အပိုင်း(၂၉)

Background color
Font
Font size
Line height

"မေရေ ကျွန်တော်ကျောင်းရှေ့ရောက်ပြီ"

စာအုပ်တွေနဲ့လိုအပ်တဲ့စာရွက်စာတန်းတွေသိမ်းနေစဉ် ဝင်လာသော messageလေးကိုကြည့်မိတော့သူ့ရဲ့ကလေး။

"အင်းတို့ထွက်ခဲ့မယ်နော် ကလေး"

"ဟုတ်ပါပြီဗျာ"

ထိုကလေးနဲ့ချစ်သူဖြစ်ပြီးထဲက သူမအတွက်စိတ်ကြည်နူးစရာတွေကြီးသာ။ အစစအရာရာဂရုစိုက်ပေးမှုကလဲ သူမပင်အမြင်ကတ်လောက်အောင်ပင်။

"နှင်းမေ နင်ကလဲဟယ် သင်တန်းနောက်ဆုံးနေ့ကိုအေးဆေးလုပ်ပါဟ အမြန်သိမ်းနေလိုက်တာ ဒီညကားနဲ့ပြန်မှာမလို့လား မြို့ကို"

"မဟုတ်ပါဘူးဟာ ငါမနက်မှပြန်မှာပါ"

"မသိဘူးလေ နင်ကအသည်းအသန်လုပ်နေလို့ မပြန်ဘူးဆိုလဲ သင်တန်းပြီးပြီလေဟာ နဂိုလိုနင်နဲ့ငါနဲ့ shoppingထွက်ရအောင် မုန့်လေးဘာလေးလဲစားကြတာပေါ့"

နွယ်မှ သူမရဲ့ အိတ်လေးကိုကိုင်လျက်နှင်းမေအားကြည့်ကာဆိုသည်။

*ဪ ခက်တော့နေပါရောလား ဒီအပျိုကြီးနှယ့်*

နှင်းမေမှာရည်းစားမရှိ၍‌အေး‌ဆေး shopping ထွက်နိုင်မည့်သူမဟုတ်တော့ပေ။ဆိုင်ရာပိုင်ရာလေးကကျောင်းရှေ့မှာစောင့်နေပြီဖြစ်၍ ထိုအပျိုကြီးအားမည်သို့ပြော၍ လွတ်လမ်းရှာရမည်နည်း။

"ငါမလိုက်တော့ဘူးလေဟယ် နင်ဘာသာသွားလိုက်တော့နော် ချိန်းထားတာလေးရှိလို့"

"အယ် အမတော် မဟုတ်မှလွဲရော ကိုနိုင်နဲ့လား"

နွယ်မှ သူ့အားပြောင်ချော်ချော်မျက်နှာထားဖြင့်ဆိုသည်။

"မဟုတ်ရပါဘူးဟယ် တခြားကိစ္စပါ နင်ကလဲ"

"အေးပါအေ တခြားကိစ္စဆိုလဲတခြားကိစ္စပေါ့တို့တော့သိပ်မယုံချင်ပါနော်"

"ကဲနွယ် မယုံလဲတို့တတ်နိုင်စွမ်းမရှိဘူးကွယ် တို့တကယ်ပြောနေတာရယ်"

"ဟုတ်ပါပြီ အဲ့ဆိုလဲကြွကြွ"

"အင်းပါ you လဲ ကျန်းမာရေးဂရုစိုက်နော် bye"

နှင်းမေလဲနွယ်အားလက်ပြနှုတ်ဆက်လျက်ပင်နေမျိုးကျက်သရေရှိရာသို့အမြန်ပင်သုတ်ချီတင်လာမိသည်။

ဒီတစ်ခါတော့ လမ်းတစ်ဖက်တွင်သူ့ကလေးကဆိုင်ကယ်အဖြူရောင်လေးကိုမှီလျက် သူ့အားပါးချိုင့်များနစ်ဝင်သည်အထိပြုံးကာကြည့်နေသည်။

"ရောက်နေတာကြာပြီလားဟင်"

"မကြာသေးပါဘူးဗျာ အောင်မလေးလွမ်းနေရတာ"

