0.5 _
Background color
Font
Font size
Line height
-UNICODE-
ဆောင်းဟွန်းလက်ထဲက ဂန္ဓမာလက်ဖက်ရည်ကြမ်း၏ အနံ့သင်းသင်းသည် သူ့နှာခေါင်းထဲသို့ တရစ်ရစ်ဖြင့် တိုးဝင်လာသည်။ ဆောင်းဟွန်းက ထိုလက်ဖက်ရည်ကြမ်းခွက်အား ထိုင်နေသည့် သူ၏အရှေ့၌ ချပေးလိုက်ရင်း အပြုံးမပျက်သေးသောသူ့ကို ပြုံးလျက် ကြည့်ကာဖြင့် ...
" ပျော်စရာတွေ ရှိလို့လား ဝန်း ? "
အနည်းငယ် လှုပ်ရှားသွားတဲ့ မျက်လုံးတွေနဲ့အတူ ပြုံးနေတဲ့ သူ့နှုတ်ခမ်းတွေက မရည်ရွယ်ဘဲ တင်းတင်းစေ့သွားမိသည်။ ဆောင်းဟွန်းကတော့ ပါးစပ်အတွင်းသို့ ဝင်ရောက်လာတဲ့ လက်ဖက်ရည်ကို အရသာခံနေရင်းနဲ့မှ ဂျောင်ဝန်း၏မျက်နှာအမူအရာကို အကဲခတ်လို့နေသည်။
" ဒီလိုပါပဲ "
ဆောင်းဟွန်းသည် ခေါင်းညိတ်ပြလိုက်ရင်း သူ စဉ်းစားထားတာကို ပြောပြလာသည်။
" Schedule တွေလည်း ခဏနားထားတယ်ဆိုတော့ ငါတို့နှစ်ယောက်တည်း ခရီးတိုလေးတစ်နေရာလောက် သွားကြမလား ? "
" နောက်မှသွားကြတာပေါ့။ "
ချထားပေးတဲ့ လက်ဖက်ရည်ကြမ်းကို ထိတောင် မထိဘဲ တီဗွီရှေ့သို့ ရောက်သွားသည့် ဂျောင်ဝန်း။
ခရီးထွက်ရတာ ကြိုက်တဲ့ ဂျောင်ဝန်းက သူပြောတိုင်း ငြင်းတာ ရှားသည်။ ကြည့်ရတာ သည်တစ်ခါတော့ အိမ်မှာပဲ သေချာလေး အနားယူချင်လို့ထင်ပါရဲ့။ သူလည်း ရိုက်ကူးရေးတွေအတွက် ခရီးခဏခဏ ထွက်ရတော့ ငြီးငွေ့လာတာ ဖြစ်လောက်မည်။
" အရောင်ဆိုးကြည့်ပါလား။ "
ရုပ်ရှင်ဆီကနေ မျက်စိမလွှဲတဲ့ ဂျောင်ဝန်းက သူ့ပေါင်ကို ခေါင်းအုံးထားသည့် ဆောင်းဟွန်း၏ဆံပင်တွေကို ဆော့ကစားရင်း ပြောသည်။
မည်းနက်နေတဲ့ ပိတုန်းရောင် ဆံသားတွေက ဆောင်းဟွန်း၏ဖြူဖြူဝင်းဝင်း အသားအရည်နဲ့ လိုက်ဖက်လှပါသည်။ တစ်ခါတလေတော့လည်း ဂျောင်ဝန်း တွေးကြည့်မိသည်။ တခြားဆံပင်အရောင်တွေနဲ့ဆိုလျှင်လည်း ဆောင်းဟွန်းက နတ်ဘုရားတစ်ပါးလို သိပ်ကြည့်ကောင်းနေမှာပဲလို့လေ။
" ဘာအရောင်ဆိုးစေချင်လဲ ? "
" တကယ်ကြီး ဆိုးမလို့လား ? "
ရုပ်ရှင်ကို မကြည့်တော့ဘဲ ပေါင်ပေါ်က မျက်နှာချောချောအား ကြည့်၍ မေးလိုက်တော့ စူးရှရှ မျက်လုံးတွေနဲ့ အကြည့်ချင်း စုံသည်။ သန်သန်မာမာ လက်တစ်ဖက်က သူ့ဂုတ်ကို ဆွဲချလိုက်ကာ သူ့နှုတ်ခမ်းသားတွေကို စုပ်ယူနမ်းရှိုက်၏။ ရုတ်တရက်မို့ သူ့မှာ ရုန်းချိန်မရလိုက်။ ရုန်းလို့ရလျှင်လည်း ရုန်းမှာမဟုတ်။
သူ့ဘက်က တုံ့ပြန်လိုက်တာနဲ့ ဆောင်းဟွန်းဘက်က အနမ်းတွေသည် သိသိသာသာ အားပြင်းလာသည်။ တစ်ချက်တစ်ချက်ကျ သူ့သွားစွယ်ချွန်ချွန်တွေဖြင့် ကိုက်ကာ ကျီစယ်တတ်သေးသည်။
" တော်ပြီ၊ နှုတ်ခမ်းတွေ ယောင်လိမ့်မယ်။ "
လှဲနေရာမှ ထ,သွားတဲ့ ဆောင်းဟွန်းက စားပွဲပေါ်မှာ တစ်ဝက်ကျန်ခဲ့သည့် လက်ဖက်ရည်ကြမ်းကို တစ်ချိုက်တည်း မော့သောက်ပစ်လိုက်သည်။ အရသာရှိပေမဲ့ ဂျောင်ဝန်းနှုတ်ခမ်းတွေကိုတော့ ဘယ်မှီပါ့မလဲ။
