အပိုင်း(၂၂)

Background color
Font
Font size
Line height

"ကဲချစ်တို့ရေ ဒီညနေကျူရှင် ပိတ်တယ်တဲ့ အပျိုကြီးက"
(ပုတီး)

လှေကားမှတစ်ဆင့်အပေါ်ထပ်သို့တက်လာကြာသော သူငယ်ချင်းများအားပုတီးလှေကားထိပ်မှ သူ့ကြောင်လေးအားပွေ့လျက်စကားဦးကြိုလိုက်သည်။

"ဘာ~ မဖြစ်နိုင်တာ"
(လမင်းချို)

"အေးလေ နင့်ကြောင်ကိုကျားကြီးလို့ပြောရင်တောင်ယုံအုံးမယ်ဟယ်"
(အရွှေ)

"ဪ တကယ်ပါဆိုအရွှေကလဲ"
(ပုတီး)

"မဖြစ်နိုင်တာ~ နေမကောင်းဖြစ်ရင်တောင်ကျူရှင်မနားတဲ့သူ၊ မိုးရွာလို့မလာလောက်ဘူးထင်ရင် မိုးကာကြီးဝတ်ပြီး ဆိုင်ကယ်ကို fighterလိုမောင်းပြီး‌ေရာက်ချလာတဲ့သူက ထူးထူးခြားခြား"
(ခင်ကြီး)

"အေးနော်ဆရာမဘာကိစ္စရှိလို့လဲမသိ တော်တော်အရေးကြီးလာမသိဘူး နင့်ကိုပြောသေးလားပုတီး ဘာဖြစ်လဲဆိုတာ"
(လမင်းချို)

"ဟင်အင်းမပြောဘူး ဒီနေ့offတယ်ပဲပြောတာ"
(ပုတီး)

"အဟိ အဟိ.."
(ခင်ကြီး)

"ဟဲ့‌နင်ကဘာလို့တစ်ဟိဟိနဲ့ တက်နေတာလဲ"
(ပုတီး)

"ငါတွေးမိတာလေးရှိလို့"
(ခင်ကြီး)

"ဘာလဲ"

(ပုတီး)

"အပျိုကြီးများ ငါမနက်ကပြောလိုက်လို့ငါတို့နေကြီးဆီရောက်နေမလားလို့ ဟီးဟီး"
(ခင်ကြီး)

"မဖြစ်နိုင်တာဟယ် ဒေါ်ဒေါင်းနှင်းမေက တပည့်တစ်ယောက်ကို သတင်းမေးဖို့ကျုရှင်ပိတ်တယ်ဆိုတာ ငါသိခဲ့တဲ့သူ့သမိုင်းတစ်လျောက်အဲ့လိုမရှိဘူး"
(ပုတီး)

"အရင်ကမရှိပင်မဲ့ခုရှိနိုင်တယ်လေ လောင်းမလား"
(ခင်ကြီး)

"စိန်လိုက်လေ"
(ပုတီး)

"ကဲအဲ့တာဆိုငါကပုတီးဘက်"
(အရွှေ)

"ရက်စက်တယ်နော်ရွှေကြီး"
(ခင်ကြီး)

"ငါလဲပုတီး"
(ဇင်ဇင်)

"ကဲငါကတော့ ခင်ကြီးဘက်ကနေမယ်အဲ့ဆို"
(လမင်း)

"ဟဲဟဲ အဲ့တာမှငါ့သူငယ်ချင်းလေး"
(ခင်ကြီး)

"ကဲဒါဆို ငါတို့သွားကြည့်ရအောင်နေကြီးအိမ်ကို"
(ပုတီး)

အားလုံးလဲတက်ညီလက်ညီဖြင့် အရမ်းမဝေးလှသောကြောင့်လမ်းလျှောက်လျက်သာနေကြီးအိမ်သို့ချီတက်လာသည်။

"ဟဲ့ အခုသွားလို့ရှိတယ်ဆိုအပြန်ကျငါတို့ကို တစ်ဝိုင်းနော်"

(လမင်း)

"အေးပါဟဲ့"
(ပုတီး)

စိမ်းစိုလှတဲ့သစ်ပင်များနှင့်အေးချမ်းလျတဲ့ လမ်းလေးဆီသို့ ခင်ကြီးတို့ ၅ယောက်လုံး စကားတစ်ပြောပြောဖြင့် တဖြည်းဖြည်းရောက်လာကြသည်။

