"နေမျိုးကျက်သရေ"
"ဟေ"
"မင်းအနီအသင်းသားအားလုံး မြနှင်းဆီခန်းမထဲလာတဲ့အစည်းအဝေး ဆရာမနီခေါ်ခိုင်းလိုက်တယ်"
"အေးအေး"
နေကြီးတစ်ယောက်ပထမချိန်ကျောင်းတက်ပြီးလို့ ဆရာမ ဒေါင်းနှင်းမေကိုနားနေခန်းပို့ပြီးပြန်အလာ G11 မှ မြတ်နိုးဦးမှလာပြောခြင်းဖြစ်သည်။
ဆရာမနီမှာ G11အနီအသင်းရဲ့ခေါင်းဆောင်ဆရာမဖြစ်သည်။
နေကြီးလဲအခန်းထဲဝင်ကာ ပုတီးနဲ့ ခင်ကြီးအားအတူ အနီအသင်းသားများအားပြောလိုက်သည်။ နေကြီးတို့အနီလဲခန်းမထဲသို့ရောက်လာကြသည်။အခန်းထဲမှာလဲ မြတ်နိုးဦးတို့ေကျာ်ကြီးတို့ရောက်နှင့်ပြီးဖြစ်သည်။ သူတို့မှာလဲG11ရဲ့အနီအသင်းသားများဖြစ်သည်။
ကျန်အသင်းများမှာလဲအသီးသီးသူတို့ဆရာမများနဲ့သူတို့ထွက်သွားကြပြီဖြစ်သည်။
ဒေါင်းနှင်းမေကတော့လိမ္မော်အသင်းရဲ့ဆရာမပေ။
*ခုချိန်သူလဲသူ့အသင်းအစည်းအဝေးမှာရှိနေလောက်ရောပေါ့*
နေကြီးတို့လဲခန်းမထဲရောက်တော့ စက်ဝိုင်းပုံစံစုဝေးထိုင်လိုက်သည်။အလယ်မှာတော့ဆရာမတွေပေါ့။
ထို့နောက်ဆရာမနီမှ
"ကဲအားလုံးကိုခေါ်ရတာက ဆရာမတို့အားလုံး လူကုန်ကူးမှုတိုက်ဖျက်ရေး ပညာပေး ပြဇာတ်ကရမှာမလို့ပဲ အသင်းလိုက်ပြိုင်ကြရမှာဖြစ်တယ်"
ဆရာမနီပြောအပြီး နေကြီးတို့G10အနီအသင်းဆရာမဒေါ်ခိုင်အိရွှေကလဲဆိုပြန်သည်။
"အဲ့တော့မင်းတို့ထဲကသင့်တော်မဲ့ပါဝင်မဲ့လူတစ်ချို့ရွေးတာပေါ့"
"အမေ ဒါနဲ့ဇာတ်ညွှန်းကရော"
ပုတီးမှ သူ့အမေ ဆရာမနီအားမေးသည်။
"အင်း အဲ့တာလဲပြောမလို့ ဒီထဲမှာလက်စလက်နရေးတက်တဲ့သူဘယ်သူရှိမလဲ"
"ဆရာမG11မှာတော့မဒီရှိတယ်"
မြတ်နိုးဦးမှ ဆရာမနီကိုပြောသည်။
"အင်းဟုတ်ပြီ နောက်ထပ်တစ်ယောက်လောက်လိုသေးတယ်လေ သူနဲ့တူတူရေးဖို့တိုင်ပင်ပြီး"
"အမေ နေကြီးရှိတယ်လေ"
ပုတီးမှ သူ့အမေအားပြတင်းပေါက်ဘက်လှည့်ကာအသံတိတ်နေကြီးကိုလက်ညှိုးထိုးပြလေသည်။
"ဟေ ငါငါ"
နေမျိုးကျက်သရေမှာလဲသူ့ကိုသူလက်ညိုးထိုးလျက်ကြောင်အအနှင့်ပြန်မေးလာသည်။
