0.8 _
Background color
Font
Font size
Line height
-UNICODE-
ပြွတ်စ် !
" အွန်းးး ~ "
အခန်းရှေ့က ဆိုဖာပေါ်၌ ဘာကိုမှ မမြင်နိုင်လောက်အောင်အထိ သူတို့နှစ်ယောက် နမ်းနေကြတာ ဘယ်လောက်ကြာသွားသလဲမသိ။ ဂျောင်ဝန်း၏ခေါင်းကို သန်သန်မာမာလက်တစ်ဖက်က ထိန်းကိုင်ထားသည်။ ကျန်တစ်ဖက်က တီရှပ်အပေါ်ကနေ သူ့ခန္ဓာကိုယ်အနှံ့ ပြေးလွှားနေသေး၏။ သူ့ပေါင်ပေါ်မှာ တင်ထားရာမှ ဆိုဖာပေါ်ကို လှဲချပစ်လိုက်သည်။ ထိုအထိ ဂျောင်ဝန်းဘက်က ငြင်းဆန်ချင်တဲ့ပုံ မပြတာကြောင့် ရှေ့ဆက်တိုးမိပြန်သည်။
ခပ်ကြီးကြီး နီညိုရောင်တီရှပ်အောက်ထဲဝယ် သူ့လက်ချောင်းတွေက အလုပ်ရှုပ်နေသည်။ ခါးသွယ်သွယ်ကိုလည်း မလွှတ်နိုင်။ နူးညံ့လွန်းတဲ့ နို့နှစ်ရောင် အသည်းအရည်ကို ထိတွေ့လိုက်ရတိုင်း စိတ်အစုံက အာကာသထဲအထိ လွင့်ထွက်သွားမတတ်။ စိတ်ကို ထိန်းနိုင်စေရန်အလို့ဌာ နမ်းနေရင်းနဲ့မှ ခဏရပ်လိုက်ရသည်။
သူ့ဘက်က စိတ်ကို တတ်နိုင်သလောက်ထိန်းနေသော်လည်း၊ ဂျောင်ဝန်းက သူ့လည်တိုင်ကို ပိုမို၍ နီးကပ်စေရန် ဆွဲချပြီး အငမ်းမရ နမ်းပြန်သည်။ ဝင်လာတဲ့ လျှာဖျားနုနုဟာ ရူးသွပ်ခြင်းတို့ကိုပါ တစ်ခါတည်း ခေါ်ဆောင်လာသယောင်။ နမ်းသံတွေက တစ်စတစ်စ ကျယ်လာပြီး ဂျောင်ဝန်း၏ညည်းသံတိုးတိုးတွေပါ ကပ်ပါလာသည်။ ထိုအသံတွေကို ကြားလိုက်တာနဲ့အညီ သူ့ခန္ဓာကိုယ်တစ်ခုလုံးဟာလည်း ထူပူလာရ၏။
" ဘယ်သွားမလို့လဲ ? "
အပြိုင်အဆိုင် နမ်းနေရင်းနဲ့မှ သူ့ဘက်က စတင်ဖြတ်တောက်လိုက်တော့ တစ်ဖက်ကောင်လေးသည် စိတ်ပျက်သည့်အသံဖြင့် မေးလာသည်။ ဖရိုဖရဲဖြစ်တာထက် ကျော်လွန်နေပြီဖြစ်သည့် ပွယောင်းယောင်း တီရှပ်က အသားအရည်နုနုတို့ကို လိုအပ်တာထက် ဖော်ပြနေ၏။ ဒူးထိတောင် မရောက်တဲ့ ဘောင်းဘီသည်လည်း ပေါင်ရင်းထိ လိပ်တက်လာတာကို သူအခုမှ သတိထားမိသည်။ ရေပြောင်အောင် မသုတ်ရသေးတာကြောင့် ကပိုကရိုဖြစ်နေတဲ့ ဆံနွယ်အိအိထက်၌ ရေစက်တွေက ဟိုတစ်စ၊ သည်တစ်စ။
ယန်းဂျောင်ဝန်းသာ သားကောင်တစ်ကောင်ဖြစ်ခဲ့လျှင် သူ့လက်ထဲမှာ အပြိုပြိုအလဲလဲ ဖြစ်နေရလောက်ပြီ။
" ရေချိုးခန်းထဲ သွားမလို့။ "
" ကျစ် ! "
ရှုပ်ပွနေပြီးသားဖြစ်တဲ့ ဆံပင်တွေကို ဆွဲဖွလိုက်ပြန်တဲ့သူက မျက်နှာမှာလည်း အလိုမကျမှုတွေက အထင်းသား။ ဂျုံဆောင်း ခပ်သော့သော့ ရယ်လိုက်ပြီး သူ့အနားသို့ တိုးကပ်သွားလိုက်တော့ မြန်ဆန်လွန်းတဲ့လက်တွေက အတင်း တွန်းထုတ်သည်။ စိတ်ကောက်ဖို့လည်း မြန်တဲ့ကောင်လေးပါပဲ။
" လှည့်ပါဦး။ နမ်းချင်လို့။ "
မျက်နှာကိုလည်း သူ့မျက်နှာအနား ကပ်မခံ။ လက်ချောင်းသွယ်သွယ်တွေဖြင့် အားကုန်သုံးကာ တွန်းထုတ်ပြန်သည်။
ပြွတ်စ် !
