လွယ်အိတ်ကိုပုခုံးတစ်ဖက်တည်းလွယ်ကာဆံပင်များကိုသေသပ်စွာလှန်တင်၍ အင်္ကျီအဖြူပေါ်တွင် အနက်ရောင်ဂျင်းကုတ်တစ်ထည်အားဝတ်ဆင်ထားသောနေမျိုးကျက်သရေမှာကျောင်းထဲဝင်လာသည်နှင့်လူအများရဲ့အကြည့်ကိုဖမ်းစားနိုင်ပေသည်။
ဂိတ်ဝမှတည့်တည့်ကိုဆက်လျှောက်လာတော့ရှေ့တွင်ဆိုင်ကယ်ရပ်နေသော ဒေါ်ထိပ်ထားဗိုလ်အားတွေပေသည်။
သူမေ့နေတာ ၆လပိုင်းတစ်ရက်နေ့က ဒေါ်ထိပ်ထားဗိုလ်ရဲ့မွေးနေ့ပဲ။
"ဟာ ဆရာမထိပ်ထား မင်္ဂလာပါ happy birthday နော်"
"ဪ ဘယ်သူများလဲလို့နေမျိုးကျက်သရေကိုး နွေရာသီသုံးလလုံးပျောက်ချက်သားကောင်းနေလိုက်ပုံများ မွေးနေ့ဆုတောင်းပေးလို့ကျေးဇူးပါရှင်"
ပန်းလှစံပယ်ဆောင်မှာ ကျောင်းရဲ့ ဝင်ပေါက်တည့်တည့်တွင်ရှိသော အထက်တန်းကျောင်းသားတွေရဲ့အဆောင်ဖြစ်သည်။ကြီးမားတဲ့နှစ်ထပ်ဆောင်မှာ ငယ်စဉ်ထဲကသူတို့နေချင်ခဲ့သောအဆောင်ဖြစ်သည်။အပေါ်ထပ်မှာတော့ဆရာမကြီးရုံးခန်းနှင့်အတူ၊ laboratory၊ computerအခန်းတို့ရှိသည်။
"ကဲဆရာမ ရုံးခန်းမှာregister သွားထိုးမလို့လား"
"ဟုတ်တယ်ကွယ့် ဒါနဲ့ မင်းကစောလှချည်လားကျောင်းလာတာ"
"ဟုတ်တယ်ဆရာမ နေရာလေးဘာလေးဦးမလို့လေ ငါးယောက်စာ ခင်ကြီးတို့ပုတီးတို့လာတာကိုသာစောင့်ရင် အခန်းပြင်ကနေပဲစာသင်ရလိမ့်မယ် သူတို့နောက်ကျတာနဲ့"
"အေးပါအေးပါ"
"အဲ့တာဆိုကျွန်တော်သွားတော့မယ်ဆရာမ"
"ဟုတ်ပါပြီရှင်"
နေမျိုးကျက်သရေလည်းအဆောင်Corridorရှေ့တွင် အခန်းတံခါးတွေဖွင့်ရန်စောင့်နေမိသည်။ဒေါ်ထိပ်ထားဗိုလ်ကတော့ရုံးခန်းတက်သွားလေပြီ။
*မေ ကလဲနောက်ကျလိုက်တာ*
နေမျိုးကျက်သရေမှာကျောင်းဂိတ်ဝသို့မျှော်ရင်းပါ တဖြည်းဖြည်းဝင်လာကြပြီဖြစ်သောကျောင်းသူများအကြားနှင်းမေကိုရှာဖွေနေသည်။
"အကို~"
အနောက်မှခေါ်သံကြား၍လှည့်ကြည့်မိတော့လွယ်အိတ်ပန်းရောင်လေးကိုလွယ်ကာ ဆံပင်ဂုတ်ဝဲထက်တွင်ကလစ်သေးသေးလေးအားထိုးထားပြီး အသားဖြူဖြူနှင့် ကောင်းမလေးတစ်ဦး။သေချာပေါက်သူတို့ထက်တော့ငယ်မည့်အတန်းကပင်။
"တို့ကိုခေါ်တာ ဘာဖြစ်လို့လဲညီမ ဘာကူညီပေးရမလဲ"
ကျောင်းရဲ့အကြီးဆုံးအတန်းကိုတက်ရောက်နေပြီဖြစ်တဲ့အတွက်စီနီယာဂိုက်ကို အမိဖမ်းကာမေးလိုက်သည်။
"ဘာမှမဖြစ်ပါဘူး ဒီပန်းလေး..."
