အပိုင်း(၃၆)

Background color
Font
Font size
Line height

မျက်နှာထက်ဝယ်ကျဆင်းလာသောနေရောင်ခြည်ကြောင့် စိတ်မကြည်စွာအိပ်ယာမှထလာခဲ့သည်။

အနားရှိဖုန်းအားယူကာကြည့်မိတော့ အချိန်မှာမနက်၉:၃၀

*ခုလောက်ဆိုမေ က ကားပေါ်မှာပဲ*

မိမိကားဂိတ်သို့လိုက်ပို့မည်ပြောသော်လဲ အသိဆရာမသူငယ်ချင်းတွေနဲ့တူတူသွားမည်ဆိုသောကြောင့်မပို့ခဲ့ရ။

*ဟူး.. မင်းလေးမရှိတော့ တနင်္ဂနွေနေ့ကြီးကပျင်းဖို့ကောင်းလိုက်တာအပျိုကြီးရယ်*

မလုပ်ချင်လုပ်ချင်စိတ်ဖြင့်သာအိပ်ယာသိမ်းကာ ကိုယ်လက်သန့်စင်လိုက်သည်။

ဖုန်းဆက်ချင်နေမိသော်လည်းအလုပ်တစ်ဖက်ဖြင့်သွားနေသူမို့ နှောက်ယှက်မိမှာလဲစိုးရပေသည်။

*ငါစာလေးတော့ပို့လို့ရလောက်မှာပါ*

အတွေးတို့နှင့်အတူလက်ကအိတ်ထဲမှဖုန်းကိုထုတ်ကာစာရိုက်မိသည်။

"မေ မနက်စာရောစားပြီးပြီလား ကားပေါ်မှာပဲလား"

မိမိမှာအချိန်အတန်ကြာစာပို့ပြီး၍စောင့်သော်လဲseenပင်မပြ။

*မအားသေးဘူးထင်ပါတယ်လေ*

နောက်ဆုံးတော့လက်လျော့ကာပင်အိမ်အောက်ထပ်သို့ဆင်းလာ‌လိုက်သည်။ အောက်ထပ်ရောက်တော့အမေဟာထမင်းစားခန်းမှာချက်ပြုတ်လျက်။

"အမေ"

"ဟေ"

"အဖေရုံးသွားတာလား"

"အင်းသွားပြီပေါ့ဟဲ့ဒီအချိန်ပဲရှိပြီ မနက်စာထမင်းကြော်ထားတယ် လာစားလိုက်"

"ဟုတ်"

စားပွဲ၌ထိုင်ကာထမင်းကြော်ပန်းကန် အားကြည့်မိတော့ မေကြော်ကျွေးခဲ့ဖူးတဲ့ကြက်ဥအသဲပုံ half friedနဲ့ထမင်းကြော်အားပြန်မြင်ယောင်လာမိသည်။

*အားးး လွမ်းလိုက်တာကိုယ့်ဒေါင်းလေးရယ်*

အတွေးနယ်ချဲ့နေမိသည်မှာ ထမင်းကြော်အားစားရန်ပင်မေ့နေမိသည်။

"ဟဲ့ အဲ့တာဘာဖြစ်နေတာလဲ ပန်းကန်ကြီးကြည့်ပြီးပန်းကန်ကသိုင်းရှုနေတာလားဟဲ့ နဂိုဆိုတစ်အိမ်လုံးကရှိသမျှအကုန်စားတဲ့လူက"

"တော်ပါပြီအမေရာ စားလို့လဲမဝင်ပါဘူး ကြည့်ပါအုံးအမေ့ကြက်ဥကြော်ကအသဲပုံလေးလဲမဟုတ်ဘူး"

"ဟဲ့တစ်သက်လုံးဒါပဲနင်မျိုလာတာကိုငါ့ကိုအခုမှဘာတွေလာ‌ရစ်နေတာတုံးနေမျိုးကျက်သရေရဲ့"

"မသိဘူးဗျာမစားတော့ဘူး ကော်ဖီပဲသောက်တော့မယ်"

နေကြီးလဲကော်ဖီသာအိ‌ေလးဆွဲသောက်နေမိသည်။

"နေမျိုးကျက်သရေ"

ကျယ်လောင်သည့်အသံလာရာထမင်းစားခန်းအပြင်ကိုကြည့်မိတော့အဖေမှအလောတကြီးအိမ်သို့ပြန်လာခြင်းပေ။

နေကြီးလဲကော်ဖီသောက်နေရာမှအဖေ့ဆီသွားလိုက်သည်။

"ဘာဖြစ်လို့လဲအဖေ"

ထို့နောက်မျက်နှာပေါ်သို့ကျရောက်လာသောလက်သီးတစ်ချက်မှာအားပြင်းလှသောကြောင့်နေမျိုးကျက်သရေရုတ်တရက်အရှိန်မထိန်းနိုင်ပဲအနောက်သို့ယိုင်ကာလဲကျသွားသည်။

"ဒါတွေကဘာလဲရှက်ဖို့ကောင်းလိုက်တာကွာ မင်းကဦးနှောက်မရှိတာလားဉာဏ်မရှိတာလား"