သိပ်မဝေးကွာတော့သည့် နေကြီးရဲ့ အိမ်နားကိုရောက်လာသဖြင့်စိတ်လှုပ်ရှားကြလျက်။

"ဟားဟား ဟဲ့ ကြည့်လိုက်စမ်းနင်တို့ ဟိုမှာ~~"

ခင်ကြီးမှာမြောက်ကြွမြောက်ကြွဖြင့်ပုတီးတို့ဘက်ကိုလှည့်ကြည့်ပြီးပြောလာသည်။ ပုတီးတို့လဲခင်ကြီးညွှန်ပြသည့်နေရာကိုကြည့်လိုက်သည်။

"ဟ အပျိုကြီးဆိုင်ကယ်ကနေကြီးတို့ခြံထဲမှာပါလားဟ"
(ပုတီး)

" စိတ်တောင်မကောင်းဘူး ဟဲဟဲ"
(လမင်း)

အလောင်းအစားမှာနိုင်သွားသော လမင်းချိုနဲ့ခင်ကြီးမှာပျော်နိုင်သလောက်ကျန်သုံးယောက်မှာတော့မျက်နှာများရှုံ့တွလို့။

"တောက် ..ငါတို့ဆရာမကလဲ တကယ်ကိုပဲနော် ကုန်ပါပြီ အပျိုကြီးရယ်..ပိုက်ဆံတွေတော့"
(ဇင်ဇင်)

"ကဲကဲ sisတို့ အခုလိုက်ကျွေးလိုက်တော့"
(ခင်ကြီး)

"လာလာ ကျွေးမယ် မသဒ္ဒါရေစာတွေနင်တို့နှစ်ကောင် မျို.."
(ပုတီး)

ခင်ကြီးတို့အဖွဲ့လဲမာလာရှမ်းကောဆိုင်သို့သာချီတက်လိုက်ကြသည်။
________________________
"မျိုး နိုးပြီလား"

"ဟင်..ဆရာမ"

"နိုးရင်လဲ ထတော့နော် ဆေးလေးသောက်ရအောင် အစားလေးလဲတစ်ခုခုစားဖို့"

"ကျွန်တော်မစားချင်ဘူး"

နေမျိုးကျက်သရေမှာသူ့ကိုကြည့်နေရာမှတစ်ဖက်က်ိုလှည့်သွားပေသည်။

"ပြောရဆိုရမခက်ပါနဲ့ကွယ် ဒို့ကဒို့ပြောနေရင် လုပ်တာပဲကြိုက်တယ်"

"ကျွန်တော်ကလဲကျွန်တော်မလုပ်ချင်ရင်မလုပ်ဘူးပဲ"

*ဟူး ဒီက‌လေးနဲ့ခက်တော့နေပြီ နှင်းမေရေ*

နှင်းမေမှာ ထိုကလေးပုံကိုကြည့်ခြင်းဖြင့်သူအားစိတ်ဆိုးနေသည်ကိုသိသည်။

"ပြောစကားနားထောင်ပေးပါ နေမျိုးကျက်သရေ မင်းအားနည်းနေတယ် ညညတွေလဲမအိပ်ဘူးလို့ကြားတယ်"

"ကျွန်တော် အိပ်လို့မှမပျော်ဘဲ"

"ဘာတွေကများ မင်းအိပ်ဖို့ကိုဟန့်တားနေသလဲ"

ထိုမေးခွန်းအပြီးသူ့ဘက်သို့ပြန်ကြည့်လာသည်။

"ဆရာမ..ဆရာမရဲ့စိမ်းသက်မှုတွေ"

တည်ငြိမ်ဖြေးညှင်းစွာပြောလိုက်သောစကားများမှာစကားလုံးရေနည်းသည်။ သို့သော် ဒီကလေးရဲ့ပုံမှာနာကျင်မှုပေါ်သည်။

သူ့ရဲ့အကြည့် များမှာဆွေးနွေ့လို့။

"ဒို့မင်းအပေါ်မစိမ်းသက်မိပါဘူး"

"မလိမ်ပါနဲ့ ဆရာမကျွန်တော့်ကိုရှောင်နေတာကျွန်တော်သိတယ် ဆရာမကိုယ်တိုင်လဲအသိဆုံးပဲမလား"

"ဒို့မသိဘူး ပြီးတော့မှောင်တော့မယ်ဒို့ပြန်ရအုံးမယ် မင်းရဲ့ဆေးကိုသောက်ပါ ပြီး‌တော့တို့ကြောင့်နဲ့ feelဖြစ်မနေနဲ့"

နှင်းမေလဲထိုင်ရာမှထကာပြန်ရန်ပြင်မိသည်။

"ဘာကြောင့်လဲ"

