"All stand up"
"Good bye tea...."
"ရတယ် နှုတ်မဆက်နဲ့ နင်တို့နဲ့ငါစကားမပြောချင်ဘူး"
ပထမချိန်ပြီး၍နှုတ်ဆက်ဖို့ပြင်နေသော အတန်းသူအတန်းသားများအား နှုတ်မဆက်ဖို့ပြောကာ သူမရဲ့ အသားေရာင်ဖိုင်အိတ်ကိုပိုက်၍ လက်တစ်ဖက်က ပိုက်ဆံအိတ် ကိုကိုင်ကာ အခန်းကိုလှည့်တောင်မကြည့်ပဲ ထွက်သွားသည်။
*ဟ လန်းလိုက်တာ ချေတာလေးက*
နေကြီးတစ်ယောက် အတွေးတွေကိုခဏရပ်တန့်ပြီးအနောက်ဘက်ရှိ ပုတီးတို့ထံသို့လွယ်အိတ်နှင့်ပြေးလာခဲ့သည်။
"သားကြီးခင်ကြီး အရှေ့မှာခဏသွားထိုင်စမ်းပါကွာ"
"ဟာနေကြီးတို့ကတော့လုပ်ပြီ"
"လုပ်ပါကွာ"
ခင်ကြီးလွယ်အိတ်ကို အရှေ့ကိုပစ်လိုက်ပြီး နေရာပြောင်းခိုင်းလိုက်သည်။
"ဟဲ့ hyper နောက်တစ်ချိန် ဘယ်သူလဲ"
"Mathလေ "
"ချောလား"
"ဘာကိုတုန်း"
"ဆရာမလေ"
"ဘယ်သိမတုန်းလာမှကြည့် "
"Okok ဟဲ့ဒါနဲ့ ခုနက အလှလေး ကဒေါသကြီးလိုက်တာနော် ဆူသွားတာများချစ်စရာလေး"
"ဘာ~~"
ဘေးကနေအခုမှအိပ်ယာကထလာပြီး မနက်စာမျိုနေသော ပုတီးကထအော်သည်။
"ဘာ ဘာပြောလိုက်တယ်နေကြီး"
ပုတီးရဲ့ေကာ်ဖီကိုတောင်းသောက်နေသော လမင်းဂျိုတစ်ချောင်းထွက်ကပါ ထပ်မေးလာသည်။
"ဪ ချစ်စရာလေးလို့"
နေကြီးဖြေအပြီးမှာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး
"နေကြီး ရူးသွားပြီလားဟင်"
ပုတီးက စားလက်စမုန့်ကိုမနည်းမျိုချ၍ မျက်နှာငယ်လေးနဲ့ မေးလာသည်။
" ဘာဖြစ်လို့တုန်းဟ"
"ဒီလောက်တောင်ပထမချိန်ထဲက ဆူငေါက်သွားတဲ့ အတန်းပိုင်အပျိုကြီးကို နေကြီးဘယ်နေရာကကြည့်ပြီးချစ်စရာလေးလို့မြင်သလဲဟင် ဒီမှာ ကတော့ခိုးစားတာ မျိုမကျလို့နင်ပါနင်နေတာကို"
"ဪ နင်ကလဲချစ်ဖို့ကောင်းပါတယ်ဟ သူဆူတာလေးက မဆိုးပါဘူး သေးသေးလေးနဲ့ ဒေါသထွက်နေတာ"
"ဟင်"
"ပြီးတော့သူမမှားဘူးလေ စာသင်ချိန်နင်တို့ပဲမုန့်ခိုးစားနေပြီးတော့ စာဆိုတာသေချာလိုက်လုပ်ပြီး ဂရုတစိုက် ကြည့်ရတယ်ဟ"
"စောက်တလွဲဟ ဒါတွေကိုနေကြီးကပြောနေတာတဲ့"
"ငါနည်းနည်းတော့စိတ်ဝင်စားမိတယ် ဒီလောက်ချေမိုးနေတဲ့ တောင်တန်း ကြီး အကြောင်း"
"နေကြီးရယ် သိချင်တာများ ပုတီးမေးပေါ့"
