"သမီး ပစ္စည်းတွေစုံပီလား သေချာစစ်အုံးနော်"
သူမထည့်နေသောအဝတ်အစားအိတ်ကိုကြည့်ကာအမေမှဆိုလာသည်။
"အမေရယ် သမီးအတွက်က တက္ကသိုလ်မှာသင်တန်းသွားသွားတက်ရတာကကိုယ့်အိမ်ဦးနဲ့ကြမ်းပြင်လိုဖြစ်နေပါပြီ"
"အေးပါအေ..အေးပါ ကျုပ်ကနောက်မှဟိုဟာလေးကျန်ခဲ့လို့ ဟိုဟာလေးမပါလို့ဆိုပြီးပြောသံမကြားချင်လို့"
"မပြောပါဘူးအမေရယ်"
"ဒါနဲ့ခုကတက္ကသိုလ်ဝန်းထဲမှာပဲနေမှာလားသမီး"
"မသိသေးဘူးအမေ အဆောင်တွေလွတ်သေးရင်တော့နေရမယ် မလွတ်တော့ရင်လဲသူတို့တစ်ခုခုတော့စီစဉ်ပေးမှာပါ"
နှင်းမေလဲသွားခါနီးအမေ့ကိုကန်တော့သည်။အဖေကတော့ ခြံထဲသို့မနက်အစောကြီးထဲကထွက်သွားသဖြင့်အိမ်၌မရှိပေ။
"အေးကွယ်သာဓုသာဓုသာဓု လမ်းခရီးမှာလဲဘေးမတွေ့ပါစေနဲ့ငါ့သမီးလေး"
"ပေးတဲ့ဆုနဲ့ပြည့်ပါစေအမေ"
"ကဲမမကြီးရေ မြန်မြန်လာ နင့်ကိုကားဂိတ်ပို့ပြီးငါ အလုပ်သွားရမှာဟ"
ဆိုင်ကယ်ပေါ်တက်ကာအော်နေသော ညီမအေးသံသာကြောင့် အိတ်ကိုဆွဲကာအမြန်ထွက်ရသည် ။နှင်းမေမှာအကြီးဆုံးဖြစ်သော်လဲထိုပွစိပွစိနိုင်လွန်းသောအငယ်များအား အလျော့ပေးကာချစ်ရပေသည်။
အိတ်တွေကိုကားပေါ်တင်ပြီး သူမရဲ့ခုံနံပါတ်ကိုရှာမိသည်။
ခုံနံပါတ်-၂၃
မိမိဟာ ကားမူးတတ်သူဖြစ်၍ခုံမှာပြတင်းပေါက်ဘက်ရှိရာဘက်ကိုကျသည်ကိုစိတ်သက်သာရာရမိသည်။
ခုံများမှာနှစ်ခုံတွဲစီတွေဖြစ်၍ဘေးတွင်အမျိုးသမီးတစ်ဦးဦးသာလာထိုင်ရန်လဲတောင်းဆုပြုမိသည်။
ဒီတစ်ခါတော့ဘုရားကတောင်းဆုသံများကြား၍ထင်သည် ဘေးတွင် အမျိုးသမီးခပ်ငယ်ငယ်လေးတစ်ဦးလာထိုင်ပေသည်။
ကားပြတင်းပေါက်ဘက်လှည့်ကာအေးမြမြရာသီဥတုနဲ့ လက်ကျန်ချယ်ရီပင်များအကြားနှင်းမေအတွေးနယ်ချဲ့နေမိသည်။
*မင်းသိလားချယ်ရီပန်းလေးရဲ့အဓိပ္ပာယ်ကလေ တစ်နေ့နေ့တော့ဝေးရပါဦးမယ်တဲ့ တို့မဝေးချင်ဘူးကလေးရယ်....*
တစ်ဖြေးဖြေးကွေ့ကောက်နေခဲ့သောလမ်းတွေ၊ဖြတ်သန်းသွားတဲ့လေပြေအေးအေး၊ကျန်ရစ်ခဲ့သော လမ်းတစ်ဖက်မှ အပင်အုံ့မှိုင်းမှိုင်းတွေ။
*မင်းရယ်..တို့သာလွမ်းမယ်ဆိုလွမ်းချင်စရာတွေကြီး*
နှင်းမေသူမရဲ့အတွေးများကိုမရပ်တန်းခဲ့မိပါ။ဒီတစ်ချိန်လောက်လေးတွေသူမရဲ့စိတ်တွေအတွေးနယ်ချဲ့စေချင်တယ်။
သူ့ကိုပြောမိလိုက်သည့်စကားတွေကို သူခံစားရမှာထက်ပြောမိတဲ့မိမိကပင်ပို၍ခံစားရမည်ကိုသူမသိလေရော့သလား။
*ဒီနေ့ဆိုမင်းတို့ရှေ့ပေါ်မလာတာ ၃၅ရက်ရှိပြီ*
သူ့စကားဆိုမြေဝယ်မကျနားထောင်တတ်သူဒီတစ်ခါလေးတော့ငါ့ရဲ့ပြောစကားနားမထောင်ပါနဲ့လားဟုလဲပြောလိုက်ချင်မိသည်။
*ဘယ်ဆီကိုများရောက်နေသလဲမသိပေါ်ကိုမလာဘူး*
"အမ အမ ရောက်ပြီဗျ"
"ဪ အေးအေး"
အတွေးတွေလွန်ဆွဲရာနောက်ပါသွားလိုက်တာကားသမားလေးကအော်မှသာသတိဝင်မိသည်။
အိတ်ကိုယူလိုက်ကာ တက္ကသိုလ်ရှိရာဆီသို့ဦးတည်လျက်။
အငှားကားဖြင့်ပင်တက္ကသိုလ်ဝန်းထဲရောက်လာခဲ့သည်။ထိုနေရာဟာ လူငယ်တို့၏ငယ်ရွယ်သောအငွေ့အသက်များရနေမြဲပင်။
"နှင်းမေ"
"ဟယ် နွယ်..."