"ဟုတ်တယ်လေ နေကြီးရေးတာပဲကို"
"ကဲနေမျိုးကျက်သရေ "
"ဗျာဆရာမ"
"သူနဲ့တူတူရေးလိုက် ဇာတ်ညွှန်းကို"
"ငါတို့ဒီညနေစပြီးတို့အခန်းရွေးပြီးအစမ်း Dialogues ချနိုင်အောင်ပြီးအောင်ရေးပေး"
"ညနေတဲ့လားဆရာမရယ်"
"ဘာလဲမရနိုင်လို့လား"
"ရ ရနိုင်ပါတယ်"
*မရဘူးပြောလဲငါ့လုပ်အုံးမယ်ဆရာမနီက ရအောင်ရေးရတော့မှာပေါ့ ဒီမိန်းမနဲ့ထပ်ပတ်သက်ရအုံးမှာပါလား*
"ကဲ ဟုတ်ပြီ ဇာတ်ညွှန်းရေးမဲ့နှစ်ယောက်လဲရပြီဆိုတော့ ခိုင်ရေ ဒို့တွေ သရုပ်ဆောင်ဖို့ထပ်ရွေးကြရအောင်"
"ဟုတ်အမ"
"မဒီ လူဆိုးလုပ်ဖို့လူဘယ်လောက်လောက်လိုမလဲ အဓိက ချိတ်ဆက်ပေးမဲ့လူမျိုးပေါ့"
"အင်းအဓိက လူဆိုးကဒီဘက်က ချိတ်ဆက်ပေးဖို့ခိုင်းဖို့ကတော့နှစ်ယောက်လောက်ပဲလိုပါတယ်"
"ဟုတ်ပြီ နေမျိုးကျက်သရေ ဘယ်သူ့ကိုထည့်ချင်လဲ"
"မြတ်နိုးဦးနဲ့ ခင်ကြီး သူတို့နှစ်ယောက်"
*ခံခံ ငါတစ်ယောက်ထဲတော့မလုပ်နိုင်ဘူးမင်းတို့ကိုပါဆွဲသွင်းမှာ*
နေကြီးမှ လူရုပ်မာရုပ်နဲ့ပြုံးနေသော်လဲ ဟိုနှစ်ကောင်မှာတော့သူ့အားဝါးစားမတက်ကြည့်နေသည်။
"အင်းအဲ့တာလဲမဆိုးပါဘူး အဲ့နှစ်ယောက်ကဆိုဒ်တူဂိုက်တူ နှစ်ယောက် သူတို့ပဲထည့်လိုက်တာပေါ့"
ဆရာမခိုင်အိမှထောက်ခံလိုက်၍ ဟိုနှစ်ကောင်မှပြောခွင့်မသာတော့
"လူကုန်ကူးဖို့စကားနဲ့လိုက်ကြောင်းလမ်းမဲ့သူကိုရော"
"မဒီပဲထားလိုက်ပါဆရာမ သူနဲ့လိုက်ပါတယ်"
"အေးလေ အဲ့တာလဲကောင်းပါတယ်"
ဒီလိုနဲ့ နေကြီးတို့လဲနောက်ထပ်လာရောက်ဖမ်းဆီးမဲ့ ရဲဌာန ၊ ကယ်ဆယ်ရေးအသီးသီးရွေးလိုက်ကြသည်။
"နေမျိုးကျက်သရေ နင်ကရော သရုပ်မဆောင်ဘူးလား"
"ဟင်အင်းဆရာမ လိုမှသာဝင်လုပ်ပေးမယ်လေ"
"အေးပါ"
နေကြီးလဲ ဆရာမခိုင်အိကိုပြောပြီးနောက် အခန်းပြန်ရန်ပုတီးတို့ကိုခဏစောင့်နေသည်။
"ဟဲ့ နေမျိုးကျက်သရေ မပြန်နဲ့အုံး နင်ဇာတ်ညွှန်းရေးရမှာလေ မဒီနဲ့လိုက်သွား"
"ဟာဆရာမ ဒါဆိုကျွန်တော်စာမသင်ရတော့ဘူးပေါ့"
