- 10 -

Background color
Font
Font size
Line height

ဆွန်းချောလ်မနက်ဖြန်ကစလို့ တစ်ပတ်လုံးဂျူတီဝင်ရမည်ဖြစ်တာကြောင့် ရသည့်နားရက်တစ်ရက်ကို
ဝေါန်ဝူကိုမှာနေဆုံးမနေတာနှင့်ပင်အချိန်ကုန်တော့မည်ဖြစ်သည်။

အပြင်စာတွေမစားဖို့ ကျောင်းကပြန်ရင်လျှောက်မသွားဖို့နှင့်ညဘက်စောစောအိပ်ဖို့ကိုမိုးလင်းကတည်းကနေခုချိန်ထိသတိရတိုင်းပြောနေမိသည်။

" ကိုကို "

" ပြောလေ ဝေါန်ဝူ "

" ကျွန်တော့်နားလေးကိုင်ကြည့်ပါလား။ "

အနားကပ်လာပြီးရုတ်တရက်နားကိုလာကိုင်ခိုင်းနေတာကြောင့် ဆွန်းချောလ်ဘာကြောင့်များလဲဟုပြန်မေးတော့

" ကိုကိုတစ်နေကုန်ပြောနေလို့ နားတွေပူနေပြီ ကျွန်တော်အဲ့လောက်မှတ်ဉာဏ်မကောင်းတဲ့သူလား ပြော !? "

မေမေကပါချည်ထိုးနေရင်းထရယ်တာမို့ ဆွန်းချောလ်ပါရယ်လိုက်မိသည်။
အနေအေးတယ်ထင်ရပေမယ့် တစ်ခါတလေအဆိုးလေးဖြစ်နေပြန်တော့လည်းတစ်မျိုးချစ်စရာကောင်းနေပြန်ပါသည်။

အရွယ်လေးရောက်လာတော့ ငယ်ရုပ်ကလေးပျောက်လို့ ချောချောမောမောလေးကြီးပြင်းလာကာ ဒီဘက်ခေတ်အခြေအနေနဲ့ဆိုဆွန်းချောလ်တကယ်ကိုစိတ်မချချင်ပါ။

" ကိုကိုပဲမှာနေတာ ကျွန်တော်လည်းမှာဦးမယ် "

" မှာဗျာ မှာ "

" ဂျူတီဝင်ရတယ်ဆိုပြီးအစားအသောက်ပျက်တာမျိုးအဖြစ်မခံနဲ့နော် အရမ်းကြီးလည်းအပင်ပန်းမခံနဲ့ ... "

" ကိုကိုနားလည်ပါတယ်ကွ "

ဆွန်းချောလ်အဖြေကိုသဘောမကျသလိုဆူပုတ်ပုတ်ကြည့်လာပြန်၍ဘာမှားသွားပြန်ပြီလဲတွေးရသေးသည်။

" ကိုကိုပြောရင်ကြကျွန်တော်က ဟုတ် ဟုတ်ကဲ့ပဲဖြေတာ ကိုကိုလည်းအဲ့လိုဖြေလေ ! "

" မင်းအကိုကသူပဲဆရာကြီးလုပ်ချင်တာ သူ့ကိုဆရာလုပ်ရင်မကြိုက်ဘူး သားငယ်ရဲ့သွားပြောမနေနဲ့ "

မေမေ့ရဲ့မီးလောင်ရာလေပင့်စကားကြောင့် စိတ်ထပ်ဆိုးသွားဆိုး၍ ဆွန်းချောလ်ပြာပြာသလဲတောင်းပန်ကာ ဟုတ်ကဲ့ဆိုတာကိုဘယ်နှစ်ခေါက်မှန်းမသိအောင်ပြောခဲ့လိုက်ရသည် ။

