အပိုင်း(၁၈)

Background color
Font
Font size
Line height

အချိန်မှာညနေလေးနာရီခွဲခန့်ပင်။

"ဆရာမ အိမ်မှာလူလဲမရှိပါလား"

"အင်းဖေဖေနဲ့မေမေကခရီးသွားတယ် ညီမလေးကလဲအလုပ်သွားတယ်လေ ဖြူသန့်လေးကလဲကျူရှင်သွားလို့"

"ဪ"

နေမျိုးကျက်သရေမှာဒေါင်းနှင်းမေအားတွဲလျက်ပင်အိမ်ထဲဝင်လာသည်။

"ဆရာမ ဒီမှာထိုင်နေလိုက်ပါလား"

"ဟင်အင်းတို့အခန်းဆီပို့ပေး"

အနားရှိထိုင်ခုံပေါ်ထိုင်စေသော်လဲ မထိုင်ချင်သောကြောင့် သူ့ဦးတည်ရာသူ့မအခန်းဆီသို့ပင်တွဲလာရပေသည်။

"ကုတင်ပေါ်မှာထိုင်မယ်"

"ဟုတ်ကဲ့"

နေမျိုးကျက်သရေလဲ သူမရဲ့ကုတင်ပေါ်သို့ထိုင်ခိုင်းလိုက်သည်။

အခန်းမှာ အရမ်းမကြီးလွန်းလှသော်လဲ လူတစ်ယောက်စာအတွက်တော့ အဆင်ပြေသည့်အခန်းပင်။စာကြည့်စာပွဲဘေးက စင်ပေါ်ရှိစာအုပ်စီစီရီရီများကိုကြည့်ခြင်းဖြင့် သူမသည် စာဖတ်ရတာ‌အတော်ကြိုက်ပုံပင်။

"ဟိတ်..ငေးမနေနဲ့"

"ဗျာ ဟုတ်"

"ဟိုဟာလေ တို့ကို ဗီဒိုလေးဖွင့်ပေး‌ပါလား အင်္ကျီလဲချင်လို့"

နေမျိုးကျက်သရေလဲ ဗီဒိုကိုဖွင့်လိုက်သည်။ အထဲမှာ စနစ်တကျတိုက်ချွတ်ထားသောအင်္ကျီများ အရောင်မှာလဲအစုံပင်။

"ဟိုမင်းလက်နားက ပန်းရောင် shirt လေးပေးပါလား ပြီးတော့အောက်ဘက်ကထမိန်လေးရော"

*Shirt အင်္ကျီဝတ်မလို့လားဟ သူဝတ်တာလဲငါတစ်ခါမှမတွေ့ဖူးပါဘူးဒါမျိုးလဲဝတ်တတ်သားပဲ*

"ဒီမှာ..ဆရာမ ကျွန်တော်အပြင်ထွက်ပေးမယ်နော်"

"ရပါတယ် ဟိုဘက်သာလှည့်‌နေပေး"

"ဟုတ်"

နေမျိုးကျက်သရေလဲတစ်ဖက်ကိုသာလှည့်နေလိုက်သည်။

"ရပြီ ပြန်လှည့်လို့"

‌အနောက်သို့လှည့်လိုက်သည်နှင့် ဖြူဖွေးလှသောအသားအရည်ထက်ဝယ်ဆင်မြန်းထားသော ပန်းရောင်အင်္ကျီလေးမှာလိုက်ဖက်မှုရှိလှသည်။

ဆရာမနဲ့ပတ်သက်လာလျှင်အင်္ကျီများလှခြင်းမဟုတ် သူမ လှခြင်းကြောင့်ချည်းသာ သူဝတ်ဆင်သောအင်္ကျီများလှလာခြင်းပင်။

နေမျိုးကျက်သရေ ဒေါင်းနှင်းမေရဲ့ရှေ့တည့်တည့်၌ထိုင်ကာ  သူမရဲ့ခြေထောက်လေးအားငြင်သာစွာဆွဲယူလိုက်သည်။