နေမျိုးကျက်သရေမှာသူ့အားပွေ့ဖက်ရန်ရွယ်လာသည်။

"ဟိတ် နေအုံးလေလို့ publicကြီးမှာနော် တို့ကိုအသားမယူနဲ့...ဟွန့်"

မျက်စောင်းလေးထိုးကာကြည့်၍ဆိုလာသော သူမကြောင့် နေမျိုးကျက်သရေ အသည်းယားစွာကိုက်စားချင်လာပေသည်။

"မေ ကျွန်တော်တို့ဘယ်သွားကြမလဲဟင်"

"အင်း...သိဘူးလေ မင်းလေးသွားချင်တဲ့နေရာ"

"လောလောဆယ်တော့ မုန့်လေးဖြစ်ဖြစ်သွားစားမယ်လေ မေဗိုက်ဆာနေလောက်ရောပေါ့"

"ဟီး ဟုတ်တယ်တို့လဲဗိုက်ဆာနေတာ"

"ကဲအဲ့တာဆိုဆိုင်ကယ်ပေါ်တက်"

နှင်းမေလဲ နောက်မှထိုင်လိုက်ကာ နေမျိုးကျက်သရေရဲ့ခါးလေးအားဖက်ထားသည်။

မြို့ရဲ့အစွန်လှပလှတဲ့ရှုခင်းတွေနဲ့ အေးမြမြလေထုတို့တိုက်ခက်လျက်ရှိတဲ့ ကော်ဖီဆိုင်လေးသို့ သူတို့နှစ်ဦးတူတူရောက်လာခဲ့သည်။

"လှလိုက်တာ ပန်း‌လေးတွေက မျိုး.မျိုး တို့ကိုဓာတ်ပုံရိုက်ပေးကွာနော်"

နှင်းမေရဲ့မျိုးဟုခေါ်ဆိုသံမှာ ဆက်တိုက်မဟုတ်ပဲ စက္ကန့်ဝက်မျှခြားကာခေါ်ဆိုသည့်ပုံမျိုးဖြစ်ပြီး နူးညံ့စွာတစ်လုံးချင်းစီထွက်ပေါ်လာတတ်သည်။

နေမျိုးကျက်သရေမှာ သူ့အားတစ်တီတီခေါ်ကာ ပန်းခင်းတွေကြားပြေးလွှားနေသည့် နှင်းမေကိုကြည့်ကာ ဓာတ်ပုံများရိုက်၍သူမစိတ်ကြိုက် အချိန်အတန်ကြာမှတ်တမ်းတင်ပေးနေသည်။

"ဟူးး နည်းနည်းတောင်ပင်ပန်းသွားသလိုပဲ"

"ဟုတ်ပါရဲ့ဗျာ ချွေးလေးတွေတောင်စို့နေပြီ"

မရပ်မနားဓာတ်ပုံရိုက်‌ဖို့နောက်ကလိုက်နေရပေမဲ့ နေမျိုးကျက်သရေမှာ ငြီးငြူခြင်းမရှိပဲနှင်းမေမျက်နှာကိုပင်တစ်ရှူးလေးဖြင့်နုနုရွရွသုတ်ပးနေသည်။

မကြာမီ လာချပေးသွားသော chocolate cakeလေးနဲ့ cappuccino နှစ်ခွက်။

"ကိတ်လေးကချစ်စရာလေး"

နှင်းမေမှာကိတ်လေးကိုရွှန်းလဲ့နေသောမျက်ဝန်းများဖြင့်ကြည့်ကာဆိုလေသည်။

"ကျွန်တော်ကရော"

"ဘာကိုလဲ"

"ဟော ဒီကိတ်ကိုကျွေးတဲ့ကျွန်တော်ကပိုချစ်စရာမကောင်းဘူးဟင်"

နေမျိုးကျက်သရေမှာနှင်းမေရဲ့ မျက်ဝန်းတွေ‌ကိုကြည့်ကာဆိုသည်။

"သေချာပေါက်မကောင်းပါဘူးနော် "

