"သားကြီးတို့အချစ်ဆိုတာဘာလဲ"
"ဇီးထုပ်လေ စားမလို့လားနေကြီး ရော့"
ပုတီးတို့အိမ်ရဲ့အပေါ်ဆုံးထပ် လသာဆောင်တွင်ဖြစ်သည်။
ဆရာမမလာသေး၍ ကျူရှင်သူ ငါးယောက်လုံးအပြင်ထွက်ထိုင်နေကြသည်။မုန့်စားသူကစား ကျောင်းကအိမ်စာရေးသူကရေးပေါ့။ခင်ကြီးကတော့အောက်ထပ်သို့ခဏဆင်းသွားလေသည်။
"တော်ပါပြီနင်တို့ပါသာမျို ငါကအကောင်းမေးနေတာကို"
"ဪအကောင်းပဲဖြေနေတာပဲလေ"
"ငါပြောတာနှလုံးသားကလာတဲ့အချစ်ကိုပြောတာ"
"သိမှမသိပဲရှင်းအောင်ပြော အခုစားနေတဲ့အချဉ်ထုပ် ထင်လို့ပေါ့၊ နေကြီးဆိုရင်ရောဘာဖြေမလဲ"
"အင်းးးး"
မိုးကောင်းကင်အားကြည့်ကာသေချာစဉ်းစားနေေသာနေကြီးရဲ့အဖြေကိုပုတီးနဲ့လမင်းချိုမှမုန့်စားရင်းစောင့်စားလျက်
"အပျိုကြီးဗျို့အပျိုကြီး"
ဟန်ပန်အမူအယာဖြင့်သေချာစဥ်းစားနေသောလဲ လှေကားမှကြားရသောအသံကြောင့်နောက်သို့လှည့်ကြည့်လိုက််ကြသည်။
ခင်ကြီးမှာ အမောတကောနဲ့အပေါ်သို့ပြေးတက်လာပုံပေါ်သည်။
"ဘာလဲကွ အမောတကြီး အပျိုကြီးလို့ခေါ်ပြီးတက်လာတာ"
"အပျို အပျိုကြီးရောက်လာပြီ လာ လာလဲကြည့်ကြအုံး"
စကားများဟာလဲအထစ်ထစ်အငေါ့ငေါ့။
"ဘာဖြစ်လို့တုန်းကွ ဆရာမလာတာ အလန့်တကြား"
"ဟုတ်ပါ့ ခင်ကြီးရယ် သရဲတွေ့တာကျလို့"
နေကြီးပြောသောစကားကိုအရွှေမှလဲထောက်ခံသည်။
"သရဲထက်ဆိုးတယ်ဗျ ချော ချောချက်ဗျာ"
"ဟေ ချော ချောတယ်လို့ပြောလိုက်တာလား"
"ဟုတ်တယ်"
"ရပြီ တစ်ယောက်မှလိုက်မလာနဲ့ မင်းတို့စာသင်ဖို့နေရာမှာပဲစောင့်"
နေကြီးတစ်ယောက်အမြန်ထကာအနောက်တောင်လှည့်မကြည့်ပဲအောက်ထပ်သို့ပြေးဆင်းသွားသည်။
*WTF*
နေမျိုးကျက်သရေလှေကားမှာတင်အသက်ထွက်သွားသလိုပင်။
အဖြူရောင်ဒူးဖုံးဂါဝန်လေးကိုဝတ်ကာဆံနွယ်များအားတစ်လွှာစီးထားသည်။မထူမပါးမိတ်ကပ်အနည်းငယ်ကပင် နဂိုရှိရင်းစွဲ မျက်နှာဖြူဖြူအုအုလေးကို ပျားရည်ပေါ်သကာလောင်းသကဲ့သို့အပြုံးနုပါထပ်၍တွဲခိုထားသည်။