"အို..ကလေး ဘာလို့အောက်ကြီးမှာထိုင်နေတာတုန်း ဘာလုပ်မလို့လဲ"

ကုတင်ပေါ်က နှင်းမေမှာသူ့အားကြောင်အအဖြင့်ဆိုပေသည်။

"တိုးတိုး ဆရာမ"

နေမျိုးကျက်သရေဟာသူ့အား နှုတ်ခမ်းနားသူရဲ့လက်တစ်ဖက်ဖြင့် တိုးတိုးဟုဆိုရှာသည်။

ထို့နောက် Doctor ပေးလိုက်သောဆေးလေးလူးပေးကာ ခြေထောက်လေးအားပတ်တီးဖြင့်သေချာစွာစီးပေးလိုက်သည်။

"ရပြီ ဆရာမ ဆေးသောက်နော် ကျွန်တော်ခုံပေါ်တင်ပေးထားခဲ့မယ် လျှောက်မသွားနဲ့နော် မနက်ဖြန်လဲကျောင်းမလာနဲ့ စာရင်း‌ေတွကို ပုတီးတို့နဲ့ကျွန်တော်တူတူဖြည့်ထားလိုက်မယ်"

"မင်းကဆရာလား ကျွန်မကဆရာမလား"

"ဆရာမကဆရာမပါဒါပင်မဲ့ဒီနေရာလေးမှာ တော့ကျွန်တော့်စကားနားထောင်ပေးနော် တောင်းဆိုတာပါ"

"ဟုတ်ပါပြီဟုတ်ပါပြီ"

နေမျိုးကျက်သရေလဲပြန်ရန်တံခါးဖက်သို့ဦးတည်လိုက်သည်။

" တကယ် သွားတော့မှာလားဟင်"

ကျောခိုင်းလျက်ရှိသော နေမျိုးကျက်သရေမှာထိုအသံကြောင့်ပြုံးမိလိုက်သည်။ နှင်းမေအနားသို့ပြန်လျောက်လာလိုက်ပြီး

"ဘာဖြစ်လို့လဲဟင် ကျွန်တော့်ကိုဘာခိုင်းအုံးမလို့လဲ"

"မခိုင်းပါဘူး တကယ်သွားတော့မှာလားလို့ ဟိုဟာလေ တို့တစ်ယောက်ထဲမို့ အဲ့တာ.."

"ကဲပါကျွန်တော်မပြန်တော့ဘူး အဲ့ဆိုလဲနော် ဆရာမမိသားစုတစ်ယောက်ယောက်ပြန်လာတဲ့အထိစောင့်ပေးမယ် ဟုတ်ပြီလား"

"ကျေးဇူးပါ"

"မလိုပါဘူးဗျာ~~"

"တို့ကပေးရင်ယူတာပဲကြိုက်တာနော်"

"ကဲအဲ့တာဆိုလဲလိုတာလေးဖြည့်ဆည်းပေးလို့ကျွန်တော်ကလဲကျေးဇူးပါဗျာ"

"ဒါနဲ့မင်းလဲမိုးစိုလာတယ်လေ"

"ရပါတယ်ကျွန်တော်ကအပေါ်ထပ်လေးလောက်ပဲ အောက်ကအဲ့လောက်မစိုဘူးလေ အပေါ်ထပ်ကိုအခုအပြင်မှာချွတ်ခဲ့တယ်"

"ကဲ့အဲ့တာဆိုလဲ ဟိုကသဘက်ယူ‌ပေး"

နေမျိုးကျက်သရေလဲ နှင်းမေညွန်ပြသောအဝတ်တန်းလေးတစ်ခုပေါ်မှာ သဘက်လေးကိုယူယာကို နှင်းမေကို‌ ပေးလိုက်သည်။

"ထိုင် တို့ရှေ့မှာ"

