အပိုင်း(၂၅)

Background color
Font
Font size
Line height

"ဟိတ်..လက်ထဲကဘာလဲ"

"အဆောင်လေဗျာ ဆရာမကလဲ"

"စာကျမကျက်ပဲခုမှအဆောင်အားကိုးနေတယ်"

"ဪ နောက်ဆုံးတစ်ဘာသာကိုAလေးထွက်အောင်လေ ဟဲဟဲ"

"ကဲပါ မြန်မြန်ဝင်အထဲ နေရာယူတော့"

"ဟာ ဆရာမစောင့်မှာလား"

"ဟုတ်ပါ့ရှင်ကျွန်မစောင့်မှာ"

"အဲ့တာဆိုမျှော်နေတဲ့ရက်လေးရောက်လာပြီ"

"ဘာကိုမျှော်"

"ဘာမှမဟုတ်ဘူး ဝင်ပြီ..ဝင်ပြီ"

နေမျိုးကျက်သရေလဲ အခန်းထဲရှိ စာဖြေခုံသို့ဝင်၍နေရာယူလိုက်သည်။

*အပျိုကြီးစောင့်မှာဆိုတော့မြန်မြန်ဖြေပြီးသူ့ကိုတဝကြီးထိုင်ကြည့်ရမယ်*

နေမျိုးကျက်သရေမှာကိုယ့်အတွေးနှင့်ကိုသာယာလျက်ပင်။

အချိန် ၁၀မိနစ်လောက်နေပြီးနောက် မေးခွန်းစာရွက်ကကိုယ့်ရှေ့ရောက်လာပေသည်။

၁မိနစ်လောက်စွန့်အသွားသည်။

*‌အပျိုကြီးရေ ထမဟောင်မိအောင်ဘယ်လိုထိန်းရမလဲဟင်*ဟုသာစိတ်ကရေရွတ်မိသည်။

မတတ်နိုင်ပေ. .ရတဲ့အပုဒ်တော့‌ဖြေရပေမည်။

*ငါ့နှယ် ကံကောင်းလို့ Minor ရောက်မှပဲကျတော့မလို့*

Multiple choice တွေကိုနံကြားခေါက်ပြီးနောက်တော့ အဖြေလွှာအား‌ ရေးခြင်းကိုရပ်စဲလိုက်သည်။

နေကြီးလဲခုံပေါ်ခေါင်းတင်လျက်အပျိုကြီး အခန်းအားလှည့်ပတ်နေသည်ကိုလိုက်ကြည့်နေမိသည်။

"မေခင်မြတ်နိုးခေါင်းကိုရှေ့လှည့်စမ်း..ငါလုပ်ရင်သေတော့မယ် ခေါင်းကြီးလဲလည်ထွက်တော့မယ်"

အပျိုကြီးခင်ကြီးအားဆူနေမှုကိုနေမျိုးကျက်သရေ ကြည့်၍ အူတက်နေပေသည်။ခင်ကြီးမှာမျက်နှာကြီးဆူပုတ်လျက်ပင်။

တဖြည်းဖြည်းနှင့်အပျိုကြီးမှာသူ့ထိုင်တဲ့အတန်းဘက်သို့လျောက်လာပေသည်။

ထို့နောက်သူ့ခုံလေးအရောက်လမ်းလျောက်နေသည်ကိုရပ်ကာအဖြေလွှာအားစိုက်ကြည့်ပြီးပြန်ထွက်သွားသည်။

တစ်ပတ်ပြန်ပတ်ပြီးနောက်သူ့ဘေးသို့ပြန်ရောက်လာပြန်သည်။

နေမျိုးကျက်သရေမော့ကြည့်လိုက်‌သော်လဲသူ့အားမကြည့်ပဲ အနားကပြန်မထွက်ခင် လက်ညိုးလေးမသိမသာထိုးပြသွားပေသည်။

*ဘာလဲဟ အပျိုကြီးက ငါမှားနေတာကိုထောက်ပြသွားတယ်ပေါ့ သူက သူ့လိုစည်းကမ်းကြီးတဲ့လူကလေ*

နေကြီးမှာအဖြေမှန်သွားသည်ထက် ဒေါင်းနှင်းမေမှာထိုလိုလူမျိုးမဟုတ်သဖြင့် အလိုလိုproud
ဖြစ်နေပေသည်။

စိတ်ထဲတွင်လည်း..