တီဗွီကို မျက်တောင်မခတ်တမ်း ကြည့်နေတဲ့ ဂျောင်ဝန်း၏အတွေးတွေသည်လည်း ဂယောက်ဂယက်။ ဆောင်းဟွန်းနဲ့ နမ်းနေရင်း သူ့ဘက်က ဘယ်တုန်းကမှ မဖြတ်တောက်ခဲ့ဖူး။ ဒါဟာ ပထမဆုံးအကြိမ်။ ပထမဆုံးအကြိမ် တခြားသော နှုတ်ခမ်းတစ်စုံအား တောင့်တမိခြင်း။
ဆောင်းဟွန်းကို မသိမသာ လှမ်းကြည့်လိုက်တော့ ပုံမှန်အတိုင်း ပန်းကန်တွေ ဆေးနေသည်။ စိတ်ရှုပ်စွာနဲ့ပဲ တီဗွီလိုင်းတွေကို တစ်လိုင်းပြီး တစ်လိုင်းပြောင်းကာ လေပူတို့ကို မှုတ်ထုတ်နေမိ၏။ ပတ်ခ်ဂျုံဆောင်းက ထင်မထားရလောက်အောင်ကို နေရာယူနိုင်လွန်းသည်။
--
" ဘယ်တော့များမှ ဖအေကြီးရဲ့ စကားကို နားထောင်မှာလဲတဲ့။ အဖေလို့ရော ခေါ်ချင်သေးရဲ့လားတဲ့။ ငါက အဖေအရင်းရော ဟုတ်ရဲ့လားတဲ့။ "
တစ်ဖက်က ပြောသည့်အတိုင်း ပြန်ပြောပြလာတဲ့ ဂျီမင်းကို ဂျုံဆောင်းက ပေစောင်းစောင်း ကြည့်သည်။ ဂျီမင်းက လက်ထဲက ဖုန်းကို သူ့ဆီ ပစ်ပေးလိုက်ရင်း ဘေးကို ဝင်ထိုင်သည်။
" အဖေအရင်းဟုတ်လား မဟုတ်လား သူကိုယ်တိုင်ပဲ သိမှာပေါ့။ သေသွားတဲ့ အမေ့ကို သွားမေးလို့လည်း မရတော့ဘူး။ "
" ဒီကောင်လေးကတော့ ! "
ဂျီမင်းက ငေါက်တော့လည်း သကောင့်သားက မျက်တောင်,တောင် တစ်ချက်မခတ်။ ပေတေတေ မျက်နှာထားဖြင့်။
" အန်ကယ်လ်ပြောတာလည်း ဟုတ်တာပဲ။ ဆက်ခံမဲ့သူက မင်းတစ်ယောက်တည်း ရှိတာလေ။ အခုဆို အလုပ်အကြောင်းလည်း တော်တော်လေး နှံ့နှံ့စပ်စပ် သိနေတဲ့အပြင်၊ ကိုယ်တိုင်လည်း ဦးဆောင်နိုင်နေပြီ။ ဘယ်အချိန်အထိ ငါ့လက်အောက်အဖြစ် လုပ်နေဦးမှာလဲ ? "
ဆူပုတ်နေတဲ့ ဂျုံဆောင်းက ကျစ်ခနဲ စုပ်သပ်လိုက်ရင်း ဂျီမင်းဘက်ကို လှည့်ကာ ကလေးဂျီတိုက်သလို စတင် ဂျီတိုက်ရန် ဟန်ပြင်လေတော့သည်။ ဂျီမင်းမှာတော့ ခေါင်းကိုက်ချင်လာမိသလိုလို။
" အစ်ကိုတစ်ယောက်လုံး ရှိနေတာပဲကို။ အခု အစ်ကို ဦးစီးဦးဆောင်ပြုနေတာလည်း အဆင်ပြေချောမွေ့နေတာပဲ မဟုတ်လား။ အစ်ကိုက သိပ်တော်တဲ့ စီးပွားရေးသမားပဲလေ။ ဟုတ်တယ်မလားလို့ ... ဟင် ? "
ဂျုံဆောင်း၏စကားတွေ မှားနေကြောင်း ဂျီမင်းက ခေါင်းတခါခါဖြင့် ငြင်းသည်။
" မဟုတ်သေးဘူးလေ၊ ငါက အန်ကယ်လ်တို့ရဲ့တူ။ မင်းကမှ သားအရင်း။ ပြီးတော့ မင်းကိုကျော်ပြီး စီအီးအို မလုပ်ချင်ဘူး။ စီအီးအိုနေရာက မင်းနဲ့ပဲ ထိုက်တန်တာမလို့ ဌာနမှူးနေရာက မြန်မြန်ကြွဖို့သာ ပြင်ထားတော့။ အန်ကယ်လ်လည်း အနားယူချင်နေလောက်ရောပေါ့။ "
ဆက်ပြောနေလျှင် ဂျီတိုက်နေဦးမှာကို သိတာကြောင့် ဂျီမင်းသည် ထွက်လာဖို့သာ ပြင်လိုက်သည်။ တံခါးဖွင့်ခါနီးကျမှ တစ်စုံတစ်ခုကို သတိရဟန်ဖြင့် လငပုပ်ဖမ်းသလို မည်းမှောင်နေတဲ့ ဂျုံဆောင်းကို လှမ်းကြည့်ကာ ...
