"ဆရာမဟိုနားကလှလိုက်တာ"
နေမျိုးကျက်သရေမှာ ပန်းတွေနှင့်အလှဆင်ထားသောစက်ဘီးလေးဆီသို့လက်ညွှန်ပြကာဆိုသည်။
"ဟုတ်တယ်နော် ပန်းလေးတွေနဲ့ချစ်စရာလေး"
"လာဗျာ ဓာတ်ပုံရိုက်ပေးမယ်ဆရာမကို"
နေမျိုးကျက်သရေမှာနှင်းမေကိုလက်ကဆွဲခေါ်၍ ထိုနေရာသို့ခေါ်ဆောင်သွားသည်။
နှင်းမေလဲနောက်ကနေအလိုက်သင့်လေးလိုက်၍ ထိုကလေးစိတ်တိုင်းကျဓာတ်ပုံအရိုက်ခံရပေေတာ့သည်။
"ဆရာမ pose ပေးလေဗျာ"
"ဟုတ်ကဲ့ပါရှင်"
နှင်းမေမှာလက်လေးနှစ်ချောင်းထောင်ပြသည်။
ထို့နောက်လှပသောအပြုံးလေးအားဆင်မြန်းလျက် နေမျိုးကျက်သရေအားကြည့်နေပေသည်။
ဖုန်းscreenထက်ဝယ်ထိုကဲ့သို့လှပသောပုံရိပ်အားနေမျိုးကျက်သရေတစ်ခါမှမကြည့်ခဲ့ဖူးပါ။
ထိုကဲ့သို့ပင် လှပသောနေရာများ၌သူတို့နှစ်ဦးမှာလှပသောပုံရိပ်များအတန်ကြာဖန်တီးနေခဲ့သည်။
"မျိုး~ မင်းလဲငါးစာကျွေးလေ"
"ကျွန်တော်တစ်ယောက်ထဲတော့မကျွေးချင်ပါဘူးဆရာမပါလာ~"
"ဪကွယ်..ကုသိုလ်လုပ်တာတောင်တို့ပါမှလား"
"နောင်ဘဝရေစက်ဆုံချင်လို့ပေါ့ဗျ လာပါဗျာ"
"ရေစက်ဆိုတာကောင်းခြင်းဆိုးခြင်းရှိသေးတယ်လေ"
နှင်းမေမှာရှေ့ကပြာလဲ့လဲ့ရေကန်ထက်သို့အကြည့်စိုက်၍ဆိုလေသည်။
"ဆရာမနဲ့သာတွေ့ဆုံရမယ်ဆိုရင်ကျွန်တော့်အတွက်ကကောင်းမွန်သောတွေ့ဆုံခြင်းတွေကြီးဖြစ်မှာပါ"
နေမျိုးကျက်သရေရဲ့စကားကိုကြားရ၍ သူမထိုကလေးအားကြည့်မိသည်။အရှေ့ကကြည်လင်နေသောရေထက်ထိုကလေးရဲ့မျက်ဝန်းများကပို၍ကြည်လင်တောက်ပလို့။
"ကဲပါ~~ပေး"
ဆက်ကြည့်ရန်ခွန်အားမရှိ၍ သူမလဲ ငါးစာကြွေးရန်ပေါင်မုန့်အားတောင်းလိုက်သည်။ထို့နောက်လှပသောရွှေငါးလေးတွေထံသို့စွန့်ကြဲလျက်။
"ဆရာမ နေ့လည်၁၁နာရီတောင်ရှိပြီ ဆရာမနီကထမင်းစားကြရအောင်တဲ့ပြီးရင်လဲဆက်သွားကြမှာဆိုတော့"
ခင်ကြီးနှင့်အတူလမင်းချိုကပါလာခေါ်ပေသည်။
"အေးကလေးတို့~ လာပြီ"
နှင်းမေနဲ့နေမျိုးကျက်သရေလဲထိုကလေးတွေထံလျှောက်လာသည်။
"နေကြီး မခေါ်ချင်လို့သာလာမခေါ်တာနော် ဟိုဘက်ကနေကြည့်နေတာ နှစ်ယောက်သားတော်တော်သာယာနေပုံ"
(ခင်ကြီး)
"မဟုတ်ရပါဘူးကွာ မင်းကလဲ"
(နေမျိုးကျက်သရေ)
"မဟုတ်ဘူးသာပြောတာ ရုပ်ကြီးကလဲနော်"
