"နေကြီး ဒီနေ့ပြုံးဖြီးနေပါလားမျက်နှာက"
(ခင်ကြီး)
ကျောင်းရောက်ရောက်ခြင်းပင်ခင်ကြီးမှလွယ်အိတ်ချလျက်ဆိုသည်။
"ပုံမှန်ပါပဲကွာမင်းထင်လို့ပါ"
(နေကြီး)
"မဟုတ်ဘူးမဟုတ်ဘူးထူးခြားနေတယ် ငါခုနကထဲကသူ့ကိုကြည့်နေတာ အောင်မလေးကောင်းကင်ကြီးကိုကြည့်ပြီးပြုံးဖြီးနေတာ ဒါတွေကရည်းစားရှိတဲ့လူတွေရဲ့လက္ခဏာဟ"
(လမင်းချို)
"နေကြီးရည်းစားရှိနေပြီမလား"
(ပုတီး)
"မရှိရပါဘူးဟ နင်တို့ကလဲကောင်းကင်ကြည့်တာတောင်အပြစ်ပြောနေတယ် ဒုက္ခပဲ"
(နေကြီး)
"တကယ်လို့တွဲမယ်ဆိုလဲနေကြီးရယ် သူချစ်ကိုပဲတွဲစမ်းပါ အပျိုကြီးလိုလူကိုဆို ရှောင်လိုက်"
(သိမ့်တုန်)
"ဘာဖြစ်လို့လဲဟ"
(နေကြီး)
"ကိုယ်ချစ်တွေကပင်ပန်းရတယ်လေ သူ့ဘက်ကလဲမေတ္တာဆိုတဲ့အရာကိုရောင်ပြန်ဟပ်အုံးမှလေ ဒါတွေကိုကနေကြီးအသိဆုံးပါ"
(သိမ့်တုန်)
"ကဲပါကွာမင်းတို့ကလဲ ငါ့ကြီးတရားချနေတာပဲ ဒီနေ့နင်တို့အသင်းနေ့မလားကိုယ့်လုပ်စရာရှိတဲ့ဟာသွားလုပ်ကြအုံး"
(နေကြီး)
ထိုကလေးတစ်ဖွဲ့ကြောင့် နေမျိုးကျက်သရေပျော်နေသည့်အတွေးများမှ ခဏရုံးထွက်လာမိသည်။တစ်ခါတစ်လေမေဟာတစ်ခုခုကိုဝန်ပိနေသည့်ပုံ။အသက်အရွယ်ကွာခြားမှုနဲ့ပုံမှန်မဟုတ်သောဆက်နွယ်မိသည့်မေတ္တာကြောင့်လဲဖြစ်နိုင်ပေသည်။
သေချာသည်တစ်ခုကဒီလိုသူတို့နှစ်ဦးဆက်နွယ်မှုမှာမေ့ဘက်ဟာလဲလွယ်ကူမည်တော့မဟုတ်။
ထိုခက်ခဲတဲ့ပတ်ဝန်းကျင်မျိုးစုံနဲ့ရင်ဆိုင်ရမည့်လမ်းကြောင်းကိုသူတို့နှစ်ဦးမည်မျှပင်လက်တွဲဖြတ်ကျော်နိုင်မည်လဲ။ထိုသည်ကပင်အဖြေမသိနိုင်တဲ့ပဟေဠိပင်။
~~~~~~~~~~~~
"တက္ကသိုလ်ကျောင်းတော်သားကို
အကြင်နာပိုမိလို့ ~~
အားငယ်မိတယ်မေ့မှာ
မခင်တွယ်မှာဆိုးလို့"
လချုပ်စာရင်းတွေလုပ်နေသောနှင်းမေမှာပါးစပ်မှလဲ သီချင်းသံလေးတငြီးငြီးဖြင့်ပင်။
"အမတို့များနော် ဘယ်တက္ကသိုလ်ကျောင်းတော်သားကိုကြင်နာမိနေပါလိမ့် မဆိုစဖူး သီချင်းတွေဘာတွေဆိုလို့ပါလား"
"မဟုတ်ရပါဘူးထိပ်ထားရယ် အမကဒီတိုင်းဆိုမိသွားတာပါ"
(နှင်းမေ)
"မသိပါဘူးအမရယ် အမပုံကပျော်စရာရှိသည့်ပုံနဲ့ ဘာတွေများကြိတ်ပျော်နေလဲလို့မျှပါအုံးလား"
(ထိပ်ထားဗိုလ်)
"မရှိပါဘူးထိပ်ထားရယ် ဟိုဟာ ဟိုဟာလေ အဲ လစာ ဟုတ်တယ် လကုန်ပြီဆိုတော့လစာထုတ်ရတော့မယ်လေအဲ့တာကြောင့်ပါ"
(နှင်းမေ)
"မရိုးဘူးမရိုးဘူးဒီအပျိုကြီးတစ်ခုခုတော့တစ်ခုခုပဲထိပ်ထားရေ တို့တွေကိုသူတော့သစ္စာဖောက်တော့မယ်ထင်ပါ့"