ဘေးကနေ Math စာအုပ်တွေ ထုတ်နေရင်း hyper သိမ့် ကပြောမှသတိရမိသည်။ ဟုတ်သား ပုတီးက ဒုကျောင်းအုပ်ဆရာမရဲ့သမီးပဲ။
"ဟဲ့ နင်အဲ့ဆရာမကိုသိလား"
"သိတာမှ သူနေတဲ့ တစ်ဖက်ကမ်းကိုရောက်တဲ့အထိ"
"အေး အဲ့တာဆိုငါ့ကို~~"
"အတန်းထနှုတ်ဆက်"
သောက်ခွေးအတန်းခေါင်းဆောင် အရေးကြီးပြီဆိုသူ့ရှေ့တန်းတိုက်စစ် အသံနဲ့ အာကျယ်ပြီ။
မေးချင်သည့်မေးခွန်းတွေကိုမျိုသိပ်၍ အခန်းထဲဝင်လာသောဆရာမကိုကြည့်မိသည်။ အသားမှာပုံမှန်အသားအရေ မျက်လုံးအကြည့်များမှာစူးရှ၍ နှုတ်ခမ်းပါး၌ အနီရောင်နှုတ်ခမ်းနီရဲရဲကိုဆိုးထားသည်။ အရပ်မှာ အနည်းငယ်ရှည်သည်။
*Not bad*
"အားလုံးထိုင်ပါ စာအုပ်ထုတ်ကြ"
အတန်းကိုတစ်ချက် ဝေ့ဝိုက်ကြည့်ပြီး
"ဟေ့ ဟိုနောက်ဆုံးက သမီးဒီနေ့မှကျောင်းစတက်တာမလား စာတွေကူးထားနော် မသိတာရှိဆရာမကိုလာမေး"
သူ့ကိုလက်ညိုးထိုးပြီးပြောလာသည်မို့နေကြီးလဲ ခေါင်းငြိမ့်ပြလိုက်သည်။
"ကဲ ဒါဆို Chapter အသစ်လေးတက်လိုက်ကြရအောင် လိုက်ကူးမရေးနဲ့အုံးသေချာကြည့် လိုက်ကူးရေးနေတဲ့လူစာမေးမှာ"
နေကြီးလဲ ဆရာမရှင်းပြသမျှကိုလိုက်ကြည့်ပြီး နောက်မှ ကူးရေးသည်။ ပုံမှန်အတိုင်းဆို စာကိုပြီးရင်ပြီးရောကူးတက်ပင်မဲ့ စာမေးခံရမည်စိုးသောကြောင့် သင်လေချာလေကြီးကိုအောင့်အီးကြည့်နေလိုက်သည်။ Math ဆရာမရဲ့တစ်ချိန်လုံးမှာ အားလုံးပေါ့ပေါ့ပါးပါးပင် အမှန်ဆို math ဆရာမကကြောက်ဖို့ကောင်းရမှာမလား ပြီးတော့သူတို့ပြောတာ တန်းစုမှူးတဲ့ အခုကျတော့အေးချမ်းလို့။
Math တစ်ချိန်ပြီးလို့ နောက်တစ်ချိန် ဆရာမ စောယုဝါက ဆက်ဝင်လာကာ physic သင်သည်။
ဆရာမ စောယုဝါမှာ သဘောကောင်းသည် တော်ရုံဆိုမဆူတက် သို့ေသာ် နေကြီးမှာ မိခင်ကြီး ကဘာတွေပြောထားသလဲမသိတာမို့ ကြိုရှင်းဘေးကင်းနှင့်ငြိမ်နေမိသည်။
နောက်တစ်ချိန် Bio မှာတော့ ထိုင်ငိုရမဲ့အစား လူ့ခန္ဓာကိုယ်ကိုတရားရှုမက်ခါအိပ်ပျော်သွားသည်။
"ဟာ နေကြီး သေသွားပြီလားဟ"
"နိုးကြပါအုံး"
"လွယ်ပါတယ်ဟာ" ဟုဆိုကာHyper သိမ့်တုန်မှ ခုံအောက်မှာရေဘူးကိုယူပီ အဖုံးဖွင့်ကာ Biology is the study of livingthings ဟုရေရွတ်၍ မျက်နှာသို့ရေနဲ့ပက်လိုက်သည်။