သူရပ်တန့်နေစဉ်မှာပင် သူမအကြည့်တို့ကသူ့ဆီသို့ကျရောက်လာပေသည်။
*အချစ် ဒါအချစ်ပဲ နွေးထွေးလှတဲ့ခံစားချက် အကြည့်တစ်ချက်တောင်အဲ့လောက်နွေးထွေးခဲ့ရင် ဘဝနဲ့သာရင်းတဲ့အခါ အရှင်ဘုရား...ကျွန်တော်မျိုးထိုသခင်မခြေတော်ရင်းခစားရပါလို၏*
"ဟိတ်ကလေး ဒို့ကိုလာကြိုတာမဟုတ်ဘူးလား"
"ဗျာ ဟုတ်ဟုတ်"
"လာကြိုတဲ့ရှင်လေးကနော် အိတ်လေးတောင်မသယ်ပေးပဲနဲ့ လှေကားမှာပဲငုတ်တုတ်မေ့နေလေသလား"
"မဟုတ် မဟုတ်ပါဘူး လှ လှလို့"
"ဒို့လှတာခုမှသိလေရော့သလား"
"နဂိုထဲကလဲ လှပါတယ် ဒါပင်မဲ့ဒီနေ့မှာမနေ့ကထက်ပိုလှနေတယ်"
"ဟားဟား ဟုတ်ပါပြီကွယ်"
နေကြီးအားမခို့တရို့ရှက်ရယ်လေးရယ်ကာပြောလာသောသူမ
"နောက်မှမုန့်ဝယ်ကျွေးမယ် ကဲခုတော့အပေါ်တက် စာသင်မယ်"
နေမျိုးကျက်သရေလဲသူမလက်ထဲမှအိတ်လေးအားဆွဲယူလိုက်သည်။သူမကတော့အနောက်မှလိုက်လာသည်။
အပေါ်ထပ်ရောက်တော့ကျန်လူများမှနေရာမှာအဆင်သင့်ထိုင်နေကြပြီဖြစ်သည်။
"ကဲကလေးတို့စာအုပ်ထုတ်ထားနော် ဆရာမခြေထောက်လေးဆေးချင်လို့ မိုးရွာတော့ရေလေးတွေစင်လာလို့"
စကားအပြီးနှင်းမေဝင်သွားပြီဆိုတာနဲ့ နေမျိူးကျက်သရေ အရှေ့တန်းမှာထိုင်နေရာမှနောက်ကလူတွေဆီကို notepad ဖြင့်စာရေးကာပို့လိုက်သည်။
'ငါ့အပျိုကြီးကိုသုံးစက္ကန့်ထက်ပိုကြည့်တဲ့လူ ကျူရှင်ဆင်းရင်ကိုင်ပေါက်ခံရမယ်'
စာအားဖတ်ပြီးတော့ပုတီးတို့အနောက်ကလေးယောက်မှာတံတွေးမျိုချမိသည်။
*ဘုရား ဘုရားတကယ်လုပ်မဲ့ကိန်းရှိတယ်နေကြီးက*
နေကြီးဘေးမှ မေခင်မြတ်နိုးကတော့ပြောစရာပင်မလိုစာကိုသာငုံ့ကြည့်နေတော့သည်။
အကြောင်းမှာ ခုနကချောချက်ဗျာလို့ပြောလိုက်ယုံနဲ့တင်ဂုတ်ဆွဲခံရပြီးဖြစ်သည်။အပျိုကြီး ရောက်ပြီဖြစ်ကြောင်း သတင်းပေးခြင်းကြောင့်သာအကိုင်ပေါက်မခံရခြင်းပင်။
"Sorry ကလေးတို့ရယ် ဆရာမဒီနေ့ဆိုင်ကယ်မယူလာတော့ ဆရာမညီမလိုက်ပို့တာကိုစောင့်နေရလို့"
"ရပါတယ်"(အကုန်လုံးမှာခေါင်းငုံလျှက်)
