အပိုင်း(၁၅)

Background color
Font
Font size
Line height

"နေကြီးရေ စောလိုက်ချည်လားကျူရှင်လာတာကလဲ"

"အိမ်မှာလုပ်စရာမှမရှိပဲဟာ"

"မသိပါဘူး ရက် မှားနေလားလို့ ဒီနေ့အပျိုကြီးလာမယ်များထင်ပြီးရောက်လာတာလားလို့"

"ငါသိပါတယ်ဟာ ဒီနေ့က Monday သူ့ကျူရှင်မရှိမှန်း"

"ဒါနဲ့မကြီး တော်တော်တော့သတိထားနော် မဒီကို"

"အင်းငါသိပါတယ်"

"ပြီးတော့ ကျန်တဲ့အလုပ်တွေသမီးဆက်လုပ်ပေးမယ်"

"နင်တကယ်ပြောနေတာလား"

ရှုံမဲ့နေသောနေမျိုးကျက်သရေ မျက်နှာမှာအနည်းငယ်ရွှင်လန်းလာပြီဖြစ်သည်။

"အင်း မကြီး လိုလဲဘေးကနေနည်းနည်းပဲကူလေ ကျန်တဲ့ dialogue တွေသမီးဆက်ပြောလိုက်မယ်"

"ကျေးဇူးတင်လိုက်တာဗျာ မုန့်ဝယ်ကျွေးမယ်နောက်မှ"

"နေပါ ရပါတယ် သမီးလဲသိပ်ကြည့်မရတာမလို့ အဲ့မကြီး မဒီကို"

"အေးပါ ငါတို့ရှောင်နေကြတာပေါ့"

"ကဲအဲ့တာဆိုလဲခဏစောင့်ညီမရေချိုးလိုက်အုံးမယ်"

"အေးအေး"

ပုတီးလဲရေချိုးခန်းထဲဝင်သွားပြီးနောက် နေကြီးလဲလွယ်အိတ်ကိုနေရာချကာ အပေါ်ထပ်သို့တက်ကာဖုန်းလေးအားဖွင့်သည်။

ထို့နောက်လိုင်းပေါ်တက်လိုက်တော့ သူမရဲ့အပျိုကြီးရဲ့ Active now

စာလေးတစ်လုံးပို့ဖို့တောင် တုန်ရီလာသောလက်များအား အမျိုးမျိုးကြိုးစားအားယူကာရိုက်လိုက်သည်။

'ဆရာမသက်သာသွားပြီလား'

ပို့ပြီးခဏအကြာတော့ seenပြလေသည်။

'သက်သာပါတယ် ထမင်းပဲမစားချင်တာ'

ချက်ခြင်းပြန်ဝင်လာသောစာလေးကြောင့်မိမိ‌ တောင်မသိခင်ပြုံးမိသည်။

'တစ်ခုခုတော့စားပါဆေး‌လေးသောက်ဖို့'

ထို့‌နောက်ပို့လာတဲ့💓 emojiလေးကြောင့်နေမျိုးကျက်သရေ တစ်ယောက်ကဆုန်ပေါက်နေပြီဖြစ်သည်။

'ကြေးအိုးသောက်ချင်လို့လိုက်ဝယ်တာမရ တောင်ရိပ်မွန် မှာတော့ရှိတယ် အဲ့ဘက်မသွားနိုင်တော့လို့'

*ဪ ငါ့ကလေးကကြေးအိုးသောက်ချင်နေတာပါလား*

နေမျိုးကျက်သရေ လက်အားအနည်းငယ်ပြန်လှုပ်ရှားလိုက်သည်။

'ညနေကပြောရောပေါ့ ကျွန်တော်ဝယ်ပြီး လာပို့ပေးမှာပေါ့ဗျာ'

'ဆေးခန်းသွားပြီမှ စားချင်လာတာအရည်လေးတစ်ခုခုသောက်ချင်လာတာ ph no ကလဲမမှတ်မိ အစကလှမ်းခိုင်းဦးမလို့ စာသင်နေတာဖြစ်မှာစိုးလို့'

'ရပါတယ်ဗျာ ပြောတာမဟုတ်ဘူး အခုစားမလား'

