အပိုင်း(၂၈)

Background color
Font
Font size
Line height

ရီဝေမှုနှင့်အတူ တစ်ခြမ်းထဲကိုက်လာသော ခေါင်းကြောင့် စိတ်ညစ်စွာပင်အိပ်ယာထဲလူးလှိမ့်မိသည်။

ဘေးမှမြည်ဟီးနေတဲ့ ဖုန်း ringtoneအသံဟာမိမိအကြိုက်ဆုံးသီချင်းကိုထားသည်ဖြစ်သော်လဲ ယခုအခါ စိတ်အပျက်စေဆုံးသံစဉ်တွေအဖြစ်သို့..

"ဟယ်လို"

"နှင်းမေ "

"ဟုတ်ကဲ့ဘယ်သူလဲမသိဘူးရှင့်"

"ငါဟေ့ နွယ်"

"အေးနွယ်ပြော"

"နင်လာပြီလား သင်တန်းကို နောက်တစ်နာရီဆိုစမှာနော် နင်ခုမှနိုးတာလား"

" မဟုတ်ပါဘူးဟ ငါပြင်ဆင်တုန်းရှိပါသေးတယ် ခဏနေထွက်တော့မှာ"

ကုတင်‌ပေါ်ရှိမွေ့ယာခြေရင်းတွင်ရှိနေသော စောင်အပုံလိုက်အားမမြင်ချင်ယောင်ဆောင်ကာဆိုမိသည်။

"ပြီးရော မနေ့ကလဲငါ့ကိုထားသွားတယ် နင်ကတော့လေ လာမှတွေ့မယ် လုပ်မြန်မြန် ငါစောင့်နေမယ်"

"အေးအေး"

နှင်းမေလဲ အိပ်ချင်မူးတူးဖြင့်သာ အေး လိုက်နေရသော်သည်။

*မနေ့က မနေ့က ငါသူ့ကိုဘယ်မှာထားခဲ့လို့...*

စဉ်းစားနေရင်းပင်အတွေးထဲပေါ်လာသောအချို့ပုံရိပ်များ...

*အောင်မလေး ငါ..ငါ..ပြောလိုက်မိတာလားဟ*

ရဲတက်လာသော ပါးမို့မို့များက သူမအရှက်သည်းနေပြီဖြစ်ကြောင်းကိုသက်သေတည်နေပေသည်။

*နှင်းမေရယ်ဒုက္ခပါပဲနင်တော့လား ဖွင့်ပြောလိုက်ရတယ်လို့ *

မနေ့ကလုပ်မိသောအဖြစ်အပျက်တွေကြောင့် သူမကိုယ်တိုင်ပင်ငိုချင်ချင်ဖြစ်မိနေပြီ။

Turi....(Noti sound)

ဖုန်း၏ Noti bar မှကျ‌လာသော Messageတစ်ချို့ ကြောင့်သူမယူကြည့်မိသည်။

"နိုးပြီလားဆရာမ ကျွန်တော်နောက်ဆယ့်ငါးမိနစ်နေရင်ရောက်မယ်"

*ဟင် နေမျိုးကျက်သရေကြီး ငါစိတ်ညစ်လိုက်တာ ဘယ်လိုမျက်နှာပြရမလဲ*

"ဘာလာလုပ်မလို့လဲဟင်"

မဝံ့မရဲဖြင့်ပင်မေးခွန်းတစ်ချို့နှင့်စာပြန်မိသည်။

"ထွက်သွားမှာကြောက်နေတဲ့သူနား မထွက်သွားပဲကပ်တွယ်နေမလို့"

*ဟိုက်..ဒုက္ခပါပဲ သူလဲသောက်ထားတဲ့ဟာမေ့လိုက်ပါလား မေ့လိုက်ပါလားလို့ မနေ့ကကိစ္စတွေ*

နှင်းမေမှာ ဘေးရှိခေါင်းအုံးကိုသာထု၍ တစ်ဂျီဂျီရွတ်ဆိုနေမိသည်။

ထိုချိန်ထပ်မြည်လာသောအသံကြောင့် ဖုန်းအားပြန်ကြည့်မိသည်။

"ကျွန်တော်ရောက်တော့မှာနော် မေ...."

စာအားဆုံးအောင်ဖတ်ပြီးသည်နှင့်ကြားယောင်လာမိသောစကားတစ်ခွန်း။

မင်းမတိုးရင် မေတိုးခဲ့ပါ့မယ်...