"အောင်မယ် အမတော် တော်ပါသေးရဲ့တွေ့ရပေလို့"
"တို့လဲတွေးမိပါတယ် မင်းများလာမလားလို့ရယ်"
"လာရတာပေါ့ကွယ် မလာချင်လဲ"
"ဘာလဲတက္ကသိုလ်ကအချစ်ဦးကိုသတိရနေတာလား"
"ဘယ်နှယ့်အချစ်ရှိရမှာတုန်းတစ်ကိုယ်တည်းအပျိုကြီးဖြစ်နေတာနင့်လိုပဲနှစ်ချို့နေပြီကို"
"ကိုယ့်ပါသာကို အပျိုကြီးဖြစ်ရင်ဖြစ်တယ်ပေါ့ နင့်ဟာကငါ့ကိုပါဆွဲထည့်နေ"
"ကဲပါမင်းအဆောင်ရပြီလား"
"အိုကွယ် အိတ်ကြီးမြင်ရဲ့သားနဲ့ကျွန်မအခုမှရောက်တာရှင့် ဌာနမှူးကိုအဝင်တောင်သွားမပြရသေး"
"ဖြစ်ရမယ်လေ မနေ့ထဲကလာတာမဟုတ် နင်ကတော့ ဘယ်လိုဖြစ်လို့နောက်ကျ"
"အေးဟယ် ငါလဲမနေ့ကအငယ်ကောင်ရဲ့မိန်းမကကိုယ်ဝန် OG အပ်ရမဲ့နေ့မို့ အဲ့တာလိုက်နေရလို့ခုမှရောက်တာ"
"နင်လဲနော်နောက်ကားတွေကျော်တက်တာကလေးတောင်ရ တူတွေတူမတွေပဲထိန်းနေတော့မှာလား "
"တော်ပါဟယ် အပူမရှာချင်ဘူး"
"နင်သာယူချင်ရင် စောင့်နေတဲ့သူရှိတာပဲဟာ"
"ဘယ်သူလဲ"
"ကိုနိုင်လေ"
"တော်ပါဟယ် သူကငါ့အကိုလိုပါပဲ ငရဲတွေကြီးကုန်မှ"
"နင်ကလဲဟယ်အသက်လေးသုံးနှစ်လောက်ကွာတာကို အမယုမဒီဆိုလဲနင့်ကိုယောင်းမတော်ချင်လို့ ကြီးမေဆိုလဲနင့်ကိုသမီးတစ်ယောက်လိုချစ်လိုက်တာမှ"
"ဪ ဒါနဲ့ပြောရအုံးမယ် ကလေးတွေစာမေးပွဲ ဖြေပြီးနောက်ဆုံးရက် ငါဆိုင်တစ်ဆိုင်သွားတော့ အမနဲ့တွေ့သေးတယ်"
"ဟုတ်လား အမယုရဲ့လုပ်ငန်းကလဲအခုတော်တော်အဆင်ပြေနေတာ companyအသစ်တောင်ထပ်ဖွင့်တော့မယ်ပြောတယ်"
"ကောင်းပါတယ်ဟယ် အဲ့လိုကြားရလို့လဲဝမ်းသာပါတယ် ပြီးတော့.."