အားချင်းယှဉ်လျှင် ဂျုံဆောင်းက ပိုသန်တာကို သူလက်မခံချင်ပေမဲ့လည်း မငြင်းနိုင်။ ဘယ်လောက်ငြင်းငြင်း၊ တစ်ချက်တော့ အနမ်းခံလိုက်ရ၏။ တွန့်ချိုးထားတဲ့ မျက်ခုံးတန်းတွေဟာ အချင်းချင်း သွယ်တန်းကြတော့မယောင်။ ဂျုံဆောင်းမှာတော့ အမူအရာသေးသေးလေးကအစ သဘောကျလွန်းလို့ တစိမ့်စိမ့် ထိုင်ကြည့်နေမိသည်။
" တကယ်မဆက်တော့ဘူးလား ? "
အသံကျယ်ကျယ်ဖြင့် မေးလာတဲ့ ကောင်လေးက ဘာမှမဖြစ်သလို ဟန်ဆောင်နေတာ သိပ်သိသာသည်။ ပါးမို့မို့လေးတွေက ချယ်ရီပန်းတွေကို ဝါးစားထားသည်ထင်ပါ့။ သူ့အဖြေကို စောင့်နေရင်း နှုတ်ခမ်းသေးသေးလေးကိုလည်း တစ်ချက်တစ်ချက် ကိုက်လိုက်သေးသည်။ ရူးသွပ်သွားဖို့ အကြောင်းပြချက်က ခိုင်လုံလွန်းနေပြီမို့ ရူးသွားရလည်း အဆင်ပြေနေပြီ။
" ဂျောင်ဝန်း ကိုယ့်ကိုကြည့်။ "
သည်တစ်ခေါက်တော့ ထူးထူးဆန်းဆန်း စကားနားထောင်လေရဲ့။ မဝံ့မရဲဖြင့် ကြည့်လာသည့် မျက်လုံးဝိုင်းလေးတွေက သေချာပေါက် သူ့အပိုင်ပေါ့။ လှလွန်းလို့ ဘယ်သူမှ မမြင်အောင်အထိ ထာဝရ ဖွက်ထားချင်တာ။
" မင်းကို မနာကျင်စေချင်ဘူး။ ကိုယ့်အချစ်တွေကို အဆုံးစွန်ထိ ပေးချင်ပေမဲ့၊ မင်းနာကျင်ရမှာ ကိုယ်စိုးတယ်။ "
" အပိုတွေ မပြောနဲ့။ တခြားလူတွေနဲ့ ဖောက်ပြန်ချင်လို့မလား ? ခင်ဗျား ကျွန်တော့်ကို အပိုင်သိမ်းပြီးရင် ကျွန်တော်က တစ်သက်လုံး ချုပ်နှောင်ထားမှာ။ အဲ့အခါကျ ထွက်ပြေးလို့ မရမှာစိုးလို့မလား ? "
နှုတ်ခမ်းတစူစူဖြင့် ပြောလာတဲ့အပြင် မျက်နှာလေးကလည်း မဲ့ရှုံ့လို့။ စေ့စေ့ကြည့်လာတဲ့ မျက်လုံးလေးတွေထဲ မီးတွေ မွှေးနေပြီဟုတောင် ထင်ရသည်။ ဂျုံဆောင်းသည် မထိန်းနိုင်တော့တဲ့အဆုံး အော်ရယ်မိလိုက်သည်။ သူ့နှလုံးသားလေးသာ စကားပြောတတ်လျှင် အနှီလူသားလေးအား ' အသည်းယားလိုက်တာ ' ဟု သေချာပေါက် အော်ပြောလာမှာ။
" ဖယ်ပါ ! "
သူ့ရင်ခွင်ထဲကနေ ရုန်းတောင် မရုန်းဘဲ ပါးစပ်နဲ့သာ ဖယ်ခိုင်းနေသည်။ ဂျုံဆောင်း ပြုံးနေမိတာ ရပ်တောင်မရပ်နိုင်တော့ပေ။
" ကိုယ်က တန်ဖိုးထားလို့ပါ။ ကိုယ်တို့နှစ်ယောက်ရဲ့ချစ်ခြင်းတရားတွေကြား ဒါတွေမလိုဘူး။ ကိုယ့်ကို ချုပ်နှောင်ချင်တယ်ဆိုလည်း မင်းရဲ့မေတ္တာတွေနဲ့ ကိုယ့်ကို တစ်သက်လုံးသာ ပိတ်နှောင်ထားလိုက်။ မင်းဘက်က တွန်းထုတ်ရင်တောင်မှ ကိုယ်က အရှက်မရှိ ပေကပ်နေမှာဆိုတာ သိရဲ့သားနဲ့။ "
ဂျောင်ဝန်းနှုတ်ခမ်းတွေက မပြုံးမိအောင် ရုန်းကန်နေသည်။ အဆက်မပြတ် ခုန်နေတဲ့ ရင်ခုန်သံတွေကို တစ်ဖက်လူ မကြားစေဖို့ ဆုတောင်းပါသည်။ ကြားသွားလျှင်လည်း ရှက်ရှက်နဲ့ ရင်ခွင်ထဲ ဝင်ပြေးရုံပေါ့။
" ကျွန်တော် ခင်ဗျားကို သဘောကျတယ်။ "