'အိုကွယ် အခုကမှောင်စပျိုးပြီလေ နေပါ စာသင်ရမယ်မလား သေချာလိုက်လုပ်အုံးနော်'

'ဟုတ်ဗျ ဒါနဲ့ မနက်ဖြန်တော့ကျောင်းလာမယ်မလားဟင်'

'လာမှာပေါ့ရှင် ရှင်ကကျွန်မကိုအိမ်မှာဘယ်လောက်တောင်နေစေချင်လို့တုန်း'

'မဟုတ်ရပါဘူးဆရာမရာ ကျွန်တော်က ဆရာမမလာမှာစိုးရိမ်နေတာ'

'ဘာဖြစ်လို့'

'လွမ်းလို့'

ဒေါင်းနှင်းမေ မမျှော်လင့်ပဲပို့လာတဲ့ စကားလေးနှစ်လုံးကြောင့် အမည်မသိခံစားမှုလေးဖြစ်ပေါ်လာသည်။

*ဒီကလေး ဘာတွေပို့နေတာလဲ ဪ ငါကလဲဘာတွေတွေးနေတာပါလိမ့် ဆရာမကျောင်းမလာတာကိုသတိရတာဖြစ်မှာပါလေ*

တစ်ဖက်တွင်နေမျိုးကျက်သရေတစ်ယောက် လက်လွန်ကြက်သွန်ဖြစ်သွား‌သောကြောင့် ခုမှဘာ‌‌တွေပို့မိလိုက်လဲပြန်စဉ်းစားရပြန်သည်။

*ငါတော့ ပြောရင်းပြောရင်း လက်လွန်ကုန်ပြီဟ ပြန်ဖုံးမှ*

'ဟိုဟာလေ မနက်ဖြန်သမီးဝယ်လာခဲ့မယ်လေ ကြေးအိုး'

'မဝယ်ခဲ့နဲ့မီးရေ ဆရာမအများကြီးမသောက်နိုင်
ပြီးတော့အားနာတယ်'

'မရပါဘူးဗျာ မနက်ဖြန်ညနေအိမ်လာပို့မယ်အဲ့ဆို
ကျောင်းမှာမသောက်ချင်ရင်'

'မလုပ်ပါနဲ့ဆို နေ'

'ဆရာမ မကုန်ရင်ဖွားဖွားတို့ နဲ့တူတူသောက် နော်လို့'

'စိတ်ချမ်းသာတယ် ဘာမှမပြောရဲတော့ဘူး You တို့ရှေ့မှာ'

'ဆရာမကလဲဗျာစားစေချင်လို့ကို စိတ်မဆိုးရဘူးလေဗျ'

'💓'

နောက်ဆုံးပို့လာတဲ့အသည်းပုံလေးကြောင့်နှစ်ချိုက်စွာပါးချိုင့်များနစ်ဝင်သည်အထိပြုံးလိုက်သည်။

ဖုန်းကိုပိတ်လိုက်ကာနေဝင်နေစပြုနေပြီဖြစ်သောကောင်းကင်အားငေးကြည့်နေလိုက်သည်။

*လွမ်းတယ်အပျိုကြီးရဲ့*
.

.
.

"နေကြီး မနက်ကျောင်းကိုစောလာမှာလား"

ဆရာမနီနီရဲ့math သင်ပြီးလို့လွယ်အိတ်ထဲစာအုပ်တွေထည့်သိမ်းနေစဉ်ခင်ကြီးမှဆိုလာသည်။

"ဘာဖြစ်လို့လဲသားကြီးခင်ကြီးရ"

"ကျွန်တော်အခန်းသော့ပေးလိုက်ချင်လို့ဗျ အဝါအသင်းခေါင်းဆောင်ကမနက်ဖြန်ကျောင်းမတက်ဘူးဆိုပြီး အခန်းသော့လက်ထဲထိုးထည့်သွားလို့ နေကြီးသိတဲ့အတိုင်းကျွန်တော်က စောရောက်မှာမဟုတ်ဘူး မနက်ကျူရှင်လဲရှိတော့"

"အေးပါကွာ ပေးပေး ငါစောရောက်မယ်"

