"အမခုနကအမကလေး အမကိုလာရှာသွားတယ်"
ထမင်းစားကျောင်းလွှတ်ချိန်မို့ နှင်းမေ အဆောင်11 အခန်းမှာစာသင်ပြီးပြန်လာတော့ ထိပ်ထားမှဆိုလာသည်။
"ဘယ်သူလဲဟင်"
"အမရယ်ဘယ်သူရှိရမလဲ အမရဲ့နိုင်လူလေ နေမျိုးကျက်သရေပေါ့"
"ဟုတ်လားအမက စာလေးတွေမပျက်သေးတာနဲ့ဟိုအခန်းမှာကြာနေတာ"
"ဘာကိစ္စရှိလို့လဲမသိဘူး ထမင်းတောင်မစားသေးပဲလာတာဆိုတော့ အမသွားတွေ့လိုက်အုံးလေ"
"ထိပ်ထားရယ် အမသွားစရာမလိုပါဘူး ခဏနေနောက်တစ်ခေါက်ရောက်လာလိမ့်မယ်သူ"
နှင်းမေဟာ သူမရဲ့ခုံမှာထိုင်၍ ထမင်းချိုင့်အားဖွင့်လျက်ဆိုလာသည်။
နှင်းမေလဲပါလာတဲ့ ကြက်သားကြော်နဲ့ထမင်းစားပြီး ချိုင့်အံလေးကိုပြန်ဆင့်ကာ သူမဖတ်လက်စဝတ္ထုလေးအား ဆက်ဖတ်နေလိုက်သည်။
"ဟိုမှာလာနေပါပြီ အမလူ"
ထိပ်ထားမှာ ပြတင်းပေါက်အပြင်ဘက်ကိုကြည့်ကာဆိုလာသည်။
"ဆရာမ"
နေမျိုးကျက်သရေဟာ ကြားမှာရှိတဲ့ဆရာမသုံးယောက်လောက်ကိုကျော်ပြီး နှင်းမေရှိရာစားပွဲထိပ်ဆုံးသို့ရောက်သွားသည်။
"နေမျိုးကျက်သရေ ရေ နင့်အဒေါ်ငါတစ်ယောက်လုံးကဒီမှာသိလား"
ဆရာမစောယုဝါမှ သူ့အားမျက်စောင်းထိုးကာဆိုလာသည်။
နေမျိုးကျက်သရေ ဒေါင်းနှင်းမေဘက်ကိုကြည့်တော့ရှက်ပြုံးလေးပြုံးလျက်။
"ဆရာမကလဲ ကျွန်တော်မြင်ပါတယ် နည်းနည်းလေးအရေးကြီးနေလို့ ဟဲ"
နေမျိုးကျက်သရေမှာ စပ်ဖြီးဖြီးဖြင့်ပင် ဒေါင်းနှင်းမေဘက်လှည့်လျက် လက်လေးအားယူလိုက်သည်။
ကျန်ဆရာမများမှာဝောာ့ သူတို့နှစ်ယောက်အားကြည့်ကာရှုံ့မဲ့လို့
သို့သော်လဲအချစ်ဓာတ်မွှန်နေသောနေမျိုးကျက်သရေမှာ ဘယ်သူ့ကိုမှဂရုမစိုက်အားပဲဒေါင်းနှင်းမေရဲ့ လက်ကအနာလေးကိုသာငြင်သာစွာကိုင်လျက် ပလာစတာအသစ်ကိုကပ်ပေးနေသည်။
"ဟယ်ပြည့်သက်ဝိုင်းဇော် ဘာဖြစ်လာတာလဲ"
ဆရာမ ရည်မွန်အသံကြောင့်အားလုံးအကြည့်ဟာငိုယိုကာ နားနေခန်းထဲဝင်လာသောမိန်းကလေးတစ်ဦးထံသို့ရောက်ရှိသွားကြသည်။
"ဟိုဟာမပေါ့ သမီးတင်မဟုတ်ပဲ နောက်သူငယ်ချင်းတစ်ယောက်ထပ်ထားတယ်လေ"
"ဟဲ့ နင့်တစ်ယောက်ထဲကို သူကပေါင်းရမှာလား သူငယ်ချင်းအသစ်ရတာပဲဘာဖြစ်တာမလို့ဟယ် လန့်လိုက်တာ"
