အပိုင်း(၃၀)

Background color
Font
Font size
Line height

"မလာသေးဘူးလာရှင်ရယ် ဒို့စောင့်နေတာကြာလှပြီလို့"

နှင်းမေတစ်ယောက် expresss car ဘေးတွင်အိတ်ကို platformပေါ်ချကာ စိတ်မရှည်စွာဆိုမိသည်။

"ကို လာနေပါပြီ မေရယ် ခဏလေးနော် ရောက်တော့မယ်"

တစ်ဖက်တွင်ကြားနေရသော နှုတ်ခမ်းဆူတူတူအသံအရ သူ့ရဲ့‌ဒေါင်းဟာ သေချာပေါက်စိတ်ဆိုးနေပေပြီ။

မနက်စောစောကားမှီအောင်ထရမည်ကိုသိလျက်ပင် ညက ဟိုသကောင့်သားခင်ကြီးနဲ့ဂိမ်းဆော့နေမိသည့်ကိုယ်ကိုကိုယ်သာအပြစ်တင်ရမယ်။

"ရပြီ ဦးအေး ဒီမှာပဲချတော့"

အိမ်က ဦးလေးကို ကားဂိတ်နားတွင်ချခိုင်းကာ မလှမ်းမကမ်းမှမြင်နေရသော နှင်းမေဆီသို့အပြေးသွားမိသည်။

"ကိုနေမျိုးကျက်သရေ"

"ခညာ"

"ဘာခညာလဲ စကားတောင်မပီတော့ဘူးလားဟမ်
လာစမ်း.."

"အားမေရယ် နာတယ်လို့တော်ပါတော့နော်"

ဗိုက်သာနုနုပေါ်သို့ကျရောက်နေသည့်နှင်းမေရဲ့လက်မှလိမ်ဆွဲမှုမှာ ဆွေမျိုးမေ့ချင်မေ့လို့ရမည်။

"ဟွန့် အခုမှ နာမနေနဲ့ ဒီမှာကြည့်ကားကဖြင့်မနက် ၇:၀၀ထွက်မယ် မင်းလာတာကြည့်စမ်း၆:၅၀ဖြစ်နေပြီ"

"ဟာ..မေကလဲဆယ်မိနစ်တောင်လိုသေးတာကို"

နေမျိုးကျက်သရေမှာသူ့ရဲ့ဗိုက်လေးကိုပွတ်လျက် လက်ရှိသူပေးထားတဲ့နာရီမှအချိန်အားထိုးပြကာ‌ပြောနေသောနှင်းမေကိုရယ်ကျဲကျဲဖြင့်ဆိုသည်။

"ရယ်နိုင်သေးတယ်နော် မင်းဒို့ကိုမနေ့ညကဖုန်းပြောတော့ ဘာပြောထားလဲ"

"ဘာပြောထားလို့လဲဟင်"

"နေမျိုးကျက်သရေ ငါတကယ်စိတ်တိုလာပြီနော်"

"ရွှေစိတ်တော်မညိုးပါနဲ့ချစ်ရတဲ့မေရယ် ဟိုဒီကလူသားကမေ့ကိုချစ်ဖို့ကလွဲဘာမှမသိတာမလို့ပါ ပြောပါနော် ကိုမေ့နေတဲ့အရာလေး"

အမြန်ပင်လက်လေးကသူမပုခုံးငယ်ကိုသိုင်းဖက်ကာချော့စကားဆိုရပေသည်။

"မင်းပဲဒို့ကိုဘာမှမစားနဲ့ မနက်စာတူတူစားချင်လို့ဆိုပြီးပြောခဲ့တာလေ ခုဗိုက်ဆာနေပြီမင်းကိုစောင့်ရလို့"

"မေရယ် စိတ်မဆိုးပါနဲ့ဗျာ ကျွန်တော်တို့ကားကဆိုင်တစ်ဆိုင်ဆိုင်တော့ရပ်အုံးမှာပါဗျာနော်"

"နေမျိုးကျက်သရေမင်းနော် ဒို့ကိုဂရုမစိုက်တော့ဘူး"

"မဟုတ်ရပါဘူးမေရယ် ဂရုစိုက်ပါတယ်ဗျာ ခုကျွန်တော်တစ်ခုခုပြေးဝယ်လိုက်မယ်လေ"

"နေပါ တော်ပြီ ကားပေါ်တက် တော်ကြာကျန်ခဲ့မယ်"

"ဘာလဲချစ်ရသူနဲ့တူတူကားမစီးရမှာစိုးလို့လား"

