"ဟိတ်ကလေးမ"
ကျောင်းပြန်လွှတ်တော့မည်မို့အချိန်ပိုင်းစာရင်းလာပေးသော နေမျိုးကျက်သရေအားနှင်းမေ ပစ္စည်းတွေသိမ်းလျက်ေခါ်လိုက်သည်။
"ဗျာဗျ"
"ကြည့်..ထူးပြန်ပြီအဲ့ဗျာကြီးကို"
"ဒါဆိုဘယ်လိုထူးရမလဲ"
"ရှင်လို့ထူးပေါ့ မိန်းကလေးက"
"အဲ့တာဆိုလဲရှင်...ရှင့်"
နှင်းမေမှာသူအား မျက်နှောင်ပြောင်နေသော နေမျိုးကျက်သရေအား ဗိုက်ကိုနာနာလေးလိမ်ဆွဲလိုက်သည်။
"အား ..လွှတ်ဗျ ဆရာမရ နာတယ်လို့"
"နာအောင်ပဲလုပ်တာလေ နာမှာပေါ့ စကားကိုအကောင်းမပြောရဘူး ပြောင်ချော်ချော်နဲ့"
"ဟုတ်ကဲ့ပါဗျာ ဘာဖြစ်လို့လဲပြောလေ ဘာလဲကျောင်းပိတ်ရက်မှာတောင်ကျွန်တော့်ကိုတွေ့ချင်လို့လား အိမ်လာလိုက်ရမလားဟင်"
"မတွေ့ချင်ပါဘူးရှင်နဲ့ ..ရှင်နဲ့တွေ့ရမှာကျွန်မရဲ့တုတ် သိတယ်မလားအရသာလေး"
"ရပြီ ရပြီ သိတယ် မလာတော့ဘူး"
"ကဲသွား ဇာတိမာန်သီချင်းဆိုတော့မယ် အခန်းပြန်တော့"
"ဟုတ်ကဲ့ပါအပျိုကြီးခင်ဗျ"
"မင်းတော့"
နှင်းမေနှုတ်ခမ်းလေးကိုက်လျက်ပြောမပြီးခင်နေမျိုးကျက်သရေမှာအခန်းသို့ တစ်ထစ်ချိုးပြေးသွားတော့သည်။
*ဘယ်လိုကလေးစားလေးမှန်းမသိဘူး*
နှင်းမေမှာစိတ်မဆိုးရက်ပဲ ပြုံး၍သာဆိုမိပြန်သည်။
----------------------------------
"အောင်မလေး စာမေးပွဲဆိုတဲ့အရာသာမရှိရင် နေမျိုးကျက်သရေဆိုတဲ့ငါလေး အခုလိုရုပ်ရင့်စရာအကြောင်းမရှိဘူး"
ကျောင်းကပြန်လာ၍ရေချိုးပြီးကတည်းကရေလဲသဘက်ဖြင့်မှန်ရှေ့ရပ်နေခဲ့သည်မှာ နာရီဝက်လောက်ရှိပြီဖြစ်သည်။
အမျိုးမျိုးအဖုံဖုံ ဘက်ပေါင်းစုံမှာသူရဲ့မျက်နှာကို သေချာကြည့်လျက် ယခုလဲဘေးရှိ serumကိုကောက်လူး၍ skin care နေမိသည်။
"မဖြစ်သေးဘူး ငါ့အပျိုကြီးကျနုနေပြီးငါအိုနေလို့မရဘူးလေ"
"အိပ်မယ် ဟုတ်တယ်အိပ်ရမယ် ငါအိပ်ရေးတွေပျက်နေလို့မျက်ကွင်းတွေညိုနေတာ"
အသင့်ထုတ်ပြီးသားအင်္ကျီကိုဝတ်ဆင်လိုက်ပြီး အိပ်ရန် အိပ်ယာထက်ဝယ်နေရာယူလိုက်သည်။