"ဘာတုန်းဟ လန့်လိုက်တာ သူများတကာအိပ်နေတာကို"ဟုဆိုကာမျက်နှာကို tissue နဲ့သုတ်နေသည်။
"ဝိုးးးး တကယ်အလုပ်ဖြစ်တာပဲ" သိမ့်တုန်ကို ပုတီးနဲ့ လမင်းချိုကလက်ခုပ်တီး၍ဂုဏ်ပြုနေကြသည် ။
"ရပါတယ် အဲ့လောက်လဲမဟုတ်ပါဘူး" လက်ခုပ်တီးသူနဲ့ proud ဖြစ်ပြီးရှက်နေသူနဲ့ သူ့ဟာ့သူတော့လိုက်ဖက်ညီနေကြသည်။
"နေကြီးရေ အဲ့ အရူးတွေကိုကြည့်မနေနဲ့ မျိုမယ်"
ထမင်းချိုင့်ဆွဲလာသောခင်ကြီးကပြောသည်။
"ဒီမှာတစ်ခါထဲ ယူလာပေးတယ်"
"ဖေ့သားကြီး မင်းအကောင်းဆုံးပဲ"
"ကဲစားကြမယ်ဟေ့"
"နေကြီးက အခုမှ ကျောင်းစတက်တာဆိုတော့ဟင်းကောင်းမှာပေါ့နော်"
လမင်းချိုက မျှော်လင့်ချက်မျက်လုံးများဖြင့် ကြည့်သည်။
"အေးဟ ငါလဲ အဲ့လိုပဲထင်တာပဲ"ဟုဆိုကာ နေကြီးလဲထမင်းချိုင့်ဖွင့်လိုက်သည်။
"ဟ ရွှေခေါင်းပြောင်" ဟုဆိုကာ hyper သိမ့်က ခွက်ထိုးခွက်လန်ရယ်လေသည်။
"သွားပါပြီကွာ တောက်" နေကြီးရဲ့စိတ်ပျက်လက်ပျက် အသံ ထွက်ပေါ်လာနေတုန်း
"ဟဲ့ လိမ္မော်အသင်းယောင်္ကျားလေးတွေ ထမင်းစားပြီး စက်ဘီးတွေပြန်စီ မိန်းကလေးတွေလဲသန့်ရှင်းရေးပြန်လုပ်အုံး" ဘယ်ချောင်ကနေထွက်လာတယ်မသိ ဒေါ်ဒေါင်းနှင်းမေဟာ သူတို့အဖွဲ့ ဘေးကတံခါးပေါက်ရှေ့ရက်ကာသူ့လိမ္မော်အသင်းသားတွေကိုပြောနေသည်။ပြီးတော့ နေကြီးတို့အဖွဲ့ကိုကြည့်လာသည်။
"နင်တို့ဘာချက်လဲ "ဟု နှုတ်ခမ်းလေးဆူကာမေးလာသည်။
*ဘာဖြစ်လို့ အဲ့အပျိုကြီးတစ်ချိန်လုံးနှုတ်ခမ်းဆူနေပါလိမ့်*
"ဝက်သား၊ ပဲပင်ပေါက်ကြော်၊ ငါးကြော်၊ ကန်စွန်းရွက်ချည်ဟင်း"ဟု ခင်ကြီးတို့ကသူတို့ချက်တာဖြေကြသည်။
"ဟိတ် ဟိုအသစ်လေး ဘာချက်လဲ"
"ကြက်ဥ"
"ဪ မေမေက ကြက်ဥပဲထည့်ပေးလိုက်တာလား ဆရာမမေမေသာဆိုကျောင်းစတက်တဲ့ရက် အဲ့လိုမထည့်ပေးဘူး"ဟုဆိုကာ ခပ်ကြော့ကြော့ပြောရင်းထွက်သွားသည်။
*ဘာ ငါ့ကိုဖဲ့သွားတာလားဟ များသွားပြီ အပျိုကြီး များသွားပြီ*
"ဟား ဟား ဟား ငါတို့နေကြီးကိုနိုင်တဲ့လူတွေ့ပြီနဲ့တူတယ်"