ဂျုံဆောင်းမျက်နှာထက်က အပြုံးတွေက ပျောက်ကွယ်သွားတာနဲ့အညီ ကွေးတက်နေတဲ့ နှုတ်ခမ်းထောင့်စွန်းတွေသည်လည်း သူ့နေရာသူ ပြန်ရောက်သွားကြသည်။
" ဂျောင်ဝန်း အခု ဘာပြောလိုက်တာ ? "
" အင်း၊ သဘောကျတယ်လို့။ ခင်ဗျားကို ကျွန်တော် သဘောကျတယ်လို့။ "
သူ့ဘက်က ဖြတ်တောက်လိုက်တဲ့ အနမ်းကို သူကိုယ်တိုင်ပဲ ပြန်စတင်လိုက်မိသည်။ ဂျုံဆောင်း ပျော်လွန်းလို့ မျက်ရည်တွေပါ ဝဲလာတယ်ဆို အပိုလို့ အပြောခံရလေမလား။ ဝဲတက်လာတဲ့ မျက်ရည်တွေကို သူ့အပိုင် မမြင်စေရန်အလို့ဌာ မွတ်သိပ်သိပ် အနမ်းတွေနဲ့ ဖုံးကွယ်ထားလိုက်မိသည်။ ချစ်လို့ တန်ဖိုးထားတဲ့အကြောင်း ဤလူသား သိရုံနဲ့တင် ပြောပြရကျိုးနပ်သွားပါပြီ။
--
" ခင်ဗျား သူ့တစ်ယောက်တည်းကိုတောင် မတားနိုင်ဘူးလား ? ပိုက်ဆံပေးထားတာ ဘာအတွက်လဲ ? လူတစ်ယောက်လုံးကိုတောင် သေချာ မစောင့်ရှောက်ပေးနိုင်ဘူး !! "
" သူက ကလေးမှ မဟုတ်တော့တာ စီအီးအိုရယ်။ အနုပညာရှင်တစ်ယောက်ဆိုပေမဲ့ သူ့မှာလည်း သူ့လွတ်လပ်ခွင့်နဲ့သူပေါ့။ အဲ့တာကို မန်နေဂျာအဆင့်လောက်ပဲရှိတဲ့ ကျွန်တော်က သူ့အုပ်ထိန်းသူတစ်ယောက်လို အစအဆုံး လိုက်တားနေလို့မှမရတာ။ "
မန်နေဂျာက သူ့အထင်ကို လေသံအေးအေးဖြင့် ရှင်းပြသည်။ ဒေါသထွက်ပြီး ထူပူနေတဲ့ ဆောင်းဟွန်းကတော့ ပိုက်ဆံပေးထားရပြီး ဆရာလာလုပ်တယ်လို့သာ မှတ်ယူပြီး ဟက်ခနဲ ရယ်၏။
" အင်းပေါ့၊ လိုက်ပြောပြီး ထိန်းချုပ်ထားလို့ ဘယ်ကောင်းပါ့မလဲ၊ ဟုတ်တယ်မလား ? "
ခပ်ရွဲ့ရွဲ့ သူ့အမေးကို မန်နေဂျာက မဖြေဘဲ ခေါင်းသာ ငုံ့ထားသည်။ ဂျောင်ဝန်း ဘေးမှာရှိလျှင်တော့ အမြဲ သဘောကောင်းချင်ယောင်ဆောင်တတ်တဲ့ စီအီးအိုက ကွယ်ရာမှာတော့ အခုလိုပုံစံအတိုင်းသာ။ သူတို့အတွက်တော့ အထူးအဆန်း မဟုတ်တော့ဘူးလို့တောင် ပြောရမည်။
" အဲ့တာဆိုလည်း သွားလိုက်တော့။ မန်နေဂျာလုပ်နေပြီး ဒီလောက်တောင်မှ အဖြစ်မရှိဘူးမလား။ သွားလိုက်တာ အကောင်းဆုံးပဲ။ ဒီနေ့စကပြီး ခင်ဗျားက သူ့မန်နေဂျာ မဟုတ်တော့ဘူး။ "
" ပတ်ခ်ဆောင်းဟွန်း ! မင်းစကားတွေကို အခုချက်ချင်း ရပ်လိုက်တော့။ "
အစ်ကိုဖြစ်သူ ပတ်ခ်ယွန်ဆောင်း၏အသံက ဆောင်းဟွန်း၏ရုံးခန်းထဲ၌ ဟိန်းခနဲ။ ဆောင်းဟွန်း စိတ်ပျက်စွာဖြင့် ကျစ်ခနဲ စုပ်သပ်မိသည်။ အချိန်ကိုက် ရောက်လာတဲ့ အစ်ကိုဖြစ်သူကြောင့် ကြည်မနေတဲ့စိတ်တွေက ပို၍ နောက်ကျိလာရ၏။
ယွန်ဆောင်းကို စူးစိုက်ကာ ကြည့်လိုက်တော့ သူ့ကိုလည်း စူးစိုက်၍ ကြည့်နေသည့် မျက်လုံးတို့နဲ့ ပက်ပင်းတိုးသည်။
" မန်နေဂျာယူ သွားနားလိုက်ဦး။ အလုပ်ထွက်စရာလည်း မလိုဘူး။ "
" ဟုတ်ကဲ့ "