သူအားနှုတ်ခမ်းတဆူဆူနဲ့ခနဲ့သလိုပြောကာ ကော်ဖီကိုသာပြန်သောက်နေသည်။

"နှင်းမေ မုန့်လာစားတာလား"

"ဟာ ကိုနိုင်ဘယ်လိုရောက်လာတာတုန်း"

"အကိုဒီမှာ clientတချို့နဲ့ လာတွေ့တာ ထိုင်မယ်နော်"

"ရှင် ဟုတ်ကဲ့"

နှင်းမေမငြင်းသာ၍ လက်ခံလိုက်သော်လဲ ဘေးကကလေးအားတစ်ချက်ကြည့်မိသည်။ငြိမ်သက်စွာပင် ကိုနိုင်အားစိုက်ကြည့်နေသည်။

"ဒါနဲ့သူက"

"နှင်းမေရဲ့တပည့်မလေးပါ'

"ဪ ဟုတ်လားအကိုက ယောင်္ကျားလေးထင်နေတာ သူ့ပုံလေးက ယောင်္ကျားဆန်တာကိုး"

"ဟုတ်တယ်ကိုနိုင် သူကအဲ့လိုနေရတာသဘောကျလို့ပါ"

"ဒါနဲ့နှင်းမေ မနက်ဖြန်ပြန်မှာမလား အကိုမြို့ကိုလိုက်ပို့ပေးမယ်လေ အကိုမနက်ဖြန်အားတယ်"

"ရတယ်ကိုနိုင်ညီမမှာ အစီအစဉ်ရှိပြီးသားပါ"

"ဟုတ်လား.."

နှင်းမေ ကိုနိုင်နှင့်အလိုက်အထိုက်စကားပြောနေရသော်လဲ စိတ်ထဲမတင်မကျ။ထို့နောက်အေးစက်စက်အထိအတွေ့။

အကြောင်းမှာနေမျိုးကျက်သရေက သူမရဲ့လက်အားဆုပ်ကိုင်လာခြင်းပေ။ထိုကလေးလက်တွေကအေးစက်နေပြန်ပြီ။ ဒီကလေးစိတ်ဆိုးရင်ဆိုးမဆိုးရင်တစ်ခုခုဖြစ်နေတာသေချာသည်။

စားပွဲအောက်တွင်မို့ကိုနိုင်တော့မ‌မြင်နိုင်။ထိုကလေးကိုကြည့်မိတော့ ကိုနိုင်ကိုသာ စိုက်ကြည့်နေသည်။

"ဒါနဲ့နှင်းမေ ဒီဆိုင်ကDragon fruit cake ရှိတယ်စားမလား အရမ်းကောင်းတယ်"

"သူမက Dragon fruit နဲ့ပတ်သက်တာမှန်သမျှမစားဘူး သူနဲ့မတည့်တာမလို့"

နေမျိုးကျက်သရေက ကိုနိုင်မျက်လုံးတွေကိုသာ စိုက်ကြည့်ရင်းပေဆိုသည်။တွဲထားသောလက်ကို‌ တော့မဖြုတ်။

"ဟုတ်လား အကိုကမသိလို့နော်"

ကိုနိုင်မှနှင်းမေအားအားနာသည့်အကြည့်ဖြင့်ဆိုလာသည်။

"ရပါတယ် ကိုနိုင်"

"ဒါနဲ့နှင်း‌မေကို အကို စကားပြောစရာရှိတယ်"

"ပြောပါကိုနိုင်"

"ဟိုဟာလေ ဒီကလေးနဲ့ဆိုတော့ သိပ်မလွတ်လပ်.."