"ငါ့ကို ငါ့လိုလူကိုစာပြောပြသွားတယ်သူက သူက.."

မျက်နှာမှာတော့ ဂုဏ်ထူးခြောက်ဘာသာထွက်မိရုပ်မျိုးဖြစ်နေသော်လဲ လက်ရှိအခြေအနေမှာ‌ တော့အောင်မှတ်ကျော်လွန်ရုံသာဖြစ်သည်။

တဖြည်းဖြည်းနဲ့ စာဖြေချိန်တွေကုန်လာသည်။

"ကလေးတွေ စာကိုသေချာပြန်စစ် ခုံနံပါတ်သေချာတိုက်ကြည့်ကြအုံး"

ဒေါင်း‌နှင်းမေရဲ့သတိပေးမှူကြောင့် တခြားသူတွေမှာ ကဗြာကယာပြန်လည်စီစစ်နေကြသည်။

နေမျိုးကျက်သရေ မှာတော့အဖြေလွှာကိုနှစ်ခါကြည့်တယ်ဆိုတဲ့ထုံးစံမရှိပေ။ဘာကြောင့်လဲဆိုတော့ထပ်ကြည့်လဲခေါင်းထဲကဘာမှထက်မထွက်လာသောကြောင့်ဖြစ်သည်။

အချိန်ကုန်၍ အဖြေလွှာတွေကိုနှင်းမေလိုက်သိမ်းလိုက်သည်။

"ကလေးတို့ ဖြေးဖြေးသက်သာအပြင်ထွက်ကြနော်"

နှင်းမေရဲ့စကားကြောင့် အကုန်လုံးရုတ်ရုတ်သဲသဲမဖြစ်ပဲအပြင်ထွက်ကြသည်။

အားလုံးက ပစ္စည်းကိုယ်စီသိမ်းပြီး တစ်နှစ်တာပြီးဆုံးပြီဖြစ်သောကြောင့် နွေရာသီကိုမည်သို့ဖြတ်သန်းမည်ဖြစ်ကြောင်းပြောဆိုနေကြသည်။

"ဆရာမ"

နှင်းမေအနောက်မှခေါ်သံကြောင့်အခန်းတံခါးပိတ်‌ရာမှလှည့်ကြည့်လိုက်သည်။

"ပြောလေ မျိုး"

"ညနေကြမုန်သွားစားကြရအောင်လို့ ပုတီးတို့ကိုလဲပြောထားတယ်"

"ကဲကဲသဘော ဆရာမ ကကျောင်းကနေ ညနေမှပြန်ရမှာနော်"

"ရပါတယ် ဆရာမလာရင်ပြီးရော ပေးလေ ဝိုင်းသယ်ပေးမယ်"

"အယ်.. ပေးလို့မရဘူးလေ အဖြေလွှာတွေကို သယ်ချင်ရင် ဟိုပေါ်က အိတ်ကိုသယ်ခဲ့"

နှင်းမေမှာ အုတ်လက်ရန်းပေါ်တွင်တင်ထားသော သူ့ရဲ့အိတ်ကိုကိုမေးငေါ့ပြသည်။

နေမျိူးကျက်သရေလဲအိတ်ကိုသယ်လိုက်ပြီးနှင်းမေအားနားနေခန်းဘက်သို့လိုက်ပို့သည်။

"ဪ နေမျိုးကျက်သရေတို့များ ကျောင်းပြီးတာတောင်အကျိူးဆောင်ပေးတုန်းနော် ခုချိန်ထိအနားကကိုမခွာဘူး"

အခန်းထဲဝင်ဝင်ချင်းပင် ဒေါ်ထိပ်ထားဗိုလ်မှဆိုလာပေသည်။

"မဟုတ်ပါဘူးဆရာမရယ် ဒီမှာဆရာမတစ်ယောက်ထဲမနိုင်လို့ပါ"

