"ကလေးတွေမီးတွေကိုကပ်ပြီးတော့မထွန်းနဲ့နော် နည်းနည်းလေးခွာထွန်းကြ"
နှင်းမေမှာ လက်ထဲကဖယောင်းတိုင်လေးအားကိုင်လျက် အနားရှိကလေးများကိုလဲကြည့်ရင်းဆိုသည်။
သီတင်းကျွတ်လပြည့်နေဖြစ်သည့်အတွက် ကျောင်းသားကျောင်းသူများနှင့်ဆရာမများစုဝေးကာ ကျောင်း၌ဆီမီးလာပူဇော်ကြခြင်းဖြစ်သည်။ကျောင်းရှိအဆောင်တော်တော်များများထွန်းပြီးသွားပြီး ယခုအခါအေဆာင်အသစ်မာလာဆောင်ရဲ့ ကျောက်လက်တန်းဘောင်လေးတွေဆီအလှည့်ကျလာပေသည်။
"ဆရာမ"
နေမျိုးကျက်သရေမှာနှင်းမေရဲ့ခါးလေးကိုအနောက်မှတို့ထိရင်းစလိုက်ခြင်းပင်။
"အောက်မလေး.. မျိုးရယ် လန့်လိုက်တာကွယ်"
"ဟီး ..အရမ်းလန့်သွားလားကျွန်တော်ကပျင်းလို့ပါဗျ"
"အောက်မလေးအမတော်ပျင်းနေနိုင်သေးတယ်နော် exam results တွေကိုကျုပ် RCထဲဖြည့်လို့ အခြေအနေမကောင်းလို့ကတော့ရှင့်ကိုမပျင်းရအောင်ခုလိုလုပ်ပေးမယ်သိလား"
နှင်းမေမှာနေမျိုးကျက်သရေအားဗိုက်ကိုလိမ်ဆွဲလာလေသည်။
"အား အား ဆရာမကလဲဗျာ resultsတောင်မထွက်သေးတာခုထဲကဆွဲနေပြီ သေပါပြီဗျာနာလိုက်တာ"
"ဪ ကျွန်မကအစမ်းကြိုပြထားတာလေ တော်ကြာ Surprise တိုက်တယ်ဖြစ်မှာဆိုးလို့"
နှင်းမေမှာသူ့အားရွဲ့တဲ့တဲ့ဆိုကာရှေ့ကိုပြန်လှည့်
သွားသည်။
"ပေးကျွန်တော်လဲထွန်းမယ်"
"အို ဟိုမှာဖယောင်းတိုင်တွေအထုတ်လိုက်ကြီးရှိတာကိုယ့်ဘာသာကိုယ်သွားယူ သွား"
"မယူချင်ဘူးဆရာမလက်ထဲကဟာပဲထွန်းချင်တာ"
"မပေးပါဘူးနော် တို့ သွားယူထားရတာ"
"ကဲဗျာအဲ့တာဆိုလဲဆရာမကထွန်း ကျွန်တော်မီးညှိပေးမယ်"
နေမျိုးကျက်သရေမှာဖယောင်းတိုင်ကိုင်ထားသောနှင်းမေရဲ့လက်လေးအားသူ့ဘက်ကိုဆွဲလိုက်ကာ ဖယောင်းတိုင်လေးအားမီးညှိပေးသည်။
နှင်းမေမှာတော့ သူ့လက်ရဲ့အပေါ်မှာလက်လေးထပ်၍ လေကိုကာပြီးမီးညှိပေးနေသော နေမျိုးကျက်သရေအားစိုက်ကြည့်နေမိသည်။
"ဆရာမ"
"ဆရာမ"
"အ..ဟင် ဘာလဲဟင်"
"ဘာတွေကြည့်နေတာတုန်းဗျ ဒီမှာဖယောင်းရည်တွေ ဆရာမလက်ပေါ်ကျတော့မယ် ဒီဘောင်ပေါ်မှာစိုက်လိုက်တော့လေ"
"ဪ အင်းအင်း"
*ငါဘယ်လောက်ကြာအောင်စိုက်ကြည့်မိနေလို့ပါလိမ့် ဘယ်လောက်တောင်သတိလွတ်သွားလဲမသိဘူး ဟင်း...."