*အားးး မေတဲ့ လုပ်ကြပါအုံးအရပ်ကတို့ရေ ကျွန်မကိုထိုကလေးစား လက်ထဲကကယ်ပါအုံး သူ့ရဲ့စာမှာအသုံးမကျတဲ့မှတ်ဉာဏ်ကို ဒီနေရာမှာကျအကုန်မှတ်မိနေအောင်ဘယ်လိုလုပ်ထားတာလဲဘုရားသခင်ရယ်*

ဘုရားကို ‌တောင်းဆုချွေနေတာထက်ကိုယ်အားကိုယ်ကိုးရတော့မှာမလို့ အိပ်ယာအမြန်သိမ်းကာ ရေချိုးခန်းထဲဝင်၍ ရေအမြန်ချိုးနေမိသည်။

*ဒီအပျိုကြီးရှက်နေလောက်ပြီ*

နေမျိုးကျက်သရေမှာလက်ထဲကဖုန်းကိုကြည့်လျက်ပြုံးနေမိသည်။ အရှက်သည်းလှသောထိုအမျိုးသမီး မနေ့ကကိစ္စများအားမှတ်မိနေမည်ဆိုပါက ထိုကဲ့သို့ အခေါ်အဝေါ်မှာမည်လောက်ပင်ရှက်နေမည်နည်း။

နေကြီးလဲ hotel ထဲဝင်၍ နှင်းမေအခန်းရှိရာသို့ဦးတည်လာမိသည်။

အခန်းတံခါး passwordကိုလဲသိနေတာမို့ကိုယ့်ပါ့ကိုယ်သာဖွင့်ဝင်လာလိုက်သည်။

နှင်းမေရဲ့ bedroom ဘက်မှရေသံကြားသည်မို့ရေချိူးနေလောက်သည်ဖြစ်၍ ဧည့်ခန်း၌သာသူမထွက်အလာကိုထိုင်‌စောင့်နေမိသည်။

နှင်းမေ ရေချိုးပြီး အသားရောင်ထမိန်နဲ့ရင်ဖုံးဝမ်းဆက်အသစ်ကိုဝတ်ကာ မှန်တင်ခုံရှေ့ ခြယ်သနေသည်။ နဂိုလိုမဟုတ်ပဲသူမဘာကြောင့် နေမျိုးကျက်သရေကိုတွေ့ရမည်ကိုစိတ်လှုပ်ရှားနေသနည်း။

*ငါအဘယ်ကြောင့် ဆယ်ကျော်သက်တို့၏ နှလုံးသားကဲ့သို့ သစ်ရွက်လှုပ်တိုင်းရင်ခုံချင်ရတာပါလိမ့် ငါ့အရွယ်နဲ့ဆိုသစ်ပင်ခုတ်တာတောင်ရင်မခုံတတ်ရမဲ့အရွယ်ကို*

စိတ်ထဲမှစကားများဟာရင်ဘက်သို့တော့မရောက်။ နှလုံးသားကအသံများမှပေါက်ကွဲမတက်ခုံနေပေသည်။

မိတ်ကပ်ကိုမထူမပါးလေးခြယ်သလိုက်ပြီး မှန်တင်ခုံအစွန်းလေးပေါ်ကြည့်မိတော့ထိုကလေးပေးထားပါသော နာရီရွှေရောင်လေး။

ဘယ်ဘက်လက်ထက်သို့နေရာယူဆင်မြန်းလိုက်ကာ လှုပ်ရှားနေသောစိတ်ကိုပြင်ဆင်၍ မှန်တစ်ချက်ကြည့်ကာအခန်းပြင်ထွက်လာသည်။

ဧည့်ခန်းရှိဆိုဖာမှာတည်ငြိမ်စွာထိုင်၍ ရှပ်အင်္ကျီကော်လံလက်ရှည်အဖြူနှင့်အောက်က နဂိုလို ဂျင်းအနက်တစ်ထည်ကိုဝတ်ဆင်ထားသော နေမျိုးကျက်သရေဟာ သူမအတွက်တော့ထူးခြားစွာကြည့်ကောင်းလွန်းလှသည်။

ဆံပင်များကိုသေသပ်စွာလှန်တင်ထားပြီးကြည်လင်နေသောအသားအရည်နှင့်နဂိုလိုမျက်မှန်မတပ်ပဲ မျက်ကပ်မှန်သာတပ်ထားပုံရသောကြောင့် မျက်နှာဟာဒီနေ့ပိုမိုကြည့် ကောင်းနေသည်။သွေးကြောမျှင်မျှင်လက်နှစ်ဖက်ဟာ ယှဉ်လျက်သား အနေအထားဖြင့်သူ့ထံသို့ကြည့်နေသည်။

