"သားကြီး"
နေမျိုးကျက်သရေမှာကျောင်းဆောင်အပေါ်ထပ်မှ တစ်ကျောင်းလုံးကိုကြည့်ရင်းဘေးရှိခင်ကြီးအားခေါ်ခြင်းဖြစ်သည်။
"ဘာလဲနေကြီးရဲ့"
"ငါတို့တွေတော့ကျောင်းပြန်တက်တာ လတွေကျော်လွန်ပြီးနောက်ဆုံးတော့ပွဲဖြစ်ရတော့မယ်နဲ့တူတယ်"
"ဟုတ်လားနေကြီးဘာပွဲလဲ လာမယ့်ကထိန်လား"
"ဟာဘာတွေလာပြောနေတာလဲ ရန်ပွဲ ဒီနေ့ခင်းကြငါပွဲရှာပြီမင်းကြည့်ထား အကြီးကြီးfightပြီ"
"အားပေးတယ်ဗျာ တစ်နှစ်ပတ်လုံးရန်မဖြစ်ရတော့ဘူးထင်ပြီးပျင်းနေတာ နေကြီးသာဖန်တီးလိုက်နောက်ကလိုက်ပြီးသားပဲ"
နေမျိုးကျက်သရေနဲ့မေခင်မြတ်နိုးမှာ အတိုင်အပေါက်ညီစွာပင် ရန်ဖြစ်ကြရန် အားတက်သရောဖြစ်နေသည်။
"ဒါနဲ့နေကြီး ဟိုကောင်မလေး ပန်းတွေလာပေးသေးလား"
"အေး"
"သူလဲနော်ဇွဲရှိချက်ပဲ နေကြီးရယ်ပြန်ကြိုက်လိုက်ပါလားရုပ်လေးလဲမဆိုးပါဘူး နေကြီးလဲရည်းစားရှိတာမှမဟုတ်ပဲ"
"ငါမှမချစ်တာကွာ မချစ်ပဲနဲ့လူတစ်ယောက်ကိုမတွဲချင်ဘူး မဟုတ်တောင် အခုဘာမှမလုပ်ပဲအပယ်ခံဖြစ်နေတာ"
"ကြိုးစားကြည့်ပါဗျာ တဖြည်းဖြည်းချစ်လာမှာပါ"
"တော်ပါသားကြီးရယ် မင်းကလဲ မင်းလိုတွေ့သမျှစော်လေးတွေကိုတော့မေတ္တာမထားနိုင်ဘူးငါကလူတစ်ယောက်ကိုချစ်ရင်အကြီးကြီးချစ်တာကွ"
"ထွီ ..ရွံ့တာဗျာ"
နေမျိုးကျက်သရေရဲ့ ကြီးမြတ်လှတဲ့အချစ်အဘိဓ္ဓာန်တွေကိုနားရည်ဝနေသောခင်ကြီးမှာ ခုထဲကအန်ချင်နေလေပြီ။
"ခဏနေအုံးဟျောင့် ငါရုံးခန်းတက်လိုက်အုံးမယ် မနေ့က အုပ်ကြီးခေါ်ထားတယ်ဟ"
"ဟာနေကြီး ဘာတွေလုပ်ထားလို့တုန်း"
"ဘာမှမလုပ်ပါဘူးကွာ ထုံးစံအတိုင်း ရေဗုံးတင်၊ စာပွဲရှင်းနေမှာပေါ့ တစ်ကျောင်းလုံးကယောင်္ကျားလေးတွေကလဲ သူတို့အချင်းချင်းမညားရုံတစ်မယ် နွဲ့နေတာကို ငါပဲကျားကျားယားယားရှိနေတာ"
"ဒါလဲမှန်တာပဲ"
"ကဲသွားပြီ"
နေကြီးလဲရုံးခန်းသို့အမြန်ပင်ခြေဦးတည်လာသည်။
"ဆရာမကြီးဝင်ခွင့်ပြုပါ"
"အေးဝင်ခဲ့"
"ဘာခိုင်းမလို့လဲဗျ"
"ဘာမှမဟုတ်ပါဘူးနေကြီးရယ် ကျောင်းေကာင်စီသစ္စာအဓိဌာန်(၄)ချက်ကို ဒီနေ့နိုင်ငံတော်သီချင်းဆိုရင်တိုင်ပေးစမ်းပါ"
"ဗျာ~~"
"ဟုတ်တယ် တခြားခန်းကကောင်တွေကမိုက်နဲ့မအော်ချင်လို့ပတ်ပြေးနေတာ မနက်ဖြန်နင့်ကိုအော်ခိုင်းဆိုလို့"
"ဪ ဟုတ်ကဲ့"