"ကဲထိပ်ထား သူ့ကိုနောက်မှပြော ဒီအဖြေလွှာတွေကိုတို့တွေရုံးခန်းပို့ဖို့စီစဉ်အုံးလေ"

"ဟုတ် မနှင်းမေ"

ဆရာမထိပ်ထားဗိုလ်အပြင်ကိုထွက်သွားသည်နှင့် အပျိုကြီးမှာ မျက်နှာစူပုတ်လာသည်။

"ဘာဖြစ်လို့လဲဟင်"

"ဘာကိုလဲ"

"ဟင် ဆရာမပဲ အခုနှုတ်ခမ်းက ဒီလောက်ထော်လာတာကို"

"ဘယ်မှာထော်လို့လဲ"

"ဟောဗျာ.."

နေမျိုးကျက်သရေလဲ အရှေ့ကခုံပေါ်တင်ထားတဲ့ဆရာမတွေနားနေခန်းထဲကမှန်ကိုယူကာပြသည်။

"ဒီမှာလေ ဒီလောက်နှုတ်ခမ်းလေးထော်လာနေတာကို"

"ထော်တော့ကိုဘာဖြစ်လဲ ကိုယ့်နှုတ်ခမ်းနဲ့ကိုယ်"

"ကျွန်တော့်ကိုစိတ်ဆိုးသွားတာလားဟင်"

"No ပါ ဝါသနာကိုမပါတာ အဲ့လိုကိစ္စတွေကို"

"ကဲဗျာ မပါရင်လဲ ပါးစပ်ဟ"

"ဘာလို့ဟရမှာလဲ"

"ဟပါဗျာ"

ပြောမရတဲ့အဆုံး‌နှင်းမေလဲပါးစပ်လေးဟပေးလိုက်သည်။

ပြီးနောက် နေမျိုးကျက်သရေမှ သူ့ပါးစပ်လေးထဲသို့တုတ်ထိုးသကြားလုံးလေးထည့်ပေးသည်။

"ဟွန့် တို့အရွယ်နဲ့ဒါစားစရာလား ကလေးလဲမဟုတ်"

ပါးစပ်ကသာပြောနေပင်မဲ့ တုတ်ထိုးသကြားလုံးလေးအားသူမထုတ်မိပါ။

"ကဲသွားပြန်တော့အိမ်ကိုသူများတွေပြန်ကုန်ပြီမင်းပဲကျန်တာ"

"အဲ့တာဆို ညနေတွေ့မယ်နော် လာခဲ့နော်ဆရာမ"

"မသိဘူး သွားတော့"

"လာခဲ့နော်လို့ နော်"

"မသိဘူး သွားဆိုသွားတော့သွား.."

"မသိဘူးဆိုရင်လဲ အမှတ်ရပြီးသတိရအောင်မမေ့သွားအောင်လို့...."

နေမျိုးကျက်သရေမှာသူ့အားစိုက်ကြည့်လာကာအသံရှည်ဆွဲလျက်ဆိုလာသည်။

"ဘာလဲ..."

ထို့နောက်ပါးပြင်၌ နွေး‌ပြီးနူးညံ့လှသောထိတွေ့မှုတစ်ခုနဲ့အတူ ထိုကလေးလေးကပြေးထွက်သွားခဲ့လေပြီ။

သူမခဏလောက်ကြောင်နေပြီးမှအသိဝင်လာမိသည်။

*အားးး.....နေမျိုးကျက်သရေဘယ်သူမှမနမ်းဖူးတဲ့ငါ့ပါးကို*

_______________________________
လှပတဲ့ပန်းခတ်များနဲ့ အလှဆင်ထားပြီး မှိန်ပြပြ
အဝါရောင်မီးရောင်အောက်ကဆိုင်ခန်းငယ်တွင် all blackဝတ်ဆင်ထားကာ ခြေချိတ်ထိုင်နေသောနေမျိုးကျက်သရေမှာ ယုံကြည်ရင်ကိုးကွယ်လို့ရတဲ့ အနေအထားဟန်ရှိသည်။

"နေကြီး အပျိုကြီးကလာမှာရောဟုတ်ရဲ့လား"
(ခင်ကြီး)