စာသင်ကြားပြီး၍မြန်မာစာပုံလိပ်လေးကိုင်ကာနားနေခန်းထဲဝင်လာသော ဒေါ်ရည်မွန်ခမှ ဒေါ်ထိပ်ထားဗိုလ်အားကြည့်ကာဆိုလေသည်။
"ဟာအမရည်မွန်ကလဲ မဟုတ်တာ အပျိုကြီးလုပ်နေရတာဒီလောက်အေးချမ်းတာကိုအပူမရှာပါဘူးနော်"
(နှင်းမေ)
"ဟုတ်ပါပြီနှင်းမေရယ်ပြောတော့လဲယုံပေးရတာပေါ့လေ နောက်တော့မှတို့တွေကိုဖိတ်စာလေးဝိုင်းဝေပေးပါအုံးအမတို့ရေမလုပ်နဲ့နော်"
(ရည်မွန်ခ)
"ဟာအမတို့ကလဲညီမပဲစနေတာပဲ တော်ပြီ အတန်းသွားဝင်တော့မယ်"
(နှင်းမေ)
နှင်းမေလဲရှက်ရှက်ဖြင့် ပစ္စည်းတွေသိမ်းကာနားနေခန်းထဲမှထွက်လာသည်။
*ရှက်လို့သာထွက်လာရတာငါဘယ်အခန်းဝင်ရမှာပါလိမ့်*
ဖုန်းထဲတွင်ရိုက်ထားသောTime tableကိုကြည့်မိတော့ တစ်ပတ်မှာနှစ်ကြိမ်သာပါသော ကို့အခန်းပင်။
အိတ်အနီလေးကိုပုခုံးတစ်ခြမ်းလွယ်ကာ လက်ထဲမှာ စာအုပ်လေးတစ်ချို့ပိုက်ကာ တဖြည်းဖြည်းအခန်းရှိရာလျှောက်လာခဲ့သည်။
နေမျိုးကျက်သရေမှာတော့ မရိုးနိုင်အီလည်နေပြီဖြစ်သောဇီဝဗေဒ တရားအားနာလျှက်ပင်။
*အချိန်ကုန်နေပြီကိုကွာဆရာမကလဲမထွက်တော့ဘူး*
နှင်းမေအခန်းထဲကဆရာမမထွက်သေး၍ အခန်းထောင့်မှနေကာကို့အား ပြုံး၍ကြည့်နေမိသည်။ဆရာမစာရှင်းချိန်သမ်းလိုက်ငိုက်လိုက်နဲ့ မေ့ကလေးမှာပထမချိန်ထဲကအတော်ပင်စာ၌ပျော်ဝင်နေပြီထင်သည်။
"အတန်းထ နှုတ်ဆက်"
*အောင်မလေးကမ္ဘာ့အချိန်စက်ဝန်းလည်ပတ်ချိန်တိုင်းမှာ အတန်းခေါင်းဆောင်ရယ် မင်းအသံကြားချင်တာဒီအချိန်ပဲရှိတယ်*
နေကြီးလဲစိတ်ထဲမှရေရွတ်၍ အခန်းထဲမှထွက်မည့်Bioဆရာမကိုနှုတ်ဆက်လိုက်သည်။
"Good morning class"
(နှင်းမေ)
"Good morning Teachel"
(All)
"Ok sit down"
(နှင်းမေ)
"Thank you Teachel"
(All)
အပျိုကြီးဝင်လာထဲကတက်ကြွမြူးထူးနေသောနေကြီးမှာသွားလဲသုံးဆယ့်နှစ်ချောင်းဖြီးလျက်ပင်။
"နေကြီးရေစိအုံး"
(လမင်း)
"ဘာကိုလဲဟ"
(နေကြီး)
"အဲ့ပါးစပ်ပေါက်ကြီးကို"
"Move onနေပင်လို့သာပဲ မဟုတ်ရင် ဟိုအရှေ့မှာ ငုတ်တုတ်ထိုင်ပြီးတစိမ့်စိမ့်ကြည့်နေမလားမသိ"
(သိမ့်တုန်)
"နောက်မှပြောကြ ဟိုကစာသင်နေပြီ"
(နေကြီး)
အကုန်လုံးငြိမ်လိုက်ပြီးစာရှင်းသည်ကိုဂရုစိုက်ကာနားထောင်နေကြသည်။
နေကြီးမှာတော့ထုံးစံအတိုင်းငမ်းမြဲငမ်းဆဲ။
"ကဲကလေးတို့ဒီနေ့သင်တဲ့ကဗျာလေးကိုကျက်ထားနော် တီချယ်နောက်အချိန်ဝင်တဲ့အခါစစ်မယ် အားလုံးပဲGood bye class"
"Good bye Teachel."