"ဟဲ့ကလေးတို့ ခေါင်းတောင်မဖော်ပါလား ဘာလဲကျွန်မမျက်နှာမကြည့်ချင်လို့လား"
*မဟုတ်ပါဘူးကြည့်ခွင့်မရတာ*
အသံထွက်တော့မပြောရဲပင် နေကြီးလုပ်မည်လေသူတို့ကို။
စိတ်ထဲ၌သာစကားလုံးများမျိုချထားလိုက်ကြသည်။
"အော် တစ်ယောက်မှလဲပြန်မဖြေကြပါလားကွယ့်"
"ဘာမှမဖြစ်ပါဘူးဆရာမရယ် ကျွန်တော်တို့စာသင်ကြမယ်လေ"
နေကြီးမှသာဝင်ဖြေလေသည်။
"အေးပါ အေးပါ unit 3 writing ကိုသွားကြတာပေါ့"
"ဟုတ်"
"ကဲဆရာမရေးပေးမယ်နော် လိုက်ရေးကြပြီးရင် တိုင်ပေးမယ်နော်"
နေကြီးလဲအရှေ့ကအဖြူရောင်နတ်သမီးအားကြည့်ကာသူမရေးသမျှကိုကူးနေသည်။
ထိုအချိန် whiteboard မှာ ဒူးလေးထောက်ကာနေရာရွေ့ရွေ့ပြီးရေးနေသော ဒေါင်းနှင်းမေရဲ့ခြေဖျားလေးနဲ့သူ့ေခြေထာက်နဲ့သွားရောက်ထိတွေ့သည်။
"ဟယ်ဒီတစ်ေယာက်ခြေထောက်တွေအေးစက်နေပါရောလား မင်းဘာတွေမဟုတ်တာလုပ်ထားသလဲ"
ထိုစကားကြားပြီးနောက်နေမျိုးကျက်သရေခေါင်းထဲဝင်ရောက်လာသည်မှာ အပျိုကြီးဆီသွား၍ အိမ်ရှေ့၌သီချင်းဆိုခဲ့ခြင်းကိုပင်။သို့ေသာ်လည်းငြင်းဆိုခြင်းကိုသာဆိုမိသည်။
"မလုပ်ထားပါဘူး ကျွန်တော်ကစိတ်လှုပ်ရှားရင်အဲ့လိုဖြစ်တတ်တာမလို့ပါ"
"ဘာတွေကိုစိတ်လှုပ်ရှားနေသတုန်းရှင်က"
စာရေးလို့ပြီး၍ဆော့ပင်အားသူ့အားလှမ်းပေးကာဆိုလာသည်။
ဒီလောက်ဆိုသူသဘောပေါက်ပါသည်။ မှင်ဖြည့်ခိုင်းသည်ဆိုတာကို မှင်အိုးကိုယူ၍ မှင်ဖြည့်ပေးနေလိုက်သည်။
"ဆရာမကဒီနေ့အရမ်းလှနေတော့ စိတ်လှုပ်ရှားမိလို့ပါ ဒါနဲ့ဆရာမဘယ်သွားစရာရှိလို့လဲ ဆိုင်ကယ်လဲမပါတော့"
"အင်းသူငယ်ချင်းတစ်ယောက်ပြန်လာလို့လေ နေပြည်တော်ကပဲ ဒို့ကိုအရာရာစိတ်ရှည်တဲ့တစ်ယောက်ပေါ့ သူနဲ့အပြင်သွားစရာရှိလို့ရယ် ငယ်ငယ်လေးထဲကခင်ကြတာလေ"
ကျန်သည့်စကားများအားဘာမှမဖြစ်သော်လည်း အရာရာ စိတ်ရှည်တယ်ဆိုတဲ့ထိုစကားကိုတော့နေမျိုးကျက်သရေသိပ်ဘဝင်မကျပါ။
*ဘယ်သူကများငါ့လောက်သူ့အပေါ်စိတ်ရှည်နိုင်မလဲပြိုင်ရတာပေါ့*