ဒေါ်ထိပ်ထားဗိုလ်မှ ထိုမိန်းကလေးအနားသို့လျှောက်သွားကာဆိုလေသည်။
"လာခဲ့အော်ကြီးဟစ်ကျယ်နဲ့ နင့် ကိုးတန်းအဆောင်ကိုပြန် ဘယ်နှယ့် ငါတို့နားနေခန်းထဲလာပြီးနားပူနားဆာလာလုပ်နေတာတုန်း"
ဆရာမထိပ်ထားက သူမရှေ့ရပ်ကာပြောနေသောလဲ ထိုမိန်းကလေးမှာနေကြီးတို့နှစ်ယောက်ဘက်ကိုစိုက်ကြည့်လာပြန်သည်။
"လာလာ ပြန်တော့ဆို ထမင်းစားချိန်လဲကုန်တော့မှာ"
ဒေါ်ထိပ်ထားဗိုလ်မှဆွဲကာခေါ်သွားလေသည်။
နေကြီးလဲအဖြစ်အပျက်ကိုကြည့်ပြီး ဒေါင်းနှင်းမေအားပြန်ကြည့်တော့တခြားသူတွေလောက်ထိုမိန်းကလေး ဝင်လာသည်ကို အရေးစိုက်ပုံမပေါ်။
"ဆရာမ ကျွန်တော်အခန်းပြန်လိုက်အုံးမယ်နော်"
နေကြီးလဲလက်လေးအားကပ်ပေးအပြီးပြောတော့ ဒေါင်းနှင်းမေမှာ ကလေးသဖွယ်ခေါင်းလေးငြိမ့်ကာ "အင်း" ဟုဆိုရှာသည်။
နေကြီးလဲအခန်းပြန်ရောက်တော့ ခင်ကြီးနားသို့ဝင်ကာထိုမိန်းကလေးဘယ်သူလဲဟုမေးလိုက်တော့ ခင်ကြီးမှ
"သူလား ကင်းအောင်နေတာ အကောင်းဆုံးပဲသူနဲ့က သူက psychopathလေ"
"ဟင်"
"အင်းဟုတ်တယ် သူက နဂိုထဲကပြဿနာရှာတက်တာနေကြီးရဲ့ ဘာကြီးမှန်းလဲမသိပါဘူးဗျာ ရှောင်တာတော့အကောင်းဆုံးပဲ"
"အေးပါ"
ပြဇာတ်ကဖို့အချိန်က သုံးရက်လောက်သာရသည့်မို့ နေကြီးတို့တွေမှာ အချိန်ဇယားအရ ထမင်းစားကျောင်းလွှတ်ပြီး နောက်ပိုင်း ပြဇာတ်တိုက်ကြရသည်။
အသင်းအစုံဟာလဲ သူတို့အဆောက်အဦးတစ်ခုဆီမှာ လေ့ကျင့်နေကြပြီး တစ်ဆောင်နှင့်တစ်ဆောင်ကူးပြီး သွားကြည့်ခွင့်လဲမရှိပေ။
နေကြီးမှာခင်ကြီးနှင့်အတူအအေးနှင့်မုန့်ဝယ်ပြီးချိန်မှာပင်ကျောင်းခေါ်သွားတယ်။
သရုပ်ဆောင်ဖို့နောက်ကျမှာစိုးသောကြောင့် ခင်ကြီးမှာ ပြဇာတ်တိုက်ရန်အဆောင်သို့ လျှင်မြန်စွာလျှောက်နေပြီး နေမျိုးကျက်သရေမှာတော့အေးချမ်းစွာပင်။
လမ်းလျှောက်နေရင်းမှာ သူသွားမဲ့လမ်းနားကအခန်းထဲတွင်ရှိသောဒေါင်းနှင်းမေအားတွေ့လိုက်သောကြောင့်နေကြီးအပြေးလေးသွားလိုက်သည်။
နှင်းမေမှာလဲစာသင်နေတုန်းသူ့ဆီသို့လာနေသောကလေးကြောင့်အခန်းပြင်ထွက်ကာစောင့်နေသည်။
"ဆရာမ"ဟုဆိုတာသူ့အအေးလေးကိုင်လျက်တိုက်လာသောကြောင့် ဒေါင်းနှင်းမေလဲနေမျိူးကျက်သရေလက်ကိုအပေါ်မှထပ်ကိုင်ထားလျက်ပင် ပိုက်မှတစ်စုပ်သောက်လိုက်သည်။
