"ဖယ် ငါ့အသားမထိနဲ့"ဟုဆိုကာပင် သူ့ရင်ခွင်ထဲမှရုန်းကန်ထွက်သွားသည်။
"မင်းကအခုမှရင်လေးပဲနာရတာပါ ငါကဘဝပျက်ရတာမင်းသိလား ဘယ်အရာမှစုံစမ်းခွင့်မရဘူး မင်းဘယ်မှာလဲ ဘာလုပ်နေလဲဘာမှမသိရဘူး ဘာကြောင့်ထားခဲ့လဲဆိုတာလဲမေးခွင့်မရဘူး ကိုချစ်ခဲ့ရတဲ့လူက သင်တန်းသွားပြီးပြန်လာတော့ ကျောင်းထွက်ကာနိုင်ငံခြားထွက်သွားတယ်ဆိုတာကလွဲ မင်းသတင်းကို ဒီငါးနှစ်လုံးဒို့ဘာမှမသိရဘူး ဒီနာကျင်မှုတွေနဲ့အတူမင်းကိုစွန့်လွှတ်လိုက်တော့မှ မင်းဘာကြောင့်ပြန်ပေါ်လာရတာလဲ"
"ကျွန်တော်ထပ်ထွက်သွားမှာမဟုတ်လို့ မေရယ်တစ်ခါလေးပြန်ယုံကြည့်ပြီးအခွင့်အေရးပေးလို့မရဘူးလား"
"ပထမတစ်ခါအလိမ်ခံရရင်လိမ်တဲ့သူအပြစ် ဒုတိယတစ်ခါအလိမ်ခံရရင် အလိမ်ခံရတဲ့သူရဲ့အပြစ် ငါ့အပြစ်တော့အဖြစ်မခံပါရစေနဲ့တော့"
နှင်းမေမှာသူမရဲ့မျက်ရည်မှာကိုကြမ်းတမ်းစွာသုတ်လျက်ထိုနေရာမှပြန်ထွက်လာသည်။
သို့သော်ဝေဝါးလာသောမျက်ဝန်းနဲ့အတူခန္ဓာကိုယ်ဟာယိုင်နွဲ့ကာပင် ထိုနေရာနှင့်ခဏတာအဆက်အသွယ်ပြတ်သွားသည်။
.
.
"ဆရာ စိုးရိမ်စရာမရှိတော့ဘူးမလားဟင်"
"မရှိတော့ပါဘူး လူနာကအဖျားကြောင့်အားနည်းပြီးမေ့လဲသွားရုံပဲ"
"ဟုတ်ကဲ့ကျေးဇူးပါဆရာရယ် မနေ့က သူအပြင်ကပြန်လာပြီးမိုးတွေမိလာတာ နဂိုထဲက ခဏခဏဖျားတဲ့လူမလို့ ဖျားတော့မှာဆိုးလို့တောင်ဆေးကြိုတိုက်ထားသေးတာကို ခုမိုးထပ်မိလို့အဖျားတက်သွားတာထင်တယ်"
"ဟုတ်လောက်မယ် ဘာပဲဖြစ်ဖြစ်ဆေးလဲထိုးထားပြီးဆေးလဲချိတ်ပေးထားတာမို့နိုးလာရင်တော့သက်သာသွားမှာပါ"
"ဒါဆို ကျွန်မလိုက်ပို့ပေးပါရစေ"
အေးသံသာမှာ ဆရာဝန်ရဲ့အိတ်ကိုဆွဲကာအပြင်သို့ထွက်လာစဉ် အခန်းဝမှာစောင့်နေသော နေမျိုးကျက်သရေအားကြည့်ကာဆိုမိသည်။
"ဝင်သွားလိုက်ပါ"
"ဗျာ"
"ဝင်သွားလိုက်ပါမင်းလဲအရမ်းစိတ်ပူနေခဲ့ပုံပဲ ပြီးတော့မမကြီးလဲမင်းကိုလိုအပ်လောက်တယ် ပြီးတော့အိမ်မှာလဲလူမရှိလို့"