ဆိုင်ကယ်သော့အားလှည့်လျက်သူ့ဘေးရှိခုံမှာဝင်ထိုင်လာသော မေခင်မြတ်နိုးမှ မေးလာပေသည်။

"လာမှာပေါ့ကွာမင်းကလဲ ဒါနဲ့ပုတီးတို့ရော"
(နေကြီး)

"ထွက်လာပြီလို့တော့ပြောတာပဲ"
(ခင်ကြီး)

"သူထွက်လာရင်တော့ နောက်တစ်နာရီရောက်ရင်တောင်ကံကောင်း"
(နေကြီး)

"ဒါနဲ့ ဒီအအေးပဲသောက်နေတော့မှာလား ဘာမှာထားသေးလဲ"
(ခင်ကြီး)

ခင်ကြီးမှာ အရှေ့က cola ပုလင်းအားကြည့်လျက်ဆ်ိုသည်။

"သူတို့လာမှမှာမယ်လေကွာ မင်းကလဲ"
(နေကြီး)

"ပြီးရော"
(ခင်ကြီး)

"ဒါနဲ့မနက်ကအခြေအနေလေး ဘယ်လိုလဲဖြေနိုင်လား"
(နေကြီး)

"အောင်မလေး တော်စမ်းပါဗျာ စောက်တလွဲမေးခွန်း ကျက်ထားတာကိုမပါဘူး မေးတတ်လိုက်တာဆိုတာ"

(ခင်ကြီး)

"ဟားဟား ကျပြီလား"
(နေကြီး)

"ရုပ်ခံလေးရှိတော့အောင်မှတ်ရအောင် ခုံတစ်ပတ်လှည့်လိုက်တယ်လေ မိန်းကလေးတွေကတော့ပြောပြကြပါတယ် သူတို့ပြောတာနားမလည်တာတစ်ခုပဲ ဒီကြားထဲအပျိုကြီးကလဲဟောက်သေး"
(ခင်ကြီး)

"အဲ့တုန်းကမင်းမျက်နှာကြီးကကွာရှုံ့တွနေတာပဲ"
(နေကြီး)

"ခင်ဗျားကျတော့သာယာနေတယ်မလား စာမဖြေပဲငမ်းနေတာမျက်လုံးကျွတ်ကျတော့မယ်"
(ခင်ကြီး)

"မင်းကလဲကွာအဲ့တာကလဲအဲ့တာပေါ့"
(နေကြီး)

"ဟိုမှာခင်ဗျားဟာလေး ရောက်လာပြီသွားကြိုအုံး"

ခင်ကြီးမှာဆိုင်ရဲ့ parking ဘက်သို့ကြည့်ကာဆိုသည်။

"အဲ့တာဆိုမင်းနေအုံးငါသွားကြိုလိုက်အုံးမယ်"
(နေကြီး)

"ကြွကြွ"
(ခင်ကြီး)

နေမျိုးကျက်သရေလဲ နှင်းမေရှိတဲ့ဆီသို့လျင်မြန်စွာလျောက်သွားလိုက်သည်။

"ကလေးတွေရောက်ပြီလားမျိုး"

နှင်းမေမှာ ဆိုင်ကယ်ကို သော့ခတ်ရင်းသူ့ဆီသို့အိတ်ထိုးပေးလျက်မေးသည်။

"ခင်ကြီးပဲရောက်သေးတယ်ကျန်တဲ့လူတွေကလာပြီတဲ့"

"အေးအေး"

နှင်းမေမှာရှေ့ကလျှောက်လျက်‌နေမျိုးကျက်သရေမှာလဲနောက်ကလိုက်လျက်ပေ။

ယနေ့တော့ ဂါဝန်အဖြူလေးကိုသာရိုးယဉ်စွာဝတ်ထားသော နှင်းမေမှာ လူငယ်ဆန်စွာလှပနေသောကြောင့် အနားဝိုင်းများရှိယောင်္ကျားများ၏အာရုံကိုလဲ ဆိုင်ထဲဝင်ဝင်ချင်းပင်ဖမ်းယူနိုင်ပေသည်။

"ဆရာမ ဒီနေ့တော့စောတယ်နော်"