*ငါ့အပျိုကြီးအချိန်တွေဆိုဘာလို့မြန်နေမှန်းကိုမသိတာပါကွာ အချိန်တွေကြိုးနဲ့ချည်လို့ရချည်ထားချင်တယ်*
နေမျိုးကျက်သရေ လွယ်အိတ်ထဲစာအုပ်အားသိမ်းတော့ သူမနက်ကဝယ်ထားတဲ့မုန့်ကိုတွေ့သည်။
*ဟိုက် ပေးလိုက်ဖို့ကိုမေ့သွားပြီ*
"ခင်ကြီး မင်းဘယ်သွားမလို့လဲ"
"ဒီအချိန်ဆိုစော်ချောချောလေးတွေကနေ့တစ်ဝက်အတင်းလာပြောတတ်တယ်လေ ဟဲဟဲ"
"အတင်းတောင်နေ့တစ်ဝက်အတင်းဆိုပဲ ထားပါကွာ ဒီမုန့်လေးယူပြီးအပျိုကြီးကိုအမှီလိုက်သွားပေးပေးစမ်းပါ သူ့ကြိုက်တဲ့ဟာမလို့"
"ဘာကျေးဇူးရှိလို့လဲနေကြီးက မလုပ်ပေးနိုင်ပါဘူး"
"ကဲပါကွာဖုန်းနံပါတ်..မင်းကြိုက်နေတဲ့ ဟိုအုပ်ကြီးသမီးဖုန်းနံပါတ်ပေးမယ်"
"တကယ်~~"
ခင်ကြီးမျက်နှာမှာ မှိုရသည့်အပြုံးနှင့်။
"ပေးပေး သွားပေးလိုက်မယ်အမြန်"
အပြောနှင့်အလုပ်ညီစွာလက်ထဲကမုန့်အားလုလျှက်ထွက်သွားလေသည်။
"နေကြီး"
"ဟေ"
"အိမ်စာပြီးပြီလား"
လမင်းမှာ လက်ထဲကစာအုပ်အချို့ဖြင့်သူ့ဘေးလာကာမေးသည်။
"အိမ်စာ ဘာအိမ်စာလဲဟ"
"ဟားဟား အဲ့တာမျိုးကိုကြိုက်တာ ခုမှ ခွေးဖြစ်ဖော်ရတော့တယ်နေကြီးရယ်"
"ဟမ်"
"ဒီမှာလေ မနေ့ကmath အိမ်စာပေးလိုက်တာ အခုတော့Hyperသိမ့်ကိုမုန့်ကျွေးပြီးသူ့စာအုပ်ငှားလာတယ်"
"အေးဟုတ်သားပဲငါတစ်စက်မှသတိမရ"
"ကဲပါထား ကူးရအောင်အမြန် ဆရာမမလာခင်"
နေကြီးနဲ့လမင်းမှာ hyper သိမ့်စာအုပ်အားအလယ်ချလျှက်ဖင်ထောင်အောင်ကူးနေတော့သည်။
"စောက်ရေးမပါဘူးဗျာ"
ခင်ကြီးမှာ အခန်းထဲကိုပြန်ဝင်လာကာမျက်နှာမှာလဲဆူပုတ်လျက်။
"ဘာဖြစ်လို့လဲခင်ကြီးဟိုကမယူဘူးလား"
(နေကြီး)
"ဘယ်ကသာဗျာ ကျွန်တော်သွားပေးတယ်ဘာပြောလဲသိလား နင့်ကျွေးတာကိုငါကဘာလို့စားရမှာလဲမစားဘူးတဲ့လေ အဲ့တာနဲ့ကျွန်တော်လဲ ကျွန်တော်ကကျွေးတာမဟုတ်ဘူးနေကြီးပေးခိုင်းတာဆိုတော့ ဟုတ်လားပေး ဆိုပြီးယူသွားတယ် ကောင်းလားဗျာအဲ့တာ"
(ခင်ကြီး)
"မင်းကလဲကွာအဲ့တာဘာဖြစ်လို့"
(နေကြီး)
"ဘာဖြစ်ရမှာလဲ ကျွန်တော့်ကိုဆိုချေမိုးနေလိုက်တာများ ဒီကလဲသူ့ကိုဆိုမကျွေးချင်ပါဘူးနော် တစ်လောကလုံးကိုပလေးလာတဲ့ကျွန်တော့်လိုလူကိုများသူကပြန်ချေသွားသေး အဲ့အပျိုကြီးလေအဲ့တာကြောင့် ယောင်္ကျားမရတာသိလား အကျင့်ကိုမကောင်းဘူး တစ်သက်လုံးလဲကျွန်တော်နဲ့တည့်မှာမဟုတ်"
(ခင်ကြီး)
မေခင်မြတ်နိုးနဲ့ဒေါင်းနှင်းမေဟာတစ်ချိန်လုံးသူBlameကိုယ်Blame စစ်ခင်းနေကြသူတွေပင်။အပျိုကြီးဟာလဲခင်ကြီးကိုဆိုတစ်ချိန်လုံးဖဲ့နေသလို ခင်ကြီးဟာလဲ အပျိုကြီးကို neglectလုပ်ထားသူပင်။
"ကဲပါကွာစိတ်လျော့ပါ မင်းကိုစသွားတာနေမှာပါ"
(နေကြီး)
"တကယ်ပါဗျာ သူနဲ့ကတော့လေ မဖြစ်ပါဘူးကြာရင်အသက်တိုမယ် ကဲနေကြီး အသက်ရှည်ဆေးပေးတော့"
(ခင်ကြီး)
"အေးပါကွာ ရော့ရော့"