နည်းနည်းချင်းဆွေးကာရွာနေသောမိုးကြောင့်ပြတင်းပေါက်တံခါးအားမျက်စိမှိတ်လျက်လက်မှန်းဖြင့်ဆွဲပိတ်လိုက်သည်။
*မဟုတ်သေးပါဘူးဟ ငါလက်ကဘာလို့တစစ်စစ်နဲ့ စပ်နေရတာလဲ*
ပိတ်ထားသောမျက်လုံးအား အားယူကာဖွင့်လိုက်သည်။
ထို့နောက်လက်ကိုကြည့်မိသည်။
*စောက်ခွေး သွေးတွေဟ*
"အမေရေ~~~~~~~~~"
ညာဘက်လက်ဖမိုးမှာပြတင်းပေါက်မှသံဇကာနှင့်ခြစ်မိ၍ အနည်းငယ်ကွဲကာသွေး တွေထွက်နေသည်ကိုမြင်မိသည်နှင့် အောက်ထပ်ကအမေ့အားကျယ်လောင်စွာခေါ်လိုက်မိသည်။
"ဘာလဲဟယ်"
အမေမှာလဲအောက်ထပ်ကပြန်ဖြေရှာသည်။
"လက်မှာသွေးတယ်ထွက်နေတယ်"
"သုတ်လိုက်ပေါ့ဟယ် ငါမအားသေးဘူးဈေးရောင်းနေတယ်"
*ဪ ကျေးဇူးပါလို့ မွေးသမိခင်ရယ်*
နေမျိုးကျက်သရေလဲ ရေချိုးခန်းထဲအမြန်ဝင်၍ လက်ကသွေးတွေကိုဆေးချလိုက်သည်။
"နည်းနည်းနက်တာပဲ ရပါတယ်လေ သေတော့မသေလောက်ပါဘူး"
နေကြီးလဲအနာကို အရက်ပြန်နှင့်သန့်၍ဆေးထည့်ကာဂွမ်းကပ်လိုက်သည်။
"ဟူးးး အိပ်မှပဲ မနက်ကျငါစောစောထရမယ် အပျိုကြီးခရီးသွားရင်းစားဖို့မုန့်လေးဘာလေးလဲဝယ်အုံးမှ ဒီနေ့ညစာကတော့ lose weightပေါ့ တော်ပါပြီလေ မစားတော့ဘူး"
နာနေသောလက်အားခဏတာအောင့်ခံကာ အိပ်ဆက်ခြင်းဆီသို့ရအောင်ထိုးဝင်လိုက်သည်။
___________________________________
နေမျိုးကျက်သရေ မနေ့ညကစောစောအိပ်တာကြောင့်ရော စိတ်လှုပ်ရှားတာကြောင့်ပါမနက်အ စောကြီးနိုးလာခဲ့သည်။
အချိန်မှာ မနက်၄:၃၀
ပြန်လဲအိပ်မပျော်သည်မို့ လသာဆောင်အေပါ်သို့တက်လာခဲ့သည်။
မနက်ခင်းလေအေးလေးများကစိတ်ကိုလန်းဆန်းစေသည်။
အားလုံးဟာ မနက် ၆:၃၀တွင် ပုတီးတို့အိမ်၌စုကြမည်ဖြစ်သည်။
နေကြီးတို့အဖွဲ့နဲ့ G11 မှ ကျောင်းသား ကျောင်းသူတစ်ချို့ပါသည်။ ထိုသူတွေမှာလဲနေကြီးနဲ့သိပ်မစိမ်းလှပေ။
အချိန်တခဏလောက် အပေါ်စီးမှမြို့ရဲ့ ရှုခင်းတွေကိုကြည့်ပြီး နေကြီးလဲ အခန်းပြန်လာ၍ ရေမိုးချိုးပြင်ဆင်လိုက်သည်။ထို့နောက်အောက်ထက်ရှိအမေထံသို့ဆင်းလာသည်။