"အေးပါဗျာ ကျေးဇူးပါနောက်မှပြန်ကူညီမယ်ဗျာ ဒါနဲ့နေကြီးကအစောကြီးသွားမှာဆို‌တော့အသင်းရှိလို့လဲမဟုတ်ပဲ ဘာသွားလုပ်မလို့လဲ"

"အပျိုကြီး ဆွဲခြင်းသယ်ပေးရမယ်လေ"

"အောင်မလေးဗျာ ဘာတွေများအရေးကြီးလဲလို့ ဟိုကကျောင်းရောတက်မှာမလို့လားမနက်ကနေမကောင်းလို့ပြန်သွားတာကို"

"တက်မှာပါကွာ"

"သေချာနေတဲ့ရုပ်ကြီးနဲ့ပါလား‌ဗျ"

"သေချာလို့ပေါ့ ထားပါငါတို့ပြန်ကြမယ်လေ"

နေကြီးတို့လဲ အောက်ထပ်ပြန်ဆင်းလာပြီ ကိုယ်ဆီကိုယ့်ဆိုင်ကယ်ဘေးနေရာယူလိုက်သည်။

"ဟျောင့်"

နေမျိုးကျက်သရေမှ မေခင်မြတ်နိုးရဲ့ဆိုင်ကယ်ဦးထုတ်အားလှမ်းပစ်ပေးလိုက်ပြီး သူကိုယ်တိုင်လဲဆိုင်ကယ်ဦးထုတ်ဆောင်းလိုက်သည်။

"ဘာလဲနေကြီးကစချင်ပြန်ပြီလား"

"သေချာတာပေါ့ကွ တစ် roundလောက်ဆွဲရအောင်"

နေမျိုးကျက်သရေဆိုင်ကယ်မှာ အနီနဲ့အနက်စပ်ထားသော sportbike ခင်ကြီးရဲ့ဆိုင်ကယ်ကတော့ အဖြူအနက်စပ်ထားသော sportbike ပင်။

ဆိုင်ကယ်ပေါ်သို့တက်ကာနေရာယူလိုက်ကြပြီးနောက်ဆိုင်ကယ်နှစ်စီးမှာအရှိန်ပြင်းစွာထွက်ခွာသွားသည်။

"ဪ ဒီသေနာလေးတွေပြိုင်စီးကြပြန်ပြီဟဲ့ ‌နှင်းမေကိုပြောအုန်းမှ နေမျိုးကျက်သရေကိုနိုင်တာလဲသူပဲရှိတယ်"

ကျူရှင်သင်ပြီးလသာဆောင်မှာပန်းပင်များကိုရေလောင်းနေသောဆရာမနီမှာ သူ့တပည့်နှစ်ယောက်ကိုကြည့်ပြီးသွေးတက်ရပြန်သည်။

________________________
မနက်ခင်းလေးမှာနိုးလာခဲ့
အရင်ဆုံးမင်းကိုလွမ်းပါတယ်...

မနက်စောစောရေချိုးခန်းထဲမှမြည်ဟီးလာသောအသံတစ်ခု။ယောင်္ကျားဆန်သောသူ၏ မိန်းမဆန်သောသီချင်းဆိုသံ။

"သမီးရေ မြန်မြန်လုပ်လွမ်းတာနောက်မှလွမ်း "

ရေချိုးခန်း၏အပြင်ဖက်မှဖခင်ရဲ့အသံကြောင့်သီချင်းဆိုနေသူနေမျိုးကျက်‌သရေမှာကြောင်အမ်းအမ်းဖြစ်သွားရသည်။

"ဘာဖြစ်လို့လဲဗျ အဖေရ"

နေကြီးလဲအထဲမှပြန်အော်ကာမေးသည်။

"အဖေ ကျောင်းဘက်သွားမှာမလို့လိုက်မလားလို့ လမ်းကြုံလို့ နင့်မောင်က လိုက်ဖို့ကျစောသေးလို့"

"ဟုတ်အဖေ လိုက်မယ်လိုက်မယ်"