" သြော် ... နောက်တစ်ခါ ဖုန်းဆက်လို့ ငါနဲ့လွှဲပေးရင် တိုက်ခန်းကို ပြန်သိမ်းမယ်တဲ့။ ပြီးတော့ အဖေတစ်ယောက်လုံး နေမကောင်းတာကို အိမ်လာကြည့်ဖို့ သတိရသေးရဲ့လား ခွေးကောင်လေးတဲ့။ "
" တော်တော်နေမကောင်းဖြစ်နေရှာတာ။ မနေ့ကလေးတင် ပုံတွေ တင်နေပြီးတော့။ "
ပွစိပွစိ လုပ်နေတဲ့ ဂျုံဆောင်းကို ဂျီမင်း ထားခဲ့လိုက်သည်။ ပြောချင်တာ ပြောပါစေ။ ဘယ်လိုပဲ ပွစိပွစိ လုပ်လုပ်၊ စီအီးအိုက ဖြစ်ကိုဖြစ်လာမှာပဲ မဟုတ်လား။
အဖက်မလုပ်ဘဲ ထွက်သွားတဲ့ အစ်ကိုဝမ်းကွဲဖြစ်သူကြောင့် ဂျုံဆောင်းသည် ကူရှင်ပေါ်မှာ လူးလှိမ့်နတတ်။ တစ်ယောက်တည်း သောင်းကျန်းနေလို့လည်း ထူးလာမှာ မဟုတ်တာကြောင့် လတ်တလောမှ Instagram ၌ သူfollow ထားခဲ့တဲ့ Account ပိုင်ရှင်လေးဆီသို့ ဦးတည်လိုက်မိသည်။
ရှုပ်နေတဲ့ သူ့စိတ်တွေကို သက်သာစေတာက ယန်းဂျောင်ဝန်းဆိုသည့် ကောင်လေးသာ။ ကြည်တောက်နေတဲ့ မျက်နှာလေးမှာ အရင်ဆုံး မြင်ရတာက နှုတ်ခမ်းပါးလေးတွေ။ အဆက်မပြတ် ခုန်လာတဲ့ ရင်ဘတ်ကို အသာဖိထားရင်း သူ့မျက်လုံးတို့ကို မှိတ်ထားလိုက်မိသည်။
" ယန်းဂျောင်ဝန်း လူလိမ် ! "
သဘောကျအောင် နမ်းနိုင်လျှင် စဉ်းစားပေးမည်ဟု ပြောခဲ့ပြီး ယနေ့အထိ စာတောင် ပြန်မပို့လာပါ။ နမ်းတုန်းက သူပဲ သဘောကျခဲ့တာ မဟုတ်ဘူးလား။ သဘောကျခဲ့လို့ပဲ သူတို့ အကြာကြီး နမ်းဖြစ်ခဲ့ကြတာလေ။ ဒါနဲ့များ ဘာလို့ အဖက်မလုပ်နိုင်သေးတာပါလိမ့်။
စိတ်ပေါက်ပေါက်နဲ့ ' ယွန်းအင်ဟာရေ နင့်မောင်လေးက နင်ထင်သလို လူကောင်းလေး မဟုတ်ဘူး။ လူလိမ်လူညာလေး၊ လူဆိုးလေးဟ ! ' ဟု ပြောပစ်လိုက်ချင်မိပါသည်။
" ကြည့်နေ၊ ပတ်ခ်ဂျုံဆောင်းတဲ့ တစ်ဂျုံတည်းရှိတယ်။ "
--
" ဟိုင်း ! "
" ခင်ဗျား !! "
ဆောင်းဟွန်းက သည်နေ့လည်း လာမည်ဟု ပြောထားတာကြောင့် ဆောင်းဟွန်းအထင်နဲ့ တံခါးဖွင့်ပေးလိုက်သော်လည်း တွေ့လိုက်ရသည်က ဂျောင်ဝန်း မတွေ့ချင်ဆုံးသူ ဖြစ်နေသည်။
" ခင်ဗျား ဘာလာလုပ်တာလဲ ? "
အံကြိတ်ပြီး မေးလာတဲ့ မေးခွန်းကို မကြားသလိုလုပ်ကာ အခန်းထဲ ဝင်သွားသည့် ဂျုံဆောင်းကြောင့် ဂျောင်ဝန်းမှာ နားထင်ကိုသာ ဖိထားမိ၏။ သည်လူ တော်တော်ရဲတင်းတာပါလား။ သည်လောက် အတင့်ရဲလိမ့်မည်ဟု ထင်မထားဘဲ လျှော့တွက်ခဲ့မိတာ သူ့အမှားပင်။
" လူလိမ်ကောင်လေးကို လာဖမ်းတာလေ။ "
လေတချွန်ချွန်နဲ့ အေးအေးလူလူ ပြောလာတဲ့ ပတ်ခ်ဂျုံဆောင်းက ပန်းချီသမားတစ်ယောက်၊ မကြာခင် ကုမ္ပဏီပိုင်ရှင် ဖြစ်လာမဲ့ သူတစ်ယောက်လို့ မထင်ရ။ ဇွတ်တရွတ်နိုင်တဲ့ ကြောင်ဆိုးတစ်ကောင်နဲ့သာ တူသည်။
