0.4 _
Background color
Font
Font size
Line height
-UNICODE-
" အချစ်ဆိုတာ ဘာမှမကောင်းဘူး။ ဘယ်လောက်ချစ်ပါတယ်၊ ကြိုက်ပါတယ်၊ သဘောကျပါတယ်ပြောပြော၊ ကိုယ့်ထက်သာတဲ့သူတွေ့ရင် အမြီးနှံ့ပြီး ကောက်ကောက်ပါအောင် လိုက်သွားရော။ မကောင်းတဲ့ ယောက်ျားတွေ။ "
မေးမိတဲ့ သူ့ပါးစပ်သူသာ နာနာလေး ရိုက်ချင်လိုက်မိသည်။ ယွန်းအင်ဟာလို တစ်နှစ်ကျော် တွဲလာခဲ့တဲ့ ရည်းစားဆီက အပစ်ခံလိုက်တာကြောင့် ယန်းဂျောင်ဝန်းကလွဲပြီး ဘယ်ယောက်ျားမှ မကောင်းဘူးဟု ကြွေးကြော်နေသည့် သူမျိုးကိုမှ အချစ်အကြောင်း မေးမိတာ သူ့အမှား။
အချိန်ပိုင်း လာလုပ်တဲ့ အထက်တန်း ကောင်မလေး ထွက်သွားသည့်နေရာမှာ အစားမထိုးရသေးတာကြောင့် စားပွဲတွေကို သူ(မ)ကိုယ်တိုင် သုတ်နေပြီး သက်ပြင်းကလည်း တချချဖြင့်။
" ဒါနဲ့ ငါတို့ဂျုံဆောင်းလေး သဘောကျရတဲ့သူ တွေ့နေပြီလား ? "
ခုံမှာ ကျကျနန ထိုင်နေတဲ့ ဂျုံဆောင်းသည် ပြူးပြူးပြာပြာ ဖြစ်သွားရပြီး မျက်နှာအမူအရာကို အမြန်ထိန်းလိုက်ရ၏။ သူ(မ)ကတော့ ကြည့်မနေတာကြောင့် မတွေ့လိုက်။ ဂနာမငြိမ်လျှင် လုပ်တတ်တဲ့ အကျင့်အတိုင်း ဂျုံဆောင်းက နှုတ်ခမ်းကိုက်လျက် သူ့လက်ဖဝါးတွေကို စူးစိုက်ကြည့်နေသည်။
ငြိမ်နေတဲ့ သူငယ်ချင်းဖြစ်သူကို မသင်္ကာတာကြောင့် သူ(မ)က ကျောပေးထားရာမှ ချာခနဲ လှည့်လာပြီး သူ့ဘေးကို လာရပ်သည်။
" တွေ့နေပြီလား ? "
မှေးနေပြီးသား မျက်လုံးတွေကို ပိုမို မှေးစင်းလိုက်ရင်း မေးလာသည့် သူ(မ)က အမှုစစ်တစ်ယောက်နဲ့ တူသည်။ ဂျုံဆောင်းသည် ခပ်တည်တည်နဲ့ပင် ခေါင်းညိတ်ပြလိုက်သည်။
" အင်း "
" ဝိုးးးးးး ! "
ဝိုးခနဲ အကျယ်ကြီးအော်သည့်သူ(မ)၏ပါးစပ်ကို အနားက စက္ကူစဖြင့် ခပ်မြန်မြန် လှမ်းအုပ်လိုက်ရ၏။ ဆိုင်ထဲ လူသုံးယောက်လောက်သာ ရှိတာမို့ တော်သေးသည်။ ယွန်းအင်ဟာက မိန်းကလေးဖြစ်ပြီး မိန်းကလေးနဲ့ နည်းနည်းမှကို မတူတာ။ ရည်းစားရတုန်းကတောင် သူ့မှာ အတော်လေး အံ့သြခဲ့ရတာ မဟုတ်လား။ အခုတော့ ပြတ်သွားပါပြီ။ အေးပေါ့လေ၊ ယွန်းအင်ဟာရဲ့ဒဏ်ကို ဘယ်ခံနိုင်ပါ့မလဲ။
ပါးစပ်မှာ ကပ်ထားတဲ့ စက္ကူစကို လုံးချေရင်း သူ့ဘေးကို အတင်းတိုးကပ်ထိုင်လာသည်။ လက်ထဲမှာလည်း စားပွဲကို သုတ်ထားတာကြောင့် ပေကျံနေတဲ့ အဝတ်နဲ့။
" လှလား၊ ငါတို့နဲ့ရွယ်တူပဲလား၊ ငယ်လား၊ ကြီးလား ? ဘယ်ကလဲ၊ ဘာလုပ်လဲ၊ စိတ်ထားရော ကောင်းလား၊ ငါ့လိုရော ချစ်ဖို့ကောင်းရဲ့လား ? "
အင်ဟာ့ကို စိတ်ပျက်သလို ကြည့်လိုက်ရင်း ဂျုံဆောင်းသည် ဖြေရမည့်အဖြေတွေကို တွေးတောမိသွားသည်။