"‌ဗျာ"

"ထိုင်လေလို့"

"ဟုတ်ဟုတ်"

နေမျိုးကျက်သရေလဲ‌နှင်းမေရဲ့အရှေ့ဘက်ခြေရင်းလေးမှာထိုင်လိုက်သည်။

"တို့ဘက်ကိုကျောပေးပြီးဟိုဘက်လှည့်ထိုင် ခေါင်းကရေတွေသုတ်ပေးမလို့ စာမေးပွဲနီးပြီဟာကို ရှင်လေးဖျားရင် ကျွန်မစိတ်မလုံရဘူး"

"ဘာလဲ ဆရာမကကျွန်တော့်ကို စိတ်ပူတာလား"

သူ့အားရီဝေဝေမျက်လုံးဝိုင်းများဖြင့်ကြည့်လာသည်။ထိုအကြည့်မျိုး အဲ့ကလေးကြည့်တိုင်းနှင်းမေ ရင်ထဲဗလောင်ဆူတတ်ပေသည်။မည်သို့သောရောဂါမည်နည်း။

"တိတ်စမ်း ဟိုဘက်ကိုသာလှည့် မင်းဟာလေ ကောင်းကောင်းပြောလို့ကိုမရဘူး"

"စတဲ့ဟာကို အပျိုကြီးတွေများရှက်တတ်လိုက်တာ နားဖျားလေးတွေတောင်ရဲနေပြီ ဟားဟား"

"မင်းကွာ"

"ဆရာမကွာ"

"ကြည့် ..."

"ကြည့်နေတာပဲကို"

မဖြစ်ဝောာ့ပေ။ထိုကလေးဟာ ဒီလိုသာနေလျှင်သူပြောသလိုလိုက်ပြောနေတာရပ်မည်မဟုတ်တော့။

"နေမျိုးကျက်သရေ......"

အသံအားအနည်းငယ်မြှင့်ကာပင်သူ့ရဲ့‌နာမည်အားနှင်းမေရေရွတ်လိုက်သည်။

ခုနကထိ လိုက်စနေသောထိုကလေးမှာ ခုတော့ငြိမ်ကာ သူ့အားကျောပေးထိုင်လိုက်တော့သည်။

*မင်းကို‌တို့ကလွဲဘယ်သူနိုင်မတဲ့တုန်း မျိုးရယ် *

အလိုလိုနေရင်းproud ဖြစ်‌လာနေသောမိမိစိတ်ပင်။

သဘက်ဖြင့်ဖြည်းညှင်းစွာထိုကလေးရဲ့ဆံပင်တွေကိုအချိန်အတန်ကြာသုတ်ပေးနေမိသည်။

"ရပြီ ..မျိုး ..တို့ခုနကပြောလိုက်လို့ စိတ်ဆိုးသွားတာလား"

"စနေသမီးဗျ စိတ်မဆိုးတတ်သလိုကောက်လဲမကောက်တတ်ဘူး"

စိတ်မကောက်ဘူးပြောသောထိုကလေးမှာသူ့အားနှုတ်ခမ်းတစ်တောင်လောက်ဖြင့်ထိုးလျက်။

"ပြီးရောလေ တို့ကလဲမချော့တတ်ဘူးလို့ကြိုပြောထားမလို့"

*ဟွန့်အကျင့်မကောင်းတဲ့အပျိုကြီးအဲ့တာကြောင့်လဲ ယောင်္ကျားမရတာ*

နေမျိုးကျက်သရေမှာ ထိုင်နေရာမှထကာ တံခါးဝသို့ထွက်ရန်ပြင်သည်။

"ဟိတ် ဘယ်သွားမလို့လဲ"

"ဆရာမ‌ကို ဆေးတိုက်မလို့ အစာခံရှိအောင်တစ်ခုခုပြင်ဆင်ပေးမလို့"

လှည့်မကြည့်ပဲနှင့် စကားပြန်ဆိုကာထွက်သွားထိုကလေးကြောင့်ရယ်မိပေသည်။

*တကယ့်ကိုပဲဘာလေးလဲမသိဘူး*

နှင်းမေလဲအနည်းငယ်ထိုင်ရတာညောင်းလာသဖြင့်ကုတင်ထက်ဝယ်လှဲ၍မှိန်းနေလိုက်သည်။

.
.
.