" ခင်ဗျားက စီအီးအိုဖြစ်မဲ့သူနော်။ ဒီလို ဖြစ်ကတတ်ဆန်း မနေသင့်ဘူး။ "
" ကိုယ့်အကြောင်း ဘယ်လိုသိတာလဲ ? "
ဘောင်းဘီအိတ်ကပ်ထဲကို လက်ထည့်ရင်း ချိတ်ထားတဲ့ ပန်းချီကားချပ်တွေအား စူးစမ်းသလို ကြည့်နေသည့်သူက သူ့ဘက်သို့ လှည့်လာပြီး မေးသည်။ စိတ်ထဲ အများကြီး တွေးနေတဲ့ပုံတော့ မပေါ်။
" ကျွန်တော် ဘယ်မှာနေလဲဆိုတာကအစ ခင်ဗျားသိအောင် လုပ်နိုင်တာပဲ။ ကျွန်တော်ကရော ဘာလို့ ဒီလိုအသေးအဖွဲတွေကို မသိရမှာလဲ။ "
သူ့အဖြေကြောင့် ' ဟုတ်သားပဲ ' ဆိုသည့် ပုံစံဖြင့် ပြုံးပြလာသည်။ အမြင်သိပ်ကပ်စရာကောင်းလွန်းတဲ့ အပြုံး။ သူ့ဆီက အကြည့်မခွာတဲ့ ဂျုံဆောင်းကို ဂျောင်ဝန်း သည်အခန်းထဲမှာ တစက္ကန့်တောင် မရှိစေချင်တာကြောင့် အလောတကြီး ပိတ်လိုက်ရသည့် အခန်းတံခါးကို ပြန်ဖွင့်လိုက်ရင်း ...
" ခင်ဗျား ပြန်လိုက်တော့။ ကျွန်တော်နဲ့ ခင်ဗျားကြား ဘာပတ်သက်မှုမှ မရှိဘူး။ "
ပြုံးနေတဲ့ မျက်ဝန်းတွေက အနည်းငယ် ကြောက်စရာကောင်းတဲ့ဘက်ကို ရောက်သွားသည်။ ဂျောင်ဝန်းသည် လန့်မိပေမဲ့ သူ့မျက်နှာကြောကိုတော့ မလျှော့နိုင်။ ထိုမှသာ ပတ်ခ်ဂျုံဆောင်း သူ့ဆီ နောက်ထပ် မလာနိုင်မည် မဟုတ်လား။
တဖြည်းဖြည်း နီးကပ်လာတာနဲ့အမျှ စူးရဲလာသည့် မျက်ဝန်းတွေက ဘာကြောင့် ကြောက်စရာကောင်းနေတာပါလိမ့်။
" မပတ်သက်တဲ့ ဆက်ဆံရေးကို ပတ်သက်ချင်လာအောင် လုပ်ခဲ့တာ ဘယ်သူလဲ ? ကိုယ့်ရည်းစားကို ရွဲ့ချင်ရုံနဲ့ သူစိမ်းတစ်ယောက်ကို မနမ်းခဲ့သင့်ဘူး။ ကိုယ့်ကို စွဲလမ်းလာအောင် မလုပ်ခဲ့သင့်ဘူး။ ကိုယ့်အပြစ်ကို မသိဘဲ ကိုယ့်ကိုချည်း မောင်းထုတ်မနေသင့်ဘူးလေ။ ဟုတ်တယ်မလား ? "
" ခင်ဗျား ဘာလုပ်တာလဲ ?! လွှတ်စမ်း ! "
သူ့ခါးက ဂျုံဆောင်းလက်ထဲမှာ။ ထိကပ်သွားတဲ့ ရင်ဘတ်နှစ်ခုအပြင်၊ ထိကပ်သို့ အနည်းငယ်သာ လိုတော့သည့် မျက်နှာနှစ်ခုကြောင့် ဂျောင်ဝန်းသည် မျက်နှာလွှဲပစ်ပြီး အော်ဟစ်ရုန်းကန်နေသည်။
အားမရှိတဲ့ ပျော့ညံ့ညံ့သူတစ်ယောက် မဟုတ်သော်ငြား ပတ်ခ်ဂျုံဆောင်း၏သန်မာလှသည့် လက်တွေထံမှ သူသည် လွတ်မြောက်နိုင်လိမ့်မည်မထင်။
" မင်းကိုရဖို့ ကိုယ်ဘာမဆိုလုပ်နိုင်တယ် ယန်းဂျောင်ဝန်း။ အဲ့တာကြောင့် ကိုယ့်ကို မငြင်းနဲ့။ "
အာစေးမိသွားသည့်သူသည် ရုန်းကန်ရန်လည်း မေ့မေ့လျော့လျော့ ဖြစ်သွားသည်ထင်၏။ ပြတ်သားလှတဲ့ တစ်ဖက်လူ၏မျက်ဝန်းတွေကနေ ရုန်းထွက်ဖို့က လွယ်မယောင်နဲ့ ခက်ခဲလှသည်။ အမိန့်ပေးခြင်း မဟုတ်လင့်ကစား၊ တောင်းပန်ခယခြင်းလည်း မဟုတ်သည့် ထိုစကားကို နာခံမိလို့ မဖြစ်ဘူးဆိုတာ သူသိသည်။