"ဟိတ်..မှင်တွေယိုကုန်ပြီ"
"Sorry ဆရာမကျွန်တော်စိတ်နဲနဲလွင့်သွားလို့"
အိတ်ထဲကတစ်ရှူးကိုထုတ်ကာပြန်သုတ်ပေးလိုက်သည်။
"ရပြီ ဆရာမ"
"အေးကျေးဇူး အဲ့တာဆိုစာရှင်းမယ် လိုက်ကြည့်ကြ"
-----------------------
"ဟာငါမသွားရဲဘူးဟ"
"နင်ကလဲ အရွှေအဲ့တာဆို အရွှေကအကြီးဆုံးလေသွားလိုက်ပါနော်"
အပေါ်လသာဆောင်သို့တက်တဲ့လှေကားငယ်လေးမှာစုနေသောမိန်းကလေးငါးဦး။
လသာဆောင်ခုံတန်းတွင်ထိုင်နေသောနေကြီးအားဘယ်သူအပေါ်တက်ခေါ်မလဲဟုငြင်းဆိုနေကြသည်။
အကြောင်းမှာကျူရှင်အဆင်းတွင်ဆရာမအားလာကြိုသွားသော အမျိုးသားကြောင့်ပင်။
ထိုလူနှင့်အတူကားပေါ်သို့ပြုံးကာတက်သွားသောသူမ။
*ဘာကြောင့်အဲ့အပြုံးကို.. အဲ့လောက်ထိပြုံးပြဖို့လိုလို့လားကွာ*
"တောက်"
တောက်ခေါက်သံမှာကျယ်လွန်း၍ လှေကားပေါ်ကငါးယောက်မှာအောက်သို့ပြန် ပြေးဆင်းသွားကြသည်။
"အခြေအနေမကောင်းဘူးဟေ့"
"ငါတို့ငါးယောက်လုံးကိုစိတ်တိုပြီးမဲပြီးကိုင်ပေါက်မလားမသိဘူးနော်"
ဇင်ဇင်မှမျက်နှာငယ်နှင့်ဆိုလာသောကြောင့်အားလုံးလဲမျက်နှာများမှိုင်တွေသွားကြသည်။
တစ်ယောက်စီကိုယ်ဆီမှာ မိမိတို့လေထဲလွင့်ရမည့်ပုံစံများ အတွေးထဲပေါ်လာလျက်။
ယနေ့မှာစနေနေ့ဖြစ်သောကြောင့်သင်္ချာကျူရှင်မရှိပေ သို့သော်လဲအားလုံးမပြန်ရဲကြသေး။
အပေါ်၌တစ်ေယာက်ထဲထိုင်နေသောနေကြီးကိုသာ ဘယ်လိုပြန်ခေါ်ရမလဲအတွေးအိုက်နေကြသည်။
အားလုံးအတွေးအိုက်ကာစိတ်ညစ်နေကြစဉ်
"ငါပြန်ပြီပုတီး"
"ရှင် အာ ဟုတ်ဟုတ်"
နေကြီးမှာလွယ်အိတ်အားဆွဲကာဆိုင်ကယ်သော့ကိုယူလျက် ဆိုက်ကယ်အားအရှိန်ပြင်းကာေမာင်း၍ထွက်သွားသည်။
ကျန်တဲ့လူများမှာေတာ့သက်ပြင်းချယုံသာတက်နိုင်ကြသည်။
"တစ်နေရာရာမှာပြဿနာမရှာလာပါစေနဲ့ ဆုတောင်းရမှာပဲ"
"အေးဟာ"
"ဟာ~~"
"ဘာဖြစ်လို့လဲခင်ကြီးရယ် ငါလန့်လာပြီ မဟုတ်မှ ဒီ weekend ပွဲရှိတာတော့မဟုတ်ဘူးမလားဟင်"