(ခင်ကြီး)
မေခင်မြတ်နိုးမှာနေကြီးအားလိုက်စ၍နေတော့သည်။
"ဒါနဲ့ပုတီးရော"
(နေမျိုးကျက်သရေ)
"တော်ပါဗျာ ဘယ့်နှယ့်ငါးစားကျွေးပါမယ်ဆို ငါးကိုကျွေးတာနည်းနည်း သူစားတာကများများ ခုလဲထမင်းစားမယ်ဆိုတော့ကျွန်တော်တို့ကိုခေါ်ခိုင်းလိုက်ပြီးသူကသွားလေရဲ့အရင်"
(ခင်ကြီး)
"ဖြစ်ရမယ်မင်းတို့ကတော့"
(နေမျိုးကျက်သရေ)
နေကြီးတို့လဲကားနားပြန်ရောက်တော့ အနားရှိသစ်ပင်လေးအောက်မှာဆရာမနီကအကုန်ပြင်ဆင်ပြီးဖြစ်နေလေသည်။
"လာ နှင်းမေရေ မင်းတို့ကိုဒို့တွေကဘယ်ရောက်နေမှန်းမသိလို့ ဒီမှာ နင့်တပည့်G11 တွေကဗိုက်ဆာလို့ဖြစ်နေကြတာ"
"မသိပါဘူးအမနီရယ် ညီမတို့လဲအမကိုရှာမတွေ့တော့လို့"
"ငါက အဲ့ကလေးတွေဗိုက်ဆာပြီဆိုလို့ ထမင်းပြင်ဖို့ဆိုပြီးပြန်လာတာကို ကဲထိုင် ထိုင် "
"ဟုတ်အမ"
"ဒီမှာနင့်အတွက်ကြက်ကြော် နင့်နေမျိုးကျက်သရေကငါ့ကိုနင့်အတွက်မကြော်ပေးမချင်းပွစိပွစိနဲ့ရယ်"
"ဟုတ်လားအမ"
"ဟုတ်ပ ဟုတ်ပ"
ဆရာမနီမှသူ့အားကြည့်ကာ ပြုံး၍ရွဲ့တဲ့တဲ့ဆိုလာသည်မို့နေမျိုးကျက်သရေမှာနေစရာမရှိ ရှက်လျက်။
"ဟယ်တော့ ဒီလိုမျိုးထည့်တော့ဒို့လူအင်အားနဲ့ထမင်းထည့်စားဖို့ဘူးတွေတောင်မလောက်တော့ဘူး"
"ရတယ်အမနီ ညီမနဲ့နေမျိုးကျက်သရေတူတူစားလိုက်မယ်"
ကောင်းလိုက်တဲ့ကံပါလား ခရီးထွက်ကတဲ့အပြင်ထမင်းပါတစ်ပန်းကန်တူတူစားရအုံးမည်။
ယနေ့လိုနေ့မျိုးကိုဖန်ဆင်းပေးေသာဘုရားရှင်၊ခုလိုပျော်နိုင်အောင်မွေးဖွားပေးတဲ့ မွေးမေနဲ့မွေးဖေ၊ဒီလိုအချောအလှလေးကိုမွေးဖွားပေးတဲ့အပျိုကြီးရဲ့အဖေနဲ့အမေ၊ခရီးသွားဖြစ်အောင်အဖက်ဖက်မှကူညီပေးသူများအားကျေးဇူးတင်ရှိပါတယ်။
နေမျိုးကျက်သရေမှာ စိတ်ထဲမှမေတ္တာတွေပို့ပီတိတွေဖြာနေတော့သည်။
အေးချမ်းပျော်ရွှင်နေသောမျက်နှာထားနှင့်ဘေးကပုတီးကိုကြည့်မိတော့ ကြက်ရိုးကိုက်နေရာမှသူ့အား"ဘာလဲ"ဆိုသည့်ပုံဖြင့်မေးငေါ့ပြပေသည်။
*ဪ ရည်းစားမရသေးတာလဲမပြောနဲ့တချိန်လုံးကိုစားနေတာပဲ*
ထိုစကားအားစိတ်ကူးထဲသာပြောနိုင်သည်အပြင်မှာပြောရင်ကြက်ရိုးနဲ့ကောက်ပေါက်နိုင်သောကြောင့်ပင်။
"ဟိတ်..ကလေး စားလေ"