စားဖို့သောက်ဖို့အဆင်မပြေမှာဆိုး၍မေမေကရေရှည်အထားခံသည့်ဟင်းတချို့ကိုဘူးလေးတွေနှင့်ထည့်ပေးနေသည်။
ဝေါန်ဝူကတော့သူ့သူငယ်ချင်းအူကြောင်ကျားလေးဖုန်းဆက်၍ အပြင်ခဏထွက်သွားကာ ဆွန်းချောလ်မှာအဝင်တံခါးကိုကြည့်နေရသည်မှာ ဖင်တကြွကြွနှင့်သစ်ကုလားအုတ်ပင်ဖြစ်တော့မည်။

အဲ့ဒီအူကြောင်ကျားလေး ... ဂွေါမ်ဆွန်းယောင်း လူကဖြင့်တက္ကသိုလ်ရောက်တာမကြာသေးဘူး ရည်းစားကရသွားပြီလို့ဝေါန်ဝူပြောတာကြောင့် ကိုယ့်အိမ်ကကလေးကိုလည်းစိတ်ပူရသည်။
မဆီမဆိုင်ဂျော်န်ဝေါန်ဝူသာရည်းစားရသွားလို့ကတော့ ... ဆိုသည့်အတွေးဝင်လာမိပေမယ့် အဲ့လိုတော့မဖြစ်နိုင်ပါ။

ဘာလို့ဆို ဝေါန်ဝူကဆွန်းချောလ်ကဒါမလုပ်နဲ့ဆိုလုံးဝမလုပ်သည့်သူမျိုးပင် အစားအသောက်မှလွဲ၍ ...။

" မိန်းကလေးမို့စိတ်ပူတယ်ဆိုငါလက်ခံလို့ရပါသေးတယ် ချွဲဆွန်းချောလ်ရယ် ! နင့်ဟာကမဟုတ်သေးပါဘူး ... "

" ဒီခေတ်ထဲယောကျာ်းမိန်းမအကုန်စိတ်ပူနေရတယ်မေမေ လမ်းထိပ်ခဏဆိုပြီးပျောက်သွားတာတွေနည်းလား။ "

" အဲ့လောက်ပူနေလည်းခုနကတည်းကလိုက်သွားပါလား ... သစ်ကုလားအုတ်ကြီးလိုပဲ လည်တဆန့်ဆန့်နဲ့ !!! "

" မေမေတို့ကအဲ့ဒါပဲ သားကိုပဲပြောဖို့သိတယ် "

" နင့်ပဲပြောစရာရှိတာ နင့်ပြောရမှာပေါ့ ဝေါန်ဝူကသူ့ဟာသူသိတယ်။နင်ပဲမျက်လုံးဒေါက်ထောက်ကြည့်ပြီးလိုက်စိတ်ပူနေတာ "

မေမေ့အသံကိုလျစ်လျူရှု့ထားလိုက်ပြီး ဆွန်းချောလ်ခြံထဲဆင်းကာလမ်းလျှောက်သလိုနေရင်း ဝေါန်ဝူပြန်လာမည့်အချိန်ကိုစောင့်နေလိုက်သည်။
မိနစ်၂၀လောက်ကြာပြီဖြစ်ကာ ဘာတွေပြောနေကြလို့ဒီလောက်ကြာလဲမသိ။
ဖုန်းထဲကပြောလည်းဖြစ်တဲ့ကိစ္စကို !!


" အဲ့တော့ .. မင်းကဂျီဟွန်းရဲ့မွေးရပ်မြေကိုလိုက်သွားဖို့ငါ့နာမည်အလွဲသုံးစားလုပ်ပြီးမင်းအိမ်ကိုလိမ်ခဲ့တာပေါ့လေ !? "

" ဝေါန်ဝူကလည်း ... အလွဲသုံးစားလုပ်တာမဟုတ်ပါဘူးကွာ ငါ့မှာသူငယ်ချင်းဆိုလို့မင်းပဲရှိတာလေ "

ပြောတော့ဖြင့်ကလေးသာသာလေးကိုမကြိုက်ဘူး မကြိုက်ဘူးနှင့် ကြိုက်သွားပြန်တော့သူ့အပြင်နှစ်ယောက်မရှိ။
တွဲတာဖြင့်တစ်လမပြည့်သေးဘူး ဂျီဟွန်းကမွေးရပ်မြေခဏပြန်မယ်ဆိုတာနဲ့မခွဲချင်ကာလိုက်သွားချင်ပြန်တာလည်းဂွေါမ်ဆွန်းယောင်းပင်။

