မနက်ခင်းအေးမြလှတဲ့ လေအဝေ့မှာ နှင်းမေရဲ့ စိတ်များကတော့အေးမြခြင်းနဲ့မတူ ပူပင်လျက်။
*ငါအရမ်းများတွေးနေမိတာလား အငယ်မပြောသလို ဒါဟာသာမန်အရာတစ်ခုပဲလေ*
"ဆရာမ..ဆရာမ"
"ဟင် .ဟင်"
အတွေးလွန်နေမိသည်ဖို့ရှေ့ကကလေးတွေရဲ့ခေါ်သံမကြားမိ။
"သမီးတို့ဖြေပြီးသွားပြီ ဆရာမ"
"ဪ အေးအေး စာအုပ်တွေထပ်ခဲ့ကြနော် သမီးတို့ပြန်လို့ရပြီ အိမ်ပြန်ပြီးကျောင်းသွားဖို့ပြင်ဆင်ကြ"
မနက်ခင်းကျူရှင်တွင်ကလေးတွေရဲ့စာအုပ်တွေကိုအမှတ်ခြစ်လျက် သူမကျန်ရစ်မိသည်။ ကျောင်းသွားဖို့ကိုယနေ့မှစိတ်မပါသလို။
သို့သော်လဲသွားရပေအုံးမည်။
သူမသည် အမှတ်ခြစ်ပြီးစာအုပ်များကိုစီရီစွာထပ်ထားခဲ့ပြီး အောက်ထပ်သို့ဆင်းကာကျောင်းဆီသို့ဦးတည်ရန်ပြင်သည်။
"သမီးသွားေတာ့မလို့လား"
သူမစာသင်သော ယခုအိမ်ပိုင်ရှင် ဒေါ်မေသက်ကမေးခြင်းပင်။ ဒီမနက်ပိုင်းကျုရှင်သည် သူမ၏မြေးနဲ့ သူ့သူငယ်ချင်းG11 ကကလေးများစုသင်ကြခြင်းဖြစ်သည်။
"ဟုတ်ကဲ့အဖွား ဒီနေ့ သမီးအသင်းလဲဖြစ်တာမို့ကျောင်းစောသွားရမှာမလို့"
"အေးကွယ်ဆိုင်ကယ်ကိုဂရုစိုက်မောင်းအုံး"
"ဟုတ်ကဲ့အဖွား သမီးကိုခွင့်ပြုပါအုံး"
နှင်းမေလဲဆိုင်ကယ်ဦးထုပ်အဖြူလေးဆောင်းကာ ကျောင်းသို့ထွက်လာခဲ့သည်။
_______________________
"နေကြီး သက်သာသွားပြီလား ကျွန်တော်ကအဲ့လောက် ထိဖျားနေမှန်းမသိလို့ ပုံမှန်ပဲထင်တာ"
(ခင်ကြီး)
ခင်ကြီးမှ အခန်းထဲသို့ဝင်လာလျက်ဆိုသည်။လက်ထဲမှာလဲ ကော်ဖီဘူးတစ်ဘူးဖြင့်။
"ခုလဲပုံမှန်ပါပဲကွာအေးဆေး အသက်နဲ့အဝေးကြီး"
(နေကြီး)
"ယုံပါတယ်ဗျာကျွန်တော်တို့နေကြီးက အပျိုကြီးကိုမရမချင်းမသေသေးတာကို"
(ခင်ကြီး)
လွယ်အိတ်ကိုနေကြီးဘေးချကာ ခင်ကြီးဝင်ထိုင်လိုက်ပြီး
"ဒါနဲ့မင်းကဘာလို့အစောကြီးလာတာလဲ"
(နေကြီး)
"တခြားတော့မဟုတ်ပါဘူဗျာ အိမ်မှာအမေကနားပူနေလို့ ထွက်လာလိုက်တာ ပြီးတော့အတွဲချောင်းမလို့"
(ခင်ကြီး)
"ဟုတ်လားဘယ်အတွဲလဲ ငါကျောင်းပျက်တဲ့ သုံးရက်အတွင်းဘာတွေဖြစ်လို့တုန်း"
