- 9 -

Background color
Font
Font size
Line height

ကျောင်းသွားဖို့အတွက်ဝေါန်ဝူဆင်းမလာသေး၍ ဆွန်းချောလ်အပေါ်တက်ကာအခန်းတံခါးခေါက်လိုက်ရင်း

“ ဝေါန်ဝူ ~ ကျောင်းသွားမယ်လေ ”

“ ဒီနေ့ကျောင်းပိတ်တယ်လေ ကိုကို ! ” လို့လှမ်းအော်လာသည့်အိပ်ချင်မူးတူးသံကြောင့်ဆွန်းချောလ်ဘာဆက်ပြောရမှန်းမသိ။

အခန်းတံခါးဖွင့်ကာဝင်လာလိုက်တော့ကုတင်ပေါ်မယ်စောင်ထဲဖက်ထုပ်လေးလိုလုံးထွေးနေသူကြောင့်လူကအလိုလိုပြုံးမိသွားသည်။

“ အကြာကြီးအိပ်ရင်ခေါင်းကိုက်မှာနော် ”

“ သိတယ် ကိုကိုရ ... ခဏပါပဲ ခုမှအစောကြီးကို ”

မျက်နှာလုံးဝမဖော်ဘဲစောင်ထဲလုံးထွေးရင်းဖြေလာသူကိုဆွန်းချောလဲအသည်းယားစွာဖြင့်စောင်ထုပ်ကလေးကိုခပ်စပ်စပ်လေးရိုက်ပစ်လိုက်သည်။

တစ်ချိန်လုံးကိုယ့်မျက်စိရှေ့မှာပင်ကြီးပြင်းလာခဲ့၍လားမသိ ဝေါန်ဝူအရွယ်ရောက်လာရင်တော့ဆွန်းချောလ်ကကလေးသေးသေးလေးလို့ထင်နေမိဦးမှာပင်။

“ ကိုကိုသွားတော့မှာ လိုက်ခဲ့ချင်လား။ ”

“ တော်ပါပြီဗျာ စာတမ်းရေးစရာတွေတစ်ပုံကြီးကျန်သေးတယ် ကိုကိုလည်းကူညီတာမဟုတ်ဘဲကို ”

“ ကိုကိုကူညီမယ်ပြောတော့ ဝေါန်ဝူကလက်ခံလို့လား ပြော ကိုကို့ကို ! ”

“ ကိုကိုကအဲ့ဒါကြီးကကူညီတာမဟုတ်တော့ဘူးလေ ကျွန်တော့်စာတမ်းတွေကိုကူးချပေးနေတာဖြစ်နေပြီ !!! ”

စာတမ်းခေါင်းစဉ်နှင့်ပတ်သတ်ပြီးနားမလည်လို့အကူညီတောင်းတိုင်း Websiteကနေတိုက်ရိုက်ကြီးကူးချပေးတတ်သည့်ကိုကို့ကိုဝေါန်ဝူမယုံရဲပါ။

“ သွားမယ်ဆိုသွားလေ နောက်ကျနေမယ် ”

“ သွားမှာပါဗျာ အတင်းကိုနှင်လွှတ်နေတာပဲ ”

ရန်တွေ့ဖို့အလှည့်ကျမှခေါင်းကလေးပြူထွက်လာသူကိုဆံပင်တွေဖွပစ်ရင်းဆွန်းချောလ်အမြန်လစ်ထွက်လာခဲ့သည်။

အသံစူးစူးလေးနှင့် “ ကိုကို !!!!! ” ဟုခေါ်သံကတော့ဆွန်းချောလ်အတွက်မနက်ခင်းဆည်းလည်းသံလေးလိုပင်။


ကိုကို့ကျေးဇူးနှင့်ဆက်အိပ်မရတော့တာကြောင့်ဝေါန်ဝူရေချိုးသန့်စင်ပြီးအောက်ဆင်းလာတော့ အန်တီကတစ်နေရာသွားဖို့အဆင်သင့်ဖြစ်နေဟန်ပင်။

“ နိုးပြီလား သားငယ် ”

“ ဟုတ် တီတီဘယ်သွားမလို့လဲခင်ဗျ !? ”

“ ဒီနေ့ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ်သားငယ်ရယ် ... တီတီဘာမှတော့မချက်ထားခဲ့ဘူး တစ်ခုခုမှာစားလို့အဆင်ပြေတယ်မလား။ ”

ဝေါန်ဝူထိုအခွင့်အရေးကိုစောင့်နေခဲ့သည်မှာအတော်ကြာပြီဖြစ်သည်။
ပုံမှန်ဆိုကိုကိုကတီတီ့ကိုmenuရေးပေးပြီးသင့်တော်ပြီးကျန်းမာသည့်ဟာတွေကချက်ခိုင်းသည်မို့ ထမင်းစားရတာဝေါန်ဝူခံတွင်းမတွေ့။
ဒီနေ့တော့လား ..... ဟီးဟီး

