အပိုင်း(၃၂)

Background color
Font
Font size
Line height

"ဟဲ့တော်ရုံပဲကျက်ကြစမ်းပါ သေရင်လဲကိုယ့်နောက်ပါတာမဟုတ်ပဲ"
(နေကြီး)

မနက်က နေကြီးတို့အခန်းကို အပျိုကြီးကစာဝင်မသင်ဖြစ်၍ တစ်ချိန်လုံးမျှော်နေခဲ့ရသော နေကြီးမှာခုချိန်ထိစိတ်အခြေအနေအဆင်မပြေနေပေ။ထို့ကြောင့်လဲဘေး၌စာကျက်နေသောသိမ့်တုန်ကိုအော်မိသည်။

"သေရင်ကိုယ့်နောက်မပါပင်မဲ့ရှင်သန်တဲ့တစ်လျောက်ကတော့ဒါနဲ့ပဲလုပ်စားရမှာကို"
(သိမ့်တုန်)

"ဒါပင်မဲ့နင်တို့ဟာကဒီနေ့မှကျောင်းလေးတစ်ရက်တက်ပြီးတယ် မနက်ဖြန်စာမေးပွဲရှိသလိုပဲကျက်နေတာ နားကိုပူနေတာပဲ ကျက်ချင်ရင်လဲ Englishကျက်"
(နေကြီး)

"ဟ ယူထားတဲ့ main subjectက biologyလေ မကျက်နိုင်ပါဘူး bio is always importantပဲ"
(သိမ့်တုန်)

"နိုင်ငံတကာနဲ့ဆက်သွယ်‌ပြောဆိုဖို့ဆိုတာenglishကအရေးကြီးဆုံးပဲနားလည်လားဟဲ့"
(နေကြီး)

"မျိုးဆက်ပြန့်ပွားဖို့နဲ့ သတ္တဝါတွေ၊ဆေးဝါးတွေ၊ခန္ဓာဗေဒတွေ၊အပင်တွေ၊သက်ရှိသက်မဲ့အားလုံးအကြောင်းသိဖို့ဆိုတာ bioကအရေးကြီးဆုံးပဲ မကြိုက်ရင်ဘာလို့bioယူသေးလဲ eng ဆိုတာ bioနောက်မှာပဲ"
(သိမ့်တုန်)

"အောင်မယ် အချစ်ကမနှစ်က bioခန်းအတန်းပိုင်မလို့bioယူတာဟ ရှင်းလား"
(နေကြီး)

"ထင်ပါတယ်အစထဲကစာကြောင့်မဟုတ်ပဲတဏှာကြောင့်ဆိုတာ ကိုယ်တွေကသိပြီးသား"
(သိမ့်တုန်)

"အေးအဲ့တာဆို နောက်တစ်ခါနင် English songsတွေ၊ captionsကိုengလိုတင်တာတွေ့ကြည့်နင်နဲ့ငါနဲ့တွေ့မယ်"
(နေကြီး)

ဆရာမနီရဲ့ ကုတင်ပေါ်၌ ကားယားကြီးလှဲနေသောနေကြီးမှာ ဘူနေသောရုပ်ဖြင့်ဘေးကBioအော်ကျက်နေသောhyperသိမ့်အားဆူပူနေပေသည်။

ကျူရှင်ချိန်မရောက်‌သေးပဲအိမ်သို့စောလာကာ အိမ်၌bio ×eng battle ဖြစ်နေသောနေသောနှစ်ယောက်အား ပုတီးမှာ အိမ်ပေါ်ကကန်ချချင်စိတ်တဖွားဖွား‌ပေ။

"ဟိုဟာလေ မြန်မာပြည်သူပြည်သားမို့မြန်မာစာကိုရောကျက်ဖို့စိတ်ကူးမရှိဘူးလားမသိလို့မေးတာနော် ပြီးတော့လေ အခုရောက်နေတာmath ကျူရှင်နော် နည်းနည်းပါးပါးတွက်ဖို့စိတ်ကူးမရှိကြဘူးလား"
(ပုတီး)

