"မြန်မြန်လုပ်ကြပါဟ ငါတို့အဆင်သင့်မဖြစ်သေးရင်နေကြီးကဆဲလိမ့်မယ်"
(ပုတီး)
"နင်အဲ့ဖုန်းကြီးကိုချထားစမ်းပါဟာ"
(လမင်း)
"အေးလေ ပုတီးဟာလိုက်ရိုက်နေတော့တာပဲ လူတွေကအစထဲကရုပ်မထွက်ပါဘူးဆိုမှ"
(အရွှေ)
ပုတီးမှာသူတို့ကိုပြောလဲပြောဖုန်းနဲ့လဲvideoရိုက်နေမြဲပင်။
ယနေ့မှာ နေကြီးရဲ့ချစ်လှစွာသောအပျိုကြီးရဲ့မွေးနေ့ပင်။ထို့ကြောင့်အားလုံးပြာယာခပ်နေကြသည်။
"နင်ကျဘာမှမလုပ်ပဲငါတို့ကြီးဟောက်နေတာပဲ လာ လေလာမှုတ် ဒီဘောလုံးတွေကို"
(ဇင်ဇင်)
"ဟာဇင်ဇင်ကလဲဒီမှာတို့က မှတ်တမ်းတင်နေတယ်လေ"
(ပုတီး)
"ဒါနဲ့ နေကြီးနဲ့ခင်ကြီးကဘယ်ရောက်သွားတာလဲ"
(လမင်း)
"သူ့အပျိုကြီးကို မွေးနေ့အမှတ်တရဓာတ်ပုံရိုက်ပေးဖို့သွားလေရဲ့ ငါ့ကိုတော့ကိတ်မုန့်နဲ့ အဲ့ note pad လေးတွေထားပေးသွားတာပဲ ပြီးတော့နင်တို့ကိုရေးထားတဲ့ ပြီးရင်အဲ့နံရံမှာကပ်တဲ့"
(ပုတီး)
"ခိုင်းတဲ့နေရာမှာတော့ ထောင့်ကိုစိလို့ကိုနေကြီးတို့များ"
(ဇင်ဇင်)
"ဒါနဲ့ခင်ကြီးကရော"
(အရွှေ)
"ပါသွားတယ်လေ ဟို ဆရာသမားနဲ့အတူ သူကဆိုင်ကယ်မောင်းနေကြီးကနောက်ကလိုက်လို့"
(ပုတီး)
_________________
"သားကြီးမလာသေးဘူးလားဟ"
(နေကြီး)
"နေကြီးလူအကြောင်းနေကြီးမသိတာလားကျလို့ထုံးစံအတိုင်းနာရီဝက်နောက်ကျမှာပေါ့"
(ခင်ကြီး)
နေမျိုးကျက်သရေနဲ့ခင်ကြီးတို့နှစ်ယောက် ဆိုင်ကယ်ဘေးရပ်ကာ platform ၌ထိုင်၍ စောင့်နေကြသည်။ ဤနေရာမှာတော့လူအနည်းငယ်ရှင်းပေသည်။
"ကဲသားကြီးရယ် ဒါဆို ဖုန်းလေးကြည့်ပြီးငါတို့ရဲ့နောက်ဆုံးစာမေးပွဲအတွက် review လေးပေးပါအုံး"
(နေကြီး)
"ဒီတစ်ပတ်အတွက်english reviewလေးကတော့ကျမှာပါ"
(ခင်ကြီး)
"ဟ ခွေးသားမိုက်ရိုင်းချက် နိမိတ်မရှိနမာမရှိ"
(နေကြီး)
"ဟဲဟဲ ကျွန်တော်ကစတာပါဗျာ"
(ခင်ကြီး)
"အဲ့တာစလို့ကောင်းတဲ့အရာမဟုတ်ဘူးကွ"
(နေကြီး)
"ဟာဟိုမှာလာပြီ~~"
ခင်ကြီးအပြောကြောင့်နေမျိုးကျက်သရေလမ်းအဝင်လေးသို့ငေးကြည့်လိုက်သည်။
အဝါရောင်ဝမ်းဆက်လေးဝတ်ကာ အညိုရောင်ဦးထုပ်အလှလေးအားဆောင်းကာဆိုင်ကယ်မောင်း၍ သူတို့ဆီသို့ဦးတည်လာသည်။
"အပျိုကြီးတို့များနော် ပြောစရာကိုမလိုဘူးအဝတ်အစားရွေးချယ်တဲ့နေရာမှာ သွားမဲ့နေရာနဲ့လိုက်အောင်ရွေးတတ်တယ်"
