0.9 _
Background color
Font
Font size
Line height
-UNICODE-
•
" ဝန်း၊ အဲ့တာတွေက ဘာလုပ်မလို့လဲ ? "
ပွင့်နေတဲ့ ဂျောင်ဝန်းလွယ်အိတ်ထဲက ကဒ်တွေနဲ့ သကြားလုံးတွေကို မြင်တော့ ဆောင်းဟွန်းက မေးသည်။ အဲ့တော့မှ ဂျောင်ဝန်းက ကပြာကယာနဲ့ လွယ်အိတ်ဇစ်ကို လှမ်းပိတ်၏။
" ဘာမှမဟုတ်ပါဘူး။ ဒီအတိုင်း သဘောကျလို့ စတိုးဆိုင်က ဝယ်ထားတာ။ အိမ်မှာထားရင် ဟိုကောင့်လက်ချက် မိမှာစိုးလို့။ "
ထွေထွေထူးထူး မဟုတ်ဘူးလို့ ခေါင်းထဲ၌ ရိုက်သွင်းလိုက်ပြီးနောက် ဆောင်းဟွန်းဘက်က ဆက်၍မမေးဖြစ်ခဲ့တော့။ ဂျောင်ဝန်းနဲ့ ပတ်သက်သမျှကို ဆောင်းဟွန်းက လိုတာထက်ပို၍ ဂရုစိုက်သည်။ သူငယ်ငယ်လေးကတည်းက ဂျောင်ဝန်းတစ်ယောက်တည်းကိုပဲ ကြည့်လာတာလို့ပြောလျှင် အပိုပြောတယ်လို့ ထင်ကြလိမ့်မည်။
မူလတန်းကတည်းက ခင်လာကြတဲ့ သူတို့သုံးယောက်သည် အကြောင်းအရာတစ်ခုကြောင့် အဝေးဆုံးအနေအထားသို့ မရောက်ခင်အထိ လူအများ အားကျရတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြသည်။
" အန်းမင်းက ဘယ်သွားတာလဲ ? "
" မသိဘူး၊ အဲ့ကောင် အခုတလော ခြေပျက်နေတာ။ "
အန်းမင်းတစ်ယောက် ဘာဖြစ်နေသလဲဆိုတာကို ဂျောင်ဝန်းက စိတ်ဝင်စားပုံမရ။ ထို့နည်းတူ မေးလိုက်တဲ့ ဆောင်းဟွန်းသည်လည်း စိတ်မဝင်စားပါ။ သူစိတ်ဝင်စားသည်က ဂျောင်ဝန်းသာ ဖြစ်သည်။
တစ်ခါတလေတော့လည်း ဂျောင်ဝန်းက ရယ်ရပါသည်။ ဆောင်းဟွန်း၏ခံစားချက်တွေကို သိလျက်သားနဲ့ မသိချင်ယောင် တမင်ဆောင်ထား၏။ တစ်ခန်းလုံးကတော့ ပတ်ခ်ဆောင်းဟွန်းနဲ့ ယန်းဂျောင်ဝန်းကို တွဲနေကြပြီလို့ သတင်းတောင် လွှင့်ထားကြသည်။ ဂျောင်ဝန်းသည် ထိုသတင်းအတွက် ဖြေရှင်းချက် မပေးခဲ့သလို၊ ဆောင်းဟွန်းကိုလည်း လက်ခံဖို့ တစ်ခါမှ မတွေးခဲ့ဖူးပေ။ ထိုအရာကိုလည်း ဆောင်းဟွန်းသည် ကောင်းကောင်းကြီး သိပြီးသား ဖြစ်သည်။
" မင်းကရော ဘယ်သွားဦးမလို့လဲ ? "
ကျောင်းဆင်းတာနဲ့ ပြေးဖို့ ကြိုးစားနေတဲ့ ဂျောင်ဝန်းကို လွယ်အိတ်နောက်ကနေ ဆွဲထားရသည်။ နောက်ဆုံးနှစ်ရောက်မှ အန်းမင်းသာမက ဂျောင်ဝန်းပါ ခြေပျက်ချင်နေတာကို ဆောင်းဟွန်း သိပါသေးသည်။
ဂျောင်ဝန်းက သူ့မျက်လုံးကြီးကြီးတွေကို ပိုမိုကြီးအောင် ပေကလပ်၊ ပေကလပ်လုပ်ရင်း ဆောင်းဟွန်းကို ကြည့်သည်။ တစ်ဆက်တည်းမှာပဲ ဆောင်းဟွန်း၏အားနည်းချက်ဖြစ်တဲ့ ပါးချိုင့်နက်တွေကို ထုတ်ဖော်ပြ၏။
" ဝင်စရာရှိလို့ ဒီနေ့တော့ ကိုယ့်ဘာသာပြန်လိုက်နော် ဟွန်း။ "
မကုန်ခမ်းနိုင်တဲ့ သူ့အတွေးတွေ ပြန်လည်စုစည်းသွားကြတဲ့အချိန်မှာ ဂျောင်ဝန်းက သူနဲ့ အဝေးကြီးကို ရောက်နေပြီ။ သူကပဲ အများကြီး တွေးနေမိသွားတာလား၊ ဂျောင်ဝန်း၏ခြေလှမ်းတွေကပဲ လိုက်မမီနိုင်အောင် မြန်ဆန်လွန်းနေတာလားဆိုတာ သူလည်း မသိပါ။
-
" ဟွန်း မသိစေနဲ့နော်။ သိသွားရင် မင်းကိုငါ အသေသတ်မှာ။ "