"ဒီမုန့်လေးကိုလဲယူထားနော် ကျွန်တော်သွားရတော့မှာမလို့"
"အေးပါ ကောင်းကောင်းလုပ်ခဲ့နော်"
နေမျိုးကျက်သရေလဲပါးချိုင့်များနစ်ဝင်သည်အထိပြုံးပြကာ သူ့အလုပ်ရှိရာ အဆောင် အပေါ်ထပ်သို့တက်လာသည်။
လှေကားထိပ်ရောက်တော့ ခင်ကြီးမှ စောင့်နေသည်။
"ဘယ်လိုဖြစ်လို့ကြာနေတာလဲဗျာ"
"ငါ Toiletခဏဝင်နေလို့ဟဲဟဲ"
"ဟုတ်ကောဟုတ်ရဲ့လားလဲမသိပါဘူးဗျာ"
ရှုံမဲ့ကာဆိုလာတော့နေကြီးလဲပုခုံးအားဖက်လျက်ပင် ခင်ကြီးနဲ့အတူအခန်းထဲဝင်လိုက်သည်။
"ဪ နေ လာပြီလား"
အခန်းထဲအဝင်မှာပင်ကြားလိုက်ရသော မဒီ့ရဲ့ပြစ်ချွဲချွဲအသံကြောင့်စိတ်ပျက်မိသည်။
"အင်း"
"လာလေ အဲ့တာဆို တို့အတူ dialogueတွေချပေးကြမယ်လေ"
"မကြီးမဒီအဲ့တာကညီမလုပ်မှာ နေကြီးရဲ့တာဝန်ကပြီးပြီလေ ကျန်တာညီမပဲဆက်လုပ်တော့မှာ"
ဘောပင်လေးကိုင်လျက် လျှောက်လာသောပုတီးအားနေကြီးဘယ်တုန်းကမှအဲ့လောက်မကြည်ညိုဖူးပါ။
*ကျေးဇူးတွေတင်လိုက်တာကယ်တင်ရှင်လေးရယ်*
"ကဲအလုပ်လုပ်လိုက်အုံးနော် ငါသွားတော့မယ်"
နေကြီးလဲမဒီကိုခပ်ချေချေပြောကာ ဆရာမ တွေနားသွားထိုင်လိုက်သည်။
သို့သော်မျက်နှာမှာတော့ ပြဇာတ်တိုက်တဲ့ဘက်မလှည့်ပဲ သူ့အပျိုကြီးရှိရာအဆောင်ဘက်သို့လှည့်လျက်ပင်။
.
.
_______________
"ဟာဗျာနေကြီးရယ်ကိုယ့်ဘာသာကိုသွားပါဗျာ"
"မင်းကလဲငါမင်းကိုကူညီထားတဲ့အကြွေးရှိတယ်လေကွာ"
" ဘာအကြွေးလဲ"
" အခန်းသော့အကြွေးလေ"
"ဟာဗျာ အဲ့တာနဲ့ပဲကျွန်တော်ကလိုက်ရမှာလားဗျာ တစ်ခြားနည်းနဲ့ဆက်မယ်လေ မရဘူးလားဗျာ"
ခင်ကြီးမှာမျက်နှာငယ်ဖြင့်သနားဖွယ်ရာဆိုလာသော်လဲသနားစရာတစ်ကွက်မှမရှိပါ။
"မရဘူးလိုက်ခဲ့"
ကောင်းကောင်းပြောမရတဲ့အဆုံးနေမျိုးကျက်သရေမှာခင်ကြီးအားဂုတ်မှဆွဲခေါ်သွားတော့သည်။
"ဟာဗျာ လွှတ်ပါဗျာ လိုက်ဆိုလိုက်ပါ့မယ်ဗျ စော်လေးတွေကြည့်နေတယ်ဗျ စောက်ရှက်မခွဲပါနဲ့ဗျ"
အတင်းရုန်းကာဆိုလာသောကြောင့်လွှတ်ပေးလိုက်သည်။
"မင်းကအရှက်ရှိတာမှမဟုတ်ပဲအစထဲက"
"နေကြီးထက်စာရင်တော်ပါသေးတယ်ဗျာ"