ထို့နောက်သူ့ရှေ့သို့ထိုးပေးလာသော နှင်းဆီပန်းရောင်တစ်ပွင့်။
*WTF ငါကအခုပန်းပေးခံနေရတာလားဟ ငါလုပ်ခဲ့တဲ့အကွက်တွေကို*
"ဟမ်"
"ဟိုဟာလေ အဲ့ပန်းကိုကြည့်ပြီးညီမကိုအမှတ်ရနေပေးပါနော်"
ထို့နောက်သူ့လက်ထဲသို့ပန်းအားထိုးပေးလာသည်။
*ဘာကြီးလားဟ ငါကဘာကိုအမှတ်ရ သူကသေ တော့မှာမလို့လား*
နေကြီးမှာပန်းကိုကိုင်လျက်ကြောင်စီစီဖြစ်နေမိသည်။
"ဘာအတွက်ကြောင့်ပေးတာလဲ ညီမကို မသိဘူးနော် ပြီးတော့ကျွန်တော်က ယောင်္ကျားလေးလဲမဟုတ်ဘူးဆိုတာသိပါတယ်နော်"
"Gender တွေကအရေးမကြီးပါဘူးအကိုရယ်နှလုံးသားကပဲအရင်းခံတာပါ"
*ခေတ်ကာလ ကလေးတွေမလွယ်ပါလား ငါ့တုန်းကကျ အပျိုကြီးကို ခွေးဖြစ်နွားဖြစ်အပြောဆိုခံလိုက်ခဲ့ရတာကို*
"ညီမ အကိုအားနာပင်မဲ့အကိုက ပိုင်ရှင်ရှိဗျ"
"ရပါတယ်ရှင် ယူရသေးတာမှမဟုတ်ပဲ"
ထိုကောင်မလေးစကားကြောင့်နေမျိုးကျက်သရေအနည်းငယ်ဒေါသထွက်မိသည်။
"ဒီမှာကလေးမ"
"ဟယ် ကလေးမလို့ခေါ်လိုက်တာလား"
ထိုကောင်မလေးမှာပျော်၍ပင်ခုန်ပေါက်နေသေးသည်။
*နေကြီးရေ မင်းတော့ဒုက္ခကိုမှ ရှယ်ပလန်ရောက်တာ*
"ကျစ်..အားနာပင်မဲ့မင်းသွားပါတော့"
"ဟုတ်ပါပြီအကို အဲ့ပန်းလေးကိုသိမ်းထားနော် တာတာ့"
သူအားလက်ပြလျက်ပင် မြောက်ကြွမြောက်ကြွနဲ့ထွက်သွားသည်။
*စိတ်ညစ်ပါတယ်ကွာ ငါတော့လား*
နေကြီး နှင်းမေအားမျှော်ရန်ပင် ကျောင်းဝသို့အကြည့်များပြန်လှည့်လိုက်သည်။
*ဟိုက် သေပြီ*
နှင်းမေမှာအဆောင်ရှေ့အပေါက်ဝကိုပင်ရောက်နေပြီဖြစ်လျက်သူ့ထံစိုက်ကြည့်နေပေသည်။မျက်နှာမှာတော့ အလွန်တည်ငြိမ်လျက်ပင်။
နေကြီးလဲအမြန်ပင်သူမအနားသို့ပြေးသွားလိုက်သည်။
"မေ ဘာသယ်ပေးရမလဲ"
"မလိုပါဘူး အမေမွေးထဲကလက်ပါတယ်"
"ဟိုဟာလေ ပန်းပန်မလားဟင်"
"မင်းကိုသူများလာပေးထားတဲ့ပန်းကိုဒို့ကပန်ရမှာလားအံ့ကြီးဩဘနော်"
ဆိုင်ကယ်သော့အားခတ်ကာသူ့အားမကြည့်ပဲဆိုနေသည်။