"အမေ လက်ဖက်သုတ်ရောထည့်ပြီးပြီလား"
"ပြီးပြီ ပေးတော့ပိုက်ဆံ"
နေကြီးလဲအိတ်ထဲမှတစ်သောင်းတန်တစ်ရွက်ထုတ်ပေးလိုက်သည်။
ဒါဟာလဲနေမျိုးကျက်သရေတို့အိမ်ရဲ့အထာပင်ဘယ်အရာမှအလကားမရအကုန်ပိုက်ဆံပေးရသည်။
ယခုလဲ ခရီးမှာစားဖို့လက်ဖက်သုတ်လေးအမေ့အားထည့်ခိုင်းသည်။
တစ်သောင်းပေးလိုက်ရလေသည်။
"ကဲအဲ့တာဆိုသားသွားတော့မယ်"
"အေးဂရုစိုက်သွား လက်ကအနာကိုထည့်ဖို့ဆေးရော"
အမေမှ နေမျိုးကျက်သရေရဲ့လက်ကအနာအားကြည့်လျက်ဆိုသည်။
"ပါတယ်အမေ လွယ်အိတ်ထဲမှာ"
နေကြီးတို့သွားမည့်ခရီးမှာ မြို့နဲ့သိပ်မဝေးလှတဲ့ရွာလေးရှိ ဘုရားပင်။ရွာဟုဆိုသော်လဲရွာကြီးပင်။ ရွာရဲ့ဘုရားကြောင့်ဘုရားဖူးကားများလာသဖြင့်ကားလမ်းများပါရှိသည် ။ဘုရားဖူးပြီးရင်တော့ ကစားကွင်းသို့သွားကြပေမည်။
နေမျိုးကျက်သရေလဲ အဝတ်တစ်စုံအပိုထည့်ထားသော လွယ်အိတ်နဲ့ပိုက်ဆံအိတ် လက်ဖက်ဘူးထည့်ထားသောအိတ်လေးယူကာဆိုင်ကယ်မောင်း၍ထွက်လာခဲ့သည်။
လမ်းတွင်မုန့်ဆိုင်ဝင်၍ အပျိုကြီးကြိုက်သော ပူတင်းပေါင်မုန့်နှင့် အခြားမုန့်များနဲ့အတူ တစ်ရှူးပါဝယ်လာလိုက်သည်။
"ပုတီးးရေ"
(နေမျိုးကျက်သရေ)
"ဟာနေကြီးလာပြီလား"
(ပုတီး)
ပုတီးမှာခြင်းထဲသို့ပစ္စည်းများထည့်ရင်းဆိုသည်။
"အေး ခင်ကြီးတို့ရော"
(နေမျိုးကျက်သရေ)
"ထွက်လာနေပြီလို့တော့ပြောတာပဲ ပေးပေးလက်ထဲကဘူးတွေထည့်ထားတဲ့အိတ် ခြင်းထဲရောထည့်လိုက်မယ်"
(ပုတီး)
"ရော့"
နေကြီးလဲလက်ထဲရှိအထုပ်များပေးလိုက်ပြီးနောက်
"နေမျိုးကျက်သရေတို့များ တက်ကြွချက်နော် အစောကြီးရောက်လာရော"
(ဆရာမနီ)
ဆရာမနီမှ မီးဖိုချောင်ထဲမှဘူးလေးယူကာထွက်လာသည်။
"မဟုတ်ပါဘူးဆရာမရယ် စုသွားကြတာဆိုတော့ကိုယ့်စောင့်ရတယ်ဖြစ်မှာစိုးလို့"
(နေမျိုးကျက်သရေ)
"အေးပါ ဒီမှာနော် ကြက်ကြော်နင်ပြောထားတဲ့အတိုင်းကြော်ပေးထားတယ် နင့်ဆရာမအတွက်ကျေနပ်ပြီလား"
(ဆရာမနီ)