နေမျိုးကျက်သရေလဲ စာရွက်တစ်ရွက်မှာ ဖုန်းနံပါတ်ချရေးကာပေးလိုက်သည်။ ထိုမှသာ
သကောင့်သားကမြူးထူးပျော်ပါးလျက်သူ့နေရာသို့ပြန်ထွက်သွားသည်။
"ဪ ပုတီး ငါညနေကျူရှင်မလာဘူး"
(နေကြီး)
"ဘာဖြစ်လို့လဲနေကြီး"
(ပုတီး)
"အရေးတကြီး သွားစရာလေးရှိလို့"
(နေကြီး)
"ဟုတ်ကဲ့ပါ"
(ပုတီး)
____________________
"လာပြီမေရေ ရေချိုးနေလို့ အခုထွက်ခဲ့မယ်နော်"
"ပြီးရောဗိုက်ဆာနေပြီ"
"ဘာစားမလဲ ကိုဘာဝယ်ခဲ့ရမလဲ"
"As you like"
*ဘုရားဘုရားအသံအခြေအနေကမokပါလားဟ*
နေမျိုးကျက်သရေမှာ အဝတ်အစားကိုအမြန်ဝတ်ကာပိုက်ဆံအိတ်ယူလျက်အမြန်သွားရန်ပြင်ရပေသည်။
သူကလဲသူပါပဲ ယခုအချိန်မှာ ညနေ ၆နာရီခွဲ။သူ့ကိုမေ့ကခေါ်ထားသည်ကညနေလေးနာရီ အသက်ကိုဖက်နှင့်ထုတ်၍သာ သူမအိမ်ဝတံခါးဆီသို့ မုန့်ထုပ်တချို့နဲ့ချီတက်လာရသည်။
"မေ~~"
"ဘာလဲ ဘာလာလုပ်တာလဲ"
တံခါးဖွင့်ပေးကာအဝတွင်ရပ်လျက်ချစ်ရသူရဲ့ ကြိုဆိုသံဟာနာပျော်ဖွယ်ရာ။
"မေရယ် မေ့တစ်ယောက်ထဲအိမ်မှာစိတ်မချလို့လာစောင့်တာလေ"
"တော်စမ်း ရှင့်ကိုခေါ်ထားတာဘယ်အချိန်လဲ"
"ညနေလေးနာရီလေ"
"အခုက"
"ခြောက်နာရီခွဲ"
"သိပ်ကိုအချိန်တိကျတာပဲနော်ကိုနေမျိုးကျက်သရေရှင့်"
သူ့အားရွဲ့တဲ့တဲ့ဆိုလာသောမေ့ကို အားနေသောလက်တစ်ဖက်ဖြင့်ပုခုံးလေးကအသာဖက်လျက် အိမ်ထဲသို့ပြန်ဆွဲခေါ်လာရသည်။
"မေရယ် ကိုကမေ့အကြောင်းတွေးနေရတာနဲ့အချိန်တွေကိုမေ့သွားလို့ပါ"
"တိတ်စမ်း အပိုတွေမပြောနဲ့"
"တကယ်ပါမေကလဲ မေဗိုက်ဆာပြီဆိုလို့ ကိုမုန့်ဝယ်လာတယ်လေ"
"မုန့်မျက်နှာကြောင့်နော်ရှင် နောက်တစ်ခါဆိုမလွယ်ဘူး"
"ဟုတ်ပါပြီဗျာအခုလိုအလျော့ပေးလို့ဒီအချောအလှလေးကိုချစ်နေရတာ"
နေမျိုးကျက်သရေမှာ နှင်းမေရဲ့မေးစေ့လေးကိုင်လျက်မျက်ဝန်းများကိုစိုက်ကြည့်ကာဆိုသည်။
"နေ..နေစမ်းပါအုံး ဟိုကထောင်နေတဲ့ပုလင်းတွေကဘာလဲ"
"ဟို ဟိုဟာလေ"
"ဘာဟိုဟာလဲ ကို့အရက်တွေဝယ်လာတာလား"
နှင်းမေရဲ့အော်သံကြောင့်နေမျိုးကျက်သရေ တုန်တက်ရပေသည်။
"အရက်မဟုတ်ပါဘူးမေရယ် wineပါ"
"သေချာတယ်နော်အရက်မဟုတ်တာ"
"တကယ်ပါမေရယ် မေနဲ့ ဝိုင်တူတူသောက်ချင်လို့ ဝယ်လာတာပါ"
"အင်းပါအရက်မဟုတ်ပြီးရော တို့တော့မသောက် ဘူးညကျဘုရားရှိခိုးရအုံးမှာ"
"မေရယ်ခွင့်ယူလိုက်ပါ"
"ဘယ်လို ဘုရားရှိခိုးတာခွင့်ယူလို့ရရိုးလား မင်းကတော့လေ"
"အဲ့တော့ကျွန်တော်ကတစ်ယောက်ထဲသောက်ရမှာလားပျင်းစရာကြီး"
အတူတူသောက်ချင်လို့ဝယ်လာတာကို ငြင်းဆန်လိုက်သောအပျိုကြီးကြောင့်ဘဝကြီးကနေထိုင်လို့မကောင်းတော့ပါ။
"ကဲပါအဲ့လိုကြီးဆူပုတ်မနဲ့ နဂိုထဲကရုပ်ဆိုးရတဲ့ကြားထဲပိုဆိုးသွားပြီ"
"ဟာ..မေနော် အဲ့ရုပ်ဆိုးကိုပဲမေကြိုက်ခဲ့တာလေ"
"ဟုတ်ပါတယ် ကျုပ်ကအနီးမှုန်နေလို့ ကဲပါ သောက်စေချင်တာမလားမင်းပြောသလိုတစ်ရက်ခွင့်ယူလိုက်မယ်ဟုတ်ပြီလား"