(နေကြီး)
"အတွဲကတော့ လမင်းဂျိုကြီးတို့အတွဲ ဟီးး"
(ခင်ကြီး)
"ဘာ~~~~ရှိုင်းလမင်းချိုကိုပြောနေတာတော့မဟုတ်ပါဘူးနော်"
(နေကြီး)
နေကြီးလဲအံ့ဩစွာဖြင့် ခင်ကြီးနားကပ်ကာ ပြန်ဖြေလာမည့်အဖြေကိုစိတ်ဝင်တစားစောင့်နေသည်။
"ဟုတ်တယ် ရှိုင်းလမင်းချိုကြီးတို့အတွဲ"
(ခင်ကြီး)
"ငါများမနက်စောစော နားထဲကလေတွေထွက်ပြီးနားကြားမှားနေလေသလားကွာ"
(နေကြီး)
"မမှားဘူးနေကြီး အဲ့တာအမှန်တရားတွေပါ"
"ဘယ်သူနဲ့လဲကွ"
(နေကြီး)
"G11 ကိုကြီးရှိုင်းထက်ကျော်"
(ခင်ကြီး)
"ဘယ်လို ရှိုင်းထက်ကျော် ငါ့သူငယ်ချင်းရှိုင်းထက်ကျော်လေ G11 က"
(နေကြီး)
"ဟုတ်ပါတယ်ဆိုဗျာ"
(ခင်ကြီး)
"သားကြီး ဒါဆိုငါလဲလိုက်မယ် သွားချောင်းရင်"
(နေကြီး)
"အဲ့တာဆိုလဲ လာခဲ့ လွတ်သွားအုံးမယ်
(ခင်ကြီး)
နေကြီးလဲခင်ကြီးနောက်မှလိုက်ကာ ထိုအတွဲချိန်းတွေရာ စွယ်တော်ပင်အောက်သို့ရောက်လာသည်။
အနည်းငယ်အလှမ်းဝေးလှသောကြောင့်သူတို့အတွဲပြောသံဆိုသံများကိုတော့မကြားရပင်။
"အောင်မလေး အချစ်ရဲ့အငွေ့အသက်လေးတွေများ ချိုမြိန်လိုက်တာနော်"
ခြုံထဲမှ ခင်ကြီးမှာအားကျလျက်ဆိုလာသည်။
"ဪ ဒါနဲ့ခုမှသတိရလို့ပြောရအုံးမယ် ညနေကျ စော်လေးသွားငမ်းမလို့လိုက်ခဲ့ပါ"
"ဘယ်စော်လဲကွ"
"နေကြီးမြင်ရင်သိမှာပါဗျာ လိုက်ခဲ့ပေးစမ်းပါ"
"အေးအေး သဘော"
နေမျိုးကျက်သရေမှာ ထိုအတွဲ၏roမှုများကိုကြည့်ပြီး အကျန်ထီးမှုများမခံစားနိုင်တော့ပေ။
"တော်ပြီ ခင်ကြီး ငါဒေါင်းလေးဆီသွားတော့မယ် ငါဆက်မကြည့်တော့ဘူး မစားရအညော်ခံဘဝတော့အရောက်မခံနိုင်ဘူး"
"အဲ့တာဆိုလဲ ကြွ ကျွန်တော်ကတော့ကျောင်းတစ်ပတ်ပတ်လိုက်အုံးမယ် ကိုးတန်းကစော်လေးတွေက ကျွန်တော်မလာရင်ပျင်းနေမှာဗျ"
"မင်းရဲ့နှာခေါင်းလဲနော် မီးတောက်နေတာ မှနည်းတဲ့မီးမဟုတ်ဘူး"
နေမျိုးကျက်သရေလဲခင်ကြီးအားထားခဲ့ကာ အခန်းနားဆီသို့ပြန်လာနေစဉ်
နေမျိုးကျက်သရေ......