ဆောင်းဟွန်းဘက်က ဘာမှမပြောနိုင်အောင် ယွန်ဆောင်းက ကြောက်စရာကောင်းတဲ့ အကြည့်တွေနဲ့ လှမ်းတားသည်။ ဆောင်းဟွန်း ဘယ်လောက်ဆိုးပါတယ်ပြောပြော၊ သူ့အစ်ကို၏ထိုကဲ့သို့သော အကြည့်တွေကိုတော့ အနည်းငယ် လန့်မိပါသည်။ သို့သော်လည်း မျက်လွှာတောင် မချ ။ မာတည်တည် မျက်နှာထားကိုလည်း တစက်ကလေးတောင် မပြင်ချေ ။
မန်နေဂျာယူ ထွက်သွားတာနဲ့ ယွန်ဆောင်းက အခန်းတံခါးလော့ခ်ကို ချလိုက်ပြီးနောက် ဆောင်းဟွန်းကို စိတ်ပျက်သလို ကြည့်ရင်း စကားဆိုသည်။
" မန်နေဂျာယူက ယန်းဂျောင်ဝန်း ဒီလောကထဲကို ဝင်ပြီး သိပ်မကြာခင်ကတည်းက အဲ့ယန်းဂျောင်ဝန်း ဘေးနားမှာ နေလာတာ။ မင်း သူ့ကိုထုတ်လို့ လူအသစ်ထားပါပြီပဲထား။ မန်နေဂျာယူလောက် မင်းအကောင်နဲ့ အဆင်ပြေတဲ့သူ ရှိမယ်လို့ထင်နေတာတော့ မဟုတ်လောက်ပါဘူးနော် ? ပြီးတော့ မင်းသိလား၊ မန်နေဂျာယူက မင်းတို့အကြောင်းကို လုံးဝ မသိဘူးလို့ ထင်နေတာလား ? "
သူ့အမေးကို ဆောင်းဟွန်း မဖြေနိုင်။ သိသာလွန်းတာထက် ပိုနေတဲ့ သူ့အပြုအမူတွေကို သူများတွေ မသိနိုင်ဘူးလို့လည်း တစ်ထစ်ချ မပြောနိုင်ပါ။
အခန်းတွင်း၌ ယွန်ဆောင်း၏ခြောက်ကပ်ကပ် ရယ်သံက ပြန့်ကျဲလျက်။
" ကျွတ်စ် ... ကျွတ်စ် ! ညံ့လိုက်တာ ဟွန်းလေးရာ။ သူက ယန်းဂျောင်ဝန်းကို သံယောဇဉ်ရှိလို့ ဒါတွေကို မသိသလို နေ,နေတာနော်။ အေး၊ တခြားလူသာ သူ့နေရာမှာ ဝင်လုပ်ကြည့်။ သုံးရက်လောက်နဲ့ မင်းတို့သတင်းက တစ်နိုင်ငံလုံး ပျံ့သွားမှာ။ "
သူ့အား သနားသဖွယ် အကြည့်တွေဖြင့် ခေါင်းတညိတ်ညိတ်လုပ်ကာ ရွဲ့ပြောလာသည့် ယွန်ဆောင်းသာ တခြားတစ်ယောက်ဆိုလျှင် သည်နေရာမှာတင် အသက်မဲ့သွားလောက်မှာ။
" ပျံ့သွားလည်း ဘာဖြစ်လဲ ? ကျွန်တော်က လူသိရှင်ကြားတောင် ကြေညာချင်သေးတာ။ တစ်ချိန်ကျရင်လည်း သိကြမဲ့ကိစ္စပဲ။ ကျွန်တော်က အစ်ကို့ညီလေ။ အစ်ကို့လိုပဲ သတ္တိရှိတယ်။ "
" ဟုတ်တာပေါ့၊ အစ်ကို့ညီ ဟွန်းလေးက ယန်းဂျောင်ဝန်းက ငါပိုင်တာဆိုပြီး တစ်လောကလုံးကို ကြေညာချင်ပေမဲ့ သူ့ဘက်ကရော ? ဟင်းးမ် ! သူ့ခြေလှမ်းတွေကို မမြင်ချင်ယောင်ဆောင်လို့ရပေမဲ့ သူ့စိတ်ကိုတော့ မသိကျေးကျွံပြုနိုင်ပါ့မလား။ မင်းကိုရော ချစ်တယ်လို့ ပြောဖူးလို့လား ? ချစ်တယ်ဆိုတဲ့စကား အသာထားဦး။ သဘောကျတယ်လို့တောင် သုံးဖူးလို့လား ဟွန်းလေးရာ။ မင်းက သိပ်တုံးအတာပဲ။ "
တင်းတင်းဆုပ်ထားတဲ့ လက်သီးတွေထဲ အပူလှိုင်းတို့သည် ဖြတ်ပြေးလျက်။ သူဟာ ငတုံးတစ်ယောက်မဟုတ်။ ဂျောင်ဝန်းစိတ်ကို ကာယကံရှင်ထက်တောင် သူသိသည်။ ဂျောင်ဝန်း ဘာဖြစ်နေတယ်၊ ဘယ်သူ့ကို သဘောကျနေတယ်၊ ဘယ်သူ့ကိုတော့ ကစားနေတယ်၊ ... စသည်ဖြင့် သူသည် အကုန်လုံးကို သိသည်။ သို့ပေမဲ့ ဘာတတ်နိုင်မှာတဲ့လဲ။ သူက ချစ်နေရသူလေ။ ချစ်နေမိသရွေ့ အရှုံးနဲ့ ရင်ဆိုင်ဆိုလည်း ရင်ဆိုင်ဖို့အထိ ဆုံးဖြတ်ထားခဲ့သည်မှာ ဂျောင်ဝန်းကို စ,ချစ်မိကတည်းကပင်။