" သိလည်း ဘာဖြစ်လဲကွ ! သူက ငါ့ထက်တောင် မင်းကို သံယောဇဉ်ရှိတာကို။ လက်ခံပေးမှာပေါ့။ "
ဂျောင်ဝန်းက မျက်နှာမဲ့ပြသည်။ အန်းမင်း၏စကားက နားထောင်လို့ကောင်းပေမဲ့ သူကတော့ ဆောင်းဟွန်း၏စိတ်ကို မယုံကြည်ရဲ။ ဆောင်းဟွန်း သူ့ကို သဘောကျနေတယ်ဆိုတာ သူသိသည်။ ထို့ကြောင့်ပဲ ဆောင်းဟွန်းအား သူ့အကြောင်းကို မသိစေချင်တာ။ အန်းမင်းတောင်မှ တစ်အိမ်တည်း အတူနေတဲ့ ညီအစ်ကိုဖြစ်နေတာကြောင့်ရော၊ ယန်းအန်းမင်းက စပ်စပ်စုစု နိုင်တာကြောင့်သာ သည်လောက် ဖုံးကွယ်ထားတာတောင် သိဖြစ်အောင် သိသွားခြင်း ဖြစ်သည်။
" ဟွန်းရဲ့အကြောင်းကို မသိတာကျနေတာပဲ။ သူသိသွားရင် ပြဿနာ မရှာဘူးလို့ တပ်အပ်ပြောနိုင်လား ? "
" ဟင့်အင်း။ "
" အဲ့တာဆို ပါးစပ်ပိတ်ထား။ "
အန်းမင်းက ဆက်မပြောတော့။ ခပ်တည်တည်နဲ့ အခန်းထဲမှ ထွက်သွားသည်။ သူ ထွက်မလာခင် တစ်စုံတစ်ယောက်က အခန်းဝကနေ တိတ်တိတ်ကလေး ပြန်ထွက်သွားတာကိုတော့ သူတို့နှစ်ယောက်စလုံး မသိလိုက်။
ဂျောင်ဝန်းနဲ့ စာတူတူလုပ်ချင်လို့ ရောက်လာခဲ့မိပေမဲ့ သည်နေ့တော့ အထမမြောက်ခဲ့။ ဆောင်းဟွန်းသည် သူ့ကို ချစ်တာ အခုမှ မဟုတ်။ ခံစားချက်ဆိုတာကို သေသေချာချာ နားမလည်နိုင်သေးတဲ့ အလယ်တန်းကတည်းက နှင်းလုံးလေးနဲ့တူသည့် ဖြူဖြူလုံးလုံး ကောင်လေးကို ဖြူဖြူစင်စင် ချစ်ခဲ့မိသည်။ အရွယ်ရောက်လာတာနဲ့အမျှ သူ့ခံစားချက်တွေသည် တခြားသော အရောင်သို့ ကူးပြောင်းလာသည့်တိုင် ထားရှိခဲ့ဖူးသည့် ချစ်ခြင်းမေတ္တာ၊ သံယောဇဉ်တွေကတော့ ဖြူ စင်စွာ တည်ရှိနေတုန်း။
ဂျောင်ဝန်းကတော့ ပြတ်သားပါသည်။ ကလေးဘဝကတည်းက အားမနာတတ်တဲ့ ဂျောင်ဝန်းက သူ့ကိုတော့ အားနာနာနဲ့ မသိချင်ယောင်ဆောင်ပေးထားသလား မပြောတတ်ပါ။
ထိုနေ့ည၏ အိမ်ပြန်လမ်းက သာမန်ထက် ရှည်လျားခဲ့သည်။ ထို့နေ့သည် ဂျောင်ဝန်း၏ အချစ်ဦးအကြောင်း တစ်စွန်းတစ်စ သိခဲ့ရသလို၊ ဆောင်းဟွန်းသည် နာကျင်စပြုခဲ့ရသည့် နေ့တစ်နေ့လည်း ဖြစ်သည်။ ခံစားချက်တွေကို ထုတ်ပြဖို့ ခဲယဉ်းတဲ့ သူ့အတွက်တော့ ဘယ်အချိန်ထိ ဟန်ဆောင်ကောင်းဖို့ ကြိုးစားရဦးမယ်ဆိုတာအား သူစိတ်ဝင်စားခဲ့၏။
-
" ယန်းအန်းမင်း၊ မင်း တကယ်ကို အဲ့လိုလုပ်မှ ဖြစ်မှာလား ?! ပတ်ဝန်းကျင်ကို ဂရုမစိုက်ရင်တောင်မှ အဖေ့ကိုတော့ ထည့်စဉ်းစားပေးသင့်တယ် မဟုတ်ဘူးလား ?!! "
ဂျောင်ဝန်းက အသက်ကို ပြင်းနိုင်သလောက် ပြင်းပြင်းရှူ နေသည်။ အန်းမင်းဆီမှ မည်သည့်စကားသံမှ ထွက်မလာပါ။ သူသည် သူ့အပြစ် မဟုတ်သော်ငြား၊ အပြစ်သားတစ်ယောက်လို ခေါင်းငုံ့ပြီး ဂျောင်ဝန်းပြောသမျှကို ငြိမ်ခံနေခဲ့သည်။
" သူနဲ့ အဆက်အသွယ်ဖြတ်လိုက်။ "
သည်တစ်ခါတော့ အန်းမင်းက သူ့ကို မော့ကြည့်လာသည်။ သူတို့နှစ်ယောက်စလုံး၏ မျက်လုံးတွေက ပြတ်သားနေတာကို နှစ်ဦးသားလုံး သိ၏။ ဂျောင်ဝန်းဘက်ကတော့ လုံးဝ လျှော့မှာမဟုတ်။
" ခဏပဲ၊ အဖေ ခွင့်ပြုတဲ့အထိ သည်းခံလိုက်။ "