*သွားပြီ ငါ့ရဲ့ဒေါင်းရွဲ့စိန်လေးကတော့ပြန်ပေါ်လာပြီ*
"ဟိုဟာလေ မေ ဘာစားပြီးပြီလဲ ကျွန်တော်မုန့်ဈေးတန်းမှာမုန့်သွားဝယ်ပေးမယ်လေ"
"မလိုပါဘူး စားနိုင်သောက်နိုင်တယ်"
"မေရယ် အဲ့တစ်ယောက်ကဘယ်ကမှန်းတောင်မသိပါဘူး ကျွန်တော်ပြောယုံပါ"
နေမျိုးကျက်သရေမှာ နှင်းမေရုံးခန်းတက်ရန်လှေကားဆီသို့သွားနေသောလမ်းတစ်လျောက် နောက်မှလိုက်ကာနေသည်။
"မင်းကိုဘယ်သူလဲလို့မေးမိလို့လားဒီမှာ ကိုယ့်ရည်ရွယ်ချက်နဲ့ကိုပါ၊ ဆရာမကလူ့အခွင့်ရေးမချိုးဖျက်ပါဘူး လွတ်လပ်ခွင့်အပြည့်ရှိ စိတ်ဆိုးလို့ပြောတာမဟုတ်ဘူးနော် ဘာမှကိုမဖြစ်တာ ရည်းစားလဲထားစာလဲလုပ်ပေါ့"
"ဟာဗျာ မေရယ်မရွဲ့နဲ့ဗျာကျွန်တော့်ရည်းစားကမေလေဗျာ"
"မထင်ပါဘူးနော် ကျွန်မရည်းစားက ကျွန်မစကားနားထောင်တဲ့လူ ရှင့်လိုဖွန်ပတ်ကြောင်နေတဲ့တဏှာရူးမဟုတ်ဘူး သွား ဖယ်.."
နှင်းမေမှာ သူ့အားတွန်း၍ Registerထိုးရန်ရုံးခန်းသို့ကျော့ကော့စွာတက်သွားသည်။
*ငါမှားတာ ငါမှားတာမနှစ်ကတောင်မစန်းပွင့်ပဲ ဒီနှစ်ကျမှပဲနှစ်စမှာထဲကစန်းပွင့်နေရသလား*
နေကြီးမှာ လှေကားအောက်ကနေသာပြန်ဆင်းအလာကိုစောင့်နေရသည်။
ခဏကြာသူ့ရဲ့မေဟာပြန်ဆင်းလာသည်။
"ဪ အဲ့ပန်းကိုဆက်ကိုင်ထားသေးတယ်နော် အဲ့မှာကိုင်လျက်သာရှင်သွားသေလိုက်တော့"
နှင်းမေမှာ ပန်းကိုကိုင်ထားသောသူ့အားကြည့်ကာတစ်ချက်ဆို၍ဆက်လျှောက်သွားသည်။
"ဟာမဟုတ်ဘူးမေရယ် ကို့ကိုစောင့်အုံး မေ.. မေလို့"
"မင်းအသံပြဲကြီးနဲ့အော်မနေနဲ့လို့ကြားကုန်မယ် တခြားလူတွေ"
"မသိဘူး အော်မှာပဲ"
နှင်းမေမှာထိုကလေးပါးစပ်အားလက်လေးဖြင့်အုပ်ကာ လှေကားအကွယ်ဘက်ခြမ်းကိုအသာခေါ်လာရသည်။
"ဘယ်လိုဖြစ်လို့အဲ့လောက်တောင်ဆိုးနေရတာလဲ
မင်း"
"မင်း မဟုတ်ဘူး မျိုး ဒေါင်းနှင်းမေရဲ့မျိုး"