နှင်းမေတစ်ယောက်သူ့ကိုသူသာအပြစ်တင်၍ သက်ပြင်းရှည်အားတိတ်တခိုးချမိသည်။
"ဒါနဲ့ဆို ကုသိုလ်တူတူလုပ်တာနှစ်ခါရှိပြီ သုံးခါပြည့်ရင်ကျွန်တော်တို့ သေချာပေါက်ရေစက်ထပ်ဆုံကြမှာ"
"မင်းကိုဘယ်သူကပြောလဲ"
"ကျွန်တော်ကိုယ်တိုင်ပြောတာလေ"
"ဟားဟားမှန်အုံးမယ်ကွာ အားကြီးကြီး"
နေမျိုးကျက်သရေသူ့ရှေမှာရယ်လျက်ဆိုနေသော ဒေါင်းနှင်းမေအားနှစ်ခြိုက်စွာကြည့်နေသည်။
*ကျွန်တော်အနားမှရှိနေသ၍ကတော့ခင်ဗျားငယ်လေးကိုပျော်စေချင်ပါတယ် ဒေါင်းရယ်
ဒေါင်းငယ်ရဲ့အပြုံးများ မာလာဆောင်ဘေးက October လရဲ့ပန်းလေးတွေဖြစ်တဲ့ ထပ်တရာပန်းတွေထပ်တောင်လှသေး *
"သွားကြမယ်လေ ကလေးတွေကဟိုဘက်ရောက်ကုန်ပြီ ဒို့တွေပဲကျန်တော့တာ"
"ဟုတ်ဆရာမ ဒါနဲ့ခဏလေး"
နေမျိုးကျက်သရေရဲ့ ခေါ်သံကြောင့်နှင်းမေနောက်သို့ပြန်လှည့်ကြည့်လိုက်သည်။
ဂျင်းဘောင်းဘီအိတ်ကပ်ထဲမှ ဘူးလေးထုတ်လိုက်ပြီးနောက်နှင်းမေအနားလျောက်လာသည်။
"ဆရာမ"
"ဟင်"
"ဒါလေး"
နေမျိုးကျက်သရေမှာ ဘူးလေးအားဖွင့်လိုက်တော့ အထဲမှာ ရွှေရောင်နာရီလေး လက်တံတွေရဲ့အလယ်တွင်တော့ ပန်းပွင့်လေးတစ်ပွင့်။
သူ့ထံသို့ထိုနာရီလေးကမ်းပေးလာသည်။
"ဘာအတွက်လဲ..မျိုး"
"ဘာအတွက်မှမဟုတ်ပဲဆရာမအတွက် နာရီဆိုတာမျိုးကမြတ်နိုးတဲ့သူကို ကိုယ့်ရဲ့အချိန်တိုင်းအရေးပါမှုနဲ့ တိုင်းဆတာ ကျွန်တော့်ဘဝမှာဆရာမဟာ ကျွန်တော်နာရီလက်ဆောင်ပထမဆုံးပေးတဲ့သူပါ"
"တို့ကိုဘာကြောင့်မြတ်နိုးရသလဲ မင်းအတွက်ကိုဘယ်လိုအရေးပါနေသလဲ လက်ဆောင်တိုင်းရဲ့နောက်မှာ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေနဲ့ တာဝန်ကြီးမှုမျိုးတွေပါနေရင် တို့မလိုချင်ဘူး"
"ဆရာမ ကျွန်တော့်မြတ်နိုးခြင်းဆိုတဲ့နောက်မှာ အကြောင်းပြချက်မရှိတာအမှန်ပါ ဒီနာရီဟာလဲအမှတ်တရ တစ်ခုဖြစ်စေချင်ခဲ့တာယုံပါ"
"အကြောင်းပြချက်မရှိဘူးဆိုတာမရှိဘူး နေမျိုးကျက်သရေ အဲ့လက်ဆောင်ကိုပြန်သိမ်းထားလိုက်ပါ"