"ဟီး😭 ငါသေချင်တယ် ရှိတယ်ဟ ကိုကြီးမြတ်နိုးဦးတို့ခေါ်ထားတာ"
"ဟာသွားပြီ"
"သူမသောက်လောက်ပါဘူးနော်"
"ထင်ရတာပဲ ပထမကတော့မသွားဘူးပြောတာ ဆရာမက မုယောအားဖြည့်အချိုရည်သောက်တာတောင်မကြိုက်လို့ေတာင်သူရှောင်တာအရက်ကိုပါရှောင်ပြီတဲ့"
"ခုခြေနေနဲ့ဆိုရင်တော့မဖြစ်နိုင်တော့ဘူး အဲ့တာ"
ပုတီးရဲ့စကားကြောင့်အားလုံးလဲပိုစိုးရိမ်ကြသည်။
"လုပ်ပါအုံးခင်ကြီးရယ် သွားထိန်းလိုက်ပါအုံး မဟုတ်ရင်သူမူးရင်ပြဿနာရှာလိမ့်မယ်"
"ဟာဗျာအရွှေရယ်သေချင်တာပဲ"
ခင်ကြီးလဲစိတ်ရှုပ်စွာခေါင်းကုတ်လျက်ပြန်ဖြေသည်။
"ငါတို့မြို့ကိုကယ်တင်ပေးပါကွာ ရော့ ဆိုင်ကယ်သော့"
နေမျိုးကျက်သရေမှာ ကျန်ချိန်တွေဆို သူချစ်တဲ့သူတွေကိုဖူးဖူးမှုတ်ထားသော်လည်း မူးလာရင် မကျေနပ်ချက်များကိုပြောကာ သူcrush အားချစ်ကြောင်းတွေတစ်သီကြီးအိမ်ထိသွားပြောတက်သည်။
မတော်လို့ဆရာမအိမ်ကိုအဲ့ပုံစံနဲ့ရောက်သွားရင်။
ပုတီးတို့ငါးယောက်လုံးဆက်ပင်မတွေးရဲပါ။
အထူးသဖြင့်ကတော့သူအဲ့လိုတွေအိမ်ထိသွားပြောတာကိုမတားနိုင်ခြင်းကြောင့် သူတို့ငါးယောက်လုံးအားလဲမဲတက်သေးသည်။ဒီလိုမွှေတက်ခြင်းကြောင့်လဲ ရည်းစားဖြစ်ခါနီး ပျက်သွားသူတွေတစ်ပုံကြီးပင်။
ခုတစ်ခါချစ်နေတာကဆရာမဖြစ်နေသောကြောင့်ပိုလို့တောင်ဆိုးပေလိမ့်မည်။
ဆရာမဟာအရက်သောက်ခြင်းကိုမကြိုက်ပါ။နေကြီးအရက်သောက်တာကိုသာသိသွားရင် ခုလိုခင်မင်တာပါပျက်နိုင်သည်။
ဆိုးတာကာနေကြီးမှာမူးလာလျှင်ဘာမှမတွေးတော့ခြင်းပင်။
ခင်ကြီးလဲ အမြန်ပင်လိုက်ရတော့သည်။
သူသိသလောက်ဒီတစ်ခါဝိုင်းက မြို့အစွန်က အသစ်ဖွင့်ထားတဲ့စားသောက်ဆိုင်မှာပင်။
ဆိုင်ရှေ့ရပ်ထားသောဆိုင်ကယ်ကြောင့် နေကြီးအထဲမှာရှိကြောင်းသေချာပြီဖြစ်သည်။
ခင်ကြီးလဲ ဆိုင်အထဲသို့ဝင်လာလိုက်သည်။
*ဟိုက်*
ခင်ကြီးမှာအရှေ့ကမြင်လိုက်ရသော အရာကြောင့်အခက်တွေ့ပြီဖြစ်သည်။