ဦးနှောက်က အတန်တန် သတိပေးနေပေမဲ့ နေရာတစ်နေရာကတော့ လက်မခံနိုင်ဘူးထင်၏။ ခေါင်းနောက်ကို ဖိကိုင်ကာ သူ့စိတ်ကြိုက် စွန့်ကြဲလာသည့် ပတ်ခ်ဂျုံဆောင်း၏အနမ်းတွေကို လိုလိုလားလား လက်ခံနေမိတာဟာ ရှက်စရာကောင်းနေသလားဆိုတာလည်း သူ,မသိချင်တော့။
" အွန်း ... ခဏ "
ရပ်နားခြင်း မရှိတဲ့ အနမ်းတွေကြား ခြေတွေပါ ပျော့ခွေချင်လာတာမို့ တစ်ဖက်လူ၏ရင်ဘတ်ကို အတင်းတွန်းထုတ်ရင်း တားရသည်။ ခွာပေးတဲ့သူက မကျေနပ်တဲ့ပုံစံမို့ မောနေတဲ့ ကြားထဲမှ သူရယ်လိုက်မိသည်။
နှုတ်ခမ်းနားတစ်ဝိုက်ကို သုတ်ဖို့ပြင်နေတဲ့ သူ့လက်ကို ဆွဲကိုင်လိုက်သည့်သူက တဖန် တိုးကပ်လာပြန်ပြီး နှုတ်ခမ်းသားတို့ကို နမ်းရှိုက်ပြန်၏။ ဘယ်လိုတောင် နမ်းနိုင်တာလဲ။
သည်တစ်ကြိမ်တော့ နူးနူးညံ့ညံ့လေး။ ပတ်ခ်ဂျုံဆောင်းဟာ ပုံစံအမျိုးမျိုးပါပဲလား။ ဘယ်လောက်တားနေပါစေ။ အိန္ဒြေမရှိတဲ့လက်တွေက သူ့ပခုံးပေါ်ကို ရောက်သွားပြီ။ ခါးဆီ ရစ်တွယ်ထားတဲ့ သူ့လက်တစ်ဖက်က ပိုမိုအားပြင်းလာသလို၊ ပါးပြင်ကို ပွတ်သပ်နေတဲ့လက်တွေသည်လည်း အငြိမ်မနေပါ။
" ကိုယ့်ကောင်လေးက လိမ္မာလိုက်တာ။ "
ပြောစရာမလိုတော့ဘဲ သူ့နှုတ်ခမ်းတွေအား အလိုက်တသိဖြင့် လွှတ်ပေးလာသည့် ပတ်ခ်ဂျုံဆောင်းက နဖူးချင်း ထိကပ်လျက် ထိုသို့ဆို၏။ ဘယ်တုန်းကများ သူ့ကောင်လေး ဖြစ်သွားတာပါလိမ့်။ အခွင့်အရေးလေး ပေးလိုက်တာနဲ့ အပိုင်ကို တွက်ချပစ်လိုက်တော့တာပါပဲ။
" ခင်ဗျား ပြန်တော့ "
--
" ကိုယ်ဆွဲထားတာလေ။ လှတယ်မဟုတ်လား ? "
" မလှဘူးလို့ပြောရင် ခင်ဗျားက ငိုမှာမှတ်လား။ လှပါတယ်၊ အရမ်းအရမ်းလှတယ်။ "
ဂျုံဆောင်း အသည်းယားစွာနဲ့ပဲ သူ့ရင်ခွင်ထဲက အဆိုးလေး၏ပါးဖောင်းဖောင်းလေးကို မနာအောင် ကိုက်လိုက်မိသည်။ တကယ်ကို နို့ပေါင်မုန့်လေးလို နူးနူးညံ့ညံ့နဲ့ အိအိလေးမို့ အားရပါးရ ကိုက်ချင်စိတ်ကို သူ့မှာ မနည်းထိန်းထားရသည်။ နို့နံ့လိုမျိုး အနံ့သင်းသင်းလေးက သူ့နှာခေါင်းထဲသို့ ခဏခဏ ကျီစယ်လာတတ်ပြန်ရော။
" မိတ်ကပ်တွေ အမြဲလိုလို လိမ်းတာတောင် မျက်နှာလေးက ကလေးလေးတွေလိုပဲ။ "
လက်ညှိုးနဲ့တစ်ခါထိုးလိုက်တိုင်း အိခနဲ ဝင်သွားတဲ့ ပါးဖောင်းဖောင်းလေးတွေက သူ့အပိုင်ဟု တွေးမိတော့ ဂျုံဆောင်း၏နှုတ်ခမ်းတွေက သိသိသာသာ ကွေးတက်သွားသည်။
" ဒါကတော့ ကိုယ့်ကံနဲ့ကိုယ်ပဲလေ။ ကျွန်တော်က မွေးလာကတည်းက ပြီးပြည့်စုံနေပြီးသား။ "
မျက်နှာချီပြီး ပြောနေလိုက်တာများ တင်ပါးလေးကို ခပ်နာနာလေး ရိုက်ပစ်ချင်စရာ။ Boss baby လေးပါလေ။
" ခင်ဗျားရဲ့ပန်းချီတွေကို တကယ်ပဲ ပြခန်းမှာ ထားဖို့စိတ်ကူးမရှိဘူးလား ? "