"အေးအေး မလိုက်နဲ့ အဲ့စပ်ဖြီးဖြီးမျက်နှာနဲ့ ဒီလမ်းဘေးမှာပဲနေခဲ့တော့ ဘယ်လိုဟာစားလေးမှန်းမသိဘူး"

နှင်းမေမှာပြောလဲပြောသူ့အိတ်ကိုသူဆွဲကာကားပေါ်သို့တက်သွားသည်။

"ဟာမေ...မဟုတ်ဘူးလေ လိုက်မယ်လို့"

*မင်းကိုကစောက်ကြောရှည်တာပါကွာ နေမျိုးကျက်သရေရာ*

ကိုယ့်ကိုကိုယ်သာအပြစ်ပုံ၍ အမြန်ပင်နောက်ကလိုက်ရပေသည်။

"မေ ကားပြတင်းပေါက်လေးနဲနဲဆွဲလိုက်မယ်နော် ကားထွက်လို့လေတိုက်ရင် မေချမ်းလိမ့်မယ်"

"တော်ပါ လာဂရုစိုက်မနေနဲ့"

သူ့ဘက်သို့တစ်ချက်မျှမကြည့်ပဲ ကားပြတင်းပေါက်ဘက်သာကြည့်နေသော ‌နှင်းမေကြောင့် နေမျိုးကျက်သရေတွေးနေမိသည်။

*ငါ‌တော်ထားတဲ့ရည်းစား‌လေးကသုံးဆယ်ကျော်လား သုံးနှစ်သမီးလားကွာ*

နှင်းမေမှာစိတ်ကောက်၍မခေါ်ပဲနေသော်လဲ ကားထွက်သည်နှင့်ပြဿနာစလာသည်။နဂိုထဲကကားမူးတက်သူမို့ လူမှာရီဝေဝေဖြစ်ကာခေါင်းမှာလဲအနည်းငယ်ထိုးကိုက်လာပေသည်။

"မေ..မူးလာပြီမလားမျက်လုံးလေးမှိတ်ပြီး ခဏလေး‌မှေးလိုက်နော်"

နေမျိုးကျက်သရေမှာ သူ့အားပြောရင်းဖက်ကာရင်ခွင်ထဲခေါင်းမှီစေသည်။ ထိုကလေးရဲ့ပုခုံးနဲ့ရင်ခွင်ဟာ သူ့အတွက်တော့ ယောင်္ကျားသားတစ်ဦးထက်ပို၍ပင်ကာကွယ်မှု‌ပေးပြီးလုံခြုံမှုရှိသည်ဟုခံစားရသည်။

ပြတင်းပေါက်ကလေစိမ်းတချို့တိုက်လာပြီဖြစ်၍ ချမ်းလာ၍ထင်သည်မေ့မှာသူ့ရင်ခွင်ထံသို့ပို၍ပင်တိုးဝင်လာပေသည်။

နဂိုထဲကမိမိကိုယ်တိုင်မှာလဲ ကားစီးတိုင်းအိပ်တတ်သူဖြစ်ပင်မဲ့ဒီတစ်ခါတော့ ခရီးဆုံးသည်အထိမေ့အားစောင့်ကြည့်ရင်လိုက်ပါလာခဲ့သည်။

"မေ ထတော့လေရောက်ပြီ"

"ဟင် အင်းး"

နေမျိုးကျက်သရေမှာ အိပ်ချင်မူတူးလေးဖြင့်ဆိုလာသောသူမအားအသည်းယားရပြန်သည်။

"လာ‌မေ ကျွန်တော်တို့တစ်ခုခုအရင်စားရအောင်လေနော် ပြီးမှအိမ်ပြန်"

"အင်း"
.
.

"မေ ခွံ့ကျွေး"

"အို ကလေးလဲမဟုတ်ပဲကိုယ့်ပါသာစား"

နေမျိုးကျက်သရေမှာ နှင်းမေရဲ့ပန်းကန်ထဲကထမင်းကြော်အားတောင်းစားနေခြင်းပင်။

"မေကလဲ မေခွံ့ကျွေးတာခံချင်လို့ကို ကိုယ်ပါ့သာစားချင်မှတော့ တစ်ပွဲသက်သက်မှာလိုက်တာပေါ့‌ဗျ"

"မင်းလေးကတော့လေ စူပုတ်နေတာပဲ ကလေးလဲမဟုတ်ပဲ ကဲလာလာ"

နှင်းမေမှာ ပန်းကန်ထဲမှာထမင်းကြော်လေးအားခပ်ကာထိုကလေအားခွံ့ကျွေးရပေသည်။

"ကို တို့‌တွေအနေအထိုင်ဆင်ခြင်ရမယ်နော် မြို့ကိုပြန်ရောက်နေပြီသိလား"