"ရပါတယ်သူ့ရှေ့မှာပဲပြောပါ"

နှင်းမေ ထိုကလေးအားသူမကိုအထင်လွဲစေမည့်မည်သည့်အရာကိုမှအဖြစ်မခံနိုင်ပါ။

"အဲ့တာဆို အကိုပြောပါရစေ နှင်းမေကိုအကိုတောင်းဆိုထားတဲ့ကိစ္စလေး အဲ့တာလေးအတွက်နှင်းမေရဲ့ဆန္ဒလေးကိုသိပါရစေ"

နှင်းမေခံစားမိလိုက်သည်ကထိုကလေးသူမလက်အားပိုမိုကြပ်တင်းစွာဆုပ်ကိုင်လာခြင်းသာ။

"ကိုနိုင်ညီမအားနာပါတယ် ကိုနိုင်ကိုညီမ အကိုတစ်‌‌ယောက်လိုစိတ်ခံစားချက်ကလွဲပြီးကျန်တာမရှိခဲ့ဘူး ကိုနိုင်"

"အင်းပါနှင်းမေရယ် နှင်းမေရဲ့သဘောထားကအဲ့လိုဆိုလဲအကိုဘာတတ်နိုင်မှာလဲ ဒါနဲ့တစ်ခုလောက်တော့မေးပါရစေ နှင်းမေရဲ့အခုလိုအဖြေဟာတစ်စုံတစ်ယောက်နဲ့များဆက်နွယ်နေသလား"

"မဟုတ်ပါဘူး ကိုနိုင် ညီမရဲ့ဆုံးဖြတ်ချက်တစ်ခုသာသာပါပဲ ဒီကိစ္စအတွက်နဲ့လဲ ညီမတို့တွေရဲ့ခင်မင်မှုကိုမပျက်ချင်ပါဘူး ကိုနိုင်တို့နဲ့အခုလိုဖြူစင်တဲ့သံယောဇဉ်ကိုပဲနှင်း‌မေတန်ဖိုးထားချင်ပါတယ် အဲ့တာဆိုညီမကိုခွင့်ပြုပါအုံးကိုနိုင် ကြီးမေကိုလဲနှုတ်ဆက်တယ်လို့ပြောပေးပါအုံး ကျန်းမာရေးလဲဂရုစိုက်ပါလို့"

"ကောင်းပါပြီနှင်း‌မေ"

နှင်းမေလဲကိုနိုင်အားပြုံးပြနှုတ်ဆက်ပြီး နေမျိုးကျက်သရေရဲ့လက်ကိုကိုင်လျက်ပင်ထွက်လာသည်။

"ဟိတ်ကောင်လေးဘယ်ကိုမောင်းနေတာလဲပြောအုံးလေ"

နှင်းမေရဲ့စကားကိုကြားပြီးနောက် နေမျိုးကျက်သရေ အရှေ့ရှိ အရိပ်ရှိသောခရေပင်အောက်တွင်ရပ်လိုက်သည်။

ထိုနေရာလေးမှာ လူသွားအလာနည်းသောတောင်ပေါ်လမ်းလေးဖြစ်ပြီးအရိပ်ရကာအေးချမ်းသည့်နေရာလေးဖြစ်သည်။အပေါ်စီးမှ မြင်ရသောမြို့ရဲ့ရှုခင်းအလှမှာ မှင်သက်ဖွယ်ပင်။

"တို့ကိုဘာလို့မကြည့်တာလဲ စိတ်ကောက်နေတာလားဟင်"

"မဟုတ်ပါဘူးဗျာ ဟိုကိုနိုင်ဆိုတဲ့လူကြီးကိုကြည့်မရလို့ ဖြစ်နိုင်ရင်လေဒါကျွန်တော့်ရည်းစားဗျဆိုပြီးဆွဲတောင်ထိုးလိုက်ချင်သေး ဘယ်နှယ့်ဗျာ ရည်းစားရှေ့တည့်တည့်မှာ လက်ထက်ခွင့်တောင်းထားတဲ့အဖြေကိုလာမေးနေတယ် ဘယ်လိုလူလဲမသိ"

"ကဲပါကွယ်စိတ်လျော့ပါ မင်းလေးကလဲ စိတ်ကြီးလိုက်တာ"

"ကြီးမှာပဲ စနေသမီးဗျ မြေတက်ရေတက်မှာမွေး
ပြီးတော့ ချစ်လဲချစ်တတ်တယ် အူလဲတိုတတ်တယ်"

"ဒါဆိုခုလို ဆူပုတ်နေတာက တို့ကိုသဝန်တိုနေတာပေါ့"

"ဟုတ်တယ် ဟုတ်တယ် ဟောဒီကအပျိုကြီးကိုမတိုလို့ဘယ်သူ့ကိုတိုရမလဲ "

နေမျိုးကျက်သရေမှာသူရဲ့ပုခုံးနှစ်ဖက်ကိုလက်ဖြင့်ကိုင်တွယ်လျက် အကြည့်စုံကာဆိုသည်။

"မေ.."