.
"ဟွန်း...ဒါလေးတော့သူခံတွင်းတွေ့လိုက်မယ်ထင်တာပဲ"

နေမျိုးကျက်သရေတံခါး‌အားလက်တစ်ဖက်ဖြင့်ဖြည်းညှင်းစွာဖွင့်လျက် လက်တစ်ဖက်ကပန်းကန်ကိုကိုင်ကာဝင်လာခဲ့သည်။

အထဲရောက်တော့ကုတင်ပေါ်မှာခွေခွေလေးအိပ်ပျော်နေသောသူမ။

ဘေးရှိစာရေးစားပွဲခုံပေါ်သို့ပန်းကန်အားတင်လိုက်ကာ သူမအားစိုက်ကြည့်နေမိသည်။

ကလေးငယ်လိုဖြူစင်စွာနဲ့အိပ်နေသောသူမ သူ မနိုးရက်ပေ။

"မျိုး~"

"အိပ်ပျော်နေတယ်ထင်ခဲ့တာ"

"မင်းဘယ်ချိန်ထိကြည့်နိုင်မလဲလို့အိပ်ချင်ယောင်ဆောင်နေခဲ့ယုံပါ ဒါပင်မဲ့ဗိုက်ဆာလာလို့"

"ကျွန်တော်ကလဲကျွေးမလို့လေ မနိုးရက်လို့"

ခိုးပြီးတော့တစ်ချိန်လုံးစောင့်ကြည့်မိသည်မို့ သူခိုးလူမိသောအခါ ခုနကဖွက်ထားသော စိတ်ဆိုးသည်ဆိုသည့်ဓာတ်ခံကိုထုတ်ကာ ပြန်လည်ဖုံးဖိရသည်။

"ဘာကျွေးမှာလဲ တို့ကို"

*အဲ့လိုမျိုးလှဲလျက်ကြီးနဲ့ အဲ့မျက်ဝန်းတွေနဲ့လူကိုလာကြည့်ပြီးမပြောနဲ့ဗျ ဒီမှာသေတော့မယ် ဘာလို့အဲ့လိုချစ်ဖို့ကောင်းနေရတာလဲ*

"အိမ်မှာကြက်သားတွေ့လို့ကြက်စွပ်ပြုတ်လေးလုပ်လာပေးတယ်"

"မင်းကဟင်းချက်တတ်တယ်ပေါ့"

"ဟုတ် တစ်ရက်ရက် အထူးသဖြင့်ဒီလိုနေ့မျိုးကြုံလာရင်အသုံးဝင်တာပေါ့ "

"ဟုတ်ပါပြီ အား ကျွတ်ကျွတ်"

ကုတင်ပေါ်မှဖြည်းညှင်းစွာထလာသောသူမ။

ခြေထောက်မှာအနည်းငယ်လှုပ်ရှားမိတော့နာသွားပုံရသည်။

"ဖြည်းဖြည်းလုပ်ပါဆိုဗျာ တော်ပြီ ဒီတိုင်းလေးပဲနေ"

နေမျိုးကျက်သရေမှာ ကုတင်ပေါ်ဝင်ထိုင်လိုက်ကာ နှင်းမေအားသူ့ကိုမှီစေသည်။

"ကဲကျွန်တော်ပဲကျွေးမယ် ပါးစပ်လေးဟ အာ.."

"ဟားဟား .."