"အင်းပါမေရယ် မေနောက်အပတ်ဆို‌ကျောင်းတွေပြန်ဖွင့်ပြီနော်

"အင်းလေဘာဖြစ်လို့လဲ"

"အဲ့တာမှကျွန်တော်မေနဲ့တွေ့ရမှာလေဗျာ"

"ဪကိုရယ်တစ်မြို့ထဲရှိနေကြတာပဲကို"

"ဒါပင်မဲ့ကြားထဲမှာ ရေခြားနေသေးတယ်လေဗျာ မေကဟိုဘက်ကမ်း ကျွန်တော်ကဒီဘက်ကမ်းကို"

ထိုကလေးမှာပြောလဲပြောမျက်နှာလေးကလဲမဲ့ကာအသံလဲတိမ်ဝင်စပြုလာလေပြီ။

"ကို~~"

"ဗျာ"

"ရေခြားလဲမေကမေပဲ မြေခြားလဲမေကမေပဲ ကို့နှလုံးသားထဲပဲရှိနေခဲ့ပြီလေကွယ် အဲ့ရေမြေခြားတာတွေကအရေးပါသေးလားလို့ရယ်"

"ဒါပင်မဲ့လဲမေရယ်"

"ရှူး တော်ပြီ တစ်ပတ်လေးပဲသည်းခံလေနော် နောက်ဆိုကျောင်းမှာ မင်းတို့ကိုနဂိုလိုချောင်းသလိုပြန်ချောင်းနိုင်ပြီကို"

"မေသိတယ်"

"သိပါ့ ကျွန်မတခြားအဆောင်တွေစာသင်ဖို့ကူးတိုင်းရှင်စာလိုက်မလုပ်ပဲလိုက်ချောင်းနေတာတွေကို သတင်းပြန်ရပါတယ်နော်"

"ဪ ဒါနဲ့ မေကတန်းစုတစ်စုလေဗျာ ကျွန်တော်ကိုစာလာမသင်တော့ဘူးလား"

"အင်းလေ"

"ဟာဗျာ ရက်စက်လိုက်တာ"

"မရက်စက်ပါဘူးကိုရယ် ကိုကလဲ ဒီတစ်နှစ်ပြီးရင်ပဲအထက်တန်းကျောင်းပြီးပြီကို"

"အဲ့တာကြောင့်ပြောတာလေ မေစာသင်တာလေးခံချင်တာကို"

"ဘာလဲအခေါက်ခံရတာ ဗိုက်လိမ်ဆွဲခံရတာတွေမမှတ်သေးလို့လား"

"မဟုတ်ပါဘူးဗျာ"

"ကဲပြန်တော့နော်ကို အိမ်ကို တို့လဲပြန်တော့မယ်"

"ဟာဗျာမေကလဲ ကျွန်တော်ဖြင့်မေ့ကိုကြည့်လို့မဝသေး"

"ကိုရယ် မေအိမ်ပြန်နားတော့မယ်လေနော်"

"ဟုတ်ကဲ့ပါဗျာ အဲ့တာဆိုလဲ အိမ်ပြန်ရောက်လို့နားပြီးရင် ဟောဒီကလူဆီဖုန်းဆက်ပါအုံး"

"စိတ်ချ"

"ကျွန်တော်လိုက်ပို့မယ်လေ အိမ်ကို"

"ရတယ်ကို သူငယ်ချင်းလာခေါ်လိမ့်မယ်"

"မေ.."

"မိန်းကလေးပါကိုရယ် အဲ့တာဆိုသွားပြီနော်"

နှင်းမေမှာသွားခါနီးနေမျိုးကျက်သရေရဲ့ခေါင်းထက်ကဆံပင်တွေကိုလက်လေးဖြင့်ဖွကာထွက်သွားသည်။

*ကဲအပျိုကြီးကတော့ ငါ့ထားသွားပြီ*

နေမျိုးကျက်သရေမှာ ဆိုင်၌သာထိုင်ရင်းဖုန်းကိုလက်မှကိုင်ကာဘယ်သူ့ဒုက္ခပေးရမလဲစဉ်းစားမိသည်။ ကံစမ်းမဲပေါက်သွားသူမှာတော့ခင်ကြီးပင်။

"သားကြီးငါ့ကို ကားဂိတ်ရှေ့ကစားသောက်ဆိုင်မှာလာခေါ်"

"ပြန်ရောက်နေပြီလားဟ နေကြီးရ"

"လျှာမရှည်နဲ့လာကွာ ငါခရီးပမ်းနေပြီ"

"တော်တော်လာကြိုချင်စရာပဲ ခဏစောင့်လာခဲ့မယ်"
.
.