လှလားဆို သိပ်လှတာပေါ့။ ယောက်ျားလေးတစ်ယောက်ပေမဲ့ သူက သိပ်လှပါသည်။ အထူးသဖြင့် မျက်လုံးလေးတွေနဲ့ နှုတ်ခမ်းပါး။ စိတ်ထားကောင်းလား၊ မကောင်းလား မသိပေမဲ့ နူးညံ့မဲ့ ကောင်လေးဟု ဂျုံဆောင်း မှတ်ချက်ချမိသည်။ ယွန်းအင်ဟာထက် အဆတစ်သောင်းလည်း ချစ်ဖို့ကောင်းသည်။
" လှလည်းလှတယ်။ စိတ်ထားလည်းကောင်းမယ်ထင်တာပဲ။ ငါတို့ထက်လည်း ငယ်တယ်။ နင့်ထက် အဆတစ်သောင်း၊ တစ်သိန်း ချစ်ဖို့ကောင်းတယ်။ "
နောက်ဆုံးအဖြေကို ပြုံးပြုံးကြီးလုပ်ပြီး ပြောလိုက်တော့ သူ(မ)က နှုတ်ခမ်းကို မဲ့ပြသည်။
" ငါနဲ့မိတ်ဆက်ပေး။ "
သည်တစ်ခါတော့ ဂျုံဆောင်းမှာ အသံမထွက်ချင်တော့သလောက် ဖြစ်သွားရသည်။ ပြီးခဲ့သည့်ရက်က အဖြစ်အပျက်တချို့ကို ပြန်တွေးမိရင်း ဘယ်ဘက်ရင်ဘတ်က အောင့်လာချင်သလိုလို၊ ကော်ဖီဆယ်ခွက်လောက်ကို တစ်ပြိုင်နက်တည်း သောက်ထားသလိုလို၊ ဒါမှမဟုတ် ဆယ်လွှာတိုက်ပေါ်ကနေ ပြုတ်ကျသွားသလိုလို ... စသည့် ခံစားချက်မျိုးစုံနဲ့အတူ သူ့မျက်နှာက ရဲတက်လာသည်။
-
" ဘာပြောလိုက်တယ် ?! "
မျက်လုံးဝိုင်းလေးတွေက အင်မတန်မှ ပြူးကျယ်သွားပြီး သူ့အား အဓိပ္ပါယ်မရှိတာတွေ ပြောနေတာလားဆိုသည့် အကြည့်တွေ ပို့လွှတ်နေသည်။ ရင်တုန်ပေမဲ့ ဂျုံဆောင်းသည် ဟန်မပျက်အောင် ထိန်းထားရသည်။ သူ အငြင်းမခံရဲပါ။
" ဒီမှာ ကျေးဇူးရှင်ကယ်တင်ရှင်ကြီး၊ ကျွန်တော့်ကို ဘယ်လိုထင်နေသလဲ မသိပေမဲ့ ကျွန်တော် ခင်ဗျားကို စိတ်မဝင်စားဘူး။ ပြီးတော့ ခင်ဗျားက ကျွန်တော့်ပုံစံမဟုတ်ဘူး။ တခြားလိုချင်တာရှိသေးလား ? "
လက်နှစ်ဖက်ကို ပိုက်လျက် မေးလာတဲ့ ကောင်လေးက ဖြူ ဖြူစင်စင် ကလေးမျက်နှာလေးနဲ့တောင် မလိုက်,လိုက်တာဟု သူ တွေးလိုက်မိသည်။ ဂျုံဆောင်းက ဟန်မဆောင်တတ်။ သူ့မျက်နှာက ဟန်ပျက်ချင်နေသည်။
" ငိုတော့မလို့လား ခင်ဗျားက ? "
" ဘာ-ဘာလို့ ငိုရမှာလဲ ?! "
မငိုဘူးဟု ငြင်းနေတဲ့သူ့အသံက ငိုသံနည်းနည်းတော့ ပါသည်။ ရယ်သံထွက်လာတာကြောင့် ဂျုံဆောင်း ရှက်ပြီး တကယ်ငိုချင်လာသည်။ ပထမဆုံး ရည်းစားစကား ပြောဖူးခါမှ ပထမဆုံး အငြင်းခံရတာကြောင့် ရှက်လည်းရှက်၊ ဝမ်းကလည်း ဝမ်းနည်း။ သို့ပေမဲ့လည်း သူမျှော်လင့်ထားပြီးသားပါ။ ယန်းဂျောင်ဝန်းက သူ့အနားမှာ ဝိုင်းနေတဲ့သူတွေကိုကျော်ပြီး သူ့ကို ရွေးမယ်တဲ့လား။ ပြီးတော့ သူ့ကို သိတောင်မသိတာကို။
" တောင်းဆိုစရာမရှိတော့ရင် ကျွန်တော် ပြန်တော့မယ်နော်။ "
အပြောကတောင် နောက်ကျနေသေးသည်။ ဖိနပ်တောင် စီးနေပြီဖြစ်တဲ့ ကောင်လေးဆီသို့ အမြန်ပြေးသွားလိုက်ပြီး ...