"လာကွာရန်ဖြစ်ဖို့အချိန်မရှိဘူး သူဗိုက်ဆာနေတော့မယ်"
"နေကြီးရယ် ဟိုးဘက်ထိသွားဝယ်ရမှာကိုတကယ်ပါပဲဗျာ"
"မရဘူး ငါ့အပျိုကြီးကအဲ့ကကြေးအိုးဆိုရအောင်တိုက်မှာပဲ"
နေမျိုးကျက်သရေဟာမြို့စွန်မှာရှိတဲ့ သူတို့မြို့ရဲ့အကောင်းဆုံးကြေးအိုးဆိုင်သို့ ခင်ကြီးကိုတင်လျက် အရှိန်ကုန်မောင်းနေသည်။
"အောင်မလေး ဘုရား ဘုရား နေကြီး ရေ မိန်းမ မိန်းမမရသေးဘူးနော်လို့"
အနောက်ကနေ အသားကုန်အော်နေလျက် ခင်ကြီးတစ်ယောက်လေထဲတွင် လွင့်မြောနေသည်။
"အရှိန်လျော့ပါဗျာ ထိုင်ကန်တော့ဆိုလဲကန်တော့ပါ့မယ်ဗျ"
နေကြီးလဲ အရှိန်အားအနည်းငယ်လျော့ပေးလိုက်သည်။
မြို့စွန်ရဲ့ တောင်အောက်၌ဖွင့်ထားသော ဆိုင်လေးထဲနေကြီးဝင်သွာသည်။
"အမရေ ကြေးအိုးတစ်ပွဲလောက်"
"အေး မောင်းလေးဘာအသားနဲ့လဲ"
"ကြက်သားနဲ့ပဲအမ ငရုတ်ကောင်းလျော့ပေးပါ ပြီးတော့အသီးအရွက်နဲ့အသားလုံးလေးပိုထည့်ပေး"
"အေးအေး"
ခင်ကြီးကတော့ဆိုင်ကယ်ပေါ်မှာပဲပျင်းရိစွာစောင့်နေသည်။
"ရပြီ မောင်လေး"
"ဘယ်လောက်လဲဗျ"
"၆၀၀၀ပါရှင်"
နေမျိုးကျက်သရေလဲ အိတ်ထဲမှ ပိုက်ဆံအားထုတ်ပေးလိုက်ပြီး ဆိုင်ကယ်ရှိရာသို့ပြန်ထွက်လာသည်။
"နေကြီးကျွန်တော်မောင်းမယ်ဗျာ နောက်ကပဲလိုက်တော့"
"ပြီးရော ငါ့လူဆီရောက်ဖို့ပဲအရေးကြီးတယ်"ဟုတ်ဆိုကာအထုတ်ဆွဲလျက် အနောက်မှာထိုင်လိုက်လာခဲ့သည်။
ပန်းမျိုးစုံးစိုက်ထားတဲ့ ခြံဝန်းလေးကိုမြင်လိုက်သည်နှင့် အထဲမှာရှိနေမည့် နတ်သမီးအားတွေးကာနေကြီးရင်ခုန်လာသည်။
အိမ်ရှေ့ကအမိုးလေးထဲမှာ ဆိုင်ကယ်ရပ်လိုက်သည်။
အထဲမှာ အဖွားတစ်ယောက်ထွက်လာသည်။ဆရာမရဲ့အမေဖြစ်မည်ထင်သည်။
"ဖွားဖွား ဆရာမရှိလားဟင်"
"အေး ရှိတယ်ကလေးတို့ ခဏနော်"
သေချာကြည့်မှ ဆရာမဟာသူမအမေနဲ့တော်တော်ကိုတူသည်ပင်။
"နှင်းမေရေ နင့်တပည့်တွေရောက်နေတယ်"
"ဟုတ်အမေ"
လူမလာခင်ပင်ကြားလိုက်ရသောအသံလေးအား နေမျိုးကျက်သရေအူယားလို့မဆုံးပင်။
"ဟယ်..မျိုး "
သူမရဲ့ ဆံပင်များကို စည်းထားပုံမှာနဂိုလိုအချိန်များကဲ့သို့မဟုတ်ပင်။မြင်တွေ့နေကြနဲ့မတူ တစ်မျိုးထူးဆန်းနေပုံမှာ အနည်းငယ်အရိုင်းဆန်လှသောအလှပင်။