သူ့စကားကို အန်းမင်းသည် ဘဝင်မကျပါ။ ရှေးရိုးစွဲနေတဲ့ သူတို့ဖခင်က ယောက်ျားချင်းချစ်ကြိုက်မှုအား ဘယ်သောအခါမှ ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ သူရော၊ ဂျောင်ဝန်းပါ ကောင်းကောင်းကြီး သိသည်။
" ဘယ်အချိန်ထိ စောင့်ရမှာလဲ ? ငါချစ်ရတဲ့သူက ငါနဲ့ ဝေးသွားတဲ့အချိန်ထိ စောင့်ရမှာလား ? ဒါမှမဟုတ် ငါတို့နှစ်ယောက်စလုံး သေမှလား ? "
ဘဝမှာ ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်တည်လာရတဲ့ အချစ်မို့ အန်းမင်းသည် ဘယ်လိုနည်းနဲ့မှ လက်လွှတ်ဆုံးရှုံးခံမှာမဟုတ်။ ဂျောင်ဝန်းသည်လည်း ထိုနည်းတူပင်။ သူ့ဖခင်အား အန်းမင်းကြောင့် စိတ်မထိခိုက်စေချင်။ တစ်ယောက်ယောက်လျှော့မှ ဖြစ်မယ်ဆိုလျှင်တောင် သူသည် အန်းမင်းကိုပဲ လျှော့ခိုင်းလိမ့်မည်။
" မင်းလည်း အဲ့စီနီယာကို ချစ်တယ်မလား ? မင်းကို မသိတာတောင်မှ မင်းဘက်က ချစ်နေပေးခဲ့တာပဲလေ။ ကိုယ်ချင်းစာကြည့်ပါ ယန်းဂျောင်ဝန်းရယ်။ ငါနဲ့သူက ချစ်ခဲ့ကြတာ ဟိုးအရင်ကတည်းကပါ။ "
ဂျောင်ဝန်းသည် ငူငူငိုင်ငိုင်ဖြင့် ကျန်ခဲ့သည်။ တင်းတင်းဆုပ်ထားမိတဲ့ လက်သီးဆုပ်တွေနဲ့အတူ အံကိုလည်း ကြိတ်ထားသေး၏။
သူ့အား ဘယ်တော့များမှ သိလာမလဲမသိနိုင်တဲ့သူကို ဂျောင်ဝန်းသည် လက်လွှတ်သင့်လျှင်တော့ လက်လွှတ်ရလိမ့်မည်။ မချစ်၍ မဟုတ်၊ မုန်း၍လည်း မဟုတ်။ ဖခင်အား သူ့ကြောင့် အရှက်မရစေချင်ရုံသာ။ သည်လောက်ထိ အရဲစွန့်လာပြီးမှ ထပ်ပြီး ပုန်းကွယ်နေရလည်း အဆင်ပြေပါသည်။ အနည်းဆုံးသော တစ်စုံတစ်ယောက်အား အဝေးကနေ ချစ်နေတဲ့ သူတစ်ယောက်ရှိနေသေးတယ်ဆိုသည့် အသိနဲ့တင် ဂျောင်ဝန်းသည် ကျေနပ်၏။
အန်းမင်းကတော့ မကျေနပ်ခဲ့နိုင်။ ဂျောင်ဝန်း၏ဖခင်သည် သူ့ဖခင်အရင်း မဟုတ်ပေမဲ့၊ ကွယ်လွန်သွားတဲ့ သူ့မိခင်ကြောင့် သူနဲ့ ဂျောင်ဝန်းသည် အဖေပါ၊ အမေပါ ညီအစ်ကိုတွေ ဖြစ်လာခဲ့ရသော်ငြား ထိုနှစ်ဦးစလုံးအား သံယောဇဉ်ရှိပါသည်။ သို့ပေမဲ့ ရွေးချယ်စရာတွေ ကြုံလာခဲ့လျှင်တော့ ပတ်ခ်ယွန်ဆောင်းဆိုသည့် သူသိပ်ချစ်ရသောသူကိုသာ နောင်တ ကင်းမဲ့စွာဖြင့် ရွေးချယ်လိမ့်မည်။
•
" ဦးလေးနဲ့ ရန်ဖြစ်ပြန်ပြီလား ? "
" ဟဲ့ ... တစ်ခုခုပြောဦးလေဟာ။ ဘာဖြစ်လာတာလဲလို့။ နင့်မျက်နှာက အဲ့လိုကြီး ဖြစ်နေတော့ ငါက စိတ်ပူတာပေါ့ဟ။ ဘာဖြစ်လာတာလဲ ပြောတော့။ "
သူ(မ)ဘယ်လောက်မေးမေး ဂျုံဆောင်းဆီက စကားလုံးတစ်လုံးတောင် ထွက်မကျလာ။ ' တစ်ခွက်လောက် သောက်ရအောင်။ ' ဆိုပြီး ရောက်ကတည်းက တစ်ခွက်ပြီးတစ်ခွက် သောက်နေသည်မှာ မျက်လုံးတွေတောင် နီလာပြီဖြစ်သည်။ ကြာလာတော့ သူ(မ)လည်း စိတ်ပူလာ၏။
" ပတ်ခ်ဂျုံဆောင်း၊ နင်မပြောရင် ငါပြန်ပြီ။ "
" နင် ချစ်ရတဲ့သူက နင့်ကိုလည်း ထပ်တူ ချစ်နေတယ်ဆိုတာကို သိလိုက်ရတဲ့အခါ ဘယ်လိုခံစားရမလဲ ? ပျော်နေမှာလား၊ ဝမ်းနည်းနေမှာလား ? "