"ကဲပါနေကြီးရယ်ရောက်လက်စနဲ့တော့ ဟိုကရေဗုံးလေး အခန်းရှေ့ကခုံပေါ်တင်ပေးခဲ့နော်"
*ဘယ်လောက်ပဲတခြားဟာခိုင်းခိုင်းငါ့ကိုရေဗုံးသယ်ခိုင်းဖို့တော့မမေ့ဘူးပဲအုပ်ကြီးက ရေသည်Tomboyလားကျနေရော*
နေကြီးလဲရေဗုံးတင်ပေးလိုက်ပြီးဘေးက စက်အခန်းသို့လာလိုက်သည်။
"ကိုကြီး လင်းခန့် ဒီနေ့ကျွန်တော်အော်မယ်"
လင်းခန့်မှာကျောင်းရဲ့စာရင်းကိုင်အကိုကြီးပင်။
"အောင်မလေးနေမျိုးကျက်သရေ ကြားသားမိုးကြိုးနောက်ဆုံးတော့ စက်ခန်းကိုရောက်လာပြီ"
"ဘာလဲမလာရဘူးလားမလာရပြန်တော့မယ်"
"စိတ်လျော့ပါဆရာသမားရယ် လာလာ ကျောင်းလဲခေါ်တော့မှာ"
နေကြီးလဲ နိုင်ငံတော်သီချင်း၊ကျောင်းကောင်စီသီချင်းဆိုတာတွေစောင့်နေလိုက်သည်။နောက်ဆုံးတော့မိမိပွဲထွက်ရမည့်အလှည့်ရောက်လေပြီ။
"ကျောင်းကောင်စီသစ္စာအဓိဌာန်လေးချက်ဆိုရန်အားလုံးသတိ"
*ဟယ်တော့ ဒီအသံငါရင်းရင်းနီးနီးကြားဖူးပါတယ်*
နှင်းမေမှာ ကလေးတွေစောင့်ကြည့်ရင်းမှ အသံချဲ့စက်ကအသံကိုနားစွင့်နေမိသည်။
"ကျွန်ုပ်တို့သည် မိမိကိုယ်ကိုကောင်းအောင်ကြိုးစားပါမည်"
*ကို...*
သေချာပါပြီ ယခုကဲ့သို့တည်တည်ငြိမ်ငြိမ်ဆိုတိုင်းခက်ထန်ထန်ပြင်းရှရှ အသံဟာကို့အသံပင်။
နှင်းမေသူမပင်မသိပဲ ပြုံးမိလိုက်ပေသည်။
*မေ့ကလေးကသိပ်တော်တာပဲ*
အလိုလိုနေရင်းရည်းစားလေးကိုဂုဏ်ယူရသည့်feelingကိုရည်းစားရှိသူများသာသိနိုင်သည်။
နေကြီးလဲ ကိစ္စတွေပြီး၍အခန်းဆီပြန်လာတော့ အခန်းဝခြေမချမှီပင်အတန်းပိုင်ရဲ့ခိုင်းစေမှုကြောင့် ဆရာမများနားနေခန်းဆီသို့ပြေးရပြန်သည်။
"ဟဲ့မလုပ်ရဲဘူးနော် ငါရင်ခုန်လို့သေတော့မယ်"
"နင်ကလဲဟိုကသဘောကောင်းပါတယ်ဟ သွား သွား"
ဆရာမများနားနေခန်းအရှေ့များ တစ်ယောက်နဲ့တစ်ယောက်တွန်းကာဖယ်ကာ ရစ်သီရစ်သီလုပ်နေသော မိန်းကလေးနှစ်ယောက်။
ပန်းကိုင်ထားသောကောင်မလေးကိုအခန်းထဲသို့ဝင်ရန်တွန်းနေသူမှာသေချာကြည့်မှမနှစ်ကပွဲအရှာနိုင်ဆုံးဆိုတဲ့ပြည့်သက်ဝိုင်းဇော်ပဲ။
*ဒီကောင်မလေးတွေ ဘာတွေလုပ်နေပါလိမ့်*
အခန်းထဲကိုသာစူးစိုက်ကြည့်နေသောသူတို့မှာနေကြီး အနားရောက်လာသည်ကိုပင်မသိ။
*ဘာတွေများအဲ့လောက်စိတ်ဝင်စားနေကြပါလိမ့်*
သူတို့အကြည့်ရောက်နေတဲ့ဆီနေကြီးကြည့်မိတော့..