" ရှိတယ် ! "
" ပြောပါဦး "
ဖိနပ်စီးနေရင်း သက်ပြင်းချကာ မေးလာ၏။ ပုံစံလေးကလည်း စိတ်မရှည်တော့သလို။ ဂျုံဆောင်းသည် သူနဲ့တန်းတူဖြစ်အောင် ခါးအနည်းငယ် ကုန်းလိုက်ရင်း ဘေးသို့ မသိမသာ ဖောင်းထွက်နေတဲ့ ပါးလုံးလုံးလေးအား သူ့နှုတ်ခမ်းဖြင့် ထိကပ်လိုက်မိသည်။ အိဝင်သွားတဲ့ ပါးလေးက နို့ပေါင်မုန့်အိအိလေးလိုမျိုး နူးနူးညံ့ညံ့နဲ့ မွှေးပြီး ကိုက်စားပစ်ချင်စရာလေး။
တစ်မိနစ်လောက် ကြာသွားသလား မသိဘူး။ သူ့နှုတ်ခမ်းကို ခွာလိုက်ပြီး မတ်တပ်ပြန်ရပ်လိုက်တော့ ကောင်လေးက မျက်လုံးဝိုင်းတွေနဲ့ မော့ကြည့်လာသည်။ ဖိနပ်နောက်တစ်ဖက်က အခုထိ စီးလို့မပြီးသေးဘူးထင်၏။
သူ့ရင်တွေကတော့ အခုထိ အဆက်မပြတ်ခုန်နေတုန်း။ သေချာပြီးရင်း သေချာလာတဲ့ ရင်ခုန်သံတွေကို ဂျုံဆောင်း လျစ်လျူမရှုနိုင်သလို၊ မသိသလိုလည်း မလုပ်ချင်တော့ဘူး။ သူ့ရင်ခုန်သံတွေက ကောင်လေးအတွက်ဆိုတာ သေချာသွားပြီ။
" ပေါ့ပျက်ပျက် သဘောထားလို့ မဟုတ်ပါဘူး။ ကိုယ် မင်းကို သဘောကျလွန်းလို့။ ကြိုးစားခွင့်ရှိသေးတာမို့ မင်းအချစ်ကိုရအောင် ကိုယ်ကြိုးစားတော့မှာ။ "
သူကြိုးစားတော့မှာ။ ကောင်လေး၏ချစ်သူဖြစ်လာအောင်လို့။ အနုပညာရှင် ယန်းဂျောင်ဝန်း၏အချစ်ကိုရော၊ ယန်းဂျောင်ဝန်းဆိုတဲ့ ဖြစ်တည်မှုကိုရော သူ အပိုင်သိမ်းပစ်တော့မှာ။ ဘာလို့ဆို ချစ်မိသွားတာမို့လေ။
--
" လက်က ဘာဖြစ်တာလဲ ? "
ဖြူဖြူနုနု အသားအရည်မို့ ဒဏ်ရာရတာနဲ့ ရဲတွတ်ပြီး သိသာလွန်းသည်။ ထို့ပြင် သူ့အသားအရည်က အနာတရဖြစ်လျှင် အနာကျက်ဖို့က အနည်းငယ် ကြာတတ်တာမို့ လက်ဆစ်တွေဆို အခုထိ သွေးစို့ချင်နေတုန်း။ ပွန်းပဲ့နေတဲ့ လက်သည်းခွံတွေကတော့ ကြည့်လို့အဆင်ပြေစပြုလာပေမဲ့ ထိပ်တွေက မသိမသာ ပဲ့နေတုန်း။
ဂျောင်ဝန်းဆွဲကိုင်ထားတဲ့ သူ့လက်ကို ရုန်းကာ အနောက်သို့ ပို့လိုက်ရင်း ...
" ဘာမှမဟုတ်ပါဘူး။ "
" ဒီလိုပုံစံက ခဏခဏ တွေ့ရတာနော်။ အဲ့တာ ဘာဖြစ်တာလဲ ? "
" ဘာမှမဖြစ်ပါဘူးဆို။ "
မပြောချင်တာကြောင့် အတင်းငြင်းနေတဲ့ ဆောင်းဟွန်းကြောင့် ဂျောင်ဝန်းလည်း ခေါင်းညိတ်ပြလိုက်ပြီး ...
