နေ"

"ဟုတ်ပါပြီ ထောင်ထဲကထွက်နိုင်မယ်ဆိုရင်တော့ဖြစ်နိုင်ပါရဲ့ ခုတော့ သွား"

မဒီအားဖမ်းဆီးသွားကြသည်ကို ပြုံး၍ကြည့်ကာပင်ဆိုလိုက်သည်။

"ခုလိုပူးပေါင်းပါဝင်ပေးလို့ကျေးဇူးတင်ပါတယ်"

"မလိုပါဘူး ရပါတယ် သက်သေတွေရောအရာရာအားလုံးကိုစုစည်းပေးထားတာမို့သေသေချာချာလေးဆောင်ရွက်ပေးဖို့တော့မျော်လင့်ပါတယ် ကျွန်တော့်ကိုသွားခွင့်ပြုပါအုံး"

နေမျိူးကျက်သရေလဲ ထိုအိမ်ကပြန်ထွက်လာကာ ပန်းချီပြခန်းတစ်ခုဆီသို့ဦးတည်လိုက်သည်။

"မေရီ"

"ဟာ နေမျိုးကျက်သရေ နင်ပြန်လာတာလား"

"လာရတာပေါ့ ငါ့မှာထားတဲ့ပစ္စည်းရနေပြီဆိုလို့ အပြေးပြန်လာတာ"

မေရီချယ်မှာနေမျိုးကျက်သရေနိုင်ငံခြားမှာကျောင်းတက်ရင်းခင်ခဲ့တဲ့အမိနိုင်ငံတူတစ်ဦးထဲ‌ သောသူငယ်ချင်းမလေးပင်။သူမမှာစီးပွားရေးနဲ့ပဲဘွဲ့ရထားသော်လဲပန်းချီဆွဲခြင်းကိုဝါသနာပါလွန်း၍ သူ့ထက်အရင်မြန်မာပြည်ပြန်လာရာ showroomလေးတစ်ခု ပြန်လာဖွင့်သူပင်။

"ဘယ်လိုလဲအခြေအနေ"

"ကောင်းပါတယ်ဟာ ငါတောင်နောက်တစ်ပတ်နေဟိုမှာအလုပ်ပြန်ဝင်ရတော့မှာ ခွင့်ရက်ရှည်ကလဲကုန်ပြီလေ တော်သေးတာပေါ့ ငါဖြစ်ချင်တဲ့ဒီshowroomလေးပြန်လာဖွင့်နိုင်လို့ ဒါနဲ့နေပါအုံးနင်ကဘယ်နေ့ကပြန်ရောက်တာလဲ ပြီးတော့ဘယ်တော့ပြန်မှာလဲ"

"ဒီနေ့ပဲပြန်ရောက်တာလေ ပြီးတော့ငါကပြန်တော့မှာမဟုတ်ဘူးဘအပြီးပြန်လာတာ"

"ဘယ်လို ဟိုကအလုပ်တွေနဲ့companyကရော"

"မပူပါနဲ့ ငါဒီမှာ ငါ့companyခွဲဖွင့်ဖို့စီစဉ်ပြီးပြီ  ဟိုကဟာတွေကငါ့လက်ထောက်လောက်နဲ့လဲဖြစ်ပါတယ်လေ အရမ်းအရေးကြီးတဲ့ကိစ္စဆိုရင်တော့တစ်ခါတစ်လေပြန်သွားကြည့်ရမှာပေါ့ ထားပါ ငါ့ရဲ့ပစ္စည်းလေးပြ"

"ကဲလာ ဟိုဘက်က private roomထဲမှာအဲ့ဟာက"

နေမျိုးကျက်သရေလဲ မေရီရဲ့နောက်မှလိုက်ကာအခန်းထဲသို့ဝင်လိုက်သည်။ အခန်းရှိနံရံတွင် နီညို‌ရောင်လိုက်ကာအုပ်ထားသော ပန်းချီကားချပ်ရှိသည်။ထိုပန်းချီကားသည် မေရီ ပန်းချီဆွဲတတ်ကြောင်းသိသည်ထဲက သူနားပူနားဆာလုပ်ကာဆွဲခိုင်းထားသောပုံပင်။