အဖြစ်အပျက်အရာရာအားလုံးကိုသိရှိထားသော်လဲယခုလိုဖြစ်ချိန်မှာ ထိုကလေးရဲ့စိုးရိမ်စိတ်မျက်နှာမှာအတိုင်းသားပေါ်နေသည်။မမကြီးမှာလဲ ထိုကလေးအားအရမ်းချစ်ပုံပေါ်သည်။ချစ်တဲ့သူနှစ်ယောက်ကိုတော့ဖြစ်ပြီးသားကိစ္စတွေကြောင့်မဝေးစေချင်ပင်။ သူအတိတ်ကိုပစ္စုပ္ပန်နဲ့အနာဂတ်အထိမသယ်ဆောင်လိုပါ။ထိုကြောင့်အခွင့်အရေးထပ်ပေးခဲ့လိုက်သည်။
အေးသံသာထွက်သားသည်နှင့်နေမျိုးကျက်သရေမှာအခန်းထဲဝင်လာကာ နှင်းမေအိပ်ပျော်နေသောကုတင်ဘေးလေးတွင်ထိုင်ချလိုက်သည်။
"မေရယ် ကျွန်တော်တောင်းပန်ပါတယ် အခုမှပြန်တွေ့ရတဲ့မေ့ကိုကျွန်တော်ဒုက္ခထပ်ပေးမိပြန်ပြီ ကျွန်တော်ကမေ့အတွက်မကောင်းတဲ့လူမဟုတ်လားမေ"
မေ့မျက်နှာအားကြည့်ကာ တောင်းပန်စကားဆိုရင်း စာကြည့်စားပွဲပေါ်ကြည့်မိတော့ Diaryစာအုပ်။ထိုစာအုပ်သည်မေနှင့်သူဆင်တူဝယ်ထားခဲ့ကြသည့်စာအုပ်လေးပေ။သို့သော် Diaryစာအုပ်မှာLockလေးတစ်ခုပါသည်။
*မေသာကျွန်တော်ကိုမမုန်းသေးဘူးဆို ဒီစာအုပ်လေးရဲ့ passwordဟာ ဒီဂဏန်းလေးကလွဲတစ်ခြားဖြစ်မယ်မထင်ဘူး*
သူနံပါတ်လေးရိုက်ထည့်လိုက်သည်။ထိုနံပါတ်လေးဟာ မေ့နဲ့သူ့ရဲ့ပထမဆုံးစတွေ့တဲ့နေ့ပင်။
မျော်လင့်မထားစွာပင်စာအုပ်လေးပွင့်သွားပေသည်။
ထိုစာအုပ်လေးထဲတွင်မေဟာသူနဲ့ဖြတ်သန်းခဲ့တဲ့နေ့ရက်တိုင်းကိုမှတ်တမ်းတင်ထားလေသည်။
သို့သော်ထိုနေ့
သူစတင်ထွက်ခွာသွားကို မေသိရသောနေ့။
"ကို ဒီနေ့ကျောင်းကိုရောက်တယ် တစ်ချိန်လုံးဆက်သွယ်လို့မရတဲ့မင်းကို ပြောထားခဲ့ဘူးတဲ့ရက်ထက်စောပြန်လာကာ surpriseတိုက်မလို့ပေါ့ ဒါပင်မဲ့မင်းဟာလက်ဦးမှုရယူသွားတယ် ကျောင်းထွက်ကာနိုင်ငံခြားထွက်သွားပြီတဲ့ ဒို့ကမ္ဘာပြိုသလိုပဲ မင်းနဲ့ပတ်သက်တဲ့ အရာရာကိုစုံစမ်းချင်ပင်မဲ့ဘာကေနဘယ်လိုစလုပ်ရမလဲမသိဘူး မင်းအိမ်ရှေ့ကနေ အိမ်ထဲမဝင်နိုင်ခဲ့ပဲပြန်လာခဲ့ရတဲ့အခေါက်ပေါင်းလဲမနည်းဘူး အခုလောက်ဆို မင်းရောက်နေတဲ့နေရာမှာမင်းပါးချိုင့်လေးတွေနစ်ဝင်အောင်ပြုံးလျက်ပျော်ရွှင်နေလေမလား ဒို့လဲအဲ့လိုကြိုးစားပျော်ရွှင်နေချင်မိပါရဲ့ အပြစ်တော့မဆိုတော့ဘူးကွယ် ဒို့ချစ်နေမိသေးတာမို့..."