"ပြီးတော့ဘာဖြစ်လဲ"
နှင်းမေရဲ့မျက်နှာပျက်သွားသည်နှင့် နွယ့်မှာသူ့အားအလျင်လိုမေးလာသည်။
"ဘာမှမဖြစ်ပါဘူး ငါနင့်ကိုတိုင်ပင်စရာနဲ့ပြောပြစရာတွေရှိတယ် အဲ့တာပြောတာ"
နှင်းမေမှာမျက်နှာကိုအမြန်ပြင်ကာဆိုရသည်။
"အေးပါဟယ် လောလောဆယ်တော့ နင့်ရောက်ရှိကြောင်းသွားပြောအုံး ပြီးတော့ငါတို့ပြောနေတာလမ်းသွားလမ်းလာကြီးမှာ နင်ကနောက်ကျတော့ အဆောင်တောင်ရှိပါ့အုံးမလား ဒီတစ်ခေါက်ကလူများတယ်"
"အေးပါ နောက်မှစကားအေးဆေးပြောမယ်"
နှင်းမေလဲ နှုတ်ဆက်ရင်းဌာနမှူးရုံခန်းဆီသို့အရင်သွားလိုက်သည်။
အဝင်လက်မှတ်ထိုးပြီးသောလဲကြားရသည့်သတင်းကြောင့်အမောဆို့ရပြန်သည်။ အဆောင်တွေအားလုံးမှာလူပြည့်နေပေသည်။
*သွားပါပြီကွာ နီးစပ်ရာတည်းခိုခန်းတစ်ခုခုတော့ရှာရတော့မယ်*
စိတ်ညစ်ခြင်းနှင့်အတူ နှုတ်ခမ်းတချို့ဟာလဲသူမသိခင်ဆူပုတ်လာပြန်သည်။
"တူပါတယ်လို့ကြည့်နေတာဗျာ တကယ်မင်းဖြစ်နေတာပဲ"
သူမရဲ့ခေါင်းကိုပုတ်ကာဆိုလာသူတစ်ဦး။
"ဟင် ကိုနိုင်"
"ဟုတ်ပါဗျ ကျွန်တော် နိုင်မင်းစိုးပါ..ဆယ်တန်းနှစ်ထဲကအရပ်ကခုထိရှည်မလာဘူးနော်နှင်းမေ"
ကိုနိုင်မှာသူ့ အသားဖြူဖြူ လူခန့်လူချောတစ်ယောက်ပင် စီးပွားရေးနယ်ပယ်မှာလဲအောင်မြင်ပြီး အရှုပ်အရှင်းအလွန်ကင်းသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ဦး နှင်းမေနှင့်ငယ်စဉ်ထဲကအိမ်နီးနားချင်းဖြစ်ခဲ့ပေသည်။သူတို့တစ်မိသားစုလုံးမှာ နှင်းမေအား မိသားစုဝင်အရင်းအချာလိုချစ်ကြသည်။ကိုနိုင်မှာလဲ သူမကိုဖွင့်ပြောထားခဲ့သည်မှာ သုံးနှစ်ကျော်ခဲ့ပြီ။သို့သော်လဲ နှင်းမေကိုဖိအားမပေးသည့်အတွက်သာ သူမကိုယ်တိုင်လဲသက်သာရာရနေပေသည်။
"ကိုနိုင်ကတော့လေဖြစ်ရမယ် တွေ့တာနဲ့အရပ်ကိုကြီးထိခိုက်နေတာပဲ"
"မဟုတ်ရပါဘူးဗျာ ဒါနဲ့ဒီမှာဘာလုပ်"
"ဪ ကိုနိုင်ရယ်ကျောင်းဆရာမလေရှင် ထုံးစံတိုင်း သင်ကြားရေးဆိုင်ရာသင်တန်းပေါ့"
"ဘယ်လောက်ကြာမှာလဲ"
"တစ်ပတ်လောက် ဒါနဲ့ကိုနိုင်ကရော"
"ဪ ဒါလား ကိုနိုင့်ဆရာကိုလာပို့ပေးတာ လမ်းကြုံလို့"
"ဟုတ်"
"ဒါနဲ့နှင်းမေကရော အိတ်တွေနဲ့ပါလား ပေးလေ ကိုနိုင်လိုက်ပို့ပေးမယ်"
"ရတယ် အဆောင်တွေပြည့်နေလို့ နှင်းမေ တည်းခိုခန်းတစ်ခုခုရှာမလို့"
"ဒါများ အကို့သူငယ်ချင်း hotelရှိတယ် လိုက်ပို့ပေးမယ်"
"ဟုတ်လားအဲ့တာဆိုလဲကျေးဇူးထပ်တင်ရပြန်ပါပြီ ကိုနိုင့်ကို"
"မလိုပါဘူးဗျာ ဒီလူနဲ့ဒီလူကို လာကိုနိုင့်မှာကားပါတယ်"
နှင်းမေလဲကိုနိုင်နဲ့အတူပင်ဟိုတယ်ရှိရာသို့ရောက်ခဲ့သည်။
တဖြည်းဖြည်းပူပြင်းလှတဲ့နေကြောင့် နှင်းမေလဲအနားယူချင်လှပြီဖြစ်သည်။
"ကိုနိုင်အခန်းခ.."