" ရှိတာပေါ့၊ ပန်းချီဆွဲတဲ့သူတိုင်းလိုလို လုပ်ကြည့်ချင်တဲ့အရာပဲ မဟုတ်လား။ "
" ခင်ဗျားက ဒီအတိုင်း အပျော်ဆွဲတဲ့သူနဲ့ မတူပါဘူးနော်။ တကယ်ကို ပါရမီပါတာ။ ဆရာကြီးတွေလိုပဲ လက်ရာမြောက်တယ်။ "
သူ့အပိုင်ဆီက ကြားရတဲ့ ချီးကျူးစကားသည် သူများတွေဆီမှ ကြားရတာနဲ့ လားလားမျှမဆိုင်။ လူတစ်ကိုယ်လုံးက တိမ်တွေပေါ်ထိ မြောက်တက်သွားပြီး ပြန်ဆင်းလာနိုင်တော့မည်တောင် မထင်။ အင်ဟာ ကြားလျှင်တော့ ဘယ်လောက်ပိုကြောင်း နားပူအောင် ပြောလိုက်မည့်ဖြစ်ခြင်း။
" ပြခန်းမှာ တင်ထားချင်ခဲ့ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခုထိ မလုပ်နိုင်ခဲ့သေးဘူး။ ဒါပေမဲ့ မကြာခင် လုပ်ဖြစ်တော့မှာ။ အဲ့တာ ဘာကြောင့်လဲ သိလား ? "
" မပြောဘဲ အလိုလို သိရအောင် ကျွန်တော်က စွမ်းအားရှင်လား။ "
အကန်တွေချည်း ပြောချင်နေပုံရသည့် ကောင်လေး၏နှာခေါင်းထိပ်လှလှလေးကို ညှစ်လိုက်တော့ လက်ကို ဖြတ်ခနဲ ရိုက်ချလာ၏။ မျက်စောင်းကလည်း ထိုးလိုက်သေး။ လက်မြန်ပြီး၊ စိတ်မရှည်တဲ့ ဒေါသအိုးလေးပါလား။
" ကိုယ့်အပိုင်လေးကြောင့်လေ။ ကိုယ့်အပိုင်လေးကြောင့် ပန်းချီတွေကို ပြခန်းမှာ တင်ဖြစ်တော့မယ်။ "
" နေပါဦး၊ ခင်ဗျားအပိုင်က ဘယ်သူလဲ ?! "
ဂျစ်ကန်ကန်ပြောပေမဲ့ အသံမာမာနဲ့ မပြောတဲ့ အဆိုးလေးက အသံမာလာသည်မို့ ဂျုံဆောင်းသည် တစ်စုံတစ်ခုကို တွေးမိသွားပြီး သဘောတကျဖြင့် ရယ်လိုက်မိတာ သွားတွေတောင် ပေါ်သွားသည်အထိ။ နှုတ်ခမ်းစူချင်နေတဲ့ တစ်စုံတစ်ယောက်ကတော့ မျက်မှောင်တွေပါ ကြုတ်ထားတုန်းပင်။
" ဟောဒီက ဂျစ်တူးလေးလေ။ ပထမဆုံးနဲ့ နောက်ဆုံး ဖြစ်တည်လာတဲ့ ကိုယ့်ရဲ့အပိုင်။ "
နဖူးပြင်ထက် ဝဲကျနေသည့် ရှေ့ဆံပင်တွေကို သပ်တင်ပေးရင်း ပြောလာသူကြောင့် ပုံမှန်ထက်ပိုပြီး လှုပ်ရှားလာတဲ့ ရင်ဘတ်၏ဘယ်ဘက်တစ်နေရာကို ဂျောင်ဝန်းသည် သိလျက်နဲ့ပင် မသိကျေးကျွံပြုလိုက်ရသည်။
လူတော်တော်များများဆီက ကြားနေရတဲ့ ' အပိုင် ' ဟူသည့် စကားလုံးက သူ့အတွက် ရင်းနှီးပြီးသား ဖြစ်သော်ငြား သည်တစ်ကြိမ်မှာတော့ ထူးခြားနေခဲ့သည် ထင်ပါရဲ့။
-
" အဲ့ကောင်လေးမှာ လူရှိပြီးသားနော် ဂျုံဆောင်း။ "
သတိပေးလာတဲ့ ယောန်ဂျွန်းကို ဂျုံဆောင်းက ခပ်ပြုံးပြုံးဖြင့်သာ ခေါင်းညိတ်ပြသည်။ ယောန်ဂျွန်းကတော့ သူထင်ထားသည့် တုံ့ပြန်မှု မဟုတ်တာကြောင့် မျက်ခုံးအနည်းငယ် ပင့်မိသွားရသည်။ သိပြီးသားဖြစ်နေတာကြောင့် ဘယ်လိုမှ မနေတာလား။ ဒါမှမဟုတ် အပျော်သဘောထားလို့ပဲလား။
" ရည်းစားရှိတာ အိမ်ထောင်ရှိတာမှ မဟုတ်တာ။ သူ့တိုက်ခန်းက ဘယ်မှာလဲဆိုတာသာ ပြောပြပါ။ "