"ဘယ်ရယ်တာတုန်းဗျ"

"မင်းလုပ်နေတဲ့ပုံကတို့ကကလေးလားကျနေတာပဲ "

"ကလေးမဟုတ်ပါဘူး ဆရာမကကလေးထက်ဆိုးတယ်"

"တို့အသက်ကမင်းထက်အများကြီးကြီးတာကိုများ"

"အဲ့တာကကြီးချင်လို့ပါ ဆရာမသာငယ်ချင်ရင်ငယ်လို့ရတာကို ထားပါ ဒါလေးစားနော် ဆေးသောက်ရ‌မှာမလို့"

"အင်းပါအင်းပါ"

နေမျိုးကျက်သရေလဲနှင်းမေအား ပထမဆုံးတစ်လုပ်ခွံ့ကျွေးလိုက်သည်။

"အဆင်ပြေရဲ့လားဟင်"

"ပြေပါတယ် ကျေးဇူးပါ"

"ထပ်ပေးနေပြန်ပြီ အဲ့ကျေးဇူးတွေတော်တော်များနေပြီဗျ"

"ဟီး..တော်တော်များသွားလား"

ပါးမို့မို့လေးများနှင့်မျက်လုံးများမှိတ်ကာပြုံးပြကာဆိုလာသောကြောင့်အချစ်ပိုရပြန်သည်။

"ကဲပါဗျာ အာ..နောက်တစ်လုတ်"

အလိုက်သင့်လေးပင်ထိုအမျိုးသမီးမှာပါးစပ်လေးဟပေးရှာသည်။ချစ်ဖို့ကောင်းလိုက်လေခြင်း။

"ဟင်..မမကြီး"

အခန်းတံခါးဝနားမှာရပ်နေသောညီမ‌ဖြစ်သူ အေးသံသာ။

"ဪ ပြန်ရောက်ပြီလား"

"အင်းခြေထောက်မှာလဲပတ်တီးကြီးနဲ့ ဘာလဲနင်ရှပ်ပြာရှပ်ပြာနဲ့ချော်လဲလာပြန်ပြီလား"

"ဟဲ့ကလေးရှေ့မှာ ငါ့ကိုအရိုသေတန်အောင်ပြောပြန်ပြီ ချော်လဲတာမဟုတ်ဘူး အဲ ဒါပင်မဲ့ချော်လဲသလိုပါပဲလေ"

"နင်မလဲ ချော်လဲတယ်ဆို လဲတယ် ပြီးရောရှုပ်နေတာပဲ ဒါနဲ့သူလေးက"

"မျိုးလေ"

"အော် သိပြီ နင်ပြောတဲ့ကလေးပဲ"

နေမျိုးကျက်သရေမှာသူ့အားကြည့်ကာပြော‌လာသော ထိုအမကြောင့်ကြောင်အအ။

*အပျိုကြီးကငါ့အကြောင်းဘာတွေများပြောလို့ပါလိမ့်*

"ကဲပါနင်အင်္ကျီအဝတ်အစားသွားလဲတော့ သွားသွား"

နှင်းမေမှာနေမျိုးကျက်သရေ အေးသံသာအားကြည့်နေသည်နှင့် ညီမဖြစ်သူကိုအတင်းနှင်လွှတ်နေတော့သည်။

"အေးပါဟဲ့ သွားပါမယ် "

‌အေးသံသာမှာအခန်းထဲကပြန်ထွက်သွားလေသည်။

"ဆရာမ"

"ရှင်"

"ကျွန်တော့်အကြောင်းဘာတွေပြောထားလို့လဲ"

"မင်းရုပ်ဆိုးကြောင်း"

"ဟာဗျာ ဆရာမနော်"

"စတာစတာ တို့ကိုမြန်မြန်ကျွေးမခွံ့လဲနေတော့ကိုယ့်ပါ့သာကိုစားတော့မယ် ပေး"

နှင်းမေမှာ သူ့ရဲ့လက်ထဲမှပန်းကန်အားယူရန်ပြင်နေသောကြောင့် နေမျိုးကျက်သရေဘေးသို့ရွေးလိုက်သည်။