ထိုခေါ်သံကိုကြားမိ၍ ပြုံးမိသည်။ဒါသူ့ရဲ့အပျိုကြီးအသံ။
အနောက်ကိုလှည့်ကြည့်မိတော့ သူမလွယ်နေကြ အိတ်အနီနဲ့အဖြူအစင်းကြားလေးအား လွယ်လျက်သူအားကြည့်နေသည်။
နေမျိူးကျက်သရေလဲဒေါင်းနှင်းမေဆီသို့ ပြေးသွားသည်။
"ဖြေးဖြေးလာပါကွယ်"
"ဘာခိုင်းမလို့လဲဗျ ကျွန်တော့်ကိုခေါ်တာ"
"ဘာကျွန်တော်လဲ လုပ်လိုက်ရနော် မှန်းစမ်း အဖျားကျသွားပြီလား"
လက်တစ်ဖက်ကသူမရဲ့နဖူးပေါ်တင်ပြီး တစ်ဖက်က သူ့နဖူးပေါ်တင်ကာအပူစမ်းလာသည်။
"အင်းး နည်းနည်းနွေးနေသေးတယ် အားနည်းနေသေးတာကို ဘာလို့ကျောင်းလာတာလဲ"
"အကောင်းကြီးပါဗျာ သက်သာသွားပြီ အားကလဲ ဆရာမကိုတောင်ပွေ့ချီလို့ရတယ် ဟဲဟဲ "
နေမျိုးကျက်သရေမှာပွေ့ချီသည့်ပုံစံမျိုးလက်ကလုပ်လျက်သူ့အားဆိုသည်။
"ကဲပြောင်ချော်ချော်လုပ်မနေနဲ့အခန်းထဲသွားနေ လျှောက်သွားနေတာပဲတကယ်ကို အခုကောဘယ်ကပြန်လာတာလဲ"
"အတွဲသွားချောင်း...အဲ မှားလို့ တစ်ရှူးကုန်သွားလို့သွားဝယ်တာဟီး'
"မင်းနော် သွား..ဝင်တော့ ထွက်လာတာမြင်ကြည့်နော် ရိုက်ခံထိမယ်"
နေမျိုးကျက်သရေလဲ ခေါင်းလေးငြိမ့်ပြကာ အခန်းထဲ ဝင်သွားသည်။
*ဘယ်လိုဟာစားလေးမှန်းမသိ ခွေးပေါက်လေး*
__________________________
"တော်လိုက်တာဗျာ နေကြီးရယ် all Aဆိုပါလား ဘာဆေးတွေများစားသတုန်း"
"အချစ်ဆေးလေခင်ကြီး အပျိုကြီးကနေ့စဉ်ပုံမှန်တိုက်ကျွေးတော့စာလုပ်နိုင်တာပေါ့ ဟဲဟဲ"
"ငါ့ကိုကမှားပါတယ်မမေးသင့်တာ"
ညနေကျူရှင်တွင်အပျိုကြီးမလာသေး၍ခင်ကြီး နဲ့နေကြီး အပြင်ထွက်၍ မုန့်ဝယ်နေခြင်းပင်။
"နေကြီး ခုအပျိုကြီးချိန်ပြီးရင်လိုက်ခဲ့နော်"
"ဘယ်ကိုလဲဟ"
"ဟာဗျာ စော်လေးသွားငမ်းမလို့ပါဆိုမနက်ကပြောထားသေးတယ်လေဗျာ"
"ဪ အေး ဟုတ်သားငါမေ့သွားလို့"
"ဟာဟိုမှာလာပြီ ရောက်နေပြီနဲ့တူတယ် ၂၀၁၃၁ကြီး နားတော့ပူတော့မှာပဲ"
ခင်ကြီးမှာ ရှေ့ မှမြင်နေရသောအပျိုကြီးဆိုင်ကယ်ကြောင့် သုတ်ချီတင်ပြေးလျက်။
"နေပါအုံးဟ ငါ့စောင့်ပါအုံး"
နေကြီးမှာနောက်ကမှီအောင်မနည်းလိုက်ရသည်။
"ဘာဖြစ်လာကြတာတုန်းဟဲ့"
အိမ်အဝင်ရှိ ထိုင်ခုံတွင်ထိုင်ကာ သတင်းစာဖတ်နေသော ပုတီးရဲ့အဖွားမှမေးသည်။
"ဟို..ဟို ဆရာမရောက်နေပြီမလို့"
ခင်ကြီးမှာအထစ်ထစ်အငေါ့ငေါ့ဖြင့်ဆိုလျက် အပေါ်သို့တက်သွားသောကြောင့် အနောက်မှလိုက်ရပြန်သည်။
"ကဲအမတော်တို့ ဘယ်ကိုသွားနေကြတာလဲ"
ဒေါင်းနှင်းမေမှာ သူတို့နှစ်ယောက်ထိုင်သော အရှေ့ဆုံးတန်းရဲ့ အရှေ့မှရှိသည့်ခုံပေါ်၌ထိုင်လျက်ဆိုသည်။