"မပေးနဲ့ဒါအကို့သူငယ်ချင်းနဲ့အကိုအတူဖွင့်ထားတာ ပေးစရာမလိုဘူး"
"မဟုတ်တာကိုနိုင်ရယ်"
"ဟာဘာလို့ပေးရမှာလဲ နှင်းမေဆီကသာလေ အကို hotelခယူရင်အိမ်ပြန်ရောက်အမေဆူတာအကိုခံနေရပါအုံးမယ် ကဲအကိုသွားတော့မယ် နှင်းမေနားတဲ့ရက်အိမ်လာလည်အုံးနော်"
"ဟုတ်ကဲ့ကိုနိုင်"
"အကိုတံခါး password မထည့်ထားဘူး နှင်းမေထည့်လိုက်နော် ကဲကဲကောင်းကောင်းနား"
"ဟုတ်ကဲ့"
ကိုနိုင်ကိုသူမအားနာမိပါသည်။ သူတို့မိသားစုမှာ နှင်းမေဘွဲ့ရသည်အထိထောက်ပံ့ခဲ့ကြသူများပင်။
ယခုထိပင်သူမအပေါ်အားကောင်းမြဲကောင်းဆဲ။
ကိုနိုင်ဟာလဲ သူမအပေါ်မေတ္တာမျှတာသိနေပေမဲ့ သူမမေတ္တာပြန်လည်ပေးဖို့တော့ခဲယင်းနေပေသည်။သူမကိုနိုင့်အပေါ် အကိုတစ်ယောက်ထဲပို၍မရခဲ့ပါ။
စိတ်အနည်းငယ်ကြည်လင်အောင်ရေချိုးလိုက်ပြီးအိပ်ယာထက်ဝယ်ခဏအနားယူလိုက်ပေသည်။
~~~
အနားရှိမြည်းဟည်းလာသောဖုန်းသံကြောင့်သူမစိတ်ရှုပ်စွာ အိပ်နေရာမှကိုင်လိုက်ပေသည်။
"ဟယ်လို"
"ဟဲ့ နှင်းမေ နင်ဘယ်အဆောင်မှာလဲငါရှာတာနေရာစုံနေပြီ"
"ငါအဆောင်မရတော့လို့ ဟိုတယ်မှာ"
"ဪ နှပ်နေတယ်ပေါ့ဇိမ်နဲ့"
"မဟုတ်ပါဘူးဟယ်"
"အခုဘာလုပ်နေတာလဲ"
"ငါပင်ပန်းလို့ခဏအိပ်ပျော်သွားတာ"
"ကဲပါထတော့ ငါလာခေါ်မယ်"
"ဟယ်ဘယ်ကိုလဲ"
"bar"
"ဟယ် ဘာလုပ်မလို့လဲ"
"ဪ ညစာသွားစားမယ်လေ တခြားစား သောက်ဆိုင်တွေထက်အဲ့လိုဆိုင်မျိုးတွေကအစားအသောက်ပိုကောင်းတယ်ဟဲ့"
"ဪ မှတ်ထားရမယ်"
"ပြီးတော့နင်လဲငါ့ကိုပြောစရာရှိတယ်ဆို"
"အေး ဒါနဲ့ည၆:၀၀ထိုးပြီဟဲ့ နင်ပြန်ရင် ဂိတ်တံခါးပိတ်နေမှာပေါ့"
"နင်ကတော့လေအိပ်ချင်မူးတူးနဲ့ငါက အဆောင်မှာနေတာမှမဟုတ်ပဲတောင်ကြီးမှာအဒေါ်တစ်ယောက်လုံးရှိတာကို"
"အေးဟုတ်သားပဲ မနက်ကနင့်ကို ကျောင်းဝန်းထဲမှာတွေ့တော့ အဆောင်မှာပဲနေတယ်ထင်နေတာ"
"ကဲကဲထတော့ငါလာခေါ်မယ် တည်းနေတဲ့လိပ်စာတို့ကိုပို့လိုက်"
"အေးအေး"
နှင်းမေလဲလိပ်စာပို့ပေးပြီးအင်္ကျီအဝတ်အစားလဲကာစောင့်နေသည်။ သိပ်မကြာ နွယ်မှာရောက်လာ၍ နှစ်ယောက်အတူတူထွက်လာကြသည်။
များပြလှတဲ့လူတွေ ဆူညံလှတဲ့သံစဉ်တွေကိုနှင်းမေမှာသိပ်တော့သဘောမတွေ့လှပေ။သို့သော်လဲ အစားအသောက်မျက်နှာတစ်ကမ္ဘာဖြင့်ဆက်ထိုင်နေမိသည်။
"ဟဲ့ပြောလေ ငါ့ကိုပြောမယ်ဆိုတာ"