"ဟီး အဲ့တာကြောင့်ရည်စားလေးကိုချစ်နေရတာ"
"ကဲတော် ကျောင်းကပြန်လာထဲကစာရင်းတွေလက်စသတ်နေရတာ တို့ရေသွားချိုးလိုက်အုံးမယ်"
"လိုက်ပေးရမလား"
နေမျိုးကျက်သရေရဲ့အကြည့်နဲ့အမေးမှာကကျက်သီးထဖွယ်အတိ။
"ဘာ~~"
"မဟုတ်ဘူးလေ ကြောက်နေမှာစိုးလို့လိုက်စောင့်ပေးရမလားလို့"
"မလိုပါဘူးနော် ဒါကျွန်မအိမ် ဘာမှကိုကြောက်စရာမရှိတာ"
"ဟုတ်ပါပြီဗျာ အဲ့တာဆိုလဲမေသွားချိုး ကျွန်တော်ပြီးရင် စားဖို့ပြင်ထားလိုက်မယ်"
"ဘာစားမှာတုန်း"
"ဟာဗျာ ဒီအပျိုကြီးနှယ့်ဒုက္ခပဲ ဘာတွေတွေးနေလဲမသိမုန့်စားမှာလေ ဝယ်လာတဲ့မုန့်တွေကိုပြောတာ"
"အောင်မယ် ကျွန်မကရောဘာပြောနေလို့လဲ ဘာမုန့်စားမှာလဲမေးတာကို"
"ဒီမှာဗျ အသက်ပြည့်ဖို့တစ်နှစ်လိုသေးတဲ့လူပျိုနုနုထွတ်ထွတ်နော်ကြိုပြောထားတာ"
"အဲ့မှာလေ အနုလွန်ပြီးနူသွားလိမ့်မယ် ဟွန့်"
သူ့အားမျက်စောင်းထိုးကာပင်အိမ်နောက်ဘက်ကိုထွက်သွားသည်။
နေမျိုးကျက်သရေလဲသူ့မနိုင်စိန်လေးထွက်သွားသည်ကိုကြည့်ကာပြုံးလျက်ပင် စားသောက်ဖို့ရာပြင်ဆင်နေလိုက်သည်။
ဖလပ်🥲(မီးပျက်ခြင်း)
"ကိုရေ ကိုရေလို့"
"ဗျာဗျာ လာပြီလာပြီ"
မီးပျက်သွားသည်နှင့်ထွက်ပေါ်လာသောအော်သံကြောင့် phone flashlightကိုဖွင့်ကာအသံလာရာသို့အမြန်ပြေးရပေသည်။
ထို့နောက်ပိတ်ထားသောရေချိုးခန်းတံခါးအားအသာအယာတီးခေါက်လျက်အထဲမှမေ့အားခေါ်မိသည်။
"မေ ဘာဖြစ်လို့လဲ"
"ဟိုဟာ မီးပျက်သွားတော့ကြောက်လို့"
ပေါ်လာသောအသံငယ်လေးမှာအသည်းယားဖွယ်အချစ်ပိုဖွယ်လေ။
"ကဲပါကျွန်တော်ရှိတယ်နော်စောင့်ပေးနေမယ်"
"အင်း"
နေမျိုးကျက်သရေမှာတံခါးရှေ့မှာခေါက်တို့ခေါက်ပြန်လျောက်လျက်စောင့်နေရပေသည်။အနည်းငယ်ကြာတော့မေဟာ ထမိန်ရင်လျားလျက်အပေါ်ကပုဝါခြုံကာထွက်လာပေသည်။
"ဟိုဘက်လှည့်လေလို့ ဘာလို့ကြည့်နေတာလဲ"
Phone flashlightရဲ့အောက်ကမေ့မျက်နှာရှက်သွေးဖြာပန်းရောင်သမ်းနေပေသည်။
"ဘာရှက်စရာရှိလို့လဲလို့ ကိုယ့်ရည်းစားကကြည့်တာပဲ"
"တော်စမ်း မီးလိုက်ပြ inverter သွားဖွင့်မလို့"
"ခုလိုမှောင်နေတာကပိုကောင်းတာကို"
နေမျိုးကျက်သရေမှာတီးတိုးစွာပြောရင်းနောက်မှမီးပြ၍လိုက်လာရသည်။
နှင်းမေလဲ အိမ်အရှေ့ဘက်ခေါင်းရင်းခြမ်းရှိ inverter ကိုဖွင့်လိုက်သည်။
"ခဏစောင့်အုံးအင်္ကျီသွားဝတ်လိုက်အုံးမယ်"
"လိုက်ခဲ့ပေးမယ်လေ အခန်းထဲ"
"ဘာကိစ္စလိုက်မှာလဲလို့ မင်းက"
နှင်းမေမှာပြောလဲပြောဗိုက်ကိုလဲလိမ်ဆွဲလာသည်။
"အား အား လွှတ်ပါဗျာ ခဏကလိုကြောက်နေမှာဆိုးလို့လိုက်ပေးမလို့ကို လူကိုနှိပ်စက်နေတယ်ဗျို့အိမ်ခေါ်ပြီးတော့ဒီအပျိုကြီးက"
"ခုနကကြောက်တာမီးပျက်နေလို့ခုမကြောက်ဘူးမလိုက်လာနဲ့"
"ဟုတ်ဟုတ်"