ထိုကလေးရဲ့အပြောကြောင့် သူ့အားကြည့်မိသည်။

"ဘာကိုလဲ"

"ဘာကြောင့်ကျွန်တော်ပေးတဲ့ လက်‌ဆောင်ကိုငြင်းတာလဲ"

"အကြောင်းပြချက်မရှိဘူး ဒို့မှာ"

"အဲ့အရာကိုဆရာမအမုန်းဆုံးပဲမလား အကြောင်းပြချက်မရှိဘူးဆိုတာမရှိဘူး လို့ဆရာမပြောခဲ့ဖူးတယ်လေ မေ့သွားပြီလားဟင်"

နှင်းမေ ယခုကဲ့သို့ အသက်ရှုကြပ်ရသည့်အခြေအနေကြား လေအနည်းကယ်ကိုသာခိုး၍ရှုရှိုက်မိသည်။

"အဲ့လက်ဆောင်ကို ဒို့လက်ခံရင်တခြားဆရာဆရာမတွေကရော ဘယ်လိုထင်ကြမလဲ မင်းမသိဘူးလား"

"ကျွန်တော်သိခဲ့ဘူးတဲ့ ဆရာမ‌ဒေါင်းနှင်းမေဆိုတာက ကိုယ်မှန်နေရင်သူများအမြင်ကိုခေါင်းထဲထည့်တတ်သူမှမဟုတ်ပဲ"

နေမျိုးကျက်သရေ ကုတင်မှာ လှဲနေရာကအနည်းငယ်ကြိုးစား၍ ထကာထိုင်လျက် သူမအားကြည့်ကာဆိုလာသည်။

"ဒီမှာ မျိုး .. တကယ်လို့အဲ့တာကိုလက်ခံလိုက်ရင် ဒို့ကဘာမှမဖြစ်သွားဘူး မင်းပြောသလိုပဲ ငါကလုပ်ရဲရင်ခံရဲတယ် ကိုယ်မှန်ရင်ဘယ်သူ့အမြင်မှဂရုမစိုက်ဘူး ဒါပင်မဲ့ ဒီကိစ္စကဒို့တစ်ယောက်ထဲနဲ့ပြီးတဲ့အရာမဟုတ်ဘူး မင်းပါနေတယ်လေ ဒီမှာ ကလေး လူဆိုတဲ့အရာမျိုးက လောဘဆိုတာချုပ်တီးတယ်မရှိဘူး မင်းတို့ကိုပေးတာသိရင် သူတို့လဲလိုချင်မှာပဲလေ မင်းကငယ်သေးတယ် လတ်တလောမင်းဖြစ်ချင်တာကိုပဲမင်းဂရုစိုက်တာ"

"ဆရာမရယ်ကျွန်တော့်ကြောင့်ဆို ပူ‌မနေပဲယူပါဆိုဗျာ"

*ပြောလဲပြောမနိုင်လေးမို့အခြားနည်းလမ်းကိုသဉ်းစားကြည့်မိသည်*

"ကောင်းပြီ အခုထွက်မဲ့ Report cardမှာ all A ရရင်လက်ခံမယ်"

"တကယ်လား တကယ်ပြောတာနော်"

ခုနကနှင့်မတူစွာထိုကလေးမှာပြုံးပျော်လျက်။

"အင်း တို့အခုပြန်တော့မယ် မင်းဆေးသောက်"

"ဟုတ်"

နှင်းမေလဲခြေလှမ်းသွက်သွက်ဖြင့်သာအိမ်သို့ပြန်ခဲ့ရသည်။
*သူမရလောက်ပါဘူးလေ All Aတော့*

___________________________
မှားခဲ့ပါပြီသူမအခု‌‌ေတာ့။ တခြား‌သောအရာတစ်ခုခုနဲ့ထိုက‌လေးကို နားဝင်အောင်ပြောရမှာ။

လက်ထဲရှိ RC  အားကိုင်လျှက်သူမ ကြောင်စီစီကြည့်နေမိသည်။

*ငါတော့အထင်သေးမိတာပဲ All Aတဲ့လား ငါ့နှယ့်*

ထိုစာရွက်အားကိုင်ထားလျက်အတန်းပိုင်ဆရာမလက်မှတ်ဟူ‌သော နေရာတွင်လက်မှတ်ထိုးဖို့ကိုပင်မေ့နေမိသည်။

"ဟဲ့ အကြီးမ နင်ဘာဖြစ်နေတာလဲ အဲ့တစ်ရွက်ထဲကိုကိုင်ပြီးအပြန်ပြန်အလှန်လှန်ကြည့်နေတာနာရီဝက်လောက်ရှိပြီ"