(ခင်ကြီး)
"မင်းကလဲကွာ ငါ့ဟာလေးကို"
(နေကြီး)
"ကလေးတို့လာလေသွားမယ်ဘာလုပ်နေကြတာတုန်း"
သူတို့နှစ်ယောက်ရဲ့ရှေ့တည့်တည့်မှာ ဆိုင်ကယ်ကိုခြေထောက်တစ်ဖက်ဖြင့်ထောက်ကာရပ်၍ဆိုသည်။
"ဟုတ်ဆရာမကိုစောင့်နေတာ ဒါဆိုသွားမယ်လေ ကျွန်တော််တို့ရှေ့ကသွားမယ်နော် ဆရာမကနေရာမသိဘူးဆိုတော့"
(နေကြီး)
"အင်း"
(ဒေါင်းနှင်းမေ)
နေမျိုးကျက်သရေလဲနောက်ကထိုင်လိုက်ကာခင်ကြီးကရှေ့မှမောင်း၍ထွက်လာသည်။
နေကြီးမှဖုန်းထုတ်၍ မှတ်တမ်းတင်vdရိုက်နေသည်။
"သားကြီးရေ အခုသွားနေတာဘယ်ဆီကိုလဲ"
(နေကြီး)
"နေကြာတွေရှိတဲ့အရပ်ဆီကို~"
(ခင်ကြီး)
ဒီနေ့ နေမျိုးကျက်သရေ အပျိုကြီးအား ကျူရှင်ကကလေးတွေနှင့်ပေါင်းကာမွေးနေ့လုပ်ပေးမည့်နေ့ပင်။
ဆရာမသူတို့ကိုဒီနေ့မုန့်ကျွေးမည်လို့ပြောထားသော်လည်း သူ့အားကိတ်မုန့်ခွဲပေးမည်ကိုတော့မသိ။
ယခုလဲနေ့ခင်းကမှ နေကြာခင်းကလှတယ်ဓာတ်ပုံရိုက်ပေးမယ်ဆိုပြီး ပတ်ခေါ်လာရခြင်းဖြစ်သည်။
ခင်ကြီးတို့ရှေ့ကမောင်းနေစဉ်နောက်မှ အပျိုကြီးကမှီလာသည်။
"မျိုးမရောက်သေးဘူးလား"
(ဒေါင်းနှင်းမေ)
"ရောက်ပြီဆရာမရှေ့မှာ"
(နေကြီး)
"အင်းပြီးရော"
(ဒေါင်းနှင်းမေ)
တဖြည်းဖြည်းနဲ့မြင်လာရသော နေကြာခင်းကြောင့်ဒေါင်းနှင်းမေရဲ့မျက်နှာလေးမှာပြုံးရယ်လာသည်ကို နေမျိုးကျက်သရေvideoရိုက်နေသောဖုန်းထဲမှမြင်ရသည်။
"လှလိုက်တာ လာရတာတန်သွားပြီ"
လက်လေးနှစ်ဖက်ကိုတီးကာကလေးသဖွယ်ပျော်နေပေသည်။
"လာဆရာမ ဓာတ်ပုံရိုက်ကြရအောင်"
(နေကြီး)
"အင်းဒါနဲ့ ဆိုင်ကယ်တွေကဒီမှာပဲထားခဲ့ရမှာလား"
(ဒေါင်းနှင်းမေ)
"ဟုတ်တယ်လေ ပန်းခင်းထဲမှမောင်းသွားလို့မရတာကို"
(နေကြီး)
"စိတ်မပူပါနဲ့ကျွန်တော်စောင့်ပေးမယ်"
(ခင်းကြီး)
"ပြီးရော"
ဒေါင်းနှင်းမေမှာ ပန်းခင်းလေးထဲဆင်းကာပျော်နေပေသည်။
နေမျိုးကျက်သရေလဲနောက်ကလိုက်ကာ ခင်ကြီးမှာတော့အပျိုကြီးရဲ့လက်ကိုင်အိတ်တွေ ဆိုင်ကယ်သော့တွေကိုင်လျက် အထုတ်ဆွဲဖြစ်နေပေသည်။
*ဪ ဆိုးလိုက်တဲ့ငါ့ဘဝ ပူစီဖောင်းမှုတ်ရမှာပျင်းလို့သူတို့နဲ့လိုက်လာတယ် အခုတော့အထုတ်ဆွဲဖြစ်နေတယ် မြရေကိုယ့်အဖြစ်ကိုလာကြည့်ပါအုံး*
.