နှင်းမေလဲသက်ပြင်းရှည်ချကာဖြစ်ကြောင်းကုန်စင်နှင့် သူမရဲ့ခံစားချက်များအားသူငယ်ချင်းထံရင်ဖွင့်နေမိသည်။
"ဒါဆိုနင့်ရဲ့အသက်သုံးဆယ်ကျော်ချစ်ခြင်းမေတ္တာကြီးကိုအဲ့ကလေးကရသွားတယ်ပေါ့ ပြီးတော့မိန်းကလေး"
"အင်းးး"
နှင်းမေမှာ လေသံဖျော့ဖျော့ဖြင့်ဆိုနေသော်လဲ သူငယ်ချင်းဖြစ်သူနွယ်မှာတော့အားပါးတရရယ်လာလေသည်။
"ဟဲ့ဘာရီတာလဲ"
"ဘာမှမဟုတ်ပါဘူးဟယ် ကျောင်းထဲကလိုက်ခဲ့တဲ့ယောင်္ကျားတွေ လာကမ်းလှမ်းခဲ့တဲ့လူတွေအားလုံးငြင်းပြီးချေခဲ့တဲ့ငါ့သူငယ်ချင်းေဒါင်းနှင်းမေက အခု ကလေးတစ်ယောက်ဆီမှာ ကျရှုံးနေလို့ ဟား ဟား ဟားး"
"အဲ့တာရယ်စရာပါလားဟဲ့ ငါကတကယ်ပြောနေတာကို"
"အေးပါဟာ ငါသိပါတယ် ဒါပင်မဲ့နင့်ပုံကအချစ်ပူမိနေလို့ မျက်နှာကလဲဘာဘူချုပ်ဘောလုံးကြီးအလား"
"ဟဲ့ နင်လေ ခံစားဖူးမှသိလိမ့်မယ်သိလား ဟွန့်"
"ကဲပါ မျက်စောင်းထိုးနေတာတွေရပ်လိုက် ဒါနဲ့နာမည်ကဘာ"
"နေမျိုးကျက်သရေ"
"ဟင်နာမည်ကလဲ ရှည်တာ"
"နင်နော်ငါ့ကလေးနာမည်ကို မBlameနဲ့"
"အောင်မလေး မ blame ပါဘူးဟယ်"
"ဟင် မျိူး.."
"ဟဲ့တော်ယုံတန်ရုံလုပ်စမ်းဘယ်နှယ့်တနေတာတုန်း နင်ကမသောက်ပဲမူးနေတယ်"
"မဟုတ်ဘူး ငါ့ကလေး"
နှင်းမေရဲ့အကြည့်များမှာ ဂျင်းကုတ်တစ်ထည်နဲ့ အနက်ရောင် pant ကိုဝတ်ထားသောသူဆီသို့။
သူမမှတ်မိသည် ထိုကျောပြင်ကိုသူမမှတ်မိသည်။ ဒါသေချာပေါက်သူ့ကလေးပင်။
"ငါပြန်လာခဲ့မယ်"
"ဟဲ့"
နှင်းမေမှာနေရာမှထသွားပေသည်။နွယ်ခေါ်သည်ကိုတော့လှည့်တောင်မကြည့်။
______________________________
Whisky ပုလင်းများစွာ စာပွဲပေါ်ပုံကျနေသည်ကိုကြည့်ခြင်းအားဖြင့်ဒီကောင်တွေတော်တော်ပွဲကျနေခဲ့သည်ထင်သည်။
စိတ်ညစ်မှုများကြောင့် နေကြီးလဲမျက်စိ ရှေ့က ခွက်ကိုတစ်ဆုံးမော့ချမိသည်။
"ဟျောင့် နေမျိုးကျက်သရေ ထူးထူးခြားခြား whiskyတွေဘာတွေသောက်လို့ပါလားဟ တော်တော်ညစ်နေလေသလား"
"ဒီလိုပါပဲ သိပ်တော့ထွေထွေထူးထူးမဟုတ်ပါဘူး"
"ငါတို့အစောကြီးထဲကပြောပါတယ် သူကမကောင်းပါဘူးဆို"
စိတ်ညစ်နေသည့်အချိန်မှာပင် ဒေါင်းငယ်အားမကောင်းပြောမှုများကြားနေရသည်ကအဆင်မပြေလှ။
" နေ မျိုး ကျက် သ ရေ"
နေကြီးလဲ ခေါ်ရာနေရာသို့လှည့်ကြည့်မိသည်။
*ဒေါင်းနှင်းမေ*
ထိုနေရာဟာသူမရှိနေသင့်သည့်နေရာမဟုတ်။
များလှစွာသော လူမိုက်လူရမ်းကားများရှိနေပေသည် သူ့လို ဆရာမတစ်ယောက်ဖို့မသင့်တော်လှ။