မေရီမှာနီညိုရောင်ပိတ်စအား‌ ဘေးရှိကြိုးအားဆွဲကာဖွင့်လိုက်သည်။

ပေါ်ထွက်လာသောပန်းချီကားလေးသည် သူမေ့မွေးနေ့တုန်းကရိုက်ပေးခဲ့သည့်ပုံလေး၏ပုံတူပန်းချီဖြစ်သည်။ထိုပုံလေးအားသူယခုဝယ်ထားသည့်တိုက်ခန်းတွင်ချိတ်ဆွဲရန်ရည်ရွယ်ချက်ဖြင့်သူမေရီအားဆွဲခိုင်းထားခဲ့သည်။

"မေရီငါတကယ်ကျေးဇူးတင်ပါတယ်ဟာ"

"ရပါတယ်ဟာ အချင်းချင်းတွေကို ငါပန်းချီပြခန်းဖွဲ့ဖို့လုပ်တုန်းကနဂ်လဲအများကြီးကူညီခဲ့တာပဲဟာ ကဲပါ နင်ယူသွားတော့မယ်မလား ငါကားပေါ်ဝိုင်းတင်ပေးမယ်လေ ငါလဲငါ့အသိဆရာတစ်ယောက်နဲ့ချိန်းထားတာရှိလို့နောက်မှငါတို့အေးဆေးတွေ့ကြမယ်"

"အေးပါဟာ ငါလဲနင့်ကိုဖုန်းကြိုမဆက်မိလိုက်ဘူးတော်သေးတာပေါ့ငါလာတဲ့အချိန်နင်မသွားသေးလို့"

နေမျိုးကျက်သရေလဲပန်းချီကားလေးကိုကားပေါ်တင်လိုက်ကာ အမေတို့ဆီသွား၍ခဏတာညစာစားကာစကားပြောဖြစ်သည်။အဖေကိုလဲသူ မေနဲ့ဇာတ်လမ်းအားရှေ့ဆက်တိုးတော့မည်ဖြစ်ကြောင်းစကားကုန်ပြောခဲ့ပြီးဖြစ်သည်။အဖေဟာသူ့အားယခုအခါမှာတော့ဘာမှဝင်ရောက်ပြောဆိုခြင်းမပြုနိုင်တော့ပေ။အမေရဲ့နေ့စဉ်တရားချပေးထားမှုနှင့်အတူ သူမေ့အားမည်သို့အရာကမဆိုကာကွယ်ပေးနိုင်သည့်အနေအထားရောက်နေပြီမို့လို့ထင်သည်။

"အမေသားပြန်တော့မယ်"

"အေးပါကွယ်ဂရုစိုက်ပြန်မိုးဖွားလေးတွေကျလာပြီ ကားဖြေးဖြေးမောင်းအုံး ပြီးတော့သားအဖေသားကိုတစ်ချိန်ကပြောခဲ့တာတွေကသားအတွက်ကိုစိတ်ပူတာနဲ့တစ်ခြားမိန်းကလေးဘက်ကိုပါထည့်သွင်းစဉ်းစားပေးတာကြောင့်ပါသားရယ် မင်းကိုသူ့ကိုအားမ‌ကိုးပဲကိုချစ်တဲ့သူကိုကိုယ်ကိုတိုင်ကာကွယ်ပေးနိုင်တဲ့လူဖြစ်စေချင်တာကြောင့်ပါ"

"ကျွန်တော်နားလည်ပါတယ် ပြီးတော့ ကျွန်တော်မရှိတဲ့အချိန်အတွင်းမဒီကမေ့ကိုအမျိုးမျိုးဒုက္ခရောက်အောက်လုပ်ဖို့ကြံစည်တာကျွန်တော်သိပါတယ် အဲ့အချိန်တွေမှာ အဖေကကျွန်တော့်ကိုပေးထားခဲ့တဲ့ကတိအတိုင်းမေ့ကိုကာကွယ်ပေးခဲ့လို့ကျေးဇူးတင်ပါတယ်"

"အေးပါကွယ်အမေကမင်းအဖေကိုမင်းအမြင်လွဲနေမှာစိုးတာ ကဲကဲသားလဲပြန်ပြီးနားတော့"

နေမျိုးကျက်သရေ အိမ်သို့ပြန်လာချိန်မိုးမှာအနည်းငယ်သည်းလာ‌ပေသည်။

ထိုအချိန် သူ့‌အရှေ့လမ်းမှထွက်လာကာကားဘေးတွင်ဖြတ်သွားသောဆိုင်ကယ်တစ်စီး။

*မေ*

မိုးများကြောင့်မည်သူမှန်းမသိရသော်လဲ သူ့စိတ်ထဲမှာမေလို့‌ထင်နေသည်။

*မေများလား ငါဘာလို့တစ်ချိန်ကလိုရင်ခုန်နေပါလိမ့် မဖြစ်နိုင်ပါဘူးလေ စိတ်ထင်တာနေမှာပါ*
.
.
.
.
"မမကြီး နင်ဟယ်တစ်ကိုယ်လုံးကိုစိုရွဲနေပါလားဘယ်နှယ့်‌ဖြစ်တာတုန်း"