သူ့ဆီသို့ပစ်ပေါက်လာသောစာအိတ်အားဖွင့်ကြည့်မိတော့ မနေ့ကမေနဲ့သူရဲ့ပုံများ။ထိုပုံတွေဟာဟိုတစ်နေ့ကအိမ်သို့ပို့လာသောပုံများနှင်မတူ နောက်ထပ်ပုံအသစ်တွေပင်။

"အဖေဒါကိုဘယ်ကရတာလဲ"

နေမျိုးကျက်သရေ၏အသံများမှာအနည်းငယ်ကျယ်လောင်ကာဒေါသသံပါဝင်နေသည်။

"ဪဘယ်ကရလဲ‌မေးနိုင်တဲ့အထိမင်းကအသံကျယ်နိုင်သေးတယ်ပေါ့ ဘယ်လောက်ပဲဆိုးသွမ်းတယ်‌ဆိုအုံးတော့ အဲ့လောက်တောင်စောက်သုံးမကျရလားကွ ကြိုက်စရာရှားလို့ကွာ"

"ဘာဖြစ်လို့လဲ မေ ကဘာဖြစ်နေလို့လဲ ပြောလေ သူကဘာဖြစ်နေလို့အဖေကအဲ့လောက်ပြောနေရတာလဲ"

"မင်းကွာ ရိုးရိုးဝန်ထမ်းလခစားတစ်ယောက်က မင်းကိုဘာတွေတိုးတက်အောင်လုပ်ပေးနိုင်လဲ ဒီလိုကိစ္စသာလူအများသိကြည့်စမ်းဘယ်လောက်ရှက်စရာကောင်းလဲ သူ့သိက္ခာဘယ်‌လောက်ကျမလဲဒါတွေကိုတောင်စဉ်းစားနိုင်စွမ်းမရှိဘူးလားဆရာမ‌တစ်ယောက်လုပ်နေတဲ့သူကလေ"

"သိက္ခာတရားဆိုတာက လူတစ်ယောက်ကိုချစ်မိလို့ကျဆင်းသွားတာမှမဟုတ်ပဲအဖေကသိက္ခာတရားကိုဘာနဲ့တိုင်းတာလဲ အဲ့လိုချစ်မိလို့သိက္ခာကျဆင်းတယ်ဆို သိက္ခာတရားမရှိတာကအဖေ့ရဲ့သားကျွန်တော်ပဲ"

နေမျိုးကျက်သရေမှာလဲနေရာမှထကာသူ့အဖေရဲ့မျက်ဝန်းများကိုစူးစိုက်စွာကြည့်လျက်ရှေ့သို့ခြေတစ်လှမ်းတိုးလာသည်။

"အဖေသိလား ချစ်ခြင်းမေတ္တာမြတ်နိုး‌ခြင်း‌ဆိုတဲ့အရာတွေကကျွန်တော့်အတွက်တော့သိက္ခာတရားထက်ပိုတန်ဖိုးကြီးနေတာအမှန်ပဲ"

"ဟုတ်ပါပြီရဲ့ မင်းအတွက်အချစ်ကအရေးပြီးတန်ဖိုးရှိတယ်ဆိုအုံးတော့ အဲ့ဓာတ်ပုံ‌ေတွအားလုံးကိုချပြလိုက်တယ်ထား သူ့အပေါင်းအသင်းသူ့ပတ်ဝန်းကျင် အားလုံးကပြောကြမဲ့စကားသံတွေကိုသူကရောခံနိုင်သတဲ့လား နေစမ်းပါအုံးချစ်ပါတယ်ဆိုတဲ့မင်းကရောဘယ်မှာလဲသူ့အတွက်ဘဝအာမခံချက်သူ့ကိုကဲ့ရဲ့ပြောဆိုတိုက်ခိုက်မဲ့သူတွေကိုဘယ်လိုကာကွယ်မလဲ"

အဖေရဲ့ ဘဝအာမခံချက်ဆိုတဲ့စကားလုံးဟာ နေမျိုးကျက်သရေရဲ့ခေါင်းထဲမှာတော့မေးခွန်းထုတ်စရာအပြည့်ဖြစ်လာ‌ပေသည်။

"မင်းကအမှန်တော့သူ့ကိုချစ်တာမဟုတ်ပဲမင်းကိုမင်းချစ်နေတာပဲကွ ဒီမှာဟျောင့်လူတစ်ယောက်ကိုချစ်ရင် အဲ့လူရဲ့ဘဝဘယ်လိုကောင်းမွန်အောင်ဆောင်ရွက်ပေးရမယ် အဲ့လူအတွက်ခွန်အားဖြစ်စေမဲ့သူမျိုးဖြစ်ဖို့လိုတယ် ခုတော့ကွာမင်းက မင်းအတွက်တောင်မရေရာတဲ့အခြေအနေမှာ မင်းချစ်တဲ့လူကိုထိခိုက်လာမဲ့သူတွေကိုမင်းဘယ်လိုကာကွယ်မလဲ"

နေမျိုးကျက်သရေအဖေ့စကားများကိုတိုက်စစ်မစဉ်နိုင်တော့ပါ။ သူဟာဆက်တိုက် သူ့ကိုသူပဲချစ်နေခဲ့တာများလား။