“ ရပါတယ်ခင်ဗျ တစ်ရက်တစ်လေပဲဟာ အများကြီးပျော်ခဲ့နော် တီတီ ”

“ အွန်း ~ သွားပြီ သားငယ် ! ”

လူငယ်လေးတစ်ယောက်လိုသွက်လက်တက်ကြွနေသည့်အန်တီ့ကိုကြည့်ရင်းဝေါန်ဝူအိမ်ပေါက်ဝမယ်ခဏမျှရပ်နေမိသည်။

ပြီးကာမှအိမ်ထဲဝင် တီဗီဖွင့်လို့သီချင်းအေးအေးလေးတွေဖွင့်ထားပြီးစာတမ်းရေးဖို့ပြင်ဆင်ရသည်။

စားချင်တာတွေdeliveryမှာဖို့လည်းဝေါန်ဝူမမေ့။
ကိုကိုသိရင်သေချာပေါက်စိတ်ဆိုးမှာဖြစ်ပေမယ့် အကြာကြီးနေမှတစ်ခါစားတောင့်စားခဲမို့ ကိုကိုနားလည်မှာပါလေ ~

နှစ်မျိုးသုံးမျိုးလောက်ကိုတစ်ယောက်တည်းစားပစ်လိုက်တာကြောင့် ဝေါန်ဝူညနေစာပင်စားဖို့လိုမည်မထင်။
စာတမ်းလည်းပြီးသလောက်နီးပါးဖြစ်နေ၍ ညောင်းညာလေးလံနေသည့်ခန္ဓာကိုယ်ကိုပေါ့ပါးအောင်ခြေလှမ်းအနည်းငယ်လှုပ်ရှားနေလိုက်သည်။

နာရီကိုကြည့်မိတော့နေ့လည်၁၂ထိုးဖို့နာရီဝက်တော့လိုသေးသည်။
ပုံမှန်ဒီလိုအချိန်‌ဆိုကိုကိုစာပို့ရင်ပို့ မပို့ရင်ဖုန်းဆက်နေကြပင် ... ဒီနေ့တော့ငြိမ်နေ၍အလုပ်ရှုပ်နေသလားဟုပင်ဝေါန်ဝူတွေးမိသည်။

“ ကိုကို့အတွက်နေ့လည်စာသွားပို့ပေးရင်ကောင်းမလားနော် !? ”





အက်ဆီးဒန့်အကြီးစားလူနာမို့အရေးပေါ်ဖြစ်ကာ ဆွန်းချောပထမဆုံးအနေနှင့်အော်ပရေးရှင်းခန်းထဲဝင်ခွင့်ရခဲ့သည်။
လုပ်နိုင်မယ်မထင်ပေမယ့် စိတ်ကိုအတတ်နိုင်ဆုံးတည်ငြိမ်အောင်ထားပြီး ဒေါက်တာဟန်ရဲ့အငယ်တန်းလက်ထောက်ဆရာဝန်အဖြစ်အကောင်ဆုံးဆောင်ရွက်နိုင်ခဲ့တာကြောင့်ကိုယ့်ကိုကိုယ်ဂုဏ်ယူလိုက်မိသည်။

“ တော်တယ် ဆွန်းချောလ် !! ”

“ ကျေးဇူးပါ ဆရာဟန် ”

“ မလိုပါဘူးကွာ .... မင်းကတကယ်တော်လို့ချီးကျူးထိုက်လို့ချီးကျူးတာ ကဲ သွားမယ် ! ”

ဒေါက်တာဟန်ကိုအရိုအသေပေးလိုက်ပြီး ဆေးကြောသန့်စင်ကာနားနေဆောင်ဘက်ပြန်လာတော့ အခန်းအတူသုံးသည့်သူငယ်ချင်းကအပြေးအလွှားရောက်လာပြီး

“ မင်းကလေးရောက်နေတယ် !!! ”

“ hmmm  ? ”

ရုတ်တရက်မို့ဆွန်းချောလ်ကြောင်တောင်တောင်ဖြစ်သွားရသည်။

“ မင်းကလေးပါဆိုကွာ !!! အရပ်ရှည်ရှည်နဲ့ချောချောလေးလေ မျက်မှန်လေးနဲ့ ” ဆိုမှဝေါန်ဝူမှန်းဆွန်းချောလ်သတိရကာ သူါထက်အရင်အောက်ထပ်ကိုပြေးလာလိုက်သည်။

ဘာလာလုပ်တာလဲလို့သိချင်ပေမယ့် လူကိုမြင်တော့ လက်ထဲကထမင်းချိုင့်ဘူးလေးလှုပ်သည်မို့ဆွန်းချောလ်တစ်မနက်လုံးပင်ပန်းထားသမျှအမောပြေရသည်။

“ ဝေါန်ဝူ ”