အပျိုကြီးမှာသူ့အားဇွန်းလေးထိုးပေးလာပေသည်။
နေကြီးလဲ တစ်လုတ်ယူစားလိုက်ပြီးသူမထံပြန်ပေးလိုက်သည်။သူမနက်ကဘာမှမစားရသေးသော်လဲ ဗိုက်မဆာပါ ချစ်ရသူနဲ့ရှိ အရာရာပြည့်စုံလွန်းလှသည်မဟုတ်ပါလား။
ဒီလိုနဲ့ထမင်းကိုပျော်ရွှင်စွာစားကြပြီးနောက် လက်ဖက်သုတ်စားကာစကားပြောနေကြသည်။
နေကြီးမှာတော့ဖုန်းအားဖွင့်၍သူမအားသူရိုက်ပေးထားခဲ့တဲ့ပုံလေးတွေပြန်ကြည့်နေမိသည်။
*ဟိုက် ဒီပုံကမျက်စိမှိတ်နေတယ်ဟ*
နေကြီးတွေး၍မပြီးခင်ပင်..
"နေမျိုးကျက်သရေခုနကရိုက်ထားတဲ့ပုံတွေပြ"ဟုဆိုကာအပျိုကြီးမှသူ့ဖုန်းအားဆွဲယူကြည့်ရန်ပြင်ပေသည်။
နေကြီးဖုန်းကသူမလက်ထံရောက်၍မဖြစ်ပေ အထဲမှာ နဂိုထဲကခိုးပြီးSave ထားတဲ့ပုံတွေ၊စာသင်ချိန်ခိုးရိုက်ထားတဲ့ပုံတွေရှိပေသည်။
သို့သော်လဲအပျိုကြီးမှာယူသွား၍အမှီလိုက်လုရတော့သည်။
ဖုန်းကိုအာရုံရောက်ကာလုယက်နေသည်မို့ အပျိုကြီးမှာသူ့ရင်ခွင်ထဲရောက်နေသည်ကိုပင်သူကိုယ်တိုင်သတိမမူမိပေ။
"အားအား.. ဆရာမသွေးထွက်နေပြီ"
ဒေါင်းနှင်းမေမှာ နေမျိုးကျက်သရေရဲ့ကွဲနေသောလက်ဘက်ကိုထောက်မိလိုက်ခြင်းပင်။
ထိုမှသာဖုန်းအားလွှတ်၍သူ့ထံသို့ကြည့်လာပေသည်။
"နာသွားလားဟင်"
"ရတယ်ဆရာမ နည်းနည်း ဆေးပါတာမလို့ဆေးထည့်လိုက်ရင်ရတယ်"
နေကြီးလဲသူလွယ်ထားတဲ့အိတ်အသေးလေးထဲမှ ဆေးအားထုတ်လိုက်သည်။
"ပေးပေး ဒို့ထည့်ပေးမယ်"
ခင်ကြီး၊ပုတီးနဲ့လမင်းချိုတို့မှာ သူတို့အားကြည့်ပြီး
"ဘာလဲဟငါတို့ကိုရှိတယ်တောင်မထင်တော့တာလား"
(ပုတီး)
"ဟုတ်ပါ့ဟယ့်နှစ်ယောက်တစ်ကမ္ဘာတည်နေတယ် တကယ်တည်း"
(လမင်းချို)
"အေးနော်နည်းနည်းတော့များလာပြီအဲ့နှစ်ယောက်က"
(ခင်ကြီး)
သုံးယောက်လုံးပွစိပွစိလုပ်နေသည်ကို နေကြီးမှာကြည့်ရင်းရယ်နေမိသည်။ သေချာပါသည်သူတို့သုံးယောက်မိမိအားမေတ္တာပို့နေသည်ဆိုတာ။
"အမနီ အမနီတပည့်ကလေသမီးကိုဘာတွေလျှို့ဝှက်ထားလဲမသိဘူးသိလား ဖုန်းမပြဘူး"
ဆေးထည့်ပေးပြီးပြီးချင်းပင်ပစ္စည်းတွေသိမ်းနေသောဆရာမနီကိုကလေးသဖွယ်တိုင်နေသည်။
နေကြီးလဲ ဖုန်းပြန်ရတုန်းမှာအမြန်နှုန်းဖြင့်ပုံတတစ်ချို့အားရှင်းလိုက်သည်။ထို့နောက်..