"အေး ငါဆရာမတွေပြောထားတယ် ဒီနေ့ကအသင်းတိုင်းအလုပ်လုပ်ကြမှာပဲ"
"ဟုတ်ကဲ့ ဒါနဲ့ဘယ်မှာရေးရမှာလဲ"
"သိပ္ပံခန်း G11ရဲ့အပေါ်ထပ် ဆရာမကြီးရုံးခန်းဘေး"
"ဪ ဟုတ်ကဲ့"
*သွားပါပြီ ဒီနေ့တော့ ငါအပျိုကြီးကိုမငမ်းရတော့ဘူးလားဟ နဂိုလိုဖြတ်လျှောက်တာလေးတောင်မကြည့်ရတော့ဘူး*
နေပူပူထဲ မျက်နှာကြီးရှုံမဲ့ကာ မဒီနှင့်အတူ အပေါ်ထပ်တက်သွားသော နေကြီးကိုကြည့်ပြီးပုတီးတို့အူတက်အောက်ရယ်နေကြသည်။
"ဟားဟား ခင်ကြီး နေကြီးရုပ်ကိုကြည့်စမ်း သနားပါတယ်ဟယ်ရှုံမဲ့လို့ သူတော့မငမ်းရတော့ဘူး"
"အေးနော် အီးမှန်ထားတဲ့ရုပ်နဲ့ ဟားဟား"
နေကြီးတစ်ယောက်ရှေ့ကိုလျှောက်နေသော်လဲကျောသိပ်မလုံချင် ဖြစ်နေသောကြောင့်နောက်ကိုလှည့်ကြည့်မိသည်။
သူ့ကိုကြည့်ကာရယ်နေသောခင်ကြီးနဲ့ပုတီး။
နေကြီးမျက်စောင်းတစ်ချက်ထိုးလိုက်မှ ခေါင်းလေးတွေငုံကာ အခန်းဆီပြန်သွားကြသည်။
________________________
"ဘာမှမဖြစ်ပါဘူး နင့်အပိုဒ်ကိုသာနင်ပြီးအောင်ရေး"
"မဟုတ်ပါဘူးဒို့က မင်းစိတ်တွေလွင့်နေတယ်ထင်လို့ ဒီအအေးလေးသောက်ပါလား"
သူ့ဆီသို့မဒီမှ လိမ္မော်အအေးဘူးလေးကမ်းပေးလာသည်။
"ရတယ်ငါမသောက်ချင်ဘူး"
"ဪ စိတ်ကြည်သွားအောင်သောက်လိုက်ပါဆို"
အတင်းကမ်းပေးလာသောကြောင့်နေမျိုးကျက်သရေစိတ်ညစ်လာသည်။
"မလိုဘူးရတယ် ခဏနေလဲထမင်းစားကျောင်းလွှတ်တော့မှာ ငါ့အပိုင်းနှစ်လဲပြီးပြီ နင်သာကိုယ့်ဘာသာပြီးအောင်ရေး"
နေမျိုးကျက်သရေလဲ သူရေးပြီးတဲ့ အပိုင်း Dialogues တွေကိုပေးပြီး လက်ကနာရီကိုတစ်ချက်ကြည့်လိုက်သည်။
နေ့လည် ၁၂:၃၀
"ငါသွားတော့မယ် ထမင်းစားကျောင်းလဲလွှတ်ပြီ။ထမင်းစားချိန်ပြီးမှပြန်လာမယ်"
နေမျိုးကျက်သရေလဲအခန်းထဲသို့ပြန်လာသည်။
ပုတီးတို့မှထမင်းချိုင့်တွေယူကာအသင့်စောင့်နေကြသည်။
"နေကြီးမြန်မြန်လာဒီမှာ ထမင်းပြင်ပြီးပြီ အားလုံးစောင့်နေတာ"
"အေး"
နေကြီးလဲသိမ့်တုန်ဘေးမှဝင်ထိုင်လိုက်သည်။
"ဘယ်လိုလဲနေကြီး အဆင်ပြေရဲ့လား"