မတ်တပ်ရပ်လိုက်ပြီးသားဖြစ်တဲ့ သူ(မ)က ထိုင်ခုံမှာ ပြန်ထိုင်ပြီး ဂျုံဆောင်း၏မျက်လုံးတွေကို စူးစိုက်ကြည့်သည်။ ဂျုံဆောင်းသည် ဖြည်းဖြည်းချင်း ပြောင်းလဲလာသည်။ ဘယ်အရာက ပြောင်းလဲစေတာကိုတော့ သူ(မ)မသိပေမဲ့ ကောင်းသော ပြောင်းလဲခြင်းလို့ မယူဆနိုင်သလို၊ ဆိုးရွားတဲ့ ပြောင်းလဲခြင်းဟုလည်း အမည်မတပ်နိုင်ပါ။
" နင်က မပျော်လို့လား ? "
မေးခွန်းကို မေးခွန်းနဲ့ တုံ့ပြန်ခြင်းဟာ တစ်ခါတရံတော့လည်း ကောင်းပါသည်။ ပြောပြဖို့ခက်တဲ့ အရာတွေအတွက် လမ်းစဖွင့်ပေးကောင်း ဖွင့်ပေးနိုင်၏။
" အင်ဟာ "
" အင်း "
" သဘောကျရတာထက် ချစ်ရတာက ပိုပင်ပန်းတယ်နော်။ "
အင်ဟာက ခပ်သော့သော့ ရယ်သည်။ ဂျုံဆောင်းက အခုမှ သိတာ။ သူ(မ)က အရင်ကတည်းက သိခဲ့တာလေ။ တစ်ချိန်က ဂျုံဆောင်း တွေးသလို တစ်ပုံစံတည်း တွေးခဲ့မိတာကို ပြန်တွေးမိပြန်၏။
" သတ္တိရှိဖို့တော့ လိုတယ် ဂျုံဆောင်း။ ချစ်ရတာထက် ပိုပင်ပန်းရတာ ဘာလဲသိလား ? "
" ဟင့်အင်း။ "
ဂျုံဆောင်း တကယ် မသိပါဘူး။ သူသိတာက ချစ်ရတာဟာ ပင်ပန်းလွန်းလှတယ်ဆိုတာပါပဲ။ အဲ့တာကလွဲပြီး လောလောဆယ်မှာတော့ သူသည် ဘာမှမသိပေ။
" ချစ်နေရဲ့သားနဲ့ ထွက်ပြေးနေတာက ပိုပင်ပန်းရတယ်။ တစ်ခါတလေကျတော့လည်း သတ္တိရှိဖို့တော့ လိုတာပေါ့ဟာ။ တစ်ကိုယ်ကောင်းဆန်သင့်ရင်လည်း ဆန်ရမယ်။ အဲ့တာမှ အချစ်ခံရမှာ။ "
အင်ဟာ့စကားအဆုံး၌ ဂျုံဆောင်းသည် အတွေးပေါင်း မြောက်မြားစွာနဲ့အတူ မှောက်သွားပြီဖြစ်သည်။ သူ(မ)ကတော့ ဂျုံဆောင်းကို ကြည့်နေရင်းနဲ့ ခပ်သဲ့သဲ့ ပြုံး၏။ တစ်ကိုယ်ကောင်းဆန်သင့်လျှင် တစ်ကိုယ်ကောင်းဆန်ရန် သင်ပေးနေတဲ့ သူ(မ)ကိုယ်တိုင်ကတော့ ထိုကဲ့သို့ မလုပ်နိုင်ခဲ့ဘူးထင်ပါရဲ့။
--
အလစ်မို့ ဂျုံဆောင်း၏ပါးတစ်ဖက်သည် ရှိန်းခနဲ ဖြစ်သွားရသည်။ အထိုးခံလိုက်ရတယ်ဆိုတဲ့ အသိသည် ဒေါသတလိပ်လိပ် တက်စေသော်ငြား၊ ထိုးလိုက်သည့်သူမှာ တခြားသူ ဟုတ်မနေတာကြောင့် ပတ်ခ်ဂျုံဆောင်း၏ဒေါသတို့သည် ကောက်ရိုးပုံထဲက အပ်လိုပင်။ ရှာလို့တောင် တွေ့မှာ မဟုတ်။
" ပတ်ခ်ဂျုံဆောင်း၊ ခင်ဗျား ဘာစောက်ချိုး,ချိုးတာလဲ ?! ကျွန်တော့်ဆီ တစ်ပတ်တိတိတောင် စာမလာ၊ ဖုန်းမဆက်နိုင်ရအောင် ခင်ဗျား အလုပ်အရမ်းရှုပ်နေတယ် ဟုတ်လား ! "
ရှူးရှူးရှားရှား ဖြစ်နေတဲ့ ဂျောင်ဝန်းက ရိုင်းရိုင်းစိုင်းစိုင်း စကားတွေ ထွက်ကျလာတာကိုလည်း စိတ်မပူ။ ဂျုံဆောင်းကိုလည်း အသက်ကြီးတာ၊ ငယ်တာတွေ မတွေး။ သူ့ဒေါသကို ဖြေရမှ ကျေနပ်မည်။
တကယ်ဆိုလျှင် အထိုးခံလိုက်ရတဲ့သူဘက်က ဒေါသတောင် ဖြစ်ရမည်ဖြစ်ပေမဲ့လည်း ဂျောင်ဝန်း၏ဒေါသတို့သည် အခုထိ မပျောက်နိုင်ပါ။ ဘာမှမပြောဘဲ ငြိမ်နေတဲ့ ဂျုံဆောင်းကို ကြည့်လေ၊ သူ့ဒေါသသည် ပိုထွက်လာလေ ဖြစ်၏။
" ထပ်ထိုးချင်သေးလား ? "
ဂျုံဆောင်းက ကျန်ပါးတစ်ဖက်ကို သူ့အနားသို့ တိုးပေးသည်။ ဂျောင်ဝန်း စိတ်ပြေဖို့အတွက် သည်လောက်လေး အသားအနာခံရတာဟာ သူ့အတွက် ဘာမှမဖြစ်။
ခွပ် !