"ဘုရားသွားတာ အပြန်မှာမိုးတွေသည်းလာလို့"

"နင်ဟယ် တကယ်ပါပဲဖြစ်လိုက်ရင်အရာရာနဲ့အကြောင်းကြောင်း ရော့ သဘက်ခေါင်းတွေသုတ်လိုက်အုံးပြီးရင်အဝတ်အစားလဲဆေးသောက်ပြီးအိပ် ဖျားရင်နင့်ကို ဆေးခန်းလိုက်ပို့ဖို့အားတဲ့လူမရှိဘူး ကလေးလဲမဟုတ်လူကဖြင့်အပျိုသိုးကြီးဖြစ်နေပြီ အဲ့တာကြောင့်လဲနင်ယောင်္ကျားမရတာ"

"ဘာဆိုင်လို့လဲအငယ်မရယ် ငါ့ဘာသာမယူတာပါ လိုချင်တဲ့လူတွေကခါချနေရတာအားနေ ဒါပဲထိခိုက်နေတာပဲ ဘယ်အချိန်ထဲကပြောချင်နေမှန်းမသိ တော်ပြီသွားတော့မယ် အခန်းထဲ"

"အဲ့မှာစာကြည့်စားပွဲပေါ်မှာဖိတ်စာထားထားတယ် နင့်တပည့်တစ်ယောက်လာပေးသွားတာ"

"ပြီးရော"

"ဟွန့် လူကဖြင့်တပည့်တွေမင်္ဂလာဆောင်ပဲလိုက်စားနေရပြီး ကိုယ်တိုင်ကျမယူနိုင်ဘူး သွား သွားး"

နှင်းမေမှာအငယ်မ၏ အနှိမ်ကိုခံပြီးနောက်အခန်းထဲသို့ရောက်လာကာ အဝတ်အစားလဲ ဆေးသောက်ကာ ဆောင်ခြုံလျက်နွေးနွေးထွေးထွေးနေကာ ဖိတ်စာအားဖတ်ရန်ယူလိုက်သည်။

*လမင်းချိုပါလား သူတောင်မင်္ဂလာဆောင်ပြီပဲ အို မနက်ဖြန်ဆိုပါလား ငါ့မှာဝတ်စရာရှိရဲ့လား*

ဗီရိုထဲမှအများပြားလှသောအဝတ်အစားတွေဟာမေရဲ့ထိုအတွေးအားကြားလျင်စိတ်ဆိုးနိုင်ဖွယ်ရှိသည်။

ဖိတ်စာလေးအားဖတ်ပြီးစာကြည့်စားပွဲပေါ်ပြန်တင်ထားလိုက်ကာအိပ်စက်အနားယူလိုက်သည်။

__________________________

အောက်ခံshirt အဖြူပေါ်မှာ Black suitကိုဝတ်စုံပြည့်တွဲဖက်ဝတ်ဆင်ထားသောနေမျိုးကျက်သရေမှာမောင်းနှင်လာသောကားပေါ်ကဆင်းလိုက်သည်နှင့်အများအာရုံကိုဖမ်းစားနိုင်ပေသည်။မင်္ဂလာပွဲအတွင်းရှိ‌‌ ယောင်္ကျားသားများထက်ပင်ခန့်ညားတည်ကြည်သည့်သူ့အားအများကြည့်ရုံဖြင့်အခြေကြီးမျိုးရိုးထဲကလူမှန်းသိသာလှသည်။

"ဟာ နေကြီး"

"ဟာသိမ့်တုန်"

"မတွေ့ရတာကြာလို့လားမသိငါတို့နေကြီးကပိုခန့်ပြီးကြွက်သားတွေပိုထွက်လာသလိုပဲ ဒီအတိုင်းဆိုတိုင်းတစ်ပါးကစော်လေးတွေအလုခံရတဲ့Tomကြီးဖြစ်နေပြီထင်တယ်"

"မဟုတ်ရပါဘူးကွာ"

"နေကြီး.."