နေကြီးလဲရေကို ၃ခွက်ချိုးနည်းဖြင့်အမြန်ချိုးကာထွက်လာသည်။

အပြင်အရောက်အဆင်သင့်လှမ်းထားသော အဖြူအစိမ်းကိုဝတ်လိုက်ပြီး အပေါ်မှ သူ့ရဲ့မူပိုင် အနွေးထည် အဖြူအနက် တွေစီထားတဲ့ထဲမှအဖြူရောင်တစ်ထည်ကိုအပေါ်မှဝတ်လိုက်သည်။

မျက်နှာအား suncreamကို 2 fingers methodဖြင့်လူးကာ အောက်ထပ်သို့ပြေးဆင်း၍ ပေါင်မုန့်အားပါးစပ်ထဲထိုးထည့်လိုက်သည်။

သူမအတွက်မနက်စာကတော့မနေ့ညထဲကသူဝယ်ခဲ့ပြီးဖြစ်သည်။

နဂိုလိုပင် မနက်ခင်းကျန်းမာရေးနဲ့ညီညွတ်စေမည့်juice တစ်ခုခုနှင့် သူမ ကြိုက်တဲ့ပူတင်းပေါင်မုန့်။

ထို့‌နောက်အရှေ့မှာစောင့်နေပြီဖြစ်သောအဖေ့ကားပေါ်တက်လိုက်တာ ကျောင်းသို့လိုက်လာခဲ့သည်။

"အဖေ မုန့်ဖိုးပေးအုံးလေ"

" ဘယ်လောက်လဲ"

"၁၀၀၀၀လေ"

"ဟများလှချည်လား "

"ဟာဒီအပတ်အတွက်လေ မနေ့က‌တောင်ပေးရမှာကို ဒီနေ့ယူတာကျေးဇူးတင်ဗျ"

"‌ဪ တစ်ပတ်တောင်ပြည့်သွားပြီလားဟ ရော့ရော့"

ကျောင်းရှေ့ရောက်ပြီဖြစ်၍အဖေမှကားရပ်လိုက်ပြီးပိုက်ဆံထုတ်ပေးသည်။ နေကြီးလဲပိုက်ဆံအားသူ့ pocket ထဲ့လိုက်ပြီးကျောင်းသို့ဝင်လာခဲ့သည်။

အခန်းရှေ့ရောက်တော့လွယ်အိတ်ထဲမှ သော့ကိုထုတ်ကာအခန်းတံခါးဖွင့်လိုက်သည်။

လွယ်အိတ်တွေကို ဒီနေ့ ကျတဲ့နေရာမှာထလိုက်ပြီး ထမင်းချိုင့်အား စင်ပေါ်တင်ပြီး အပြင်ဘက်
သို့ထွက်ကာအပျိုကြီးအားစောင့်နေလိုက်သည်။

ထင်သိအတိုင်းသူ့ကလေးဟာကျောင်းကိုစောရောက်လာသည်။ ဒေါင်းနှင်းမေမှာ ကျောင်းကို တခြားသူများထက်စောရောက်တတ်သည်။

နေကြီးလဲ ဒေါင်းနှင်းမေအနားသွားကာ ခြင်းတောင်းအားဆွဲလိုက်သည်။

"ရှင်လေးနော် စောလိုက်ချည်လား"

"စောရမှာပေါ့ ဆရာမကအစောကြီးလာမှတော့"

"ကျွန်မကကျွန်မအလုပ်ရှိလို့စောလာတာလေ ရှင်ကဘာဖြစ်လို့စောလာရ‌တာတုန်း"

"ကျွန်တော်လဲအလုပ်ရှိတယ်လေ"

"ဘာအလုပ်လဲ" ဟုဆိုကာသူ့အားဒေါင်းနှင်းမေမှမေးလေးငေါ့ပြလာသည်။

"ဆရာမကိုကြိုရမဲ့တာဝန်လေ"

"အောင်မယ် ရှင်မကြိုလဲရပါတယ်ကျွန်မက ဒီခြင်းလောက်တော့သယ်နိုင်တယ်ရှင့် ပြီးတော့တပည့်တွေခေါ်ခိုင်းလိုက်လဲရတယ် "

"မရပါဘူးနော်ကျွန်တော်ပဲကြိုမှာ တခြားလူတွေကိုမကြိုခိုင်းနဲ့"