"ဟက် ...မင်းရှူံးပြီ နေမျိုးကျက်သရေ ငါ့လိုလူတစ်ယောက်ကိုတောင်ပြန်တိုက်ခိုက်မပြောဆိုနိုင်ရင် လူများတိုက်ခိုက်မဲ့အရာတွေကိုအတွက်မင်းကိုအားကိုးမဲ့ သူမကိုငါအံ့ဩမိတာအမှန်ပဲ"

အဖေဟာအောင်နိုင်သူအပြုံးဖြင့်သာဆိုသည်။

"ဖေကြီးရယ်တော်ပါတော့ ထပ်မပြောပါနဲ့တော့"

အမေမှာအခြေအနေတွေကြားဝင်ရောက်ပြောဆိုနိုင်ဖို့ပင်ခက်ခဲနေပေသည်။

"အေးနင်အဲ့လိုတွေကာပေးအလိုလိုက်ပေးလို့သူကအခုလိုဖြစ်နေတာ ဒီမှာနေမျိုးကျက်သရေမင်းကလဲ ရှေ့ဆက်တိုးမယ်ဆို ငါဆိုတဲ့လူကလဲ ဘာမဆိုလုပ်ဖို့ဝန်မလေးဘူးနော် လုပ်စမ်းပါမင်းဘဝနှစ်ခုကိုလောင်းကြေးထပ်နိုင်ရင်"

အဖေဟာသူ့အားစိန်‌ခေါ်ကာ ကားပေါ်သို့တက်၍အိမ်မှပြန်ထွက်သွားသည်။နေမျိုးကျက်သရေမှာထိုနေရာမှာပဲရပ်၍တွေ‌‌တွေကြီးကျန်ခဲ့လျက်။

သူရှုံးပါသည်။မေ့ကိုကာကွယ်မပေးနိုင်တဲ့သူဟာချစ်တယ်လို့တဖွဖွပြောနေပင်မဲ့ယခုချိန်ထိအကြိမ်ကြိမ်ရှုံးနေခဲ့သည်။ သူ့အားယုံကြည်ပေးခဲ့တဲ့မေ့အား သူမည်သို့ပင်ယုံကြည်ထိုက်အောင်နေရမည်နည်း။

ဘဝနှစ်ခုကိုလောင်းကြေးထက်ပြီးအဖေနဲ့ပြိုင်ဆိုင်နိုင်လောင်သည့်အင်အားသူ့မှာမရှိသေးပေ။အထူးသဖြင့်မေ့ဘဝကိုသူ့ကြောင့်ထိခိုက်မှာစိုးလှသည်။

"သားလာပါသားရယ် အမေဆေးထည့်ပေးမယ် မင်းအဖေကအဖြစ်အပျက်တွေမြန်ဆန်လွန်းလို့စိတ်မထိန်းနိုင်လိုက်တာပါ"

"ရပါ‌တယ်အမေနေပါစေတော့ အဖေမှန်နေတာပဲ ကျွန်တော်မှာသူနဲ့ရင်ဆိုင်နိုင်ဖို့အဖက်ဖက်ကရှုံးနေသေးတယ်"

နေမျိုးကျက်သရေမှာလက်ထဲမှဓာတ်ပုံများကိုကိုင်လျက်အိမ်ပေါ်ရှိသူ့အခန်းသို့သာအားလျော့သောခြေလှမ်းတို့ဖြင့်တရွေ့ရွေ့ပြန်တက်သွားသည်။

အမြဲတမ်း‌ အလင်းရောင်ဖြင့်ထိန်လင်းနေသောအခန်းထဲတွင်ဒီတစ်ခါတော့သူအမှောင်ထုအားကြီးစိုးစေချင်နေသည်။ထိုမျှသာလျင်သူ့ရဲ့ကျရှုံးမှုအားလူအများမသိမည်ဖြစ်သည်။

*မေရယ် ကျွန်တော်ဘာဆက်လုပ်ရမလဲ*

ထို့နောက်ဝင်လာသောဖုန်းမြည်သံမှာနံပါတ်စိမ်းတစ်ခု။စိတ်ညစ်နေ၍မကိုင်ချင်သော်လဲ အရေးကြီးကိစ္စတစ်ခုခုဖြစ်မည်ဆိုး၍ကိုင်လိုက်သည်။

"ဝိုးးဟိုးး ကိုနေမျိုးကျက်သရေ ဘယ်နှယ့်တုံးပုံလေးတွေကလှရဲ့လား လှမှာပါလေဒို့ကသေချာပိုက်ဆံပေးပြီး နာမည်ကြီး photographerနဲ့ရိုက်ပေးထားတာကို"

"နင်ဘယ်သူလဲ"

"တို့လား မင်းကိုပြောခဲ့တယ်လေ တို့ကမစားရတဲ့အမဲသဲနဲ့ပက်တက်တဲ့သူလို့"

"မဒီ..."