"ဟာပုတီး"

"နေကြီးနော်မနေ့က dinner ကိစ္စမကြည်ဘူးနော် ခုမှပြန်တွေ့ရတဲ့လူမလို့သာခဏအလျော့ပေးထားတာ"

"အေးပါဟာ ငါ့လဲထိုင်ခိုင်းပါအုံးမတ်တပ်ကြီး'

"ထိုင်ထိုင်ဒီမှာ"

"နင်တို့ကရော"

"ထိုင်လို့မရဘူး"

"ဘာဖြစ်လို့လဲ လိပ်ခေါင်းလား"

"ဟယ်ပေါက်ပေါက်ရှာရှာ လွဲပါစေဖယ်ပါစေ"

"ဒါနဲ့ သတို့သမီးရော"

"ရှိပါရဲ့အပျော်တွေလွန်နေလေရဲ့ သူ့ကိုသူရည်းစားလေးကိုရအောင်ယူနိုင်လို့ ဂုဏ်ပြုမယ်ဆိုပြီး ခွက်ပုန်းချဖို့ပါလုပ်နေလို့ထိန်းထားရတယ်"

"ဟ တော်တော်ဆိုးနေတာပါလားလမင်းချိုက"

"ဟုတ်ပနေကြီးရယ်ဘယ်ချိန်ထဲကယူချင်နေလဲမသိထိန်းမရ"

"ခင်ကြီးရော"

"Announcerလေသူကဒီပွဲမှာ မအားလေရဘူးခုလဲဘယ်ရောက်လဲမသိ တို့နှစ်ယောက်ကိုဧည့်ကြိုထားသွားလေရဲ့"

"နင်တို့နှစ်ယောက်သာဧည့်ကြိုထား လာမဲ့သူတွေပြန်ထွက်ပြေးလောက်တယ်"

"ဟယ်စော်ကားချက်"

"နေအုံးငါအသိတွေ့လို့သွားကြိုအုံးမယ် နင်နေကြီးနဲ့နေလိုက်အုံး"

"အေးအေး"

ပုတီးမှာပြောလဲပြောပြီးထွက်သွားလေသည်။နေမျိုးကျက်သရေနဲ့သိမ့်တုန်လဲစကားပြောလျက်ပင်ကျန်ခဲ့သည်။

"ဆရာမ..လာ"

"အေးပုတီး ဒီနေ့လှနေပါလား"

"ကိုယ်တွေဆရာမကိုဘယ်မှီပါ့မလဲ"

"ဟားဟား မဟုတ်တာရှင်"

"ဪ ဆရာမကို မိတ်ဆက်ပေးရမဲ့လူရှိတယ်"

"ဘယ်သူတုန်း"

"လာပါလိုက်ခဲ့ ဟိုရောက်မှကြည့်"

ပုတီးမှာနှင်းမေရဲ့လက်ကိုဆွဲကာခေါ်လာသည်။

"ဒီမှာထိုင် ဘယ်သူလဲကြည့်လိုက်ပါအုံး နေကြီးရေ ဧည့်သည်ပါတယ်ဗျို့"

"ကို...."
အသံမှာအလွန်တိုးညှင်းစွာဖြင့်နှင်းမေကိုယ်တိုင်ပင်ကြားနိုင်ဖို့ခက်ခဲလွန်းလှသည်။

အလွန်တွေ့ချင်နေခဲ့ရပါသောအမျိုးသမီး။

သူအရမ်းလွမ်းနေရပါသောလူသား။

ငါးနှစ်နီးပါအချိန်ကာလမှာ ကို ဟာတစ်ချိန် တစ်ချိန်ကသူ့အားချွဲခဲ့ဖူးသည့်သူမဟုတ် ရင့်ကျက်လျက်တည်ကြည်နေသည်။

"ဘယ်လိုလဲဆရာမ ဆရာမတပည့်နေကြီးကခန့်ချောကြီးဖြစ်လာတယ်မလား ခုဆို သူဌေးတောင်ဖြစ်နေပြီဆရာမရဲ့ "

သိမ့်တုန်မှ နှင်းမေအားကြည့်ကာဆိုသည်။

"ဪ ဟုတ်လား"

"သမီးတို့တောင်သူ့ပေါင်းထားရတယ်ဆရာမရေပိုက်ဆံမရှိချည်းမလို့"