"ကျေနပ်တယ် ဟဲဟဲ ခဏလေးကျွန်တော်ပိုက်ဆံပေးမယ်"
(နေမျိုးကျက်သရေ)
"ရပါတယ်ဟယ်"
(ဆရာမနီ)
"မဟုတ်တာဗျာ ကျွန်တော်ပေးမယ်ပြောထားတာပဲကို"
နေကြီးလဲပိုက်ဆံအိတ်ထဲမှထုတ်ပေးလိုက်သည်။
အပျိူကြီးမှာကြက်ကြော်ကြိုက်သဖြင့်နေကြီးဆရာမနီအားကြော်ခိုင်းထားခြင်းပေ။
"နင့်မလဲနော် ဒေါင်းနှင်းမေကိုချစ်လိုက်တာဆိုတာပြောမနေနဲ့တော့"
(ဆရာမနီ)
"ချစ်တာပေါ့ဗျ ကျွန်တော်ဆရာမကို"
(နေမျိုးကျက်သရေ)
"ငါလဲနင့်ဆရာမပဲလေ"
(ဆရာမနီ)
"ဟီးဆရာမနီကိုလဲချစ်ပါတယ်ဗျ"
(နေမျိုးကျက်သရေ)
"တော်ပါခုမှလာပြီးတော့ သူများအမေကိုသူ့ကြောင်းမသိတာကျနေတာပဲ"
(ပုတီး)
"နင်နော် ဝင်မပါနဲ့"
(နေမျိုးကျက်သရေ)
ဆရာမနီမှာ စနေသောပုတီးနဲ့ နေမျိုးကျက်သရေအားပြုံး၍ကြည့်နေပေသည်။
"နေကြီးရေ~~"
(လမင်းချို)
အိမ်တံခါးဝမှာတင် အော်လာသော လမင်းချိုနဲ့ဘေးကအိပ်ချင်မူးတူးရုပ်နဲ့ခင်ကြီး။
"ဟဲ့ နင်နဲ့ခင်ကြီးကဘယ်လိုဖြစ်လို့တူတူရောက်လာတာတုန်း"
(နေမျိုးကျက်သရေ)
"ဟီး..သမီးလာရင်းနဲ့ ခင်ကြီးကိုတွေ့တာနဲ့သူ့ဆိုင်ကယ်ပေါ်တက်လိုက်လာတာ"
(လမင်းချို)
လမင်းချိုမှာပုတီးဆီသို့သွားပြီးခင်ကြီးမှာတော့နေမျိုးကျက်သရေနားလာထိုင်သည်။
"သားကြီးအခြေအနေ"
(နေမျိုးကျက်သရေ)
"အားလုံးကောင်းပါတယ် အိပ်ချင်နေတာလေးတစ်ခုပဲ"
(ခင်ကြီး)
"ဆရာမရေအဆင်သင့်ဖြစ်ပြီလားဗျ"
G11 မှ ကျောင်းသူကျောင်းသားနဲ့အတူ light truck ကားက
နေကြီးတို့စကားပြောနေစဉ်မှာပဲရောက်လာခဲ့သည်။
"အေးပြီးပြီဟေ့"
ဆရာမနီရဲ့အိမ်ထဲကအော်သံအပြီးနေကြီးတို့လဲအိတ်တွေခြင်းတွေဝိုင်းသယ်ပြီးကားပေါ်တက်ခဲ့ကြသည်။
ကားပေါ်တွေဒေါင်းနှင်းမေမပါပေ။ကြည့်ရတာ ဆရာမကတစ်ဖက်ကမ်းကားလမ်းနားမှာနေတာမလို့သွားရင်းဝင်ခေါ်မည်နှင့်တူသည်။နေကြီးတို့ခရီးမှာအားလုံးပေါင်းလူ၁၅ယောက်လောက်ပါပေသည်။
နေကြီးလဲကားရဲ့ထိပ်ဘက်လေးတွင်နေရာယူကာထိုင်လိုက်သည်။