"ဟင်ဘာဖြစ်လို့ "

*အူတိုလို့ဗျ အူတိုလို့*ဟုပြောလိုက်ချင်သော်လဲမျိုသိပ်လိုက်ရသည်။ တဖြည်းဖြည်းဖြေရအခက်တွေအောင်လုပ်နေသောအပျိုကြီးကြောင့်နေကြီးမှာ အကျပ်တွေ့နေပြီဖြစ်သည်။

"ဘာ ဘာမှမဖြစ်ပါဘူး မ မသိဘူးဗျာကျွန်တော်ပဲသယ်ပေးမယ်"

"ဟင် သယ်မယ်ဆိုတာကြီးပဲ ကျွန်မကိုတောင်သယ်သွားမလားပဲ"

"သယ်လို့ရရင်သယ်တာပေါ့ဗျာ"

"ဘယ်လို မင်းနော်"

"မဟုတ်ဘူးလေ ဆရာမကိုဆိုလဲကျွန်တော်အားနဲ့သယ်လို့ရတယ်လို့ပြောတာ မယုံရင်‌ချီပြမယ်လေ" ဟုဆိုကာသူ့အားချီမလို့ပြင်နေသောနေမျိုးကျက်သရေအား နှင်းမေ အမြန်တားရပြန်သည်။

"အောင်မလေး ရပ် ရပ် ရှင်နိုင်မှန်းကျွန်မသိပါတယ် လာပါတော့ အခန်းဆီသွားရအောင်"

"ဟုတ်"

ဒေါင်းနှင်းမေအရှေ့ကနေသူမရဲ့ပိုက်ဆံအိတ်အနီကိုကိုင်ကာကျော့မော့စွာထွက်လာသည်။

အနောက်ကကလေးမှာ သူရဲ့စာအုပ်အထုပ်တွေ ပစ္စည်းတွေနဲ့ ထမင်းခြင်းတောင်းကိုသယ်လာသည်။သူမရဲ့ဆိုင်ကယ်ဦးထုတ်ကိုလဲခေါင်းမှာဆောင်းထားသေးသောကြောင့် နှင်းမေ အနောက်ကိုခိုးခိုးကြည့်ပြီးရယ်ချင်လာသည်။

"ကဲဆရာမ ဒီမှာချထားပေးမယ်နော်"

သူမရဲ့စားပွဲပေါ်သို့အထုပ်တွေနဲ့ပစ္စည်းတွေကိုချပြီး လွယ်အိတ်နားသို့ပြေးသွားပြန်ပြီ။

"မနက်စာရပါပြီဗျ"

"ကဲဟုတ်ပါပြီရှင် ဒါနဲ့နေ့တိုင်းဝယ်ကျွေးနေတော့မှာလားဟင် ဆရာမတကယ်ခေါက်ဆွဲပြုတ်သောက်လို့မရတော့ဘူးလား"

ဒေါင်းနှင်းမေမှာသူ့အားမျက်လုံးဝိုင်းလေးများနှင့်ကြည့်ကာပြောလာသည်မှာချစ်စရာပင်။

"အဟင်း ရတော့ရပါတယ်"

"တကယ်လား"

ဒေါင်းနှင်းမေရဲ့မျက်နှာလေးမှာလိုချင်တာရသွားလို့ပြုံးပျော်သွားသည်။

"အင်း ဒါပင်မဲ့ကျွန်တော်ပဲပြုတ်တိုက်မယ် အဲ့readymade တော့မသောက်ရဘူးပြီးတော့ခုတော့ခဏလေးနေအုံးနော် နေမကောင်းသေးတာမလို့"

"အင်းပါအင်းပါ"

တဖန်ပြန်လည်ကာ နှုတ်ခမ်းဖူးဖူးလေးတွေကိုထော်ကာဆူပုတ်ပုတ်ပြောလာသည်။

နှင်းမေကိုယ်တိုင်ပင်လဲ ထိုကလေးနှင့်နှစ်ယောက်ထဲရှိချိန်တိုင်း အလိုလိုကလေးဆန်လာသည်ဟုထင်သည်။ ပြီး‌တော့ထိုကလေးဟာသူ့အားလိုအပ်တာထက်ပို၍ဂရုစိုက်သည်၊သူမရဲ့အချို့ကိစ္စတွေကိုလည်းတားဆီးတတ်သည်။ သို့သော်လည်း သူကိုယ်တိုင်ပင်ပြင်ဆင်ရန်မကြိုးစားမိ။