"ရောက်တာကြာပြီလားဟင်"

"အခုပဲ"

"လာလေ ဆရာမသင်တန်းသွားမှာမလားကျွန်တော်လိုက်ပို့မယ်"

"ရပါတယ် ဒို့ကိုယ့်ဘာသာကိုသွားမယ်လေ မင်းလိုင်စင်လဲရှိတာမဟုတ်ပဲ တော်ကြာအဖမ်းခံနေရမှ"

"ကျွန်တော်ကအဖမ်းခံရပြီးသားလေ"

"ဟင်ဟုတ်လား ဘယ်တုန်းကလဲ ဘယ်သူဖမ်းတာလဲ ဘာကြောင့်ဖမ်းတာလဲ"

နှင်းမေမျက်နှာမှာ စိတ်ပူဟန်ရှိပြီး သူ့ဆီသို့ နှုတ်ခမ်းတဆူဆူနှင့် မေးခွန်းများဆက်တိုက်ထွက်လာသည် မှာ ချစ်စရာပင်။

"အဖမ်းခံရတာတော့မနှစ်ကဗျ မှတ်မှတ်ရရ ၆လပိုင်း၂၀ရက်နေ့"

"ဟာ.. မဟုတ်တာအဲ့တုန်းကမင်းကျောင်းတက်နေပြီလေ"

"ဟုတ်တယ်လေ ဆရာမ ဘယ်သူဖမ်းသွားလဲဘာကိုဖမ်းသွားလဲရောမသိချင်ဘူးလား"

"သိချင်တယ်လေ ဘယ်သူလဲ"

နေမျိုးကျက်သရေမှာ ထိုင်နေရာမှထလာကာ နှင်းမေရှိရာ မျက်နှာချင်းဆိုင်ခုံရှေ့ရောက်ပြီးအပေါ်စီးမှ နှင်းမေကို ငုံ့ကြည့်လာသည်။

နှင်းမေမှာရင်ခုန်လွန်းလှသဖြင့် ထိုင်နေသောသူ့အားအ‌ေရှ့မတ်တပ်ရပ်ကာကြည့်နေသော နေမျိုးကျက်သရေအား အကြည့်တို့အားမရင်ဆိုင်ရဲ။

"ဒေါင်းနှင်းမေဆိုတဲ့အမျိုးသမီးပေါ့ဗျာ ကျွန်တော့်နှလုံးသားကိုဖမ်းသွားတာ ခုထိတောင်ပြန်မရတော့ဘူး"

"အို ဒီကလေးအကောင်းမှတ်လို့နားထောင်နေတာ သွား.."

နှင်းမေမှာနေမျိုးကျက်သရေရဲ့ရင်ဘက်အားလက်လေးနဲ့ဖွဖွတွန်းလိုက်သည်။

"တော်ပြီ တို့နောက်ကျတော့မယ် မင်းလုပ်တာ သင်တန်းသွားရပါမယ်ဆိုတာကို"

"လိုပါသေးတယ်ဗျာ အချိန်ကနာရီဝက်လောက်မပူပါနဲ့"

"မင်းကဘယ်လိုလုပ် သင်တန်းအချိန်သိနေရတာလဲ"

"ကျွန်တော်ကဆရာမနဲ့ပတ်သက်သမျှ အရာအားလုံးသိပြီးသားပါ"

"တော်ပါ ပို့‌ပေးမယ်ဆိုလဲမြန်မြန်လာ အချိန်လိုသေးရင် မုန့်စားချင်လို့ကို ဒို့‌ဗိုက်ဆာနေပြီ"

"ဟုတ်ပါပြီဗျာ ဆရာမလေး ဒေါ်ဒေါင်းနှင်းမေအမိန့်တိုင်းပါ"

နေမျိုးကျက်သရေလဲ သူ့ကားသော့ကိုယူလိုက်ပြီးအခန်းပြင်ထွက်လာကာနှင်းမေလဲသူ့ရဲ့စာအုပ်တချို့ထည့်ထား‌ေသာလက်ဆွဲအိတ်လေးကို ကိုင်လျက်နောက်မှလိုက်လာသည်။
.
.
.
"ဆရာမ အစပ်တွေထည့်မစားနဲ့နော် ဗိုက်အောင့်မယ်"

နေမျိုးကျက်သရေမှာ ရှမ်းခေါက်ဆွဲပန်ကန်ထဲငရုတ်ကြော်ထည့်ရန်ပြင်နေသောနှင်းမေကိုကြည့်ရင်းဆိုသည်။