ပုတီးကတော့နေကြီးဘေးတွင်ထိုင်သည်။ကားခေါင်းခန်းတွင်တော့ကားသမားနဲ့ခင်သည့် ယောင်္ကျားလေးများကထိုင်ကြသည်။
ကားပေါ်သို့လူစုံတက်ပြီးတော့ အပျိုကြီးထံသို့ကားလေးမှာတစ်ရွေ့ရွေ့ထွက်လာတော့သည်။
"နှင်းမေရယ်လှလို့ပါလား"
"အမနီရယ်ဒီလူနဲ့ဒီလူကိုမြှောက်နေပြန်ပါပြီ"
"ကဲလာလာကားပေါ်တက်"
အပေါ်မှ ပိတ်ဖောက်ဇာအဝါလေးနဲ့ အောက်ကထမိန်နက်ပြာလေးကိုဝတ်ဆင်ထားပြီး ကျစ်ဆံမှီးသေးသေးလေးတွေကို နဖူးပြင်ရဲ့တစ်ဖက်တစ်ချက်စီမှာ ကျစ်ကာစီးထားသည်။ အပျိုကြီးအားနေမျိုးကျက်သရေတစ်ယောက်မျက်စိမလွတ်တမ်းကြည့်နေသည်။
"နေကြီးရေမျက်မှန်ကြီးရောမျက်လုံးပါကျွတ်ကြတော့မယ်နော်"
(ပုတီး)
"မပြောချင်ဘူးမပြောချင်ဘူး အကြည့်တွေကိုက"
"သိသာနေတယ်နော် သိသာနေတယ် ဟင်း ဟင်း"
(ခင်ကြီး)
"မင်းတို့ကလဲကွာဘာတွေလာပြောနေတာလဲ ငါ့ဘာသာကောင်းကင်မှာတိမ်တွေလှလို့ကြည့်နေတာကို"
(နေမျိုးကျက်သရေ)
"တိမ်တွေကလဲနော် ကားပေါ်ထိတက်လာတယ်နဲ့တူတယ် အပေါ်ထိမရောက်ဘူးအကြည့်တွေက"
(ပုတီး)
"တော်ကြစမ်းနင်တို့ကလဲ"
(နေမျိုးကျက်သရေ)
နေကြီး လဲ ရှက်ရှက်ဖြင့်ပင်လွယ်အိတ်ထဲမှာထည့်လာသော စာအုပ်တစ်အုပ်အားအရှက်ပြေကိုင်၍ဖတ်လိုက်သည်။
စာအုပ်မှာ စာရေးဆရာမဂျူးရဲ့ တိမ်နဲ့ချည်တဲ့ကြိုး ဖြစ်သည်။
နှင်းမေကားပေါ်သို့တက်လာထဲက ကားခေါင်းရင်းဘက်အစွန်ဆုံးမှာထိုင်နေသောကလေးအားတွေ့သည်။နဂိုထက်ငြိမ်နေပေသည်။လက်ထဲတွက်လဲစာအုပ်တစ်အုပ်ကိုင်လျက် လက်ဆိုလို့သေချာကြည့်မိတော့မှာ လက်ဖမိုးအားဂွမ်းစနဲ့ကပ်ထားပေသည်။
နေကြီးလဲစာအုပ်ဟန်ဆောင်ကိုင်ထားရတာကြာပြီမလို့ အပျိုကြီးအားခိုးကြည့်ရန်ပြင်မိသည်။
စာအုပ်အပေါ်ကနေခေါင်းလေးလျှို၍ ကြည့်မိတော့ သူ့ကိုကြည့်နေသော အပျိုကြီး။
"နေမျိုးကျက်သရေ"
*ဟိုက် ငါစာအုပ်ကွယ်ပြီးချောင်းတာမိပြီထင်တယ်*
"ဗျာ ...."
နှင်းမေမှာသူအား အကြည့်စူးစူးလေးတစ်ချက်ကြည့်လာပေသည်။
"ရှင်....."