" ပြီးတာပဲ "
အစောက စိတ်ပူနေရင်း ခုကျတော့ ချက်ချင်းပင် ခေါင်းထဲမထည့်တော့သလို အေးအေးလူလူဖြစ်သွားတဲ့ ဂျောင်ဝန်းကို ကြည့်ကာ ဆောင်းဟွန်းသည် ခပ်ယဲ့ယဲ့ ပြုံးမိ၏။ ဂျောင်ဝန်းစိတ်ထဲ သူ့အတွက် နေရာမရှိဘူးဆိုတာ သိသာလွန်းနေသည်။ ဟန်ဆောင်ပန်ဆောင်တောင် မနေပြတဲ့ ဂျောင်ဝန်းကို သူသိပ်ချစ်ရပါသည်။
" ငါ စိတ်ဆိုးမပြေသေးဘူး။ "
" စိတ်ဆိုးပြေတဲ့အထိ ချော့မှာပေါ့။ "
သူ့အပေါ်သို့ တက်ဖိလာသည့် ဆောင်းဟွန်း၏ကိုယ်ကို တွန်းဖယ်သော်လည်း အချည်းနှီးသာ။ ပြုံးတုံးတုံး လုပ်နေတဲ့ သူက သူ့နဖူးနဲ့ပါးတွေကို တရှုံ့ရှုံ့နဲ့ လိုက်နမ်းနေသည်။
" ယားတယ်၊ မလုပ်နဲ့ ! "
မုတ်ဆိတ်မွေးနုနုတွေနဲ့ သူ့ပါးတွေကို ပွတ်သပ်လာတော့ မနေနိုင်စွာ အော်ရယ်မိသည်။
" မုတ်ဆိတ်ရိတ်တာ သေချာမရိတ်ဘူး။ "
ပါးချိုင့်ရှည်ပေါ်အောင် ရယ်နေတဲ့ ဆောင်းဟွန်းက သူ့စကားကြောင့် ပိုရယ်၏။ ထို့နောက် သူ့မုတ်ဆိတ်ငုတ်တိုတွေနဲ့ ပါးတွေကို ထပ်မံ၍ ပွတ်သပ်လာပြန်သည်။
" ဒီလိုလုပ်ချင်လို့ မရိတ်တာလေ "
" ယားတယ်လို့ ! "
သူရော ဆောင်းဟွန်းရော ပေါ့ပါးစွာ ရယ်မောမိကြသည်။ သူ့ဘေးသို့ လဲကျသွားသည့် ဆောင်းဟွန်းက ခေါင်းအောက်ထဲ လက်မောင်း ထိုးပေးလာတာကြောင့် အဆင်သင့် အုံးလိုက်ပြီး သူ့ရင်ခွင်ထဲကို တိုးဝင်ပစ်လိုက်သည်။
" နောက်တစ်ခါ ငါ့အရှေ့မှာ ဘယ်သူ့ကိုမှ မနမ်းပါနဲ့လား ဝန်း။ "
" အမိန့်ပေးတာလား ? "
ဆောင်းဟွန်း၏ကိုယ်သင်းနံ့သင်းသင်းက သူ့နှာဖျားထိပ်ဆီသို့ ကျီစယ်ရိုက်ခတ်လာသည်။ ဘာမှမပြောသေးဘဲ ဆောင်းဟွန်းက သူ့ခါးတွေကို သိမ်းကြုံးဖက်လာသည်။
" တောင်းဆိုရုံပါ။ ငါ့ရင်တွေ သေအောင်နာတာမို့ တောင်းဆိုကြည့်မိရုံပါ။ "
ဂျောင်ဝန်း တိတ်ဆိတ်သွားရသည်။ ဆောင်းဟွန်းကတော့ မျက်လုံးတွေကို တင်းတင်းကြပ်ကြပ် မှိတ်လိုက်ရင်း၊ အသက်ကို ပြင်းပြင်းရှူနေ၏။ နာကျင်ရတဲ့အကြောင်းကို သူဘယ်တုန်းကမှ ဂျောင်ဝန်းဆီ ဖွင့်မဟခဲ့ပေမဲ့ အခု သူ့စိတ်တွေ လေးလံနေသည်။ အထားခဲ့ခံရမှာ သိပ်ကြောက်မိပါသည်။ ထို့ကြောင့်လည်း ဂျောင်ဝန်း ဘာလုပ်လုပ် သူ,မတားခဲ့ခြင်းပင်။
-
" ငါတို့တွဲကြရအောင် ဟွန်း။ "
စတွေ့ကတည်းက သဘောကျခဲ့ရတဲ့ ဂျောင်ဝန်းကို အကြောင်းအမျိုးမျိုးကြောင့် ဖွင့်မပြောနိုင်ခဲ့တဲ့သူသည် ထိုစကားတစ်ခွန်းနဲ့တင် ရူးမတတ် ပျော်ခဲ့ရသည်။ အလယ်တန်းကတည်း သူငယ်ချင်းစည်းကြားမှာ ပိတ်မိနေခဲ့ရသူက အထက်တန်းမှာတော့ အရဲစွန့်ပြီး ဖွင့်ပြောဖို့ ကြိုးစားခဲ့ပေမဲ့ ကျရှုံးခဲ့ရသည်။
" အများကြီး ချစ်ပေးပါ့မယ်။ ငါ မင်းကို သိပ်ချစ်တယ် ဝန်း။ "
" အင်း "
ဂျောင်ဝန်းက သူ့ကို မချစ်ခဲ့ဘူးဆိုတာ ဆောင်းဟွန်းသိသည်။ သူ့အစ်ကိုအပေါ် အနိုင်ပိုင်းပြချင်ရုံကြောင့် သူနဲ့တွဲခဲ့တယ်ဆိုတာကိုလည်း သိသည်။ ဒါပေမဲ့ ဘာတတ်နိုင်မှာတဲ့လဲ။ သူ ဂျောင်ဝန်းကို ချစ်သည်လေ။ သူ့အစ်ကိုကြောင့် ယောက်ျားလေးချင်း ချစ်ကြိုက်တာကို ခါးခါးသီးသီး ဖြစ်သွားခဲ့သည့် ဂျောင်ဝန်းကြောင့် ဖွင့်မပြောနိုင်ခဲ့တဲ့သူ့အတွက် သည်အခွင့်အရေးကို လုံးဝ လက်မလွှတ်နိုင်ပါ။