"နည်းနည်းလေးနဲ့တော့ဘာမှမဖြစ်ပါဘူးမျိုးရယ် နော်"

နှင်းမေမှာသူကိုယ်တိုင်ပင်မသိပဲ ထိုကလေးထံအစပ်လေးနည်းနည်းထည့်စားဖို့အရေးအသနားခံနေမိသည်။

ကျောင်းမှာဆို စည်းကမ်းရှိပြီး အမြင်မတော်တာနဲ့ဆူငေါက်တတ်သော‌ဆရာမ ကလေးတွေအားလုံးရိုသေကြောက်ရသောသူ့မှာ ဘာကြောင့်ဒီကလေးကျမှအလိုလိုအသနားခံနေရတာပါလိမ့်။

"ကဲဗျာအဲ့တာဆိုလဲစား အများကြီးတော့မရဘူးနော်"

"အင်းအင်း"

နေမျိုးကျက်သရေမှာလိုချင်တာရသွား၍ကလေးသဖွယ် ခေါင်းလေးတငြိမ့်ငြိမ့်ဖြင့်သူအားပြုံးပြီး မနက်စာစားနေသောနှင်းမေအားသူမစားပြီးသည်အထိမြတ်နိုးစွာစိုက်ကြည့်နေမိသည်။

"မျိုးအဲ့တာဆိုသွားကြမယ်လေ အချိန်နီးနေပြီ"

"ဟုတ်ဆရာမ"

_______________________
တက္ကသိုလ်ကြီးရဲ့ဂိတ်ဝတွင် အဝင်အထွက်များသွားလာနေကြသော ကျောင်းသားကျောင်းသူ များနှင့်သင်တန်းလာတက်ရောက်သောဆရာ၊ဆရာမများမှာ သက်ဝင်လှုပ်ရှားနေသောပန်းချီကားတစ်ချပ်ကဲ့သို့ပင်။

"ကဲဒို့သွားတော့မယ်နော်ကလေး"ဟုဆိုနှင်းမေမှာ ကားပေါ်မှာဆင်းရန်ပြင်နေချိန် နေမျိုးကျက်သရေမှာ နှင်းမေရဲ့လက်လေးအားငြင်သာစွာဆွဲ၍

"ညနေကျွန်တော်လာခေါ်မယ်နော် ဆရာမ "

"ရှင့်သဘောပါရှင်"

ထို့နောက်နှင်းမေမှာ တက္ကသိုလ်ဝန်းထဲသို့ တက်ကြွသောခြေလှမ်းများဖြင့် ဝင်ရောက်သွားသည်။

"နှင်းမေရယ် နင်ဟာလေ ကြာလိုက်တာဟယ် ငါ့မှာစောင့်နေလိုက်ရတာ"

"အေးပါသူငယ်ချင်းရယ် ငါပြင်ဆင်နေတာနည်းနည်းကြာသွားလို့ပါ"

"မြန်မြန်လာစကားကိုနောက်မှပြောတော့ အခန်းထဲဝင်ကြရအောင် အလယ်နေရာမရပဲနေမယ်"

နှင်းမေလဲနွယ့်နောက်မှ လိုက်သွားလိုက်သည်။
သင်တန်းတွင်အလယ်နေရာကိုရရန်မှာအလွန်ပင်အရေးကြီးပေသည်။နောက်မို့ဆိုဘာမှမမြင်ရပေ။အဆင့်မြင့်လာသောစာများကြောင့် ကလေးများလိုက်နိုင်ပါ့မလားကိုလဲစိုးရိမ်မိသည်။နွယ်မှာတော့ အပြင်ထွက်၍ရှင်းပြဆွေးနွေးရန်အလှည့်ကျသည်မို့အ‌ခန်းရှေ့ရှိ စင်ပေါ်တွက်တက်ရောက်ဆွေးနွေးနေသည်။အချိန်မှာလည်းတဖြည်းဖြည်း သင်တန်းဆင်းမည့်အချိန်သို့ရောက်လာလေပြီ။

"နှင်းမေငါပြောတာ‌တွေအဆင်ပြေရဲ့လား"

"ပြေပါတယ် ကလေးတွေကိုငါတို့သေချာတော့ပြန်သင်ပေးနိုင်မှာပါနော်"