သူဟာ ယန်းဂျောင်ဝန်းဆိုတဲ့သူအတွက် ကစားခံနယ်ရုပ်သက်သက်သာ ဖြစ်ခဲ့သည်ဆိုလျှင်တောင်မှ ကျေကျေနပ်နပ်ကြီး ကစားခံလိုက်မှာ။ သူ့ချစ်ခြင်းမေတ္တာတွေကို မျက်ကွယ်ပြုထားလျှင်တောင်မှ သူသည် အရူးတစ်ယောက်အဖြစ် ရှင်သန်ပေးသွားမိလိမ့်မည်။
--
" ပတ်ခ်ဂျုံဆောင်း အာရုံနောက်လာပြီကွာ ! "
မနေ့ညကတည်းက ဖုန်းထဲကနေ ဟီလာတိုက်နေတဲ့ ပတ်ခ်ဂျုံဆောင်းသည် သည်နေ့ သူ့စတူဒီယိုထိ လိုက်လာပြီး ဘာမှလည်းမပြောဘဲ တခိခိ၊ တဟိဟိဖြင့် မြင်ပြင်းကပ်စရာကောင်းအောင် လုပ်နေသည်မှာ နာရီဝက်ခန့်မျှ ရှိပြီဖြစ်သည်။
' ပြောစရာရှိတာပြောပြီးပြန်။ ' ဟု ပြောတော့လည်း အုန်းမွှေးလုံးလိုလို၊ အုန်းသီးလိုလို လုပ်ထားတဲ့ ဆံပင်ကေကို ဆက်တိုက် ခါပြနေတာ မပြီးတော့။ ယောန်ဂျွန်း သူ့စိတ်သူ အတတ်နိုင်ဆုံး ထိန်းထားရသည်။ သူသည် လူတော်လူကောင်းလေးမို့ စိတ်ရှည်ပြီး စိတ်ကောင်းရှိတဲ့ လူချောလေးတစ်ယောက်ဖြစ်သည်။ ထို့ပြင် မဒီတို့ အသည်းစွဲ နှင်းဆီခိုင်လည်း ဖြစ်သေးသည်မို့ တော်ရုံ ဒေါသထွက်လို့မဖြစ်ချေ ။
သူ့ကိုယ်သူ အတန်တန် သတိပေးရင်း အသံထွက်သည်အထိ တခစ်ခစ် ဖြစ်နေတဲ့ ဂျုံဆောင်းအား လက်ထဲက မိုက်ခ်ဖြင့် ကောက်ပေါက်ဖို့ ရွယ်နေ၏။
" မင်းပြန်လိုက်တော့ သောက်ကောင်လေး ! "
လက်ရှိ သူ့မျက်ခုံးနှစ်ဖက်သည် ဂျုံဆောင်း ကြိုက်တဲ့ အန်းဂရီးဘတ်ထ်နဲ့ တူနေပြီ။
" ယောန်ဂျွန်းဟျောင်း "
" အေး၊ သားလေး ပြောတော့။ "
မြန်မြန်ပြောပြီး မြန်မြန်လစ်မှပဲ သူလည်း အလုပ်အေးဆေးလုပ်လို့ရမည်။ တက္ကသိုလ်မှာကတည်းက တပူးပူး၊ တတွဲတွဲ လုပ်လာမိတာကိုတောင် နောင်တရချင်မိသည်။
" ကျွန်တော့်ကို သဘောကျတယ်တဲ့ ဟိဟိ။ "
" ဘယ်ကောင်မလေးကလဲ ? မင်းကို သဘောကျတဲ့ ကောင်မလေးတွေက အများကြီးပဲကို။ "
ပြောလို့ပြောတာမဟုတ်။ ဂျုံဆောင်းသာ ဝါသနာပါလျှင် အနုပညာလောကထဲကို ဝင်လို့ရသည်အထိ။ ရုပ်ရည်လည်း အပြစ်ဆိုစရာ မရှိသလို၊ ဂျုံဆောင်းသည် သီချင်းလည်း ကောင်းကောင်းဆိုတတ်တာကို သူနဲ့အင်ဟာ သိသည်။ သို့သော် ကိုယ်တော်ချောကတော့ တစ်ခါပဲ ဆိုပြပြီး နောက်ဘယ်တော့မှ မဆိုပြတော့။
သူ့အတွေးနဲ့သူ အပျော်ကြီး ပျော်နေတဲ့ ဂျုံဆောင်းက ပါးချိုင့်ရေးရေးပေါ်သည်အထိ အားပါးတရ ပြုံးပြန်၏။
" ကျွန်တော့်အပိုင်လေ။ ကျွန်တော့်အပိုင် ယန်းဂျောင်ဝန်းက ကျွန်တော့်ကို သဘောကျတယ်တဲ့လေ။ ဘယ်လောက်တောင် ကြည်နူးစရာကောင်းလိုက်သလဲ။ "