"ခွံ့မှာ ပြီးရင်လဲဆေးတိုက်ပြီးမှပြန်မယ် တော်ကြာရှုပ်ပြာရှုပ်ပြာလေးက ဆေးတွေသောက်ခါနီးဖျောက်ပစ်မှာစိုးလို့"

နေမျိုးကျက်သရေရဲ့ရွှပ်နောက်နောက်စကားအပြီး လှပသောမျက်စောင်းလေးကသူ့ထံကျရောက်လာသည်။

*လှလိုက်တဲ့မျက်စောင်းလေး*

သူကိုယ်တိုင်ပင်မသိလိုက်ပဲပါးချိုင့်များနစ်ဝင်သည်အထိနှစ်ချိုက်စွာပြုံးမိလိုက်သည်။

"အာ..နောက်တစ်လုပ်"

----------------------
"နေကြီး မနေ့ညနေကပွဲဘာလို့မလာတာလဲ"

ဆိုင်ကယ်အားအိမ်ရှေ့သို့ရပ်လိုက်သည်နှင့် အိမ်ထဲမှခင်ကြီးမှထွက်လာကာတံခါးဖွင့်လျက်ဆိုသည်။

"ငါနေသိပ်မကောင်းလို့ကွ"

"မသိပါဘူးဗျာ ဟိုမှာအကုန်လုံးကစောင့်နေတာကို ခင်ဗျားမလာတော့သောက်ရတာပျင်းစရာကြီး"

"မင်းကလဲကွာငါမှ နေမကောင်းပဲပြီးတော့ငါရှောင်တော့မလားလို့"

"စောက်ပိုတွေပြောပြန်ပြီဗျာ အပျိုကြီးလင်ရသွားတယ်ဆိုတာကမှယုံရအုံးမယ်"

"တော်စမ်းပါကွာ ဖတ်..ဖတ်.. လွဲပါစေ ဘယ်နှယ့်ငါ့အပျိုကြီးကလင်ရရမှာတုန်း"

စကား‌ပြောလျက်ပင်နေမျိုးကျက်သရေလဲဆိုဖာပေါ်ဝင်ထိုင်လိုက်သည်။ခင်ကြီးမှာတော့ရယ်လျက်ကြည့်နေပေသည်။

"ကဲပါကျွန်တော်က သဘောပြောတာပါ ဘာသောက်အုံးမလဲ"

"မသောက်ဘူး"

"ဒါနဲ့ခုမှသတိရတယ် မနက်ကအပျိုကြီးလဲ‌ နေမကောင်းဘူးဆိုပြီးကျောင်းမလာဘူးနော်အဲ့တာကိုလဲနေကြီးကကြိုသိနေပါလား ပြီးတော့ အခုနေကြီးလဲနေမကောင်းဆို‌တော့စဉ်းစားချင်စရာပဲ"

"နောက်မှစဉ်းစားအဲ့ကိစ္စ ပုတီးတို့ကိုစောင့်လိုက်အုံး ငါပြောစရာရှိတယ်ကွ"

"အေးပါဗျာအဲ့တာကြောင့်ပဲကျွန်တော့်အိမ်မှာလူစုံတာမဟုတ်ဘူးလား"

ခင်ကြီးမှာနေမျိုးကျက်သရေရဲ့မျက်နှာချင်းဆိုင်ခုံမှာဝင်ထိုင်လျက်ဆိုသည်။

"အောင်မလေး နေကြီးရေ~~~~"

"ဟဲ့ဘာဖြစ်တာတုန်းဟ အလန့်တကြား"

ပြော၍ပင်မဆုံးသေးအသက်ရှည်အုံးမည့်ပုတီးမှာသူ့နာမည်အားအော်လျက်ဝင်လာပေသည်။

"အဲ့ကောင်မ အဲ့ကောင်မလေညီမကိုလင်တောင်မယူရသေးဘဲသေအောင်လုပ်နေတာ"