ညီမဖြစ်သောအေးသံသာရဲ့လျှပ်တဖြတ် အသံကြောင့် အတွေးလွန်နေသောနှင်းမေ ကိုယ်လေးတုန်တက်သွားသည်။

"လန့်လိုက်တာအငယ်မရယ်"

"ဘာဖြစ်လို့အဲ့လောက်လန့်နေရတာလဲ ငါ့အသံဒီလောက်သာယာတာကို"

သူမကပြောလဲပြော နှင်းမေဘေးသို့လဲဝင်ထိုင်လာသည်။

"ပြစမ်းဘယ်သူ‌လဲ အဆင့်တွေတော်တော်ဆိုးနေလို့လား"

သူ့ရဲ့လက်ထဲက စာရွက်အား ဆွဲယူသွားသည်။

"နေ..မျိုး..ကျက်..သ..ရေ"

တစ်လုံးချည်းဆီစိုက်စိုက်ကြည့်ကာရွတ်ဆိုလိုက်သောအသံကြောင့်နှင်းမေပင်ကျောချမ်းမိသည်။

"နင်ကလဲဟယ် အဲ့လိုမျိုးမခေါ်ပဲ တစ်ခါထဲဖတ်လိုက်ပါလား ငါတောင်ကျောချမ်းတယ်"

"ဘာလို့ချမ်းတာလဲဟ နင်က နာမည်လေးပဲကို ဘာများလန့်စရာရှိ"

ထို့နောက် ‌သူက အထဲကအဆင့်ကိုကြည့်သည်။

"ဟဲ့နင်ကလဲ all Aကိုဘာဖြစ်တာတုန်း ငါကတော်တော်အခြေအနေဆိုးနေလားလို့"

"ဆိုးတယ် အရမ်းပဲ"

"ဘာလဲ ဒီကလေးကခိုးချထားလို့လား"

သူ့နားသို့တိုးတိုးလေးကပ်ခါမေးလာသောညီမဖြစ်သူကြောင့်နှင်းမေ အကြောက်အကန်ခေါင်းခါမိသည်။

"အဲ့တာဆိုဘာလဲဟ နင်ကလဲ"

နှင်းမေလဲ အဖြစ်အကုန်ကိုပြောပြလိုက်သည်။

"အောင်မယ်လေး ဘာများလဲလို့ နင်ကလဲ လက်‌ ဆောင်ပေးတာပဲယူလိုက်ပေါ့"

"နင်ကလဲ ယူလို့မဖြစ်လို့ပေါ့ဟ"

"ဘာလို့မဖြစ်ရမှာလဲ နဂိုလဲဒီလိုပဲတခြားက‌လေးတွေနင့်ကို သီတင်းကျွတ်ကြရင်လာကန်တော့ကြတာပဲဟာနှစ်‌တိုင်းဖြစ်တတ်တဲ့ကိစ္စ ဘာလို့ overthinkingနေတုန်း ဒါကပုံမှန်ပဲဟာ"

"သူက တခြားကလေးတွေနဲ့မတူလို့ပေါ့ဟ"

"ဘာမတူတာတုန်း"

"မပြောတတ်ဘူး ဒါပင်မဲ့ငါ့စိတ်ထဲမတူနေဘူး"

"နင့်ဟာကလဲဟာရှုပ်နေတာပဲ ဘယ်လိုပဲဖြစ်ဖြစ်သူ့ဘက်က all A ရတယ် နင့်စကားအတိုင်းတော့နင်လက်ခံရမှာပဲလေ"

"အေးပါဟယ် ငါသိပါတယ် ငါကလဲ သူ့ကိုတခြားဆရာမတွေ တစ်ခုခုကြောင့်အငြိုးအတေးဖြစ်စေမှာမကြိုက်ဘူး အဲ့တာကြောင့်ပါ"

"မမကြီး ငါမသိလို့မေးပါရစေအုံး နင်ဘယ်တုန်းကများ ကလေးတစ်ယောက်အတွက်အဲ့လောက်ထိတွေးခဲ့ဖူးလို့လဲ နင့်အတွေးတွေက ဘာလို့အဲ့ကလေးဆီပဲရောက်နေရတာတုန်း နင်ဘယ်တုန်းက အလုပ်ကလွဲပြီးတခြားကိုအာရုံပြုခဲ့တာတုန်းဟင်"