*အပျိူကြီးတွေကြိုက်ရတာလဲတကယ်မလွယ် ဘူး လိုတစ်မျိုးမလိုတစ်မျိုး အဲ့တာကြောင့်လဲ ငါ့လို မျိုး ကိုလာကြိုက်တာနေမှာ*
အိမ်ရှေ့ကဧည့်ခန်းရှိစားစရာတွေတင်ထားတဲ့စားပွဲဘေးခုံမှာထိုင်၍သာစောင့်နေရပေသည်။
"ကဲ မုန့်စားကြမယ်"
နှင်းမေမှာ နို့စိမ်းရောင်ဂါဝန်လေးကိုဝတ်ဆင်ထားက ဆံနွယ်များအားဖြေချထားလျက် ဖြူမြလှတဲ့အသားအရေနဲ့ ဂါဝန်လေးမှာလိုက်ဖတ်မှုရှိလှသည်။
"မေ"
"ရှင်"
နှင်းမေမှာမျက်နှာချင်းဆိုင်ထိုင်ခုံပေါ်ဝင်ထိုင်ကာပြန်ထူးသည်။
"မေသာလေ အဲ့ဝတ်စုံဝတ်ပြီးအပြင်ထွက်ကြည့်ကျွန်တော်စောင်နဲ့ထုတ်ပြီးပြန်ခေါ်လာမှာ"
"ဟင် ဘာဖြစ်လို့လဲ ကြည့်မကောင်းလို့လားဒို့"
"မဟုတ်ဘူးကြည့်ကောင်းလွန်နေလို့ပြီးတော့ အဲ့collarboneတွေ မြင်နေရတာကြောင့်"
"မင်းပြောတော့မှ ဝတ်ချင်သွားပြီအပြင်မှာ"
"မေနော် မိန်းကလေးကလုံလုံခြုံခြုံပဲဝတ်ရမယ်"
"မင်းကျတော့ရော"
"ဟော ကျွန်တော်ကမလုံခြုံရအောင်တီရှပ်အပွဝတ်ထားတာလေဗျာ"
"မသိဘူး ဝတ်ချင်တာဝတ်မှာပဲ"
"မေနော်ပြောမရဘူးလား"
နေမျိုးကျက်သရေအသံအနည်းငယ်ကျယ်ကာဆိုလိုက်သည်။
"ပြောမရတော့ ဘာလုပ်မှာမလို့လဲ"
နှင်းမေရဲ့မေးငေါ့ပြကာတုန့်ပြန်သံအဆုံးနေမျိုးကျက်သရေမှာနှင်းမေနားသွားကာဒူးထောက်လိုက်ပြီး
"မေရယ်ဒူးထောက်အရှုံးပေးပါရဲ့ဗျာ မဝတ်ပါနဲ့သဝန်တိုလွန်းလို့ပါလို့"
"အဲ့တာဆိုဒို့ပြောတာလုပ်ပေးမှာလား"
"လုပ်ပေးမယ်ဗျာ ဘာဖြစ်ဖြစ်"
"အဲ့တာဆိုအခန်းထဲကိုသွားလိုက် ပြီးရင် ကုတင်ဘေးက ဆိုဖာပေါ်မှာထောင်ထားတဲ့ဟာယူခဲ့"
"ဟုတ်"
နေကြီးလဲ အခန်းထဲဝင်ကာဆိုဖာအားကြည့်လိုက်သည်။ထို့နောက်အပြင်ကိုပြေးထွက်လာသည်။
လက်ထဲမှာလဲ navy blueရောင် guitarတစ်လက်ဖြင့်
"မေ guitarလေး"
နှင်းမေလဲထိုင်နေရာမှထလာကာ နေမျိုးကျက်သရေနားသွားလိုက်ပြီး
"ကို့အတွက်လက်ဆောင်လေ ဒီနေ့ကမေတို့ရဲ့ငါးလပြည့် monthsaryလေ"
"တောင်းပန်ပါတယ်မေရယ်ကျွန်တော်မေ့နေလို့"
"ရပါတယ်ကလေးရယ်ဒို့ကြားချင်တာတောင်းပန်စကားမဟုတ်ဘူး"
"မေဘာဖြစ်ချင်လဲဘာလိုချင်လဲကျွန်တော်ဘာလုပ်ပေးရမလဲဟင်"
"အင်းတစ်ခုတော့ရှိတယ်"
"ဘာလဲဟင်"
"အဲ့ဂီတာလေးနဲ့မေ့ကိုသီချင်းဆိုပြ"
"ဟုတ်ပါပြီဗျာ တောင်းဆိုချင်တဲ့သီချင်းများရှိလားဗျ"
"ဟင်အင်း ကို ဆိုသမျှအားလုံကြိုက်ပြီးသားမို့"
"ကဲလာအဲ့တာဆို ဒီခုံလေးမှာလာထိုင်"
နေမျိုးကျက်သရေမှာ နှင်းမေအားခုံမှာထိုင်စေကာသူလဲဘေးမှနေရာယူလျက် ဂီတာအားကြိုးညှိလိုက်သည်။
နှင်းမေတို့ရဲ့ဧည့်ခန်းကပြတင်းပေါက်မှာ ကောင်းကင်ယံမှကြယ်လေးများနှင့်လမင်းကြီးတို့ဖြင့်လှပတဲ့ပန်းချီကားသဖွယ်ပင်။
နေမျိုးကျက်သရေအကြည့်တို့အားမေ့မျက်ဝန်းထံဦးတည်လိုက်ကာ သံစဉ်တို့အားစတင်တီးခတ်သည်။
"မူယာလေးမော့မော့..