"နင်ဆိုလိုချင်တာက နဂိုကငါကအမြဲနောက်ကျတယ်ပေါ့"

မျက်နှာချင်းဆိုင်လိုက်တာနဲ့ ခင်ကြီးနဲ့အပျိုကြီးကတော့ နဂိုလို ရန်စဖြစ်ပြန်သည်။

"အဲ့လိုမဟုတ်ပါဘူးဗျာ ဆရာမကလဲ"

ခင်ကြီးမှစပ်ဖြီးဖြီးဖြင့်ဆိုသည်။

"နှင်းမေ~~"

‌အနောက်မှခေါ်သံကြောင့် သူတို့သုံးယောက်လုံးလှည့်ကြည့်မိသည်။

အသက်မှာ ခန့်မှန်းခြေလေးဆယ်လောက်ရှိပြီးဝတ်ထားသည့်ပုံမှာ companyတစ်ခုခုမှအထက်လူကြီးပိုင်းပုံစံမျိုးပင်။မျက်နှာအချိုးအစားမှပြေပြစ်ပြီးလူကုန်ထံအသိုင်းအဝိုင်မျိုးပင်။

"ဟယ်အမ"

"မတွေ့ရတာတောင်ကြာပြီကွယ် ဝင်လာတုန်းက ဟုတ်မှဟုတ်ပါ့မလားလို့လှမ်းကြည့်နေတာ အခုကော မုန့်လာစားတာလား"

"ဟုတ်တယ်အမ ကလေးတွေစာမေးပွဲပြီးလို့လေ အဲ့တာသူတို့နဲ့အတူတူလာ အချိန်ဖြုန်းတာပေါ့"

နှင်းမေမှချိုသာသောအပြုံးနှင့်ဆိုသည်။

"ဒါနဲ့အမကောတစ်ယောက်ထဲလား"

"မဟုတ်ဘူးနှင်း‌မေရဲ့.. မေမေတို့လဲပါတယ်"

"ဟယ်ဟုတ်လား ကြီး‌မေနေကောင်းရဲ့လား"

"ကောင်းပါ့တော် ဒါနဲ့ခဏ‌လေးအချိန်ရလိုက်ခဲ့ပါလား အမေက နှင်းမေကိုတွေ့ချင်နေတာ"

"ဟုတ်အမ"

နှင်းမေမှာထိုအမျိုးသမီးနဲ့စကားပြောနေရာမှ သူတို့နှစ်ယောက်ဘက်သို့ပြန်လှည့်ကြည့်လာသည်။

"ကလေး‌တို့ခဏနော် ဆရာမပြန်လာခဲ့မယ်"

"ဟုတ်"

နှင်းမေမှာထိုအမျိုးသမီးနဲ့အတူ တခြားအဆောင်ဘက်ရှိVip roomသို့ထွက်သွားသည်။

"နေကြီး"

"ဟေ"

"အဲ့ မိန်းမကြီးကြည့်ရတာဘောစိနဲ့တူတယ်ဗျ"

"မသိဘူးလေကွာ ဟုတ်ရင်လဲဟုတ်မှာပေါ့ဟ"

"နေကြီးက အဲ့အန်တီလဲမိုက်တာကို မကြိုက်ဘူးလား"

"ဟျောင့် ငါကတွေ့သမျှလိုက်ကြိုက်နေတာမဟုတ်ဘူး ငါ့အမျိုးသမီးကလွဲ ဘယ်သူမှလဲစိတ်မဝင်စားဘူး သူ့ဘာသူဘာကြီးဖြစ်နေဖြစ်နေ"

"ဟုတ်ပါပြီဗျာ ဟုတ်ပါပြီ"
_______________________
"ဆရာမဆရာမ "

"ဟေ ပုတီး"

နှင်းမေ ကြီးမေတို့နဲ့စကားပြောနေစဉ်ပုတီးနဲ့ လမင်းချိုမှ သူမထံသို့ရောက်လာသည်။သူတို့မျက်နှာမှာလဲအနည်းငယ်ထိတ်လန့်လျက်။