တစ်နေ့နေ့မှာတော့ သူ့ကို ဂျောင်ဝန်း ပြန်ချစ်လာနိုင်တယ် မဟုတ်လား။ မျှော်လင့်ချက်က မကြာခင် ပြတ်ထွက်တော့မဲ့ ကြိုးတစ်ချောင်းလိုမျိုး ပါးလွန်းလှသော်လည်း သူ့အတွက်တော့ ကြီးမားသည့် မျှော်လင့်ချက်ပင်။
ထိုမျှော်လင့်ချက်ကို ဆုပ်ကိုင်ပြီး ရှေ့ဆက်လာတာ အခုချိန်ထိ သူဟာ လျစ်လျူရှုပြီးရင်း လျစ်လျူရှုခံနေရသည့် သားကောင်တစ်ယောက်သာ။ အစ်ကိုဖြစ်သူနဲ့ ဂျောင်ဝန်းအကြား ပိတ်မိနေရသူက သူဖြစ်လာခဲ့သည်။ ဂျောင်ဝန်းဖြစ်နေတော့လည်း သူက ကျေကျေနပ်နပ်ကြီးနဲ့ပင် သားကောင်အဖြစ် ရှင်သန်ပေးရတာပေါ့။
--
" ဂျောင်ဝန်းရေ လက်ဆောင်တဲ့ ! "
မိတ်ကပ်ပြင်နေတုန်း ရောက်လာတဲ့ လက်ဆောင်ထုပ်က ဂျောင်ဝန်းအရပ်ထက် အနည်းငယ်သာ သေးသည်။ မ,လာတဲ့ မန်နေဂျာဟျောင်းက အော်လည်း အော်နေသေး၏။
" ဘာကြီးလဲ ? "
နံရံမှာ ထောင်ထားတဲ့ လက်ဆောင်ထုပ်ကြီးကို စိတ်ပျက်သလို ကြည့်ရင်း မေးခွန်းထုတ်လိုက်တော့ လက်မြန်တဲ့ မန်နေဂျာဟျောင်းက စတင်၍ ဖွင့်နေပြီ။
" အရုပ်ကြီးက မနည်းမနောကွာ "
Teddy Bearကြီးကို ကြည့်ရင်း မန်နေဂျာဟျောင်းက သူ့မူအတိုင်း စခွီပိုးထလာတော့သည်။ အဲ့တာကြီး ပေးရအောင် သူက ကလေးမို့လို့လား။ ပြီးတော့ သူက အရုပ်အကြီးကြီးတွေဆို သိပ်အမြင်ကပ်တဲ့ အကျင့်ရှိသေးတာ။ ဂျောင်ဝန်းမှာတော့ မျက်နှာက ရှုံ့မဲ့နေပြီး ...
" ဟျောင်းပဲ ယူသွားလိုက်တော့။ "
" ဟ ! ဘယ်ဖြစ်လဲ။ ကိုယ့်ပရိတ်သတ်က ချစ်လို့ပေးတာကို။ ဒါနဲ့ နာမည်ပြောဖြစ်အောင် ပြောပေးဖို့ မှာသွားသေးတယ်။ "
" စိတ်မဝင်စားဘူးလို့ ပြောလိုက်ရမှာ။ "
" ပတ်ခ်ဂျုံဆောင်းတဲ့။ စိတ်မဝင်စားဘူးဆို ဒီအရုပ်ကြီး ငါယူသွားတော့မယ်နော်။ "
စကားထက် လက်မြန်တဲ့ မန်နေဂျာဟျောင်းက အရုပ်ကြီးကို မ,ပြီး သူ့ကားဆီ ယူသွားဖို့ ပြင်နေသည်။
" ခဏ ခဏ ! "
--
- ကိုယ့်အချစ်တွေက ဒီTeddy Bearကြီးထက် ကြီးတယ်ဆိုတာ သိထားပေးပါ။ မသိချင်လည်း သိထားလိုက်ပါ။ i luv u.
ပုံ / နုနုရွရွ မပြောတတ်ပေမဲ့ ရုပ်သိပ်ချောတဲ့ ချစ်သူလောင်းလေး မစ္စတာပတ်ခ် -
" ခွီး ! "
မတိုမရှည် စာကြောင်းတွေကို ဖတ်ပြီးသည့်နောက်မှာတော့ ဂျောင်ဝန်းသည် မထိန်းနိုင်ဘဲ ခွီမိတော့သည်။ ဘယ့်နှယ့်၊ ရည်းစားစာ ရေးတာကြီးကလည်း အလယ်တန်းကလေးတွေလောက်တောင် မစွံချက်။ ဒါပေမဲ့လည်း သူ့ဟာသူတော့ ရယ်ရပါသည်လေ။
Ring ... Ring ... Ring
" အသက်ရှည်ဦးမယ်။ "
အချိန်ကိုက် ဝင်လာသည့် ဖုန်းကြောင့် ပြုံးလိုက်မိရင်း တမင် မကိုင်ဘဲ ထားလိုက်သည်။ ဟိုနေ့ကတည်း ဂျောင်ဝန်း၏ဖုန်းနံပါတ်ကို မပြောမဆိုနဲ့ ယူပြီး၊ မတောင်းတဲ့ သူ့ဖုန်းနံပါတ်ကိုပါ ရိုက်ထည့်ပေးသွားတာ။
နာရီကြည့်လိုက်တော့ ဆယ့်ငါးမိနစ် ကြာသွားပြီ။ အဆက်မပြတ်ခေါ်နေတော့မှ ...