ဘယ်လိုပြောပြော လက်လျှော့မှာ မဟုတ်တဲ့သူကြောင့် ယောန်ဂျွန်းမှာ သက်ပြင်းချရုံသာ ချနိုင်သည်။
ယန်းဂျောင်ဝန်းဆိုတဲ့ ကောင်လေးနဲ့ မရင်းနှီးသော်လည်း ထိုကောင်လေး၏သတင်းတွေကတော့ သူ့နားထဲသို့ အမြဲလိုလို ရောက်လာတတ်သည်။ ထို့ပြင် ကုမ္ပဏီချင်းတူတာမို့ ယန်းဂျောင်ဝန်းက ဘယ်လိုလူမှန်းလည်း သူ အနည်းငယ် သဘောပေါက်၏။ ထို့ကြောင့်ပဲ အနေအေးတဲ့ ဂျုံဆောင်းကို မပတ်သက်စေချင်တာ။
" ဒီလို မပြောသင့်ဘူးဆိုပေမဲ့ စီအီးအိုပတ်ခ်ဆောင်းဟွန်းနဲ့သူက ပတ်သက်မှု ရှိနေတဲ့ပုံပဲ။ "
ယောန်ဂျွန်းက သူ့အထင်ကို ပြောပြသည်။ သူတို့နှစ်ယောက် တပူးပူးတတွဲတွဲ ဖြစ်နေတာက ငယ်သူငယ်ချင်းဆိုတဲ့ ခေါင်းစဉ်အောက်တစ်ခုတည်းမှာကြောင့် မဟုတ်ဘူးလို့ သူထင်သည်။ ဖုံးကွယ်ထားတဲ့ ပတ်သက်မှုက ရှိနိုင်မှာ။ ထို့ကြောင့် ဂျုံဆောင်းနဲ့တော့ ဖြစ်နိုင်မည်ဟု သူ,မထင်။ ကောင်လေးအကြောင်း ကြားတာနဲ့ ဖြစ်သွားတတ်တဲ့ ဂျုံဆောင်း၏အကြည့်တွေကိုလည်း ဘဝင်မကျပါ။
သို့သော်လည်း ပန်းချီကလွဲပြီး မသိတဲ့သူက ဘယ်လောက်ပြောနေပါစေ၊ ပြောင်းလဲခြင်းမရှိတဲ့ မျက်နှာအမူအရာနဲ့ သူ့အား ကြည့်နေသည်။ တကယ့်ကို စိတ်ပိုင်းဖြတ်ထားသည့်ပုံ။ ဒါမှမဟုတ် ရူးသွားတာများလားဟုလည်း သူတွေးလိုက်မိသည်။
" အသားဖြူဖြူ ၊ အရပ်ရှည်ရှည်နဲ့ တော်တော်ကြည့်ကောင်းတဲ့ တစ်ယောက်မလား။ အဲ့တာ ဘာလုပ်ရမှာလဲ။ ကျွန်တော် ပြောပြီးပြီလေ။ ယန်းဂျောင်ဝန်းကို ဘယ်သူမှ မပိုင်သေးသရွေ့ ကျွန်တော့်မှာ ရှေ့ဆက်တိုးခွင့်ရှိတယ်။ အဲ့တော့ သူ့လိပ်စာကို ပြောပြမလား ? ကျွန်တော့်ဘာသာ နည်းမျိုးစုံ သုံးပြီး စုံစမ်းရမလား ? ကျွန်တော်စုံစမ်းမယ်ဆိုရင်တော့ နည်းနည်းရှုပ်ကုန်မယ်ထင်တယ်။ "
" နေပါဦး၊ မင်းဟာက ခြိမ်းခြောက်နေတာလား ? ငါနဲ့အနေသာကြီးနော်။ "
ဂျုံဆောင်းသည် မျက်နှာချီထားရင်းနဲ့မှ စပ်ဖြီးဖြီး လုပ်လိုက်ရင်း ယောန်ဂျွန်းကို မျက်နှာချိုသွေးရပြန်သည်။ သိချင်တော့လည်း တစ်မိုးအောက် ဆရာကြီးဆီ ခ,ယတော့မည်ပေါ့။
" ဟျောင်းကြိုက်တာ ပေးမယ်လေဗျာ။ လိုချင်တာသာ ပြောလိုက်။ "
စိတ်ဝင်စားဟန် ပြလာသည့်သူကြောင့် ဂျုံဆောင်းသည် ကြိတ်၍ ပြုံးလိုက်မိသည်။ အခြေအနေ ကောင်းပုံရတာမို့ မကြာခင် သိရတော့ရမယ်ဆိုတာ ခံစားမိနေပြီး ပြုံးဖြီးဖြီး ဖြစ်နေ၏။
-
" ပြုံးနေတာကြီးက စိတ်ပျက်ဖို့ကောင်းလိုက်တာဟယ်။ ငါ့မှာ အလုပ်ပင်ပန်းရတဲ့ကြားထဲက နင့်မျက်နှာကြီး ကြည့်ပြီး စိတ်ပါ ပင်ပန်းလာပြီ။ "