မေဟာသူမရဲ့ဆံနွယ်တွေကိုဖြည်ချလျက်ဆံထုံးပြန်ထုံးနေခြင်းပင်။
ဒီကလေးတွေတခြားဆရာမများကြည့်သည်ဟုထင်မှတ်ရအောင်လဲအခန်းထဲတွင်မေသာရှိသည်။
*အဟမ်း...*
တမင်ပင်အသံကျယ်ကချောင်းကိုလုပ်ဆိုးတော့ထိုနှစ်ယောက်မှာ လန့်လန့်ဖြင့် ဘေးသို့ကပ်သွားသည်။မေဟာလဲသူတို့ထံသို့လှည့်ကြည့်လာသည်။
နေကြီးလဲအထဲသို့ဝင်လိုက်ပြီး ဆရာမယူခိုင်းလိုက်သည့် ဖိုင်တွဲအားဗီရိုတွင်ထုတ်နေသည်။
ထိုမိန်းကလေးနှစ်ယောက်လဲသူ့နောက်ကလိုက်ဝင်လာသောကြောင့်ဖိုင်တွဲထုတ်နေလျက်ပင် သူတို့ဘာပြောမည်ကိုနားစွင့်နေသည်။
"ဟိုဟာလေ ဆရာမကိုဒီပန်းလေးပေးချင်လို့"
"အင်းသမီးထားခဲ့လေ"
နှင်းမေမှာဆံထုံးထုံးရင်းနဲ့သူမရဲ့နေရာ စားပွဲပေါ်သို့မျက်စောင်းထိုးပြသည်။
အတန်ကြာသည်အထိထိုကလေးတွေကထွက်မသွားသေးသောကြောင့် ထိုကလေးမတွေဘက်လှည့်ကာမေးမိသည်။
"ဘာဖြစ်လို့လဲသမီးတို့"
"ဟိုဟာလေ သမီးပန်ပေးလို့ရမလားဟင်"
"ဟင်..."