"ငါတို့ကတွက်ချင်နေတဲ့စိတ်ကရှိပြီးသား စိတ်သွားတဲ့နောက်ကိုယ်မပါသေး‌လို့ပြီးတော့မလာသေးတဲ့လူတွေကိုစောင့်နေတာ နင်သာ အင်္ကျီဝတ်ပြီးဒီဘေးက‌ခုံမှာစာသင်ဖို့နေရာယူနိုင်အောင်အရင်ကြိုးစား"
(သိမ့်တုန်)

"ဟုတ်တယ် ပြီးမှငါတို့လို လူကြီးလူကောင်းစကားဝိုင်းထဲဝင်လာ လောလောဆယ် get out"
(နေကြီး)

မိမိနှင့်အသက်လပိုင်းမျှသာကြီးသော်လဲထိုနှစ်ယောက်၏ နိုင်စားမှုကိုခံရတိုင်းသူတို့ထက်စောစောမ‌မွေးပေးခဲ့သည့် အမေ့ကိုသာအပြစ်တင်ချင်မိသည်။

သူတို့ပြောလဲပြောချင်စရာ ကိုယ်တိုင်ကလဲ ရေချိုးပြီးကာစထမိန်ရင်လျားနဲ့ဆရာသွားလုပ်မိသည်မဟုတ်ပါလား။

အိမ်အောက်ထပ်ရှိမိမိအခန်းကိုဆင်းကာပင် ပေါ့ပါးသောအင်္ကျီတချို့ဝတ်ဆင်လိုက်သည်။ရှင်းရှင်းပြောရရင် စပန့်ဝမ်းဆက်ပေါ့။ ကျူရှင်ချိန်မှာညနေလေးနာရီပင်။ ယခုပင် ၃:၄၅ဖြစ်နေပြီ။

"သမီး ကလေးတွေလာတော့မယ် အပေါ်မှာခုံတွေနေရာချထားအုံး နေကြီးတို့ကရောက်ပြီမလား အမေထမင်းချိုင့်တွေဆေးပြီးအပေါ်တက်ခဲ့မယ်"
(ဆရာမနီ)

"ဟုတ်အမေ"
(ပုတီး)

Math textbookနဲ့တွက်ရန်စာအုပ်အသစ်ယူကာအပေါ်သို့ပြန်တက်လာသည်။

"နေကြီး ခုံတွေဝိုင်းနေရာချပေးပါအုံး"

(ပုတီး)

"အေး လာပြီလာပြီ"
(နေကြီး)

နေကြီးကကျန်နေရာမသိပင်မဲ့ အရာရာကိုမနိုင်သည်ကတော့အမှန်ပင်။ စာမလုပ်ပဲ အချိန်ပြည့် ဝိတ်ပဲမနေလေသလားမသိ။

"နေကြီးဘာတွေစားလိုအဲ့လောက်သန်မာနေ‌တာလဲဟင်"
(ပုတီး)

"ဟဲဟဲ APGအချစ်တွေစားသုံးလို့လေ"
(နေကြီး)

"ဘာလဲဟင် APGက"
(ပုတီး)

"APG is A Pyo Gyi ..ok"
(နေကြီး)

"ဪ ဒါမျိုးကျရွှေဉာဏ်တော်ကတော်တော်စူးရောက်တယ်နော်"
(ပုတီး)

"ဒါပေါ့"
(နေကြီး)

"ဒါပေါ့မနေနဲ့ move onဖို့ဒီ‌လောက်ပြောထားတာကို"
(ပုတီး)

"အေးပါဟာ ငါလဲ on နေပါတယ်ဟ ခုဟာကပြောမိသွားတာဒီတိုင်း"
(နေကြီး)

"ပြီးရော"
(ပုတီး)

"နေကြီးစောင့်ပါလို့ဒီလောက်အတန်တန်ပြောနေတာကိုမစောင့်ဘူး"

ခင်ကြီးမှာသူရဲ့လွယ်အိတ်အမဲကိုချထားတဲ့ခုံပေါ်ပစ်တင်ကာရန်တွေ့လာသည်။

"မစောင့်နိုင်ပါဘူး မင်းလိုအားအားယားယားမဟုတ်ဘူး"
(နေကြီး)