တဖြည်းဖြည်းကုန်ဆုံးလာသော အချိန်များနှင့်အတူ မျက်ရည်များဖြင့်ပင် ဖတ်ခဲ့ရသည်မှာမေ့ရဲ့နောက်ဆုံးရေးသားခဲ့တဲ့နေ့လေးပင်ရောက်ရှိခဲ့ပြီ။
အနည်းငယ်ထွက်ပေါ်လာသောလှုပ်ရှားမှုကြောင့်မေနိုးလာပြီဖြစ်ကြောင်းသူသိလိုက်သည်။
"မေ...နိုးလာပြီလား"
"မင်းဘာဖြစ်လို့ငါ့အခန်းထဲရောက်နေတာလဲ အခုချက်ချင်းထွက်သွား ငါ့မျက်စိရှေ့က"
အားပါပါပြောချင်လှပါသောလဲအသံမှာထင်ထားသေလာက်မထွက်လာပေ။
"မေ မလှုပ်နဲ့လေ.. ဆေးချိတ်ထားတာလှုပ်လို့မဖြစ်ဘူး"
"ငါ့ဘာသာလှုပ်တာဘာဖြစ်လဲ သွား..ငါ့အခန်းထဲက"
နေမျိုးကျက်သရေမှာပြောလေပိုလှုပ်လေဖြစ်နေသော နှင်းမေအားထိန်းမရတဲ့အဆုံး လက်ကောက်ဝတ်လေးနှစ်ဖက်ကိုငြင်သာစွာချုပ်ကာပင် နှင်းမေရဲ့ကိုယ်ပေါ်မှအုပ်မိုးကာနှုတ်ခမ်းသားတို့အားနမ်းရှိုက်လိုက်သည်။ထိုမှသာငြိမ်ကျသွားပေသည်။
အချိန်အနည်းငယ်ကြာမှသာပြန်ခွာပေးလိုက်သည်။
ထိုအချိန်မှစ၍ သူရဲ့ဒေါင်းငယ်ဟာ တတွတ်တွတ်အပြစ်စကားစဆိုပေသည်။
"ဖယ်စမ်းဘာဖြစ်လို့ငါ့နှုတ်ခမ်းကိုနမ်းရတာလဲ"
"ချစ်လို့"
"ဘာကိုချစ်လို့လဲ မင်းနော်ငါအော်လိုက်မှာ အငယ်မရေ အငယ်မ"
နှင်းမေဟာသူရဲ့ညီမအားစစ်ကူခေါ်နေပေသည်။
"မရှိဘူးလေ အပြင်ထွက်သွားပြီ"
*ဘယ်လို*
နေမကောင်းတဲ့အမတစ်ယောက်လုံးကိုဒီလိုလူစားနဲ့ဘာကိုယုံကြည်ပြီးထားခဲ့လဲ သူမနားမလည်နိုင်ပါ။
"မေကျွန်တော်ကိုချစ်သေးတယ်မလားဟင်"
ထိုနေရာမှာသာနှင်းမေအငွေ့ပျံချင်နေပြီဖြစ်သည်။ထွက်ပြေးရန်လဲမြေမရှိချေ။မိမိကိုယ်တိုင်ကားလဲ အားဆေးတန်းလန်းနှင့်အိပ်ရာပေါ်မှာ။
"မင်းဘာတွေလာပြောနေတာလဲ ရူးနေပြီလား"
"အင်းဟုတ်တယ် ရူးနေပြီ မေ့ကိုစွဲလမ်းရလွန်းလို့"
"မင်းနဲ့ဒို့အခြေအနေက အခုလိုတွေပြောနေရမဲ့အခြေအနေမဟုတ်ဘူးနော်"
"ဖြစ်လာအောင်လုပ်လို့ရပါတယ်မေ စိတ်ဆိုးပိုင်ခွင့်စိတ်ကောက်ပိုင်ခွင့်လဲရှိပါတယ် ဒီနေ့ကစပြီးမေ့ကိုကျွန်တော်က ကျွန်တော့်အပိုင်ဖြစ်အောင် ပြန်ယူဆောင်မှာမလို့"
*အောင်မလေးဘုရား ဘုရား အငယ်မရေ နင်ဘယ်ဆီမှာလဲ ငါ့ကိုကယ်တင်ပါအုံးလို့*
"မေ...အခုလို အချိန်မှာပဲမေဟာထွက်ပြေးနိုင်မဲ့လူမဟုတ်တာကြောင့်အရာရာကိုရှင်းပြခွင့်ပြုပါ ပြီးတော့ ကျွန်တော်အချစ်ကိုတက်နိုင်သလောက်လေးပြန်လက်ခံပေးပါ"
နေမျိုးကျက်သရေမှာနှင်းမေအားရှင်းပြမယ်လုပ်နေစဉ်
"ဟိုဟာလေ..."