"ကဲဆရာမ ကျွန်တော်ပြန်လာမယ်ခဏလေးနော်"

"ဟင်ဒို့တစ်ယောက်ထဲအခန်းထဲ"

"ခဏလေးပါဗျာ တကယ်ခဏလေးပါပဲ"

နှင်းမေလဲခေါင်းလေးငြိမ့်ပြလိုက်သည်။ ထိုကလေးဟာအပြင်ကိုပြေးထွက်သွားသည် သူမရဲ့စကားတိုင်းပင်ခဏအကြာတွင်ပြန်ရောက်လာသည်။ ပြီးနောက်သူ့ရဲ့ရှေ့တွေငုတ်တုတ်လေးထိုင်လိုက်သည်။

"ဆရာမ ဘယ်ဘက်လက်လေးပေး"

"ဟင် ဘာဖြစ်လို့"

"လုပ်ပါဗျာပေးပါ"

‌ ဒေါင်းနှင်းမေလဲသူမရဲ့လက်လေးအားရှေ့သို့ထုတ်ပေးလိုက်သည်။

နေမျိုးကျက်သရေဟာ သူရဲ့ အိတ်ကပ်ထဲမှာ အနာကပ်ပလာစတာ လေးကိုထုတ်ပြီးဖောက်ကာ သူရဲ့ ဘယ်ဘက်လက်ညိုးကဒဏ်ရာလေးအားကပ်ပေးသည်။

"ရပြီ ဘယ်လိုဒဏ်ရာရလာလဲမသိပင်မဲ့နာနေတယ်တော့မဟုတ်လား"

"အင်း မင်းဘယ်လိုတွေ့တာလဲဟင် "

"ဆရာမကိုကျွန်တော်က မျက်စိထောင့်ထောက်ကြည့်နေတာပါဗျ အကုန်မြင်ပါတယ် နောက်ဂရုစိုက်နော်"

"အင်းပါ"

"ကြည့်ရတာတော့လက်လေးရှထားပုံပဲ"

"ဟုတ်တယ်မနေ့ကအိမ်ပြန်ရောက်တော့ခေါင်းတွေမူးလို့သံပုရာ‌ရည်လေးသောက်ချင်တာ ဖျော်မလို့ဆိုပြီး လှီးတာလက်ထိသွားလို့"

"ဖြစ်ရမယ်ဗျာ နေ့လည်တစ်ခါအသစ်လာကပ်ပေးမယ်နော်"

"အင်း"

နေမျိုးကျက်သရေလဲ ထိုင်နေရာမှ အပေါ်သို့မော့ကြည့်မိတော့ သူ့အားခေါင်းလေးငုံ့ကာကြည့်နေတဲ့ ဆရာမနဲ့အကြည့်ဆုံမိသည်။

"ဟာ ဆရာမ နေကောင်းသွားပြီလား ဟျောင့်နေကြီးမင်းကဆရာမရှေ့ငုတ်တုတ်ထိုင်ပြီးဘာလုပ်နေတာလဲကွ ဆရာမ‌ ရှေ့ကမုန့်‌တွေတောင်းစားနေတာလား"

အချိန်ကောင်းမှလာဖျက်ဆီးသော ကောင်းစံသစ်အားနေမျိုးကျက်သရေ စိတ်ထဲမှ မေတ္တာပို့အမျှပါဝေလိုက်ပြီဖြစ်သည်။

နေမျိုးကျက်သရေလဲထိုင်နေရာမှထလိုက်ကာ ကောင်းစံသစ်နားသွား၍ တိုးတိတ်စွာပြောလိုက်သည်။

"သွားသုံးဆယ်နှစ်‌ချောင်းလုံးအပြည့်အစုံရှိချင်ပါးစပ်ပိတ်လိုက်တော့နော်"