ထိုမှသာလျှင်အကြည့်တို့အားပြန်လည်ဖြေလျော့သွားသည်။
"လက်ကဘာဖြစ်တာလဲ"
"ဪ ဒါလားမနေ့က ပြတင်းပေါက်ဘေးကသံဇကာနဲ့ ထိမိလို့ ကွဲသွားလို့"
"အမြဲတမ်းနမော်နမဲ့နဲ့ ဆေးထည့်ထားလား"
"ဟုတ်ဆရာမ"
"ပြီးရော"
*ဟူးးတော်သေးတာပေါ့ကြည့်နေတာကိုဘာမှမပြောလို့*
ဒီလိုနဲ့နေကြီးတို့ရဲ့ကားလေးဟာဘုရားဆီသို့ရောက်လာခဲ့သည်။
"နေမျိုးကျက်သရေ လာလေ"
(ဆရာမနီ)
နေကြီးမှာကားအောက်ရောက်တာတောင်ဘုရားပေါ်မတက်သေးပဲ ဆံပင်ပြန်ပြင်စီးနေသော ကားပေါ်ကနှင်းမေအားကြည့်နေသည်။
နှင်းမေမှာလဲ ကားထွက်ပြီးခဏအကြာထဲကကားမူး၍ခေါင်းမထောင်နိုင်တော့ ခုလိုဘုရားရောက်မှသာ တော်တော့သည်။
"နှင်းမေ အမတို့အရင်သွားလိုက်မယ်နော်"
"ဟုတ်အမ ညီမG11ကကလေးတွေနဲ့နောက်ကလိုက်ခဲ့မယ်"
နေမျိုးကျက်သရေမှာ မလိုက်ချင်လိုက်ချင်နှင့်ရှေ့က ပုတီးတို့အဖွဲ့နှင့်အတူပါသွားရသည်။
ဘုရားလာပြီးဘုရားမဖူးခင် Toilet အရင်ဝင်နေကြသောအဖွဲ့ကြောင့် ခရီးသွားရင်ထိုကဲ့သို့အပေါ့အပါးမသွားတက်သောနေကြီးမှာ အထုပ်ပေါင်းတစ်သောင်းကိုင်လျက်စောင့်ရပေသည်။
*ဟွန့်အပျိုကြီးကိုငမ်းချင်လို့လိုက်လာတာကို ခုတော့အထုပ်ဆွဲဖြစ်နေရပြီ သနားစရာငါ့ဘဝလေး*
15မိနစ်လောက်စောင့်ပြီးနောက်ဘုရားပေါ်သို့ပြန်တက်ခဲ့ကြသည်။
ဘုရားအဝင်လေးမှာရပ်ကာ ဓာတ်ပုံရိုက်ခံနေသောအပျိုကြီး လက်ထဲမှာလဲသပြေပန်းခက်တစ်ချို့။
"နှင်းမေဘုရားဦးချပြီးပြီလား"
(ဆရာမနီ)
"ဟင်အင်းအမနီတို့ကိုစောင့်နေတာလေ"
(ဒေါင်းနှင်းမေ)
ဆရာမနီနှင့်စကားပြောနေရာမှအနောက်ကနေကြီးတို့လျှောက်လာသည်ကိုမြင်တော့
"ညီလွင်ရေ တို့ကိုဓာတ်ပုံရိုက်ပေးစမ်းပါ တို့တပည့်မလေးတွေနဲ့"
ညီလွင်မှာ ဆရာမရဲ့တူတစ်ဝမ်းကွဲလဲဖြစ်သလို G11တွင်ပညာသင်နေသူပင်။
"ဟုတ်လာပြီ"
ညီလွင်လဲဆရာမလက်ထဲမှဖုန်းကိုယူကာ ဓာတ်ပုံရိုက်ပေးနေသည်။
ထို့နောက်အားလုံးဘုရားဦးချကြသည်။
နေမျိုးကျက်သရေမှာဘုရားကိုအရင်ဦးချပြီး မသိမသာ အနောက်ဘက်လေးကိုသွား၍ နှင်းမေဘုရားရှိခိုးသည်ကိုဓာတ်ပုံလေးခိုးရိုက်နေသည်။
"နေကြီး မြင်နေတယ်နော်"
(ခင်ကြီး)
"မင်းကဘာလို့ထလာတာတုန်းဟ"