"ဆရာမ~"
"သွား..လာမခေါ်နဲ့နင်နဲ့ငါသေခန်းပျက်"
"ဟောဗျာ..ဖုန်းကြည့်မလို့မလားဟင်ပြမယ်လေနော်အဲ့လိုမနေနဲ့လေ"
"ပြီးရော"
သူဖုန်းကိုပေးလိုက်တော့ထိုမှသာလျှင်စိတ်ကျေနပ်တော့သည်။
သူပါ့သူဖုန်းထဲရှိဓာတ်ပုံများအားကြည့်ပြီးနောက်သူကြိုက်သည့် ပုံလေးများအားကူးခိုင်းပေတော့သည်။
နေမျိုးကျက်သရေလဲကူးပေးလိုက်သည်။ဤသို့ဖြင့်ထိုရန်ပွဲလေးအဆုံးသတ်ပေသည်။
______________________
ပထမတုန်းကကားစီးတုန်းကနေကြီးမှာရှေ့ကတက်မိသဖြင့်ထိပ်ဆုံးရောက်ကာအပျိုကြီးအားကြည့်ယုံသာနေရသည်။
ဒီတစ်ခေါက်တော့နေကြီးမှာအပျိုကြီးနှင့်အတူ အပေါက်ဘက်၌ထိုင်ရပေသည်။
နှင်းမေမှာလဲမူးသဖြင့်ကားအလယ်ပိုင်းတွင်မထိုင်နိုင်တော့။
"ဆရာမရရဲ့လား မှီချင်မှီလေ"
"အင်းရပါတယ်"
နေကြီးလဲ ဆရာမကိုတစ်ချက်မေးပြီးနောက် ကားပေါ်တွင်bluetooth ချိတ်၍သီချင်းတွေဆိုနေကြသောသူငယ်ချင်းများကိုကြည့်နေသည်။
နေကြီးရဲ့ပေါင်ပေါ်တွင်လဲအပျိုကြီးရဲ့အိတ်တွေနှင့်သူမဖုန်း သူမပစ္စည်းတွေနှင့်ပြည့်နေသည်။
ခဏအကြာတော့သူရဲ့ဘယ်ဘက်ပုခုံးလေးတစ်ဖက်မှာ လေးလံလာသည်။
သူစောင်းငဲ့ကြည့်တော့ အပျိုကြီးမှာ သူရဲ့လက်လေးတွေကိုထပ်၍ နေကြီးပုခုံးပေါ်စုတင်ကာ ခေါင်းလေးမှီလာခြင်းပင်။
နေမျိုးကျက်သရေလဲ ဆံခြည်မျှင်တစ်ဆံမှစကာ
နှုတ်ခမ်းဖူးဖူးလေးအထိကြည့်နေမိသည်။ပြီးမှအရှေ့ကိုကြည့်မိတော့ အိတုံတို့မှ သူတို့အားဓာတ်ပုံခိုးရိုက်နေပေသည်။
နေကြီးလဲပြောရင်လဲရမည်မဟုတ်သောကြောင့်လွှတ်၍သာထားမိသည်။
ကစားကွင်းကိုရောက်သည်နှင့်အဖွဲ့လိုက်ပုံလေးတွေရိုက်ကြသည်။တခြားသူများမှာ ရေကူးကန်ရှိ
၍ ရေကူးပြီးကစားကြသည်။
"နေမျိုးကျက်သရေ မင်းဒီရေကစားတဲ့ဆီကိုဝင်ဖို့ ပိုက်ဆံသက်သက်ပေးထားပြီးဘာလို့သွားမဆော့တာလဲဟင်"
"ဆရာမကိုစိတ်မချလို့တော်ကြာ အပျိုကြီးကိုဆွဲသွားကြဘယ်လိုလုပ်မလဲ ဟားဟား"