ဆရာမနဲ့နေကြီးမှာကျောခြင်းကပ်အခန်းမှာထိုင်နေကြခြင်း နံရံမျှခြားသည်။ခင်ကြီးမှာဆိုင်အဝင်မှမြင်ရသော်လည်းနေကြီးပုံကိုကြည့်ခြင်းဖြင့်ဒါကိုသိပုံမပေါ်သေးပေ။ဒေါင်းနှင်းမေမှာလဲအရှေ့ကလူတစ်ချို့နှင့် သူမကိုလာခေါ်သောအမျိူးသားအပါအဝင်စကားပြောနေကြသည်။
*မဖြစ်ဘူး အရက်ဝင်သွားရင်ပြဿနာကဘေးမှာတင် သူသာဝင်ရှာရင် ငါထိန်းနိုင်မှာမဟုတ်ဘူး*
ခင်ကြီးလဲ အမြန်ပင်နေမျိုးကျက်သရေရှိရာသို့သွားလိုက်သည်။
"နေကြီး ကျွန်တော်နဲ့ခဏလိုက်ခဲ့ဗျာ"
"ဘာလဲကွာငါသောက်မလို့"
"အေးလေကွာ မှာထားတာတောင်မရသေးဘူး မင်းကလဲ"
မြတ်နိုးဦးမှလဲခင်ကြီးအားကြည့်ကာဆိုလာသည်။
"ဟုတ်ပါပြီဗျာတစ်ခါလောက်ပါပဲ ကျွန်တော်အရေးကြီးလို့ပါ"
"မင်းတို့ကကွာစောက်လုပ်ရှုပ်လိုက်တာ"
"ကဲပါကွာငါခဏလိုက်သွားလိုက်မယ် ဘဝမှာ အရက်ထက်အရေးကြီးတာမရှိဘူးပြန်လာခဲ့မယ်"
နေကြီးလဲထိုင်နေရာမှထလိုက်သည်။
"ကဲပြောပြောဘာလဲတစ်ကယ်ပါပဲ"
နေကြီးလဲ ပြောလျက်ပင်ခင်ကြီးခေါ်ရာနောက်ကိုထွက်လာသည် ။
"မျိုး"
အသံလာရာနောက်ကို နေကြီးလှည့်ကြည့်လိုက်သည်။
*ဟာသွားပြီ တွေ့ပြီဟ*
ခင်ကြီးမှာဘုရားသာတနေမိသည်။
"ဗျာ"
"ဘာလာလုပ်တာတုန်း"
ထို့နောက်အပျိုကြီးမှာ နေကြီးထွက်လာရာစားပွဲဝိုင်းဝန်းအတွင်းကြည့်လိုက်သည်။မြတ်နိုးဦးတို့ကိုတွေ့သွားပုံပင်။
"ကဲ့ နှင်းမေငါတို့သွားတော့မယ် မင်္ဂလာဆောင်လာခဲ့အုံး"
"ဪအေး သူရိန်"
"မမနှင်းမေခွင့်ပြုပါအုံး"
"အေးညီမလေး"
ဆရာမကိုလာကြိုသောအမျိုးသားမှာအခုတော့တခြားအမျိုးသမီးလက်ကိုတွဲလျက်ထွက်သွားလေသည်။
"ဆရာမသူတို့က"
"ဪ နောက်လမင်္ဂလာဆောင်တော့မှာလေ သူတို့က"
"ဪ"
*ဒါဆိုငါ့ဒေါင်းလေးရဲ့ရည်းစားမဟုတ်ဘူးပေါ့*
"ကဲပါမင်းကဘာလာလုပ်တာလဲ ဒီကို"
"ဘာမှမလုပ်ပါဘူးမုန့်လာစားတာပါ"
"ခင်ကြီးကရော"
"ဟို ရေခဲမုန့်လာဝယ်တာဒီဆိုင်ကောင်းတယ်ဆိုလို့"
"အေးပါ အခုလဲမုန့်စောင့်နေတာလား"
"ဟုတ်ဟုတ် ဆရာမ"