"မင်းကို တို့ပြောလိုက်တာတွေက ဒီလိုနေရာမျိူးကို ရောက်လာ ဖို့လား ဟင်"
နှင်းမေမှာစူးရဲလှတဲ့အကြည့်ဖြင့်သူအားကြည့်ကာဆိုသည်။
"ဟျောင့် ပြန်လိုက်သွား မှာလား နားညီးတယ်ကွာ"
"ငါမင်းတို့ကိုပြောနေတာမဟုတ်ဘူး ငါ့လူကိုငါဆူနေတာ"
နှင်းမေမှာYTK ဘက်သို့အကြည့်လှည့်ကာဆိုသည်။
"ဟျောင့် မင်းပြန်လိုက်မယ်ဆိုရင် ဒီနေ့ကစပြီးငါတို့နဲ့သေခန်းပျက်နော်"
ကျော်ကြီးမှာလဲ သူ့အားကြည့်လျက်ဆိုလာပြန်သည်။
"မင်းကိုဆူငေါက်နေတဲ့လူထက် ငါတို့ အရှေ့ မှာချပေးထားတဲ့ အရက်ခွက်က ပိုသစ္စာရှိတာမင်းသိမှာပါ"
YTKမှအရှေ့က အရက်ခွက်ကို မျက်စိပစ်ပြကာဆိုသည်
နေမျိုးကျက်သရေ ထိုင်လျက်ပင်ဘာစကားမှ ဝင်မပြောမိပါ ဒေါင်းနှင်းမေကတော့ အရက်ခွက်ကိုင်ကာ ပြောနေတဲ့YTKအားစူးရှသောအကြည့်တို့ဖြင့်ကြည့်နေသည်။ထို့နောက်
"ဟုတ်ပြီလေ မင်းတို့ရဲ့ သစ္စာရှိပါတယ်ဆိုတဲ့ အရက်"
မမျှော်လင့်ထားတဲ့လုပ်ဆောင်မှုတစ်ခုကြောင့် နေမျိုးကျက်သရေ တွေဝေ နေရာမှ ရုန်းထွက်မိသည်။
ဒေါင်းနှင်းမေဟာအရှေ့မှ အရက်ခွက်အားတစ်ဆုံးမော့ချလိုက်သည်။
သူသိပါသည် သူ့မွေးနေ့တုန်းက သူ့ကိုဂုဏ်ပြုလို့တိုက်တဲ့soju ခွက်လေးတစ်ခွက်တောင်မူးတဲ့သူကအခုအရှေ့ကအပြင်းစားအရက်အားမော့ချလိုက်သည်။
"ကဲပြော မင်းတို့ရဲ့ သစ္စာတရားကုန်သွားပြီမလား"
ဒေါသမာန်ပါမှုများကြောင့် အသံမှာမာကြောစူးရှနေသော်လည်း ရဲတက်လာသောမျက်နှာကိုကြည့်ခြင်းဖြင့်နေမျိုးကျက်သရေ စိတ်ပူလာမိသည်။
တဖြည်းဖြည်း YTKနှင့် ဒေါင်းနှင်းမေရဲ့စကားအသွားအလာဟာ တိုက်စစ်မြင့်မားလာသည်။
"ဒီမှာ ခင်ဗျားဆိုတဲ့ လူအတွက် ဒီအရက်ခွက်ရဲ့တန်ဖိုးကိုသိရဲ့လား"
"YTK မင်းတော်တော့"
"ဘာဟျောင့် မင်းကိုသူဘယ်လိုဆက်ဆံခဲ့လဲမင်းမသိလို့လားဟင် မင်းမလို့ကွာ"
"ငါသိတယ် ငါကိုယ်တိုင်လက်ခံခဲ့တာမလို့မင်းရပ်တန့်လို့ရပြီ"
"ကောင်းပြီလေ မင်းအခုထွက်သွားရင် ငါတို့အဖွဲ့မှာမင်းမရှိတော့ဘူး မင်းသိပါတယ် ငါတို့အဖွဲ့ရဲ့စည်းကမ်းကို မင်းကကိုယ့် အဖွဲ့ထက် မင်းအပေါ်ကိုမကောင်းတဲ့သူကိုရွေးချယ်လိုက်ပြီပဲ"
နေမျိုးကျက်သရေ ပြန်စကားမပြောပဲမျက်စိရှေ့က ဒေါင်းနှင်းမေကို သာငြင်သာစွာခေါ်ဆောင်သွားသည်။