ကွန်ပျုတာသုံးနေတဲ့ ယောန်ဂျွန်းလက်ချောင်းတွေက လှုပ်ရှားနေရာမှ ရပ်သွားကြသည်။ အပျော်လွန်နေတဲ့ ဂျုံဆောင်းဘက်ကို သူလှည့်ကြည့်လာသည်။ ဘယ်လောက်တောင် ပျော်နေလဲဆိုပြီး တကူးတကတောင် မေးစရာမလို။
" ဂျုံဆောင်း "
" ကြိုက်တဲ့ဆိုင် ရွေးထားလိုက်။ ဟျောင်းနဲ့အင်ဟာ့ကို လိုက်ကျွေးမယ်။ ကြိုက်သလောက်သာ ဆွဲကြ။ "
" ပတ်ခ်ဂျုံဆောင်း !! "
သူခေါ်နေတာကို အရေးမလုပ်ဘဲ ပြောချင်ရာတွေ စွတ်ပြောနေတဲ့ ဂျုံဆောင်းက ပိတ်အော်ခံလိုက်ရမှသာ ငြိမ်ကျသွားပြီး သူ့ကို ကြည့်လာသည်။
" ယန်းဂျောင်ဝန်းအကြောင်း ဒီမှာမပြောနဲ့။ ဒီမှာ ငါတို့ကုမ္ပဏီက လူတွေလည်း လာတတ်တယ်။ ငါ့အသိတွေလည်း လာလေ့ရှိတယ်။ "
သူ့စတူဒီယိုဆိုပေမဲ့ ကုမ္ပဏီက သူတွေသာမက၊ သူနဲ့သိနေတဲ့သူတွေပါ လာလေ့ရှိတာကြောင့် အခန့်မသင့်လျှင် တချို့ကိစ္စတွေကို ကြားသွားနိုင်သည်။ ထို့ပြင် ယောန်ဂျွန်းသည် သူနဲ့ဂျောင်ဝန်းကို သဘောမတူ။ ယန်းဂျောင်ဝန်းဆိုတဲ့ နာမည်ကြားရုံနဲ့တင် အမျိုးမျိုး ပြောင်းလဲသွားနိုင်တဲ့ ပတ်ခ်ဂျုံဆောင်း၏ပုံစံတွေကို သူဘဝင်မကျ ။ သည်လောက် ကြည့်ရုံနဲ့တင် ယန်းဂျောင်ဝန်းသည် ဂျုံဆောင်းကို ဘယ်လောက်ထိ ချုပ်ကိုင်နိုင်မှန်း သူကောင်းကောင်းကြီး သဘောပေါက်သည်။
" ပြီးတော့ ယန်းဂျောင်ဝန်းကို သတိထားသင့်တယ်လို့ ငါထင်တယ်။ ငါသိရသလောက် သူက အကုန်လုံးကို လက်လွှတ်ရင်တောင်မှ စီအီးအိုပတ်ခ်ကို လက်လွှတ်ပေးမဲ့သူ,မဟုတ်ဘူး။ သူ့ဘေးမှာ စီအီးအိုရှိနေမှဖြစ်မဲ့ပုံစံမျိုး။ သူတို့အကြောင်းတွေကို စိတ်မဝင်စားပေမဲ့ မင်းအတွက်တော့ စိတ်ပူတယ် ဂျုံဆောင်း။ ကိုယ်က ဆယ်ကျော်သက်လည်း မဟုတ်တော့ဘူး။ ဒီထက် ငြိတွယ်မသွားခင် သေချာသုံးသပ်ကြည့်ပေါ့ကွာ။ "
ယန်းဂျောင်ဝန်းနဲ့ ပတ်သက်လျှင် အလိုလို သွေးပွက်လာတတ်တဲ့သူမို့ ယခုလည်း သူ့အား ဒေါသတကြီးဖြင့် ပြန်ပြောလာလိမ့်မည်ဟု ထင်ထားသည်မှာ တကယ်တမ်းကျ တက်တက်စင်အောင် မှားသွားသည်။ ဂျုံဆောင်းက လေသံအေးအေးဖြင့် ပြောလာ၏။
" ဒီထက် ငြိတွယ်သွားမှာလည်း စိုးရိမ်စရာမလိုတော့ဘူးထင်တယ် ဟျောင်း။ ကျွန်တော့်စိတ်တွေအကုန်လုံးက သူက အပိုင်သိမ်းသွားပြီးပြီမို့။ မပူပါနဲ့၊ ဒုတိယလူဖြစ်ရမယ်ဆိုရင်တောင်မှ အဆင်ပြေတယ်။ ဘာလို့ဆို သူ့အချစ်တွေက ကျွန်တော့်ဆီမှာဆိုတာ ကျွန်တော် အကြွင်းမဲ့ ယုံကြည်ပြီးသား။ "
ပတ်ခ်ဂျုံဆောင်းကို အရူးလို့ ထင်ခဲ့မိတာ မှားသွားပြီဆိုတာကို သိလိုက်ရသည်။ သူသည် အရူးထက်တောင် ရူးနှမ်းနေပြီဖြစ်သည်။
--
" မင်းဘာဖြစ်ချင်နေတာလဲ ဟွန်း ? ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းပြော။ ဝေ့လည်ကြောင်ပတ်လုပ်မနေနဲ့။ "