ထို့နောက် သူ့မရဲ့နား အနားကပ်၍ စကားပြောပေသည်။

ကြားလိုက်သော စကားကြောင့် စိုးရိမ်မှုသာအတွေးထဲကြီးစိုးလာသည်။

"ကြီးမေ သမီးကိုခွင့်ပြုပါအုံးနော်ကိစ္စလေးပေါ်လာလို့"

"အေးသမီး"

နှင်းမေ နှုတ်ဆက်ပြီး အခန်းပြင်ပြန်ထွက်လာကာ လျင်မြန်လှသော ခြေလှမ်းတို့ဖြင့်သာ သူ့ဆီသို့ရောက်ရန် ဦးတည်လာပေသည်။

*လက်မလွန်ပါစေနဲ့ဘုရား*

နီးကပ်လာမှုနှင့်အတူမြင်လိုက်ရသော မြင်ကွင်းကြောင့်အမြန်ပင်ဆွဲရန်သွားမိသည်။

"ခွေးမသားကြီး..လူကြီးဖြစ်ပြီးအဆင့်အတန်းမရှိတဲ့စကား‌ပြောချင်အုံး"

နေမျိုးကျက်သရေ ရဲ့ မျက်လုံးများမှာဒေါသကြောင့်နီဆွေးနေသည်။ လက်ဆစ်များမှာလဲရဲတွတ်လို့ သူ့ရဲ့လက်အောက်တွင်ကျရောက်နေသောအမျိုးသားမှလဲ‌ခေါင်းမှသွေးများမြင်မကောင်းပေ။

"မိန်းမတစ်ယောက်ကိုမြင်တာနဲ့ အောက်တန်းကျတဲ့စကားတွေပဲပြောချင်အုံး"

နေမျိုးကျက်သရေမှာပြောလဲပြောထိုအမျိုးသားအားထိုးလဲထိုးနေပေသည်။

ခင်ကြီးမှာအနားမှဆွဲနေသော်လဲ အားသန်လှသောနေကြီးအားမထိန်းနိုင်ပေ။

"မျိုး ..တော်ပြီလေ တော်ပြီနော်"

နှင်းမေမှာ အနားသို့သွားကာထိုး‌နေသောလက်အားဆွဲ၍ လုပ်ရပ်တို့အားရပ်စဲရန်ဆိုလိုက်သော်လဲ

"ဖယ်ကြစမ်းပါဗျာ"

နေမျိုးကျက်သရေရဲ့ ရုန်းကန်မှုကြောင့် သူမပင် နောက်ပြန်လဲကာ အထိုင်ကျမိသည်။

"နေမျိုးကျက်သရေရယ်~~‌ တော်ပါတော့ကွယ် တို့ကိုသနားပါအုံး"

နှင်းမေရဲ့အသံမှာတိုးလျသည်။သို့သော်နေမျိုးကျက်သရေရဲ့လက်များဟာရပ်တန့်သွာသည်။

ထို့နောက်သူမအားကြည့်လာသည်။

အနောက်ဘက်ရှိခုံစောင်းဖြင့်တိုက်မိ၍နီရဲနေသော‌နှင်းမေရဲ့လက်အားကြည့်ကာ သူရဲ့မျက်ဝန်းများမှာစိုးရိမ်စိတ်နဲ့ နာကျဉ်းမှုများမြင်ရသည်။

"‌ဆရာမ"

နေမျိုးကျက်သရေနှင်းမေအားထူပေးရန်ပြင်သည်။

"မင်းသွားတော့"

"မဟုတ်ဘူးဆရာမ လက်မှာ"

"မင်းကိုငါသွားတော့လို့ပြောနေတယ်လေ"

နှင်းမေရဲ့စကားအပြီးနေမျိုးကျက်သရေမှာ သူ့ရဲ့ဆိုင်ကယ်သော့ကိုယူကာထွက်သွားသည်။

နှင်းမေသက်ပြင်းရှည်တစ်ချက်ကိုသာချလိုက်ပြီးနောက်ဆက်တွဲကိစ္စများကိုဖြေရှင်းရန်သာတွေးမိသည်။

________________
#2225words
#23.9.2023


You are reading the story above: TeenFic.Net