*အောင်မလေး အငယ်မ ငါ့ညီမလေးကယ်တင်ရှင်လေး*
နှင်းမေမှာအေးသံသာအားတွေ့လိုက်သည်နှင့်အင်မတန်ပျော်ရွှင်နေပေသည်။
"ဟိုဟာလေ နေမျိုးကျက်သရေ အမဒီည အပြင်ကသူငယ်ချင်းတစ်ယောက်ဆီမှာအိပ်ရမှာမလို့ သွားတော့မယ်နော် မင်းလဲမိုးချုပ်နေပြီဆိုတော့ဒီမှာပဲအိပ်လိုက်ပါနော် မမကြီးကိုစောင့်ရင်း ဒို့..ဒို့သွားတော့မယ်နော်"
"ဟုတ်မမလေး"
ဘယ်ဘဝထဲက နေမျိုးကျက်သရေအားအမျိုးတော်ချင်နေခဲ့မှန်းမသိသောအငယ်မမှာမိမိအားခြောက်နက်ထဲတွန်းချကာပင်ထွက်သွားလေသည်။
*ငါ့ဘဝလေးတော့မျော်လင့်ချက်မရှိတော့ဘူး*
"ကဲမေကျွန်တော် ပါးစပ်လေးနဲ့ရှင်းပြရမလားအမူအရာနဲ့ပဲရှင်းပြရမလား"
"ဘာ..ဘာကိုလဲ"
"စကားတွေတောင်ထစ်နေပါလားမေ အားဆေးချိတ်ထားတာတောင်ကုန်ပြီပဲ ကျွန်တော်ဖြုတ်ပေးမယ်နော် အပ်လေးထုတ်မှာမို့နည်းနည်းတော့နာမယ် မနာချင်ရင်တော့ ကျွန်တော့်မျက်ဝန်းတွေကိုကြည့်နေပါ"
ဘယ်လိုကုထုံးပါလိမ့် သူမဟာလဲပြောစကားအတိုင်းနာခံနေမိသည်။သို့သော် ထိုကလေးမျက်ဝန်းတွေကိုကြည့်နေသဖြင့် လက်မှာအပ်ဖြုတ်လိုက်သည်ကိုသိတောင်မသိလိုက်ပေ။
"ကဲအားလဲပြည့်နေပြီ ဆိုတော့ မေ...."
"ဘာလဲ ဘာဖြစ်လို့အဲ့လိုကြီးကြည့်နေတာလဲ ကြက်သီးထစရာ"
"မထပါနဲ့ကျွန်တော်အဝတ်အစားသွားလဲလိုက်အုံးမယ်"
ဒီကလေးလဲမိုးစိုလာတာကိုတစ်ချိန်လုံးအဲ့အစိုကြီးနဲ့နေနေခဲ့တာပဲ။
"ဟို..ဟိုဟာ အင်္ကျီကောရှိရဲ့လား"
"ကားထဲမှာအပိုရှိပါတယ်ခဏနော် ကျွန်တော်ပြန်လာခဲ့မယ်"
နေမျိုးကျက်သရေအပြင်ထွက်သွားသည်နှင့် နှင်းမေကုတင်ပေါ်ကထိုင်ကာစဉ်းစားနေမိသည်။
ခွင့်မလွှတ်သင့်ကြောင်းဦးနှောက်ကအသိပေးနေပင်မဲ့ နှလုံးသားကခွင့်လွှတ်ချင်နေပြန်သည်။ဒီတစ်ခေါက်ရောသူမနှလုံးသားကိုအလိုလိုက်သင့်လား.........