" နေပါဦး ဂျီဟွန်းကဘာပြန်လုပ်တာလဲ မွေးရပ်မြေကို ? "

" သူ့မေမေနေမကောင်းလို့တဲ့လေ "

" ဪ .... မင်းကဆွေပြမျိုးပြလိုက်သွားမှာပေါ့ ဒါဆို "

ဝေါန်ဝူမေးတော့မျက်လုံးတွေပိတ်လို့ သွားတွေအအေးပက်အောင်ရယ်ပြနေတဲ့ဂွေါမ်ဆွန်းယောင်းကြောင့်ဘာမှပင်မပြောနိုင်။

ဝေါန်ဝူလိမ်တော့မလိမ်ဖူးပေမယ့် ဆွန်း

ယောင်းမိဘတွေဖုန်းဆက်လာရင်တော့ကြည့်ပြောပေးရမည့်အနေအထားပင်။
အိမ်‌ပြန်ရောက်လို့ကိုကိုမေးရင်ရော ... အမှန်တိုင်းပြောရမလား လိမ်ပြောရမလား ။


-


တစ်ပတ်တာခွဲရမည့်ခံစားချက်ကဆွန်းချောလ်အတွက်တော့အဆင်မပြေ။
ဖုန်းဆက်ပြီးအသံလေးကြားရမယ်ဆိုရင်တော့အနည်းငယ်တော့အဆင်ပြေမယ်ထင်ပါရဲ့။

" ဒေါက်တာချွဲ .. ဘာတွေတွေးနေတာလဲ။ "

မေ့ဆေးဆရာဝန်လေးကမေး‌လာတော့ဆွန်းချောလ်လူမှုရေးအရပြုံးပြပြီးခေါင်းခါပြလိုက်သည်။

" ကြည့်ရတာကောင်မလေးကိုသတိရနေပုံပဲ "

" မဟုတ်တာဗျာ ....ကျွန်တော့မှာအဲ့လိုတွေမရှိပါဘူး။ "

ဆွန်းချောလ် အထင်လွဲမှားစေမည့်ထိုကဲ့သို့စနောက်မှုမျိုးတွေကိုလုံးဝသဘောမကျပါ။
အစကတည်းကပြတ်ပြတ်သားသားငြင်းထားလိုက်ကာမှတော်ကာကျမည်တွေးတုန်း အခန်းထဲဝင်လာသည့်သူငယ်ချင်းကထိုဆရာဝန်လေးကိုပခုံးပုတ်လိုက်ပြီး

" ကျွန်တော်တို့သူငယ်ချင်းကကလေးအဖေပါဗျာ သူ့ကလေးကိုလွမ်းနေတာ ကောင်မလေးကိုမဟုတ်ဘူး‌ !!! "

ပြောပြီးသူ့ဟာသူတဟားဟားအော်ရယ်နေတာကြောင့်ဆွန်းချောလ်ခေါင်းခါလိုက်ကာအတွေးစပင်ပျက်သွားရသည်။

" ဒီလောက်အဖြစ်သည်းနေတာမင်းစိတ်ကိုဟိုကလေးကသိရောသိရဲ့လား။ "

" ဘာတွေလာပြောနေတာလဲ !!! "

" ချွဲဆွန်းချောလ် ... မင်းနဲ့ငါပေါင်းလာတာငါ့အဖေနဲ့အမေရဲ့မင်္ဂလာသက်တမ်းထက်နှစ်နည်းနည်းပဲလျော့မယ် မင်းအကြောင်းမသိဘူးထင်မနေနဲ့ နာမည်လေးမိတ်ဆက်ပေးဖို့တောင်အူတိုနေတာ မြင်မကောင်းကြားမကောင်း !!!! "