ခင်ကြီးမှသူ့အားကြည့်ကာမေးလာသည်။
"အင်းပြေပါတယ် ဒီညနေတော့အားလုံးပြီးလောက်ပါတယ် ပြန်တော့သွားရအုံးမယ်"
"Fighting နေကြီး"
ပုတီးမှသူ့အားလက်သီးလေးဆုပ်ကာ အားပေးလာသောကြောင့်ပြန်ပြုံးပြလိုက်သည်။
"အေးပါ"
"တော်ပြီလားနေကြီးရဲ့စားအုံးလေ"
"တော်ပြီငါသူ့ကိုမုန့်သွားကျွေးမလို့"
"ဘယ်သူ့ကိုလဲ"
"အပျိုကြီးကိုလေ ဘယ်သူရှိရမလဲဟ"
"ဆရာမကပြန်သွားပြီလေ နေသိပ်မကောင်းလို့တဲ့"
"ဘယ်လိုငါလဲမသိရပါလား"
"ဟုတ်တယ် ထမင်းစားကျောင်းမလွှတ်ခင်ကပဲ ကိုယ်ပူလို့တဲ့"
"ဟာကွာ စိတ်ညစ်ပါတယ်"
"နေကြီးကလဲဘာဖြစ်လို့လဲ"
"ဒီနေ့ကတော့ပြဿဒါးပဲဟေ့"
နေမျိုးကျက်သရေ ထမင်းချိုင့်ကိုစင်ပေါ်ပြန်ထားကာ စာရေးမည့်အဆောင်သို့သာပြန်တက်လာခဲ့သည်။ သူ့အပျိုကြီးမရှိရင် သူဟာ ကျောင်းထဲမှာလေလွင့်နေသောနွားတစ်ကောင်လိုပင်။
*ဒေါင်းရယ် မင်းဖျားနေတာတောင်ကိုယ်မသိလိုက်ရဘူး*
သူ့ကလေးဖျားနေတာကိုတောင်မသိလိုက်ပဲ ဘာမှမလုပ်ပေးနိုင်လို့သူ့ကိုသူလဲဒေါသထွက်ရပါသည်။
"ရေရေ ဘာဖြစ်နေတာလဲ ရေရေလို့"
သူ့ရဲ့ပုခုံးအားလှုပ်ခတ်ကာ မဒီမှမေးလာသည်။
"တောက်.. ရေဆာနေလဲ ရေသာမျိုစို့ပြီးသောက်နေလိုက် အရေးမပါဘူး နင်ငါနဲ့ဝေးဝေး နေပါလားဟာ စိတ်တွေညစ်နေလို့ပါ"
စိတ်ညစ်တဲ့ကြားထဲ မဒီ ကပါဘာဖြစ်လာသလဲသူမသိတော့ပါ ထိုရိသဲသဲအသံနဲ့ရုံးပတေသီးအရေဖျော်ထားသော အသံများမှာလဲ သူ့နားနှင့်အဆင်မပြေလှ။
"နင်ဒီမှာရေးမှာမလား ငါဟိုထောင့်မှာသွားရေးလိုက်မယ် ကိုယ့်အလုပ်သာပြီးအောင်လုပ်စမ်းပါ"
နေမျိုးကျက်သရေလဲ အဝေးရှိအခန်းရဲ့ပြတင်း ပေါက်နားသွားကာ ကျန်သည်များကိုအမြန်ဆက်ရေးနေလိုက်သည်။
တဖြည်းဖြည်းနဲ့နောက်ဆုံးအချိန်သို့လဲရောက်တော့မည်။
*ပြီးပြီ*
ထိုင်နေရာမှထကာစာရွက်များကိုယူလျက်ထွက်လာသည်။
"ပြီးသွားပြီလားဟင် ရေရေ"
"ပြီးပြီ ပြီးတော့ငါ့ကိုရေရေလို့မခေါ်စမ်းပါနဲ့ဘာကြီးမှန်းမသိဘူး ငါ့နာမည်နေမျိုးကျက်သရေ"