မဒီဟာကျောင်းကထွက်ပြီးကတည်းကဒီမြို့မှာပင်မရှိတော့တာမဟုတ်ဘူးလား။

"အိုးး မှတ်မိပေးသားပဲကျေးဇူးတင်ပါတယ်ရှင် ကျွန်မမဒီပါ"

"နင်ဘာလိုချင်လို့ခုလိုတွေလုပ်နေတာလဲ"

"ငါလိုချင်တာကိုပြောခဲ့ပြီးသားလေ နင့်ကိုလို့ နင်ကမရဘူးပြောတော့ငါမရရင်တခြားလူလဲမရစေရဘူး"

"ရူးနေတာလားမင်းက"

"အင်းပေါ့ အချစ်ရူးပေါ့"

"နင့်အတွက်ဒီလိုလုပ်ရပ်တွေကဘာအကျိုးရှိနေလို့လဲ ဟမ်"

"ရှိတာပေါ့ သိပ်ရှိတာပေါ့ အခုဆိုငါ့ကိုမ‌ရွေးချယ်တဲ့နင်စိတ်ဆင်းရဲနေရပြီ နင်သိပ်ချစ်ပါတဲ့ဆိုတဲ့ သူမကိုစိတ်ဆင်း‌အောင်လုပ်ဖို့ပဲကျန်တယ် သိပ်တော့မခက်ခဲပါဘူးဟာ ငါ့မှာကျန်နေတဲ့ပုံတစ်ချို့ကို သူ့အပေါင်းအသင်းလူထုကြား တပည့်ကိုမြူဆွယ်နေတဲ့ဆရာမအဖြစ် ဖြန့်လိုက်ရုံပဲ ပြီးရင် သူရဲ့ပြိုလဲနေမှုကိုငါကစင်မြင့်ထက်ကထိုင်ကြည့်ရုံပဲ"

"နင်တော်တော်အောက်တန်းကျတာပါလား"

"အိုးး အဲ့လိုမပြောရဘူးလေ ဒါကမပိုင်ဆိုင်ရတဲ့အရာကိုသူများကို အလုယူမခံတဲ့လှပတဲ့အတ္တ‌လေ"

"နင်က psychopathပဲ စိတ်ကျန်းမာရေးဆေးရုံပြလေးဘာလေးကြည့်ပါလားဟင် ပြီးတော့နင်ကပိုက်ဆံရှိတယ်မလား ဒါနဲ့တောင်ဆေးဖိုးတောင်မတတ်နိုင်ဘူးလားငါထောက်ပံ့ပေးရမလား"

"တော်စမ်း နင်အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့"

"ကောင်းပြီလေအဲ့တာဆိုငါအဓိပ္ပာယ်အရှိဆုံးအရာ‌ကိုပြောမယ် နင်ဟာဘယ်တော့မှ လူတစ်ယောက်ရဲ့တန်ဖိုးနဲ့ထိုက်တန်သူဖြစ်လာမှာမဟုတ်သလို တစ်သက်လုံး ဒေါင်းနှင်းမေဆိုတဲ့ အမျိုးသမီးရဲ့ခုံဖိနပ်အောက်ကသဲမှုန်တစ်စတောင်ဖြစ်လာမှာမဟုတ်ဘူး"

"နင်...."

တစ်ဖက်ကကျသွားသည့်ဖုန်း‌ကြောင့်မဒီနာကျဉ်းစွာအောက်နှုတ်ခမ်းသားတို့ကိုကိုက်ထားမိသည်မှာ သွေးများပင်အနည်းငယ်ဆို့နေပြီဖြစ်သည်။

*အဲ့မိန်းမနဲ့များငါ့ကိုနှိုင်းလို့ သူလိုအဖက်ဖက်ကအရှုံးသမားကငါ့လိုလူနဲ့အတွေးထဲမှာတောင်ယှဉ်ရပ်စရာအကြောင်းမရှိတာကို*

"မမလေး"

"ဘာလဲ"

"မမလေးဧည့်သည်ရောက်နေပြီ"

"အင်းဝင်ခိုင်းလိုက် ပြီးရင်ကော်ဖီတစ်ခွက်လောက်ယူခဲ့ပေး "

လက်ထဲတွင်‌ ဆေးလိပ်တိုတစ်စအားမီးညှိ့လျက် ဝင်လာမည့်သူအားစောင့်ကြည့်နေသည်။

"မတွေ့တာကြာပြီနော်"

သူမစကားဦးဆိုမိသော အပြုံးနုကိုဆင်မြန်းလျက်ဝင်ထိုင်လာသောမိန်းကလေး။

"ဒါပေါ့အမ
ရယ်"

"ဘယ်နှယ့်တုန်းကျောင်းမှာအခြေအနေလေး"

"အားလုံးအဆင်ပြေပါရဲ့ ဒါနဲ့ဟိုကိစ္စအဆင်ပြေရဲ့လား"

"‌ပြေပါတယ် မင်းရဲ့ကျေးဇူးကြောင့်ရောပေါ့ ကဲသောက်လိုက်အုံးကော်ဖီလေး"

ရှေ့ကကမ်းပေးလာသောကော်ဖီခွက်လေးကိုအသာယူလျက် နီညိုရောင်ဆေးသားတို့ဆိုးထားတဲ့နှုတ်ခမ်းနဲ့ဖြေးညှင်းစွာမှုတ်လျက်သောက်နေသူမှာ တစ်ကျောင်းလုံးမှာပြဿနာအရှာနိုင်ပါဆုံးဆိုတဲ့ ပြည့်သက်ဝိုင်းဇော်ပင်။

"ဒါနဲ့မင်းကဘာလို့အမကိုကူညီတာလဲ"

"အမကိုကူညီတယ်ဆိုတာထက် ကျွန်မတို့ကလမ်းကြောင်းတူနေတာမလို့လေ"