"ရှင့်"

"ခက်ခက်ခဲခဲ ပင်မြင့်ပေါ်ကပန်းလေးကိုရယူထားရတာမို့ ကျွန်တော်အဆုံးရှုံးမခံနိုင်ဘူးနော်"

နှင်းမေမြင်နိုင်ပါသည်။ ထိုကလေးမျက်ဝန်းထက်ကသူမကိုမြတ်နိုးမှုများကို။

"အင်းပါ ကိုရယ်"

"ဘယ်လို ဗျာဗျာ ဘယ်လိုခေါ်လိုက်တာ ကျွန်တော်နားကြားမှားသလား"

"ဘာကိုလဲ"

"ဟာဗျာ မေ နော် ခုနကပဲ ကို လို့ခေါ်လိုက်ပြီး"

"ဟုတ်လား တို့ခေါ်မိလိုက်တာလား"

"မေရယ် ပြန်ခေါ်ပါနော် ကျွန်တော်ကြားချင်တယ်လေဗျာ"

"မင်းနော် တို့ကမ‌ဖြစ်‌မနေချစ်မိလို့ အငယ်လေးကိုရည်းစား‌တော်ထားရပင်မဲ့ ကိုကို Teamကမို့ ကို လိုပဲခေါ်မှာ"

"ခေါ်‌လေဗျာ အဲ့ဆိုလဲ ထပ်ခေါ်ပါအုံးလို့ ကြားချင်လို့ပါဆို"

"မျိုး မင်းအဲ့လိုလေး ဖြစ်နေလို့တို့မခေါ်ချင်တော့ပြန်ဘူး"

နှင်းမေမှာ ရှေ့ကတီကောင်ဆားပတ်ဖြစ်နေသော နေမျိုးကျက်သရေကိုကြည့်ကာစချင်လာသည်။

"ဟာဗျာ မေ‌မကောင်းဘူးဗျာ လူကို တန်းလန်းကြီး ပီတိတောင်မဝေဖြာရသေးဘူး "

"နေစမ်းပါအုံးမင်းကတို့မဟုတ်တဲ့ ဘယ်ပီတိနဲ့ဝေဖြာချင်နေတာလဲ"

"‌ဗျာ"

"မင်းနော် ရည်းစားဖြစ်တာခုမှတစ်ပတ်တောင်မရှိသေးဘူး ဘယ်ကိုခြေရှုပ်ချင်နေတာလဲ"

နေမျိုးကျက်သရေမှာ သူ့အား ဗိုက်ခေါက်လိမ်ဆွဲကာဆိုလာသော‌ နှင်းမေကြောင့်ပြောစရာစကားပင်ပျောက်ဆုံနေပေသည်။

"အားး မေရယ် နာလှပြီဗျာ လွှတ်ပါတော့နော်ဆရာမလို့ကိုမပြောရဘူး လက်သန်ကလဲပြောင်လိုက်တာ အား ပါး ပါးးး"

"ဟွန့်မင်းနော် တို့ကိုအပျော်ကြံကြည့် နောက်ကတုတ်နဲ့လိုက်ရိုက်မှာ"

"မကြံရပါဘူးမေရယ် ကျွန်တော်မှာချစ်လွန်းလို့တောင် မျက်စိ‌ အောက်ကအပျောက်မခံနိုင်တာကို"

နေမျိုးကျက်သရေမှာ မျက်နှာလေးမဲ့ကာဆူ‌ နေသောနှင်းမေအားဖက်၍ ရင်ခွင်ထဲဝင်စေကာ ချော့ရပေသည်။