အရင်လိုသာဆို ပက်ခနဲ ပြန်ပြောဖြစ်မှာပေမဲ့ သူ(မ)ပြောသမျှကို ပြုံးဖြီးနေသည့် မျက်နှာကြီးဖြင့် နားထောင်နေသူကြောင့် အင်ဟာသည် အနည်းငယ် လန့်လာရသည်။
ယောန်ဂျွန်းကို အပူကပ်ပြီး ရလာခဲ့တဲ့ ချစ်သူလတ်လတ်ဆတ်ဆတ်လေး အကြောင်းတွေကို တွေးမိလိုက်တိုင်း ဂျုံဆောင်း၏မျက်နှာမှာ အပြုံးပန်းတွေက ဝေဆာမြဲ။
" အစ်ကိုယောန်ဂျွန်းကို တစ်ဝိုင်းတော့ လိုက်ကျွေးဖြစ်အောင် ကျွေးရမယ်။ "
ဂျောင်ဝန်း၏လိပ်စာကို သိဖို့အတွက် အလုပ်ရှုပ်နေတဲ့ ယောန်ဂျွန်းဆီ ခိုကြီးတစ်ကောင်လို သွားညည်းခဲ့တာကို ပြန်တွေးမိပြန်တော့ သူ့မှာ ခုလုခုလုနဲ့ ရယ်ချင်လာပြန်ရော။ အသံထွက်အောင် ရယ်လိုက်၊ ပြုံးလိုက်နဲ့ တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။
" သူငယ်ချင်းရေ ကြည့်လိုက်စမ်း !! "
အနားကို ပြန်ရောက်လာပြီး ပခုံးကို သုံးလေးချက်လောက် ပုတ်ကာ အော်ဟစ်လာသည့် ယွန်းအင်ဟာက အရူးမနဲ့တူသည်။ ဂျောင်ဝန်းလောက်တောင် တည်တည်တံ့တံ့ မရှိ။
" ဘာကို ကြည့်ရမှာလဲ ? "
" ဟိုမှာလေ ဟိုမှာ "
အင်ဟာ့လက်ညှိုး ဦးတည်ရာအတိုင်း ကြည့်လိုက်တော့ သူ့မျက်ခုံးတွေသည် အလိုလို တွန့်ချိုးသွား၏။ ဆိုင်ထဲက သူတွေ အကုန်လုံး၏အကြည့်တွေကို ဆွဲယူထားနိုင်တဲ့သူကို ဂျုံဆောင်းကတော့ မကြည့်ချင်မိ။
" အဲ့တာ ငါ့မောင်လေးတို့ ကုမ္ပဏီက စီအီးအိုပတ်ခ်ဆောင်းဟွန်းဆိုတာလေ။ ငယ်ငယ်လေးနဲ့ ချောတယ်မလား။ သောက်ရမ်း ချောတာနော် !! အပြင်မှာ ပထမဆုံး သေချာမြင်ဖူးတာပဲ။ သောက်ရမ်းမိုက်၊ သောက်ရမ်းလန်းလွန်းလို့ ရူးတော့မှာပဲဟယ် !!! "
" ငါကရော ရုပ်ဆိုးနေလို့လား ? "
" ဟမ် ? ဘာပြောလိုက်တာလဲ ? "
ဂျုံဆောင်းသည် ခေါင်းခါပြလိုက်ပြီး သူ့ပစ္စည်းတွေကို ယူကာ အင်ဟာ့ကိုတောင် မနှုတ်ဆက်တော့ဘဲ ဆိုင်ထဲမှ ထွက်လာခဲ့မိသည်။ ပတ်ခ်ဆောင်းဟွန်းကို လုံးဝ သဘောမကျ ။ အကြောင်းအရာက တစ်ခုတည်း။ သူ့ထက်အရင် ယန်းဂျောင်ဝန်းနဲ့ တွေ့ဆုံခဲ့လို့။
ဆိုင်၏ထောင့်တစ်နေရာ၌ ဖုန်းသုံးနေသူကတော့ အပြုံးနုနုကို သူ့ပန်းနုရောင်နှုတ်ခမ်းထက်တွင် အချိန်တစ်ခုအထိ ချိတ်ဆွဲထားသည်။
" ပတ်ခ်ဂျုံဆောင်းက တကယ် ကြည့်ကောင်းတာပဲ။ "
--
13,3,2022
♡
--
-ZAWGYI-
ဆောင်းဟွန်း၏လက်ထဲက ဂန္ဓမာလက်ဖက်ရည်ကြမ်း၏ အနံ့သင်းသင်းသည် သူ့နှာခေါင်းထဲသို့ တရစ်ရစ်ဖြင့် တိုးဝင်လာသည်။ ဆောင်းဟွန်းက ထိုလက်ဖက်ရည်ကြမ်းခွက်အား ထိုင်နေသည့် သူ၏အရှေ့၌ ချပေးလိုက်ရင်း အပြုံးမပျက်သေးသောသူကို ပြုံးလျက် ကြည့်ကာဖြင့် ...
" ဒီလိုပါပဲ "
" နောက်မှသွားကြတာပေါ့။ "
--
" ဒီကောင်လေးကတော့ ! "
You are reading the story above: TeenFic.Net