ဆောင်းဟွန်းက သက်ပြင်းချသည်။ ပုံမှန်ဆို သူနဲ့တွေ့နေတဲ့အချိန်တိုင်း ဆောင်းဟွန်းဘက်က စကားတွေ ရေပက်မဝင်နိုင်အောင် ပြောနေကြမြဲ။ သည်နေ့တော့ ငြိမ်နေတဲ့အပြင်၊ သူ့ဘက်က ပြောသမျှကိုလည်း ခေါင်းညိတ်ခေါင်းခါလောက်သာ တုံ့ပြန်လာတာကြောင့် တည့်ရှင်းရမှ ဖြစ်မည်။ သူက ဆောင်းဟွန်းလို မြိုသိပ်ထားရတာကို မကြိုက်။
" ပွင့်ပွင့်လင်းလင်း ပြောရမလား ? "
" ပြောလို့ပြောပြီးပြီလေ။ "
ဂျောင်ဝန်းသည် သူ့ကိုဆို ဘယ်တော့မှ စိတ်မရှည်။ အရင်ကလည်း ထိုနည်းတူပါပဲ။ သူ့ဘက်က ဘာမဆို စိတ်ရှည်ပေးသလောက် ဂျောင်ဝန်းဘက်ကတော့ ထိုသို့မဟုတ်ခဲ့။
" ငါ့ရင်တွေ လေးနေတယ်။ "
" ဘာကို လေးနေတာလဲ ? ဘာတွေ လျှောက်တွေးနေပြန်ပြီလဲ ? "
ဂျောင်ဝန်းမျက်ဝန်းထဲမှာ သူ့ကို ဘယ်လောက်စိတ်ပျက်နေသလဲဆိုတာ မြင်နေရသည်။ ဆက်ပြောဖို့ အင်အားသည် ဆုတ်ယုတ်ပြီးရင်း ဆုတ်ယုတ်လာရသည်။ မပြောဘဲ နေလိုက်သင့်လား။ သူ့ရင်တွေလည်း ပူလောင်လွန်းလို့ ပြာကျမတတ်ဖြစ်နေရပြီ။
" ငါတို့ တရားဝင် တွဲကြရအောင်။ ငါတို့တွဲနေတာကို လူသိရှင်ကြား ထုတ်ပြရအောင်။ မင်းကို တကယ်ချစ်တဲ့သူတွေကတော့ မင်းဘယ်လိုပဲဖြစ်နေပါစေ မင်းအနားမှာ အတူရှိနေပေးမှာပဲလေ၊ ဟုတ်တယ်မလား ? ငါတို့အကြောင်းကို တစ်နိုင်ငံလုံးသိအောင် ထုတ်ပြော ... "
" ဟွန်း ... မင်း ရူးနေပြီလား ? ဒီစကားတွေချည်း ငါဘယ်နှခါတောင် ထုတ်ပြောနေရဦးမှာလဲ။ လွယ်ကူနေတဲ့ကိစ္စကို ဘာလို့ ခက်ခဲအောင် လုပ်ချင်နေရတာလဲ ... ဟမ် ? ငါသဘောမတူဘူးဆိုတာ မသိတာလည်း မဟုတ်ဘူး။ မင်းမှ မဟုတ်ဘူး။ တခြားဘယ်သူတွေနဲ့မှလည်း အသိခံမှာ မဟုတ်ဘူး။ အဲ့တာမှ မကျေနပ်ရင်လည်း ထွက်သွားလို့ရတယ်။ မင်းသဘောပဲ။ "
ဆောင်းဟွန်း၏ခြောက်ကပ်ကပ် ရယ်သံ။ ဂျောင်ဝန်း၏အလိုမကျမှုတို့။ ငြိမ်သက်နေတဲ့ လေထု။
" ငါ့အားနည်းချက်ကို မင်းသိတယ်။ မင်းကလွဲပြီး ဘယ်သူ့ကိုမှ မချစ်နိုင်ဘူးဆိုတာကို ကောင်းကောင်းကြီး သိနေရဲ့သားနဲ့ ထွက်သွားလိုက်ဆိုတဲ့ စကားနဲ့ ငါ့ကို အမြဲ နှိပ်စက်နေတယ်။ မင်းအတွက် ငါက စောက်ပေါတစ်ယောက်ထက် မပိုဘူးမလား ? အဲ့ပတ်ခ်ဂျုံဆောင်း ! အဲ့လူ ... အဲ့လူကိုတော့ မင်းချစ်တယ်။ မင်းစိတ်ထဲမှာ သူပဲ ရှိနေခဲ့တာ တစ်ချိန်လုံး ! ငါကတော့ မင်းမွေးထားတဲ့ ခွေးတစ်ကောင်သာသာပဲပေါ့။ "
စိတ်လွတ်လက်လွတ် ပြောလိုက်မိတဲ့ သူ့စကားတွေက တကယ်တော့လည်း အမှန်တရားတွေချည်းပါပဲ။ သူ့လည်ချောင်းတစ်လျှောက်လုံးသည်လည်း တံတွေးတောင် မြိုချလို့မရနိုင်လောက်အထိ စို့နင့်စ,ပြုလာသည်။