"ဘာမှမဟုတ်ပါဘူး ဆရာမရယ် ကျွန်တော်တို့ဆရာမများ ဗိုက်ဆာနေမလားလို့ မုန့်သွားဝယ်ပေးတာပါ"
ခင်ကြီးမှမချိုမချဉ်မျက်နှာဖြင့်ဆိုလာသည်။
"တော်စမ်းနင့်အကြောင်းငါမသိတာကြလို့"
အပျိုကြီးရဲ့အပြောကြောင့်ခင်ကြီးမှရယ်ကျဲကျဲဖြင့်သာ။
"ဟိုဘက်ကတစ်ယောက်ကရော ဘာဆင်ခြေပေးချင်သေးလဲ"
"ဗျာ ကျွန်တော်လား မ..မပေးချင်ပါဘူး"
"ဟင် ကြောက်အမ်းအမ်းနဲ့ဖြေပုံက စာအုပ်ထုတ်တော့ နောက်လျှောက်သွားမနေနဲ့"
"ဟုတ်"
__________________________________
"ဟွန့်ဆရာမတို့များ သင်လိုက်တာဆိုတာ လိုက်ရေးပြီးမှတ်ရတဲ့လူက လက်ပြတ်တော့မယ်"
ခင်ကြီးနဲ့နေမျိုးကျက်သရေ ကျူရှင်ဆင်းတော့ အတူတူ ကော်ဖီဆိုင်ထိုင်နေကြခြင်းပင်။ထိုနေရာသို့သူငမ်းမည့်မိန်းကလေးလာမည်ဟုလဲဆိုသည်။
"မင်းကလဲကွာငါ့အပျိုကြီးကသူ့အလုပ်သူလုပ်တာပဲ "
"တော်ပါ ဒီကြားထဲအကြွားကခံရသေး"
"ဘာကြွားလို့တုန်းကွ"
"အောင်မလေးဗျာ ဒီလောက် whiteboardမှာ စာရေးရင်း တစ်ဖျက်ဖျက်လက်ပြနေတဲ့ ရွှေနာရီကြီးကို ဖလပ်ဖလပ်ကိုထနေရော"
"ဟုတ်လား မင်းကလဲကွာ မြင်လဲမြင်တတ်တယ်"
"ဘယ်သူကဝယ်ပေးလိုက်လဲမသိဘူး အဲ့နာရီကို ဈေးတော့ကောင်းမဲ့ပုံပဲဗျ သူနဲ့တော့လိုက်သား အသားဖြူတော့"
"သူဘာသူ့ဝယ်တာနေမှာပေါ့"
"ဝယ်မတဲ့လားကပ်စေးနည်းကော်တရာကို"
"မင်းကလဲကွာနည်းနည်းတော့ များလာပြီ ငါ့ရှေ့ထားပြီးငါ့လူကိုဖဲ့နေတာ"
"မဟုတ်ပါဘူးဗျာ ပြောပြတာပါ ဒါနဲ့ နည်းနည်းတော့ သတိထားနော်နေကြီး"
"ဘာကိုလဲကွ"
"ဪ တစ်ယောက်ယောက်ကပေးတာဆို တော်တော်အမ်းနိုင်တာပဲ တော်ကြာနေ သီတင်းကလဲကျွတ်ပြီ မင်္ဂလာသတင်းကြားနေရမှ မတ်တပ်ကြီးနဲ့ ဟပ်တက်ကြီးကွဲသွားမှာဆိုးလို့"
"အေးဆေးပါကွာ သူ့ကိုယူမှာကငါလေ "
နေမျိုးကျက်သရေမှာ ရှေ့ရှိ အအေးကိုသာသောက်လျက် ဂရုမစိုက်ဟန်ဆိုသည်။
"ဟားဟား အပိုင်ကွက်နဲ့ ခဏနေအုံးကျွန်တော် Toilet ခဏသွားအုံးမယ်"
"အေး"
*အဲ့နာရီပေးတဲ့သူကသူ့ကိုလက်ထက်ဖြစ်မယ်ဆို အဲ့လူဟာ ငါပဲပေါ့ ခင်ကြီးရယ်*
"ဆရာမ"
"မင်းမပြန်သေးဘူးလား ကျောင်းတောင်လွှတ်နေပြီကို"
"ဆရာမ ကိုစောင့်နေတာ"
"ဘာဖြစ်လို့"
"မနက်ကပြောလိုက်တဲ့ resultsတွေလေ ကျွန်တော်All Aလို့များကြားမိလိုက်လားလို့ "
"အဲ့တော့"
နေမျိုးကျက်သရေ မှာ လွယ်အိတ်ထဲကနေ အနီရောင်ဘူးလေးထုတ်လိုက်ပြီး
"လက်ခံသင့်ပြီလေဗျာ"
"အင်းပါ တို့စကားတည်ပါတယ် ဒါပင်မဲ့တစ်ခုရှိတယ်"
"ဘာလဲဟင်"
"ဒါကတို့နှစ်ယောက်ရဲ့လျှို့ဝှက်ချက် ဘယ်သူ့မှမပြောနဲ့"
.