ဆွန်းချောလ်မျက်စောင်းပိတ်ထိုးလိုက်ပြီး

" နာမည်သိပြီးတော့ရောမင်းကဘာလုပ်မှာမို့လဲ ငါနဲ့ခင်ရင်ရပြီလေ "

" ငါ့မိသားစု‌ဝင်တွေရဲ့နာမည် အလုပ်အကိုင် ဖုန်းနံပါတ်အကုန်မင်းမသိဘူးလား။ "

" သိတယ်လေ "

" အဲ့ဒါပဲလေ သူငယ်ချင်းဆိုတာအချင်းချင်းမျှဝေထားရတယ် မတော်လို့အရေးပေါ်ကိစ္စဘာညာဆိုဆက်သွယ်ပြောဆိုလို့ရတာပေါ့ကွာ "

ပခုံးပေါ်တင်ကာအချိုသပ်လာသည့်လက်တွေကိုဖယ်ကာဆွန်းချောလ်လုပ်ပြုံးပြုံးပြလိုက်ရင်း

" ရတယ် ငါ့အတွက်တော့မလိုဘူး။ " လို့ပြောတော့တိုးတိုးလေးဆဲရေးကာသူ့စားပွဲမှာပြန်ထိုင်သွားသည်။

နေ့ခင်း roundလှည့်ပြီးချိန် ဖုန်းခေါ်လိုက်တော့အသံအေးအေးလေးကြားလိုက်ရ၍ဆါန်းချောလ်အနည်းငယ်တော့နေသာထိုင်သာရှိသွားရသည်။

" နေ့လည်စာစားနေတာလား။ "

" မဟုတ်ဘူး စာကြည့်တိုက်သွားနေတာ စာရှာစရာရှိလို့ "

" ဪ ~ "

အူကြောင်ကျားလေးကခရီးထွက်နေတော့ သူ့ကလေးလေးတစ်ယောက်တည်းကျောင်းသွားကျောင်းပြန်ပျင်းနေတော့မှာပင်။

နဂိုကတည်းကတစ်ယောက်ရှိရင်တစ်ယောက်ပဲပေါင်းပြီးအဖော်မမက်သူဖြစ်ပေမယ့် ဆွန်းချောလ်ကပါအကြိုအပို့မလုပ်နိုင်တော့တာကြောင့်အနည်းငယ်တော့စိတ်ပိုပူရသည်။

" ညနေကိုကိုလာကြိုပေးရမလား  "

" ကျွန်တော်ပြန်တက်ပါတယ် "

" တစ်ယောက်တည်းဖြစ်နေမှာဆိုးလို့လေ။ "

" တစ်ယောက်တည်းမွေးလာတာပဲကိုကိုရာ ... သေလည်းတစ်ယောက်တည်းသေရမှာ စိတ်မပူနဲ့ ကျွန်တော်မသွားတတ်မလာတတ်အဲ့လောက်ထိမတုံးပါဘူး။ "

သူ့စကားနှင့်သူအဆင်ပြေနေတာကြောင့်ဆွန်းချောလ်စကားအနည်းငယ်ထပ်ပြောပြီးဖုန်းချခဲ့လိုက်သည်။

ခုန်ပေါက်နေသည့်နှလုံးသားလေးကလွန်ခဲ့တဲ့နှစ်တွေကအတိုင်းပင် ...။

ဝေါန်ဝူနဲ့ဘယ်အချိန်မှာဘယ်လိုစကားပဲပြောနေပါစေ ဆွန်းချောလ်ရဲ့နှလုံးခုန်သံတွေကသာမန်ထက်ပိုကျယ်နေခဲ့သည်။
ထို့အလျောက်ပင် .... ဝေါန်ဝူပေါ်ရှိသည့် ခံစားချက်တွေကလည်းယခင်နှစ်တွေကထက်ပိုပြီးကြီးမားလာတာကိုဆွန်းချောလ်ကိုယ်တိုင်ခံစားမိနေခဲ့သည်။









---------------------------------------------------------------------------------


You are reading the story above: TeenFic.Net