(နေမျိုးကျက်သရေ)
"နေကြီးကဘုရားလာပြီးသူခိုးကျင့်တွေကျင့်နေလို့လေ"
(ခင်ကြီး)
"ဟီး..သားကြီးကလဲကွာပြန်ရောက်ရင် တစ်ဝိုင်းကျွေးမယ်တိတ်တိတ်နေနော် ဟဲဟဲ"
(နေမျိုးကျက်သရေ)
"ရပါတယ်ရပါတယ် သူများအကျိုးဆောင်ကိုယ့်အကျိုးအောင်တာပေါ့"
(ခင်ကြီး)
"ဒါပေါ့သားကြီးရာမင်းပြောခဲ့တဲ့စကားတွေထဲဒါအမှန်ဆုံးပဲ"
(နေမျိုးကျက်သရေ)
နေမျိုးကျက်သရေမှာ ခင်ကြီးကပုခုံးဖက်လျက်ဆိုသည်။
"ကဲကလေးတို့ အမှတ်တရပစ္စည်းတွေရောင်းတဲ့ဆိုင်လေးတွေကအရှေ့မှာတင်ဆိုတော့အိမ်အတွက်ဝယ်ချင်တာရှိဝယ်ရအောင်ဒို့သွားကြမလား"
"သွားမယ်လေဆရာမ"
G11 မှမိန်းကလေးအချို့ကဆိုလာသည်။
"ဆရာမသမီးတို့ကနေခဲ့တော့မယ် ဟိုဘက်မှာငါးစာလေးကျွေးချင်လို့"
(ပုတီး)
"အေးလေအဲ့တာဆိုလဲ လမင်းချိုနဲ့ မေခင်မြတ်နိုး တို့ကရော"
(နှင်းမေ)
*ဟွန့်ငါရပ်နေတာငါ့ကျမမေးဘူး*
နေကြီးမှာ အလိုလိုနေရင်းဆူပုတ်ကာဂျယ်လီနင်နေတော့သည်။
"မလိုက်တော့ဘူးဆရာမ ပုတီးနဲ့တူတူငါးစာသွားကျွေးမလို့"
(လမင်းချို)
"အေးပါ~ နေမျိုးကျက်သရေ"
(နှင်းမေ)
"ဗျာ~~"
(နေမျိုးကျက်သရေ)
"လာ ငါနဲ့လိုက်ခဲ့"
(နှင်းမေ)
ထိုတစ်ခွန်းသာပြော၍ရှေ့မှထွက်သွားသည်။
"ဟုတ်ဟုတ် "
(နေမျိုးကျက်သရေ)
"ဪငါတို့နေကြီးများမလိုက်ချင်ရှာဘူးကောက်ကောက်ကိုပါလို့"
(ပုတီး)
"အေးလေဟယ် ခုနကကျဆူပုတ်ပြီး"
(လမင်းချို)
"လာပါဟာသူကငါတို့ချွတ်လို့ကျွတ်မှာမဟုတ် အပျိုကြီးချွတ်မှကျွတ်မှာ ဟားဟား"
(မေခင်မြတ်နိုး)
ခင်ကြီးတို့လဲငါးစာကျွေးရန်သုံးယောက်တူတူထွက်လာကြသည်။
______________________
"ဟဲ့နေမျိုးကျက်သရေ"
"ဟေ"
"နင်တော့မရိုးဘူးနော်"
"ဘာကိုလဲဟ"
"ဟိုမှာလေ အရှေ့ကငါတို့ဆရာမကိုကြည့်နေတာများမျက်စိကျွတ်ကျမတက်"
"မဟုတ်ပါဘူးဟာ"
နေမျိုးကျက်သရေရဲ့ဘေးတွင်လမ်းလျောက်နေသော အိတုံကဆိုလာသည်။
"ငါတို့မသိဘူးမထင်နဲ့နော်"
"နင်တို့ကဘာကိုသိ သိစရာလဲဘာအကြောင်းမှမရှိတာကိုများ"
"ဒါပင်မဲ့လဲသိနေတယ်လေလို့"
"ကဲကဲတော်တော် ဘာဖြစ်နေမှန်းကိုမသိဘူး"
"ဟော ဟောရှက်သွားပြီ"