.
.
"ဟဲ့ပြီးပြီစာတွေ အားလုံးရေးလို့"
(အရွှေ)
"Ok par "
(ပုတီး)
"ဒါနဲ့နေကြီးတို့ကဘယ်မှာသွားရိုက်ပေးတာလဲ"
(လမင်း)
"ခုလောက်ဆို နေကြီးကနေကြာခင်းထဲရောက်အပြီးသူ့ရဲ့နေကြာလေးနဲ့သာယာနေလောက်ပြီ"
"နေစမ်းပါအုံးဟ ငါတို့မြို့ရဲ့ဘယ်နေရာမှာနေကြာရှိလို့တုန်း
(ဇင်ဇင်)
"အဲ့တာတော့ညီမလဲမသိ သူဘယ်နားသွားရှာလာလဲမှမသိတာ"
(ပုတီး)
"ငါတို့ကိုကျပြောတောင်မပြောဘူး အကျင့်မကောင်းတဲ့နေကြီး"
(လမင်း)
"ဟဲ့နင်အဲ့လိုဆူပုတ်ပုတ်ရုပ်ကြီးနဲ့ပြောလဲဟိုကသနားမှာမဟုတ် သူ့ဟာလေးမျက်နှာသာတစ်ကမ္ဘာ"
(ဇင်ဇင်)
.
.
.
"ဒါလေးလှတယ် "
(ဒေါင်းနှင်းမေ)
"တော်ပြီလားဟင် ဓာတ်ပုံရိုက်လို့စိတ်ကျေနပ်ပြီလားဗျ"
(နေကြီး)
"အင်းတော်ပြီလေ ကျူရှင်ကကလေးတွေလဲစောင့်နေရောပေါ့"
(ဒေါင်းနှင်းမေ)
"ဟုတ်"
(နေကြီး)
နေကြီးတို့နေကြာခင်းထဲကပြန်တက်လာတော့ ခင်ကြီးမှာဆိုင်ကယ်ပေါ်၌အိပ်ပျော်နေပြီဖြစ်သည်။
"ဟျောင့်ထပြန်မယ်"
(နေကြီး)
"ဪ အင်းအင်း ဒီမှာဆရာမသော့"
(ခင်ကြီး)
နေမျိုးကျက်သရေလဲဆိုင်ကယ်ပေါ်တက်ပြီးခင်ကြီးအားပုခုံးပုတ်လိုက်သည်။
ခုချိန်မှာ သူတို့နှစ်ယောက်လုပ်ရမှာတစ်ခုတည်းအပျိုကြီးထက်အရင်ကျူရှင်ကိုပြန်ရောက်ဖို့။
ခင်ကြီးမှာတစ်ခါမှ ဆိုင်ကယ်အားအမြန်မမောင်းဖူးသော်လဲ ဒီနေ့မှာတော့အပျိုကြီးထက်အရင်ပြန်ရောက်အောင်မောင်းနေရသည်။
ဆရာမထက်အရင်ပြန်ရောက်အောင်ဖြတ်လမ်းမှမောင်းလာသောကြောင့်ကြိုရောက်ပေသည်။
ဆိုင်ကယ်ရပ်လိုက်သည်နှင့်နေကြီးမှာအပေါ်ထပ်သို့ပြေးတက်သွားသည်။
"ဟဲ့ပုတီးပြီးပြီလား"
(နေကြီး)
"ပြီးပြီနေကြီး"
(ပုတီး)
"ကိတ်မုန့်ကော"
(နေကြီး)
"အနောက်ခန်းထဲမှာ"
(ပုတီး)
နေကြီးလဲအနောက်ခန်းထဲပြေးဝင်သွားတော့ ကိတ်မုန့်ကိုခုံပေါ်တင်ထားသည်။
"ဟဲ့ ဖယောင်းတိုင်စိုက်ထားတာမဟုတ်ဘူး"