"အောင်မာအဲ့တာကကျုပ်လိုက်ချင်မှပါတော် သူကပဲစိတ်မချရှိရသေး"
သူ့အားနှုတ်ခမ်းတဆူဆူနှင့်ပြောနေခြင်းပေ။
"ကဲပါ သွားဆော့သွား သူငယ်ချင်းတွေနဲ့"
"ဟုတ်ပါပြီဗျာအဲ့လောက်သွားဆိုလဲသွားပါ့မယ်"
နေကြီးလဲ နောက်ဆုံးသူငယ်ချင်းတွေနဲ့အတူရေသွားကစားသည်။ သို့သော်လဲအကြည့်များမှာသစ်သားခုံေလးပေါ်ထိုင်နေသောအပျိုကြီးဆီသို့။
နေမျိုးကျက်သရေမှာ နဂိုထဲကကိုယ့်ကြောင့်သူများစောင့်ရသည်ကိုမကြိုက်သောကြောင့်အားလုံးထက်အရင်အပေါ်ပြန်တက်လာကာ အဝတ်အစားသွားလဲသည်။
ထို့နောက်အပျိုကြီးဘေးနားကိုပြန်ထိုင်လိုက်သည်။
"ဟင်မြန်လိုက်ချည်လား တခြားသူတွေတောင်မတက်သေးတာကို"
"တော်ပါပြီဆရာမရယ် ဒီလောက်ဆော့ရ"
"ဟုတ်ပါပြီ မင်းဆော့လို့ဝပြီးရော"
ထို့နောက်တခြားသူများလဲ အဝတ်အစားလဲရန်သူတို့အဝတ်အစားသူတို့လာယူကြသည်။
"Toilet ကဘယ်မှာလဲဟင်"
"ဒီတည့်တည့်သွားရင်ရောက်တယ်"
အပျိုကြီးမှာထ၍သွားရန်ပြင်သောကြောင့်သူလိုက်ပြရန်လုပ်သော်လဲ အရှေ့ကနေထွက်သွား၍မလိုေတာ့ဘူး ဟုထင်ကာပြန်ထိုင်လိုက်သည်။
"ဟင် လိုက်ပေးဘူးလား"
ပြန်လှည့်လာကာပြောသောစကားကြောင့်နေကြီးပြုံးမိသည်။
*သူပဲသိသလိုနဲ့ရှေ့ကသွားပြီးတော့*
နေကြီးလဲ လိုက်ပေးလိုက်သည်။မိန်းကလေးဆိုသည့်အတိုင်းToilet ဝင်သည်ထက်အလှပြင်နေခြင်းပင်။
ခဏကြာတော့အားလုံးလူစုမိလိုက်ကြသည်။ ထို့နောက် သရဲအိမ်သို့ဝင်ရန် ညီလွင်တို့အဖွဲ့မှလက်မှတ်ေတွဝယ်လာပေသည်။
အထဲသို့ဝင်ရန်လူတွေစီလိုက်တော့ အပျိုကြီးမှာမိမိအားသူ့ရှေ့မှာထားပေသည်။
အထဲသို့စဝင်ချင်းမှာပင် သူရဲ့အင်္ကျီနှစ်ဖက်ကိုတင်းနေအောင်ကိုင်ထားပေသည်။
ထို့နောက် သရဲရဲ့လက်တစ်ဖက်ထွက်လာချိန်တွင်သူ့ကိုကိုင်ရုံတင်အားမရပဲေဒါင်းနှင်းမေ မှာ နေမျိုးကျက်သရေရှေ့ကမိန်းကလေးအင်္ကျီကိုပါဆွဲနေပေသည်။ ထိုမိန်းကလေးအင်္ကျီမှာဆွဲသားဖြစ်၍ပြဲမည်စိုးသော ကြောင့်နေကြီးမှာဆွဲနေသောသူမလက်အားပြန်ကိုင်ထားရပြန်သည်။