နှင်းမေမှာထိုကလေးမအားကြောင်စီစီဖြင့်ကြည့်နေမိသည်။ထိုစဉ်
ဒုန်းး ဒုန်းး
အသံများဟာနေမျိုးကျက်သရေ ဖိုင်တွဲတွေကို ဘေးရှိခုံပေါ်ရိုက်ချခြင်းမှထွက်ပေါ်လာခြင်းပင်။
"ဖုန်တွေကလဲ စိတ်ပျက်ဖို့ကောင်းလိုက်တာ ခါချလို့ကိုမနိုင်ဘူး"
ပြောအပြီး ဖိုင်အထပ်လိုက်ဖြင့်အခန်းပြင်သို့မြန်ဆန်တဲ့ခြေလှမ်းများဖြင့်ထွက်သွားသည်။
"နေကြီးဘာဖြစ်လာတာလဲ"
ဒေါသတကြီးဘေးသို့ဝင်ထိုင်လာသောနေကြီးအား ပထမချိန်၌ပင်ထမင်းခိုးမြိုနေသောလမင်းချိုမှမေးလာသည်။
"ဘာဖြစ်ရမှာလဲနားနေခန်းထဲ ပိုးဟပ်မတွေသောင်းကျန်းနေလို့"
"နေကြီးပိုးဟပ်ကအမရှိတာလား ဘယ်လိုပုံမျိုးလဲဟင် ဘယ်လိုခွဲရတာလဲအထီးအမ"
"အေးအထီးအမသိချင်ပိုးဟပ်ကိုဇောက်ထိုးထားပြီးအောက်ပိုင်းကအရင်ကြည့် shit"
နေကြီးလဲ စိတ်ညစ်နေပါတယ်ဆို ဘေးကနေပေါက်ကရပဲပြောနေသော လမင်းအနားမှထွက်လာကာခင်ကြီးဘေးတွင်ထိုင်လိုက်သည်။
"နေကြီး"
"ဘာလဲ ပြောမြန်မြန်"
"ဟရင့်လိုက်ချည်လားဗျာ နေကြီးကြိုက်တဲ့ ကြက်အူချောင်းကြော်လာတယ်ပြောမလို့ဟာကို"
"ဟုတ်လားအဲ့တာဆိုလဲကျေးဇူးပဲ"
နေကြီးအသံကိုကြည့်ချင်းဖြင့်ဝဋ်ကြေတမ်းကြေတင်နေသောကျေးဇူးဖြစ်ပေသည်။
"အားးး ညောင်းလိုက်တာဆိုတာ စာသင်ချိန်လေးချိန်က သေရွာနဲ့ဒီကိုလေးခါလောက်သွားလို့ရတဲ့အထိကိုကြာနေသလို"
သိမ့်တုန်မှာအကြောဆန့်ရင်းဆိုသည်။
"အေးအဲ့သေရွာနင်ပဲသွား"
ပုတီးမှာလဲစာအုပ်တွေကိုလွယ်အိတ်ထဲသိမ်းနေရာမှ ရှေ့မှာခြေလက်တွေကားယားကားယားလုပ်ကာအကြောဆန့်နေသောသိမ့်တုန်အားကြည့်ကာပြောသည်။
"ဟဲ့မုန့်သွားစားကြမယ်လေ ဗိုက်ဆာတယ်"
မျက်နှာမှာရှုံမဲ့လျက် ဗိုက်ကိုပွတ်ကာ လမင်းမှဆိုသည်။
"ဪ အေးအေး နင်ပဲအစောကြီးထဲကမြိုပြီးဆာနေလိုက် ငါတို့ထမင်းေတာင်မစားရသေးဘူးဟဲ့ စောင့်နေ စားပြီးမှသွားမယ်"
ပုတီးတို့အရှေ့မှာစကားပြောနေကြသော်လဲ ငြိမ်နေသောနောက်ကနှစ်ယောက်ကိုလှည့်ကြည့်မိတော့ ထမင်းကိုပါးစပ်ထဲအမြန်ထိုးထည့်နေကြသည်။
ထို့နောက်ချိုင့်တွေကိုစင်ပေါ်အမြန်တင်ကာပြေးထွက်သွားကြသည်။