ဂျောင်ဝန်းသည် တွန့်ဆုတ်ခြင်းမရှိဘဲ နောက်ထပ် ပါးတစ်ချက်ကို အားပြင်းပြင်းနဲ့ ထပ်ထိုးသည်။ သည်တစ်ခါ အားက ပြင်းလွန်းတာကြောင့် ဂျုံဆောင်း၏ခြေလှမ်းတို့သည် အနောက်သို့ အနည်းငယ် ယိုင်သွား၏။ သို့သော်လည်း ကာယကံရှင် ပတ်ခ်ဂျုံဆောင်းသည် ခပ်ပြုံးပြုံးသာ။ အကြောင်းကတော့ ဂျောင်ဝန်းသည် ငြိမ်ကျသွားပြီလေ။
" စိတ်ပြေသွားပြီလား ? "
သူ့အမေးကို ကြားသော်ငြား ပြန်ဖြေခြင်းမရှိ။ ဆိုဖာ၌ ခြေလျှောထိုင်ကာ မျက်လုံးတွေကို မှိတ်ထား၏။ ဂျုံဆောင်းလည်း အလိုက်တသိဖြင့် ဆက်မမေးဖြစ်တော့ပေ။
ခဏအကြာတော့ မျက်လုံးတွေက ပြန်ဖွင့်လာပြီး မတ်တပ်ထ,ရပ်လိုက်သည့် ဂျုံဆောင်းပါ အလိုလို လိုက်ရပ်မိသည်။
" ထိုင်နေ "
နှလုံးသားတစ်ခုလုံးကို အပိုင်စားထားတဲ့ ပိုင်ရှင်အား သူသည် မလွန်ဆန်နိုင်။ အမိန့်စကားအတိုင်း ပြန်ထိုင်လိုက်တော့ ပေါင်ပေါ်သို့ ရောက်လာသည့်သူကြောင့် ဂျုံဆောင်း၏ရင်အစုံသည် ခိုကိုးရာမဲ့စွာ ဘယ်ဆီသို့ သွားရောက် အနားဖြေရမလဲမသိ။ အရှိန်အဟုန်ပြင်းစွာဖြင့် ကခုန်နေကြလွန်းလို့ တစ်ဖက်လူတောင် ရှင်းရှင်းလင်းလင်း ကြားရလိမ့်မည်ဆိုတာ တကူးတက တွေးစရာမလိုချေ ။
မျက်ဝန်းတွေကြား အငိုက်မိနေစဉ် လက်ချောင်းသွယ်သွယ်တွေက ဂျုံဆောင်းပါးပြင်ထက်၌ ပြေးလွှားဆော့ကစားနေသည်။ ဂျုံဆောင်းသည် ထိုမျက်ဝန်းတွေထံမှ လွတ်မြောက်နိုင်စွမ်း ရှိလိမ့်မည်မဟုတ်။
မလွတ်မြောက်နိုင်တော့မည်ဖြစ်ကြောင်း ခပ်တွေတွေ တွေးမိနေစဉ် ဘယ်ဘက်ပါးပြင်သို့ ရောက်လာသည့် စိုစိုအိအိ ခံစားမှုသည် ဂျုံဆောင်း၏ရင်ဘတ်တစ်ခုလုံးကို နွေးထွေးသွားစေသည်။ တစ်ချိန်တည်းမှာပင် ထိုခံစားမှုသည် ညာဘက်ပါးပြင်ဆီသို့ပါ ထပ်မံကူးခတ်ရောက်ရှိလာ၏။
သူ့ကြောင့်ပဲ မွန်းကြပ်ရသည်။ သူ့ကြောင့်ပဲ နွေးထွေးရသည်။ ဂျုံဆောင်းဘဝ၏ ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဒေါသဖြစ်ခြင်း၊ စိတ်အားငယ်ခြင်း၊ ... အစသည်ရှိတို့အား သူကသာ ထိန်းချုပ်,ချုပ်ကိုင်နေသည်ဖြစ်ကြောင်း ဂျုံဆောင်းသည် ကောင်းကောင်းကြီး နားလည်သဘောပေါက်လာသည်။
" တောင်းပန်ပါတယ်။ ကျွန်တော် စိတ်လွတ်သွားလို့။ "
အထိုးခံလိုက်ရတဲ့ ပါးနှစ်ဖက်အား တောင်းပန်သည့်အနေဖြင့် အနမ်းခြွေပြီးတော့ ဖွဖွလေး ထိတွေ့ကိုင်တွယ်နေပြန်သည်။ တကယ်တော့ မလိုအပ်ပါဘူး။ ဂျောင်ဝန်းစိတ်ကျေနပ်မယ်ဆို သူသည် အရာအားလုံးကို ခွင့်ပြုနိုင်သည်။ သူ့အား ထားသွားတာက လွဲလို့ပင်။
" ကျွန်တော့်ကို ပစ်မထားနဲ့။ သေလောက်အောင် မုန်းတယ်။ "