အနောက်ရှိ ခင်ကြီးနှင့်လမင်းချိုမှာငယ်သံပါအောင်အော်နေပေသည်။
သရဲအိမ်ထဲရှိ တလိမ့်တုံးတွေလိမ့်နေသောတံတား၌ အပျိုကြီးမှာ ချော်လဲမည်ဖြစ်တာကြောင့်နေကြီးသူမခါးမှအသာယာဖမ်းထိန်းလိုက်ရပေသည်။
ဘဝ၌ အသက်သုံးဆယ်ကျော်အမျိုးသမီးအားကလေးထိန်းသလိုထိန်းနေရမည်ဟုမတွေးခဲ့ဖူးပေ။
သို့သော်လဲထိုသည်ကိုပင်သူပျော်နေမိသည်။
အပြင်ပြန်ရောက်မှသာထိုအပျိုကြီးမှာမျက်စိဖွင့်နိုင်ပေတော့သည်။
ဆရာမနီမှာတော့အစထဲကမဝင်ရဲဟုဆိုကာရှေ့က ခုံတွင်ထိုင်နေခြင်းပင်။
"အောင်မလေးအမနီရယ် ညီမဖြင့်မျက်စိတောင်မဖွင့်နိုင် ဟိုတံတားမှာချောလဲမလို့ကံကောင်းလို့ နေမျိုးကျက်သရေထိန်းလို့"
အပြင်ရောက်သည်နှင့်ပြောပြနေသောအပျိုကြီးအားနေကြီးရေဘူးဖွင့်ကာတိုက်လိုက်သည်။သူမကိုယ်တိုင်လဲမောနေသည်ပင်။
အားလုံးလဲပျော်ရွှင်စွာဆော့ကစားပြီး အပြန်ခရီးတွင်အကုန်လုံးပျော်ရွှင်တက်ကြွလျက်။
သီချင်းများလဲသီဆို၍ ပြန်လာခဲ့သည်။
ထိုအချိန် Bluetooth box မှလူပျိုကြီးပဲလုပ်တော့မည်ဆိုတဲ့သီချင်းထမြည်လာသည်။
နေကြီးလဲစာသားလေးများအားလိုက်လံရွတ်ဆိုမိသည်။
*ဒီသီချင်းကိုကျွန်မရှိတဲ့ဆီအထိလာဆိုတဲ့ဒီအသံပိုင်ရှင်ဟာ မင်းမှန်းဒို့သိတာပေါ့ကလေးငယ် အဲ့နေ့ညကလိုပဲ အသံကချိုမြိန်နေတုန်းပဲနော်*
နှင်းမေသည် တစ်ဖက်ရှိ စိမ်းလဲ့နေသော အပင်များအားကြည့်၍မျက်စိလေးမှတ်ကာလေအေးလေးအားရှုရှိုက်ရင်း တွေးလိုက်မိသည်။
#2214words
#10.8.2023
ကဲ စာလုံးအမှားလေးတွေရှိလဲသည်းခံပြီးဖတ်ပေးပါအုံးနော် caro ကမေတ္တာရပ်ခံပါတယ်ဗျ🤗
Caroမနက်မှစာလုံးပေါင်းပြန်စစ်နိုင်မှာမလို့ပါ ခုတော့အိပ်လိုက်အုံးမယ်ဗျာ။
You are reading the story above: TeenFic.Net