နေမျိုးကျက်သရေမှာ နှင်းမေရဲ့အနားတဖြည်းဖြည်းတိုးကပ်လာကာမျက်ဝန်းများကိုကြည့်လျက်ဆိုသည်။
"မင်း..မင်းနော် နောက်ပြန်ဆုတ်"
"မေပဲတစ်ချိန်ကကျွန်တော့်ကိုခြေလှမ်းတွေရှေ့တိုးခိုင်းခဲ့တာမဟုတ်ဘူးလား"
"မသိဘူး သွား နောက်ပြန်ဆုတ် တို့နားနေခန်းသွားတော့မယ်"
"လိုက်ပို့မယ်လို့နော်"
"မသိဘူးကြိုက်သလိုသာလုပ် ပြောလို့လဲမနိုင်တော့ဘူးရှင့်ကို"
"ပြောလို့နိုင်ပါတယ်မေရယ် ကျွန်တော်ကမေ့ပြောစကားဆိုအမြဲနားထောင်တာပဲကို"
"တော်ပါ မင်းကို တို့မနေ့ညကဖုန်းပြောတုန်းကဘာမှာထားလဲ"
"မိန်းကလေးတွေရော ယောင်္ကျားလေးတွေရောနဲ့ကင်းကင်းရှင်းရှင်းနေဖို့ ကြားသုံးကြားမဝင်ဖို့ ပွဲတိုင်းကျော်မလုပ်ဖို့"
"အဲ့တာတွေကိုမှတ်မိရင်လဲဒီနားလေးနဲ့ရှင်အရေးလုပ်လေ ကိုနေမျိုးကျက်သရေရဲ့"
နှင်းမေမှာသူ့ရဲ့နားအားဆွဲကာဆိုလာသည်။
"မေရယ် ကျွန်တော်ကမေ့အလာကိုစောင့်နေတာပါ အဲ့ကောင်မလေးက သူ့ဘာသူပန်းလာပေးပြီး အမှတ်ရနေဖို့လာပြောနေတာကို"
"အဲ့တာနဲ့မင်းကပန်းလက်ခံပြီး စပ်ဖြီးဖြီးလုပ်ပြီးအထာပေးနေတယ်ပေါ့"
"မဟုတ်ရပါဘူးမေရယ် ကျွန်တော်ကမေ့ကိုပန်းလိုက်ပေးတုန်းကအချိန်တွေကိုတွေးမိလို့ပြုံးမိတာဖြစ်မှာပါ အဲ့ကောင်မလေးကိုခေါင်းထဲတောင်မရှိဘူး"
"တော်ပါ အပြောကောင်းလို့အထောင်းသက်သာမယ်ထင်လို့လား Noပါနော်"
"တကယ်ပါမေရယ်"
"ကဲတော်ပြီနောက်မှဆက်တော့ ကိုယ့်အခန်းကိုပြန်တော့လိုက်လဲမပို့နဲ့ လူတွေတဖြည်းဖြည်းများလာပြီ တစ်ယောက်ယောက်တွေ့မကောင်းဘူး"
"မေအဲ့တာဆို စိတ်ဆိုးပြေပါနော်"
နှင်းမေမှာသူ့အားမျက်နှာငယ်လေးနှင့်ကြည့်ကာဆိုလာသော ထိုကလေးကို ဆက်၍စိတ်ကောက်နိုင်စွမ်းမရှိတော့။
"နောက်ဒီလိုမတွေ့စေရမှာသေချာတယ်နော် နောက်တစ်ခါဆိုတာတို့လုံးဝမကြိုက်တဲ့အရာ"
"ဟုတ်"
"ကဲသွားတော့အခန်းကို"
"မေတကယ်ရောစိတ်ဆိုးပြေပါတယ်နော်"
"အဲ့တာနဲ့ပြန်စိတ်ဆိုးမိတော့မယ် စိတ်ချလက်ချသွား"