နေကြီးလဲ အရှေ့ကိုသာသွက်သွက်လျောက်လာလိုက်သည်။သူတို့နဲ့ဆက်နေရင် ရှက်လို့မျက်နှာဘယ်သွားထားမသိဖြစ်လိမ့်မည်။ခုတောင်တော်တော်ပူနေပြီဖြစ်သည်။
အမှတ်တရဆိုင်တန်းလေးတွေဆီသို့ရောက်တော့ အိတုံတို့မိန်းကလေးလေးယောက်မှာ အစွန်ဆုံးကဆိုင်ကိုသွားကြည့်မည်ဟုဆရာမအားပြောသည်။
ထို့နောက်မသွားခင်လဲ နေကြီးအနားကပ်ခါ
"ကဲ နေမျိုးကျက်သရေ ငါတို့ထားခဲ့တယ်နော် အခွင့်အလမ်းတွေ လက်လွှတ်မခံနဲ့နော်~ဟဲဟဲ သေချာအသုံးချ"
ထို့နောက်လေးယောက်လုံးသူ့အား စကာထွက်သွားသည်။
*တောက် အဲ့လောက်တောင်ငါသိသာနေတာလားဟ*
"မျိုး~~ အဲ့နားမှာရပ်မနေနဲ့လေ ဘာတွေငေးနေတာလဲငူငူငိုင်ငိုင်နဲ့ ..လာ "
"ဟုတ်ဆရာမ"
နေကြီးလဲနှင်းမေနှင့်အတူ ဈေးဆိုင်လေးတွေအားလိုက်ကြည့်သည်။ နှင်းမေမှာတော့အပေါင်းအသင်းများအတွက် လက်ဆောင်ထိုဒေသထွက်မုန့်လေးတွေဝယ်နေသည့်အတွက်ေကြာင့် နေကြီးမှာတဖြည်းဖြည်းလက်နှစ်ဖက်၌သူမအထုတ်များပြည့်လာပေသည်။
သူမလေးမည်စိုးသောကြောင့်ကြားကနေဆွဲဆွဲသယ်နေတာခုတော့လက်အပြည့်။Gymဆော့ထားသမျှ ခုမှအသုံးဝင်နေသည်ပင်။
"လေးနေပြီလား ပေးပါဆိုတာကို"
"ရပါတယ်ဆရာမရယ်အေးဆေး"
"ဟိုကလေးတွေရော"
"ဘုရားကိုပြန်ကြပြီဆရာမရဲ့ဆရာမဈေးဝယ်နေလို့ "
"ဪ မစောင့်ကြဘူး ကြည့်"
နေကြီးနဲ့နှင်းမေလဲ ဘုရားကိုပြန်ရန်ထိုဆိုင်လေးမှထွက်လာခဲ့သည်။
"ဟေ့ ကားလမ်း~"
ဟုဆိုနှင်းမေမှာသူရဲ့လက်အားဆွဲလာသည်။
နှစ်ယောက်လုံးဖိနပ်များအား ကားပေါ်တွင်သာထားခဲ့၍ ခြေပြောင်ဖြင့်ပင်။ အင်မတန်သာနေသောနေကြောင့် နှစ်ယောက်သာ ပူ၍ပြေးရန်အကြောင်းဖန်လာပေသည်။
ရယ်နေသည်။ သူမသည် သူရဲ့လက်ကိုဆွဲ၍ကားလမ်းတစ်ဖက်အရောက်တွင် ရယ်လို့။သို့သော် အိန္ဒြေပျက်အောင်ရယ်နေမှုမျိုးမဟုတ် အချစ်တိုးအောင်ရယ်နေမှုမျိုးပင်။
"ခုလိုခြေပြောင်နဲ့ဒို့တွေပြေးနေပုံကရယ်ချင်စရာကြီးနော်"
"ဟုတ်တယ်နော်ဆရာမ"
"ကဲလာ~~ ဒီအထုတ်လေးတွေကိုကားပေါ်တင်ပြီးဟိုကလေးတွေ ငါးစာကျွေးတဲ့ဆီလိုက်ကျရအောင်"
"ဟုတ်"
#2939words
#9.8.2023
မနက်ဖြန်ကျရင်တစ်ပိုင်းလာမယ်နော်ဒီအပိုင်းအရမ်းရှည်သွားမှာဆိုးလို့😬
You are reading the story above: TeenFic.Net