“ အွန့် !! ကိုကို့အတွက်နေ့လည်စာလာပို့တာ ” ဆိုကာရှေ့ထိုးပေးလာသည်မို့ဆွန်းချောလ်ယူလိုက်ပြီးဘေးပတ်ပတ်လည်ကိုကြည့်ရင်း

“ မေမေနဲ့လာတာလား။ ”

“ ကိုယ့်ဘာသာလာတာ အဝေးကြီးမှမဟုတ်တာကို ကျွန်တော့်ဘာသာလာတတ်ပါတယ်ကိုကိုရ ”

“ အန္တရာယ်များတယ်ဝေါန်ဝူရဲ့ ! မေမေကဘာလို့လိုက်မလာတာလဲ။ ”

“ ကျောင်းသားဟောင်းတွေ့ဆုံပွဲသွားတယ် ကိုကိုတအားအမေးမြန်းထူတယ် လာတာမကြိုက်လည်းမလာဘူးနောက် !! ပြန်မယ် ”

လူကိုစစ်လားဆေးလားနှင့်မို့ဝေါန်ဝူစိတ်မရှည်ဖြစ်ရကာ လာမိ‌တာတောင်မှားသည်ဟုထင်လိုက်မိသည်။

ဝေါန်ဝူပြန်မည်ဆိုပြီးအလှည့်မှ ကိုကိုကလက်ကောက်ဝတ်ကိုဖမ်းဆွဲလာသည်။

“ စိတ်မဆိုးပါနဲ့ကွာ ကိုကိုကဝေါန်ဝူကိုစိတ်ပူလို့လေ လာ ... ကိုကို့နားနေခန်းလိုက်ပြမယ်ရောက်တုန်းလေးနေသွားပါဦးကွ ”

“ တော်ပြီ ... ကိုကို့အလုပ်ချိန်ကြီးသူများတွေပြောစရာဖြစ်မယ် ”

ဝေါန်ဝူငြင်းနေပေမယ့် ကိုကိုကဇွတ်ကိုဆွဲခေါ်ကာသူ့‌နားနေခန်းကိုလိုက်ပြီး ဘယ်သူနဲ့မှလည်းမိတ်မဆက်ပေး။
ဝေါန်ဝူကိုနားနေခန်းထဲသာထိုင်ခိုင်းထားပြီးသူနေ့လည်စာစားတာကို mukbangကြည့်သလိုထိုင်ကြည့်ခိုင်းထားသည်။

“ မေမေချက်သွားပေးတာလား။ ”

“ ဟင့်အင်း ကျွန်တော်ဝယ်လာတာ အရသာကောင်းတယ်မလား။ ”

“ အွန်း ~ အရမ်းပဲ ... မေမေမချက်ဘူးဆို‌
တော့ဝေါန်ဝူမနက်စာဘာမှမစားရသေးဘူးလား ဘာစားထားလဲ။ ”

ပြောမိကာမှမှားပြီထင် !
ဝေါန်ဝူဘယ်လိုဖြေရမှန်းမသိတာကြောင့် ကိုကို့ကိုသာရယ်ပြလိုက်ရင်းများများစားဖို့ပြောနေမိသည်။

စားပြီးတော့ကိုကိုကဝေါန်ဝူကိုနေ့တိုင်းကြားနေကြအမှာစကားတွေအများကြီးမှာပြီးသူကိုယ်တိုင်တက္ကစီငှားပေးကာအိမ်ကိုပြန်စေသည်မို့ ဝေါန်ဝူပြန်လာခဲ့လိုက်ရသည်။

“ လူမှုရေးမသိတတ်လိုက်တာ !!! နည်းနည်းပါးပါးမိတ်ဆက်ပေးပေါ့ကွ !!! ”

မကျေမနပ်ပြောလာသည့်သူငယ်ချင်းကိုဆွန်းချောလ် side eyeနှင့်ပြန်ကြည့်လိုက်ပြီး

“ စဉ်းတောင်မစဉ်းစားနဲ့ ငါ့ကလေးကိုငါပဲသိမယ် မင်းတို့သိစရာမလိုဘူး။ခင်ချင်တယ်ဆိုငါနဲ့ပဲခင် ဘောင်ကျော်မလာနဲ့ !! ”

ကိုယ့်ဟာကိုယ်ထားစရာမရှိအောင်မြတ်နိုးရတာကို သူတစ်ပါးကိုတရေးတယူပြုပြီးမိတ်ဆက်မပေးချင်။
ဝေါန်ဝူနှင့်ပတ်သက်သမျှ ဆွန်းချောလ်တစ်ယောက်တည်းသာသိချင်ပြီး ဘယ်သူ့ဘယ်သူကိုမှဆွန်းချောလ်ပေးမသိချင်လောက်သည့်အထိ ဒီကလေးအပေါ်ဆွန်းချောလ်အတ္တကြီးမိပါသည်။











--------------------------------------------------------------------------------------------

reading list ကြောင့်လိပ်ပြာမလုံဖြစ်မိပါကြောင်း ! 🙇


You are reading the story above: TeenFic.Net