"ကဲနေကြီးအဲ့ကောင်နဲ့သာ ခုံတွေနေရာချထားလိုက်တော့ ညီမစာသင်ဖို့ markerအသစ် နောက်ဖေးခန်းမှာသွားယူလိုက်အုံးမယ်"
(ပုတီး)

ပုတီးမှာပြောလဲပြောထွက်သွားပေသည် ။

"အပြန်ကျရင်လိုက်ခဲ့ပါဗျာနော်"
(ခင်ကြီး)

"မလိုက်ဘူးဟျောင့်အောက်မှာ ငါ့ဆိုင်ကယ်တွေ့တယ်မလား ငါလဲသွားစရာရှိတယ်"
(နေကြီး)

"နေကြီးဗျာ အချိုး‌တွေပြောင်းနေတာ နဂိုကသွားအတူလာအတူဖွန်လဲအတူကို အခု ရပ်ကွက်ရဲ့အလယ်မှာ လှပတဲ့ညီအမနှစ်ယောက်ပြောင်းလာတယ်တဲ့နေကြီးရ လာပါဗျာ ကျူရှင်အပြန်ဖွန်ရအောင်လို့"

(ခင်ကြီး)

"Sorry ပါချစ်သားကြီး ငါမအားပါနောက်မှပေါ့"
(နေကြီး)

နေကြီးမှာခုံတွေနေရာဝိုင်းချပေးပြီး ကုတင်ပေါ်ပြန်တက်၍ထိုင်ကာ ဖုန်းသုံးလျက်အေးချမ်းစွာဆိုသည်။

"ကျွန်တော် ဘယ်မှာထိုင်ရမလဲဗျ ဆရာမနီက အပေါ်သွားလိုက်သူတို့ပြောမယ်ပြောလိုက်တယ်"

အသားညိုညိုပေါ်မှာ မှိန်တိန်တိန်အင်္ကျီကိုဝတ်ဆင်လျက် မျက်မှန်အညိုရောင်ကိုပါတတ်ထားသော စာကြမ်းပိုးသကောင့်သားကိုမြင်သည်နှင့် နေကြီးမှာလက်ထဲကဖုန်းပါလွတ်ကျလျက်။

"အဲ့နောက်ဆုံးတန်းမှာသာထိုင်လိုက် ယောင်္ကျားလေးတွေကိုအဲ့မှာထားမှာ"
(ခင်ကြီး)

ဒီနှစ်တော့ကျူရှင်ကိုလူသစ်တစ်ချို့ရောက်မည်ဆိုတာသိသော်လဲ ထိုကောင်ပါလိမ့်မည်ဟုတော့မထင်။နောက်ထပ်လူတစ်ချို့ကတော့ကျောင်းမှာလဲတစ်ခန်းထဲကောင်တွေမို့ပြဿနာမရှိ။ဒီကောင့်ကိုတော့ ဆရာမနီတကယ်ပင်မသိပဲ ကျူရှင်လက်ခံလိုက်လေသလား။

"နေကြီးရေ ‌စောက်ပြဿနာပဲ ပုတီးမသိဘူးနဲ့တူတယ်"
(ခင်ကြီး)

ခင်ကြီးမှာနေကြီးထိုင်နေသောကုတင်ဘေးတွင်ထိုင်လျက် ဟိုကောင့်အားကြည့်ကာတိုးတိတ်စွာသူ့အားဆိုလာသည်။

"အေးဟဖြစ်နိုင်တယ် သူ့ကြည့်ရတာ normal ပဲ"
(နေကြီး)

"ငါတို့ဆရာမနီကတကယ်မသိဘူးလား"
(ခင်ကြီး)

"အေးမသိလို့နေမှာပေါ့ကွ"
(နေကြီး)

"ပုတီးတော့ဒုက္ခပဲ ကိုယ်ငြင်းထားတဲ့လူကိုမှ အိမ်မှာနေတိုင်းတွေ့ရတော့မယ်"
(ခင်ကြီး)

"အေးကွာ"
(နေကြီး)

"နေကြီးရေ မှင်အိုး....."