နှင်းမေမှာစိတ်ပူလျက်အသံလေးအနည်းငယ်တိမ်ဝင်၍ဆိုလာသည်။

"သေချာတာပေါ့ဟ နင်ကလဲ ကိုယ့်ငါးချဉ်ကိုယ်ချဉ်ရမယ်ဆို ငါတို့ကအတော်ဆုံးဆရာမတွေလေ ဟုတ်တယ်မလား ဟားဟား"

နှင်းမေလဲ သူ့ကိုယ်သူဂုဏ်ယူသည့်ပုံစံဖြင့်ဟိတ်ကြီးဟန်ကြီးစွာဆိုနေသောနွယ့်ကိုကြည့်ပြုံးမိသည်။

"ကဲလာငါတို့လဲပြန်ကြရအောင်"

"အေး နင်Hotelကိုပဲပြန်မှာမလား ငါလိုက်ပို့မယ်လေ"

"ရတယ် လာကြိုမဲ့သူရှိလို့"

"အောင်မလေးတယ်ဟုတ်ပါလား မယ်မင်းကြီးမ"

နွယ့်ရဲ့စိုက်ကြည့်လာမှုကြောင့်နှင်းမေမျက်နှာမှာ အနည်းငယ်ရဲတက်ကာရှက်မိလာသည်။

"ဟာ..နှင်းမေလာလေပြန်ရအောင် အကိုလာကြိုတာ"

အနောက်မှထွက်ပေါ်လာသောအသံကြောင့်နှင်းမေလှည့်ကြည့်လိုက်တော့ အကိုနိုင်မင်းစိုးမှသူ့အား ပြုံး၍ကြည့်လာသည်။

"ရှင်..နှင်းမေကိုလာကြိုတာ"

"ဟယ်နင်ကလဲ ဘာရှင်နေတာလဲ အကိုနိုင်တို့များဝိရိယကောင်းချက်က အလုပ်တွေဒီလောက်ရှုပ်နေတဲ့ကြားက ကျွန်မသူငယ်ချင်းကိုအကြိုအပို့လာလုပ်သေးတယ်နော်"

နွယ့်မှာ သူ့အားလက်ဖြင့်တစ်ချက်ပုတ်၍ အကိုနိုင်ကိုကြည့်ကာရယ်လျက်ဆိုနေသည်။

*ဒုက္ခပါပဲ ငါတော့ဘယ်လိုလုပ်ရမလဲ နွယ်ကတော့သူ့အကျင့်အတိုင်းလုပ်ချင်တာလုပ်နေပြီ*

"နှင်းမေ ဘာတွေ တွေးနေတာလဲ လာလေ အကိုနဲ့တူတူပြန်ရအောင်မေမေနဲ့မမတို့ကစောင့်နေကြတယ် ဒီညနေနှင်းမေနဲ့တူတူထမင်းစားချင်လို့တဲ့"

"အေးဟုတ်သား သွားလေဟဲ့ နင်ကလဲသူများကိုစောင့်ရအောင်လုပ်နေ‌ပြန်ပြီ"

နှင်းမေလဲ အခက်တွေ့နေရပြီ။သူ့အား ကလေးငယ်ကလာကြိုမည်ဟုမှာထားတာကို။အလုပ်‌ေတွမအားလပ်တဲ့ကြားကလာကြိုတဲ့အကိုနိုင်ကိုလဲ ငြင်း၍မကောင်းနိုင်ပေ ကြီးမေ‌တို့ကလဲစောင့်နေသေးပေသည်။

"လာပါနှင်းမေရဲ့ လာအကိုကားပေါ်တက်"

အကိုနိုင်မှာသူ့အားကားတံခါးဖွင့်ပေးလျက်ဆိုလာသည်။

"သွားလေဟဲ့သွား ဘာလုပ်နေတာလဲ"

နွယ့်မှာကားရှေ့ရပ်ကာကြောင်အမ်းအမ်းဖြစ်နေသောနှင်းမေကိုကားထဲသို့တွန်းပို့လိုက်သည်။

နှင်းမေလဲကားပေါ်သို့လိုက်ပါလာသည်အထိအသိစိတ်တို့ဖမ်းဆီးမရ‌သေးပေ။

*အာ..ဟုတ်ပြီ အခန်းမှာပြန်စောင့်နေဖို့ဖုန်းလေးတော့ဆက်ပြောလိုက်အုံးမှ*

နှင်းမေလဲအိတ်ထဲမှ ဖုန်းကိုထုတ်ကာ contacts ထဲမှ My sunဆိုတဲ့ နံပါတ်လေးကိုထိ၍ခေါ်ဆိုလိုက်သည်။