ဂျုံဆောင်းသည် ခပ်ရေးရေး ပြုံးမိတော့ မျက်နှာလှလှလေးသည် မဲ့သွားပြီး၊ မျက်ခုံးတွေကပါ တွန့်ချိုးသွားကြ၏။
" ပြောတာကြားလား ?!! "
သူ့ပါးနှစ်ဖက်လုံးကို လက်နှစ်ဖက်ဖြင့် အတင်းဖိညှစ်ထားပြီး အော်ဟစ်ပြန်သည်။ ဒါမှ မကြားလျှင် ပတ်ခ်ဂျုံဆောင်းသည် နားအထူးကုနဲ့ ပြသင့်နေပြီပေါ့။
လက်လေးတွေအပေါ်ကနေ အုပ်ကိုင်လိုက်တော့ အကြည့်စူးစူးတွေနဲ့ ကြည့်လာ၏။ ထိုအကြည့်စူးစူးတွေထဲ နူးညံ့ခြင်းတွေ ပြေးလွှားနေသည်ဆိုတာကို ဂျုံဆောင်းတစ်ယောက်သာ သိပါလိမ့်မည်။ သူသည် ဂျောင်ဝန်း၏ မျက်ဝန်းတွေအား ကောင်းကောင်းဖတ်တတ်နေပြီဖြစ်သည်။
" ကိုယ် မင်းကို သိပ်ချစ်တယ် ယန်းဂျောင်ဝန်း။ တစ်ချိန်မှာ မင်းက ပတ်ခ်ဂျောင်ဝန်း ဖြစ်ကိုဖြစ်လာစေရမယ်။ ပတ်ခ်ဂျောင်ဝန်းဆိုတာကို သဘောမကျရင် ကိုယ်က ယန်းဂျုံဆောင်းအဖြစ် တည်ရှိပေးမယ်။ မင်းသာ ကိုယ့်အနားကနေ ထွက်သွားဖို့ မကြိုးစားနဲ့။ "
ဒါဟာ ဂျုံဆောင်းသည် သူ့အား ပထမဆုံးအကြိမ် ပေးဖူးသည့် အမိန့်စကားပင်။ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ်လည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သူ့(ဂျုံဆောင်း)အနားမှာ ဂျောင်ဝန်းရှိနေဖို့သာ အဓိက ဖြစ်သည်။ ကျန်တာတွေကို ဂျုံဆောင်းသည် မလိုအပ်တော့။
--
" ယန်းဂျောင်ဝန်း !! "
ခွပ် !
ဘလိုင်းကြီး အထိုးခံလိုက်ရတာကြောင့် ဂျောင်ဝန်း၏ဒေါသတို့သည် အစိုးမရ။ အချိန်ဆွဲမနေတော့ဘဲ သူ့ဘက်က ချက်ချင်း လက်တုံ့ပြန်၏။ ဂျောင်ဝန်းသည် ထိုကဲ့သို့ပင်။ သူ့အသားကို နာကျင်အောင် လုပ်ပါက ချက်ချင်းလက်ငင်း လက်တုံ့ပြန်ရလျှင်တောင် သိပ်ပြီး စိတ်ကျေနပ်တတ်သည့် သူမျိုးမဟုတ်ချေ ။ သို့သော်လည်း သူ့အား ထိုးလိုက်သူမှာ သူစိမ်းတစ်ယောက်မဟုတ်တာကြောင့် စိတ်ကို အတတ်နိုင်ဆုံး လျှော့ချလိုက်ရသည်။ သူ့ဘက်ကသာ သူစိမ်းမဟုတ်ဘူးလို့ တွေးမိတာလည်း ဖြစ်နိုင်သည်။
" ဟက် ! "
အန်းမင်းက အထိုးခံလိုက်ရတဲ့ နှုတ်ခမ်းထောင့်စွန်းကို လက်နဲ့ဖိကိုင်လိုက်ရင်း ခြောက်ကပ်ကပ် ရယ်သည်။ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်၌ သူတို့နှစ်ဦး၏ဒေါသတပြင်း အသက်ရှူ သံတို့သည် ရှင်းရှင်းလင်းလင်း ထွက်ပေါ်လာကြ၏။
" ပတ်ခ်ဆောင်းဟွန်း တစ်ခုခုဖြစ်ခဲ့ရင် အထိုးခံရရုံနဲ့ ပြီးသွားမှာ မဟုတ်ဘူး။ သူ့အစ်ကိုက မင်းကိုပါ အသေသတ်လိမ့်မယ် မကောင်းတဲ့ကောင်ရဲ့ ! "
အသုံးအနှုန်းတစ်ခုကြောင့် ဂျောင်ဝန်းသည် ဟက်ဟက်ပက်ပက် အော်ရယ်သည်။
မကောင်းတဲ့ကောင် ?