အနောက်ခန်းမှထွက်လာသောပုတီးမှာလက်ထဲက marker ကိုကိုင်လျက်သာအရှေ့မှာထိုင်နေသောသူအားကြည့်မိသည်။

ဟန်မပျက်စေရန်အသိ၊သတိတို့ကိုအမြန်စုစည်းလိုက်ပြီး

"နေကြီး မှင်အိုးဝယ်ချင်လို့ ညီမကို လိုက်ပို့ပေးပါအုံး ဆိုင်ကယ်နဲ့"
(ပုတီး)

"‌ဪ အေးအေး လာပြီ"
(နေကြီး)

"ခင်ကြီးဒီကောင်ကြီးကိုမင်းပဲကြည့်ပြီးဧည့်ဝတ်ကျေပွန်ထားတော့"
(နေကြီး)

နေမျိုးကျက်သရေလဲ ခင်ကြီးကိုပြောအပြီးဆိုင်ကယ်သော့ယူကာပုတီးနဲ့အတူထွက်လာလိုက်သည်။

"ပုတီး ဟိုကောင်ကြီးက ဘယ်လိုလုပ်မလဲ"

"မသိပါဘူးနေကြီးရယ် ဘယ်လိုရောက်လာမှန်း"

"ငါတို့ဆရာမနီကမသိဘူးလားဟအဲ့ကောင်နင့်ကြိုက်နေတာမှန်း"

"မသိဘူး သူ"

"ဒုက္ခပဲ ဆရာမနီကလဲ ကွိုင်ပဲ"

"‌အင်းလေ နေကြီးရယ် စိတ်ညစ်ပါတယ် အိမ်တောင်မပြန်ချင်တော့"

"မပြန်လို့တော့မရဘူးလေ ဆရာမကစာသင်ဖို့စောင့်နေမှာ ခုတောင်နောက်ကျနေလို့ပြောတော့မလားပဲ"

"အင်းနော်"

ပုတီးမျက်နှာမှာစိတ်ညစ်စွာနဲ့ မှိုင်တွေနေသည်။

လောကမှာအခက်ခဲဆုံးကကိုယ်ချစ်တဲ့လူကလဲကိုယ့်ကိုမချစ်နိုင်သလို  ကိုယ်ကလဲကိုယ့်လာချစ်သူကိုပြန်မချစ်နိုင်ခြင်းပဲ။

"ကဲပါငါတို့လဲရှိတာပဲစိတ်မညစ်ပါနဲ့ ကိုယ့်မှာပြန်မချစ်နိုင်ငြင်းခွင့်ရှိတာပဲနင်မှားတာမဟုတ်ဘူး လာပြန်ကြမယ်"

နေကြီးလဲပုတီးကိုချော့မော့ပြန်ခေါ်လာသည်။ကျုရှင်ပြန်ရောက်တော့လူလဲစုံနေပြီဖြစ်ပြီးစာ၌သာအာရုံစိုက်လိုက်ကြသည်။

"နေကြီး တကယ်မလိုက်ဘူးလား"
(ခင်ကြီး)

စာသင်ချိန်တစ်ချိန်လုံးလဲဘေးမှာနားပူနားဆာလုပ်နေသောခင်ကြီးမှာယခုချိန်ထိပင်လုပ်မြဲလုပ်ဆဲပင်။

"မလိုက်ပါဘူးဆိုကွာ"
(နေကြီး)

"ပြီးရော အကျင့်မကောင်းတဲ့နေကြီး ရည်းစားမရပါစေနဲ့"
(ခင်ကြီး)

'ရည်းစားကရထားပြီးပြီကွ'ဟူသောစကားကိုစိတ်ထဲ၌သာပြော၍‌  နေကြီးဖြေသိမ့်လိုက်သည်။

မြို့ထဲရှိစေတီဆီသို့ဆိုင်ကယ်ကိုငြင်သာစွာမောင်းလျက်ဦးတည်လာသည်။

သူ့ရဲ့အပျိုကြီးဟာဘုရားလာဖူးတတ်သည်မဟုတ်လား။

"မေ"

"ကိုရယ် လန့်လိုက်တာ ဘယ်လိုဖြစ်လို့အဲ့မှောင်ရိပ်ကြီးမှာ ကွယ်နေရသတုံး တကယ်ပဲ"