အချိန်အတန်ကြာဆက်သွယ်မိနေသော်လဲ ဆက်သွယ်မှု ဧရိယာပြင်ပနှင့်သာညားနေသောကြောင့် စိတ်မရှည်တော့ပေ။ Messageပို့ထားရန်သာ ပြင်လိုက်တော့သည်။

"မျိူး ဒီနေ့ဒို့ကိစ္စလေးရှိနေလို့ ဟိုတယ်မှာပဲစောင့်နေနော် လာမကြိုနဲ့တော့ ကိုယ့်ဘာ့သာကိုယ်ပြန်ခဲ့မယ်နော်"

*သူတွေ့လောက်မှာပါလေ*

စာလေးရိုက်ပို့ပြီးဖုန်းကိုအိတ်ထဲပြန်ထည့်လိုက်သည်။

_______________________

နေမျိုးကျက်သရေ ဂိတ်ဝ၌ ဖြတ်သွားသော လူပေါင်းများစွာကိုစောင့်နေသော်လဲနှင်းမေပါမလာ‌ သေး။

*ငါနောက်ကျလို့များပြန်သွားတာလားဟ*

နောက်ကျတယ်ဆိုကအောင်လဲ ခုမှ၃:၀၅မိနစ်။

*ငါးမိနစ်လေးပဲနောက်ကျတာကို*

ကားဘေးနားမှာ ခုန်ဆွခုန်ဆွဖြစ်နေသောနေမျိုးကျက်သရေ ကိုတခြားဆရာမလေးတွေမှာကွက်ကြည့်ကွက်ကြည့်ဖြင့်။

*ဘာလို့ငါ့လာကြည့်နေရတာလဲဟ ဒုက္ခပဲ သူများတကာအချစ်အတွက်တာဝန်ထမ်းဆောင်နေတာကို အေးလေ ထူးဆန်းမှာပေါ့ သူတို့မှာအဲ့လိုတာဝန်သိလူတန်းစားမှမရှိတာ ဟွန့်*

နေမျိုးကျက်သရေမှာ ဆရာမလေး‌ေတွကိုမျက်စောင်းထိုးလျက်။

*ဟာတွေ့ပြီ*

နေကြီးလဲ အလှမ်းမကန်းတွင် သူ့ရဲ့အိတ်လေးကိုလွယ်ကာထွက်လာသော နှင်းမေထံသို့ပြေးသွားသည်။

"ဆရာမ~~"

နေမျိုးကျက်သရေအသံမှာငုတ်လျှိုးသွားသည် ။အကြောင်းမှာဆရာမအား ကားတံခါးဖွင့်ပေးကာဝင်စေနေသာ အမျိုးသားကြောင့်ပင်။

ကားပေါ်သို့လိုက်ကာပါသွားသော နှင်းမေအားသူအချိန်အ‌တော်ကြည့်နေမိပြီး အတွေးထဲတွင်မေးခွန်းများစွာလဲထုတ်လျက်ပင်သူ့ကားလေးရှိရာသို့ပြန်လာခဲ့သည်။

ယနေ့သူ့မှာရည်မှန်းချက်လေးတွေရှိသည် ဆရာမနှင့်တူတူညစာစားရင်းသူဆရာမကိုဖွင့်ပြောမည်ပင်။

Car box ထဲတွင်ထည့်ထားသော လိ‌မ္မော်ရောင်လက်စွပ်ဘူးလေးနှင့်ကားနောက်ခန်းရှိ နေကြာပန်းစည်းလေးမှာဒီနေ့ပိုင်ရှင်မဲ့နေ‌‌တော့မည်လား။

ထိုနောက်ဖုန်းကိုကြည့်မိတော့ ဝင်ရောက်နေသော message လေးတစ်ခုကြောင့် သူမစေညွှန်ရာhotel ၌ သာစောင့်ရန်ပြန်လာလိုက်သည်။
.
.
.
.
.
ကျယ်ဝန်းတဲ့ဧည့်ခန်းထဲ သူလမ်းပတ်‌လျှောက်နေသည်မှာအခေါက်ပေါင်းမရေတွက်နိုင်‌ေတာ့။နံရံထက်က နာရီကိုကြည့်မိ‌တော့ည၇:၀၀ကျော်ပြီဆရာမမှာ ခုထိပြန်မရောက်သေး။