"ဘာကိုဆိုလိုချင်တာ"

"ကျွန်မသူငယ်ချင်းက ဒေါ်ဒေါင်းနှင်းမေကိုကြိုက်နေတာလေ"

"ဆိုတော့"

"အမရယ်ဇာတ်လမ်းတစ်ခုရဲ့လူဆိုးဖြစ်နေခဲ့ကြပြီသဘောမပေါက်ဘူးလား နေမျိုးကျက်သရေဆိုတဲ့လူမရှိမှ ဒေါ်ဒေါင်းနှင်းမေဟာလဲ ကျွန်မသူငယ်ချင်းအပိုင်ဖြစ်လာမှာမလို့ပေါ့"

"မင်းက ငါ့ထက်တောင်ပိုယုတ်မာတတ်တဲ့အမျိုးသမီးပဲ"

"No No သူငယ်ချင်းအတွက်အကောင်းဆုံးအရာတွေပဲလုပ်ပေးမဲ့သစ္စာရှိတဲ့ သူငယ်ချင်းတစ်ယောက်ပါ"

"ဟုတ်ပါပြီ ဒါနဲ့သူတို့ရည်းစားဖြစ်တာမင်းဘယ်လိုသိလဲ ပြီးတော့"

"ဒါကတော့အချိန်ရဲ့ပေးဆပ်မှုပေါ့ သူတို့ကိုလေ့လာကြည့်တာကြာပြီလေ အရမ်းကြီးတော့မခက်ခဲပါဘူး"

"မဆိုးတော့မဆိုးပါဘူးမင်းကထက်သားပဲ"

"ဒါကြောင့်လဲ အမြတ်ကျန်စေမှာပါ ဆိုတော့ ဒီကိစ္စကို အပ်ခဲ့ပါတယ် သေချာလေးကွဲသွားကြဖို့ လုပ်ဆောင်လိုက်ပါ ကျွန်မကိုသွားခွင့်ပြုပါအုံး"

မဒီကိုနှုတ်ဆက်ကာပင် ပြည့်သက်ဝိုင်းဇော်မှာထိုအိမ်ဝန်းထဲမှတက်ကြွ‌‌နေသောခြေလှမ်းများဖြင့်ပြန်ထွက်သွားသည်။

_____________________________
မှောင်မိုက်နေသော လကွယ်ညရဲ့ကောင်းကင်အောက်မှာ ကြယ်မရှိတဲ့ လောကကို ဝန်ရံတာမှကြည့်နေမိသည်။

တစ်နေကုန်အတွေးများရဲ့ရိုက်ခတ်မှုကို ခေါင်းကိုက်စွာခံစားရပြီးနောက်ဆုံးဖြတ်တစ်ခုချကာပင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်၍ အဖေရှိသည့်အခန်းသို့ဦးတည်လိုက်သည်။

"အဖေ"

သူလှမ်းခေါ်တော့စာကြည့်စားပွဲမှာ‌ ကျောခိုင်းနေသောအဖေက သူ့အားလှည့်ကြည့်လာသည်။

"‌ဘဝနှစ်ခုကိုလောင်းကြေးမထပ်နိုင်ပင်မဲ့ကျွန်တော့်ဘဝကိုတော့လောင်းကြေးထပ်ခွင့်ပြုပါ"

"မင်းဘက်ကမ်းလှမ်းချက်နဲ့လိုလားချက်ကိုပြောကြည့်"

"အ‌ဖေဖြစ်စေချင်တဲ့အရာဘာမဆိုလုပ်ပေးမှာမလို့ အခုကိစ္စတွေအားလုံးကို သူမကိုဘာမှအသိမခံပဲ သူပျော်ရွှင်စွာနေနိုင်အောင်လုပ်ပေးပါ ပြီးတော့ အခုလိုကိစ္စတွေကိုအဖေ့ကိုဘယ်သူသတင်းပေးလဲဆိုတာကျွန်တော်မပြောလဲ အဖေကအရင်စောသိနေလိမ့်မယ်ထင်တယ် ဒါကြောင့်ပြုလုပ်သူကိုထိုက်တန်တဲ့အပြစ်ပေးပြီး ဒီကိစ္စတွေကို‌နောက်ထပ်ဖြစ်လာစရာမရှိပဲဒီမှာပဲရပ်ပေးပါ သူမဘဝအတွက်ထိခိုက်စရာဆူးညှောင့်တစ်ခုမှမဖြစ်စေပဲနဲ့ပေါ့"

"ကောင်းပြီလေ ငါပြောတဲ့အရာကိုမင်းလုပ်ပေးနိုင်မယ်ဆိုရင်ပေါ့"

"ပြောပါ"

"မင်းဒီနိုင်ငံကနေထွက်သွားရမယ် မင်းအမဝမ်းကွဲတွေရှိတဲ့‌ဆီမှာပဲသွားနေရမယ် သူမကိုအဆက်အသွယ်ဖြတ်ရမယ်"

"ဒီထပ်ပိုကြီးတဲ့တောင်းဆိုမှုမျိုးတောင်ဖြစ်မယ်လို့ကျွန်တော်ထင်ခဲ့မိတာ ကောင်းပါပြီ တစ်ခုပဲ ကျွန်‌တော့်လူရဲ့သိက္ခာတရားနဲ့ ပျော်ရွှင်မှုကိုထိခိုက်စေမဲ့အရာရာမှန်သမျှကိုမည်သူ့ကိုမှပြုလုပ်ခွင့်မပေးပါနဲ့"