"ဟဲ့သူတို့ဘယ်သွားကြတာလဲဟ"
(သိမ့်တုန်)
"ဖွန်ကိစ္စပဲနေမှာပေါ့ဟယ် သူတို့တက်ကြွတာဒါပဲရှိတာ"
သိမ့်တုန်မှစိတ်ဝင်တစားမေးသော်လဲ ပုတီးမှစိတ်ထဲသိပ်မထားသည့်ပုံဖြင့်ပြန်ဖြေသည်။
"နေကြီး အခုတွေ့မဲ့ကောင်ကအကောင်ကြီးလား"
အားးး အခုကရှစ်တန်းဆောင်ဘက်ဆိုတော့ရှစ်တန်းကကောင်လား ဒါမှမဟုတ်ခုနှစ်တန်းလား ကျွန်တော်ကအငယ်ကိုသိပ်အနိုင်မကျင့်ချင်ဘူးနော်"
"ကဲကွာခင်ကြီးရာ ပါးစပ်ပိတ်ပြီးလိုက်ခဲ့"
တဖြည်းတဖြည်း အတန်းတွေကိုကျော်ပြီး နောက်ဆုံးKG ကလေးဆောင်ကိုရောက်လာသည်။
"နောက်ဆုံးတော့မင်းနဲ့တွေ့ပြီပဲ"
နေကြီးမှာသူ့မျက်စိရှေ့ကဖြူဖြုအုအုကလေးအားကြည့်ကာဆိုနေသည်။
ထို့နောက်နေကြီးမှာကလေးမျက်နှာကိုငုံကြည့်လိုက်ကာ ထိုကလေးအိတ်ထဲမှာ တုတ်ထိုးသကြားလုံးအားယူလိုက်သည်။
"ဟာ..ကိုကြီးကျွန်တော့်သကြားလုံးပြန်ပေး"
"မပေးဘူးကွာဘာဖြစ်လဲ"
"ဟီးးး ဆရာမနဲ့တိုင်မယ်"
"ဆရာမ မကလို့မင်းအဖေ၊အမေ၊မင်းအဖွားနဲ့တိုင်လဲဂရုမစိုက်ဘူးကွာရှင်းလားးး ဗလာ.. ဗလာ"
နေကြီးမှာကလေးအားလျှာထုတ်၍ပင်စနေသေးသည်။
"ဟီးးး သားသားသကြားလုံးကိုယူသွားတယ် လူဆိုးအကိုကြီး ဟီးးး"
ကလေးမှာအသံပင်ပို၍ပို၍ကျယ်ကာငိုလာသည်။
"ဟဲ့အထက်တန်းတွေ နင်တို့ကလေးကိုဘာလုပ်ကြတာတုန်း"
အခန်းထဲမှဆရာမမှကလေးငိုသံကြား၍ထွက်လာသည်။
"သားကြီးရေပြေးဟ"
နေကြီးမှာပြောအပြီးသုတ်ချီတင်အောင်ပြေးသွားသော်လဲခင်ကြီးမှာခဏကမ္ဘာကြီးနှင့်အဆက်အသွယ်ပြတ်နေပေသည်။
"ဟာဟာ နေကြီးစောင့်အုံးလေ"
သတိပြန်ဝင်လာသည်နှင့် ကြိမ်လုံးနဲ့ထွက်လာသောဆရာမလက်ကလွတ်အောင်နေကြီးနောက်အမှီလိုက်ရပေသည်။
"နေကြီးသကြားလုံးစားချင်တာပြောပါလားဗျာ ဝယ်ကျွေးမှာပေါ့ ဘယ်နှယ့် KG ကလေးဆီကလုရတယ်လို့ ပြေးရတာမောလိုက်တာဆိုတာ"
"လျှာမရှည်နဲ့လောလောဆယ်အတွက်သူကငါ့ရန်သူ ငါအောင်နိုင်သွားပြီ ဟားဟား"
နေကြီးမှာတော့သူ့ဘာသာပီတိဖြစ်ကာပြုံးနေပေသည်။