.
ထိုင်ခုံတွင်ထိုင်ကာပြုံးနေသောနေကြီးမှာ မည်မျှပင်အတွေးနယ်လွန်နေသည်မသိပါ သူပြန်လာတာတောင်မသိပုံပင်။
"နေကြီး..နေကြီး အသက်များထွက်သွားတာလားဗျာထိုင်လျက်"
"ဟေ မဟုတ်ပါဘူး ငါအတွေးလွန်သွားလို့ပါ ဒါနဲ့မင်းငမ်းမဲ့စော်လေးက မလာသေးဘူးလား"
"လာတော့မှာပါဗျ"
"ပြီးရောကွာ ငါနားချင်ပြီဟ အိမ်ပြန်ချင်နေပြီ"
"ဟုတ်ပါပြီဗျာ ခဏလေးပါ"
နေကြီးလဲ လက်ကျန်အအေးကိုသာကုန်အောင်သောက်နေသည် ရှေ့မှခင်ကြီးကတော့ဖင်တကြွကြွ။
"လာပြီ လာပြီ"
နေကြီးလဲဆိုင်ပေါက်ဝ အဝင်သို့ကြည့်လိုက်သည်။
"ဟ.. မြ"
မြဆိုသည်မှာ ကျောင်းအုပ်ဆရာကြီးရဲ့တစ်ဦးထဲသောသမီးပင်။မနှစ်ကမှကျောင်းပြီးသွားခြင်းဖြစ်သည်။
"မင်းပြောတဲ့စော်လေးမင်းကြိုက်နေတာဆိုတာလေ အဲ့မြ.. မြ ပေါ့"
"ဟုတ်တယ်လေနေကြီးရာ မမလေ မမမြ"
*ဒီကောင့်ရဲ့နွားဇာတ်လမ်းကတော့ပြဿနာတက်တော့မည်*
"ကြိုက်စရာရှားလို့ကွာ အုပ်ကြီးသမီးကို"
"ဟာဗျာ အုပ်ကြီးသမီးကိုကြိုက်တာအုပ်ကြီးကြိုက်တာမှမဟုတ်ပဲ"
"မင်းကွာကြည့်ကျက်လဲလုပ်ပါဟ ကျောင်းထုတ်ခံရမဲ့အကွက်တွေ"
"အေးဆေးပါဗျာ"
ခင်ကြီးမှာ counterတွင် မှာနေသော မြနားသို့ထွက်သွားသည်။
*ဘုရားဘုရားပြဿနာမတက်ပါစေ နဲ့ ငါအပျိုကြီးနဲ့တောင်မညားသေးတာကျောင်းထုတ်မခံချင်ဘူး*
နေကြီးမှာတောင်းဆုအကြိမ်ကြိမ်ပြုလျက်ပင်သူတို့ကိုကြည့်နေရသည်။
"ဟိတ် မမ လာပြန်ပြီနော် ဒီတစ်ခါရော hot chocolateပဲလား"
"မင်းအားနေလားဟင်"
"မမအတွက်ကျွန်တော့် နှလုံးသားလေးကအမြဲနေရာ အားလပ်နေပါတယ်ဗျာ"
"တော်စမ်းအားအားယားယား"
"အားအားကမယားပါဘူးဗျာ ခင်ခင်သာမမကြောင့်အသဲယားနေရတာ"
"ယားနေရင်လဲ ယားနာပျောက်ဆေးဝယ်ပြီးလူးလိုက်ကဲဖယ်စမ်းကွာ ဒို့မှာအချိန်မရှိဘူး"
"အခုတော့ဖယ်ပေးနိုင်ပင်မဲ့ နောက်ကျရင်တော့ အာမမခံနိုင်ဘူးနော်"
ခင်ကြီးမှ သူ့အားတိုက်လျက် hot chocolateလေးကိုင်ကာထွက်သွားသောမြအားကြည့်နေသည်။
*တောက်...ဆေးကျောင်းသူတွေများ လှရက်လိုက်လေခြင်း*
___________________________________
#2060words
#10.9.2023
You are reading the story above: TeenFic.Net