*တစ်ခုခုတော့လွဲသလိုပဲ ခုနက အထိစိတ်ကောက်နေတာက ဘုရားဆု ငါကို အပျိုကြီးတို့များနော်လည်ချက်ပဲ*

"ကို~~ချစ်တယ်"

နှင်းမေမှာ ရင်ခွင်ထဲကခေါင်းလေးထွက်၍ နေမျိုးကျက်သရေကိုကြည့်ကာဆိုလာသည်။

"ပိုလို့တောင်ချစ်မြတ်နိုးရပါတယ်မေရယ်"

နေမျိုးကျက်သရေလဲ နှင်းမေရဲ့နှဖူးလေးကိုနမ်းလိုက်သည်။ထို့နောက်သူတို့နှစ်ဦးလုံးမြို့ရဲ့နေဝင်ချိန်ကိုထိုနေရာမှကြည့်နေကြသည်။

"ကို မနက်ဖြန်ပြန်ပါလားဟင်တို့နဲ့အတူမြို့ကို"

"ရည်းစားလေးကိုတစ်နေရာထားပြီးကျွန်တော်ကဒီမှာဘာလုပ်နေရမှာလဲဗျ ကားလက်မှတ်တောင်ဖြတ်ပြီးပြီ မေ့ဘေးခုံကိုရအောင်"

"ပြောတောင်မပြောဘူးနော်တို့ကို စိတ်ကောက်လိုက်ရမလားပြော"

"အောင်မလေးရွှေစိတ်တော်လေးမညိုးလိုက်ပါနဲ့ဗျာ ကျွန်တော်ကပြောမ‌လို့ပါပဲမေရ"

"ပြီးရော ဒါနဲ့ ကို တို့တွေကိစ္စကို လူသိမခံချင်သေးဘူး ဒါကြောင့်လဲ ကို့ကိုတစ်မျိုးမထင်.."

"ကျွန်တော်နားလည်တယ် မေ.."

"ကျေးဇူးပါ‌ ပြီးတော့တို့ကြောင့်နဲ့လဲ မင်းရဲ့ဘဝတက်လမ်းကြောင်းကိုပိတ်ဆို့မိမှာကြောက်မိတယ်"

"မေ.. ဒီလောကမှာ ဘယ်လောက်ပဲကောင်းမွန်တဲ့အရာတွေ ကျွန်တော့်ဘဝမှာဖြစ်လာပါစေ‌အုံး မေ ကသာ ကျွန်တော်ရဲ့အကောင်းဆုံးအောင်မြင်မှုပဲမေ ပြီးတော့အဖိုးတန်ဆုံး ဆုလာဒ်လေးပဲ"

"ဟုတ်ပါပြီ ကိုနေမျိုးကျက်သရေရယ် ရှင်ဟာလေ အဲ့လိုအပြော‌တွေနဲ့ ရှေ့မှာဘယ်နှစ်ယောက်တောင်ချုပ်ခဲ့ပြီလဲမသိဘူး ပြီးတော့တို့ပြောထားရမယ် မြို့ကိုပြန်ရောက်တာနဲ့ ဟိုသဝေထိုးဒီသဝေထိုးလုပ်လို့မရ၊ကျောင်းမှာ မိန်းကလေးတေနဲ့ဟေးလားဟားလားမလုပ်နဲ့နော် တစ်ခုခုကြားလို့ကတော့နော် ကို မင်းမလွယ်ဘူးမှတ်"

"ကောင်းပါပြီမေရယ် မေ့စကားကိုနားထောင်ပါ့မယ်"

#2200words
#17.11.2023

Caroနေမကောင်းလို့updateလေးနောက်ကျသွားတယ် တောင်းပန်ပါတယ်နော် readersလေးတို့။နောက်အပိုင်းတွေကစပြီး ရည်းစားလေးထားတဲ့စည်းကမ်းတစ်သိန်းနှင့်ရှင်သန်ရတော့မဲ့ မင်းတို့ရဲ့ အချစ်ကြောက် ကိုနေမျိုးကျက်သရေလေးကိုလဲ အမျှဝေပေးလိုက်ကြပါအုံး။







You are reading the story above: TeenFic.Net