ခင်ကြီးမှပြာပြာသလဲ ဆိုပေသည်။
"အဲ့တာဆိုလဲစောင့်"
"ဒါနဲ့ ဆရာမက ဘာနဲ့ပြန်မှာ"
နေမျိုးကျက်သရေရဲ့အမေးကြောင့် ဒေါင်းနှင်းမေမှာသူ့အားကြည့်လာသည်။
"ညီမလေးကိုပဲဖုန်းဆက်ခေါ်မလားလို့"
"နေပါကျွန်တော်လိုက်ပို့မယ်"
"အေး အဲ့တာဆိုလဲကျေးဇူးပါကွယ်"
"လာဆရာမ မိုးပြန်မရွာခင်ကျွန်တော်တို့သွားကြရအောင်"
ခင်ကြီးမှာ ဆိုင်ထဲကပင် ထိုထွက်သွားသောနှစ်ယောက်အားကြည့်နေမိသည်။လက်ထဲမှာလဲရေခဲမုန့်လေးတစ်ခု။
*ဪတရားတွေလဲရပါတယ် ခုတော့မိုးအေးအေးနဲ့ငါ့မှာရေခဲမုန့်စားနေရပြီ ခုများကျသူမဟုတ်သလိုပဲပွဲကြည့်ရပြီထင်တာကို*
____________________
"တက်ဆရာမ*
"မင်းနော်ဖြေးဖြေးမောင်းဒို့ကြောက်တယ်"
"ဖြေးဖြေးတော့မမောင်းတက်ဘူး ဆရာမကြောက်ရင်တော့ဖက်ထားလိုက်လေ"
"ဟင်"
"ဪ ကျွန်တော်ကသဘောရိုးပြောတာပါ ပြုတ်ကျမှာကြောက်မှာစိုးလို့"
"ဪ ရှင်လေးပြောပုံကကျွန်မပဲသဘောရိုးမတွေးနေသလို"
"ဟား မဟုတ်ပါဘူးဗျာ"
နေကြီးလဲဆိုင်ကယ်အား သူမကြောက်မည်စိုးသောကြောင့်အရှိန်လျော့မောင်းပေးသည်။ခါးထက်ချိတ်ထားသော လက်သွယ်သွယ်လေးကြောင့်လဲရင်ခုံရပြန်သည်။
"အိမ်သိတယ်မလား"
"ဟုတ် သိပါတယ်ဗျ"
"ဪ မင်းကိုပြောရအုံးမယ် ခုနကမင်းထွက်လာတဲ့ ထဲကမိန်းကလေးတစ်ယောက်တွေ့တယ် မြတ်နိုးဦးဆိုလား သူနဲ့မပေါင်းနဲ့ သူတို့ကမိန်းကလေးတန်မဲ့ အထိန်းအကွပ်မဲ့လွန်းတယ် ဒို့အဲ့တာမျိုးမကြိုက်ဘူး လူတစ်ယောက်ဟာ ကိုယ့်ကိုပိုင်ဖြစ်တည်မှုကိုမေ့တဲ့အထိ ရူးမိုက်လွန်းရင်မကောင်းဘူး"
"ဟုတ်ပါပြီဗျ"
နေမျိုးကျက်သရေမှာငယ်ပေါင်းသူငယ်ချင်းအား သူမရဲ့ ဆုံးမတဲ့သံစဉ်ငယ်မှာ ဖြတ်တောက်လိုက်ဖို့ထိတောင် သူအပျိုကြီးကိုချစ်ရှာသည်။
ဘဝမှာအရေးကြီးဆုံးအရက်မှာခုတော့ဘယ်ချောင်ကပ်နေသလဲပင်မသိတော့ပါ။
#2538words
#3.6.2023
Caroအားရင်မနက်ဖြန်လဲတစ်ပိုင်းရေးပေးပါမယ်နော်။
You are reading the story above: TeenFic.Net