"အဲ့တာဆိုကျွန်တော်သွားပြီနော်နေ့ခင်းထမင်စားချိန်လာခဲ့မယ်"
"ကြွကြွ"
နှင်းမေမှာသူ့အားကြည့်လျက်နောက်ပြန်လျောက်ကာထွက်သွားသော ထိုကလေးအားကြည့်ကာပြုံးနေမိသည်။
ထိုကလေးအားသူဘယ်လိုချစ်မိသွားလဲသူကိုယ်တိုင်ပင်မသိပင်။ဘယ်လိုပင်ဖြစ်စေကာမူ မည်သည့်အချိန်မည်သို့ချစ်မိသွားလဲဆိုတာကိုက လူ့ဘဝတွင်အခက်ခဲဆုံး ရူးသွားစေနိုင်သောမေးခွန်းတစ်ခုပင်မဟုတ်ပါလား။သူမစဉ်းစားနိုင်စွမ်းမရှိပဲ လှုပ်ရှားနေသော နှလုံးသားနောက်ကိုသာလိုက်နေမိသည်။
.
.
.
"နေကြီးဘယ်ဆိုးလို့လဲ နေရာရအောင်ဦးထားတာပဲငါးယောက်စာ တော်တယ်တော်တယ် ဇာတိမာန်သီချင်းထဲကလိုမျိုးကျက်သရေ တိုးတက်စေ ဖြစ်လာပြီ"
(ခင်ကြီး)
"တော်စမ်း ငါဆွဲထိုးလိုက်လို့မင်းတို့လာတဲ့အချိန်ကြည့်စမ်း ၉:၀၀ဖြစ်နေပြီ ကျောင်းစတက်တဲ့နေ့တော့စောလာအုံးပေါ့ဟ"
"နေကြီးကလဲညီမတို့ကကျောင်းစောလာလဲလုပ်စရာမှမရှိတာကို"
(ပုတီး)
"ဪ အေးအေး တစ်ခန်းလုံးကဖုန်တွေကိုကဆရာမတွေကကျောင်းမဖွင့်ခင်လာရှင်းပေးထားတော့နင်ကအရမ်းတွေအားသွားတာပေါ့"
"ဟီး နေကြီးကလဲအဲ့လိုလဲမဟုတ်ပါဘူး အားတာကတော့မအားဘူးလေ ဒါပင်မဲ့လုပ်စရာမရှိတာလဲအမှန်ပဲ"
"ဒါနဲ့ဟိုလမင်းရော"
"နေမင်းကြီးဖြစ်တဲ့နေကြီးရှိနေလို့မလာသေးဘူး"
(ခင်ကြီး)
"ဒါနဲ့နေကြီးညီမတို့ပြောသလိုလုပ်နိုင်နေပြီမလား အပျိုကြီးကိုmove onဖို့လေ"
(ပုတီး)
"ဟေ ဒါ ဒါပေါ့"
နေကြီးမှာခင်ကြီးတို့အားကြည့်ကာကြောင်အမ်းအမ်းဖြင့်ထောက်ခံမိသည်။ဆရာမနဲ့သူအဆင်ပြေသွားတာကိုထိုကလေးတွေမသိကြသေးပေ။ဒါကြောင့်လဲသူမုန့်လိုက်ကျွေးမည်ဆိုပြီးခေါ်သောနေ့က အားလုံးပေါင်းကာ အပျိုကြီးအားစိတ်ဖြတ်ဖို့တက်ညီလက်ညီ တိုက်တွန်းကြပေသည်။
"နေကြီးရယ် နောက်ထပ်အချောအလှတွေတစ်ပုံကြီးကို အဲ့အချေမယ်တော်ကြီးကိုမေ့လိုက်ပါဗျာ"