"အဲ့ဆိုလဲနေခဲ့တော့ကိုယ့်ဘာသာမုန့်သွားဝယ်ရင်းစော်ငမ်းတော့မယ် ဘယ်နှယ့် ပွဲဆိုလို့လိုက်ပါတယ် ကလေးဆီကမုန့်လုပွဲကြီး သိက္ခာတောင်ကျမယ်"
ခင်ကြီးမှာပွစိပွစိပြောရင်း ထွက်သွားပေသည်။နေကြီးလဲ အိတ်ထဲကတုတ်ထိုးသကြားလုံးကိုအရသာခံစားနေမိသည်။
*ဟိုကလေးဟာဖြစ်လို့လားမသိချိုလိုက်တာ ဟဲဟဲ*
"နေမျိုးကျက်သရေ~~"
*ငါ့နာမည်ကိုဘယ်သူက အဲ့လိုလေသံမာမာနဲ့ခေါ်ရဲတာလဲဟ ငါ့လာစမ်းနေတာပဲ*
နေကြီးမှာခေါ်သံကြားရာဘက်သို့ကြည့်လိုက်သည်။
ဒေါင်း..သူ့ရဲ့ဒေါင်းလာနေတာပဲ မျက်နှာကိုကြည့်သည်နှင့်လှပစွာလာခြင်းမဟုတ်။
ထင်သည့်အတိုင်းပါပင် အနားရောက်သည်နှင့်ဗိုက်ကိုလိမ်ဆွဲလာသည်။
"အားးအားး မေ အဲ ဆရာမ ဆရာမ ဘာလုပ်တာလဲဗျ"
"မင်းဘာလုပ်လဲမင်းမသိဘူးလား အခုချက်ခြင်းငါ့နောက်လိုက်ခဲ့"
နှင်းမေမှာပြောအပြီးသူ့ရှေ့ကထွက်သွားသည်။နေကြီးလဲတုတ်ထိုးသကြားလုံးစုပ်လျက်နောက်ကနေလိုက်လာလိုက်သည်။
နှင်းမေဦးတည်လာသောနေရာမှာ ကျောင်းရဲ့ပြန်လည်ဆေးသုတ်နေတဲ့အဆောင်ဟောင်းပင်။ထိုနေရာကိုတခြားကလေးတွေလတ်တလောလာခွင့်မရပေ။
"ကဲထိုင်စမ်းကိုယ်တော် "
အဆောင်ရဲ့ အောက်ခြေ လှေကားဘေးမှာ စောင့်ကြောင့်ထိုင်လျက် ဆိုလာသည်။
"ဘာဖြစ်လို့လဲ လူကိုလိမ်ဆွဲတာ နာလိုက်တာဆိုတာဗျာ"
"ဪရှင်ကဘာလို့ သူငယ်တန်းကလေးဆီကသကြားလုံးယူစားရတာလဲ ဘယ်လောက်ငတ်နေလို့လဲဟင်"
နှင်းမေမှာထပ်၍ဗိုက်အားလိမ်ဆွဲလာပြန်သည်။
"အားး နာတယ်ဗျ တော်ပါတော့နော် အဲ့တာမေ့ကြောင့်နော်"
"ဪ ကျွန်မကြောင့်ဖြစ်ရချည်သေး..ဆိုစမ်း"
"မေပေါ့ အဆောင်ကူးပြီးစာသွားသင်တိုင်းအဲ့ကလေးကိုချစ်စရာလေးဆိုပြီးနမ်းနမ်းနေတာ မနာလိုလို့ သဝန်တိုလို့ ဟိုကောင်ကလဲမေလာတာနဲ့ကိုအခန်းထဲကပြေးထွက်လာတော့တာပဲအမြင်ကိုကပ်တယ် ငယ်သေးလို့ပေါ့ ကြီးရင်ဆွဲထိုးတယ်"
နှင်းမေမှာ ရှုံ့မဲ့စွာပြောနေသော ကို့ အဖြစ်ကိုကြည့်ကာရယ်ရခက်ငိုရခက်ပင်။
"သူကကလေးပဲရှိသေးတာလေကွယ်"
"ကလေးမို့လို့စိတ်ကိုလျော့ထားတာပေါ့ဗျာ မေနော်ကျွန်တော်တကယ်မကြိုက်ဘူး ပြီးတော့"
"ပြီးတော့ဘာဖြစ်လဲ"