ဒေါင်းနှင်းမေမှာ ခုနကYTKနှင့်ပြောနေသကဲ့သို့မတူ အေးချမ်းစွာလိုက်ပါလာသည်။
ခုချိန်မှာသူနဂိုလို အပျိုကြီးဆူငေါက်မှာကိုလဲမကြောက်မိတော့ပါ။
"ကျွန်တော်လိုက်ပို့ပေးမယ် ကားပေါ်တက်လိုက်ပါ"
ဒေါင်းနှင်းမေငြိမ်သက်စွာပင်ကားပေါ်ထိုင်လိုက်သည်။ လမ်းတစ်လျှောက်လုံးသူတို့လေထုမှာငြိမ်သက်လျှက်။
နှင်းမေ နွယ့်ကိုတော့ပြန်ပြီဟုသာစာပို့ထားလိုက်သည်။
"ဘယ်မှာတည်းနေတာလဲ "
နှင်းမေအိတ်ထဲက ကတ်လေးကိုထုတ်ပေးသည်။နေမျိုးကျက်သရေလဲထိုနေရာသို့မောင်းလာခဲ့သည်။
နေကြီးမှာကားမောင်းဝါသနာပါသဖြင့် နဂိုထဲကသင်ထားခဲ့သည်။အသက်မပြည့်သေးသော်လဲ တစ်ခါတစ်လေတော့ဦးလေးရဲ့ကားအား သူယူယူစီးတတ်သည်။
နေမျိုးကျက်သရေ ဟိုတယ်ရှေ့ရောက်တော့ ဒေါင်းနှင်းမေအားကြည့်မိသည်။ ဒီလောက်ငြိမ်သက်နေရင် ပုံထောက် သူမ လမ်းမလျှောက်နိုင်လောက်ပင်။
"ဆရာမ အထဲဝင်ရအောင်ကျွန်တော်တွဲပေးမယ်"
မကြားရတာကြာပြီဖြစ်တဲ့ ဆရာမဆိုတဲ့ခေါ်သံပင်။
သူ့ဘက်ကတံခါးကိုဖွင့်လာကာအပေါ်က ကုတ်လေးအား သူ့ကိုခြုံပေးလာသည်။
ထို့နောက်ထိုကလေးမကပုခုံးလေးကနေငြင်သာစွာပွေ့ဖက်ပြီး သူ့ကို အခန်းတံခါးဝသို့ခေါ်ဆောင်သွားသည်။
"ဆရာမ တံခါး password လေး"
"မွေးနေ့ "
အနည်းငယ်လေးပင်သောအသံလေးဖြင့်ပြန်ဆိုလာသည်။
နေမျိုးကျက်သရေလည်း ဒေါင်းနှင်းမေရဲ့မွေးနေ့လေးအားရိုက်ထည့်လိုက်သည်။
ပွင့်မလာပေ။
"ဆရာမ မပွင့်ဘူး"
"မင်းလေးရဲ့မွေးနေ့"
သူမရဲ့စကားအဆုံးနေမျိုးကျက်သရေအံ့ဩမိသည်။
သူ့ရဲ့မွေးနေ့ကိုရိုက်ထည့်ပြီးတံခါးပွင့်လာပြီးနောက်တံခါးဘေးကမီးလေးကိုဖွင့်ကာအိပ်ခန်းရှိရာသို့ခေါ်ဆောင်သွားသည်။
အချိန်ဟာလဲ ညလင့်နေပြီဖြစ်လို့ သူမအား အိပ်ယာပေါ်တင်ပေးပြီးပြန်ရန်ကြိုးစားမိသည်။
"ဆရာမ ကောင်းကောင်းနားနော်ကျွန်တော်ပြန်တော့မယ်"
ဒေါင်းနှင်းမေသူ့ကိုနှုတ်ဆက်စကားဆိုနေသော ကလေးအား ဝေဝါးနေသည့်ကြားမှမြင်နေရသည်။
တဖြည်းဖြည်းထွက်ခွာရန်ပြင်နေသည့်ကျောပြင်ကို ကြောက်မိသည်မို့မူးနောက်နေရာမှကြိုးစားထမိသည်။
မင်းသာရှေ့တစ်လှမ်းဆက်တိုးလာရင်တို့သိမ်းဆည်းထားတဲ့တို့အချစ်တွေတကယ်ပေါက်ဖွားမိတော့မယ်နဲ့တူတယ်။
သူမမတ်တပ်ရပ်ကာဆိုလာသောစကားအားကြား၍နေမျိုးကျက်သရေလှည့်ကြည့်မိသည်။
ထို့နောက် အမူးရှိန်ကြောင့် မျက်နှာလေးတွေပြည့်ကာ ဖောင်းနေသော သူ့ရဲ့ကလေးအား ငြင်သာစွာပြုံးပြသည်။