သူဖုန်းဆက်လိုက်၍ရသော်လဲ ဆက်ဖို့ရန်မဝံ့ရဲပေ။

ထိုအချိန် တံခါးမှ password ရိုက်သံပေါ်လာ၍ သူဆိုဖာ၌ အမြန်ဝင်ထိုင်လိုက်သည်။

နှင်းမေမှာ အခန်းထဲဝင်ဝင်ချင်း ဝါမှိန်မှိန်မီးရောင်အောက်က ဧည့်ခန်းထက်ကဆိုဖာတွေထိုင်နေသော မျိုး ကို‌တွေ့ရသည်။ သူကိုတော့မကြည့်ပဲ‌ ခေါင်းကိုသာငုံ့ထားသည်။

"မျိုး တို့ကိုစောင့်နေတာကြာသွားပြီလားဟင်"

နှင်းမေလဲ အနားရှိစားပွဲပေါ်သို့အိတ်ကိုပစ်တင်လိုက်ကာ နေမျိုးကျက်သရေဘက်သို့လျောက်လာသည်။

ထို့နောက် ဆိုဖာ ထက်တွင်ထိုင်နေသာ သူ့ကလေး ရှေ့တွင် ခြေလေးနှစ်ဖက်ထောက်၍ ငုံနေသောမျက်နှာလေးအားအနည်းငယ်မော့စေသည်။

"ဟင် ကလေး မင်းငိုနေတယ်"

"ဘာဖြစ်လို့လဲကွာ ဒို့ကိုပြောလေနော် မငိုပါနဲ့ကွယ် မင်းငိုရင်ဒို့ မနေတတ်ဘူး အဲ့တာကြောင့်မငိုနဲ့"

နှင်းမေမှာပြာပြာသလဲဖြင့်ဘေးရှိ စားပွဲမှာ tissueတချို့ယူ၍ ငြင်သာစွာသုတ်ပေးနေမိသည်။

"ဆရာမ"

"အင်းပြောလေ မျိုး"

"အဲ့ လူကဘယ်သူလဲဟင်"

"ဘယ်သူကိုမေးတာလဲဟင်"

"ဆရာမ ညနေက ကားပေါ်လိုက်သွားတဲ့လူ"

"မင်းမြင်လိုက်တာလား အဲ့တာကြောင့်နဲ့ ငိုတာလားကွာ ဒို့ပြောပြမှာပေါ့ သူ့နာမည်က နိုင်မင်းစိုးတဲ့ ဒို့တွေကငယ်ငယ်ထဲကတူတူကြီးလာတာပေါ့ တစ်လမ်းထဲနေတဲ့အိမ်နီးနားချင်းတွေလေ အကိုနိုင့်အမေက ဆရာမ ငယ်စဉ်ကပညာသင်တုန်းကထောက်ပံ့ခဲ့တာပြောရမယ်ဆို ဆရာမရဲ့ကျေးဇူးရှင်တွေပေါ့ အခုဒီရောက်တုန်း ဆရာမကိုထမင်းစားခေါ်လို့လိုက်သွားတာ"

"အဲ့လောက်ပဲလားဟင်"

နှင်းမေ ထိုကလေးရဲ့မေးခွန်းရဲ့ဆိုလိုရင်းကိုသိပါသည် သူမကိုယ်တိုင်လဲ ထိုကလေးအားဘာကိုမှမဖုံးကွယ်ထားချင်။

"အကိုနိုင်ကတော့ဒို့ကိုဖွင့်ပြောထားတယ်ကြီးမေတို့ကလဲသဘောတူကြတယ်လေ ဒါ‌ေပမဲ့ဒါတွေကဒို့လက်ခံမှပါ"

"ဆရာမကရော"

ထိုကလေးငယ်ရဲ့မျက်နှာမှာသူ့စကား‌တွေကို သေချာနားထောင်နေရာမှသိသိသာသာပြန်လည်မှိုင်တွေသွားသည်။

"ကျွန်တော်နောက်ကျသွားခဲ့ပြီလားဟင်"

နှင်းမေအနည်းငယ်ပြုံးလိုက်ပြီး

"ဒီမှာကလေး ဒို့ကဆရာမဆိုတာမှန်ပင်မဲ့စာကလွဲပြီး ကျန်တဲ့အရာတွေရှင်းပြရ‌တာသိပ်မုန်းတယ် မင်းကိုဒီကိစ္စ‌တွေ ရှင်းပြနေထဲကသိသင့်ပါပြီရဲ့"

"ဆရာမ ကျွန်တော်ကတော့လေ စာတင်မဟုတ်ဘူး နှလုံးသားမှာပါနားလည်ရခက်တဲ့လူမျိုး အဲ့တာကြောင့် မေးခွန်းလေးတစ်ခုဖြေပေးပါ"