" ပြောပါ "
" ဟို ... မအားဘူးထင်တယ်နော်။ "
မရဲတရဲ အသံကြောင့် သူ ကြိတ်ပြီး ရယ်လိုက်မိပါသည်။ လူကသာ ကြီးကြီးကျယ်ကျယ် ပြောနေတာ။
" အားတယ်။ တမင် မကိုင်တာ။ "
" အာ ... "
' အာ ' ဆိုပြီး အသံတိတ်သွားတာကြောင့် ဂျောင်ဝန်းဘက်ကပဲ အလိုက်သိစွာဖြင့် ဆက်ပြောလိုက်၏။
" ပြောစရာမရှိရင် ချလိုက်တော့မယ်။ "
" ခဏလေး ခဏလေး ! ကိုယ်ပို့လိုက်တာလေး သဘောကျလားဟင်။ အထဲမှာ စာလေးလည်း ပါတယ်။ "
သူ့ဘေးမှာ ထိုင်နေတဲ့ Teddy Bearကြီးကို ကြည့်လိုက်ရင်း ...
" ထုတ်တောင်မကြည့်ဖြစ်လိုက်ဘူး။ သူများကို ပေးလိုက်တယ်။ "
" ဟာ !! "
တကယ်ငိုချတော့မည်ထင်သည်။
--
" အရမ်းမသောက်နဲ့ ရီခီ။ မင်းကိုယ်ကြီး ငါ,မနိုင်ဘူး။ "
ရီခီ့နားအနား တိုးတိုးလေး ကပ်ပြောလိုက်တော့ သကောင့်သားလေးက သဘောတကျနဲ့ရယ်ပြီး အရွဲ့တိုက်ကာ နောက်တစ်ခွက် ထပ်သောက်သည်။ Private roomကို ဌားရတာ သူတို့အတွက် သက်တောင့်သက်သာ ရှိသည်။ သောက်ပြီးလျှင်တော့ ထုံးစံအတိုင်း maskတပ်ပြီး သွားကရဦးမည်လေ။
" ကျွန်တော် မကတော့ဘူး။ "
ပုံမှန်ဆို ငြိမ်မနေတတ်တဲ့ ကောင်လေးက သည်နေ့တော့ ငြိမ်နေပြီး တစ်ခွက်ပြီး တစ်ခွက်သောက်နေသည်။
" တစ်ခုခုဖြစ်လာတာလား ? "
" ထားလိုက်ပါ။ အရေးမကြီးတဲ့ကိစ္စပါပဲ။ "
အရေးမကြီးတဲ့ ကိစ္စဆိုပြီး အရက်ထဲ ခေါင်းစိုက်လုနီးပါးဖြစ်နေသည့် ရီခီ့ကို သူ ဆက်မမေးတော့ဘဲ မတ်တပ်ထ,ရပ်ကာ အကြောဖြေလိုက်ပြီး ...
" အဲ့တာဆို ငါသွားကပြီ ရီခီ။ "
" အကြာကြီး က,မနေနဲ့ဦး။ ကျွန်တော်တစ်ယောက်တည်း သောက်ရတာပျင်းလို့။ "
" အိုခေ ! "
ရီခီ့ကို မျက်စိမှိတ်ပြခဲ့လိုက်ပြီး သူထွက်လာခဲ့လိုက်သည်။ သူတို့လာနေကျ ကလပ်သည် လျှောက်လုံးတစ်လျှောက်လုံး မီးအလင်းရောင်က ခပ်မှိန်မှိန်။ အမှန်တိုင်းပြောရရလျှင် သူတို့လိုလူတွေအတွက် အဆင်ပြေတာပေါ့။ မျက်နှာကို မှတ်မိမှာ အရမ်းစိုးရိမ်စရာမလိုတော့ဘူး။
မျက်မှန်ကို ဟန်ပါပါဖြင့် ပင့်တင်လိုက်ရင်း သူ့အတွေးနဲ့သူ ပြုံးလိုက်မိသည်။ သည်တစ်ခေါက် maskအပြင်၊ မျက်မှန်ပါ အပိုတပ်လာလိုက်သည်။ အခုရက်ပိုင်းတော့ အေးဆေးနေချင်တာကြောင့် စောက်ကျက်သရေတုံး မီဒီယာတွေရန်ကနေ လွတ်အောင်အတွက် ပြင်ဆင်သင့်တာတွေ ပြင်ဆင်လာခဲ့ရုံပင်။
-
သည်လူဘာလဲ ?!
လွန်ခဲ့တဲ့ဆယ်မိနစ်လောက်ကတည်းက မယောင်မလည်နဲ့ သူ့အနားကို ရောက်လာတာ။ အစကတော့ သူ့ဘာသာ က,နေတယ်ဆိုပြီး မသိချင်ယောင်ဆောင်ထားလိုက်ပေမဲ့ ထိုလူ့လက်တွေက သူ့ခါးဆီသို့ ရောက်ရောက်လာတာကြီးက လုံးဝ အဆင်ပြေမနေ။
ပြဿနာမဖြစ်ချင်လို့ အေးဆေးနေခါမှ စောက်ပြဿနာဖြစ်အောင် လာလုပ်ကြတဲ့ သူတွေက တစ်မျိုး !