(နေကြီး)
"ဟိုလေ အဲ့တာကိတ်မုန့်က လှနေတော့မထိရက်မကိုင်ရက်ဖြစ်နေလို့"
(ပုတီး)
ဆင်ခြင်ကောင်း၍ ပုတီးအထောင်းသက်သာသွားပေသည်။
နေကြီးလဲကိတ်မုန့်အားဖယောင်းတိုင်လေးစိုက်ကာမီးလေးတွေထိုးလိုက်သည်။
၁.၂.၃.
သိပ်မကြာဆိုင်ကယ် ရပ်သံကြားရပေသည်။
*ငါတွက်ထားတဲ့အချိန်ကွက်ထိ*
နေမျိုးကျက်သရေ အပြင်ကိုထွက်ကာ လှေကားအကွယ်လေးကစောင့်နေသည်။
"ဆရာမလာလေ ဗိုက်ဆာပြီ"
(လမင်း)
"အေးပါကွယ်လာပါပြီ"
သိပ်မကြာလိုက် အသံတစ်ခုထွက်ပေါ်လာပြီးနောက် လှပတဲ့ရောင်စုံကြိုးလေးတွေလေထဲမှာလွင့်ပျံသွားသည်။
နှင်းမေ လန့်၍ တုန်သွားပေသည်။ အရှေ့ကသူ့ဆီသို့ကိတ်မုန့်ကိုင်ကာလျှောက်လာသော နေမျိုးကျက်သရေအားကြည့်နေပေသည်။
ကျန်ကလေးတွေကတော့ birthday song အားသီဆိုလျက်။
"HAPPY BIRTHDAY ဆရာမဒေါင်းလေး"
သူသာကြားရလောက်သောအသံမျိုးဖြင့် သူ့အားဆိုလာပေသည်။
သီချင်းသံအဆုံးကိတ်မုန့်ပေါ်ကဖယောင်းတိုင်တို့အားမှုတ်လိုက်သည်။ သို့သော် အကုန်မငြိမ်းနိုင်သေး ။
"ဝိုင်းမှုတ်ပေးလေ"
နေမျိုးကျက်သရေမှာသူ့အားကြည့်ကာဆိုလာသောကြောင့်ကျန်တဲ့ဖယောင်းတိုင်တို့အားကူမှုတ်လိုက်သည်။
ထို့နောက်ကိတ်မုန့်လေးအား အားလုံးတူတူစုကာခွဲကြသည်။
နှင်းမေပျော်ပါသည်။ ထိုကဲ့သို့လုပ်ပေးလိမ့်မည်ဟုသူမသိခဲ့ရိုးအမှန်။
"ကလေးတို့ရယ် ပိုက်ဆံတွေကုန်အောင်ကွယ်"
(ဒေါင်းနှင်းမေ)
"ဟာဆရာမကလဲ ဘာမှဖြစ်တာမဟုတ်ဘူး"
(ခင်ကြီး)
"ဆရာမဆိုင်ကယ်သံကြားတယ် မုန့်လာပို့ပြီထင်တယ်"
(လမင်း)
"ဟုတ်လားအဲ့တာဆိုသွားယူလိုက်အုံး ဆရာမပိုက်ဆံရှင်းပြီးသား"
(ဒေါင်းနှင်းမေ)
"ဟုတ်"
(လမင်း)
"ဪ ဆရာမ သမီးဦးလေးက ဆရာမကိုဂုဏ်ပြုဖို့တဲ့ အောက်မှာသူလက်ဆောင်ရထားတဲ့ဆိုဂျူ သုံးပုလင်းပေးခဲ့တယ်"
(ပုတီး)