"ငါမသိပါဘူး ဒါပင်မဲ့ ဒီပညာရေးလောကကအဲ့လောက် ရိုးရှင်းမနေဘူး ဆိုးရွာတဲ့ဖြစ်လာမဲ့အရာတစ်ခုကို ငွေပုံပေး ကန်တော့လိုက်တာနဲ့ ကောင်းတဲ့အရာကိုပြောင်းလဲတဲ့စနစ်က ငါတို့မြို့ကဆရာဆရာမတွေနဲ့ ကျောင်းသားတွေကိုအရမ်းကြီးစိုးနေတဲ့အရာ ဒီကလေးက ငါ့အပေါ်သံယောဇဉ်ကြီးနေတယ်အငယ်မ ပြီးတော့သူ့ကိုငါ့လူလို့ပဲ အားလုံးကသတ်မှတ်တာ ဒီကလေးဆိုးခြင်းကောင်းခြင်းအားလုံးဟာ ငါ‌‌တောင်မသိလိုက်ခင်ငါ့ကိုဆက်နွယ်နေတယ်"

"အခုဒီ‌ကလေးကဘာတွေဆိုရွားနေလို့လဲ နင့်ကိုဘာတွေထိခိုက်စေလို့လဲ"

"အခုဒီကလေးရတဲ့ အဆင့်ကိုကြည့် ဒါဟာသူ့ရဲ့ကြိုးစားမှုနဲ့သူရတာ သို့သော် တခြားလူတွေအမြင်မှာကအဲ့လိုမထင်နိုင်ဘူး ကျောင်းဆိုတဲ့နေရာဟာ လူအများကြီးနဲ့တွေ့ကြုံဆုံခိုက်ပြီး အလုပ်လုပ်ရတဲ့နေရာ မကောင်းတဲ့လူတစ်ချို့က သူတို့လုပ်နေတဲ့ အလုပ်မျိုးငါလဲ လုပ်ပြီး ဒီကလေးကို တခြားသူတွေထက်ပိုအလေးပေးတယ်ထင်လိမ့်မယ်"

"နင့်ဆိုလိုချင်တာက အဲ့ကလေးက နင့်ကိုဂရုစိုက်၊ချစ်လို့  နင်က သူ့ကိုအမှတ်တိုးပေးတာတို့ဘာတို့ဆိုလိုချင်တာလား"

"အင်းအဲ့လိုမျိုးပဲ သူရဲ့ကြိုးစားမှုရလဒ်ဟာ ငါနဲ့မပတ်သက်ရင်သူ့အတွက်ဂုဏ်ယူစရာ ငါနဲ့ပတ်သက်လိုက်ရင် လိမ်လည်တဲ့အရာပဲ သူ့ရဲ့ကြိုးစားမှုကိုအသိအမှတ်မပြုကြတော့ဘူး"

"နင်ဘာဖြစ်လို့ အဲ့လောက်ထိတွေးပေးနေတာလဲ"

"ဟူးး ငါသူ့ကိုသနားမိတယ် ငါကိုအပုတ်ချတဲ့လူတွေအများကြီးထဲမှာမှသူကတော့အရာရာစွန့်ပြီးငါ့ကိုပြန်ကာကွယ်နေတာငါသိနေလို့"

"အေးလေ ဒါပင်မဲ့လဲလူဆိုတာချီးမွန်း၇ရက်ကပ်ရဲ့၇ရက်ပဲလေ အချိန်တန်တော့ပြီးသွားမှာပဲ အခုချိန်မှာ ငါပြောနိုင်တာကတော့ ထိုကလေးကသူ့ကြိုးစားမှုကိုအားလုံးအသိအမှတ်ပြုတာထက် နင်အသိအမှတ်ပြုတာပဲလိုချင်တာ ပြီးတော့နင့်လိုတွေးနေမှာမဟုတ်ဘူး"

"သူကငယ်သေးတယ်လေ"

"အကြီးမ ငယ်တယ်ဆိုတဲ့လူတိုင်းကဘာမှမသိတာမဟုတ်ဘူးနင်အထင်မသေးနဲ့ အဲ့ကလေးက ကျန်တဲ့သူတွေကိုခေါင်းထဲမထည့်တာ အပြောခံနေရမှန်းသိသိရက်နဲ့နင့်ဘက်ကိုလိုက်တာ သူအသိဉာဏ်မရှိလို့လုပ်နေတာမဟုတ်ဘူး အဲ့အသိဉာဏ်ကို‌ထက်ပိုမြင့်မားတဲ့ မေတ္တာတရားနောက်ကိုသူလိုက်ဖို့ရွေးချယ်ခဲ့လို့ လုပ်နေတာ"

#2117words
#3.9.2023


You are reading the story above: TeenFic.Net