အဖြူရောင်ဇာအင်္ကျီနှင့် အနက်ရောင်ထမိန်မှာ နေမျိုးကျက်သရေတစ်ခါမှမတွေးဖူးလောက်တဲ့ပုံစံမျိုးဖြစ်ပြီး တော်တော်ကိုလှနေသည်။
*အိမ်နေရင်းတောင်ဒီလောက်လှ ငါ့အိမ်သူသက်ထားဖြစ်ဘယ်လောက်တောင်လှလိုက်မလဲနော်*
"နေကြီး ပေးလိုက်လေ"
"ဟေ အေးအေး"
အချိန်ကြာသည်အထိမျက်တောင်မခတ်တမ်းကြည့်နေမိသည်ထင်သည် လက်ထဲကကြေးအိုးကိုတောင်ပေးဖို့မေ့နေသည်။
"တကယ်လာပို့တာပဲ ကျေးဇူးပါကွာ"
*ဟာကွာဘယ်လိုပုံလေးနဲ့ပြောနေပါလိမ့် သူက Tachiဖြစ်ပြီး ငါေတာင်ပြန်နွဲ့ချင်သွားတယ် ငါကသူ့ထက်ပိုပြီးကျားကြောင်းပြရမယ်*
"ရပါတယ်ဗျာ ကောင်းကောင်းစားနော် ကျန်းမာရေးဂရုစိုက်"
"အေးပါကွာ ဒါနဲ့မင်းကိုပြောစရာရှိသေးတယ် လိုင်းတက်ခဲ့အုံး"
"ဟုတ်ကဲ့"
"အေးကောင်းကောင်းပြန်နော် မိုးတွေရွာတော့မယ် ဆိုင်ကယ်နဲ့ဆိုတော့ ဘီးချောမှာစိုးလို့"
ခင်ကြီးမှာတော့ သူပါလာတာတောင်ဆရာမမှာတစ်ချက်မှမကြည့်ပဲနေကြီးနဲ့သာစကားပြောနေသောကြောင့် အပယ်ခံလိုခံစားနေရသည်။
"ဆရာမရေ ကျွန်တော်လဲပါလာပါသေးတယ်နော် နေကြီးကိုပဲစကားတွေပြောနေတယ်"
"အေးပါ ငါမြင်ပါတယ်ဟဲ့ နင်လဲ ဂရုစိုက် အခုပြဇာတ်ပြီးတာနဲ့ဒုတိယပတ်စာမေးပွဲနော်"
*ဪမပြောတော့လဲမပြောဘူး ပြောတော့လဲစာမေးပွဲရှိတာကစပြောတယ် ဆရာမလို့မပြောရဘူး*
ခင်ကြီးမှာအတွေးထဲကသာပွစိပွစိပြောနေသော်လဲ အမှန်တကယ်ထွက်သွားသည်က
"ဟုတ်ကဲ့ပါ"
"ဒါနဲ့ဆရာမမနက်က ပြဇာတ်ဆရာမအသင်းတိုက်တာသွားမကြည့်ဘူးလား"
နေမျိုးကျက်သရေရဲ့ဝင်အမေးကြောင့်ဒေါင်းနှင်းမေမှာသူ့ဘက်သို့ပြန်လှည့်လာသည်။
"အင်း ဆရာမက မနက်ဖြန်မှပဲသွားကြည့်တော့မယ် ဒီနေ့က စာသင်တာလေးတွေမပျက်လို့မသွားတော့တာ"
"ဟုတ် ကဲဆရာမ အဲ့တာဆိုကျွန်တော်ပြန်တော့မယ်"
"အင်း"
နေမျိုးကျက်သရေလဲ ဆရာမအား လက်လေးဝှေ့ပြကာနှုတ်ဆက်တော့ သူ့ကိုပြုံးလျက်ပင် ကြည့်နေသည်။
ခြံဝန်းထဲကထွက်ပြီး လမ်းပေါ်သို့ဆိုင်ကယ်ပြန်တက်သည်နှင့်ခင်ကြီးမှဆိုလာပေသည်။
"အပျိုကြီးတို့များမကောင်းပါဘူး လာတာကနှစ်ယောက် ငါ့ကိုစောက်ဖက်ကိုမလုပ်သွားဘူး"
"မင်းငါ့ကလေးကို blame စရာဘာအကြောင်းမှမရှိဘူး"