(ခင်ကြီး)
"ဟုတ်တယ်လေ နေကြီးရယ် နေကြီးစေတနာကိုလဲစော်ကားတတ်သေး ဖြတ်လိုက်"
(လမင်း)
"မကောင်းပါဘူးမကောင်းပါဘူး ဘယ်လိုပြောရမလဲနည်းနည်းလေးမှမကောင်းပါဘူး အဲ့တော့ဖြတ်လိုက်"
ဆိုင်ရောက်ထဲက သူကျွေးသမျှကိုစားကာစိတ်ဖြတ်ရန်သာ စိတ်တူကိုယ်တူတိုက်တွန်းနေကြသည်။ ထိုနေ့ကနေကြီးလဲပြန်ပြောမသာ၍သာခေါင်းတငြိမ့်ငြိမ့်နားထောင်နေလိုက်ရသည်။
"ဟေ့ဟေ့နေကြီး look at me ဘာတွေတွေးနေတာလဲ"
ပုတီးမှာ နေကြီးမျက်စိရှေ့တွင်လက်ဖြောက်နှစ်ချက်တီးကာဆိုလာသည်။
"ဟမ် ဘာဖြစ်လို့လဲ"
"ဟာ ခေါင်းလောင်းထိုးပြီလေ
Essembly စီရမယ်လေ ဘာလဲနွားကြီးလေလွင့်သွားတာလား"
(ပုတီး)
"နင်ကလဲလေ ငါ့ကိုဆိုပြောလိုက်ရင်သက်သာတယ်ကိုမရှိ"
နေကြီးလဲအခန်းရှေ့ထွက်ကာ နိုင်ငံတော်သီချင်းဆိုရန်စောင့်ဆိုင်းနေသည်။
ယခုနှစ်မှာတော့ သူရဲ့အပျိုကြီးဟာ အတန်းပိုင်မဟုတ်ပဲနေကြီးတို့Bioဆရာမကအတန်းပိုင်ဖြစ်သည်။
တန်းစုလဲမတူအဆောင်တွေလဲဆန့်ကျင်ဘက်ဖြစ်သည်မို့ မိမိအပျိုကြီးအားတွေ့ရန်ခက်ခဲပေတော့မည်။
*အဲ့တာမှန်းသိစာမေးပွဲအောင်အောင်မဖြေပါဘူးကွာ*
သီချင်းများဆိုနေစဉ်လွမ်းနာကျနေခဲ့ပြီးဆိုပြီးသောအခါမှာလဲ ကျောင်းအုပ်ကြီးမှ အမှာစကားဆက်ပြောနေသောကြောင့်လူကတော်တော်ပင်အိပ်ငိုက်လာလေပြီ။
"နေကြီးဘယ်လိုဖြစ်နေတာတုန်း အိပ်ငိုက်နေတာ အုပ်ကြီးအပေါ်ကကြည့်မြင်အုံးမယ်"
(ပုတီး)
"အေးအေး"
စိတ်ပျက်လက်ပျက်ပင် ဆက်၍နားထောင်နေပြီးနောက်ထပ်၁၅မိနစ်လောက်မှသာပြီးသွားပေသည်။
"နေမျိုးကျက်သရေနဲ့ပုတီးတို့ နားနေခန်းမှာ အချိန်ပိုင်းစာအုပ်နဲ့ခေါ်ကြိမ်စာအုပ်တွေသွားယူစမ်း"
"ဟုတ်ဆရာမ"
အတန်းပိုင်ဆရာမရဲ့ပြောကြားချက်ကြောင့်ပင်နားနေခန်းသို့ထွက်လာရပေသည်။
"ပုတီး ဆရာမနီမလာသေးဘူးလား"
"အမေလား ရောက်ပြီနဲ့တူတယ် နားနေခန်းမှာထင်တယ်"