နေမျိုးကျက်သရေမှာ သစ်ပင် အကွယ်မှာထိုင်နေရာမှာ ထွက်လာသဖြင့် နှင်းမေမှာ ရင်ဘက်လေးဖိလျက်ဆိုသည်။

"မေနော် ကိုယ့်ရည်းစားကိုမြင်တာတောင်မပျော်ပဲလန့်တယ်တဲ့ ဘာလဲကျွန်တော်ကိုမချစ်တော့ဘူးလား"

"ဟောရှင် ညကြီးမင်းကြီးအဲ့မှောင်ရိပ်မှာ အင်္ကျီအနွေးထည်အနက်ကြီးဝတ်ပြီးထွက်လာတဲ့ရှင့်ကိုမှ မလန့်ကျွန်မကဘာကိုလန့်ရအုံးမှာတုန်းလို့ ကိုနော်မရစ်နဲ့ ဘာလဲမူးနေတာလား"

နှင်းမေမှာ ဆိုလဲဆို သူမအရပ်နှင့်မှီရုံမျှရှိသောရင်ခွင်ကျယ်ကျယ်ရှိ အင်္ကျီစမှအရက်နံ့ များရှိလေမလားကို စမ်းသပ်၍ရှူရှိက်ကြည့်သည်။

"ကိုမသောက်ပါဘူး မေရယ်"

"မသိပါဘူး သောက်ရင် တုတ်နော်"

"မေကရိုက်ရက်တယ်ပေါ့ ကျွန်တော့်ကို"

"ရိုက်ရက်တယ်မင်းကမဟုတ်တာလုပ်တာကို"

"ကဲပါဗျာ အထုတ်ပေး ကျူရှင်ကပြန်လာတာမဟုတ်လား ဘုရားအေးဆေးရှိခိုးအုံးပြီးရင်ကျွန်တော်အိမ်ရှေ့ထိ မေ့နောက်ကနေဆိုင်ကယ်လိုက်မောင်းပြီးပို့ပေးမယ်"

"ပြန်ရဲပါတယ် တို့သွားနေကြကို"

"ပြန်ရဲလဲမပြန်ရပါဘူး ဘယ်နှယ့် ဒီခေတ်ကြီးမှာ မေ့လိုချောတဲ့မိန်းကလေးဆို နောက်ကနေလိုက်ကြည့်ချင်တဲ့ တဏှာမျက်စိလူသားတွေအများကြီးကို စိတ်မချဘူး"

"တို့ကိုဆို မင်းကရော မိန်းကလေးပဲလေ"

"မေနော်ပြောစကားနားထောင်စမ်းပါဗျာ"

"‌အောင်မယ် မင်းလေးကဘာမို့လို့လဲတို့ကစကားနားထောင်ရအောင်"

"မေ့ရဲ့အိမ်ဦးနတ်ဖြစ်လာမဲ့လူလေ အသက်ငယ်ပင်မဲ့ဝါတော့ကြီးတယ်"

"တော်ပါ ဘုရားရှိခိုးပြီးပြီလား"

"မရှိခိုးရသေးဘူးလေ မေ့ကိုစောင့်နေတာ"

"လာဒိတ္ထိလေး ရှိခိုးမယ်လိုက်ခဲ့"

နှင်းမေဟာ ဘုရားပေါ်သို့ အရှေ့မှ ဦးစွာ တက်သွားသည်။နေမျိုးကျက်သရေ မှာနှင်းမေရဲ့စာအုပ်တွေထည့်ထားတဲ့အိတ်နှင့် ပိုက်ဆံအိတ်တို့သယ်ကာနောက်မှလိုက်လာသည်။

*နောက်တစ်ခါမေ့ကို အိတ်ဝယ်ပေးရင် ငါလဲကိုင်လို့လိုက်တာဝယ်ပေးမှ နောက်မို့ဆို ငါမှာမလိုက်မပြုနဲ့ *

နေကြီးမှာဘုရားကိုဦးသုံးကြိမ်ချ၍ ပြီး‌ဆုံးသော်လဲ နှင်းမေမှာတော့ ဘုရားဝတ်ပြုနေသည်မှာ နာရီဝက်အထက်မျှပင်။