သူခြေတစ်လှမ်းဆက်မတိုးမိပါ မူးနေသောသူလေးအပေါ် အနိုင်မယူနိုင်ပေ။
ဒေါင်းနှင်းမေရှေ့ကနေပြန်လှည့်၍ပြုံးသာပြလာသော နေမျိုးကျက်သရေကြောင့်ဝမ်းနည်းမိသည်။ အဘယ်ကြောင့်သူရှေ့မတိုးလာရပါသနည်း။
အမြဲတမ်းသူ့နောက်ကိုတကောက်ကောက်လိုက်ခဲ့သူက အခုရှေ့လေးကို ခြေတစ်လှမ်းဘာကြောင့်မတိုးရတာလဲ။
" မင်းမတိုးရင် မေ တိုးခဲ့ပါမယ်"
သူမထိုကလေးဆီသို့သွား၍ရင်ခွင်ထဲတိုးဝင်မိသည်။
"ဆရာမ အိပ်တော့နော် ခေါင်းတွေကိုက်နေတော့မယ်"
နေမျိုးကျက်သရေ ထိုသို့သိုင်းဖက်လာသောလက်လေးတို့အား ငြင်သာစွာပြန်ကိုင်လျက် ဒေါင်းနှင်းမေအားအကြည့်ချင်းစုံလျက်ဆိုသည်။
"ဟင်အင်း ထပ်ထွက်သွားရင်ဘယ်လိုလုပ်မလဲ"
"ကျွန်တော်မနက်ဖြန်လာခဲ့ပါမယ်အိပ်တော့နော်"
"မင်းကလဲ ဘယ်သူကရည်းစားစကားပြောနေချိန် အိပ်လို့လဲလို့"
ပါးဖောင်းဖောင်းနှင့်ဆူပုတ်ကာသူ့အားရန်တွေ့လာသည်။
"ကဲပါဗျာလိမ္မာပါတယ်နော် အိပ်တော့နော်"
နေမျိုးကျက်သရေလဲဒေါင်းနှင်းမေအားအိပ်ယာပေါ်ပြန်တင်ပေးလျက်ဆောင်လေးခြုံပေးမိသည်။
"ချမ်းတယ် တို့ကိုဖက်ထားပေးလို့ရမလား"
သူ့အားမျက်လုံးဝိုင်းလေးများနဲ့ကြည့်ခါဆိုလာသောဒေါင်းနှင်းမေကြောင့်နေမျိုးကျက်သရေ ထွေးပွေ့ထားမိသည်။
*တစ်ချိန်က မူးသလိုလေးပဲ မင်းလေးဟာလေဘာမှမပြောင်းလဲ ခုချိန်ထိကလေးဆန်တုန်း"
အရှေ့က အိပ်ပျော်ကာစပြုနေသောဒေါင်းနှင်းမေအားကြည့်ကာသူဆိုမိသည်။
မူးနေရင် မျိုးရေ ဆိုတဲ့တစ်လုံးကစပြီးလုပ်ချင်တာလေးတွေလုပ်သွားလို့လဲ လိုက်ရှင်းရပေါင်းမနည်း။
ဒီတစ်ခါတော့ထူးခြားစွာပင် သူ့ရင်ခွင်ထဲအိပ်နေသည်ပင်။
နေမျိုးကျက်သရေ အချိန်အတန်ကြာကြည့်နေမိသည်။ ထို့နောက် သူပင်မသိလိုက်ပဲ သူ့ရဲ့နှုတ်ခမ်းတစ်စုံဟာ ဒေါင်းနှင်းမေ ရဲ့ နှာဖူးလေးပေါ်သက်ရောက်မိသည်။
*ကိုယ်မတိုးရက်ဖူး ကလေးရယ် ခြေလှမ်းတွေကို မင်းအပေါ်အနိုင်မယူရက်ဖူး*
သူလဲ လှဲနေရာမှ ဖြည်းညှင်းစွာကုတင်ပေါ်မှဆင်းလိုက်ပြီး စောင်လေးပြန်ပြင်ခြုံပေးလိုက်သည်။
တံခါးမပိတ်မှီ သူမအားတစ်ချက်ပြန်ကြည့်မိသည်။
"ကိုယ့်ရဲ့ဒေါင်းငယ်လေးကသိပ်လှတာပဲ"
#3618 words
#21.10.2023
အရှည်ကြီးရေးပေးလိုက်တယ်နော် တို့တော့အိပ်ပြီ😚💐။
You are reading the story above: TeenFic.Net