နှင်းမေထိုမျှလောက်သာပြော၍ နေမျိုးကျက်သရေ ရှေ့မှထွက်လာခဲ့သည်။
ထိုကလေးမအားသူစိတ်ဆိုးခဲ့ခြင်းမဟုတ်သူ့စိတ်ရင်းနှင့်လက်ဆောင်ပေးသည်ကိုနှင်းမေသိသည်။
သို့သော်လဲ ထိုလက်ဆောင်အားလက်ခံရန်မဖြစ်နိုင်။ ထိုကလေးမသိသောဘေးပတ်ဝန်းကျင်ဆိုသည်အရာဟာ အင်မတန်မှကျယ်ပြောလှသည်။
ထိုကလေးစိတ်မကောင်းဖြစ်သွားမည်ကိုသိသော်လဲ သူ့မှာ ပတ်ဝန်းကျင်ရဲ့အပြောကိုခံရမည်ကိုလွန်ဆန်၍ ထိုကလေးပျော်အောင်လုပ်ပေးနိုင်သည့်သတ္တိတို့ရှိမနေသေးပေ။
*ကလေးရယ်မင်းမသိတဲ့အရာတွေရှိနေသေးတယ်*
_____________________________________
ထိုနေ့အဖြစ်အပျက်ပြီးထဲက နေမျိုးကျက်သရေနှင့်သူမ နဂိုလိုမရင်းနှီးတော့ပေ။ထိုကလေးမှာလဲသူ့အားေရှာင်နေခဲ့သလို သူလဲမပတ်သက်မိ။
"အမ နှင်းမေ"
"ဟင်ထိပ်ထား"
"ခုတလော နေမျိုးကျက်သရေကျောင်းမလာဘူးနော်"
ထိပ်ထားရဲ့အမေးကြောင့်စားနေသည့်ထမင်းပင်သီးသွားရသည်။
"အဟွတ် အဟွတ်"
"အောင်မလေး ရေရေ~~"
ဟန်မပျက်ရန်သာအမြန်ထိန်း၍..
"ရတယ်ရတယ်ထိပ်ထား"
"ဘာဖြစ်လို့လဲအမ"
"အမဘယ်သိပါ့မလဲထိပ်ထားရယ်"
"မသိဘူးလေ အမကလေးကဘယ်တုန်းကခွင့်မတိုင်ပဲပျက်ဘူးလို့တုန်း"
ဟုတ်ပါသည်။ထိုကလေးမှာကျောင်းပျက်မည့်နေဆိုရင်သူ့အားဖုန်းအကြိမ်ကြိမ်ဆက်၍ အကြောင်းစုံကိုရှင်းပြကာခွင့်တိုင်တတ်သူပင်။
*ဘာတွေများဖြစ်နေပါလိမ့်ကွယ်*
နှင်းမေလဲထမင်းဆက်စားချင်စိတ်မရှိတော့သည်မို့ချိုင့်တွေကိုပြန်ဆင့်ပြီးခြင်းထဲထည့်တာ သူ့အတန်းရှိရာဘက်သို့လျှောက်လာသည်။
အခန်းဝမှ ကြည့်တော့ပုတီးတို့အဖွဲ့မှာထမင်းစားနေလေသည်။နှင်းမေမှာဝင်ရမလားမဝင်ရမလားမသိဖြင့် အဖြေရှာခက်နေပေသည်။
"ဟာ ဆရာမ ထမင်းလာစားပါအုံး"
(ခင်ကြီး)
ခင်ကြီးရဲ့ခေါ်သံကြီးမှအားလုံးလဲ နှင်းမေအားမြင်၍ထမင်းစားရန်ခေါ်ကြပေသည်။
နှင်းမေလဲရုပ်တည်ကာသူတို့အနားသို့လျောက်သွားလိုက်ပြီး