.
.
.
"မြန်လိုက်ချည်လားကွ"

"မြန်မှာပေါ့ဒီနားကစော်လေးကိုလာဖွန်ကြောင်တာ"

"မင်းဟာကလွန်ပါတယ်ကွာတစ်မြို့လုံးကိုနှံနေရော"

"နေကြီးရယ် အချစ်ရှိတာ အပြစ်ရှိတာမှမဟုတ်ပဲဗျာ ကျွန်တော်ကပေါ်ပင်မှာပျော်ရွှင်နေတာမဟုတ်ပါဘူးဗျ ရင်ခွင်မှာပျော်ဝင်နေတာပါဗျာ"

"ကဲပါကွာ ငါ့အိမ်ပြန်ပို့ပေးစမ်းပါမင်းရဲ့နွားစကားတွေမကြားချင်တော့ဘူးဟ

" ပြီးရောပြီးရော တက်"

နေကြီးလဲ ဆိုင်ကယ်ပေါ်တက်ကာ အိမ်သို့ပြန်လာခဲ့သည်။

"နေကြီး အခုနားလိုက်ညနေပြန်လာခေါ်မယ် အဖွဲ့နဲ့ပတ်သက်ပြီးမေးချင်တာရှိလို့"

"အေးပါ ငါလဲရှင်းချင်ပါတယ် ညနေလာခေါ်"

ခင်ကြီးမှလဲအဖွဲ့ဝင်ဖြစ်၍ ဒီကိစ္စအားသူ့ကိုလဲရှင်းပြရမည်။မေ့ကိုရွေးချယ်ခဲ့တာ‌မို့သေချာပေါက်သူဒီအဖွဲ့အစည်းကိုတော့စွန့်လွှတ်ရမည်။

အတွေးတို့အားစိတ်ရှုပ်မခံစွာဖယ်ရှားလိုက်ပြီးအိမ်ထဲဝင်လာခဲ့သည်။

"အမေ"

"ဟော ပြန်လာပြီလားဟဲ့ ဖုန်းလေးဘာလေးကြိုဆက်ပါလားပြန်လာမယ်ဆိုလဲ"

ဧည့်ခန်းထဲတွင်ဇာတ်ကားကြည့်နေသောအမေမှထလာကာသူ့အိတ်အားယူရင်းဆိုသည်။

"အမေရယ်မေ့သွားလို့ပြီးတော့ဖုန်းကဘေကုန်နေပြီ"

"နင့်မလဲတစ်ခါမှဘေရှိတယ်လို့ကိုမရှိဘူး'

"အမေကလဲ"

"အမေကလဲမနေဘူးမတ်တပ်ကြီး သွားချင်တုန်းကလဲဘာမှမပြော လက်မှတ်ဝယ်ပြီးတောင်ကြီးကိုတက်သွားတယ် ဟိုရောက်မှဖုန်းဆက် အခုလဲပြန်လာတာအိမ်ရောက်မှသိရတယ် နင့်အဖေသိနင့်ကိုလုပ်လိမ့်မယ်"

"ဒါနဲ့အဖေရော"

"အလုပ်သွားတယ်"

"ဪ ဒါကြောင့်အမေပျင်းနေတာနဲ့တူတယ်"

"ဟယ်ဘာတွေပြောဒီကလေး"

"ဪကျွန်တော်က ရိုးရိုးသားသားပြောတာပါအမေ့ပါအမေထင်ချင်တာထင်နေပြီး"

"ဘာကိုထင်ရမှာလဲ နင်ဟာလေ သွားတော့"

"ခုမှပြန်လာတာကိုဘယ်ကိုသွားရမှာလဲအမေရ"

"နင့်ပါ့နင်သွားချင်တဲ့ဆီကိုသွား"

"ဟာအမေရှက်ရမ်းရမ်းပြီးအခန်းထဲမဝင်သွားနဲ့လေ ကျွန်တော့်အဝတ်အစားအိတ်ကြီးပြန်ပေးခဲ့အုံး"

နေမျိုးကျက်သရေမှာ အမေ့ကိုဝအောင်စပြီး‌ေနာက်အပေါ်သို့တက်လာကာမိမိအခန်းထဲဝင်၍အနားယူလိုက်သည်။

ညနေအရောက်တွင်တော့ကမ္ဘာပေါ်မှာအအားယားဆုံးခင်ကြီးမှာသူ့အိမ်သို့ရောက်လာသည်။

"နေကြီးရေထတော့ဗျ"