" မကောင်းတဲ့ကောင်ကမှ မင်းကွ။ ယန်းအန်းမင်း ... အာ ဘယ်ဟုတ်တော့မလဲ။ ပတ်ခ်အန်းမင်းပေါ့။ မင်းကမှ မကောင်းတဲ့ကောင်။ မင်းကြောင့် မင်းစိတ်နဲ့ ငါ့အဖေက မသေသင့်ဘဲ သေခဲ့ရတာ !! မင်းမွှန်နေလို့ ! ခဏလောက် သည်းခံပေးပါလို့ ပြောခဲ့တဲ့ကြားထဲက အဲ့လူနောက်ကို ကောက်ကောက်ပါအောင် လိုက်ပြေးသွားခဲ့တာ။ မင်းသိလား ? အဟား ... ဘယ်သိပါ့မလဲ။ အဲ့အချိန်ကတည်းက အဖေက အိပ်ရာထဲ လဲခဲ့တာ။ သားအရင်း မဟုတ်တဲ့ မင်းကို ငါ့ထက်တောင် ချစ်ခဲ့တဲ့သူကိုမှ လုပ်ရက်တဲ့မင်းကမှ လူယုတ်မာ ! "
ဖခင်ဖြစ်သူသည် အန်းမင်းစိတ်နဲ့ပဲ အိပ်ရာထဲမှာ လုံးပါးပါးခဲ့ရသည်မှာ မကြာလိုက်ပါ။ အန်းမင်း၏အမေနောက်သို့ လိုက်သွားခဲ့ရသည်။ ဒါတွေအကုန်လုံးဟာ ယန်းအန်းမင်းနဲ့ ပတ်ခ်ယွန်ဆောင်းကြောင့်လို့သာ သူသည် ပုံသေ မှတ်ယူထားခဲ့သည်မှာ ယနေ့ထိပင်။ ထိုအတွေးတွေသည်လည်း ဘယ်သောအခါမှ ပြောင်းလဲသွားမှာ မဟုတ်။ သူ့အတွက် ယန်းအန်းမင်းနဲ့ ပတ်ခ်ယွန်ဆောင်းသည် လူယုတ်မာတွေသာ ဖြစ်ပြီး၊ ပတ်ခ်ဆောင်းဟွန်းကတော့ အသုံးချလို့ အကောင်းဆုံးသော သားကောင်အဖြစ်သာ တည်ရှိလာခဲ့၏။
သူသည် မကောင်းတဲ့လူတစ်ယောက်အဖြစ် သတ်မှတ်ခံလျှင်တောင်မှ ပျော်ပျော်ကြီး သတ်မှတ်ခံလိုက်မည်။ အတ္တကြီးတာ မကောင်းဘူးလို့ အဖေက တဖွဖွပြောခဲ့ပေမဲ့ သူသည် သူ့ပုံစံအတိုင်း အတ္တကြီးပြီး၊ အငြိုးအတေးလည်း ဆက်၍ ကြီးနေပေဦးမည်။
--
" ပတ်ခ်ဆောင်းဟွန်းက တကယ်ရူးနေပြီ။ "
မှောင်မည်းနေတဲ့ အခန်း၏ချောင်အကျဆုံး နေရာမှာ သူက ကျုံ့ကျုံ့လေး ထိုင်နေသည်။ ထောင်ထားတဲ့ ဒူးနှစ်ဖက်ကို လက်တွေနဲ့ ရစ်ပတ်ထားသည်။ ဘေးတစ်ဖက်တစ်ချက်၌ ပြန့်ကျဲနေကြသည်မှာ ဆေးလိပ်အတိုအစတွေ၊ အခွံသာ ကျန်တော့တဲ့ ဆိုဂျူ နဲ့ မက်ဂျူ တွေ။ တချို့ ဆိုဂျူ ပုလင်းခွံတွေကတော့ တစ်ဝက်သာ ကျန်တော့သည်။ တစ်ဝက်က အစိတ်စိတ်အမွှာမွှာတွေဖြစ်ပြီး နံရံ၏အောက်ခြေမှာ ဖြစ်ချင်တိုင်း ဖြစ်နေကြ၏။
သူ့လက်ကောက်ဝတ်မှာလည်း သွေးတွေက အနည်းငယ် စို့နေသည်။ လွင့်စင်လာတဲ့ ပုလင်းစတွေနဲ့ လက်ကောက်ဝတ်ကို အကြောင်းလိုက်ပြီး ဖြတ်ကြည့်မိဖို့ သူ တွေးကြည့်မိသည်။ တကယ်တမ်းကျတော့ မလုပ်ရဲခဲ့။ တစ်ကိုယ်ကောင်းဆန်တဲ့ သူဖြစ်နေလို့လားမသိပါ။ သူသည် သေကြောင်းကြံစည်ခြင်းအရာ၌ အမှတ်သုညသာ ရခဲ့သည်။ သွေးစို့နေတဲ့ လက်ကောက်ဝတ်က ဒဏ်ရာသေးသေးလေးကတောင် သည်လောက် နာကျင်စေတာ။ ပတ်ခ်ဆောင်းဟွန်းသာဆို ဘယ်လောက်တောင် နာကျင်လိုက်လေမလဲ။ ပတ်ခ်ဆောင်းဟွန်းက သတ္တိသိပ်ရှိတာပဲလို့ သူ ချီးကျူးမိသည်။
သူ့အရှေ့နားထိပါ လွင့်စင်လာတဲ့ ပုလင်းက အစအနတွေဆီ အကြည့်ရောက်သွားပြန်တော့ လက်က အလိုလို လှမ်းမိသည်။ သူလည်း လွတ်မြောက်ချင်တယ်လေ။ ဒါပေမဲ့ မလုပ်နိုင်ဘူး။ လှမ်းလိုက်မိတဲ့ လက်တွေကို မျက်နှာပြောင်တိုက်စွာနဲ့ပဲ ပြန်ရုတ်လိုက်မိသည်။ သူက ပတ်ခ်ဆောင်းဟွန်းလို သတ္တိလေး နည်းနည်းတောင် မရှိဘူး။ အချစ်ခံရတာကို သဘောကျနေမိပြီ။ ပျော်မွေ့နေပြီ။ သူဘယ်လိုလုပ်ရမလဲ။
" အားးးး !!! "
ကျန်ရှိနေသေးတဲ့ ဆိုဂျူ ပုလင်းခွံတွေကို နံရံဆီသို့ ပစ်ပေါက်လိုက်ပြီး မျက်လုံးစုံမှိတ်ကာ အော်ဟစ်နေ၏။ မျက်ရည်တွေ ကျနေပေမဲ့လည်း သူ့ရင်ဘတ်တစ်ခုလုံးသည် တင်းကြပ်နေသည်။ အသက်တစ်ခါရှူလိုက်တိုင်း အသက်ထွက်တော့မလို။ အဲ့လိုနဲ့ သေသွားလျှင် ကောင်းမယ်ဆိုတဲ့ အတွေးဝင်လာပေမဲ့လည်း မသေရဲသေးဘူး။