"ဟုတ်ပြီ မင်းမနက်ဖြန်သွားရမယ်"

"အချိန်မ‌ရွေးပါအဖေသာကတိတည်မယ်ဆိုရင်ပေါ့"

ထိုအခန်းထဲမှပြန်ထွက်လာပြီးမိမိအခန်းဆီပြန်ရောက်သည်နှင့်တင်းထားသောစိတ်များဖြေလျော့လိုက်သည်။

*မေရယ် ကို့မှာကာကွယ်ဖို့ခွန်အားမရှိသလိုဒီအခြေအနေမှာမင်းဘဝလေးပြည့်စုံအောင်ဖန်တီးနိုင်တဲ့စွမ်းအားလဲမရှိသေးဘူး*

လက်ချောင်းသွယ်သွယ်များဟာမှန်တင်ခုံထက်ကသူမပုံလေးဆီသို့အထိန်းအချုပ်မဲ့စွာသွားနေသည်။

*မေ..ဒီပုံလေးထဲကလိုအမြဲတမ်းပါးလေးတွေမို့နေအောင်ပြုံးနေရမယ်နော် မေကလေအဲ့လိုလေးပြုံးနေရင်သိပ်ချစ်ဖို့ကောင်းတာ*

နာကျဉ်နေသောနှလုံးသားဟာထိုညကိုအိပ်ဆက်ခွင့်မပေးခဲ့ပါ။

"သား ဂရုတစိုက်သွားနော် လေဆိပ်မှာသားအမတွေလာကြိုလိမ့်မယ်"

"ဟုတ်ကဲ့ပါအမေ အမေသူမကိုစောင့်‌ရှောက်နေပေးပါ"

"အင်းပါကွယ် မင်းအ‌ဖေလဲတစ်နေ့တော့နားလည်လာမှာပါ အမေကြိုးစားကြည့်ပါ့မယ်"

"ဒါဆိုသွားတော့မယ်နော် ကျန်းမာရေးဂရုစိုက်ပါအမေ"

"အင်း သား"

နေမျိုးကျက်သရေလေယာဉ်ပေါ်သို့ရောက်သည်နှင့် ပိုက်ဆံအိတ်ထဲမှမေ့ရဲ့ပုံလေးအားထုတ်လိုက်သည်။

*မေ ကို့မှာပိုင်ဆိုင်ပြီးမေနဲ့ပတ်သက်တဲ့အရာတွေဆိုလို့ ဂီတာ‌လေးရယ်scarfလေးရယ် ဒီပုံလေးရယ်ပဲရှိတယ် ဒါလေးသုံးမျိုးနဲ့ကိုယ်မေနဲ့ဝေးတဲ့အရပ်မှာနေနိုင်ပါ့မလားမေရယ် စောင့်နေ‌ပေးပါလို့လဲမပြောရက်နိုင်ဘူး မုန်းလို့ရပါတယ်မေ မမေ့ဖို့တော့မျော်လင့်မိတယ် ကိုယ်လေ နာကျင်ရတယ်သိလား ဒီရွေးချယ်မှုလေးတစ်ခုမှာပေါ့
မဖျားမနာပါနဲ့ ပျော်ရွှင်ရမယ် ချစ်တယ်ဆိုတာထက်ပိုမြင့်မြတ်တဲ့ဝေါဟာရတစ်ခုဖြစ်တဲ့မြတ်နိုးခြင်းကိုပေးခဲ့တာမလို့ကိုယ်နောင်တမရ ရပါစေနဲ့ ကလေးရယ်"

ဓာတ်ပုံလေးကိုပြန်လည်သိမ်းဆည်းလိုက်ကာ ပြတင်းပေါက်တစ်ဖက်ကတိမ်တိုက်တွေအားငေးကြည့်မိသည်။

*တို့တွေလဲအတူတူ‌လွင့်ပျံနိုင်ကြရင်ကောင်းမှာပဲနော်*

___________________________________
စာလေးတစ်ကြောင်းပို့ထားပြီးထဲကဖုန်းဆက်လဲမကိုင် စာပို့လဲမကြည့်သဖြင့်နှင်းမေစိတ်ညစ်နေပေသည်။

*ငါဟိုတစ်နေ့ကမအားလို့စာမပြန်မိလိုက်တာ ငါ့ကို ကိုများစိတ်ကောက်‌နေတာလား ပစ်ထားတာလေးရက်တောင်ရှိပြီ တစ်ခါမှ ဒီလိုမဖြစ်ဖူးတာကို ဒီကဖြင့် ဒီညနေပြန်လာမှာမို့ သူ့ကိုဝမ်းသာအောင်ပြောပြချင်တာကို ပြန်လာမှမင်းကိုကောင်းကောင်းဆူရမယ်*

"ဟိတ်အပျိုကြီး ဘာတွေဆူပုတ်နေတာလဲ သင်တန်း၇ရက်ကနေ ၄ရက်ထဲဖြစ်သွားလို့စိတ်မကောင်းဖြစ်နေတာလား"

"မဟုတ်ပါဘူးကွယ်"