"စားကြပါဆရာမစားပြီးသွားပြီ မင်းတို့ကိုမေးစရာရှိလို့ မင်းတို့ရဲ့ သူငယ်ချင်း ဟိုဟာကဘာဖြစ်နေတာလဲခွင့်တောင်မတိုင်နိုင်ပဲ"
"ဘယ်ဟာလဲဟင်ဆရာမ"
(ပုတီး)
"ဟိုဟာလေ အဲ နေမျိုးကျက်သရေ"
"ဪဆရာမရယ်အစထဲကနေကြီးလို့ပြောလိုက်ပြီးနေတာကို"
(သိမ့်တုန်)
"အင်းပါ သူ..သူ ဘာဖြစ်နေတာတဲ့တုန်း"
"ဆရာမရယ် တော်တော်ဖျားနေရှာတာပါဗျာ"
(ခင်ကြီး)
"ဟင်"
နှင်းမေရဲ့အသံမှာစိုးရိမ်စိတ်တို့ဖြင့်ပေ။
ပုတီးနှင့်သိမ့်တုန်မှာတော့ခင်ကြီးအားကြောင်စီစီဖြင့်ကြည့်လာသည်။ခင်ကြီးလဲမသိချင်ယောင်ဆောင်ကာ ဆရာမဘက်ပြန်လှည့်၍
"ဟုတ်တယ်ဆရာမရာ ဖျားနေတာဗျာ ကျူရှင်လဲမလာနိုင်ဘူး ဒီညနေဆရာမကျူရှင်ချိန်တောင်မလာနိုင်လောက်ဘူး"
"ဪ တော်တော်ဖျားနေတာလား အင်းပါအင်းပါ သမီးတို့လဲဆက်စားနော်ဆရာမရုံးခန်းခဏတက်စရာရှိလို့"
နှင်းမေမှာ အသံတိုးလျငြင်သာစွာပြော၍ ပြန်ထွက်သွားသည်။
"ဟဲ့ နင်ဘာလို့မဟုတ်တာတွေပြောလဲ နေကြီးကအဲ့လောက်ဖျားနေလို့လား"
(လမင်းချို)
"ဟာနင်တို့ကလဲမတွေ့ဘူးလား ငါအခုလိုပြောလိုက်တော့ဟိုမှာအခုဆိုအပျိူကြီးပူပြီးထွက်သွားပြီ ဟိဟိ"
(ခင်ကြီး)
"ဟိုကပူပြီးထွက်သွားတာ အရေးမကြီးဘူး ငါတို့နေကြီးကသူ့ဘာသူဘာဖြစ်ပြီးရင်ကွဲနာကျနေတာလဲမှမသိတာကပြဿနာ"
(သိမ့်တုန်)
"ပူမနေပါနဲ့ဟာ ကွဲနေတာတွေပြန်ဆက်အောင်လုပ်ပေးမဲ့လူ သွားလိမ့်မယ် အေးဆေး"
(ခင်ကြီး)
"အေးနော် နေကြီးကဘာဖြစ်တယ်လဲမပြော ငါတို့ကိုရင်ကွဲနာကျနေတယ်ပဲပြောတာ ဟိုအပျိုကြီးကလဲသိပ်မလုံမလဲ စဉ်းစားစရာပဲ"
(သိမ့်တုန်)
"မဟုတ်မှလွဲ နေကြီးရည်းစားစကားများသွားပြောလိုက်သလားဟင် အဲ့တာကြောင့်ဟိုကပါးချလိုက်တာလား OMG~~~"
(လမင်း)
"နင်ကလဲမြန်မာကားကြည့်တာလျော့ သွားပြီးဖွင့်ပြောမယ်လို့တော့မထင်ဘူး ငါ့အထင်တစ်ခုခုတော့ဖြစ်ထားကြပုံပဲ နေကြီးဘာတွေအကွက်ကျော်ရိုက်လွန်သွားလဲမှမသိတာ"
(ခင်ကြီး)
"ဟဲ့ဟဲ့နေကြစမ်းပါအုံး ဟင်းတွေကော"
(သိမ့်တုန်)
"ဟိုဟိုငါဗိုက်ဆာလို့စားလိုက် လိုက်...."