"ဟင်အရှည်ကြီးပဲလေ အတိုချုပ်ခေါ်တဲ့ဟာကို"
"နင်နဲ့ငါအဲ့လောက် ခင်မင်လို့လား နင်ကြောင့်နဲ့လဲငါ့သူငယ်ချင်းတစ်ယောက်ဆုံးရှုံးခဲ့ပြီးပြီလေ နင်ပါ့နင် gay တာမှန်ပင်မဲ့လူ့အဆင့်တန်းတော့နားလည်သင့်တယ်မလား"
"ဆုံးရှုံးခဲ့တာငါကြောင့်မှမဟုတ်ပဲ ငါသူ့ကိုဘာမှမလုပ်ခဲ့ဘူးလေ သူကငါ့ကြိုက်ခဲ့ပင်မဲ့ ငါကနင့်ကိုပဲကြိုက်ခဲ့တာ နင်အသိဆုံးမလား"
တဖြည်းဖြည်းအနားတိုးလာသော မဒီကြောင့် နေကြီးအနောက်ကို ခြေတစ်လှမ်းဆုတ်လိုက်သည်။
"တော်ပြီ နောက်ကိုငါ့ကိုနာမည်ပြည့်စုံခေါ်နိုင်တယ် အကောင်းဆုံးကတော့မခေါ်နဲ့ ပြီးတော့ ငါ့နာမည်ကိုတစ်လုံးထဲခေါ်တာငါမကြိုက်ဘူး အထူးသဖြင့် နင့်လိုမိန်းကလေးမျိုးပေါ့ ဒီကိစ္စပြီးရင်ငါတို့ပက်သက်စရာလဲမရှိဘူး"
နေကြီးလဲပြောပြီး အခန်းပြင်ကို ထွက်ရန်ပြင်သည်။
"ငါကြားရတဲ့သတင်းကမှန်တာပဲ သူကကောဘယ်လောက်ကောင်းနေလို့လဲ ငါ့လိုငယ်ရွယ်တဲ့လူစားမျိုးလဲမဟုတ်တာကို ဘာလဲ နင်ကအဲ့လို အိုတဲ့လူတွေမှကြိုက်တာလား"
အပြင်အရောက်အနောက်မှကြားလိုက်ရသောစကားကြောင့် ဒေါသများဟာထောင်းခနဲ
"ဘာ"
အခန်းထဲသို့ပြန်ဝင်ကာ မဒီနဲ့မျက်နှာချင်းဆိုင်လိုက်သည်။
"အေးလေ အသက် ကလဲနင့်ထက်ကြီးတယ် ပြီးတော့ဘယ်နေရာမှာအသုံးဝင်မလဲ သူ့လိုလူကကော နင့်ကိုဘာပြန်ပေးနိုင်မယ်လို့ထင်လဲ ငွေကြေးလဲ အဲ့လောက်မပိုင်ဆိုင်တာကို ငါ့မုန့်ဖိုးကတောင်သူ့ထက်များနိုင်တယ်"
"မဒီနင်တော်တော့ ငါမိုက်ရိုင်းမိမယ်နော် နင့်ပါးစပ်ကထွက်ရလောက်တဲ့ထိ နင်နဲ့သူက အဆင့်တူမနေဘူး ဆိုတာမှတ်ထား"
နေမျိုးကျက်သရေရဲ့ မျက်လုံးအစုံမှာ မီးဟုန်းဟုန်းတောက်သကဲ့သို့။
"မှန်တော့လဲ နာမှာပေါ့ ဒါနဲ့ နင့်လူက အပျိုရောစစ်တာသေချာရဲ့လား လှည်းကြိုးထမ်းနေရမယ်နော်"
"နောက်ဆုံးသူမ အပျိုမစစ်တောင်နင့်လိုကောင်မထက်တော့အစတစ်ရာသာတယ် နင်က ကိုယ်အောက်တန်းစားဆန်တာကို လူသိစေချင်တာပဲ"