"မသိပါဘူး အမတော်ကဆူပုတ်နေတာကို ဒါနဲ့မနက်ဖြန်တောင်မစောင့်ပဲညနေထဲကဘာလို့ပြန်တာ‌တုန်း မနက်မှတို့တွေနဲ့တူတူပြန်တာမဟုတ်ဘူး"

"အိမ်မှာအလုပ်လေးရှိလို့ပါ ရတီရယ်"

"မသိပါဘူး မြို့ကဘယ်သူ့ကိုများလွမ်းနေလဲလို့"

"မလွမ်းပါဘူး မင်းသိပ်စပ်စုတာပဲ လာ တို့ကိုပစ္စည်းတေွဝိုင်းသိမ်းပေး"

"ဟုတ်ပါပြီဟုတ်ပါပြီ"

ကားမှာညနေထဲကစီးလာသော်လဲယ‌နေ့မှာနဂိုထက်ကားပိတ်သဖြင့်မြို့သို့ပြန်ရောက်ချိန်တွင်ညမိုးချုပ်နေပြီဖြစ်သည်။

ကားဂိတ်သို့လာကြိုသောနေသော ညီမဖြစ်သူအေးသံသာဆိုင်ကယ်နောက်တွင်ထိုင်လိုက်ကာအိမ်သို့ပြန်လာခဲ့သည်။ကိုယ်လက်သန့်စင်ပြီးအချိန်ကိုကြည့်မိတော့ ည၉နာရီပင်ထိုးတော့မည်။

အိပ်ရာထက်တွင်လှဲကာကျောဆန့်မိသည်။ ဖုန်းကိုကိုင်ကာကိုများလိုင်းတက်နေမလားကြည့်သော်လဲလိုင်းပေါ်မရှိ။ဖုန်းဆက်မိပြန်တော့လဲ ဆက်သွယ်မှုဧရိယာပြင်ပဖြင့်သာတိုးနေပေသည်။

*တော်ပါပြီလေ မနက်ကျောင်းရောက်မှ သူ့ကိုပြန်ရောက်နေတာsupriseတိုက်တော့မယ်*

နှင်းမေမှာပင်ပန်းနေသဖြင့်နှစ်ချိုက်စွာပင်အိပ်ပျော်သွားသည်။

မနက်မိုးလင်းသည်နှင့်ရင်ခုန်စိတ်လှုပ်ရှားစွာနိုးနေသောနှင်းမေကျောင်းသွားရန်ပင်ပြင်ဆင်ပြီးဖြစ်သည်။

"သမီးကျောင်းကခွင့်ပေးထားသေးတယ်မလား မနားဘူးလား ဒီနေ့"

"ဟုတ်အမေသမီးကျောင်းမှာကလေးတွေကိုစာနောက်ကျမှာဆိုးလို့ မနက်ဖြန်ကျစနေရောက်‌ပြီပဲအမေရယ် အဲ့တော့မှပဲနားတော့မယ် ဒီနေ့တော့သွားလိုက်အုံးမယ်"

"အေးပါအမေထမင်းချိုင့်ထည့်ပေးမယ်အဲ့ဆိုလဲ"

"ဟုတ်ကဲ့"

နှင်းမေမှာလိုအပ်သည့်စာအုပ်စာရင်း‌‌တွေထည့်ထားသောအိတ်လေးနှင့်ထမင်းခြင်းလေးကိုဆိုင်ကယ်မှာချိတ်ကာကျောင်းသို့ထွက်လာသည်။

အသင်းအလှည့်ကျဆရာမမှာစောရောက်နေ၍ထင်သည်။နားနေခန်းတံခါးပင်ဖွင့်ထားပြီဖြစ်သည်။

မိမိစားပွဲနေရာမှစာအုပ်တချို့ကိုသေချာပြန်လည်စီရီလိုက်ပြီး အခန်းဝနားထွက်ကာကျောင်းဂိတ်ဝကိုမျော်ကြည့်နေမိသည်။

အချိန်တွေတရွေ့ရွေ့ကုန်လွန်လာသော်လဲ ကို ဟာအခုချိန်ထိကျောင်းမလာသေး။

*အိပ်ပုတ်လေးမနိုးသေးတာများလား*

စောင့်ဆိုင်းခြင်းရဲ့အချိန်ကြာမြင့်လာသည့်နောက်ကျောင်းခေါ်သွားပြီဖြစ်သည်။ထိုအချိန်ထိပင်ကိုဟာကျောင်းမလာသေးပါ။

*နေများမကောင်းလို့ကျောင်းပျက်တာများလား*

သူမကျောင်းဂိတ်ဝလေးကိုပင်လာနိုးနိုးဆက်၍ကြည့်နေမိသည်။

"အမအဲ့တာဆိုအဲ့ကလေးအချက်အလက်ကုန်ပြီနော်"

"အေးဟုတ်တယ် သူ့မှတ်တမ်းကုန်ပြီ"

အမနီနှင့်ဘောဂဆရာမဒေါ်ချယ်ရီနှင့်စာရင်းစာရွက်တစ်ချို့ကိုင်လျက်ဝင်လာကြသည်။

"ဟယ်အမပြန်ရောက်နေတာလား"

"ဟုတ်တယ်ချယ်ရီရေ မနေ့ညကပြန်ရောက်တာ"