မီးခိုးရောင်ခေါင်းစွပ်ဟူဒီနဲ့ မျက်မှန်တပ်ထားပြီး မီးခိုးရောင် maskပါ တပ်ထားသည့် ထိုသူ့ကို တစ်ချက်စူးစိုက်ကြည့်ကာ အခန်းဆီသို့ ထွက်လာမိတော့သည်။ က,ချင်စိတ်လည်း တစက်လေးတောင် မရှိတော့။
" ခင်ဗျားလွန်နေပြီလို့ မထင်ဘူးလား ? "
အခန်းရှေ့ရောက်တာနဲ့ သူ့ခြေလှမ်းတွေကို ရပ်လိုက်တော့ အနောက်ကနေ တကောက်ကောက် လိုက်လာသည့်သူကပါ ချက်ချင်း လိုက်ရပ်သည်။ စိတ်ကင်ဆာတွေ !
အရူးလိုလို၊ အပေါလိုလိုနဲ့ ခေါင်းကုတ်နေတဲ့သူက သည်းမခံနိုင်တော့တာကြောင့် ရန်ထောင်ဖို့ အဆင်သင့်ဖြစ်နေသည့် သူ့အနားကို နီးသည်ထက်နီးအောင် တိုးကပ်လာသည်။
" ကိုယ်ပါ၊ မင်းရဲ့Teddy Bear ကြီးလေ။ "
မသိမသာ အံ့သြသွားတဲ့ သူ့ကိုကြည့်ရင်း Teddy Bearကြီးက သူ့အသံသြသြရှရှကြီးနဲ့ ရယ်သည်။ မျက်မှန်ကို ချွတ်လိုက်ပြီး သူ့အား မျက်လုံးမှိတ်ပြလာတာကြောင့် ဂျောင်ဝန်းသည် ဘေးဘက်သို့ မျက်နှာလှည့်လိုက်ရင်း ...
" အရမ်းလွန်မလာနဲ့နော် ခင်ဗျား။ ကျွန်တော့်နောက်ကို အခုလို လိုက်နေတာက စည်းကျော်လွန်းနေပြီဆိုတာ သိသင့်တယ်။ ဒါ ကျွန်တော့် privacyကို နှောင့်ယှက်တာနဲ့အတူတူပဲ။ "
ညှိုးသွားတဲ့ မျက်ဝန်းတွေကို ဂျောင်ဝန်း မြင်ဖြစ်အောင် မြင်လိုက်သည်။ ခေါင်းညိတ်ပြလာသူက အနောက်ကို နှစ်လှမ်းလောက် ဆုတ်လိုက်ပြီး သနားစရာ မျက်လုံးကြီးတွေနဲ့ ကြည့်လာပြန်သည်။
" စည်းကျော်မိသွားရင် တောင်းပန်ပါတယ်။ ကိုယ်က ... "
" အဲ့ကောင် ပတ်ခ်ဂျုံဆောင်းကို ဒီနေ့တော့ မိအောင် ဖမ်းပြီး သူ့အဖေဆီ ဂုတ်ကဆွဲပြီး ပို့ပြမယ် !! "
ခပ်လှမ်းလှမ်းက ဖုန်းပြောသံက လျှောက်လှမ်းတစ်လျှောက် ဟိန်းထွက်နေသည်။ သူတို့ဘက်သို့ လျှောက်လာတဲ့ သူ(မ)ကြောင့် ဂျုံဆောင်းမှာ ပြူးပြူးပြာပြာဖြင့် ပြေးပေါက်ရှာနေရသည်။ အချိန်ကိုက်ဆိုသလို အခန်းတံခါးကို ဖွင့်ကာ ဝင်ဖို့လုပ်နေသည့် ဂျောင်ဝန်းကို လက်ကနေ ဆွဲလိုက်တော့ သူ့အား လှည့်ကြည့်လာသည်။
ပြောချိန်မရတာကြောင့် ဘာမှပြောမနေတော့ဘဲ တံခါးလက်ကိုင်ကို ကိုင်ထားတဲ့ ဂျောင်ဝန်း၏လက်ကို အုပ်ကိုင်လိုက်ပြီး အမြန်ဖွင့်ကာ နှစ်ယောက်စလုံး အခန်းထဲ ရောက်သွားကြရသည်။
" ဘာလုပ်တာလဲ ? "
" ရှူး ! "
တံခါးဝနားမှာ နှစ်ယောက်စလုံး ရပ်နေမိကြသည်။ အခန်းတွင်းက ဟောက်သံမတိုးမကျယ်ကြောင့် လှည့်ကြည့်မိလိုက်ကြတော့ ပက်လက်ကြီးလှန်ကာ အိပ်မောကျနေပြီဖြစ်သည့် နီခီ။
" သူက ဘယ်သူလဲ ? "
မျက်မှောင်ကြုံ့ကာ မေးလာတဲ့ ဂျုံဆောင်းကို ဂျောင်ဝန်းသည် ရွဲ့ချင်လာသည်။
" တွဲနေတဲ့သူ။ အသံမကြားရတော့ဘူး။ သွားလို့ရပြီ။ "