ဆံနွယ်ကျော့ကျော့မှာ..
မင်းပန်ဖို့ရည်စူးပန်းခူးခဲ့ပြီ..
လှပါတယ်မေရယ် ပန်းလေးတစ်ပွင့်လို့..
ပန်းပန်သူမူယာသွေး အေးမြလှတယ်..
ကဗျာဖွဲ့ဖွဲ့ စာနွဲ့နွဲ့ ကဗျာရေးရေးစာရေးရေး..
လှလှပပချစ်သူ့မျက်နှာ ..
ကဗျာတွေစာတွေ သီဖွှဲ့လို့မမှီ.."
"ကို..ကျေးဇူးပါ"
"ဘာကိုလဲမေရဲ့"
"ဒီတိုင်းလေးပဲတို့လိုလူကိုချစ်ပေးခဲ့လို့"
"အဲ့အတွက်ဆိုကျွန်တော်ကတောင်ပိုလို့ကျေးဇူးတင်ရမှာပါ ဒီလိုလူဆိုးလူမိုက်လေးကိုချစ်ပေးလို့"
"ကဲကိုစားစရာတွေတောင်အေးကုန်ပြီ မြန်မြန်စားရအောင်နော်"
"မှန်တာပေါ့ မှန်တယ် မြန်မြန်စားမှပြီးရင်အိပ်ဖို့..."
"ကိုနေမျိုးကျက်သရေ ဖောက်လာပြန်ပြီတော်တော်အိပ်ချင်နေတယ်ဟုတ်လား"
"မဟုတ်ဘူးလေမေရဲ့အိပ်ယာပြင်ရမယ်ပြောမလို့ပါ"
ချစ်ရသူရဲ့အပြုံး အေးမြမြဝိုင်တစ်ခွက်နှင့်လပြည့်ဝန်းလေးအားငေးကြည့်ရသည်မှာမည်သည့်အရာနှင့်လဲ၍မရမည့် နိဗ္ဗာန်ဘုံနန်းနွယ်ပင်။
"မေ..အိပ်ကြရအောင်"
"မင်းအိပ်ချင်နေပြီလား"
"ဟုတ် ဆယ်နှစ်နာရီတောင်ထိုးတော့မယ်လေ"
"မင်းအိပ်ပဲအိပ်ချင်တာသေချာပြီဆိုအိပ်မယ်"
"ဟုတ်ဟုတ် အိပ်ကြမယ်နော်"
"ပြီးရော လာအိပ်မယ်"
နေမျိုးကျက်သရေမှာ မနက်သုံးနာရီလောက်မှအိပ်နေကျသူဖြစ်သော်လဲယခုအခါအင်မတန်အိပ်ချင်နေသည့်ပုံဖြင့်အိပ်ခန်းသို့နှင်းမေနောက်မှလိုက်လာသည်။
နှင်းမေရဲ့ကုတင်မှာနှစ်ယောက်အိပ်ကုတင်မို့သူတို့နှစ်ဦးအတွက်ကောင်းကောင်းဆန့်ပင်သည်။
"ဟင်မီးပြန်လာပြီနဲ့တူတယ် တို့မီးသွားချိန်းလိုက်အုံးမယ်"
နှင်းမေမှာ အပြင်သို့ပြန်ထွက်သွား၍နေမျိုးကျက်သရေမှာကုတင်ပေါ်၌သာငုတ်တုတ်ကျန်နေရသည်။
*ပျက်လိုက်လာလိုက်နဲ့ကွာEPCကကောင်တွေမိန်းမမရပါစေနဲ့*
"အိပ်တော့လေ ဘာထိုင်လုပ်နေတာလဲအိပ်ချင်ပြီဆိုပြီး"
"မေ့ကိုစောင့်နေတာလေ"
"ဘာကြောင့်မို့စောင့်နေတာလဲ"
"ဟောဗျာကိုယ့်ရည်းစားကိုဖက်ပြီးအိပ်ချင်တာပေါ့လို့"
"မရပါဘူးနော် ရာသီဥတုကဒီလောက်ပူနေတာကို တို့အိုက်တတ်တယ်"
"ဒါများဘာခက်လို့လဲ Airconကြီးတပ်ထားတာ အလှကြည့်ဖို့လားအပျိုကြီးရဲ့"
"ဖွင့်ရင်မီတာခတက်မှာပေါ့"
"ကဲကျွန်တော်ပေးမယ်ဗျာအဲ့မီတာခအဖက်သာခံပေးဟုတ်ပြီလား"
နေကြီးလဲnight lamp ဘေးရှိ Aircon remoteကိုကိုင်ကာဖွင့်ပြီးနှင်းမေအားကုတင်ပေါ်ဆွဲခေါ်လိုက်သည်။
နေမျိုးကျက်သရေရဲ့ ဆွဲလိုက်သည့်အရှိန်ဖြင့်နှင်းမေမှာ လှဲနေသောနေမျိုးကျက်သရေရင်ခွင်ပေါ်သို့ကျသွားသည်။
"ကို လွှတ်အုံးကွာ"
"မလွှတ်ပါဘူး မီတာခပေးရတာနဲ့တန်အောင်ဖက်ရမှာပေါ့"
"ကိုယ့်ပါသာပေးလိုက်တော့မယ်လေနော်လွှတ်"
"မရပါဘူးနော်"