နေကြီး လဲ ဝိုင်းဟားနေကြသော သကောင့်သမီးတွေကို မျက်စောင်းထိုးကာ ထမင်းစားနေလိုက်သည်။
"ဒါနဲ့ Math ဆရာမကဘယ်သူလဲ နာမည်ဘယ်လိုခေါ်လဲ ငါသူ့နာမည်မသိလို့"
"ဒေါ်ထိပ်ထားဗိုလ် တဲ့"
"မဆိုးပါဘူး သဘောကောင်းသား"
"နေကြီးဆရာမက ဒေါသထွက်ရင်ကြောက်ဖို့ကောင်းတယ်နော် "
"ခုနကအပျိုကြီးကိုမှီလား"
"ဟင်အင်း "
"ရပြီ အဲ့တာဆိုနားထား"
"ဒါနဲ့သူကရောအပျိုကြီးပဲလား"
"အင်း"
"ဟအဲ့တာဆိုမိုက်တာပေါ့ ငါတို့အတန်းမှာအငယ်ပိုင်းအပျိုကြီး နှစ်ယောက်တောင်"
"မဟုတ်ဘူး"
"ဘာမဟုတ်တာတုန်းဟ နင်တို့ပဲ အပျိုကြီးဆို"
"အင်းဟုတ်တယ်လေ ဒါပင်မဲ့မဟုတ်သေးဘူး"
"ဟာ ရှုပ်နေတာပဲ"
"ဪ ပြောချင်တာကနှစ်ယောက်မဟုတ်ဘူးသုံးယောက်လို့"
"ဘယ်သူတုန်း"
"မြန်မာဆရာမလေ နာမည်က ဒေါ်ရည်မွန်ခ တဲ့"
"သူအချိန်ကဘယ်အချိန်လဲ"
"နောက်ဆုံးချိန်"
"အိုကေလေအဲ့အချိန်တော့အိပ်နေရာကနေထပေးမယ်"
"ဟ နေကြီးပြန်အိပ်အုံးမလို့လား"
"အေးလေ ဟျောင့်ခင်ကြီးမနက်ကဝယ်ခိုင်းထားတဲ့မုန့်မင်းတို့ပဲစားလိုက်တော့"
နေကြီးလဲထမင်းချိုင့်သွားထား၍ ပြန်အိပ်နေလိုက်သည်။
"ဟဲ့ ငါတို့နေကြီးကိုပြောပြသင့်လား"
"မြန်မာစာကစကားပြေစစ်မယ်ဆိုတာကိုလေ"
"ထားလိုက်ပါ ငါတို့သွားနှိုးလဲအဆဲခံရအုံးမယ် လွှတ်ထားလိုက် ခံပါလေ့စေ"
Chem နဲ့ သမိုင်းအချိန် အိပ်ပြီးနောက်နောက်ဆုံး ချိန်သို့ရောက်လာလေသည်။အရှေ့တန်းက ခင်ကြီး ကလာနှိုးလေသည်။
"နေကြီး ထတော့ ဒေါ်ရည်မွန်ခလာပြီ"
နေကြီးလဲအိပ်ချက်မူးတူးနဲ့ မျက်မှန်တက်ကာကြည့်လိုက်သည်။လက်ကိုင်အိတ်ကို မြောက် လျက် ခါးကိုမတ်ကာလျှောက်လာပုံမှာ အလွန်ပင်တည်ကြည်ဖြောက်မတ်ပြီး ယုံကြည်ရင်ကိုးကွယ်လို့ရပုံပင်။ မမှန်ကာမှလွဲရော ဒီတစ်ကျောင်းလုံး ဒီ position နဲ့လျှောက်သည်မှာ သူတစ်ယောက်ထဲသာရှိမည်။
"ကဲ အားလုံးဒီနေ့ စာစစ်မယ် ပြောထားတာကျက်ပြီးကြပြီလို့မျှော်လင့်ပါတယ် မြန်မာစာဆိုတိုင်းပေါ့လျှော့နေလို့မရဘူး မနက်ဖြန်လိုစာမေးပွဲဖြေပြီ ဒီနေ့ထကျက်မယ်ဆိုတာမျိုးလုပ်လို့မရဘူး ကဲ တစ်တန်းဆီ အစဉ်လိုက်ဆိုမယ်"