နှင်းမေမှာ နေမျိုးကျက်သရေဘာပြောလိုက်သလဲမသိ ငြိမ်ကုတ်စွာလွယ်အိတ်ထားပြီး အပြင်သို့ပြန်ထွက်သွားသော ကောင်းစံသစ်အားကြည့်နေမိသည်။

"ဆရာမနားနေခန်းတံခါးဖွင့်ပြီ သွားကြမယ်လေ"

"ဟင် အေးအေး ဒါနဲ့လေ မျိုး ခုနကဘာပြောလိုက်လို့လဲကောင်းစံသစ်ငြိမ်သွားတာ"

" ဘာမှမဟုတ်ပါဘူး ဒီလိုပါပဲဆရာမရဲ့ခေါင်းထဲမထားနဲ့ လာ"

"ဪ ဒါနဲ့ညနေပြဇာတ်တိုက်ရမှာနော်"

"ဟုတ်တယ်လေ ဆရာမရဲ့"

" ဆရာမမနေ့က ပြန်လိုက်တာနဲ့ လူ‌ရွေးတာတောင်မသိလိုက်ရဘူး ဘယ်သူပါသွားလဲဟင် ဆရာမအသင်းက"

"ကျွန်တော်တို့အခန်းကတော့ ရှိုင်းလမင်းချိုပါသွားတယ်လေ"

"ဟုတ်လားဒါနဲ့ မင်းရော"

"ကျွန်တော်ကဇာတ်ညွှန်းရေးပေးတယ်လေဗျ ကျွန်တော့်အသင်းမှာ"

"ဒါဆိုဒို့နှစ်ယောက်ကပြိုင်ဘက်တွေနော်"

"ဟားဟား ဆရာမသာအနိုင်လိုချင်ရင်ပြိုင်မနေတော့ပါဘူးအရှုံးပေးပါတယ်ဗျာ"

"ရပါတယ် တို့ကတရားမျှတစွာပြိုင်ရတာပဲကြိုက်တယ်"

"ကဲဆရာမ နားနေခန်းလဲရောက်ပြီဆိုတော့ နားနော် မနက်စာလဲစားလိုက်အုံး နေ့ခင်းကျွန်တော်ပြန်လာမယ်နော် ပြီးတော့ အချိန်ပိုင်းစာအုပ်တွေယူသွားပြီ‌‌နော်"

သူမရဲ့အနောက်ဖက်မှ ပြတင်းပေါက်တံခါးများကိုဖွင့်ကာပြောနေသောထိုကလေးကြောင့် နှင်းမေ ကျေနပ်စွာပြုံးမိပြန်သည်။

ဒေါင်းနှင်းမေမှာ အခန်းထဲ‌ေရာက်လျှင်တခြားတပည့်များနှင့်‌အတူရှိနေသောကြောင့်တည်တံ့စွာနေရသည် ဆရာဆိုတဲ့ဂုဏ်ကိုအရိုအသေမတန်စေလိုပါ။ ဒါကိုနားလည်သောထိုကလေးကသူစာသင်နေရင်တော့ ခုလိုမဟုတ် ငြိမ်သက်စွာသင်ယူပြီး သူ့ထက်ပင်တစ်ခါတစ်လေတည်တံ့နေတတ်သည်။

သူ့ရှေ့ကစာအုပ်တွေကိုယူကာပြုံးပြ၍ ထွက်သွားအပြီး လက်မှ အနာကတ်ပလာစတာလေးအားကြည့်မိသည်။

အဖြူပေါ်မှာမှပန်းရောင်ပန်းပွင့်လေးတချို့နဲ့ပင်။

#2617words
#18.6.2023

စာလုံးပေါင်းလေးတွေမှားနေရင်သည်းခံဖတ်ပေးကြပါ‌နော်။ caroပြန်စစ်ဖို့အချိန်သိပ်မရလို့ပါ။ လုံးဝအဆင်မပြေတဲ့နေရာလေးတွေဆိုတစ်ချက်လာပြောပေးကြပါနော်။

ဖတ်ရှုပေးကြလို့ကျေးဇူးပါ🤍


You are reading the story above: TeenFic.Net