ပုတီးနဲ့နေကြီးတို့ဝင်ရောက်လာတော့ ဆရာမနီမှာ ကျောင်းစာရင်းများကိုဖြည့်နေသည်။
"ဆရာမနီ"
"အောင်မလေးနေမျိုးကျက်သရေ ပေါ်တော်မူနင်ဘယ်ပျောက်နေတာတုန်း နွေရာသီထဲက"
"ဟီးဆရာမရယ် တောင်ကြီးခဏပြန်သွားလို့ပါ"
"ဟုတ်ပါပြီ အိမ်ကိုတောင်ခြေဦးမလှည့်လာလို့မေးကြည့်တာ"
"အမေ"
"ဟေ..သမီး"
"သမီးတို့အခန်းခေါ်ချိန်စာအုပ်တွေရော"
"ဟိုဘက်က ဗီဒိုထဲမှာကြည့်"
ပုတီးလဲသူ့အမေထိုးပြသော ဗီဒိုဆီသို့သွားကာစာအုပ်ထုတ်နေသည်။
နေကြီးလဲပုတီးကိုစောင့်ရင်းပင် နားနေခန်းကိုလှည့်ပတ်ကြည့်မိတော့။
*ဟင် မေ့ရဲ့ဆွဲခြင်း*
မှားစရာမရှိအဖြူပေါ်မှာ အသဲပုံအပြာလေးပါသော ဒီဆွဲခြင်းလေးမှာသူမေ့ကိုဝယ်ပေးထားခြင်းပင်။မနေနိုင်စွာပင်ဆရာမနီအားမေးရန်ကြံမိသည်။
"ဆရာမနီ ဒီဆွဲခြင်းက ဆရာမဒေါင်းနှင်းမေ ဆွဲခြင်းမလား"
"အေးဟုတ်တယ်လေ"
"ဟိုဘက်တန်းစုနားနေခန်းမှာရှိရမှာမဟုတ်ဘူးလား"
"ဪ နှင်းမေကဒီနှစ်ဘာဖြစ်လဲမသိပါဘူး ဒီဘက်တန်းစုမှာနေတယ်လေ ပြီးတော့ စာကိုလဲအခုအင်္ဂလိပ်ဆရာမနဲ့ အခန်းခွဲသင်မယ်ပြောတယ် သူ့ဘာသာ သီးသန့်တန်းစုတစ်ခုမသင်ပဲနှစ်ခုသင်လေရဲ့ မင်းတို့အခန်းကိုလဲ တစ်ပတ်ကို ၂ချိန်လောက်ပါမယ်ထင်တယ် "
"တကယ်..."
"အေး ငါလဲTime tableဆွဲရတာများတော့ နင်တို့ဆရာမတွေအချိန်ဇယားမမှတ်မိတော့ဘူး ပါတာတော့ပါတယ်"
ဟန်မဆောင်နိုင်စွာပျော်လုံးစို့ပြီးအသံထွက်ပေါ်လာသောနေမျိုးကျက်သရေအားပုတီးမှ စာအုပ်များကိုင်လျက် မျက်မှောင်ကုတ်ကာစိုက်ကြည့်နေသည်။
နေကြီးမှာသူစိုက်ကြည့်လဲမတက်နိုင်ပါ ဒီနှစ်လဲအနည်းဆုံးတော့ အပျိုကြီးနှင့်သင်ရပေအုံးမည်။
မတူတော့သည့်feelingကတော့ ရည်းစားလေးက သင်ကြားပေးခြင်းဖြစ်သည်။
*အို..သင်ခန်းစာတို့ပို၍ပင် နားလည်လွယ်ပြီးချိုမြိန်နေတော့မလား*
#2541words
#3.12.2023
You are reading the story above: TeenFic.Net