"မဟုတ်ဘူးလေ ဖက်တာကဖက်လေ မင်းရင်ခွင်ပေါ်မှာဒီလိုကြီးအဖက်ခံထားရတာတစ်မျိုးကြီး"
"အပျိုကြီးလေးက မနေတတ်ဘူးပေါ့"
"အင်း ဘေးမှဝင်လှဲမယ်လေအဲ့တော့မှဖက်လေနော်"
"အဲ့တာဆို အာဘွားပေး"
"ဟာကိုကလဲ"
"မပေးရင်မလွှတ်ဘူးနော်"
"ကဲပါပေးမယ် ပေးမယ်"
နှင်းမေလဲ နေမျိုးကျက်သရေပါးလေးအားနမ်းလိုက်သည်။
"ဟွန့်..ဗလအားကိုးနဲ့မိုက်နေတဲ့ရည်းစားဆိုးကြီး"
နမ်းပေးလို့တင်းထားသောလက်လေးများအားအနည်းငယ်ဖြေလျော့ပေးလိုက်သည်နှင့်ထွက်ပေါ်လာသောမေ့ရဲ့စကားသံပင်။
"မေနော်ကျွန်တော်ကအားကသုံးရသေးတာမဟုတ်ဘူး အခုသုံးပြလိုက်ရမလား"
"မင်းနော် ဘာတွေပြောနေတာလဲ"
"ဘာပြောရသေးလို့လဲ"
"မသိဘူးသွား..သွားမလာနဲ့တို့ဘက်"
နှင်းမေမှာနေမျိုးကျက်သရေရဲ့ရင်ဘက်အားထု၍တွန်းထုတ်တော့ထိုကလေးကသူ့အားမကြည့်ပဲတစ်ဖက်လှည့်သွားသည်။ပြီးတော့တိတ်ဆိတ်သွားသည်။
"ကိုစိတ်ဆိုးသွားတာလားဟင် ဘာဖြစ်လို့လဲကိုရယ် မေကမင်းအသက်လဲမပြည့်သေးလို့ခွင့်မပြုတာပါ ပြီးတော့အရာရာကိုသေချာစဉ်းစားချင့်ချိန်စေချင်လို့ပါ ကို ..ကိုလို့"
ထို့နောက်သူမအပေါ်နေမျိုးကျက်သရေရဲ့ခန္ဓာကိုယ်တစ်ခြမ်းအုပ်မိုးလာသည်။
"ဘာ..ဘာလုပ်မလို့လဲ ဟင်"
နှင်းမေမှာအထိတ်တလန့်ဖြင့်အသံများပါတုန်ရီလျက်
"စောင်ယူတာပါမေရယ်မလန့်ပါနဲ့ ညကျရင်တဖြည်းဖြည်းနဲ့မေချမ်းလာမှာဆိုးလို့ ဒီစောင်အပါးလေးခြုံပေးမလို့ပါ"
"ခုနကစိတ်ဆိုးသွားတာလားဟင်"
"မဟုတ်ပါဘူးမေရဲ့ ကျွန်တော်ကမေ့ကိုဘာလို့စိတ်ဆိုးရမှာလဲ"
"မသိဘူးလေ တစ်ဖက်လှည့်သွားလို့"
"ဟီးအဲ့တာက သက်သက်စတာ မေကပြောချင်ရာတွေပြောပြီးချော့နေတာလေ ဒါနဲ့လေအဲ့တာပဲတွေးနေတာလား"
"ဘာ~~"
"ဟားဟား စတာပါမေရဲ့ နားကိုမဆွဲနဲ့တော့ဗျ"
"မင်းနော် တို့ကမင်းစိတ်ဆိုးတယ်ထင်နေတာကို"
"မဆိုးပါဘူးဗျာ ပြီးတော့ ကျွန်ေတာ်မေ့ဘဝကို ကောင်းမွန်အောင်သေချာစွာမဦးဆောင်နိုင်သေးသ၍ မေဆိုတဲ့ပန်းလေးကိုဘယ်တော့မှမပန်ဆင်သေးဘူး"
"ဟုတ်ပါပြီအိပ်တော့နော်"
နှင်းမေလဲကို့ရဲ့နဖူးလေးအားငြင်သာစွာနမ်းလိုက်သည်။
"မေလဲအိပ်တော့လေ မနက်ကျောင်းသွားရမှာ"
"မသွားချင်ပါဘူး"
"ဟင်ဘာဖြစ်လို့လဲတစ်နေရာရာများနေမကောင်းလို့လား"
"မဟုတ်ပါဘူး တို့မင်းနဲ့အတူလုပ်ချင်တဲ့အရာတွေထဲဒါလဲပါတယ် ကျောင်းတူတူပြေးဖို့"
"ဟုတ်ပါပြီဗျာ မေ့ဆန္ဒပြည့်ဝရပါမယ်နော် မနက်ဖြန်ကျရင်ကျွန်တော်တို့ကျောင်းပြေးကြရအောင်"
#4045words
#28.1.2023
အိပ်ချင်မူးတူးမို့စာလုံးပေါင်းမှာလေးတွေရှိရင်သည်းခံဖတ်ပေးနော် caroမနက်မှလိုက်စစ်ပြီးပြင်ပါ့မယ်။ဒီတစ်ခါကအရှည်ဆုံးအပိုင်းပါပဲရေးသမျှထဲ။
You are reading the story above: TeenFic.Net