ရီခီ့ကို နှိုးဖို့သွားမလို့ရှိသေး၊ သူ့လက်ကို လှမ်းဆွဲပြီး နံရံမှာ ကပ်လိုက်သည့်သူ။ ထိုလူ သည်လောက် အတင့်ရဲလိမ့်မယ်လို့ မထင်ခဲ့ရိုးအမှန်ပါ။
ဂျောင်ဝန်း၏မျက်နှာထက်က maskကို ဆွဲချွတ်လိုက်တဲ့သူမှာလည်း maskမရှိနေတော့။ ရဲတင်းလွန်းတဲ့ မျက်လုံးတစ်စုံကို ဂျောင်ဝန်း ရှောင်ရှားနေမိသည်။ တိုးကပ်လာတဲ့ မျက်နှာချောချောက သူ့မျက်နှာနဲ့ ထိကပ်လုနီးပါး။ အနည်းငယ်သာ ထပ်တိုးကပ်လိုက်လျှင် ထပ်တူကျသွားနိုင်သည့် နှုတ်ခမ်းပါးနှစ်စုံ။
" ဆိုးတဲ့ကလေးတွေကို သဘောမကျဘူး။ မင်းကတော့ ခြွင်းချက်။ ဘာလို့ဆို လိမ္မာအောင် လုပ်ပေးမဲ့ Teddy Bearကြီး ရှိတယ်လေ။ "
အတည်ကြီး ဖလစ်နေတာဆိုပေမဲ့ ဂျောင်ဝန်း ရယ်ချင်မိသည်။ ပတ်ခ်ဂျုံဆောင်း ဖလစ်တာကြီးက ကြည်နူးစရာကောင်းတာထက် ချစ်ဖို့ကောင်းနေတာက ပိုအလေးသာနေသည်။
" အဲ့Teddy Bearကြီးကိုယ်တိုင်က ဆိုးသွမ်းနေတဲ့ဟာကို "
အသည်းယားစရာကောင်းလွန်းတဲ့ အသံလေးကြောင့် ဂျုံဆောင်းရင်ထဲ လိပ်ပြာတွေ ပျံနေသလို ခံစားရပြီး ကောင်လေးအား တင်းတင်းကြပ်ကြပ် ပွေ့ဖက်ရင်း နမ်းရှုံ့ချင်မိသည်။
" ကိုယ် နမ်းလို့ရမလား ? "
မျက်ခုံးတွေ ပင့်တက်သွားတဲ့ ကောင်လေး၏အဖြေကို ရင်ခုန်စွာနဲ့ စောင့်ဆိုင်းနေရသည့် သူ့အဖြစ်က အထက်တန်းအောင်စာရင်း ထွက်တုန်းကထက် ပိုနေမိသလို။
မျက်လုံးတွေက အပြန်အလှန်ကြည့်ရင်း၊ တစ်ချက်တစ်ချက် နှုတ်ခမ်းပါးဆီကို ရောက်သွားရင်း၊ ခါးတွေဆီ အလည်သွားချင်တဲ့ လက်တွေကို ထိန်းချုပ်ရင်း။ သူ့စိတ်တွေက အထိန်းကွပ် မဲ့ချင်လာရသည်။
" နမ်းလေ၊ သဘောကျတဲ့အထိ နမ်းနိုင်ရင် စဉ်းစားပေးမယ်။ "
အပြောနဲ့ညီစွာ ထိကပ်လာတဲ့ နှုတ်ခမ်းပါးတွေကြောင့် သူ့အသိစိတ်တွေက ပျောက်လုနီးပါး။ သူ့ဘက်က နမ်းဖို့တွေးနေတုန်းရှိပေမဲ့ လက်ဦးမှုယူသွားတာက ကောင်လေး။
လည်ပင်းတွေကို ဖက်တွယ်လာတဲ့ လက်လေးတွေဟာ ကျရှုံးခြင်းတို့ကို ခေါ်ဆောင်လာသယောင်။ ဦးဆောင်လိုက်တဲ့ သူ့ဦးဆောင်မှုနောက်ကနေ လိုက်လာသည့် တုံ့ပြန်မှုတွေဟာ ရူးမတတ်။ တိုးဝင်လာတဲ့ လျှာဖျားနုနု၏နွေးထွေးမှုနဲ့အတူ သူ့လက်တွေက ခါးသိမ်သိမ်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်သပ်နေမိသည်။
သူ့မီးခိုးရောင်လေးက အကြောက်အလန့် ကင်းပြီး ရူးသွပ်ချင်စရာကောင်းလောက်အောင် ပြုစားနိုင်လွန်းတာပဲ။
--
8,3,2022
♡
--
-ZAWGYI-
" တွေ့နေပြီလား ? "
" အင်း "
" ဝိုးးးးးး ! "
" ငါနဲ့မိတ်ဆက်ပေး "
-
" ဘာပြောလိုက်တယ် ?! "
" ဘာ-ဘာလို့ ငိုရမှာလဲ ?! "
You are reading the story above: TeenFic.Net