"အမရယ်အဲ့တာများနားတာမဟုတ်ဘူး ကျောင်းလာနေသေး အပင်ပန်းခံလို့"

"ဘာမှမဖြစ်ပါဘူးချယ်ရီရယ် ဒါနဲ့ အမနီနဲ့ရုံးခန်းကပြန်လာတာလား"

"ဟုတ်တယ်အမ ကလေးတစ်ယောက်‌ကျောင်းထွက်လို့"

"ဟုတ်လားဘယ်သူတုန်း နှစ်ဝက်တောင်ရောက်နေပြီကိုကွယ်"

"အေးဟယ် နှင်းမေရယ် ရော့ကော်ဖီသောက်အုံး"

အမနီမှာသူအိမ်မှထည့်လာသောကော်ဖီ‌အေးကိုဖန်ခွက်ထဲထည့်ကာနှင်းမေအားပေးသည်။

"ဘယ်သူတုန်းအမရဲ့ထွက်တာ"

"နေမျိုးကျက်သရေလေ"

"ရှင်.."

ခွမ်းးး

အသံနှင့်အတူ ပြန့်ကျဲသွားသောဖန်ကွဲစများ။

"အယ်နှင်းမေရယ်ဘယ်လိုဖြစ်တာလဲ ဖယ်ဖယ် ဖန်ကွဲစတွေရှမယ်"

"အမဖယ်ဖယ်ညီမရှင်းလိုက်မယ်"

ချယ်ရီမှဖန်ကွဲများကိုစုစည်းကာအိတ်အထပ်ထပ်ဖြင့်သေချာထုတ်ပိုး၍ အမှိုက်ပုံးထဲထည့်ကာ သေချာသန့်ရှင်းရေးပြန်လုပ်နေသည်။

"တောင်းပန်ပါချယ်ရီရယ်အမလက်ထဲကလွတ်ကျသွားတာ"

"အဲ့‌တာကြောင့်ညီမပြောပါတယ်ပင်ပန်းနေတာအမကိုအိမ်မှာနားနေလို့ ပြီးရင်ပြန်ရမယ်နော် သင်တန်းကပင်ပန်းလာတာကို တောင်းပန်စရာလဲမလိုဘူးဒါကဘာမှအပန်းကြီးတာလဲမဟုတ်တာကိုအမကလဲ"

"ဒါနဲ့နေမျိုးကျက်သရေက ဘာလို့ထွက်သွားတာလဲဟင်"

"ဟင်အမမသိဘူးလား သူနိုင်ငံခြားထွက်သွားပြီလေလွန်ခဲ့တဲ့သုံးရက်လောက်က ကျောင်းကထွက်စာလာယူတုန်းကတောင်မပါလာဘူး သူ့အမေပဲလာတာအမရဲ့"

"ဪ...."

နှင်းမေ အဖြစ်အပျက်များကိုမည်သို့ပင်နားလည်ရမည်နည်း။

ဘာကြောင့်လဲ

သူ့ကိုတောင်မပြောပြခဲ့တာဘာကြောင့်လဲ

အတတ်နိုင်ဆုံးသတိကပ်ကာ အိမ်သို့ပြန်ရန်သာပြင်ဆင်မိသည် သူမဒီမှာဆက်၍နေရင်မထိန်းချူပ်နိုင်‌တော့သည့်အခါကျလာမည့်မျက်ရည်တို့အားလူအများသိမည်ဖြစ်သည်။

"သမီး ဘာဖြစ်လို့တုန်း"

"ဘာမှမဖြစ်ပါဘူး‌အမေ သမီးနည်းနည်းပင်ပန်းလာလို့ပြန်လာလိုက်တာ အခန်းထဲသွားတော့မယ်နော်"

"အော် အေးအေး အိပ်ရေးလေးဖြစ်ဖြစ်ဝအောင်အိပ်လိုက်ဆေးလေးလဲကြိုသောက်အုံးဖျားမယ်"

"ဟုတ်အမေ"

အခန်းထဲသို့ဝင်ပြီးသည်နှင့်တံခါးကိုပိတ်လိုက်ကာ ထိန်းချုပ်ထားသော မျက်ရည်တို့အားလွှတ်ချခွင့်ပေးလိုက်သည်။

*ဒါကြောင့်လား တို့ဖုန်းကိုမကိုင်တာ တို့စာပို့ရင်မကြည့်တာ ဘယ်လိုကိစ္စမလို့လဲ ကို ဘာကြောင့်များဘာမှမပြောခဲ့ပဲ ရုတ်ချည်းကြီးခုလိုလုပ်ရတာတုန်း*

အဖြေမပေါ်လာသည့်မေးခွန်းအားစဉ်းစားတာများရင်ခေါင်းကိုက်ရသကဲ့သို့ အခုလဲနှလုံးသားကိုမေးခွန်းထုတ်မိတိုင်းနာကျင်မိသည်။

*ဘာအတွက်ကြောင့်လဲဆိုတဲ့မေးခွန်းတွေကိုမမေးနိုင်တော့မဲ့အစား ကောင်းပါပြီ..

.
.
.


#3915words
#10.3.2023
နောက်တစ်ပိုင်းဆိုENDပါပြီဗျာ။


You are reading the story above: TeenFic.Net