သူဟာ မကောင်းတဲ့ကောင်မှန်း သိသိရဲ့နဲ့ ဆောင်းဟွန်းသည် သူ့အတွက် အမြဲရှိပေးခဲ့သည်။ လိုအပ်တဲ့အချိန်မှာရော၊ မလိုအပ်တဲ့အချိန်တွေမှာပါ ဆောင်းဟွန်းက အရူးတစ်ယောက်လို ခယခဲ့သည်။ သူက ရူးနေတာဆိုလျှင် ပတ်ခ်ဆောင်းဟွန်းက အရူးအားပေးဖြစ်ပြီး၊ တဖြည်းဖြည်းနဲ့ ပတ်ခ်ဆောင်းဟွန်းဟာ သွက်သွက်ခါအောင် ရူးနှမ်းနေတဲ့သူတစ်ယောက် ဖြစ်လာခဲ့၏။
" အစ်ကို !! "
ဂျောင်ဝန်းသည် အသံထွက်၍တောင် မငိုနိုင်။ ခံစားချက်တွေက တင်းကြပ်လွန်းလို့ ရူးပြီးရင်း ရူးတော့မည်။ တံခါးကို ဖျက်ပြီး ဝင်လာခဲ့တဲ့ နီခီက သူ့ကို ထွေးပွေ့ပေးလာသည်။ နီခီ့ရင်ခွင်ထဲရောက်သည်အထိ သူသည် အသံတိတ် ငိုနေမိတုန်း ဖြစ်သည်။ မျက်ရည်တွေက အဆက်မပြတ် ကျလာပေမဲ့ အသံကတော့ မထွက်နိုင်။ ထို့ကြောင့်လည်း ပို၍ နာကျင်မွန်းကြပ်ရသည်။
အခန်းထဲ၌ သူတို့နှစ်ယောက်အပြင် နောက်တစ်ယောက် ရှိနေသေးတာကို ဂျောင်ဝန်းသည် သတိမထားမိခဲ့။ သတိထားမိသွားတော့မှ နီခီ့ရင်ခွင်ထဲကနေ ဂျောင်ဝန်းက မော့ကြည့်သည်။ နီခီနဲ့အတူ ပါလာသည့်သူက ဂျောင်ဝန်းကို ကြေကွဲနေတဲ့ မျက်လုံးတွေနဲ့ ကြည့်နေသည်။ ထိုအချိန်မှာပဲ နီခီက အလိုက်တသိနဲ့ သူ့ကို လွှတ်ပေးပြီး အခန်းထဲမှ ထွက်သွားပေးသည်။
မတ်တပ်ရပ်နေတဲ့သူ၏လက်တွေကို ဂျောင်ဝန်း ငေးကြည့်မိသည်။ တံခါးကို မရ,ရအောင် ဖွင့်ထားတာမို့ လက်တွေက ပွန်းပဲ့နေတာကို ဂျောင်ဝန်း တွေ့လိုက်ရသည်။ သူက ထိုင်ချလာပြီး ဂျောင်ဝန်းကို ထွေးပွေ့လာသည်။ ဖြူဖတ်နေတဲ့ မျက်နှာထက်၌ စိုးရိမ်မှုတွေက အပြည့်။ ပါးပြင်ကို အုပ်မိုးလာတဲ့ လက်ဖြူဖြူကို ဂျောင်ဝန်း ကြည့်လိုက်မိသည်။ ဒဏ်ရာဒဏ်ချက်တွေသည် မြင်မကောင်း။
" ငါရှိတယ်လေ။ "
သူ့ခေါင်းကို ဖွဖွလေး ပုတ်ပေးပြီး နှစ်သိမ့်လာသည်။ ဂျောင်ဝန်းသည် သည်းမခံနိုင်တော့ဘဲ သူ့အား ထုရိုက်မိ၏။ ရုန်းကန်ခြင်း မပြုသည့်သူကြောင့် ဂျောင်ဝန်း၏ရင်တွေသည် ပြောမပြတတ်အောင် နာကျင်ရပြန်ပါသည်။
" ငါက မကောင်းတဲ့ကောင်။ "
ဂျောင်ဝန်းက တိုးတိုးလေး ပြောတော့ သူက ရင်ခွင်ထဲ ဆွဲသွင်း၏။ သူ့ရင်ခွင်ထဲကို ရောက်သည်နှင့် ဂျောင်ဝန်း၏တင်းကြပ်မှုတွေသည် မဆိုသလောက် ပြေလျော့လာသည်။ အသံထွက်ပြီး အော်ငိုနေတဲ့ ဂျောင်ဝန်းက ပြောချင်ရာတွေ ပြောနေသည်။ သူက နားထောင်ပေးပြီး၊ ငိုနေတဲ့ ကလေးလေးတွေကို ချော့မြှူသည့်နှယ် လှုပ်လှုပ်ရှားရှားဖြစ်နေတဲ့ ကျောပြင်ကျယ်အား ညင်ညင်သာသာလေး ပုတ်ပေး၏။ ဂျောင်ဝန်း၏ဆံနွယ်တွေကိုလည်း နမ်းရှိုက်ပေးဖို့ မမေ့။
ငိုယိုနေတဲ့သူကတော့ တစ်လောကလုံးကို ခဏတာ မေ့လျော့သွားတဲ့အထိ အော်ဟစ်နေခဲ့သည်။ ထွက်ကျလာတဲ့ သူ့ငိုသံအကျယ်ကြီးက သူ့နားထဲသို့ ပြန်ရောက်လာတော့မှသာ လှောင်ပိတ်နေသည့် စိတ်တို့သည် ဖြည်းဖြည်းချင်း သက်သာလာသယောင်။
ဆောင်းဟွန်းကတော့ နေမကောင်းသေးတာကို လျစ်လျူ ရှုထားပြီး၊ ဂျောင်ဝန်းကိုသာ ဂရုစိုက်လျက် နူးညံ့သော အပြုအမူတို့ဖြင့် နှစ်သိမ့်ပေးနေခဲ့သည်။
--
6,4,2022
♡
--
-ZAWGYI-
•
-
" သိလည်း
You are reading the story above: TeenFic.Net