ပုတီးရဲ့အနောက်မှာသော့အားလက်ညိုးဖြင့်လှည့်ကာဝင်လာသော ရှိုင်းလမင်းချို။ မျက်နှာမှာလဲ လူယုတ်မှာအပြုံးဆက်မြန်းလျက်။

"ဟဲဟဲ ပုတီးမရယ်အဲ့လောက်လဲမလန့်ပါနဲ့ဟ ငါနင်သေအောင်တော့မလုပ်ပါဘူးဟ ငါလဲလင်မယူရသေးတာကို"

"ဘာဖြစ်လာကြတာတုန်း"

နေကြီးလဲပုတီးအားကြည့်ကာမေးလိုက်သည်။

"သူလေ သူပေါ့ ဒီနေ့ ညီမဆိုင်ကယ်မောင်းပါမယ်ဆိုတာ သူမနေ့ကသူ့အဖေဆီကဆိုင်ကယ်မောင်းသင်ထားလို့သူစမ်းမောင်းချင်တယ်ဆိုပြီး ညီမကိုတင်မောင်းတယ်လေ ခုတော့နောက်က‌ေနဘုရားစာပေါင်းစုံဆိုပြီးလိုက်လာရတယ် တကယ်ပဲ"

ပုတီးမှာအခုမှရင်အေးရသည်ဆိုသည့်ပုံဖြင့်ပြောလာသည်။

"ကဲပါ အဲ့ကိစ္စတွေထားပြောစရာရှိတယ်"

"ဟုတ်ပြောလေ"

နေကြီးလဲလေးယောက်စုံပြီမို့ပြောစရာအကြောင်းအရာကိုစလိုက်သည်။

"ငါတို့စာမေးပွဲကမနက်ဖြန်စပြီ အဲ့တော့စာမေးပွဲပြီးလို့သီတင်းကျွတ်ပိတ်ရက်ကျခရီးထွက်ရအောင်"

"ဘယ်သူနဲ့လဲ"

"အပျိုကြီးနဲ့"

"ရပြီ နေကြီးရေမလိုက်တော့ဘူးပိုက်ဆံလဲကုန်နားပူမဲ့အလုပ်မျိုး ခင်ကြီးမလုပ်လုပ်ရင်ခင်ကြီးမဟုတ်"

အပျိုကြီးဟုကြားသည်နှင့်ပင်ခင်ကြီးမှစငြင်းလေပြီ။

"မင်းတို့ကလဲဘာဖြစ်လို့လဲဟ ငါ့ဟာလေးကအဲ့လောက်လဲမပြောပါဘူးကွာ ဆရာမနီလဲပါမယ်လေ"

"‌အမေကပါမှာ"

"အေးလေ"

"နေကြီးရယ်အဲ့တော့ညီမကပျော်ရပါတော့မလားလို့"

ပုတီးမှာဆူပုတ်ကာဆိုလာပေသည်။

"ကဲတော်ကြတော့ အားလုံးလိုက်ရမယ် ဒါပဲ ငါတို့လေးယောက်လုံးလိုက်ရမယ်  meeting finished"

နေကြီးရဲ့တစ်ချက်လွှတ်အမိန့်အပြီးငြီးငြူသံများဆူညံလို့ပင်။

#2466words
#1.8.2023

ရတဲ့အချိန်လေးမှာရေးပေးလိုက်ပါတယ်နော် စိတ်ရှည်ရှည်စောင့်ပေးကြလို့တကယ်ကျေးဇူးတင်ရပါတယ်။ နောက်အပိုင်းမှာ ခရီးတူတူသွားကြမဲ့ အပျိုကြီးနဲ့နေမျိုးကျက်သရေကိုစောင့်ကြည့်ပေးကြပါအုံးနော်။


You are reading the story above: TeenFic.Net