(ပုတီး)
မကြာလိုက်ပါ....ထိုစကားကြားအပြီး အသံနက်ကြီးတစ်ခုနဲ့အတူရိုက်ပွဲတစ်ပွဲအခန်းထဲ၌ဖြစ်သွားကြပေသည်။
______________________________
*၁၁,၁၂,၁၃,၁၄,၁၅ ရောက်ပြီ ဒီအိမ်နံပါတ်က တော့ဒီအိမ်နံပါတ်ပဲပဲ *
နှင်းမေ နှစ်ထပ်တိုက်အိမ်လေး တစ်လုံးရှေ့အရောက် ဆိုင်ကယ်အားရပ်လိုက်သည်။
အိမ်ရဲ့ ခေါင်းလောင်းလေးကိုဆွဲလိုက်ပြီးနောက် ခဏတာစောင့်နေသည်။
ထို့နောက်အသက် ၄၀အရွယ်လောက်အမျိုးသမီးတစ်ဦးထွက်လာပေသည်။
"ဘယ်သူနဲ့တွေ့ချင်လို့လဲ ညီမ"
"ဟိုဟာလေ နေမျိုးကျက်သရေတို့အိမ်မလားဟင်"
"ဟုတ်ပါတယ်ညီမ"
"နေမျိုးကျက်သရေနဲ့တွေ့ချင်လို့ပါ သူ့အတန်းပိုင်ပါရှင့်"
"အော်ဟုတ်ကဲ့ဝင်ပါဝင်ပါ ဆရာမ "
"ဟုတ်ကျေးဇူးပါနော်"
နှင်းမေလဲအိမ်ထဲသို့ဝင်လာခဲ့သည်။
"ဆရာမ ဘာသောက်မလဲရှင့်"
"ရပါတယ်အမ မသောက်တော့ဘူးရှင့်"
"သူ့အမေ၊အဖေနဲ့သူ့မောင်လေးတို့ကတော့ခရီးသွားတယ်ဆရာမရေမရှိကြဘူး"
" နေမျိုးကျက်သရေရောဟင်"
"သူကတော့ရှိတယ်မလိုက်သွားဘူးဆရာမရေ အပြင်လဲမထွက် အစားလဲမစားဘူး ခုချိန်ထိလဲခေါ်လို့မရဘူးဆရာမရေ မနေ့ညကတော့ ဖျားချင်လို့ဆိုပြီးအောက်ထပ်က ဆေးသေတ္တာတော့သယ်သွားတာပဲသူ့အခန်းကို ကျွန်မကိုလဲမလာခိုင်းဘူး"
"ဪ ဟုတ်လား ညီမလေ သူ့ဆီခဏသွားလို့ရလားဟင်"
"ရတာပေါ့ ဆရာမရယ် ရတာပေါ့"
နှင်းမေလဲ ထိုအမျိုးသမီးခေါ်ဆောင်ရာ အပေါ်ထပ်အခန်းငယ်ဆီသို့လိုက်လာခဲ့သည်။
"ဆရာမဒီအခန်းပဲ အဲ့တာဆိုကျွန်မအောက်ပြန်ဆင်းတော့မယ်နော်ထမင်းအိုးကြီးတန်းလန်းမလို့ရယ် ဆရာမတပည့်နဲ့စကားအေးဆေးပြောကြနော်"
"ဟုတ်အမ"
နှင်းမေလဲအထဲထိုအမအားအပြုံးနုလေးဖြင့်နှုတ်ဆက်ကာ တံခါးလက်ကိုင်လေးအားဖြေးညှင်းစွာဆွဲ၍အထဲသို့ဝင်သွားလိုက်သည်။
တစ်ခန်းလုံးလိုလိုဟာအနက်ရောင်တွေချည်းသာ။
စောင်ကိုခေါင်းခြုံကာအိပ်နေသောထိုကလေးအနားသို့သာတိုး၍
"မျိူး"
နှင်းမေအရင်ဆုံးငြင်သာတိုးလျစွာခေါ်ကြည့်သည်။
ပြန်မထူးလာပေ။
နှင်းမေလဲ စောင်လေးအားအနည်းငယ်ဆွဲယူလှန်လိုက်သည်။
တဖြည်းဖြည်းပေါ်လာသောမျက်နှာငယ်မှာအနည်းငယ်ရဲတက်နေသည်။