"ဟဲဟဲ ငါတို့သွားယူလိုက်မယ် နင်မနိုင်မှာဆိုးလို့"
(ခင်ကြီး)
ခင်ကြီးနဲ့နေကြီးတစ်ယောက်ပြုံးဖြီးကာအောက်သို့ဆင်းရန်ပြင်နေသည်။
"ဟိုနှစ်ကောင် ပြန်လာခဲ့စမ်း"
(ဒေါင်းနှင်းမေ)
နှင်းမေဆီကအသံထွက်လာ၍ နှစ်ကောင်စလုံးဆူပုတ်ကာနေရာ၌ပြန်လာထိုင်ကြသည်။
"ကဲပုတီးတစ်ပုလင်းပဲသွားယူခဲ့"
(ဒေါင်းနှင်းမေ)
"ဟုတ်ဆရာမ"
(ပုတီး)
"ဟဲဟဲသားကြီးရေမဆိုးဘူး တစ်ပုလင်းလဲမသောက်ရတာထက်စာရင်လုံလောက်တယ်"
(နေကြီး)
"ဟီးဟီးဟုတ်ပနေကြီး"
(ခင်ကြီး)
"ဟိုနှစ်ကောင်တိုးတိုး တိုးတိုးနဲ့ဘာတွေပြောနေတာလဲ ဆရာက ပေးခဲ့တာမလို့နော် နောက်မို့ဆိုမရဘူး"
(ဒေါင်းနှင်းမေ)
"ဟုတ်ကဲ့ပါ"
(ခင်ကြီး)
ခင်ကြီးနဲ့နေကြီးမှာမျက်နှာပိုးတော့သတ်လို့မရပေ။
အားလုံးပြင်ဆင်ပြီးတော့ ဆိုဂျူခွက်လေးတွေကိုင်ကာဒေါင်းနှင်းမေအားဆုတောင်းပေးကြသည်။
နေကြီးမှာအပျိုကြီးရဲ့ဘေးတွင်ထိုင်ရကာ သောက်ရန်မလွတ်လပ်။
ပုလင်းကတော့နေမျိုးကျက်သရေနဲ့ခင်ကြီးတို့ထိုင်တဲ့ခုံအောက်မှာပင်။
"အောင်မလေးခါးလိုက်တာ ကလေးတွေတော်တော့"
(ဒေါင်းနှင်းမေ)
နည်းနည်းလေးသောက်ပြီးနောက်ခါးတယ်ဟုဆိုကာရပ်လိုက်ပေသည်။
တဖြည်းဖြည်းနဲ့အားလုံးကလက်လျော့သွားကြပေသည်။အကုန်လုံးအစားအသောက်ကိုသာအလုအယက်စားနေပြီးခင်ကြီးနဲ့နေကြီးသာခွက်ပုန်းချနေပေသည်။
ထို့နောက်အပျိုကြီးမှ စပ်တယ်ဟုဆိုကာ ဘေးရှိအချိုရည်အားမသောက်ပဲ သူ့ဆိုဂျူခွက်အားမော့လိုက်သည်။
*ကုန်ပြီ ငါ့နောက်ဆုံးခွက်လေး*
"အောင်မလေးပူလိုက်တာ ရေ~"
သူ့ဘာသူလဲမပြောမဆိုနဲ့တားမရမော့လိုက်ပြီးတော့ နေမျိုးကျက်သရေမှာရေထည့်၍တိုက်ရပြန်သည်။
နေမျိုးကျက်သရေ ဘာမှကိုမစားမိလိုက်ပါ။
မကြာခဏ
"မျိုးရေ ရေ~"
"မျိုးရေ Tissue"
ဟိုဟာလေးကမ်းပေးဒါလေးလုပ်ပေးနှင့်အပျိုကြီးကိုသာကလေးထိန်းသလိုထိန်းနေရပေသည်။