"မနက်ကဟိုကောင်မလေးနှစ်ယောက်"
"အော် ပြည့်ပြည့်တို့ကိုလား"
"ဘာပြည့်ပြည့်လဲမေနော် အဲ့လိုမျိုးမခေါ်နဲ့ နာမည့်အစုံကိုခေါ်နော်"
ကို ဟာနဂိုထဲကသူကလွဲပြီးတခြားသူအားနာမည်အဖျားစွတ်ခေါ်တာကိုမကြိုက်ပေ။
"ဟုတ်ပါပြီကွယ်"
"ပြီးတော့အဲ့ပြည့်သက်ဝိုင်းဇော်ဆိုတဲ့ဘေးကကောင်မလေးကိုမသင်္ကာဘူးနော် သူ့အကြည့်ကမဟုတ်ဘူး"
"ဘာမဟုတ်တာလဲကိုရဲ့"
"သူ့အကြည့်ကမေ့အပေါ်မရိုးဘူး ပြီးတော့ကျွန်တော်တောင်မပန်ပေးဖူးတဲ့မေ့ခေါင်းပေါ်ပန်းပန်ပေးတာမကြိုက်ဘူးနော်"
မျက်ဝန်းဝိုင်းဝိုင်းဖြင့်သူ့ခေါင်းထက်ကပန်းတွေကိုကြည့်ကာဆွေးမြေ့စွာ ကို ဟာဆိုသည်။
နေမျိုးကျက်သရေဟာနှင်းမေကိုပန်းပေးဖူးပေမဲ့ဘယ်တော့မှသူကိုယ်တိုင်မပန်ပေး။တစ်နေ့မေ့ကိုပိုင်ဆိုင်တဲ့နေ့မှသာ သူမဆံနွယ်ထက်သူမြတ်နိုးရတဲ့ပန်းတို့အားပန်ဆင်ပေးချင်သောကြောင့်ပင်။
"မေ..လက်မခံလိုက်ပါဘူးကိုရယ်"
"ဒါဆိုမေ့ခေါင်းကပန်းတွေက"
"ဒါကအခန်းထဲကကလေးတွေကဘုရားပန်းထိုးရင်းပိုလို့ လာပေးထားတာပါ မေ့ကိုယ့်ဘာသာပန်ထားတာ"
"တကယ်လားဟင်"
"တကယ်ပါ သူတို့ခေါင်းမှာပန်ပေးချင်တာကိုငြင်းပြီး သူတို့ပေးတဲ့ပန်းကိုလဲရုံးခန်းမှာဆရာမကြီးကိုသွားပေးလိုက်တယ် ဟီး.."
မေဟာသူ့အားပြုံးရယ်လျက်ဆိုလာသည်။
"အဲ့တာကြောင့်မေ့ကိုချစ်နေရတာ အာ..ဘွား"
"Stop..အကိုစိတ်ထိန်း ကျောင်းမှာလေ ပြီးရင်ကျောင်းပြန်ခေါ်တော့မှာ သွားကြမယ်"
"ဟွန့်မေကလဲ အဲ့ပါးလေးကိုနမ်းချင်လို့ကို"
"ကဲပါ ဆူပုတ်မနေနဲ့ လာခဲ့"
"မလာဘူး .."
"အင်းလေ မလာနဲ့နေပေါ့ အိမ်ကဖေဖေနဲ့မေမေတို့ကခရီးသွားမှာမလို့သူ့ကိုအိမ်စောင့်ခေါ်အိပ်မလားလို့မလာလဲနေ"
နှင်းမေမှာပြောပြီးပြေးသွားသည်။
"ဟာ မေ.. မေ လာမယ်လို့ လာအိပ်မယ်လို့"
နေကြီးမှာရှေ့ကပြေးနေသောအမျိုးသမီးလေးထံသို့ အမြန်ပင်လိုက်ရပေသည်။
#2590words
ဟီး😁မင်မင်ခရီးသွားတာLaptopထားခဲ့လို့ခုမှတင်ပေးရတယ် sorryပါဗျာ😅
Thank you for reading......
You are reading the story above: TeenFic.Net