တစ်ချက်တစ်ချက် ငြီးသံငယ်အားလဲကြားရပေသည်။
နှင်းမေသူမလက်ဖြင့်ထိုကလေးရဲ့နှာဖူးအားစမ်းကြည့်သည်။
အတော်ပင်ပူနေပေသည်။မဖြစ်တော့ပေ နှင်းမေအောက်ထက်ပြန်ဆင်းကာ ခုနကအမအား သူတို့ရဲ့မိသားစုဆရာဝန်အားဖုန်းဆက်ပေးရန်ပြောပြီး အပေါ်သို့ထက်ကာ အဖျားကျအောင်အတက်နိုင်ဆုံးကြိုးစားနေမိသည်။
"ကလေးကတော်တော်ဖျားနေတာပဲ အစာလေးတစ်ခုခုကျွေးပြီးသေချာလေးဆေးတိုက်မှဖြစ်မှာ ခုကတော့ဆေးထိုးထားလို့ဆေးရှိန်နဲ့အိပ်နေတယ် နောက်မသက်သာရင်လဲကျွန်တော်ဆီအချိန်မရွေးဆက်နော်"
"ဟုတ်ဆရာ"
"အဲ့တာဆိုလဲကျွန်တော်နောက်လူနာလေးရှိလို့ သွားတော့မယ်ဗျာ"
"ဟုတ်ကဲ့ဆရာကျေးဇူးပါရှင်"
ဆရာလဲ သူရဲ့ဆိုင်ကယ်ဖြင့်ပြန်ထွက်သွားသည်။
"အဲ့တာကြောင့်ပြောတာဟိုလသာဆောင်မှာအကြာကြီးထိုင်နေလို့ပြောလိုက်သေးတယ် ဖျားမယ်ဆိုပြီးခက်တာပဲဆရာမရယ် သူ့မိဘတွေကလဲ မရှိဘူး သူကသိပ်ပြောရခက်တာ သူ့အဒေါ်ကျွန်မပြောရင်နားထဲကိုမဝင်ဘူး ဘယ်လိုကျွေးရမလဲကိုမသိတော့ပါဘူး"
"အဲ့တာကတော့မပူပါနဲ့ ညီမကျွေးပါ့မယ်ရအောင် သူနိုးလာရင်စားဖို့သာအမတစ်ခုခုလုပ်ပေးပါနော်"
"ဟုတ်ကဲ့ ဆရာမ"
နှင်းမေလဲထိုကလေးဆီသာပြန်လာခဲ့သည်။
*မင်းလေးဟာလေ လူကောင်ကကျကျွန်မထက်ကြီးပြီး ဘာကြောင့်ဖျားရင်ကျ ကလေးသေးသေးလိုလဲ ဒါနဲ့များကျုပ်ကိုတစ်ခါတစ်ခါ ကာကွယ်မယ်လို့ဆိုသေး*
သူမရဲ့လက်များဟာထိုကလေးရဲ့ဆံနွယ်များကိုပွတ်သပ်ပေးနေမိပေသည်။
*အိပ်တာတောင်မှဆူပုတ်လို့ ကျုပ်ကိုရန်တွေ့နေလေသလားတောင်မှတ်ရတယ် နေမျိုးကျက်သရေရယ်*
သူမထိုကလေးအား အတန်ငယ်ကြာငဲ့ကြည့်နေမိသည်။
အကြည့်တစ်ချို့ဟာ အနားရှိ မှန်တင်ခုံလေးပေါ် ရောက်မိတော့ ထိုနေ့ကသာနေတဲ့လရောင်အလင်းသာရှိသည့်အချိန်သူထုတ်ပြခဲ့သောရွှေရောင်နာရီလေး။
#2235words
#26.8.2023
အမှားတစ်ချို့ပါသွားရင်တောင်းပန်ပါတယ်နော်caro ခုတလောစိတ်ရှုပ်စရာတွေရှိနေလို့ပါ pilotပါ ခဏခဏမေ့မေ့နေလို့ တစ်ခုခုအမှားပါရင်ခွင့်လွှတ်ပေးကြပါနော်။
You are reading the story above: TeenFic.Net