အားလုံးစားသောက်ပြီးနောက်စကားတွေပြောနေကြတာတဖြည်းဖြည်းနဲ့မိုးချုပ်နေပေသည်။
"ဆရာမ မှောင်နေပြီပြန်လို့ဖြစ်ပါတယ်နော်လိုက်ပို့ပေးရမလား"
(နေကြီး)
"ရတယ်ကလေးမလိုက်နဲ့ It's ok all fine"
*ငါကြည့်ရတာတော့မfine နေဘူးနော်*
နေကြီးမှာသက်ပြင်းပင်ချလျက်။ တစ်ပုလင်းလုံးသောက်တာကသူ ကျန်တဲ့တစ်ငုံသမားတွေက ထိန်းမရဖြစ်နေပေသည်။
"ကဲကဲ တို့သွားပြီBye"
နှင်းမေမှာမျက်နှာလေးရဲရဲဖြင့်ပြန်သွားပေသည်။
"ဪ အပေါ်ကတစ်သိုက်ကိုလဲထိန်းရအုံးမယ်ငါ့နှယ့် မူးချင်တာတောင်မမူးတဲ့ဘဝ"
အပေါ်မှာတော့သီချင်းဆိုသူနဲ့အသဲကွဲလို့ငိုသူနဲ့ ဆူညံလျက်ပင်။
နေမျိုးကျက်သရေထိုအဖွဲ့ကိုလူခွဲပြီးအိမ်ပြန်ရောက်တော့ ညကိုးနာရီပင်ထိုးနေပေသည်။
ရေမိုးချိုး လုပ်စရာရှိတာလုပ်ပြီး အနားယူမလို့ကုတင်ပေါ်လှဲလိုက်ကာဖုန်းအားဖွင့်လိုက်သည်။ထို့နောက်ဇာတ်ကားတစ်ကားကိုကြည့်မိနေ၍ အချိန်တွေကုန်လာလိုက်တာ ၁၂နာရီပင်ထိုးသွားသည်။ ထိုအချိန်
"ကလေးရေ ဆရာမအနွေးထည်တွေ့မိလား"
ဝင်လာသောစာကြောင့်မျက်လုံးပြူးရသည်။
*သူမူးနေတုန်းလားဟ*
"ဆရာမကိုကျွန်တော်အပေါ်ကထပ်ဝတ်ပေးလိုက်တယ်"ဟုစာပြန်ပြီးသိပ်မကြာ
"ဟီး ဟုတ်သားပဲတို့ဝတ်ထားတာပဲ good night~"
ပြန်ပို့လာသောစာကြောင့်နေမျိုးကျက်သရေမှာရယ်ရခက်ငိုရခက်ပင်။
*ဪ တကယ်ပါပဲ ဒီအပျိုကြီးနဲ့ဆိုဂျူလေးတစ်ခွက်လောက်နဲ့ သူ့မှာကမ္ဘာပျက်လို့*
#2090words
#17.9.2023
မနေ့ကတင်ပေးဖို့ပင်မဲ့caroအိပ်ပျော်သွားလို့ တောင်းပန်ပါတယ် ခုတလော ကိုယ့်ကိုကိုယ် သိပ်အားမရတာမလို့ စာဖတ်ရတာတကယ်ကောအဆင်ပြေကြရဲ့လားဟင်။ နောက်ကြရင်ေတော့ရှည်အောင်အတတ်နိုင်ဆုံးရေးပေးပါ့မယ် အကြံပြုချင်တာလေးရှိလဲပြောသွားကြပါအုံးနော်။
You are reading the story above: TeenFic.Net