"မblameရဲပါဘူးကြောက်ပါတယ် ငါ့နှဲ့ခြိမ်းခြောက်ခံဘဝလေးပါလား"
"ဘာမှ Dramaတွေခင်းမနေနဲ့ အိမ်ပြန်မှာမလား"
"မပြန်လို့ဘယ်သွားရမှာလဲ ကိုယ်တွေက ဘဝမှာအရေးကြီးဆုံးကမိဘပဲ"
"အဲ့တာဆိုလဲပြီးရော မင်းကိုမြန်မြန်ပို့ပြီးမှငါနားအေးမှာ"
"အစထဲကမခေါ်နဲ့ရတဲ့ဟာကို"
နေမျိုးကျက်သရေလဲခင်ကြီးအားအိမ်ပြန်ပို့ပြီး သူ့အိမ်သို့ပြန်လာခဲ့သည်။
အိမ်ရောက်လို့ဖုန်းလေးဖွင့်ကာလိုင်းတက်တော့
'လာကျွေးမှာလား'
စာပို့ထားတဲ့အချိန်လေးအားကြည့်တော့သူတို့ကြေးအိုးဝယ်နေသည့်အချိနိလောက်ကပင်။
*ငါနှယ့်အဲ့လိုလဲချွဲတက်တာပဲလား ဒီစာသာအရင်မြင်ခဲ့ရင်ငါတော့အပျော်လွန်သေလောက်တယ်ဟားဟား*
နေမျိုးကျက်သရေလဲ ပြုံးဖြီးနေသောမျက်နှာကိုမျက်နှာပိုးသတ်လိုက်သည်။
ထို့နောက် အပျိုကြီးရဲ့ my dayအသစ်ဟာတက်လာပေသည်။
'ဆရာမနေမကောင်းလို့မုန့်လာကျွေးတဲ့ကလေးလေးကျေးဇူးပါလို့ အများကြီးစားပါ့မယ်လို့'
နေကြီးလဲ screenshotရိုက်ကာခင်ကြီးဆီပို့လိုက်သည်။
'ဘယ်ဘဝကဝဋ်ကြွေးကြောင့်ငါကဒါမျိုးေတွကြည့်နေရတာလဲ" ဟုပြန်ပို့လာသောကြောင့်ရယ်မိလိုက်သည်။
ထို့နောက် Daung Hnin Mayဆိုတဲ့အကောင့်လေးဆီသို့စာပို့လိုက်သည်။
'ဆရာမ'
'အေးပြောလေ"
'မဟုတ်ဘူးလေး ဆရာမပြောရမှာလေဗျာ ပြောစရာရှိလို့ဆို'
'ဪ ဟုတ်တယ် တို့တွေ ဒီသီတင်းကျွတ်စာမေးပွဲဖြေပြီးကျောင်းပတ်ရက်ခရီးသွားကြရအောင်'
'နှစ်ယောက်ထဲလား'
'ဟင်မဟုတ်ဘူးလေကျူရှင်ကလေးတွေနဲ့တူတူ ဆရာမနီရော"
*နှစ်ယောက်ထဲဆိုပိုကောင်းမဲ့ဟာကိုပျိုကြီးကလဲ*
'ဟုတ်ကဲ့ပါသွားကြမယ်လေ'
'အင်းအဲ့တာလေးပြောချင်တာ တို့တွေ ဘုရားဖူးမယ်ပြီးရင် water boomမှာရေကစားကြတာပေါ့'
'ဆရာမရဲ့အမိန့်တော်အတိုင်းပါဗျာ'
'ဟုတ်ပါပြီ ဟုတ်ပါပြီ မင်းလေးကိုအရင်လာပြောတာကျန်တဲ့လူတွေကိုနောက်မှပြောလိုက်တော့"
'ဟုတ်ကဲ့ပါဗျာ'
'အင်းsee you tomorrow ကလေး'
'see you tomorrow 🧡ဆရာမဒေါင်းငယ်'
___________________________________
#2374 words
#26.6.2023
You are reading the story above: TeenFic.Net