မငြီးမငြူ ဘုရားရှိခိုးပြီးသည်အထိသူ့မေအားထိုင်ကြည့်နေသာနေကြီးကို ဘုရားရှင်ပင်အမြင်ကတ်လောက်ပေမည်။

"ကိုကြည့်နေတာရပ်တော့ ဘုရားလာပြီး ဦးသုံးကြိမ်ပဲချတာနော်တို့မကြိုက်ဘူးနောက်ကျ လိုက်ရှိခိုးရမယ်တို့နဲ့ ဘုရားစာတွေရအောက်ကျက်ထား ~မင်း"

"ဟုတ်"

"ကဲလာ မိုးချုပ်နေပြီ ပြန်ကြရအောင်"

"မေ ~~"

"အင်း"

"ဘာဖြစ်လို့ကျွန်တော်တို့အတန်းကိုစာသင်မယ်ဆိုတာမပြောပြတာလဲ"

"ကို~သိပြီးသွားတာလား"

"အင်း"

"ဒီနေ့များဝင်သင်မလားလို့စောင့်နေသေးတာ တခြားလူဝင်သင်သွားလို့"

"အဲ့တာကြောင့်အစကဆူပုတ်‌နေတာပေါ့တခြားလူမဟုတ်ဘူးလေကွယ် အဲ့တာလဲမင်းဆရာမပဲလေ ကိုရဲ့"

"ဒါပင်မဲ့ မေနဲ့မှမတူနိုင်ပဲ ကျွန်တော့်စိတ်ထဲမှာမေကလွဲ ကျန်တာ တခြားလူတွေပဲ ပြီးတော့မင်းဆရာမဆိုထဲကပိုင်ဆိုင်ခြင်းကိုပြတယ် ကျွန်တော့်ကိုပိုင်ဆိုင်တဲ့ဆရာမကမေပဲရှိတာကို"

"ကဲပါနောက်ရက်တွေဝင်ပါ့မယ် တို့အချိန်ပါတဲ့နေ့ပေါ့"

"မေကဘယ်နေ့အချိန်ပါတာလဲဟင် ကျွန်တော်မုန့်ဝယ်ထားမလို့လေ"

"ဒါတော့မပြောပါ မင်းပါ့သာစုံစမ်းလေ နဂိုလဲလုပ်နေကြပဲဟာ အဖြေပေးလိုက်လို့မလုပ်ချင်တော့တာလား အဲ့အလုပ်တွေ"

"မဟုတ်ပါဘူး‌နော် မေ့အချိန်ဇယားစုံစမ်းတာလောက်ကတော့အေးဆေး"

"ပြီးရော ကဲလိုက်ပို့မယ်မလား"

"သေချာတာပေါ့ဗျ"

နေမျိုးကျက်သရေမှာ bodyguard သဖွယ်နှင်းမေဆိုင်ကယ်နောက်မှလိုက်၍‌ သူ့ဆိုင်ကယ်အားမောင်းလျက်အိမ်ရှေ့ထိပို့ပေးသည်။ သူ့ကလေး အိမ်ထဲရောက်ပြီသေချာမှသာစိတ်ချစွာပြန်လာပေသည်။

#2250words
#31.12.2023

အားလုံးပဲHappy New yearပါနော်🤗🎉 နောက်ရက်လဲ caro အပိုင်းသစ် upပေးပါ့မယ်ကြားထဲမှာပျောက်နေတာကြာတဲ့အတွက်လဲတောင်းပန်ပါတယ် နှစ်သစ်မှာချစ်ရတဲ့သူတွေနဲ့ပျော်ရွှင်စွာဖြတ်သန်းနိုင်ပြီးစိတ်ချမ်းသာပျော်ရွှင်ကြပါစေcaroဆု‌တောင်းပေးပါတယ်။

ပြီးတော့ဒီficလေးဟာဇာတ်သိမ်းလေးနဲ့လဲတဖြည်းဖြည်းနီးကပ်လာပါပြီလို့...။


You are reading the story above: TeenFic.Net