"မင်းမလဲဖွန်ကြောင်ဖို့နဲ့ငါ့နိုးဖို့မွေးလာသလားမှတ်ရတယ်"

"ဟာထ အအေးသွားသောက်ရအောင်"

"ပိုက်ဆံမရှိဘူးကွာ"

"ကျွန်တော်တိုက်ပါ့မယ်လိုက်ခဲ့ဗျာ"

နေကြီးလဲပြောမရတဲ့အဆုံးအင်္ကျီအဝတ်အစားလဲကိုယ်လက်သန့်စင်ကာလိုက်လာသည်။

"ညီမလေး‌ေရ လိမ္မော်ရည်နဲ့ကြံရည်တစ်ခွက် နေကြီးကကျန်ခဲ့ရတဲ့သူဆိုတော့ကြံရည်ပဲသောက်နော်"

"နေစမ်းပါအုံးမင်းနဂိုကငါ့ကိုအဲ့လောက်မသဒ္ဓါပါဘူး တစ်ခုခုတော့‌တစ်ခုခုပဲ"

"ဟီး ဟုတ်လားအရမ်းသိသာနေလား"

"အေး"

"ဟိုမှာလေဗျာ ဒီဆိုင်ကစော်လေးကိုကြိုက်နေလို့"

"ဖြစ်ရမယ်ကွာ မင်းကတော့"

"ဒါနဲ့နေကြီး ဟိုကိစ္စပြောအုံး အကိုYTKနဲ့လာဖြစ်တာလဲ Group chatထဲမှလဲ နေကြီးအဖွဲ့ထဲကမရှိတော့ဘူးလို့ကြေညာထားတယ်"

"ဟုတ်တယ် ခင်ကြီးတောင်ကြီးမှာတုန်းကပြဿနာနည်းနည်းဖြစ်သွားလို့"

နေကြီးလဲဖြစ်သမျှကိုပြောပြသည်။သူနဲ့မေရဲ့ကိစ္စကလွဲလို့ပေါ့။

"ဪ နေကြီးရယ် ထပ်ကာကွယ်ခဲ့တာပဲလားအပျိုကြီးကို ကျွန်တော်သာဆိုမရွေးဘူး အကိုYTKတို့ကိုပဲ‌ရွေးမှာ ငယ်ငယ်ထဲကပေါင်းခဲ့ပြီးကိုယ့်အပေါ်ကောင်းခဲ့တာကို အပျိုကြီးကကျသိတဲ့အတိုင်းလိုတစ်မျိုးမလိုတစ်မျိုးလေ"

"သူလိုအပ်သည်ဖြစ်စေမလိုအပ်သည်ဖြစ်စေငါကငါလုပ်ပေးနိုင်သလောက်အားလုံးလုပ်ပေးနေမှာပဲ ပြီး‌ေတာ့သူနားလည်လာပါပြီ"

"ပြောတာပဲမနှစ်ကတောက်လျောက်ဘယ်လိုဖြစ်ခဲ့လဲနေကြီးအသိပဲကို"

"ကဲပါကွာမင်းကလဲ မကောင်းကြီးပဲပြောနေတာပဲငါ့လူကို"

"မပြောတော့ပါဘူး ဖူးဖူးမှုတ်ထားအဲ့မှာနေကြီးအပျိုကြီးကို မဟုတ်သေးပါဘူး ဖူးဖူးတောင်နေကြီးလောက်မှုတ်နိုင်မယ်မထင်ဘူး"

ခင်ကြီးမှာမဲ့ရွဲ့ကာဆိုလာသည်။

"ဒါနဲ့နောက်အပတ်ကျောင်းပြန်ဖွင့်ပြီနော်"

"ဟုတ်တယ် စော်လေးတွေကိုပြန်ငမ်းရတော့မယ်'

"မင်းလဲအဲ့ကိစ္စနဲ့ရူးမယ် ဒါနဲ့ငါတို့တန်းစုမှုးက

" ပုတီးအမေလေ"

"ဪ ဆရာမနီပဲ အေးပါ "

"ဘာဖြစ်လို့"

"Noမေးကြည့်တာပါ မနက်ဖြန်ကြအားလုံးကိုငါမုန့်ဝယ်ကျွေးမယ်ပြောလိုက်"

"တကယ်နော် နေကြီး"

"အေး"

"Ok အဲ့တာဆိုလူစုလိုက်မယ်"

#2205words
#26.11.2023


You are reading the story above: TeenFic.Net