" ဘာတွေ မနာလိုနေတာလဲ ? သူက သူ့ဘာသာနေတာ။ ဘာလို့ ငါတို့ကိစ္စထဲ သူ့ကို ဆွဲထည့်နေရတာလဲ ? "
ဂျောင်ဝန်းဘက်က လေသံမာမာကို တစက်တောင် မလျှော့။
" မဆိုင်ဘူးဟုတ်လား ? မင်း သူ့ကို ချစ်နေတယ်လေ ဝန်း။ မင်းရင်ထဲမှာ ဟိုးအရင်ကတည်းက သူရှိနေခဲ့တယ်လေ၊ ဟုတ်တယ်မလား ? "
" ပတ်ခ်ဆောင်းဟွန်း ဘာတွေ ပြောနေတာလဲ ? "
လှုပ်လှုပ်ရှားရှားဖြစ်သွားတဲ့ မျက်ဝန်းတွေကို ဆောင်းဟွန်း ထိုင်ဟားချင်လိုက်တာ။ ဒါပေမဲ့လည်း မလုပ်ရက်ပါဘူး။ ရူးနေတဲ့အထိ ချစ်ရတာကိုး။
" သကြားလုံးတွေ၊ ကဒ်တွေ၊ အဲ့တာတွေက ဘာတွေလဲ ? လွန်ခဲ့တဲ့ နှစ်,နှစ်ကတည်းက မင်းဆီမှာ ရှိနေခဲ့တဲ့ ကဒ်တွေ။ အဲ့ကဒ်တွေကို တစ်ပတ်တစ်ခါ တစ်နေရာဆီကို သွားပေးနေခဲ့တာကရော ? ပန်းချီဆွဲလေ့ရှိတဲ့ စီနီယာအစ်ကိုကြီးဆီ မင်းအမြဲ သွားခဲ့တယ်။ ကျောင်းကတည်းက အဲ့အစ်ကိုကို မင်းကြည့်နေခဲ့တာ။ ကျောင်းပြီးသွားတဲ့အထိလည်း အဲ့အစ်ကိုကိုပဲ မင်းဆက်ကြည့်နေခဲ့တယ်။ အခုရော ဘာထူးလဲ။ အဲ့အစ်ကို ... ပတ်ခ်ဂျုံဆောင်း တစ်ယောက်တည်းကိုပဲ မြင်နေတာ။ ငါပြောတာ မှားလို့လား ? "
" ဟွန်း "
ဂျောင်ဝန်းဘက်က မတုံ့ပြန်နိုင်တာကို မြင်တော့ ဆောင်းဟွန်းသည် ခပ်သဲ့သဲ့ ပြုံးမိသည်။
ဟက် ! သူ,မသိဘူးလို့ ထင်နေတာလား။ ဂျောင်ဝန်းနဲ့ပတ်သက်သမျှကို သူအကုန်သိသည်။ ကျောင်းချင်းမတူတဲ့ နောက်ဆုံးနှစ်က စီနီယာကို ဂျောင်ဝန်း တိတ်တခိုး ချစ်ခဲ့တာကိုလည်း သူသိသည်။ ကျောင်းပြီးသွားတော့လည်း ထိုစီနီယာကိုသာ ချစ်နေသေးသည်ကိုလည်း သူသေချာပေါက် သိတာပေါ့။ ဆောင်းဟွန်းအား တွဲဖို့ ပြောခဲ့တဲ့တုန်းက ဂျောင်ဝန်းသည် သူကိုယ်တိုင် ခိုးရိုက်ထားတဲ့သူ၏ပုံကို ကြည့်ရင်း တစ်ညလုံး မူးနေခဲ့တာကိုလည်း ဆောင်းဟွန်းသည် မမေ့။
ပတ်ခ်ဂျုံဆောင်းသည် လွန်ခဲ့သည့် နှစ်,နှစ်ကတည်းက ယန်းဂျောင်ဝန်း၏နှလုံးသားကို အပိုင်ယူသွားခဲ့သည်မှာ အခုထိ ပြန်မပေးသေးဘူးပဲ။
သူတို့နှစ်ယောက်လုံးဆီက စကားလုံးတွေ ထွက်ကျလာဖို့ ခဲယဉ်းလှသည်။ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြပေမဲ့လည်း မည်သည့်စကားမျှ မပြောနိုင်ကြ။ တစ်ဦးတစ်ယောက်သည် နာကျင်လွန်းလို့။ ကျန်တစ်ယောက်သည် မွန်းကြပ်လွန်းလို့။
သူတို့ မသိလိုက်ခင် အချိန်ခဏလေးအတွင်း၌ ထွက်သွားသည့် တစ်စုံတစ်ယောက်ကတော့ အံ့သြတွေဝေမှုများစွာဖြင့် အတွေးထဲ နစ်လျက်။
--
30,3,2022
♡
--
-ZAWGYI-
ပြွတ်စ် !
" အွန်းးး ~ "
" ဘယ်သွားမလို့လဲ ? "
" ကျစ် ! "
" လှည့်ပါဦး။ နမ်းချင်လို့။ "
ပြွတ်စ် !
" တကယ်မဆက်တော့ဘူးလား ? "
" ဖယ်ပါ ! "
You are reading the story above: TeenFic.Net