*ဟိုက်...သေပြီ အတန်းများတဖြည်းဖြည်းဆိုပြီး ငါ့အလှည့်ရောက်တော့မယ် ဟိုသကောင့်သမီးသုံးကောင်ကလဲငါ့မပြောဘူး*
"ကဲ ဟိုကောင်မလေးလေးယောက်ဆိုမယ်"
နေကြီးတို့အတန်းမှာ ပုတီး ၊လမင်းချို၊သိမ့်တုန်တို့တူတူဆိုရမှာပေ။
ဆရာမဟာနေကြီးတို့အတန်းဘက်သို့လျှောက်လာ၍စာဆိုတာကိုကြည့်နေသည်။
*ဟို hyper မကသူစာရတယ်ဆိုတိုင်း ဒုံးကျည်လိုအမြန်နှုန်းနဲ့ ဆိုနေသည် လိုက်မမှီတော့ပါနေကြီး ဝါးချလို့လိုက်မမှီတော့ပါ*
"ဟိတ် ကောင်မလေးစာမရသေးဘူးမလား"
"ဟုတ်"
"လက်ဖြန့်"
"ဟုတ်ကဲ့"
( ဖျန်း ..ဖျန်း)
*အစတော့ကောင်းပြီ နေကြီးရေ ဒီအပျိုကြီးနဲ့*
"ရပြီထိုင်တော့"
နေကြီးဘေးကိုကြည့်တော့ ဟိုသုံးကောင်ခေါင်းငုံ့နေကြသည်။အရှေ့က အငယ်လေးမှာလှည့်တောင်မကြည့်။
မကြာမှီကျောင်းခေါင်းလောင်းထိုး၍ ဇာတိမာန်သီချင်းဆိုပြီး ကျောင်းဆင်းရန်အခန်းထဲကထွက်လာသည်။
*ဟ ဟိုမှာမြန်မာဆရာမစက်ဘီးလေးနဲ့ပါလားဟ*
"ဟဲ့ ဟို နင်တို့နဲ့ငါနောက်မှစာရင်းရှင်းမယ်သွားနှင့်"
သူတို့အကြောင်းသူတို့သိလို့ငြိမ်နေသော လေးကောင်မှာ လွှတ်ပေးလိုက်သည်နှင့် သုတ်ချီတင်ပြေးတော့သည်။နေကြီးလဲ ဒေါ်ရည်မွန်ခရှိရာသို့လျှောက်လာသည်။
"ဆရာမ"
"ဟေ"(ချိုသာစွာပင်)
"သမီးတောင်းပန်ပါတယ် ဒီနေ့မှသမီးကကျောင်းစတက်တာမလို့ဆရာမပေးတဲ့စာမသိလို့ မကျက်လာမိဘူး"
"သမီးက ဒီနေ့မှဝင်လာတဲ့ အသစ်လား"
နေကြီးမှ ခေါင်းလေးငုံ့ပြေသာအခါဒေါ်ရည်မွန်ခမှ ရိုက်မိသည့်အတွက်အားနာသောဟန်ဖြင့်ကြည့်လာသည်။
*ဟုတ်ပြီ ငါလိုချင်တာဒါပဲ*
"အဲ့တာဆိုသမီးကိုခွင့်ပြုပါအုံး နောက်ဆိုစာကျက်လာပါ့မယ်"
"အေးပါကွယ်"
နေကြီးလဲဆရာမထက်ဦးစွာထွက်လာသည်။
ကျောင်းရဲ့ဂိတ်ဝသို့ရောက်သောအခါ တွန်းလာသည့်ဆိုင်ကယ်လေးကိုခဏရပ်ပြီး လက်မှတ်ထိုးနေသော ဒေါ်ဒေါင်းနှင်းမေအားတွေ့သည်။ ဂိတ်ကဆရာမတွေနဲ့စကားပြောနေသည်။နေကြီးလဲ သူ့အရှေ့မှဖြတ်သွားချိန်ကြည့်နေသဖြင့် ရီပြလိုက်သောအခါ ပြန်ပြုံးပြလာေပသည်။
* ဟ ဒီ ဒေါင်းလေးကပြုံးတက်တာလားဟ ဒီနေ့အတွက်သူမြင်ရတဲ့ပထမဆုံးအပြုံးပေ*
#1953words
#26.2.2023
You are reading the story above: TeenFic.Net