"ပြောလေ"

"နေမျိုးကျက်သရေဆိုတဲ့ လူသားမှာ ဒေါင်းနှင်းမေဆိုတဲ့အမျိုးသမီးလှပစွာ ခိုအောင်းပေးနိုင်မလား"

"မင်းရဲ့တောက်ပမှုမှာတို့လှပစွာနေထိုင်မှာပါ ကလေး"

နှင်းမေရဲ့အဖြေကိုကြားပြီးသည်နှင့်နေမျိုးကျက်သရေ သူမအား တင်းကြပ်စွာဖက်ထားမိသည်။

"ကလေးလွှတ်အုံးကွာ ဒို့အသက်ရှုကြပ်လာပြီ"

"ဟီး ပျော်သွားလို့"

"ပျော်တာနောက်မှပျော် ဒို့ဗိုက်ဆာတယ်လို့"

"ဟင် ထမင်းစားလာတယ်ဆို"

"မင်းကိုစောင့်ခိုင်းထားပြီး ဒို့ကဟိုမှာစားဝင်နေမယ်ထင်လို့လား"

"ဟုတ်ပါပြီ အဲ့တာဆိုဘာစားမလဲဟင်"

"ခေါက်ဆွဲပြုတ်ကျွေး မင်းဟိုတစ်ခါဒို့ဖျားတုန်းကလာပြုတ်ကျွေးသလိုမျိုး"

"ဟုတ်ပြီ ခဏလေးနော် ကျွန်တော်‌ ခေါက်ဆွဲထုပ်သွားဝယ်လိုက်မယ်"

"အင်းမြန်မြန်လေးနော်"

နေမျိုးကျက်သရေမှာခုံပေါက်လျက်လျှင်မြန်စွာပင်ထွက်သွားသည်။

*လူဆိုးမလေး အချစ်ပိုချင်စရာ*

နှင်းမေမှာပြုံးလျက်ပင်သူ့ကလေးအားကြည့်နေမိသည်။ သူမဘယ်ချိန်ကချစ်မိသွားခဲ့ပါလိမ့်။ သို့သော်လဲသူမစဉ်းစားချင် လူတစ်ယောက်ကို ဘယ်အချိန်ချစ်မိလဲဆိုတာကိုစဉ်းစားခြင်းကရူးစေနိုင်ပေသည်။

"ကြာလိုက်တာကွာမင်းကလဲ ဗိုက်ဆာပါပြီဆို"

နေမျိုးကျက်သရေမှာပြန်လာထဲကနှုတ်ခမ်းဆူကာ ဆူငေါက်နေသာ သူ့ပေါက်စကိုအသည်းတယားယားပင်။

"ဒါဆိုဒါလေးနဲ့ချော့မယ်လေ"

နေမျိုးကျက်သရေလဲ နေကြာပန်းစည်းလေးကိုလက်နောက်ဖွက်ထားရာမှထုတ်ကာနှင်းမေအားပေးသည်။ထို့နောက်

"နေကြာပန်းလေးလိုကိုယ့်အနားမှာပဲကြာကြာနေပါပြီးတော့ ကိုယ့်ဘက်ကိုပဲအမြဲလှည့်ကာကိုယ့်ကိုပဲကြည့်ပါနော် မေ.."

နှင်းမေမှာပန်းလေးအားကိုင်လျက် နေမျိုးကျက်သရေကိုကြည့်ကာ

"မင်းကိုပဲကြည့်ပြီးမင်းကိုပဲချစ်နေမှာပါ"

"မေ ဒီ လက်စွပ်လေးကမေ့အတွက်ပါ ဒီတစ်ခါကျွန်တော့်ဘက်ကကြီးပဲ တိုးခဲ့မှာပါ ပြီးတော့မေ့နောက်ကိုအမြဲလိုက်နေပါ့မယ်"

နေမျိုးကျက်သရေမှာ လိမ္မော်ရောင်လက်စွပ်ဘူးလေးထဲမှ ဒေါင်းပုံစံလက်စွပ်လေးအားနှင်းမေရဲ့လက်သူကြွယ်ကို စွပ်ပေးလိုက်သည်။

"ချစ်ခွင့်ပေးခဲ့လို့ကျေးဇူးပါမေ~~"

#3302words
#6.11.2023

ဖတ်မရကြဘူးဆိုလို့ပြန်တင်ပေးလိုက်ပါတယ်နော် ဒါဒါတို့🤗❤️


You are reading the story above: TeenFic.Net