"ငါက အောက်တန်းစားဆန်တာလူသိတယ်ဆို ကိုယ့်ဆရာမကိုကိုယ်ကြိုက်နေတဲ့နင်ကရော"
"ဒီမှာမဒီ စကားတွေရှည်ရှည်ဝေးဝေးမပြောချင်ဘူး သူ့ကိုထိရင်နင့်ကိုဒီတိုင်းမထားဘူးဆိုတာမှတ်ထား"
"ကောင်းပြီလေ နေမျိုးကျက်သရေ ငါကမစားရတဲ့အမဲသဲနဲ့ပက်တတ်တာနင်သိမှာပါ"
"သိပါတယ် နင့်လိုလူကခွေးလောက်တောင်အဆင့်မရှိတာကို လုပ်ပါ ငါရှိသ၍ သူဘယ်တော့မှမထိခိုက်စေရဘူး"
___________________________
"နေကြီးဘာဖြစ်လာတာလဲ ကျန်တဲ့လူတွေကသွားပြီလေ သမီးတောင်အခုပဲသွားမလို့ စာအုပ်သိမ်းတာမပြီးသေးလို့"
ပြဇာတ်တိုက်ရမဲ့ အဆောင်မှာရှိမနေပဲ သူမရဲ့ဘေးကို ဒေါသထွက်ကာဝင်လာသောနေကြီး ကိုကြည့်ကာပုတီးမေးလိုက်သည်။
"ငါသူနဲ့ဆက်မပတ်သက်ချင်ဘူး အခုပွဲမှာ ငါ့ကိုဖြုတ်လိုက်"
"အဲ့လိုလုပ်လို့မရဘူးလေ ပါဝင်သူစာရင်းနဲ့ ကိုယ်စီအလုပ်တွေ အတွက်လူစာရင်းဆရာမကြီးဆီအပ်လိုက်ပြီ"
"တောက်..စိတ်ညစ်လိုက်တာကွာ"
"ဘာဖြစ်လို့လဲနေကြီးရယ် ဇာတ်ညွန်းရေးရအဆင်မပြေလို့လား"
"ပြေတယ် ငါ့အပိုင်းတွေအားလုံးအပ်ခဲ့ပြီးပြီ"
"အင်းလေ အဲ့တာဆိုဘာဖြစ်လို့လဲ ညီမကိုပြောလေ"
နေကြီးလဲ သူနဲ့မဒီဖြစ်ပျက်ခဲ့သမျှအရာရာအားလုံးကိုပြောပြလိုက်သည်။
"အဲ့တာဆို မဒီကြောင့် နေကြီးသူငယ်ချင်းကအဝေးကိုထွက်သွားခဲ့တာပေါ့"
"အင်း ငါသူငယ်ချင်း သတိုးသူရိန်က သူ့ကိုသိပ်ကြိုက်ခဲ့တာ ငယ်ရွယ်တဲ့သူကလှလဲလှတာကိုဒါပင်မဲ့ မဒီက ငါ့ကိုကြိုက်ခဲ့တယ် အနားမှာရှိတဲ့ ငါ့သူငယ်ချင်းသတိုးကိုအရုပ်လိုအသုံးချတယ် ခိုင်းချင်သလိုခိုင်းခဲ့တယ် အရမ်းကိုချစ်တဲ့ သတိုးကအရာရာကို အလိုလိုက်တယ် နောက်ဆုံးတော့သူကိုငါကစိတ်မဝင်စာခဲ့ဘူးလေ တော့ငါနဲ့သတိုးကိုပြဿနာတွေတက်အောင်လုပ်တော့တာပဲ သူ့စကားကိုပဲနားထောင်တဲ့သတိုးကငါသူ့ကိုသစ္စာဖောက်တယ်လို့ထင်သွားတာ"
"သူပြန်မလာတော့ဘူးလား"
"အင်းအဲ့ကောင်က သူ့မိဘတွေနဲ့အတူ နိုင်ငံခြားကိုထွက်သွားတယ် ဒါဟာ မဒီအကျင့်ပဲလေ သူဖြစ်ချင်တဲ့အတိုင်းမဖြစ်ရင် တခြားသူတွေကိုပါအရာရာကိုထိခိုက်အောင်လုပ်တာ"