နေမျိုးကျက်သရေကားထဲရောက်တော့တုန်ရီနေသောဖုန်းကိုကိုင်လိုက်သည်။
"ဟယ်လို"
"ဟာနေကြီးဘယ်မှာလဲ ဒီမှာမင်္ဂလာပွဲစထဲကမတွေ့တော့တာ အခုဝိုင်းစနေပြီလာတော့လေ"
"ငါလာလို့မရဘူး"
"ဟ ဒါတော့ေစာက်ရမ်းများသွားပြီ တစ်ခါလဲမဟုတ်နှစ်ခါလဲမဟုတ်ငြင်းနေတာ ညီမမင်္ဂလာပွဲကိုလာဂုဏ်ပြုဖို့ပြန်လာတာမှဟုတ်ရဲ့လား"
"မဟုတ်ပါဘူး အစထဲက လူတစ်ယောက်ဆီကိုပြန်လာတာ ဒါပဲဟာ နောက်မှဆက်"
နေမျိုးကျက်သရေလဲစက်ဖွင့်ထားရင်တကျီကျီခေါ်နေအုံးမှာမလို့စက်ပိတ်လိုက်သည်။ကားထဲမှာပင်အဝတ်အစားလဲကာအိမ်ထဲပြန်ဝင်လာတော့ နှင်းမေမှာအိမ်ရှေ့ဧည့်ခန်းလေးတွင်ထိုင်နေသည်။
"မေ ဘာဖြစ်လို့ထွက်လာတာလဲ အခန်းထဲနားနေတာမဟုတ် နေအုံးကျွန်တော်စားစရာတစ်ခုခုပြင်ပြီးဆေးတိုက်မယ်"ဟုဆိုကာပင် အိမ်နောက်ဖေးခန်းသို့ဝင်သွားပြီးနောက် အချိန်အနည်းငယ်အကြာပန်းကန်တစ်ခုယူကာပြန်ထွက်လာသည်။
"မေ ဒီစွပ်ပြုတ်လေး သောက်လိုက်နော် အစာမာတွေမစားရသေးဘူးလို့ဆရာဝန်ကပြောလို့"
နှင်းမေ နေမျိုးကျက်သရေကိုသာကြည့်နေမိသည်။
"ဘာဖြစ်လို့ကျွန်တော်ကိုကြည့်နေတာလဲ သောက်လေမေရဲ့ ပြီးတော့ကျွန်တော်အားလုံးကိုရှင်းပြပါ့မယ်"
"ဟင်အင်း မရှင်းပြနဲ့ဒို့မသိချင်ဘူး အထူးသဖြင့်အဲ့နေ့ရက်တွေအကြောင်းဆိုဒို့ဘာကိုမှမသိချင်တော့ဘူး"
နှင်းမေရဲ့အသံမှာမနက်ကနှင့်မတူစွာတည်ငြိမ်နေသည်။
"မေ မေစိတ်ကျေနပ်တဲ့အထိ ကျွန်တော်ချော့ပါ့မယ် အခွင့်အရေးလေးထပ်ပေးပါမေရယ် ကျွန်တော်မေ့ကိုအစကနေပြန်လိုက်ပါ့မယ်"
"မင်းအစကပြန်လိုက်လဲဒို့နှလုံးသားကိုရတာပဲ
"မေရယ်ကျွန်တော်အခုချိန်ကစပြီးဖြစ်လာမဲ့အရာရာကိုမေ့လက်ကိုတွဲလျက်ပဲဖြေရှင်းတော့မှာပါ ဘယ်ကိုမှလဲရှောင်ထွက်သွားမှာမဟုတ်သလို မေ့အနားကလဲတစ်ဖွားမှခွာမှာမဟုတ်ပါဘူး"
*မင်းကိုခွင့်လွှတ်ပေးလိုက်တာမြန်လွန်းတယ်မလား ကို ဒါပင်မဲ့ မင်းကိုမေ့မရတာသေချာနေပြီဆိုတဲ့အချိန်မှာ ဒို့မင်းနဲ့အတူနေရမဲ့ထဲက အချိန်နည်းနည်းလေးပေးရမှာတောင်နှမြောလွန်းလို့ မူယာမာယာဆိုတဲ့ စကားလုံးကိုတောင်အချိုးနှိမ်ခံပြီး ခွင့်လွှတ်လိုက်ပါတယ်"
ထိုနေ့ညမှာ အေးစက်နေတဲ့အခန်းပြင်ရှိစွတ်ပြုတ်ပန်းကန်လေးကလွဲလို့ လောကကြီးနှင့်အခန်းထဲရှိလူသားနှစ်ယောက်မှာတော့ နွေးထွေးစွာတည်ရှိနေကြပါတယ်။
_ပြီးပါပြီ__________________________
#6862words
#26.3.2024
#11:57
အမှန်ကဒီနောက်ဆုံးပိုင်းေလးဟာSEနဲ့အဆုံးသတ်ဖို့ရည်ရွယ်ပြီးရေးထားခဲ့ပြီးသားပါ။ဒါပင်မဲ့ဇာတ်ကောင်နှစ်ဦးကို caroကိုတိုင်သနားရလွန်းလို့ HEလေးနဲ့ပဲအဆုံးသတ်ခဲ့လိုက်ပါတယ်။ပထမဆုံး complete ဖြစ်တဲ့ficပါပဲအမှားတွေအများကြီးရှိခဲ့ရင်လဲတောင်းပန်ပါတယ်။သည်းခံဖတ်ပေးကြတဲ့သူတစ်ယောက်ချင်းဆီတိုင်းကိုလဲကျေးဇူးတင်ပါတယ်။
You are reading the story above: TeenFic.Net