ပုတီးမှရယ်မောကာပြောဆိုနေသော်လဲနှင်းမေ ‌နေမျိုးကျက်သရေကိုသာစိုက်ကြည့်နေမိသည်။

"ပုတီးရေငါတို့သွားရအောင်ပွဲစတော့မယ်ထင်တယ်"

"အေးအေး ဆရာမသမီးတို့လမင်းချိုဆီသွားလိုက်အုံးမယ်နော်"ဟုဆိုကာနှစ်ယောက်လုံးထွက်သွားလေသည်။

သူတို့နှစ်ဦးထွက်သွားသည်နှင့်လေထုမှာငြိမ်သက်သွားသည်။သူတို့နှစ်ဦးလုံးပြောစရာစကားများစွာရှိ‌သော်လဲမည်သူမှစမပြောကြပေ။

နှင်းမေတဖြည်းဖြည်းထိုနေရာမှာထိုင်နေရတာအသက်ရှုပင်ရပ်မည့်သကဲ့သို့စိတ်ကျဉ်းကြပ်လာတာကြောင့် ထိုဝိုင်းမှထကာခန်းမအပြင်သို့ပြန်ထွက်လာသည်။

"မေ"

နောက်မှခေါ်ဆိုနေသည့်အသံကြားသော်လဲသူမလျောက်နေသော‌ေခြလှမ်းတို့အားမရပ်တန့်မိ။ပို၍ပင်ခပ်မြန်မြန်လျောက်နေမိသည်။

နေမျိုးကျက်သရေခေါ်ဆိုသော်လဲမရပ်သည့်အဆံုးပြေးကာနှင်းမေရှေ့‌၌ပိတ်ရပ်လ်ိုက်သည်။

"မေ‌ကျွန်တော့်စကားလေးနားထောင်ပေးပါအုံးမေရယ်"

"နေမျိုးကျက်သရေဖယ်စမ်း ငါ့မှာမင်းဆီကဘာစကားမှနားထောင်ပေးစရာအကြောင်းမရှိဘူး"

"မေနားမထောင်ချင်လဲကျွန်တော်ပြောပြရမဲ့အရာတွေရှိတယ်"

"မင်းကိုငါဒီထက်စိတ်မနာခင်ငါ့အရှေ့ကဖယ်လိုက်"

"မဖယ်ပေးနိုင်ဘူးမေ ကျွန်တော်ထပ်ထွက်သွား‌ဖို့ပြန်လာခဲ့တာမဟုတ်ဘူး"

"ဒါဆိုလဲ ငါ့ဘဝထဲတော့ပြန်ဝင်မလာပါနဲ့တော့ မင်းကိုကြောက်လွန်းလို့"

"မေရယ်ဖြစ်ခဲ့တာအားလုံးအတွက်ကျွန်တော်တောင်းပန်ပါတယ် အခွင့်အရေးပေးပါအုံးလားမေရယ်"

သူတောင်းဆိုနေသော်လဲနှင်းမေမှာ သူ့အားရှောင်ဖယ်ကာထွက်သွားရန်သာကြိုးစားနေသည်။

နေမျိုးကျက်သရေလဲအခုနေရာမှာခန်းမနှင့်သိပ်မဝလှသဖြင့် တခြားသူများမမြင်ခင် ခန်းမအနောက်ဘက်ရှိ ရေကန်ငယ်နားလေးဆီနှင်းမေအားလက်မှဆွဲခေါ်သွားသည်။နဂိုထဲကမိမိထက်အားကြီးသူမို့ နှင်းမေမှာရုံးနိုင်စွမ်းမရှိပါသွားပေသည်။

မိုးဖွားလေးများတစ်ဖွဲဖွဲကျလာသည်။မမျော်လင့်ပဲရွာသော‌မိုးသည်မမျော်လင့်ပဲပေါ်လာသောကိုနှင့်တူသည်။သူ့အားနာကျင်စေမှုအပြည့်။

"လွှတ် ငါ့ကိုလွှတ်ပါတော့"

နှင်းမေပြောနေသည်ကိုဂရုမစိုက်ပဲ နေမျိုးကျက်သရေမှာနှင်းမေအားရင်ခွင်ထဲသို့‌ဆွဲသွင်းလိုက်သည်။

တဖြည်းဖြည်းထွက်ပေါ်လာသောရှိုက်သံတချို့ကြောင့် မေငိုနေပြီဖြစ်ကြောင်းသူသိလိုက်သည်။

"မေရယ်မငိုပါနဲ့

You are reading the story above: TeenFic.Net