"ဒါဆိုဘယ်လိုလုပ်ချင်လဲမကြီး"
"နင် Dialogues တွေချပေးနိုင်မလား ငါ့အစား"
"အင်းရတယ်လေ လာနေကြီး အခုသွားရတော့မယ် သမီးတို့ နောက်ကျနေပြီ "
"အင်း"
"စိတ်မညစ်ပါနဲ့ သမီးတို့ရှိတာပဲ သူမကြီးကို အဲ့လောက်မကပ်နိုင်ပါဘူး ပြီးတော့ဒေါင်းနှင်းမေဆိုတာ လွယ်တဲ့သူမှမဟုတ်ပဲ နေကြီးဂာလေးက"
"အေးပါ "
သူ့ကလေး မလွယ်ကြောလေးအကြောင်းကိုတွေးမိတော့ နေမျိုးကျက်သရေပြုံးမိသည်။
အရှေ့ကပုတီးသွားရာနောက်ကိုသာနောက်မှလိုက်ခဲ့သည်။
"နေမျိုးကျက်သရေရယ် ငါတို့ကဘယ်ရောက်သွားလဲလို့"
"ရေဆာလို့အခန်းခဏပြန်သွားတာပါ"
"အေးပါအားလုံးလဲရောက်ပြီဆိုတော့ ဒီနေ့က အတည်ကြီးမဟုတ်တောင် တစ်ယောက်ကိုနည်းနည်းဆီလောက် dialogue နဲ့ သူတို့လုပ်ရမဲ့အခြေခံသဘောတရားလေးတွေပြောပြလိုက်လလေနော် ဟိုမှာမဒီရှိတယ်"
ပုတီးတစ်ယောက် သူ့အမေညွှန်ပြတဲ့ ဘက်ကိုလှည့်ကြီးလိုက်ပြီး
"အမေ နေကြီးကိုခဏနားခိုင်းလိုက် သမီးလုပ်လိုက်မယ်"
"ဟဲ့ရေးထားတာကသူလေ နင်ကဘာလုပ်တတ်လို့လဲ"
"ရပါတယ်အမေရယ် သမီးလုပ်လိုက်မယ်"
"အေးပါဖြစ်လဲပြီးရောလေ ရော့ ပြောရမဲ့စာရွက်တွေ"
နေကြီးလဲအပြင်ပြန်ထွက်ပြီးပြဇာတ်တိုက်မဲ့အဆောင်ဝန်ရံတာမှာရပ်နေလိုက်သည်။
*ဒီကျောင်းဝန်းထဲ မင်းသာ ရွေ့လျားနေရင်ကိုယ်ခုလိုလွမ်းနေရမှာမဟုတ်ဘူး ဒေါင်းငယ်*
"ဟိုဟာလေ ပုတီး နေမျိုးကျက်သရေကော"
စာရွက်တစ်ချို့ကိုင်ကာလျောက်လာသောပုတီးကို မဒီမှာလှမ်းမေးသည်။
"ဪ သူလား အပုပ်စော်နံတဲ့လူတွေကြောင့်ခေါင်းမူးလို့တဲ့ အနားယူနေတယ် အလုပ်ပဲလုပ်ကြရအောင် မကြီးမဒီ"
"ဟင်..အင်းအင်း"
#2662words
#10.6.2023
တောင်းပန်ပါတယ်🙏 ဘယ်လိုမှမအားလို့caroမတင်ပေးနိုင်တာ တစ်ပတ်ကိုအနည်းဆုံးတစ်ပိုင်းတော့တင်နိုင်အောင်ကြိုးစားနေပါတယ်။
You are reading the story above: TeenFic.Net